← Chapters

Chapter 37

Vol. 4 Ch. 37

Chapter 37

Vol. 4 Ch. 37

မကြာခင်မှာပဲ သူတို့တွေ စိုက်ပျိုးရေးတက္ကသိုလ်သို့ရောက်ရှိလာပြီး လီမင်ရှီက ခရီးဆောင်အိတ်များတွေနဲ့အတူ ရထားပေါ်မှဆင်းခဲ့တယ်။ သူ အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ကွေ့ဟွားက ကားထဲမှာပဲရှိနေသေးပြီး တံခါးဆီကို ခြေတစ်လှမ်းချင်းရွေ့နေတာကို မြင်လိုက်ရလေတယ်။

ဒါကြောင့် သူ ချက်ချင်းပဲ အပေါ်ကိုပြန်တက်ပြီး သူမကို အောက်သို့ ဆွဲခေါ်ရင်း ပြောလိုက်တယ်။

“မရီး မင်း ဘာလို့ ဒီလောက်နှေးနေရတာလဲ.. ဘတ်စ်က ဆက်သွားဖို့စောင့်နေသေးတာလေ.. တကယ်လို့ မင်းသာ အချိန်မီမဆင်းနိုင်ခဲ့ပဲ ကားနဲ့ အဝေးကိုပြန်ပါသွားရင် ကျွန်တော် အစ်ကို့ကို ဘယ်လိုရှင်းပြရမလဲ?”

ကွေ့ဟွားရဲ့နှုတ်ခမ်းတွေကအနည်းငယ်ဖြူဖျော့နေခဲ့တယ်။ သူမ လီမင်ရှီကိုအားနည်းစွာပြုံးပြခဲ့ပြီး စိုက်ပျိုးရေးကောလိပ်က သူတို့နဲ့ အလွန်နီးကပ်နေတာကိုမြင်တွေ့လိုက်ရတော့ သူမရဲ့ခြေလှမ်းတွေ အရှေ့ကိုဆက်မတိုးရဲခဲ့ပြန်ဘူး။

လီမင်ရှီက အရှေ့ကို ဆယ်မီတာလောက်တောင်သွားပြီးနေပြီ။ သူ အနောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ သူမက ထိုနေရာမှာ ရပ်နေတုန်းပဲဆိုတာကို မြင်တွေ့လိုက်ရတာကြောင့် သူမကို နောက်တစ်ကြိမ် ပြန်ဆွဲခေါ်ဖို့ လုပ်ရပြန်တယ်။

သူက ခရီးဆောင်အိတ်တွေကို ဆွဲပြီး ပြန်လှည့်လာခဲ့ကာ မရီးဖြစ်သူကို မေးလိုက်တယ်။

“အစ်မကွေ့ဟွား.. မင်းမှာ ဘာကိစ္စရှိလို့လဲ.. အခုက နောက်ကျနေပြီလေ.. ကျွန်တော့် အစ်ကိုကို အမြန်ရှာဖို့လိုတယ်.. တော်ကြာ ညမှောင်လာတဲ့အထိ ဘယ်သူ့ကိုမှ ရှာမတွေ့ရင် ကျွန်တော်တို့တွေ လုပ်လုပ်ရမှန်းမသိ ဖြစ်နေလိမ့်မယ်”

“မင်ရှီ ..ငါနည်းနည်းကြောက်တယ်”

ကွေ့ဟွားက လီမင်ရှီကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ပြီး သူမရဲ့ နှုတ်ခမ်းတွေက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်တေခဲ့တယ်။

လီမင်ရှီက သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာနဲ့ သူမကိုကြည့်လာတယ်။

“မရီး ..ကျွန်တော့်ရဲ့အစ်ကိုနဲ့ တွေ့မှာကို ဘာလို့ကြောက်နေတာလဲ၊ သူ ကျောင်းကိုမသွားခင်တုန်းက မရီးကို ဘာပြောခဲ့လို့လဲ၊ မဟုတ်ဘူး.. သူသာ မရီးကို တစ်ခုခုပြောခဲ့ရင် သူ့ရဲ့အဖွားက သူ့ကိုသေချာပေါက် ဖြတ်တောက်ပစ်လိမ့်မယ်”

