← Chapters

Chapter 41

Vol. 5 Ch. 41

Chapter 41

Vol. 5 Ch. 41

“ကွေ့ဟွား.. မနက်စာစားဖို့ ဆင်းလာခဲ့တော့!”

လီမင်တုန်ရဲ့ အသံက အောက်ထပ်မှ ထွက်ပေါ်လာခဲ့တယ်။ ကွ့ဟွားက ပြတင်းပေါက်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး ပြတင်းပေါက်ကတဆင့် ခေါင်းထုတ်ကြည့်ကာ တောက်ပတဲ့ အပြုံးကို ဖော်လှစ်ပြသခဲ့တယ်။

“ အစ်ကိုမင်တုန်.. ကျွန်မကို ခဏစောင့်ဦး..ကျွန်မ အခုပဲ ဆင်းလာခဲ့မယ် “

“ အောက်ကို ဖြည်းဖြည်းချင်းဆင်းလာခဲ့ .. လောစရာမလိုဘူး”

လီမင်တုန် သူ့ရဲ့ လက်တွေကို ကွေ့ဟွားဆီသို့ ဝှေ့ရမ်းပြရင်း သူမ အပေါ်ထပ်မှာ နေဖူးတာက ဒါပထမဆုံးအကြိမ်ပဲ တွေးမိတာကြောင့် အဆင်မပြေဖြစ်မှာကို စိတ်ပူနေခဲ့တယ်။

မင်ရှုရန်ရဲ့မျက်နှာက အပြာမှအနီရောင်သို့ပြောင်းသွားခဲ့ကာ အနီရောင်မှသွေးရောင်ဖျော့တော့တဲ့ဆီသို့ ပြောင်းလဲသွားခဲ့ရတယ်။

ထိုအခိုက်မှာပဲ ကွေ့ဟွားက သူမဘက်သို့လှည့်ရင်း ခေါင်းညိတ်ပြကာ ပြောလာတယ်။

“အစ်ကိုမင်တုန်က ကျွန်မကို မနက်စာစားဖို့ အပြင်ထွက်လာခိုင်းနေပြီ.. မနက်စာစားပြီးရင် ကျွန်မတို့တွေ သူ့ရဲ့ စတုတ္ထ ဦးလေးအိမ်ကို သွားကြမှာလေ.. နေ့လည်ဘက်ကိုရောက်ရင်တော့ မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်ရမှာ.. ဒါကြောင့် ညနေကျရင် ကျွန်မကို အဆောင်ထဲသို့ လာခေါ်ပေးဖို့အတွက် အစ်မတို့ကို ဒုက္ခပေးရဦးမှာပဲ.. ကျွန်မက ဒီမှာ ရက်အနည်းနည်းလောက် ထပ်နေရဦးမယ်”

မင်ရှုရန်က ကွေ့ဟွားကို ကြည့်ပြီး ဘယ်လိုဖြေရမှန်းမသိဖြစ်နေခဲ့ပေမဲ့ မနေ့ညတုန်းက ကွေ့ဟွားကို ခေါ်လာပေးခဲ့တဲ့ မိန်းလေးက ပြုံးပြီး ပြောလာတယ်။

“စိတ်မပူနဲ့ ..နင် ညနေ ပြန်လာတဲ့အချိန် အောက်ကနေလှမ်းအော်လိုက်.. ငါ နင့်ကိုလာခေါ်လိုက်မယ်.. စကားမစပ်.. ငါ့နာမည်ကိုမှတ်မိတယ်မလား? ငါနာမည်က လီရှန်းနော်”

“ဒါဆို ကျွန်မ အစ်မကိုပဲ နှောင့်ယှက်ရတော့မှာပဲ အစ်မလီရှန်း”

ကွေ့ဟွားက အပြုံးလေးနဲ့ ကျေးဇူးတင်စကားပြောလိုက်ပြီး အိပ်ဆောင်ထဲမှ မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကာ အမြန်ထွက်သွားခဲ့တယ်။

