← Chapters

Chapter 42

Vol. 5 Ch. 42

Chapter 42

Vol. 5 Ch. 42

“ဒါက ပျော်ရွှင်စရာကောင်းတဲ့ ပွဲပဲ.. မင်းရဲ့အဖွားက မင်းကို လက်ထပ်ပေးခါနီးလောက်ပြီလို့ ငါလည်းတွေးနေတာ”

လီမူလင်းက ဝမ်းသာအားရပြောလာတယ်။

“မြန်မြန်လာကြ.. ဒီမှာ ရေသောက်ပြီး ခဏထိုင်ကြဦး”

လီမင်ရှီက ဝက်ပေါင်ခြောက်တွေနဲ့ ထင်းရှူးစေ့တွေကိုကိုင်ကာ အရှေ့သို့ ပြေးသွားခဲ့တယ်။

“စတုတ္ထဦးလေး.. အဖွားက ဦးလေးအတွက် တောဝက်ပေါင်ခြောက်တွေ ထည့်ပေးလိုက်တယ်”

“ကောင်းလိုက်တာ! ငါတို့တွေ အသားမဝယ်နိုင်ခဲ့တာ အတော်ကြာပြီ.. ဒီတောဝက်ကို ဘယ်သူက ပစ်ခဲ့တာလဲ”

လီမူလင်းက ပစ္စည်းတွေကိုယူရင်း လမ်းလျှောက်ဝင်လာတုန်းမှာ မေးလာတယ်။

လီမင်ရှီကတော့ ထိုမေးခွန်းကိုကြားတော့ခြေထောက်တွေကပါ တုန်ယင်သွားရတယ်။

“... ကျွန်တော် မပြောချင်ဘူး”

လီမင်တုန်က သူ့ရဲ့စတုတ္ထဦးလေးနှင့် လီမင်ရှီရဲ့နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးမှ ကွေ့ဟွားက လိုက်ပါမလာသေးတာကို ရုတ်တရက်သတိပြုမိခဲ့တယ်။

သူ အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ကွေ့ဟွားက ထိုနေရာမှာပဲ ရပ်နေခဲ့ကာ သူ့ကို ရူးပေါပေါလေး ပြုံးရင်း ကြည့်နေခဲ့တာကို တွေ့လိုက်ရတယ်။

လီမင်တုန် မရယ်မောပဲ မနေနိုင်ခဲ့ဘူး။ သူက အနောက်ကို ပြန်လျှောက်သွားခဲ့ပြီး ကွေ့ဟွားရဲ့ ခေါင်းကိုပွတ်သပ်လိုက်ကာ သူ့ရဲ့ရင်ဘတ်ထဲမှာတော့ နွေးထွေးမှုကို ခံစားနေခဲ့ရတယ်။

“ဝင်လာခဲ့လေ.. ဒီငတုံးမလေးကတော့”

**

ဆောင်းဦးရာသီကိုရောက်တော့ ပေရှားမှာရှိတဲ့ အိမ်ထောင်စုတိုင်းက အလုပ်များနေခဲ့ကြပြီး သူတို့ရဲ့တစ်နေ့တာအတွင်းမှာ ကောက်ပဲသီးနှံများရိတ်သိမ်းရခြင်းနှင့် တောရိုင်းဟင်းသီးဟင်းရွက်တွေ လိုက်လံရှာဖွေခူးဆွတ်ရခြင်း စတဲ့ မရေမတွက်နိုင်တဲ့ အလုပ်တွေကို လုပ်နေခဲ့ရတယ်။

လီမိသားစုအတွက်ဆိုရင်လည်း အတူတူပဲ။ သူတို့တွေက မတိုင်ခင်တုန်းက ကျန်းကျန်းကြောင့် ကောက်ပဲသီးနှံတွေ ရင့်မှည့်သွားခဲ့ပြီး သူတို့မိသားစု တိတ်တဆိတ်သွားပြီး စုဆောင်းပြီးသွားတဲ့အချိန်ကတည်းက စိုက်ခင်းဆီကို သွား မကြည့်ဖြစ်ခဲ့ကြတော့ဘူး။

ကျန်းကျန်းရဲ့ တတိယမြောက်အန်တီ လျို့ရှို့လန် အလျှင်အမြန်ရောက်လာပြီး မေးလာမှသာ ပြန်လည် သတိပြုမိခဲ့ရတယ်။

