← Chapters

Chapter 38

Vol. 4 Ch. 38

Chapter 38

Vol. 4 Ch. 38

လက်ရှိအချိန်က ညစာစားဖို့အတွက်အချိန်နီးနေကပ်နေပြီဖြစ်တဲ့အတွက်ကြောင့် လီမင်တုန်က ထိုအကြောင်းကို သိပ်ပြီးမတွေးတော့ခဲ့ဘူး။ သူက လီမင်ရှီနဲ့ ကွေ့ဟွားတို့ကို ကန်တင်းဆီသို့ ခေါ်သွားခဲ့ကာ ပထမဆုံးအနေနဲ့ နေရာလွတ်နေတဲ့ ခုံကိုအရင်ရှာခဲ့ပြီး ကွေ့ဟွားကို ခုံမှာထိုင်ခိုင်းလိုက်တယ်။ ပြီးနောက် လီမင်ရှီကိုခေါ်ကာ အစားအသောက်တွေသွားယူဖို့ ထွက်သွားခဲ့လေတယ်။

လီမင်တုန် ကောလိပ်တက်တဲ့အချိန်မှာ လစဉ်ထောက်ပံ့ကြေးအဖြစ် (၃၅) ယွမ်နှင့် အစားအသောက်တံဆိပ်ခေါင်းတွေကို ရရှိခဲ့တယ်။

အခုအချိန်မှာ နေရာတော်တော်များများဆီမှာအစားအသောက်အထောက်အပံ့တွေက ကြပ်တည်းနေခဲ့ပေမဲ့လည်း စိုက်ပျိုးရေးတက္ကသိုလ်ဆီမှာ ကိုယ်ပိုင်စိုက်ပျိုးထားတဲ့ လယ်ကွင်းနှစ်ခုရှိတာကြောင့် လုံး၀ကို ဖူလုံနေတဲ့အတွက် ကျောင်းသားတွေအတွက် အစားအသောက်က မဆိုးနေခဲ့ဘူး။

ထမင်းနဲ့ဟင်းတွေ သုံးယောက်စာယူပြီးသွားတော့ လီမင်တုန်နဲ့ လီမင်ရှီတို့က ပန်းကန်တွေကို သယ်ပြီး ပြန်လာခဲ့ကြတယ်။ ကွေ့ဟွားက သူတို့ရဲ့ကြားထဲမှ တူတွေကို ဝေပေးခဲ့တယ်။

မင်ရှုရန် ရောက်မလာသေးတာကိုမြင်တော့ သူမ လေသံတိုးတိုးနဲ့မေးလိုက်တယ်။

“အစ်ကိုမင်တုန်.. ရှင် အဲဒီကောင်မလေးနဲ့ ရင်းနှီးလား?”

“အတန်းတစ်တန်းထဲသားတွေပါ.. ကိုယ် သူမနဲ့ စကားနည်းနည်းတော့ပြောဖူးတယ်.. ဒါပေမယ့် သူမက တော်တော်လေး ကူညီတတ်တယ်လို့တော့ထင်တာပဲ”

လီမင်တုန်က ကွေ့ဟွား မိန်းကလေးအဆောင်ဆီကို သွားရမှာ ကြောက်နေတာလို့ ထင်ခဲ့တာကြောင့် သူမကို နှစ်သိမ့်ပေးလိုက်တယ်။

“အဆင်ပြေပါတယ်.. သူတို့အိပ်ဆောင်မှာ ကိုယ်တို့အတန်းထဲက ကျောင်းသူရှစ်ယောက်ရှိတယ်.. မကြောက်ပါနဲ့၊ သူတို့က မင်းကို ဂရုစိုက်ပေးကြလိမ့်မယ်”

ကွေ့ဟွားက ထိုနံပါတ်ကိုကြားတော့ အံ့သြသက်စွာဖြင့် မေးလိုက်တယ်။

“အခု တက္ကသိုလ်တက်နေတဲ့ မိန်းကလေးတွေ အများကြီးရှိနေပြီလား”