လီရှန်းက ကွေ့ဟွားရဲ့ခြေသံအဝေးကိုရောက်သွားတာကို နားထောင်ပြီးမှ မင်ရှုရန်ဆီကို ဟက်ဟက်ပက်ပက်မရှိတဲ့ ကြည့်နဲ့ လှမ်းကြည့်လာတယ်။

“ငါတို့ရဲ့အတန်းမှာ မိန်းကလေး ရှစ်ယောက်ပဲရှိတယ်.. ဒါကြောင့် ငါတို့ရဲ့မျက်နှာကို ရှက်စရာကောင်းတဲ့အရာစွန်းပေအောင်တော့ လာမလုပ်နဲ့”

မင်ရှုရန်က စိတ်ဆိုးဒေါသဖြစ်နေခဲ့ပြီး မျက်လုံးတွေ နီရဲစွာနဲ့ပြောလာတယ်။

“နင်ဘာကိုဆိုလိုတာလဲ”

“ဘာကိုဆိုလိုလဲဆိုတာ နင်သိပါတယ်”

လီရှန်း လှောင်ရယ်လိုက်တယ်။

“လီမင်တုန်ဆီမှာ စေ့စပ်ထားတဲ့သူ ရှိနေပြီးသားဖြစ်တဲ့အပြင် သူက လက်ထပ်တော့မှာ.. ဒါကြောင့် အသုံးမဝင်တဲ့ကိစ္စတွေကိုလုပ်ပြီး ငါတို့ကို အနှောင့်အယှက်မပေးစမ်းပါနဲ့”

“နင် ဘာတွေ ပြောချင်နေတာလဲဆိုတာ ငါမသိဘူး”

မင်ရှုရန် ဒေါသတကြီးနဲ့ပြောလိုက်တယ်။

“ငါက အတန်းဖော်လီမင်တုန်နဲ့ သိပ်ပြီးမရင်းနှီးလို့ ကွေ့ဟွားဆီကနေ စပ်စုကြည့်ရုံပဲ.. နင် ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”

“နင်တစ်ခြားအတွေးတွေကိုမတွေးရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်.. ဒီလိုဆိုရင် နင် ဒုက္ခရောက်မှာမဟုတ်ဘူး”

လီရှန်းက သူမရဲ့စာအုပ်ကို လက်ထဲမှာ ကိုင်ရင်း ထွက်သွားခဲ့တယ်။ ကျန်ရှိနေတဲ့မိန်းကလေးတွေကလည်း စာဖတ်ဖို့အတွက် စာကြည့်တိုက်ဆီသို့ စိတ်အားထက်သန်စွာ ထွက်သွားခဲ့ကြတာကြောင့် အခန်းထဲမှာ မင်ရှုရန်နဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း ချန်ကောသာ ကျန်ရစ်တော့တယ်။

ချန်ကောက မင်ရှုရန်တစ်ယောက် ထိုနေရာမှာထိုင်နေရင်း ငိုကျွေးနေတာကိုကြည့်ပြီး သူမဆီကို မျက်နှာသုတ်ပုဝါယူပေးလိုက်တယ်။

“လီရှန်းရဲ့စကားတွေက ရုပ်ဆိုးတယ် .. ဒါပေမယ့် အကြောင်းပြချက်ကတော့ စီလျော်နေတုန်းပဲ.. နောက်ပြီး နင်က အခုမှကောလိပ်စတက်ကာစပဲရှိသေးတာလေ.. တစ်စုံတစ်ယောက်ကို ရှာဖို့ အလျင်လိုနေစရာမလိုပါဘူး”

မင်ရှုရန်က သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ပေမယ့် ဘာမှပြန်မပြောခဲ့ဘူး။ ချန်ကောက သူမအတွက် ရေ လောင်းထည့်ပေးလိုက်တယ်။

“ငါတို့ရဲ့ကျောင်းမှာ ယောက်ျားလေးတွေ အများကြီးရှိတယ်.. ဒီကောလိပ်တက်ရတဲ့လေးနှစ်ခွဲအတွင်းမှာ နင် လက်တွဲဖော်တစ်ယောက်ကို အေးအေးဆေးဆေး ရှာတွေ့နိုင်ပါတယ်.. သိပ်ပြီးစိတ်ပူမနေပါနဲ့”