သူမရဲ့ အဖွားအကြောင်းကို တွေးလိုက်မိတော့ ကွေ့ဟွားရဲ့နှလုံးသားထဲမှာ အောက်ခြေလိုင်းတစ်ခုဖြစ်လာခဲ့တယ်။

သူမက လီမင်တုန်နဲ့ သူမရဲ့ ဆက်ဆံရေးအတွက်ကြောင့် ပေရှားမှ ပင်းချန် ဆီသို့မိုင်ထောင်ပေါင်းများစွာ ခရီးနှင်လာခဲ့တယ်။ အခုချိန်ကျမှ ထိတ်လန့်တွန့်ဆုတ်နေရင် အရာအားလုံးအချည်းနှီးဖြစ်သွားရလိမ့်မယ်။

ကွေ့ဟွား သူမရဲ့မျက်လုံးတွေကိုမှိတ်ထားလိုက်ပြီး ခဏတာလောက်ငြိမ်သက်သွားခဲ့ပြီးနောက် ရုတ်တရက် အရှေ့သို့ခြေလှမ်းလာခဲ့တယ်။

“သွားရအောင်! မြန်မြန်သွားကြမယ်!”

လီမင်ရှီက သူမရဲ့နောက်ကနေလိုက်လာခဲ့ပြီး တီးတိုးရေရွက်နေခဲ့တယ်။

“မင်းဘာလို့ ဒီချိန်ထိ ဗလုံးဗထွေးစကားတွေပြောနေရသေးတာလဲ”

ကွေ့ဟွားက တံခါးဆီသို့ လျှောက်သွားလိုက်တော့ တံခါးဝမှာတာဝန်ကျနေတဲ့ ဝန်ထမ်းက ထွက်ပြီး မေးလာတယ်။

“မိန်းကလေး.. မင်းဘယ်သူကို လာရှာတာလဲ”

ကွေ့ဟွားက သူမရဲ့ကျစ်ဆံမြီးတွေကို လက်နဲ့ ကိုင်ရင်း ရှက်ပြုံးတစ်ခုကိုဖော်လှစ်ကာ ပြန်ဖြေလိုက်တယ်။

“ဒီနှစ်မှရောက်လာတဲ့ ကျောင်းသား လီမင်တုန်ကို လာရှာတာပါ.. ကျွန်မက သူ့ရဲ့ဇနီးသည်ပါ”

“လီမင်တုန်လား? ငါ သူ့ကိုသိတယ်.. သူ့ရဲ့ပညာရေးစွမ်းဆောင်ရည်က အရမ်းကောင်းတယ်လေ.. ဆရာတွေကလည်း သူ့ကို မကြာခဏ ချီးကျူးတတ်ကြတယ်”

ဝန်ထမ်းက ကွေ့ဟွားကို အပေါ်အောက် အကဲခတ်လိုက်ပြီး မပြောပဲမနေနိုင်ခဲ့ဘူး။

“ဒါဆို လီမင်တုန်က ဇနီးတစ်ယောက်နဲ့ အိမ်ထောင်ကျနေပြီပေါ့”

သူတို့စကားပြောနေတုန်းမှာပဲ လီမင်ရှီက ခရီးဆောင်အိတ်တွေနှင့်အတူ ရောက်ရှိလာခဲ့တယ်။ သူက နဖူးပေါ်မှာရှိနေတဲ့ ချွေးတွေကို သုတ်လိုက်ပြီး ရယ်မောရင်း ညည်းညူလာခဲ့တယ်။

“အစ်မကွေ့ဟွား.. မင်း လမ်းလျှောက်တာအရမ်းမြန်တာပဲ.. ကျွန်တော်က နောက်ကနေ ပစ္စည်းတွေနဲ့ဆိုတော့ မှီအောင်မလိုက်နိုင်တော့ဘူး”

ဝန်ထမ်းက လီမင်ရှီကို ညွှန်ပြရင်း ကွေ့ဟွားကိုမေးလိုက်တယ်။

“ဒါက?”