“ဒုတိယယောက်မ .. တောင်ပေါ်မှာ စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေကို ဘာလို့ သွားမသိမ်းရတာလဲ.. ကောက်ပဲသီးနှံတွေ ကြီးထွားနေပြီဆိုတာကို ကျွန်မတွေ့ခဲ့တယ်နော်”

ဝမ်စုဖန်းက သူမပြောတာကိုကြားတာနဲ့ ခန်ပေါ်ကနေ ခုန်ချလိုက်မိတယ်။ သို့ပေမယ့် မဒမ်လီက သူမကို တည်ငြိမ်စွာ ကြည့်လာခဲ့တယ်။

“မင်ရှီနဲ့ကွေ့ဟွားက အိမ်မှာ မရှိသေးဘူးလေ.. တခြားသူတွေကလည်း အလုပ်ရှုပ်နေကြတာ.. နောက်ပြီး ငါတို့တွေမှာလည်း စားသောက်ကုန်တွေမပြတ်သေးလို့ မစုဆောင်းသေးတာ”

လျို့ရှို့လန်က စိတ်ပူပန်နေခဲ့တယ်။

“ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းဖို့က ပိုအရေးကြီးတယ်လေ.. ဒီနှစ်မှာ အိမ်ထောင်စုတိုင်းက စိုးရိမ်နေကြတာ.. အကျင့်မကောင်းတဲ့သူတွေက ညသန်းခေါင်မှာ ကောက်ပဲသီးနှံတွေ ခိုးသွားရင် ဘယ်လိုလုပ်မလဲ”

မဒမ်လီက သူမရဲ့ ဆေးတံနဲ့ ခန်အစွန်းကို ခေါက်လိုက်ပြီး သူမရဲ့မျက်နှာကတော့ တည်ငြိမ်နေခဲ့တယ်။

“ငါတို့ရဲ့စိုက်ခင်းက နေ့လည်ဖက်သွားလာရမြန်ဆန်တဲ့အချိန်တွေမှာတောင် ရှာတွေ့ဖို့ခက်ခဲတယ်.. ညဘက်ဆိုရင် တောင်တတွေပေါ်မှာာ မှောင်မဲပြီး မြင်နိုင်မှာမဟုတ်ဘူး.. တကယ်လို့ တစ်ယောက်ယောက်က အဲဒါတွေကို ပြန်ယူနိုင်ရင် ငါ သူတို့ကိုကျွေးလိုက်ဦးမယ်”

လျို့ရှို့လန်က ခန်ပေါ်မှာထိုင်လိုက်ပြီး သူမရဲ့နဖူးပေါ်ချွေးတွေကို သုတ်လိုက်တယ်။

“ဟုတ်တော့ဟုတ်တယ်.. ကျွန်မက ဘယ်သူမှ ရိတ်သိမ်းဖို့ မသွားသေးတာကိုမြင်တော့ အံ့ဩသင့်ပြီး အဲဒါကိုမေ့သွားတာ.. ဒါပေမယ့် အမေ..အရမ်းနောက်ကျသွားရင်တော့ ကောင်းမှာမဟုတ်ဘူးနော်.. ရက်အနည်းငယ်အတွင်း မိုးရွာလာရင် ဘယ်လိုလုပ်မလဲ?”

“အင်း ငါသိတယ်”

မဒမ်လီ ခေါင်းညိတ်လိုက်တယ်။

“ငါ မင်ပေ့ကို ခဏနေရင် သူ့အဖေကို သွားရှာခိုင်းလိုက်မယ်.. နေ့လည်ကျရင် စပြီး ရိတ်သိမ်းခိုင်းလိုက်မယ်”

“ကောင်းပြီ.. အမေတို့ စီစဥ်ပြီးသွားရင် ကျွမ်မ ဒီမှာ ထပ်မနေတော့ဘူး.. ကျွန်မတို့အိမ်က စိုက်ခင်းတွေကလည်း ရိတ်သိမ်းလို့မပြီးသေးဘူး”

သူမ အပြင်ကို ထွက်သွားခါနီးမှာပဲ ဝမ်စုဖန်းက လှမ်းပြောလာတယ်။

“အခုက မွန်းတည့်ချိန်နီးနေပြီ.. နင်ဘာလို့ မူစန်းနဲ့ ကလေးတွေကို ဒီမှာ နေ့လည်စာစားဖို့ မခေါ်ရမှာလဲ”

“ဟင့်အင်း .. ကျွန်မ မနက်တုန်းက ပန်ကိတ်တွေလုပ်ထားခဲ့တယ်”