မင်ရှုရန်က ရေတစ်ငုံသောက်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အဝေးသို့ ထွက်ခွာသွားပြီဖြစ်တဲ့ လီမင်တုန်ရဲ့ နောက်ကျောကို ကြည့်လိုက်ပေမဲ့ သူနဲ့ ကွေ့ဟွားတို့တွေ ဘေးချင်းကပ်လျက် လမ်းလျှောက်နေတာကိုသာ မြင်တွေ့နိုင်ခဲ့တယ်။

“မနေ့ညက အိပ်ရတာအဆင်ပြေရဲ့လား”

လီမင်တုန်က ကွေ့ဟွားကိုကြည့်ရင်း မေးလိုက်တယ်။

“ကောင်းတယ်.. ရှင့်ရဲ့ အတန်းဖော်တွေကလည်း အရမ်းကောင်းပါတယ်..ကျွန်မကို အတော်လေးဂရုစိုက်ပေးခဲ့ကြတယ်”

ကွေ့ဟွား ပြုံးပြီး ပြောလာခဲ့ကာ သူမရဲ့ လေသံထဲမှာ စိတ်လှုပ်ရှားမှုအနည်းငယ်ရောယှက်နေခဲ့တယ်။

“ဒါဟာ အခုလို အထပ်မြင့်အဆောက်အဦးဆီမှာ ကျွန်မ ပထမဆုံး နေဖူးတာဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေမိတယ်”

ကွေ့ဟွားရဲ့ စိတ်နှလုံးအတွင်းပိုင်းမှလာတဲ့ ရယ်မောသံကိုကြားတော့ လီမင်တုန်လည်း လိုက်ပါရယ်မောလိုက်မိတယ်။

“ကိုယ်က မင်းကြောက်နေလိမ့်မယ်လို့ထင်ခဲ့တာ.. ကိုယ်တို့တွေ ကျောင်းကို ပထမဆုံးစတက်တဲ့အချိန်တုန်းကဆို ဒုတိယထပ်မှာ နေဖို့အခန်းရခဲ့တဲ့ မိန်းကလေးတစ်ယောက်က ကြောက်လွန်းလို့ ငိုတောင် ငိုနေခဲ့တာလေ.. နောက်ကျတော့ ဆရာမက ရွေးချယ်စရာမရှိတော့ပဲသူ့ကို ပထမထပ်ဆီ လွှဲပေးလိုက်ရတယ်”

“ဒါဆို အဲဒီမိန်းကလေးက ကျွန်မတို့ရဲ့ ပေရှားက မဟုတ်တာ သေချာတယ်.. ကျွန်မတို့ဘက်မှာဆို မီတာဒါဇင်နဲ့ချီတဲ့ ထင်းရှူးနီသစ်ပင်ကြီးတွေချည်းပဲ.. ကောင်မလေးတွေရော၊ ကောင်လေးတွေရောက အဲဒီသစ်ပင်တွေကို အပြိုင်အဆိုင်တက်နေခဲ့ကြတာလေ.. အပင်တွေက ဒီမှာရှိတဲ့ အဆောက်အဦးတွေထက်တောင် အများကြီး ပိုမြင့်သေးတယ်မလား “

ကွေ့ဟွားက လမ်းလျှောက်လာရင်းနဲ့ ပတ်ဝန်းကျင်ကို သိချင်စွာ လိုက်ကြည့်နေခဲ့တယ်။

သူမက ကျောင်းဝင်းအတွင်းဘက်မှ ရှုခင်းတွေကို ကြည့်ရင်း၊ စာအုပ်တွေကို လက်ထဲမှာကိုင်ရင်း လမ်းလျှောက်လာကြတဲ့ကျောင်းသူကျောင်းသားတွေကို ကြည့်ရင်းနဲ့ မနာလိုသံ အနည်းငယ်ရောနှောနေတဲ့ လေသံနဲ့ ပြောလိုက်မိတယ်။

“ကောလိပ်တက်ရတာ အရမ်းကောင်းတာပဲ”