“အိုး..ဒါက လီမင်တုန်ရဲ့ညီလေးလေ. သူ့နာမည်ကလီမင်ရှီပါ”

ကွေ့ဟွားက အမြန်ရှင်းပြလိုက်ပြီး လီမင်ရှီကတော့ ခရီးဆောင်အိတ်တွေကို သူ့ရဲ့ခြေရင်းမှာချလိုက်ကာ သူ့ရဲ့လက်မောင်းကနေ ထောက်ခံစာတစ်စောင်ကို ထုတ်ယူပြီးပေးလိုက်တယ်။

ဝန်ထမ်းက သူတို့ရဲ့ နာမည်တွေ မှန်ကန်တာကိုမြင်တော့ လူနှစ်ယောက်ကို ကျောင်းထဲသို့ ဝင်ခွင့်ပြုလိုက်လေတယ်။

“မင်းတို့တွေ အခုရောက်လာတာ တိုက်ဆိုင်လွန်းတာပဲ.. တကယ်လို့ မင်းတို့သာ နှစ်ရက်လောက်စောပြီး ရောက်လာခဲ့ရင် မင်းတို့ သူနဲ့ ဆုံတွေ့နိုင်မှာမဟုတ်ဘူး”

ဝန်ထမ်းက အပြုံးနဲ့ပြောလာတယ်။

“ကျောင်းသားသစ်တွေက လအစပိုင်းမှာတုန်းက လယ်ကွက်တွေထဲကိုသွားပြီးလေ့လာရတယ်လေ.. သူတို့တွေ မနေ့ကပဲ ကျောင်းကိုပြန်ရောက်လာကြတာ.. အခုက အတန်းထဲမှာရှိလောက်ဦးမှာဆိုတော့ မင်းတို့တွေ အောက်ထပ်ကနေ သူ့ကိုစောင့်နေလို့ရတယ်၊ အတန်းက နောက်ဆယ်မိနစ်အတွင်း ပြီးသွားလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ရဲဘော်”

ကွေ့ဟွားနဲ့ လီမင်ရှီတို့က သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ကြပြီး သူ့ရဲ့ညွှန်ကြားချက်တွေအတိုင်း စာသင်ခန်းရဲ့ အောက်ထပ်သို့ လျှောက်သွားလိုက်ကြတယ်။

လီမင်ရှီက သူ့ရဲ့ ခရီးဆောင်အိတ်ကို မြေပြင်ပေါ်မှာချလိုက်ကာ လှေကားထစ်မှာ ဝင်ထိုင်လိုက်ပြီး တက္ကသိုလ်ဝန်းအတွင်းရှိ အရာအားလုံးကို လိုက်လံစပ်စုကြည့်နေခဲ့တယ်။

ကွေ့ဟွားက မူလတန်းကျောင်းပြီးသွားကတည်းက စာဆက်မသင်ခဲ့တော့ဘူး။ ဒါကြောင့် ကျောင်းဝင်းအတွင်းနဲ့ပတ်သက်ပြီး သူမရဲ့မှတ်ဥာဏ်တွေက အလွန်ကြာမြင့်ခဲ့ပြီဖြစ်ကာ ရင်းနီးမှုမရှိနေခဲ့တော့ဘူး။ ကျောင်းသားတွေက လက်ထဲမှာ စာအုပ်တွေကို ကိုင်ဆောင်ရင်းနဲ့ အရှေ့မှဖြတ်သွားကြတာကိုမြင်တော့ သူမရဲ့အကြည့်တွေက မနာလိုမှုတွေကိုဖော်ပြလာခဲ့တယ်။

