← Chapters

Chapter 40

Vol. 4 Ch. 40

Chapter 40

Vol. 4 Ch. 40

လီမင်တုန်တစ်ယောက်ကတော့ အိပ်မပျော်နိုင်ခဲ့ဘူး။ ကွေ့ဟွား နဲ့ သူ့ရဲ့ကြားထဲမှဆက်ဆံရေးကို တရားဝင်စတင်တော့မယ်ဆိုတဲ့အကြောင်းကိုတွေးတောမိတာနဲ့ သူ့ကိုယ်သူ ကောင်းကောင်းပြင်ဆင်ရမယ်ဆိုပြီး ခံစားနေမိတယ်။

သူ့ရဲ့မျက်နှာကို မှန်ထဲမှာကြည့်လိုက်တော့ သူ့ရဲ့ဆံပင်တွေက ရှုပ်ပွနေတာကိုတွေ့လိုက်ရတာကြောင့် သူ့ရဲ့ဆံပင်တွေကို အလျှင်အမြန် လျှော်လိုက်ပြီး မုတ်ဆိတ်မွေးကိုတောင် ပထမဆုံးအကြိမ်အဖြစ် ရိတ်လိုက်သေးတယ်။

ထို့နောက် သေတ္တာထဲမှ အင်္ကျီအဖြူကို ထုတ်ယူလိုက်ပြီး ထိုအကျီကို ရေနည်းနည်းဖြန်းကာသပ်ရပ်အောင် ဖိတိုက်ခေါက်လိုက်ပြီး အခြောက်ခံဖို့အတွက် ပြတင်းပေါက်မှာ ချိတ်ဆွဲလိုက်တယ်။

လီမင်တုန်ရဲ့ အပေါ်အိပ်ယာဆီမှာ အိပ်နေတဲ့ ကျန်းဟိုင်က ညဘက်အချိန်ကြီး လီမင်တုန်တစ်ယောက် သွားလိုက်လာလိုက်နဲ့အလုပ်ရှုပ်နေတာကိုမြင်တော့ မစပဲမနေနိုင်တော့ဘူး။

“ဆံပင်တွေကို လျှော်ပြီး အင်္ကျီတွေပါအခြောက်ခံနေတယ်ပေါ့.. ဘာလဲ.. မနက်ဖြန် ဘလိုင်းဒိတ်သွားတွေ့မလို့လား”

လီမင်တုန် ပြန်ဖြေပေးလာမှာကို မစောင့်ဘဲ ညနေခင်းတုန်းက လီမင်တုန်အတွက် ခရီးဆောင်အိတ်ကို ကူသယ်လာပေးခဲ့တဲ့ မင်ဝေ့ရှန်က ကြားကနေ ဝင်ပြောလိုက်တယ်။

“ဘလိုင်းဒိတ်မဟုတ်ဘူး.. ဒိတ်ပဲဖြစ်ရမယ် ဟုတ်တယ်မလား”

သူက လီမင်တုန်ကို မျက်လုံးမှိတ်ပြလိုက်တယ်။

“မင်းရဲ့ညီလေးနဲ့ လိုက်လာတဲ့တစ်ယောက်.. အဲဒီ မိန်းကလေးက ဘယ်သူလဲ.. ငါ သူမ မင်းကိုကြည့်တဲ့ အကြည့်တွေကို မြင်ရသလောက် သိပ်ပြီးပုံမှန်လို့မထင်ဘူး”

ဆိုရိုးစကားတွေထဲမှာ ဆရာသခင်အိုကြီးလည်း သာမန်ကျပန်းလက်သီးတစ်ချက်နဲ့ သေဆုံးနိုင်တယ်လို့ ဆိုကြတယ်။ အခုချိန်မှာလည်း လီမင်ရှီရဲ့ ရိုးရှင်းဖြောင့်တန်းလွန်းတဲ့ စကားတစ်ခွန်းက လီမင်တုန်ကို ဉာဏ်အလင်းရစေခဲ့တယ်။