“ကိုယ်တို့ကျောင်းက သိပ်မများပါဘူး.. ပြောရရင် ကိုယ်တို့ရဲ့ အတန်းထဲမှာ မိန်းကလေး ရှစ်ယောက်ပဲရှိပြီး..မိန်းကလေးတွေအတွက် အိပ်ဆောင်က တစ်ခုပဲ ပြည့်နေတာ”

လီမင်တုန်က ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေကို ကောက်ယူပြီး လီမင်ရှီနှင့် ကွေ့ဟွားကို ထည့်ပေးရင်းနဲ့ ပြန်လည်ဖြေပေးနေခဲ့တယ်။

မင်ရှုရန် ပန်းကန်တစ်ခုနဲ့ ဟင်းချိုတစ်ပန်းကန်ကိုယူကာ ပြန်လာချိန်မှာ လီမင်တုန်က ကွေ့ဟွားကို အသားထည့်ပေးနေတဲ့မြင်ကွင်းကို မြင်လိုက်ရတာကြောင့် မထိန်းနိုင်ဘဲ အစမ်းသဘောဖြင့်မေးလိုက်တယ်။

“လီမင်တုန် ရှင်က ရှင့်ရဲ့ညီမအပေါ် အရမ်းကြင်နာတာပဲ”

ကွေ့ဟွားက အိမ်မှာ အသားတွေအများကြီး စားခဲ့ရပြီးတာကြောင့် ထိုအသားကို လီမင်တုန်ဆီကို ပြန်ပေးချင်ခဲ့ပေမဲ့ မင်ရှုရန်ရဲ့စကားကိုကြားတော့ ထိုအသားကို သူမရဲ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာပြုံးလိုက်တယ်။

“အစ်ကိုမင်တုန်က ကျွန်မအပေါ် အမြဲတမ်းကောင်းတယ်လေ”

မင်ရှုရန် ထိုစကားကို ကြားတော့ ကွေ့ဟွားက လီမင်တုန်ရဲ့ သွေးသားတော်စပ်တဲ့ ညီမအရင်း မဟုတ်လောက်ဘူးလားလို့ တွေးမိလာခဲ့တယ်။

သူမက ကွေ့ဟွားရဲ့ မျက်စောင်းထိုးဘက်မှာထိုင်ရင်း စွပ်ပြုတ်ဟင်းချိုကို ဇွန်းနဲ့ခပ်သောက်တဲ့အခိုက်မှာ ကွေ့ဟွားရဲ့မျက်နှာသွင်ပြင်ကို ဂရုတစိုက်ကြည့်ရှုခဲ့တယ်:

ရိုးရှင်းတဲ့ တရုတ်သွေးဟန်ပေါက်တဲ့ဘဲဥပုံမျက်နှာ၊ ကြီးမားလုံးဝန်းတဲ့မျက်လုံးတွေ၊ နှာခေါင်းနှင့် နှုတ်ခမ်းတွေကလည်း သူ့နေရာနဲ့သူ ကိုက်ညီလှပနေတယ်။

သူမရဲ့ အသားအရည်က အလွန် မဖြူဘူးဆိုပေမဲ့ သူမရဲ့ပုံစံက တက်ကြွတဲ့မိန်းကလေးတစ်ယောက်လိုပဲ။ အထူးသဖြင့် သူမ အခုလိုမျိုး ကြည့်လာတဲ့အချိန်မျိုးမှာပဲ။

လီမင်တုန်ရဲ့ပုံစံက ရှက်ရွံ့ပြီး အနည်းငယ် ရှိုးတိုးရှန့်တန့်ဖြစ်နေပုံရတယ်။ မင်ရှုရန်တစ်ယောက် တစ်မြင်ကွင်းကိုကြည့်ရင်း အနည်းငယ် ယားယံလာခဲ့ရတယ်။

သူမ ဒါကို ပြောပြချင်စိတ်မရှိပေမဲ့ မင်ရှုရန်အနေနဲ့ ကွေ့ဟွားက သာမန်လူတွေထက် အများကြီးပို လှတဲ့အကြောင်းကိုတော့ ဝန်ခံရလိမ့်မယ်။