“ဒီနေရာက အရမ်းကောင်းတာပဲ”

လီမင်ရှီက အားကျစွာပြောလာတယ်။

“ပင်းချန်ရဲ့ အသုံးချသိပ္ပံပညာကောလိပ်ကလည်း အရမ်းကောင်းတယ်လို့ ကျွန်တော်ကြားတယ်.. ဒီတစ်ကြိမ်ကိုသုံးပြီး တစ်ချက်လောက် ကြည့်ခဲ့ရမယ်.. ကျွန်တော် အထက်တန်းကျောင်းပြီးရင်လည်း ပင်းချန်ကောလိပ်ဆီကိုပဲ လာရမှာပဲ”

“ကလင် ကလင် ကလင်...”

မကြာခင်မှာပဲ အတန်းဆင်းဖို့အတွက် အသိပေးခေါင်းလောင်းသံမြည်လာခဲ့ပြီး လီမင်ရှီက လှေကားထစ်ပေါ်မှာ ထိုင်နေရာမှ အမြန်ထရပ်လိုက်တယ်။ ထို့နောက် ခရီးဆောင်အိတ်ကို သူ့ရဲ့နောက်ကျောပေါ်သို့တင်လိုက်ပြီး ဘယ်နဲ့ညာကို လိုက်လံရှာဖွေရင်း ကွေ့ဟွားကိုပါ လှမ်းဆွဲလိုက်တယ်။

စာသင်ခန်းတံခါးတွေ တစ်ခန်းပြီးတစ်ခန်း ပွင့်လာခဲ့ပြီး ဆရာ၊ဆရာမတွေနှင့် ကျောင်းသားတွေက စာသင်ခန်းမှ စနစ်တကျထွက်လာခဲ့ကြတယ်။

ကျောင်းသားအချို့က ဆရာတွေရဲ့ဘေးနားမှ လျှောက်လာကြကာ နားမလည်တဲ့မေးခွန်းတွေကို ပြန်မေးနေကြပြီး အချို့က တော့ နှစ်ယောက်သုံးယောက်တစ်စုစီတစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေခဲ့ကြတယ်။

လီမင်ရှီက ခြေဖျားထောက်ရပ်လိုက်ပြီး လူအုပ်ထဲမှ လီမင်တုန်ကိုရှာတွေ့ရန် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ကာ ကွေ့ဟွားကတော့ သူမရဲ့နှုတ်ခမ်းကို စိတ်လှုပ်ရှားစွာနဲ့ ကိုက်ခဲထားမိတယ်။

ရုတ်တရက်ပဲ အတန်းထဲမှ ရင်းနီးကျွမ်းဝင်တဲ့လူတစ်ယောက်ထွက်လာခဲ့ပြီး ထိုသူကတော့ အိမ်နဲ့ နှစ်လလောက် ဝေးကွာနေခဲ့တဲ့ လီမင်တုန်ပဲ။

လီမင်တုန်က စာအုပ်တစ်အုပ်ကိုကိုင်ကာ လမ်းလျှောက်လာခဲ့ပြီး တစ်ခုခုကိုပြောပြနေခဲ့တာကို သူတို့တွေ့လိုက်ရတယ်။ သူ့ရဲ့ဘေးနားမှာတော့ အတန်းဖော် သုံးလေးယောက်လောက်ကဝန်းရံနေခဲ့ပြီး သူရှင်းပြတာကို နားထောင်နေဟန်ရတယ်။

ကွေ့ဟွားက လီမင်တုန်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့အကြည့်တွေက သူ့ရဲ့နောက်မှလိုက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့တယ်။

သူမက လီမင်တုန်ရဲ့မျက်နှာကို လေးလေးနက်နက်စိုက်ကြည့်နေခဲ့ပြီး သူမရဲ့မျက်လုံးတွေကတော့ သဘောကျမှုတွေအပြည့်ရှိနေခဲ့တယ်။

ကွေ့ဟွားက ဒီလိုအကြည့်မျိုးကို အလွန်အမင်း ရင်းနီးတယ်။ ဒါက သူမကိုယ်တိုင် လီမင်တုန်ကိုကြည့်တတ်တဲ့အကြည့်မျိုးနဲ့ ထပ်တူကျစွာ တူညီနေခဲ့တယ်။

“အစ်ကို!”