မင်ဝေ့ရှန်ဆီမှ ကွေ့ဟွားက သူ့ကို မတူကွဲပြားစွာ ကြည့်နေတယ်ဆိုတဲ့စကားကို လို့ ကြားလိုက်ရတော့ သူ့ရဲ့ နှလုံးက ခုန်ပေါက်သွားရကာ မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ပေမဲ့ တည်ငြိမ်ချင်ယောင် ဟန်ဆောင်ဖို့ ကြိုးစားနေတုန်းပဲ။

“အိုး၊ ဟုတ်လား.. ဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်လို့လဲ..ငါ သတိမထားမိခဲ့ဘူး”

“မင်း ဆက်ပြီးဟန်ဆောင်နေလိုက်”

မင်ဝေ့ရှန်က မျက်လုံးလှိမ့်လိုက်တယ်။

“အဲဒီကောင်မလေးက မင်းကို ရှင်းရှင်းလင်းလင်းကြိုက်နေတာပဲလေ”

မင်ဝေ့ရှန်က လီမင်တုန်ကို သူ့ရဲ့ပုခုံးနဲ့ ဆောင့်တွန်းရင်း အတင်းအဖျင်းမေးလာတယ်။

“အဲ့ဒီကောင်မလေးက မင်းနဲ့ဘယ်လိုပတ်သက်တာလဲ.. မင်းရဲ့ သတို့သမီးလား? မင်းတို့တွေ လက်ထပ်ပြီးကြပြီလား?”

လီမင်တုန်တစ်ယောက် ထိုခဏမှာ သူ့ရဲ့အပြုံးတွေကို မရပ်တန့်နိုင်တော့ဘူး။

သူက ရှက်ရွံ့စွာနဲ့ပြောလာတယ်။

“လက်မထပ်ရသေးဘူး၊ ငါတို့ ဆောင်းရာသီအားလပ်ရက်ရတဲ့ အချိန်ကျမှ အိမ်ပြန်ပြီး လက်ထပ်မှာ”

မင်ဝေ့ရှန်က ဝမ်းသာအားရနဲ့ လီမင်တုန်ရဲ့ ဘေးနားမှာဝင်ထိုင်ကာ သူ့ရဲ့ လက်မောင်းကို လီမင်တုန်ရဲ့ ပုခုံးပေါ်သို့တင်လိုက်တယ်။

“မင်းကတော့ ဘဝကောင်းကိုပိုင်ဆိုင်ထားတာပဲ.. မင်းလက်ထပ်ရတဲ့ဇနီးကလည်း အရမ်းလှတယ်!”

လီမင်တုန်ရဲ့မျက်နှာက ချက်ချင်းပဲ လည်ပင်းနားကို ရောက်တဲ့အထိ နီရဲသွားခဲ့တယ်။ သူက မင်ဝေ့ရှန်ကို ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကန်ထုတ်လိုက်ပြီး စားပွဲရှေ့မှာ ဝင်ထိုင်လိုက်ပြီး အရှေ့မှ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်တယ်။ သို့ပေမယ့် သူ့ရဲ့မျက်နှာပေါ်မှာတော့ ဖုံးကွယ်လို့မရတဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့တယ်။

မင်ရှန်ယန် ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။

“ငါပြောမယ်..မင်းကတော့ ငါ့မျက်လုံးထဲကနေ ဖုံးကွယ်လို့ မရပါဘူး.. မင်းရဲ့ပုံစံက ချစ်မိနေတဲ့ လူငယ်လေးလိုပဲ”

“အချစ်အကြောင်းပြောနေတာလား?”

လီမင်တုန်တစ်ယောက် သူ မကြာသေးမီက စိုးရိမ်ဆုံးဖြစ်တဲ့ စကားလုံးကို ကြားလိုက်ရတော့ ချက်ချင်းပဲ ပြန်မေးလိုက်မိတယ်။

“ ဒီအချစ်ဆိုတဲ့အကြောင်းကို မင်းဘယ်လိုမျိုး ဖော်ပြနိုင်လဲ”

“မင်း ငါ့ကိုလာမေးတယ်ဆိုတော့ လူမှန်ကိုလာမေးမိတာပဲ”

မင်ဝေ့ရှန်က လီမင်တုန်ရဲ့အနားမှာ ဝင်ထိုင်လိုက်ပြီး သူ့ရဲ့ အတွေ့အကြုံကို သေသေချာချာ သင်ပေးတော့တယ်။

“ငါ ငါ့ရဲ့ဇနီးကို လိုက်တုန်းကဆို...”