မင်ရှုရန် လက်ထဲမှာ ကိုင်ထားတဲ့ဇွန်းနဲ့ ပန်းကန်ထဲက ထမင်းတွေကို အသာဖွရင်း မနေနိုင်စွာ မေးလိုက်မိပြန်တယ်။

“နင် ဘာလို့ ပင်းချန်ကိုလာခဲ့တာလဲ? ဒီမှာလုပ်စရာတစ်ခုခုရှိနေလို့လား? ငါ့ရဲ့မိသားစုက ပင်းချန်ကလေ.. ဒီတော့ ဒီဘက်နေရာတွေကို ရင်းနီးတယ်လို့ပြောလို့ရတယ်.. နင့် ဆီမှာ အကူအညီတစ်ခုခုလိုအပ်တာရှိမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောလေ.. လီမင်တုန်နဲ့ ငါက အတန်းဖော်တွေပဲဆိုတော့ ငါ နင့်ကို ကူညီပေးနိုင်ပါတယ်”

မင်ရှုရန်ရဲ့ စကားကိုကြားတော့ လီမင်တုန်သည်လည်း ခေါင်းကိုမော့ကြည့်လာခဲ့တယ်။သူ့ရဲ့ နှလုံးသားထဲမှာလည်း ထူးဆန်းသလို ခံစားနေရတယ်လေ။

ကွေ့ဟွားကတော့ ရှက်ရွံ့စွာနဲ့ စကားမပြောခဲ့ဘူး။ လီမင်ရှီက မရီးဖြစ်သူ စကားမပြောတာကိုမြင်တော့ သူကပဲ အမှန်တရားကို ဖော်ထုတ်လာခဲ့တယ်။

“ဒါက အဖွားစီစဥ်ခဲ့တာလေ.. ဒီနှစ်ကုန်မှာ ကျွန်တော့်ရဲ့အစ်ကိုနဲ့ အစ်မကွေ့ဟွားတို့ရဲ့ မင်္ဂလာပွဲကို လုပ်တော့မှာ.. ကျွန်တော်တို့ရဲ့နေရာက သေးလွန်းတော့ အရောင်အသွေးစုံလင်တဲ့အဝတ်အထည်တွေ သိပ်ပြီးမရှိဘူး..

ဒါကြောင့် ကျွန်တော့်ရဲ့အဖွားက အစ်မကွေ့ဟွားကို ပင်းချန်ကိုလာပြီး မင်္ဂလာပွဲအတွက် လိုအပ်တာတွေ လာဝယ်ခိုင်းလိုက်တာ.. ဒါပေမယ့် အစ်မကွေ့ဟွားကို မိန်းကလေးတစ်ယောက်တည်း အပြင်ထွက်တဲ့အချိန် စိတ်မချဖြစ်နေလို့ဆိုပြီး အဖွားက ကျွန်တော့်ကို သူမနဲ့ အတူလိုက်ပြီး ပစ္စည်းတွေ သယ်ခိုင်းခဲ့တာ”

လီမင်တုန်အနေနဲ့ မဒမ်လီရဲ့ အစီအစဉ်တွေကို ယခင်ကတည်းက သိထားခဲ့ပေမဲ့လည်း မင်္ဂလာပွဲအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို လာဝယ်ပြီဖြစ်ကြောင်း ကြားလိုက်ရချိန်မှာတော့ အနည်းငယ် အံ့အားမင်သက်သွားခဲ့ရတယ်။

မင်ရှုရန်က ဖျော့တော့နေတဲ့ မျက်နှာဖြင့် ကွေ့ဟွားဆီကို စိုက်ကြည့်လိုက်ပြီး သဘာဝမကျနိုင်တဲ့ အပြုံးတစ်ခုကို ညှစ်ထုတ်ကာ မေးလိုက်တယ်။

“မင်းဆီမှာ မင်တုန်ဆိုတဲ့နာမည်နဲ့ တခြားအစ်ကို ရှိသေးတာလား”

“မရှိဘူးပေါ့!”