လျို့ရှို့လန်က နောက်ပြန်လှည့်မကြည့်ဘဲ လက်ကိုဝှေ့ယမ်းလိုက်ပြီးအော်ပြောခဲ့တယ်။

“မြန်မြန်လေးသွားလိုက်ဦးမယ်.. ကျွန်မလည်း အလုပ်များနေသေးလို့”

လျို့ရှို့လန် ထွက်သွားတာကိုမြင်တော့ ဝမ်စုဖန်းက ခြေလှမ်းအနည်းငယ်လောက်ဖြင့် ပြန်ပြေးလာခဲ့ပြီး တံခါးကို သေသေချာချာပိတ်လိုက်တယ်။

“အမေ..ကောက်ပဲသီးနှံတွေက အကုန်ရိတ်သိမ်းပြီးပြီးမဟုတ်ဘူးလား.. ဘာလို့ ထပ်ပြီး ပြန်ရင့်မှည့်နေရတာလဲ? သူမ နောက်တစ်ခေါက် ထပ်စိုက်ခဲ့တာလား”

မဒမ်လီလည်း သိပ်မသေချာခဲ့ဘူး။

“မဖြစ်နိုင်လောက်ဘူးမလား.. မင်းတို့တွေသူမကို တောင်ပေါ်ဆီ နောက်တစ်ကြိမ် မခေါ်သွားခဲ့ကြဘူးမလား.. ဒါ့အပြင် ဒီလောက်ဝေးလွန်းတဲ့ နေရာကို တစ်ခါလောက်သွားဖူးရုံလောက်နဲ့ သူမက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

“ဒါပေမယ့် ကျန်းကျန်းကလွဲရင် ဒီလိုစွမ်းရည်မျိုး ဘယ်သူ့ဆီမှာ ရှိနေနိုင်မှာလဲ”

ဝမ်စုဖန်း အမြန်ပြောလာခဲ့ပြန်တယ်။

မဒမ်လီက သူမရဲ့ခေါင်းကို ခန်ရဲ့ဘေမှာကပ်ထားတဲ့အဝတ်ဘီဒိုကိုကိုင်ရင်း လမ်းလျှောက်လေ့ကျင့်နေတဲ့ ကျန်းကျန်းဘက်ကို လှည့်ကြည့်လိုက်တယ်။

“ပေါင်ပေ့ အဖွားဆီကိုလာပါဦး”

ကျန်းကျန်းက ပြန်လှည့်လာခဲ့ပြီး ခန်ပေါ် ကို သူမရဲ့ ပျော့ခွေနေတဲ့ ခြေထောက်တွေနဲ့ ထိုင်ချလိုက်တော့ မဒမ်လီက ဆွဲယူပွေ့ချီလိုက်တယ်။

“ပေါင်ပေ့.. ငါတို့ရဲ့တောင်ပေါ်က ကောက်ပဲသီးနှံတွေ ဘာဖြစ်သွားတာလဲဆိုတာ မင်းသိလား”

ကျန်းကျန်း မဒမ်လီရဲ့ပေါင်ပေါ်ကိုထိုင်ချလိုက်တယ်။

“ဗိုက်ပြည့်အောင်!”

“အိုး အဖွားရဲ့မြေးလေး.. မင်းက မင်းရဲ့အဖွားကို ဗိုက်ပြည့်အောင်စားစေချင်လို့လား”

ကျန်းကျန်းရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကိုကြည့်ရင်း မဒမ်လီရဲ့ နှလုံးသားက ထုံထိုင်းလာခဲ့ရတယ်။

“အဲလိုမျိုးလုပ်တော့ မပင်ပန်းဘူးလား”

ကျန်းကျန်းက သူမရဲ့ မတ်တပ်မရပ်နိုင်သေးတဲ့ ခြေတံတိုတိုလေးတွေကို ကြည့်ပြီး သူမရဲ့အသက်ကို ခါးသီးစွာ ပြန်လည် သတိရသွားခဲ့ကာ စကားကို လျှော့ပြောပြီး တုံးအချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူမက ပျော်ရွှင်မြူးတူးတဲ့ကလေးတစ်ယောက်လို မဒမ်လီရဲ့ပေါ်မှ ဆင်းသွားကာ ဘီဒိုကိုကိုင်ထားရင်း လမ်းလျှောက်ခြင်းကို ဆက်လက်လေ့ကျင့်နေခဲ့ပြန်တယ်။

အရင်တုန်းက ရိတ်သိမ်းထားခဲ့တဲ့ ကောက်ပဲသီးနှံတွေက အများကြီးမစားရသေးပေမဲ့လည်း သူတို့တွေက နောက်တစ်သုတ်ထပ်ပြီး ရိတ်သိမ်းရဦးမယ်။