“ခဏလေး ခဏလေး!”

ကျန်းဟိုင်တစ်ယောက် အပေါ်ထပ်မှ ခုန်ချလာခဲ့ပြီး သူ့ကို မယုံကြည်နိုင်စွာကြည့်လာတယ်။

“မင်းတောင်မှ လက်ထပ်ပြီးသွားပြီလား?”

“ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ.. ငါက ဘာလို့ လက်မထပ်ရမှာလဲ? ငါဆိုတဲ့ကောင်က အထက်တန်းကျောင်းပြီးတာနဲ့ ငါ့ရဲ့ဇနီးနဲ့ လက်ထပ်ခဲ့တာကွ”

မင်ဝေ့ရှန်က သူ့ရဲ့ဆံပင်တွေကို ခါယမ်းလိုက်ပြီး ဂုဏ်ယူဝံ့ကြွားတဲ့ အမူအယာနဲ့ပြောလာတယ်။

“ငါ့ကိုကြည့်လိုက်လေ.. ငါဘယ်လောက်ထိ ပညာတတ်ပြီး ဗဟုသုတကြွယ်ဝလဲ.. ဘယ်လောက်ထိ အကျင့်စရိုက်ကောင်းမွန်လိုက်သလဲ.. ဘယ်လောက်ထိ ရုပ်ချောလိုက်သလဲ.. အရေးအကြီးဆုံးက ငါ့ရဲ့ဇနီးလေးအပေါ် အလေးအနက်ရှိတယ်လေ.. ဒီတော့ ငါ့ရဲ့ဇနီးကိုလက်ထပ်နိုင်တာပေါ့”

မင်ဝေ့ရှန်က လီမင်တုန်ရဲ့ ဘေးနားမှာထိုင်ပြီး သူ့ရဲ့အတွေ့အကြုံတွေကို မိတ်ဆက်နေခဲ့တယ်။

“ငါ မင်းကို ပြောပြမယ် ..ဆက်ဆံရေးတစ်ခုမှာ အရေးကြီးဆုံးအရာက ကံယကံရှင်နှစ်ယောက်ထဲအတူရှိနေဖို့ပဲ.. ဒီတော့ မင်းတို့ချိန်းတွေ့တာ ဒါမှမဟုတ် ဈေးဝယ်ထွက်တဲ့အချိန်မှာ မင်းရဲ့ညီလေးကို ခေါ်မသွားနဲ့ .. ဒါက မင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးအတွက် မကောင်းစေဘူး”

လီမင်တုန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်တဲ့ လီမင်ရှီကို စိုက်ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။

“မင်းပြောတာ မှန်တယ်.. ငါသူ့ကို ငါ့ရဲ့ စတုတ္ထဦးလေးအိမ်မှာ ပစ်ထားခဲ့လိုက်မယ်”

မင်ဝေ့ရှန်က ခေါင်းညိတ်ပြပြီး “သင်ပေးရလွယ်ကူတယ်” ဆိုတဲ့အကြည့်နဲ့ ကြည့်လာတယ်။

“ဒုတိယတစ်ခု.. စိတ်ကူးယဥ်ဆန်တဲ့အခြေအနေမျိုး ဖန်တီးရမယ်”

လီမင်တုန်နဲ့ ကျန်းဟိုင်တို့ရဲ့ ဗလာကျင်းနေတဲ့အကြည့်တွေကိုမြင်တော့ မင်ဝေ့ရှန်က ထရပ်ပြီး ရေရွတ်လာတယ်။

“နေပထမဆုံးထွက်လာတဲ့အချိန်မှာ မင်းက သူမကို တောင်တွေပေါ်ကိုခေါ်သွားပြီး နေထွက်လာတဲ့အချိန်ကိုကြည့်ရင်း မနက်ခင်းရဲ့ မျှော်လင့်ချက်အလင်းရောင်ကို အတူတူခံစားရမယ..