လီမင်တုန်က ကွေ့ဟွားကို ပြန်ငုံ့ကြည့်ကာ သူမ မူလတန်းကျောင်းမှ ဘွဲ့ရပြီးနောက် အလယ်တန်း အထက်တန်းကျောင်းကို ဆက်မတက်တော့ဖိို့အတွက် တောင်းဆိုခဲ့တဲ့ မြင်ကွင်းကို ပြန်လည်သတိရလာမိတယ်။

ထိုအချိန်တုန်းကတော့ သူက အလွန် ငယ်ရွယ်လွန်းသေးပြီး သိပ်ပြီး မစဉ်းစားတတ်ခဲ့တာကြောင့် သူမက ကျောင်းစာကိုမသင်ချင်ခဲ့ဘူးလို့ပဲ ထင်ခဲ့တာ။

တကယ်တမ်းအကြောင်းရင်းကို အခုချိန်မှာ ပြန်လည်စဉ်းစားကြည့်လိုက်မိတော့ ငယ်ရွယ်လွန်းသေးတဲ့ ကွေ့ဟွားက သူမရဲ့ပညာသင်ကြားစရိတ်အတွက် ပိုက်ဆံကုန်မှာကို စိတ်ပူနေခဲ့တဲ့ပုံပဲ။

သူမက နေ့စဥ်နေ့တိုင်း ဘာတစ်ခုမှ မလုပ်ပါပဲ ထိုင်စားနေရတဲ့အပြင် စာဖတ်ဖို့အတွက်ပါ ပိုက်ဆံကုန်လာခဲ့မယ်ဆိုရင် သူ့ရဲ့အဖွားနဲ့အမေတို့ မပျော်ရွှင်ပဲ နေခဲ့မှာကို စိုးရိမ်ခဲ့တာကြောင့် စာဖတ်ဖို့ကို စွန့်လွှတ်ခဲ့တယ်။

လီမင်တုန် စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ သက်ပြင်းချလိုက်မိတယ်။

သူ ထိုအချိန်တုန်းကသာ ဒီအကြောင်းကို နားလည်ခဲ့မယ်ဆိုရင် ကွေ့ဟွားကို ကျောင်းဆက်တက်ဖို့အတွက် ပိုပြီး ဖြောင့်ဖြခဲ့မှာပဲ။ သူ့ရဲ့အဖွားနဲ့ အမေတို့က စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေအကြောင်းတွေကိုနားမလည်ခဲ့ကြတာကြောင့် လုံးဝ ဂရုမစိုက်ခဲ့ကြတာကြောင့် ကွေ့ဟွားကို ကျောင်းထွက်စေခဲ့ကြတယ်။

လီမင်တုန်တစ်ယောက် တစ်နည်းနည်းဖြင့် စိတ်ဓာတ်ကျနေပုံရတာကိုမြင်တော့ ကွေ့ဟွား မေးလိုက်မိတယ်။

“အစ်ကိုမင်တုန် ကိစ္စတစ်ခုခုရှိနေလို့လား”

“အဆင်ပြေပါတယ်!”

သူ့အနေနဲ့ အတိတ်ကို မပြောင်းလဲနိုင်တော့ဘူးဆိုမှတော့ လီမင်တုန်လည်း ထိုအကြောင်းကို ထပ်ပြီး မစဉ်းစားတော့ဘူး။ သူက ကွေ့ဟွားကိုကြည့်ပြီး ပြုံးပြလိုက်တယ်။

“တကယ်တော့ မင်း ကျောင်းဆက်မတက်ရင်တောင် စာတွေဆက်ဖတ်လို့ရတယ်လေ.. ကိုယ်အရင်တုန်းက မင်းကိုသင်ပေးခဲ့တဲ့ စကားလုံးတွေကို မှတ်မိသေးလား”

ကွေ့ဟွား ခေါင်းညိတ်လိုက်တယ်။

“ရှင်အရင်တုန်းက အိမ်ကိုပြန်ပို့ခဲ့တဲ့ စာတွေအားလုံးကို ကျွန်မသိမ်းထားတယ်.. ကျွန်မ အဲဒါတွေကို ဖတ်နိုင်တယ်”