အရှေ့မှ အနောက်ကို လိုက်ရှာနေတဲ့ လီမင်ရှီက နောက်ဆုံးတော့ လီမင်တုန်ကို ရှာတွေ့သွားခဲ့ပြီး သူ့ရဲ့ခရီးဆောင်အိတ်ကို သယ်ဆောင်ကာ ပျော်ရွှင်စွာပြေးသွားခဲ့တယ်။

လီမင်တုန်က ရင်းနှီးကျွမ်းဝင်တဲ့ အသံကိုသောအသံကိုကြားရပြီး မသိစိတ်အရ မော့ကြည့်လိုက်တော့ လီမင်ရှီရဲ့ပျော်ရွှင်မှုအပြည့်နဲ့ မျက်နှာကို မြင်တွေ့လိုက်ရတယ်။ သူ မတတ်နိုင်စွာနဲ့ လီမင်ရှီရဲ့ပုခုံးကိုအပြုံးတစ်ခုနဲ့ ရိုက်လိုက်တယ်။

“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”

“အဖွားက ကျွန်တော့်ကို လာခိုင်းလိုက်တာလေ.. နောက်ထပ် ဘယ်သူပါလာသေးတယ်လို့ ထင်လဲ”

လီမင်ရှီက အနောက်ကို ပြန်လှည့်ကြည့်လိုက်ပြီး ကွေ့ဟွားရှိနေတဲ့ ဦးတည်ရာဘက်ကို ညွှန်ပြလိုက်တယ်။

လီမင်တုန်နဲ့ အခုလေးတင် ကိစ္စတွေကို ဆွေးနွေးနေခဲ့ကြတဲ့ အတန်းဖော်အများစုကလည်း သူတို့အနားကိုရောက်လာပြီး မေးလာကြတယ်။

“မင်တုန်.. မင်းရဲ့ညီလေး ဒီကို ရောက်လာတာလား”

“ဟုတ်တယ်!”

လီမင်တုန်က ပြုံးလိုက်ပြီး ကွေ့ဟွားဆီကို လက်ဝှေ့ယမ်းပြကာ လှမ်းခေါ်လိုက်တယ်။

“ကွေ့ဟွား ဒီကိုလာလေ”

လီမင်တုန်ရဲ့ ရင်းနှီးကျွမ်းဝင်နေဆဲအပြုံးနှင့် ချစ်ခင်တွယ်တာဆဲအမူအယာကိုမြင်တော့ ကွေ့ဟွားရဲ့အေးစက်နေတဲ့နှလုံးသားက ဖြည်းညင်းစွာ ပြန်လည်အရည်ပျော်သွားခဲ့တယ်။

သူမက သူ့အနားကို လျှောက်သွားရင်း သူမရဲ့ပါးပြင်ကတော့ မတတ်နိုင်စွာနဲ့ အနည်းငယ်နီရဲနေခဲ့တယ်။

“အစ်ကို မင်တုန်”

“မင်း ဒီလောက်အဝေးကြီးကို ပထမဆုံးအကြိမ် လာခဲ့ဖူးတာပဲ.. ပင်ပန်းနေပြီလား”

လီမင်တုန်က ကွေ့ဟွားရဲ့လက်ထဲမှ သေးငယ်တဲ့အထုပ်လေးကို လှမ်းယူပေးလိုက်ပြီး လီမင်ရှီဘက်ကိုလှည့်ပြောလိုက်တယ်။