ညနေ နေဝင် ဆည်းဆာရဲ့ အလှဆုံးအချိန်တွေမှာ မင်းက သူမကို မြစ်ကမ်းနားကို လမ်းလျှောက်ဖို့ ခေါ်သွားပေးပြီး ရွှေအိုရောင်အလင်းတန်းတွေအောက်မှာ လွှမ်းခြုံခံရတဲ့ခံစားချက်ကို ခံစားစေရမယ်

ဝိုင်းစက်တဲ့လမင်းကြီး ထွက်လာတဲ့အချိန်ကျရင် သူမကိုခေါင်မိုးထပ်ဆီကိုခေါ်သွားပေးပြီး ကြယ်တွေစုံလင်တဲ့ကောင်းကင်ကြီးကိုကြည့်ရင်း ကဗျာတွေရွက်ဖတ်ပြရမယ်၊ နေရာ..”

“မင်း ဆွဲချခံလိုက်ရလိမ့်မယ်...”

ကျန်းဟိုင်က မတတ်နိုင်စွာနဲ့ စကားဖြတ်ပြောလာတယ်။

“ဒီနေရာက တောင်တွေနဲ့ဝေးကွာပြီး ၊မြစ်တွေနဲ့ မနီးစပ်ဘူး၊ မင်းရဲ့ပါးစပ်ထဲက ထွက်လာတဲ့အချစ်အကြောင်းက ဘာလို့ ရထားနောက်က လိုက်ဖမ်းရတာထက်တောင် ခက်ခဲနေရတာလဲ..

နောက်ပြီး လရောင် တောက်ပနေတဲ့အချိန်တွေမှာ ကြယ်တွေကို မမြင်ရဘူး.. လတွေနဲ့ ကြယ်တွေ စုံလင်တာက ဘယ်လောက်ရှားပါးသလဲဆိုတာ မသိဘူးလား”

လီမင်တုန်က ကျန်းဟိုင်ရဲ့ အယူအဆကို သဘောမတူခဲ့ဘူး ။

“ ဝေ့ရှန်ပြောတာ အရမ်းကောင်းတယ်လို့ ငါထင်တယ်.. အဲဒီမြင်ကွင်းက တကယ်ကို လှပနေလိမ့်မယ်.. တောင်တွေနဲ့ မြစ်တွေ အတွက်က အရေးမကြီးဘူး၊ ငါတို့ရဲ့ မွေးရပ်မြေမှာ အိမ်တံခါးအပြင်ဘက်ကိုထွက်လိုက်တာနဲ့ အဲဒီနေရာတွေကို ရောက်နိုင်တယ်.. ဒီအပိုင်းကို ငါအိမ်ပြန်ရောက်တဲ့အချိန်တွေမှာ လုပ်ရမယ်.. ဝေ့ရှန် မင်း ဆက်ပြောပေး”

မင်ဝေ့ရှန်ရဲ့ ကဗျာရွက်ဖတ်မှုက ကျန်းဟိုင်ဆီမှာ ဖြတ်တောက်ခံလိုက်ရပြီး ပြောလက်စ စကားတွေက နင်သွားခဲ့ပြီး ကျန်ရှိနေတဲ့ စာကြောင်းတွေကိုကို ချက်ချင်း မေ့သွားခဲ့ရတယ်။ ဒါကြောင့် သူ လေသံဖျော့ဖျော့နဲ့သာ ပြောလိုက်နိုင်တယ်။

“ဒီတော့ မင်းသူမကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားတာမျိုး၊ ရုပ်ရှင်သွားကြည့်တာမျိုး စတဲ့ ခံစားချက်တွေတိုးမြင့်အောင် လုပ်တဲ့နည်းတွေကိုသုံးလို့ရတယ်”

လီမင်တုန် ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့လက်ထဲက စာအုပ်ကို ပိတ်လိုက်တယ်။

“အဲလိုလုပ်ရမယ်!”