လီမင်ရှီက သူမကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်တယ်။

“အဲဒါက သူပဲမဟုတ်ဘူးလား မင်တုန်လေ.. ကျွန်တော်က မင်ရှီ.. ကျွန်တော်သိသလောက်ကတော့ ကျွန်တော့်မှာ အဲဒီနာမည်နဲ့ နောက်ထပ်အစ်ကိုတစ်ယောက် မရှိဘူးဆိုတာ သေချာတယ်”

သူ ထိုစကားကိုပြောပြီးနောက် နှစ်ကြိမ်လောက်ရယ်မောလိုက်ပြီး မင်ရှုရန်ကို လက်ညှိုးထိုးကာ လီမင်တုန်ကိုပြောလိုက်တယ်။

“အစ်ကို..မင်းရဲ့အတန်းဖော်မေးတဲ့မေးခွန်းက တကယ်ရယ်စရာကောင်းတာပဲ”

လီမင်တုန်က လီမင်ရှီကို လျစ်လျူရှုထားခဲ့ပြီး သူ့ရဲ့တုံ့ပြန်မှုကိုသာ စိတ်လှုပ်ရှားစွာနဲ့ စိုက်ကြည့်နေခဲ့တဲ့ ကွေ့ဟွားဆီကို မော့ကြည့်လိုက်တယ်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံသွားခဲ့ကြပြီး ကွေ့ဟွားက ရှက်ရွံ့တဲ့ အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့တယ်။ လီမင်တုန်တစ်ယောက် ရုတ်တရက် ထိတ်လန့်သွားရပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရကာ သူ့ရဲ့ မျက်လုံးတွေကိုသာ အနည်းငယ် ရှောင်လွှဲလိုက်မိတယ်။

လီမင်ရှီက ဘယ်လို အမှားအယွင်းကိုမှ သတိမထားမိခဲ့ဘဲ ပျော်ရွှင်စွာ ထပ်ပေါင်းပြောလာခဲ့တယ်။

“အဖွားက အစ်ကိုတို့အတွက် ဗီရိုနဲ့ သေတ္တာတွေကိုလုပ်ပြီးသွားပြီ.. နောက်ပြီး အစ်မကွေ့ဟွားရဲ့အမေက ကျွန်တော်တို့အိမ်ကိုလာပြီး အဝတ်ဘီဒိုပေါ်မှာ ပျိုနီပန်းရှစ်ခုကို ရေးဆွဲပေးခဲ့တယ်.. ပန်းချီတွေက ဘယ်လောက်တောင် လှလိုက်သလဲဆိုတာ အစ်ကို ခန့်မှန်းနိုင်မှာမဟုတ်ဘူး.. အစ်မကွေ့ဟွား အနာဂတ်မှာ ကျွန်တော်လက်ထပ်ရင်ရော အဒေါ်ကို ကျွန်တော်အတွက် ဘီဒိုပေါ်မှာ ပန်းဆီဆွဲခိုင်းလိုက်လို့ ရမလား”

ကွေ့ဟွားက ပြုံးကာ နှာခေါင်းကို ရှုံ့ပြလိုက်တာကြောင့် သူမရဲ့ မျက်နှာပေါ်မှာ စနောက်လိုမှုနဲ့ ချစ်စရာကောင်းတဲ့ အရိပ်အမြွက်တွေထွက်ပေါ်လာခဲ့တယ်။

“မင်းရဲ့ဇနီးလောင်းကို ရှာတွေ့ပြီးမှ ဆက်ပြောကြတာပေါ့”

လီမင်တုန်က အလယ်တန်းကျောင်းစပြီးတက်ကတည်းက အားလပ်ရက်တွေကလွဲလို့ အိမ်မှာ သိပ်ပြီး မနေဖြစ်ခဲ့သလို သူတို့တွေ အတူရှိနိုင်တဲ့အချိန်ကလည်း နည်းပါးလွန်းတယ်။