ဒီတော့ လီမိသားစုဟောင်းအတွက် ဆောင်းရာသီအတွင်းမှာ တစ်နေ့ကို ထမင်းသုံးနပ်လောက် စားသောက်ဖို့ လုံလောက်သွားလိမ့်မယ်။

မဒမ်လီက ထိုအကြောင်းကို တွေးလိုက်မိတော့ သူမရဲ့ အားအင်တွေ ချက်ချင်းပြည့်ဝလာပြီး ကောက်ပဲသီးနှံရိတ်သိမ်းရန်အတွက် တောင်ပေါ်သိချက်ချင်းတက်သွားချင်လာခဲ့ရတယ်။

မဒမ်လီရဲ့ လှုပ်ရှားချင်စိတ်ပြည့်နေတဲ့ အကြည့်ကို မြင်လိုက်ရတော့ ဝမ်စုဖန်းက သူမကို အလျှင်အမြန် ပြောလာခဲ့တယ်။

“ အခုက အချိန်သိပ်ပြီး နောက်မကျသေးဘူး.. ကျွန်မ အစာခြောက်တချို့ပြင်ဆင်လိုက်မယ်လေ.. ဒါဆို မူဝူနဲ့ မင်နန်တို့ညီအစ်ကိုနှစ်ယောက် ဗိုက်ဝအောင်စားပြီး အလုပ်လုပ်လို့ရအောင်”

“ ကိတ်အချိုတွေပေါင်းပေးလိုက်.. ပြီးတော့ ကန်စွန်းဥမှုန့်နဲ့မလုပ်ပဲ ဆန်မှုန့်ကိုသုံးပေးလိုက်.. ပြီးရင် ဝက်သားနဲ့ ဂေါက်ဖီကြော်လိုက်.. သူတို့တွေ စားရတဲ့အချိန်ပျော်သွားအောင်”

မဒမ်လီက ရင့်မှည့်နေပြီဖြစ်တဲ့ ကောက်ပဲသီးနှံတွေအကြောင်းကိုတွေးမိတော့ အလွန်ရက်ရောနေခဲ့တယ်။

ဝမ်စုဖန်းက ပြန်ဖြေလိုက်ပြီး ပဲငံပြာရည်ကို ထုတ်ယူလိုက်ကာ မုန့်စိမ်းတွေ နယ်လိုက်တယ်။ ထို့နောက် ကျန်းကျန်းတစ်ယောက်စာအတွက် ဂျုံမှုန့်ဖြူနှင့် ရောထားတဲ့ မုန့်ညက်တစ်ပိုင်းကိုလည်း ပြုလုပ်ခဲ့တယ်။

မဒမ်လီကလည်း နောက်ကလိုက်လာပြီး ခြင်းတောင်းထဲမှ ကြက်ဥနှစ်လုံးကို ကောက်ယူပြီး ဝမ်စုဖန်းကိုပေးလိုက်တယ်။

“ဒီ ကြက်ဥနှစ်လုံးကို ကျန်းကျန်းအတွက်ထားလိုက်.. အဲဒီထဲကို ကြက်ဥဖောက်ထည့်လိုက်လေ.. ပြီးတော့ မနက်တုန်းကယူလာတဲ့ နွားနို့ကို မသောက်ဘဲကျန်နေသေးတယ်မလား ဒီထဲကို တစ်ဝက်လောက်ထည့်လိုက်.. ငါတို့ ကျန်းကျန်းရဲ့လည်ပင်းက သေးလွန်းသေးတယ်.. သူမက ကြမ်းတမ်းတဲ့စားစရာတွေကို စားနိုင်မှာမဟုတ်ဘူး”

မင်းနန်နဲ့ မင်းပေတို့ တောင်ပေါ်ကနေ ထင်းတွေဆွဲပြီး ပြန်လာချိန်မှာ မီးဖိုခန်းထဲမှ မွှေးကြိုင်တဲ့ရနံ့တွေကိုရရှိခဲ့တာကြောင့် ချက်ချင်းပဲ တံတွေးမြိုချလိုက်မိကြတယ်။

“အမေ ဒီနေ့ ဘာတွေ လုပ်နေတာလဲ.. အရမ်းမွှေးနေတာပဲ”

“ကိတ်အချို!”