*

နောက်နေ့မနက်စောစောမှာတော့ မိန်းကလေး အိပ်ဆောင်အတွင်းမှ မိန်းကလေးတွေအလျှင်အမြန်ထပြီး အဝတ်အစားတွေ လှဲလှယ်ဝတ်ဆင်နေတာကိုမြင်တော့ အစောကြီးကတည်းက အိပ်ရာကနိုးနေပြီး ဝတ်စားပြင်ဆင်ထားပြီဖြစ်တဲ့ ကွေ့ဟွားကလည်း တံခါးကို အမြန်ဖွင့်ပြီး ကိုယ်လက်သန့်စင်ဖို့ သူတို့နဲ့အတူ လိုက်သွားခဲ့တယ်။

သူမ သန့်ရှင်းရေးလုပ်ရာမှ ပြန်ရောက်လာတဲ့အချိန်မှာတော့ အိပ်ဆောင်အတွင်းမှ မိန်းကလေးတွေ သန့်ရှင်းရေးလုပ်ဖို့အတွကာ မျက်နှာသုတ်ပုဝါနှင့် ရေဇလုံတွေကိုကိုင်ရင် တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြတယ်။

အခန်းထဲမှာ လူတစ်ယောက်မှမရှိတော့တာကို မြင်တော့ သူမက အဝတ်စုတ်နှင့် တံမြက်စည်းကို အလျင်အမြန်ယူလိုက်ပြီး အိပ်ဆောင်အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ခဲ့တယ်။

အမျိုးသမီးကျောင်းသူတွေပြန်ရောက်လာချိန်မှာ ကွေ့ဟွားက အိပ်ဆောင်အတွင်းကို သန့်ရှင်းရေးလုပ်ပေးနေတာကိုတွေ့တော့ အနည်းငယ် ရှက်ရွံ့သွားခဲ့တယ်။

“ကွေ့ဟွား နင်က ဧည့်သည်လေ.. ဘာလို့ အခန်းထဲကို သန့်ရှင်းရေးကူလုပ်ပေးပြီး ငါတို့ကိုရှက်အောင်လုပ်နေရတာလဲ”

“ကျွန်မမှာ လုပ်စရာအလုပ်တွေမရှိဘူး.. နောက်ပြီး ဒီမှာနေပြီး အစ်မတို့ကို ဒုက္ခပေးနေရမှာဆိုတော့ တစ်ခုခုလုပ်ပေးချင်လို့ပါ”

ကွေ့ဟွား ပြုံးလိုက်တယ်။

“အားနာနေစရာမလိုပါဘူး”

“နင်က ယဉ်ကျေးလွန်းနေတာပဲ.. တကယ်တော့ ငါတို့ရဲ့ အိပ်ဆောင်ခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ မလိုအပ်ပါဘူး.. ငါတို့ အတန်းဖော်တွေလိုပဲ ငါတို့ရဲ့ဆွေမျိုးတွေကလည်း ညအိပ်ဖို့အတွက် ရောက်လာတတ်တယ်.. ဒါက သာမာန်ကိစ္စပါပဲ နင် ဒီမှာနေတဲ့အတွက် အားနာနေဖို့မလိုဘူး”

အရပ်ရှည်ရှည် ကောင်မလေးတစ်ယောက်က စားပွဲပေါ်မှစာအုပ်တစ်အုပ်ကို ရွေးချယ်ပြီး အဆင်သင့်ထုတ်ဖို့ လုပ်နေခဲ့ရင်းကနေ အပြုံးတစ်ခုနဲ့ ပြောလာခဲ့တယ်။

မင်ရှုရန်က ကွေ့ဟွားမှ သူမရဲ့အတန်းဖော်တွေ စကားပြောရင်း လွတ်လွတ်လပ်လပ် ရယ်မောနေတာကိုမြင်တော့ လီမင်တုန်ကို တဖန်ပြန်တွေးမိကာ သူတို့တွေက လိုက်လျောညီထွေဖြစ်နိုင်မှာမဟုတ်ဘူးလို့ တွေးတောနေခဲ့တယ်။