ထိုအချိန်တိုကာလလေးအတွင်းမှာ လီမင်တုန်ရဲ့စိတ်အတွင်းမှာရှိနေခဲ့တဲ့ ကွေ့ဟွားဆိုတာက အမြဲတမ်း အပြုံးတစ်ခုနဲ့ နူးညံ့တဲ့အသွင်အပြင်တို့ကိုသာ အမြဲတမ်းဖော်လှစ်ပြထားတတ်တဲ့သူမျိုးပဲ။ သူမဆီမှာ စိတ်ခံစားမှု အတက်အကျတွေမရှိပါဘဲ ရှေးခေတ်အမျိုးသမီးတစ်ယောက်နဲ့သာ တူညီနခဲ့တယ်။

သို့သော်လည်း အခု ကွေ့ဟွားရဲ့အပြုံးက လီမင်တုန်ရဲ့စိတ်ထဲမှ ဖြောင့်မတ်တည်ကြည်တဲ့ပုံရိပ်ကို ချစ်စဖွယ်ရယ်မောစရာအဖြစ်ပြောင်းလဲသွားခဲ့တယ်။ ကွေ့ဟွားရဲ့ အသက်ဝင်ပြီး လှပသောအသွင်အပြင်က လီမင်တုန်ရဲ့စိတ်ထဲမှ ယခင်ပုံရိပ်ကို ချက်ချင်းပဲချိုးဖျက်သွားခဲ့တယ်။

လီမင်တုန် ကွေ့ဟွားကိုငေးကြည့်ရင်းနဲ့ ငေးမောနေမိတယ်။ အခုချိန်မှာတော့ ကွေ့ဟွားသည်လည်း ယနေ့ခေတ်မှ မိန်းမပျို လေးတွေကို သွက်လက်ပြီး အားအင်ပြည့်ဝတဲ့အရွယ်သာရှိနေသေးကြောင်းကို သဘောပေါက်သွားခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ ကြားထဲမှအပြုအမူတွေနဲ့ လီမင်ရှီရဲ့စကားတွေကြောင့် မင်ရှုရန်တစ်ယောက် ရုတ်တရက်စိတ်ဆန္ဒတွေ ပျောက်သွားခဲ့ရတယ်။

ကံကောင်းထောက်မစွာနဲ့ သူမက အစားအသောက်တွေ အများကြီး မစားရသေးတာကြောင့် ခေါင်းကိုငုံ့ကိုင်းကာ အစားအသောက်တွေအလုပ်အနည်းငယ်ကို ပါးစပ်ထဲသို့ ထည့်သွင်းရင်း စားနေခဲ့တယ်။

ထို့နောက် သူမရဲ့ပန်းကန်ပြားကို လက်ထဲမှာကိုင်ပြီး မတ်တပ်ထရပ်လိုက်ကာ အားအင်နည်းပါးစွာန့် ပြောလိုက်တယ်။

“ဒါဆို ကျွန်မ အိပ်ဆောင်ကို အရင်ပြန်လိုက်ဦးမယ်.. ကွေ့ဟွား အိပ်ဖို့ လာတဲ့အချိန်ကျရင် ရှင် တစ်ယောက်ယောက်နဲ့ စကားပါးလိုက်လေ.. ကျွန်မ လာခေါ်ပေးမယ်”

လီမင်တုန်က သူမကို ကျေးဇူးတင်စကားဆိုလိုက်တယ်။ ကွေ့ဟွားကတော့ သူမ ထွက်ခွာသွားတာကို လိုက်ကြည့်ပြီး အောက်ဘက်သို့ မျက်လွှာချလိုက်လေတယ်။

“အစ်ကိုမင်တုန်.. မနက်ဖြန်ကျရင် ကျွန်မကို စတုတ္ထဦးလေးနဲ့ တွေ့ဖို့ခေါ်သွားပေးပါလား.. နောက်ပြီး ရှင့်မှာ အချိန်ရရင် ရေနွေးဓာတ်ဘူး၊ ရေဇလုံ၊ နဲ့ တခြားဟာတွေလည်း ဝယ်ရဦးမယ်”