လီမင်တုန် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလာတယ်။

“ကိုယ်ပြန်ရောက်တဲ့အခါ မင်းအတွက် စာအုပ်တချို့ ရှာလိုက်ဦးမယ်.. မင်းအိမ်မှာ အားလပ်တဲ့အချိန်ကျရင် အဲဒီစာအုပ်တွေကို ဖတ်နေလို့ရတယ်.. ဒါလည်း ကျောင်းမှာသင်တဲ့စာတွေပဲလေ”

“ရှင် သုံးခဲ့တဲ့ စာအုပ်ဟောင်းတွေလား”

ကွေ့ဟွားက လီမင်တုန်ကို မျှော်လင့်တကြီး ကြည့်လာခဲ့တယ် ။

လီမင်တုန်က သူမရဲ့တောက်လောင်နေတဲ့ မျက်လုံးတွေကြောင့် အနည်းငယ် ရှက်သွားခဲ့ရပြီး ခပ်ပေါပေါရယ်လိုက်မိတယ်။

“အင်း.. အဲဒါက အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ သုံးတဲ့ တရုတ်ဖတ်စာအုပ်တွေလေ”

ကွေ့ဟွား စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့မျက်လုံးတွေထဲမှာ ကြယ်လေးတွေကို ဝှက်ထားသလိုမျိုး တလက်လက်တောက်ပနေခဲ့တာကြောင့် လီမင်တုန်တစ်ယောက် သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေရင်းကနေ ရှက်ရွံ့စွာနဲ့ အကြည့်လွှဲလိုက်မိတယ်။

ထို့နောက် သူ တစ်ခုခုထပ်ပြောခါနီးမှာပဲ မနှစ်မြို့ဖွယ်ရာစကားသံတစ်ခုက ထွက်ပေါ်လာခဲ့လေတယ်။

“အစ်ကို.. အဲဒီစာအုပ်တွေက ဘယ်နှစ်နှစ်တောင်ကြာနေပြီလဲဆိုတာကိုရော သိရဲ့လား.. ရှာရော ရှာတွေ့နိုင်ဦးမှာတဲ့လား? အဲဒီအစား အစ်မကွေ့ဟွားကို ကျွန်တော့်ရဲ့စာအုပ်တွေကိုပဲ သုံးခွင့်ပေးလိုက်တာ ပိုမကောင်းဘူးလား”

လီမင်တုန်က လီမင်ရှီကို စိုက်ကြည့်ရင်း မင်ဝေ့ရှန်ရဲ့စကားတွေက အလွန်မှန်ကန်လှကြောင်း တွေးလိုက်မိတယ်:

မင်းအနေနဲ့ ချစ်ကျွမ်းဝင်ဖို့ဆိုရင် လူနှစ်ယောက်ပဲ အတူရှိနေဖို့လိုအပ်တယ်၊ နောက်တစ်ယောက်ပါလာခဲ့မယ်ဆိုရင် မျက်လုံးနာစေလိမ့်မယ်!

မနက်စာစားပြီးတဲ့နောက် လီမင်တုန်က လီမင်ရှီနဲ့ကွေ့ဟွားတို့ကိုခေါ်ကာ သူတို့နဲ့အတူယူလာခဲ့တဲ့ ဝက်ပေါင်ခြောက်၊ တောင်ပေါ်မှကောက်လာတဲ့ သစ်အယ်စေ့တွေ၊ မှိုတွေနှင့် ထင်းရှူးစေ့တွေကို ယူလာခဲ့ပြီး လီမူလင်းရဲ့အိမ်သို့ ခေါ်သွားခဲ့တယ်။

လီမူလင်းက အလှည့်ကျအလုပ်ဆင်းရတဲ့ဝန်ထမ်းဖြစ်ပြီး မကြာခဏ အဆိုင်းပြောင်းလေ့ရှိတယ်။ သို့ပေမယ့် လီမင်တုန်က မနက်ခင်းမှာတုန်းက သူ့ရဲ့အလုပ်အချိန်ဇယားကို တွက်ချက်ထားခဲ့တယ်လေ။ သူက လီမူလင်းဆီသို့ အားလပ်ရက်တွေမှာသာ လာလည်တတ်လေ့ရှိတယ်။

“စတုတ္ထဦးလေး အိမ်မှာရှိလား”

လီမင်တုန် တံခါးခေါက်ပြီး ထပ်အော်လိုက်တယ်။

“လာပြီ လာပြီ!”