သူမ နှုတ်ခမ်းကို ကိုက်ခဲရင်း ကွေ့ဟွားဆီကို အနည်းငယ်ရန်လိုစိတ်တွေနဲ့လှမ်းမေးလိုက်တယ်။

“ကွေ့ဟွား .. နင် စကားလုံးတွေကို သိလား*”

(T/n_စာဖတ်တတ်လား မေးတာပါ)

“ကျွန်မ သိတယ်!”

ကွေ့ဟွား တည်ငြိမ်စွာပြန်ပြောခဲ့တယ်။

“ကျွန်မလည်း နှစ်နည်းနည်းလောက် ကျောင်းတက်ခဲ့ဖူးတယ်.. ကျောင်းကထွက်ပြီးတဲ့အချိန်မှာလည်း အစ်ကိုမင်တုန်က ကျိန်မကို နှစ်အနည်းငယ်ကြာအောင် ဆက်သင်ပေးခဲ့တယ်”

မင်ရှုရန်က ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီး သူမရဲ့ မျက်နှာက အနည်းငယ် ရုပ်ဆိုးနေခဲ့တယ်။

သူမ ကွေ့ဟွားကိုကြည့်ပြီး သူ့မရဲ့အရှေ့မှာဆိုရင် သူ့ရဲ့အတွေးတွေက ဖော်လှစ်ခံနေရသလို ခံစားနေရတယ်။ ဒီခံစားချက်က သူမကို အနည်းငယ် အရှက်ရစေပြီး စိတ်အနှောင့်အယှက်ဖြစ်သလိုခံစားမိကာ ချက်ချင်းပဲ ဒေါသပေါက်ကွဲထွက်လာခဲ့တယ်။

“ငါပြောတာ တဲ့တိုးဖြစ်သွားရင် ခွင့်လွှတ်ပါ.. ဒါပေမယ့် နင်သာ ကျောင်းမတက်ဘူးဆိုရင် နင်နဲ့ လီမင်တုန်ကြားထဲမှာ ပြောစရာစကား ဘာတစ်ခုမှ မရှိပဲနေတော့မှာပဲ .. ဟုတ်တယ်မလား?”

ကွေ့ဟွားက သူမကို တအံ့တသြကြည့်ကာ သူမရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးတဲ့ အရိပ်အယောင်တွေပေါ်လာခဲ့တယ်။

“အစ်မဘာလို့ ကျွန်မနဲ့ အစ်ကိုမင်တုန်ကြားထဲက ဆက်ဆံရေးအကြောင်းကိုပဲ အမြဲတမ်းမေးနေရတာလဲ?”

ကွေ့ဟွားက မင်ရှုရန်ဆီကို အေးချမ်းတဲ့ အပြုံးတစ်ခုဖြင့် ကြည့်လိုက်ပြီး အခန်းကို ငြိမ်သက်သွားဖို့ စောင့်ဆိုင်းလိုက်တယ်။ သူမဆီကို မျက်လုံးတွေ ကျဆင်းလာပြီးမှ အလျှင်မလိုစွာဖြင့် ဆက်ပြောလိုက်တယ်။

“အစ်မက အစ်ကိုမင်တုန်နဲ့ ကျွန်မရဲ့အကြောင်းကို စိတ်ပူပေးနေတာလား.. အစ်ကိုမင်တုန်နဲ့ ကျွန်မက အတူတူကြီးပြင်းလာခဲ့တာ.. ကျွန်မတို့ကြားထဲမှာ ဆက်သွယ်ပြောဆိုစရာကိစ္စတွေအများကြီးရှိတယ်.. သူ အားလပ်ရက်တွေမှာ အိမ်ကိုပြန်လာတဲ့အချိန်တိုင်း ကျွန်မတို့တွေ အဆုံးမရှိလောက်အောင် စကားပြောလေ့ရှိတယ်”

All Chapters