“အိုး”

လီမင်တုန်က ကြောင်အအနဲ့ပဲ ပြန်ဖြေလာခဲ့တယ်။ အခုချိန်မှာ သူ့ရဲ့ ခေါင်းက ယာဂုအိုးလိုမျိုး ရှုပ်ပွနေပုံရတယ်။

“စတုတ္ထဦးလေးနဲ့ အရင်သွားတွေ့ရအောင်.. ဈေးဝယ်ဖို့အတွက် စိတ်မပူနဲ့.. ကိုယ်ပြန်လာရင် မင်းတို့ကို လိုက်ပြပေးမယ်”

ကွေ့ဟွားရဲ့မျက်လုံးထဲမှာ စိတ်ခံစားချက်တစ်ချို့ အနည်းငယ်ဖြတ်ပြေးသွားခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူမရဲ့ ပါးစပ်ထဲသို့ ထမင်းကို ထိုးထည့်လိုက်လေတယ်။

ညစာစားပြီးနောက်မှာတော့ လီမင်တုန်က ကွေ့ဟွားကို မိန်းကလေးအိပ်ဆောင်ရဲ့ အောက်ထပ်သို့ လိုက်ပို့ပေးခဲ့တယ်။ ထို့နောက် အတန်းဖော် မိန်းကလေးတစ်ယောက် ဖြတ်သွားတာကိုမြင်တော့ လီမင်တုန်က သူမကို လှမ်းတားလိုက်ပြီး ကွေ့ဟွားကို အပေါ်ထပ်သို့ ခေါ်သွားပေးဖို့နဲ့ ညဘက်မှာ သူမကို ဂရုစိုက်ပေးဖို့တောင်းဆိုခဲ့တယ်။

ကွေ့ဟွား အပေါ်ထပ်သို့တက်သွားတာကို ကြည့်ပြီး လီမင်တုန်တစ်ယောက် ကွေ့ဟွား ခုနတုန်းက ပြောခဲ့တာကို ပြန်လည်သတိရသွားခဲ့ကာ ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်လာရတယ်။

လီမင်ရှီက သူ့ရဲ့အစ်ကိုမကြာခဏခေါင်းကုတ်နေတာကို ကြည့်ပြီး သူ့လက်မောင်းကို ရိုက်ကာ မနေနိုင်ပဲ မေးလိုက်တယ်။

“အစ်ကိုကြီး ..မင်း ဘာဖြစ်နေတာလဲ.. ခေါင်း ယားနေတာလား”

“မဟုတ်ဘူး!”

လီမင်တုန်က လီမင်ရှီကို ကစားကွင်းဆီသို့ ခေါ်သွားခဲ့ပြီး မျဥ်းပြိုင်ဘားတွေပေါ်မှာ လက်နှစ်ဖက်လုံးကိုတင်လိုက်ပြီး ဖြောင့်တန်းစွာထိုင်လိုက်တယ်။

လီမင်ရှီက ဘားတန်းပေါ်မှာ သူ့ရဲ့ မေးစေ့ကိုတင်ထားရင်း လီမင်တုန်ကို ထူးဆန်းစွာမော့ကြည့်လိုက်တယ်။

“အစ်ကို မင်းဘာဖြစ်နေတာလဲ.. အစ်ကိုက အခု အစ်မကွေ့ဟွားလိုဖြစ်နေတာပဲ.. ကျွန်တော်တို့အိမ်ကနေ ထွက်မလာခင်တုန်းကလည်း သူမက မင်းလိုပဲဖြစ်နေခဲ့တာ.. သူမ ခဏလောက် ငေးမောသွားလိုက် ဆံပင်တွေကို ဆွဲလိုက်နဲ့...”

“မင်ရှီ.. ငါ ကွေ့ဟွားကို လက်ထပ်သင့်တယ်လို့ မင်းထင်လား”

All Chapters