ထင်းခုတ်နေတဲ့ လီမူလင်းက သူ့ရဲ့ပုဆိန်ကို အမြန်ချလိုက်ပြီး အလျှင်အမြန် ထွက်လာခဲ့တယ်။

“မင်တုန် ရောက်လာပြီလား”

တံခါးဖွင့်လိုက်တာနဲ့ လီမင်ရှီနဲ့ ကွေ့ဟွားတို့က အလျှင်အမြန် နှုတ်ဆက်လိုက်ပြတယ်။

“စတုတ္ထဦးလေး”

လီမင်ရှီနဲ့ကွေ့ဟွားကိုမြင်လိုက်ရတော့ လီမူလင်းက ရုတ်တရတ် အံ့သြသွားခဲ့ရတယ်။ သူက လူတွေကို အရင်ဝင်ခိုင်းလိုက်ပြီး မေးလိုက်တယ်

“မင်းတို့တွေ ဘာလို့ ဒီကို ရောက်လာတာလဲ.. အိမ်မှာ အဖွားနေကောင်းရဲ့လား.. မိသားစုဝင်တွေရော နေကောင်းရဲ့လား.. ဒီနှစ်အတွက် စားနပ်ရိက္ခာ မလုံလောက်ဘူးလား”

“အကုန်လုံးကောင်းပါတယ်.. ကျွန်မ မလာခင်တုန်းက အဖွားက စတုတ္ထဦးလေးကို စကားပါးခိုင်းလိုက်တယ်.. ဒီနှစ် ဆောင်းရာသီကျရင် စတုတ္ထဦးလေးအစောကြီး ပြန်လာသင့်တယ်တဲ့”

ကွေ့ဟွားက သူမရဲ့လက်ထဲမှ သစ်အယ်စေ့တွေနဲ့ မှိုတွေပါတဲ့အထုတ်ကို ချလိုက်တယ်။

“ဘာကိစ္စရှိလို့လဲ.. အိမ်မှာ ဘာဖြစ်နေလို့လဲ”

လီမူလင်းက မေးလာတော့ ကွေ့ဟွားလည်း ဘာပြောရမှန်းမသိစွာနဲ့ လီမင်တုန်ဆီကို လှမ်းကြည့်လိုက်မိတယ်။

တစ်ညလုံးနီးပါး အိမ်ထောင်ရေးနဲ့ အချစ်ရေးက ပဋိပက္ခမဖြစ်စေဘူးဆိုတာတာ နားလည်ဖို့ ကြိုးစားပြီးတဲ့ နောက်မှာတော့ လီမင်တုန်က မလိုလားမှုလုံးဝမကျန်ရှိတော့ပဲ စိတ်ဖြောင့်တန်းစွာနဲ့ ပြောလာခဲ့တယ်။

“ဆောင်းရာသီမှာ ကျွန်တော်နဲ့ ကွေ့ဟွားတို့ လက်ထပ်ပွဲလုပ်မလို့”

ကွေ့ဟွားကတော့ ထိုစကားကို ကြားလိုက်ရချိန်မှာ အပျော်လွန်သွားခဲ့တယ်။ သူမအနေနဲ့ သူမနှင့်လီမင်တုန်တို့ လက်ထပ်ပွဲကိစ္စအတွက် ဆွေးနွေးရဦးမယ်လို့ ထင်ထားခဲ့တာ။ နောက်ပြီး လက်ထပ်ပွဲအတွက် လီမင်တုန်ကို ဘယ်လိုပြောရမလဲ တွေးတောနေခဲ့တာ။ ဒါပေမယ့် လီမင်တုန်က မျက်တောင်တစ်ခတ်စာအတွင်းမှာ ဝန်ခံခဲ့တယ်။

All Chapters