“ငါ ဒီခရီးဆောင်အိတ်တွေကို ငါ့ရဲ့အိပ်ဆောင်ထဲမှာ အရင်သွားထားလိုက်မယ်၊ ပြီးရင် မင်းတို့ကို ညစာစားဖို့အတွက် ကန်တင်းကိုခေါ်သွားပေးမယ်”

လီမင်တုန်ရဲ့ အနားမှာရပ်နေတဲ့ ကောင်လေးတစ်ယောက်က ပြုံးပြီးပြောလာတယ်။

“မင်းက ဘယ်အိပ်ဆောင်ဆီကို ပြန်ချင်နေသေးတာလဲ? ငါ့ကိုပေးလိုက် .. ငါပြန်ယူလိုက်မယ်.. မင်းရဲ့ညီလေးနဲ့ ညီမလေးကိုခေါ်ပြီး ညစာအရင် သွားစားသင့်တယ်.. သူတို့တွေ ဒီလောက်ရှည်တဲ့ ရထားကို စီးလာခဲ့ရတာ ခုလောက်ဆို ဗိုက်ဆာနေလောက်တော့မှာ”

လီမင်တုန်ရဲ့နောက်ကွယ်မှာ ရပ်ပြီး သူတို့ကို တိတ်တဆိတ်ကြည့်နေတဲ့ မိန်းကလေးက ရုတ်တရက် အရှေ့ကို တိုးလာခဲ့ပြီး အပြုံးတစ်ခုနဲ့ စကားဝင်ပြောလာခဲ့တယ်။

“ရှင်တို့တွေကတော့ ပေါ့ပေါ့ပဲ တွေးနေကြတာပဲ.. အတန်းဖော်လီမင်တုန်ရဲ့ညီလေးကတော့ ဘယ်လိုပဲနေနေအဆင်ပြေတယ်လေ.. ရှင်တို့ရဲ့ အိပ်ဆောင်မှာ ညဘက်ဝင်အိပ်လိုက်ရင်လည်းဖြစ်တာပဲ.. ဒါပေမယ့် သူ့ရဲ့ညီမကို ဘယ်မှာနေရမလဲဆိုတာကို ဘာလို့ မတွေးကြတာလဲ?”

လီမင်တုန် ခဏလောက် ကြောင်အသွားလေတယ်။ သူ စကားဆက်ပြောခါနီးမှာပဲ ထိုမိန်းကလေးက အပြုံးနဲ့ဆက်ပြောလာတယ်။

“ရှင် ဘာတွေစဉ်းစားနေတာလဲ.. သူ့ကို ကျွန်မတို့အဆောင်မှာနေခိုင်းလိုက်ရင် အဆင်ပြေတာပဲလေ.. မတိုင်ခင်တုန်းက ချင်မင်ယွဲ့က အိမ်ပြန်ဖို့အတွက် ခွင့်ယူသွားခဲ့တာ.. ဒီတော့ သူမကို ချင်မင်ယွဲ့ရဲ့ အိပ်ရာထဲမှာ နေခိုင်းလိုက်လို့ ဖြစ်ပါတယ်”

“ဒါဆို ကျေးဇူးတင်ပါတယ် မင်ရှုရန်”

လီမင်တုန်က ယဥ်ကျေးစွာ ကျေးဇူးတင်လိုက်တယ်။

“ညစာစားပြီးရင် ငါ ကွေ့ဟွားကိုမင်းတို့အဆောင်ဖက်ကို လာပို့လိုက်ပါ့မယ်. အောက်ကို ဆင်းခေါ်ပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ”

“ကျွန်မတို့က အတန်းဖော်တွေပဲလေ.. ရှင်ဘာလို့ ဒီလောက်တောင် ယဥ်ကျေးနေရတာလဲ”

မင်ရှုရန်က ချိုသာစွာပြုံးပြီးပြောလာတယ်။

“စကားမစပ် ရှင်တို့တွေ ကန်တင်းကို သွားစားကြမှာမလား ကျွန်မလည်း အခုဗိုက်ဆာနေတာ အတူသွားစားရအောင်လေ”

All Chapters