ဝမ်စုဖန်းက ဝက်ပေါင်ခြောက်ကိုဖြတ်တောက်ရင်း ခေါင်းမမော့ပဲ ပြန်ဖြေလာတယ်။

“ဒါက ဆန်မှုန့်သက်သက်နဲ့လုပ်ထားတဲ့ကိတ်မုန့်ပဲ”

လီမင်ပေအနေနဲ့ သူ မှတ်မိသလောက်တော့ သူ့ရဲ့မိသားစုက ဆန်သက်သက်နဲ့လုပ်ထားတဲ့ ပန်ကိတ်တွေကို မစားဖူးတဲ့အကြောင်း တွေးလိုက်မိတယ်။ ထို့နောက် သူက မီးဖိုရှေ့မှာထိုင်ပြီး အားအင်ပြည့်ဝစွာနဲ့ ပြောလိုက်တယ်။

“အမေ ကျွန်တော်တို့တွေ ဘယ်အချိန်လောက်ကို ထမင်းဖြူနဲ့ ဟင်းတွေစားနိုင်လောက်လဲ? အဲဒီထမင်းဆို ပိုပြီးမွှေးလောက်တယ်ထင်တယ်နော်”

“မင်း ဝအောင်စားရရင် စိတ်ကျေနပ်သင့်နေပြီ.. တကယ်လို့ ထမင်းဖြူကိုစားချင်ရင်တော့ စိတ်ရှုပ်ရရုံပဲဖြစ်လိမ့်မယ်”

ဝမ်စုဖန်းက သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး သားဖြစ်သူရဲ့ဖင်ကို ခြေထောက်နဲ့လှမ်းကန်လိုက်တယ်။

“ဒီမှာ ပိတ်ထိုင်မနေနဲ့ ..ကောက်နှံဆိုင်ကို သွားပြီး မင်းရဲ့အဖေကို ပြန်လာဖို့ သွားလိုက်.. ကောက်နှံဆိုင်က ကောက်နှံတွေ ထောက်ပံ့ဖို့ မရောက်လာတာ လအနည်းငယ်တောင်ကြာနေပြီ၊ လစာလည်းရတာမဟုတ်ဘူး.. ဒါကို ဘာသွားလုပ်နေတာလဲ”

လီမင်တုန်က မီးဖိုချောင်ကို မခွဲမခွာလိုစွာကြည့်နေပြီး အမြန်ပြေးထွက်သွားခဲ့တယ်။

သူတို့နှစ်ယောက် မောဟိုက်စွာနဲ့ ပြန်ရောက်လာချိန်မှာတော့ နေ့လည်စာအသင့်ဖြစ်နေခဲ့ပြီ။

ကျန်းကျန်းက ခန်စားပွဲပေါ်မှာထိုင်ပြီး မွှေးကြိုင်တဲ့ ယုန်ပုံသဏ္ဍာန်ပြုလုပ်ထားတဲ့ကိတ်မုန့်လေးကို သူ့ရဲ့သွားလေးချောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဝါးနေခဲ့တယ်။

လီမင်ပေက ကျန်းကျန်းရဲ့ နဖူးကို ခပ်ဖွဖွပုတ်လိုက်တယ်

“ တုံးအတဲ့ ကလေးမလေး.. အဲဒါက ယုန်အတုဆိုတာသိရဲ့လား.. မင်းရဲ့အစ်ကိုကို ခဏစာင့်.. မင်းအတွက် တောင်ပေါ်ကိုသွားရှာပေးပြီး ယုန်အစစ်တွေ ကျွေးမယ်”

ဝမ်စုဖန်းက သူ့ကို တစ်ချက်ကြည့်လိုက်တယ်။

“အဲဒီ အသုံးမဝင်တဲ့အရာတွေကို တွေးမနေနဲ့ဦး.. မြန်မြန်စားပြီး မင်းအဖေနဲ့အတူ တောင်ပေါ်ကိုသွားပြီး ကောက်ပဲသီးနှံတွေရိတ်သိမ်းရမယ်.. မင်းအလုပ်ကြိုးစားမယ်ဆိုရင် မင်းရဲ့အဖွားက ဒီရက်ပိုင်းမှာ မင်းအတွက် အသီးအရွက်နဲ့ အသားဟင်းတွေချက်ကျွေးမယ်လို့ ပြောတယ်”

“ရတယ်!”

သူ ကိတ်မုန့်တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးထည့်ပြီး အကိုက်ကြီးတစ်ကိုက်,ကိုက်လိုက်တယ်။

ထိုအချိန်မှာ ပေရှားနယ်မြေအတွင်းမှ အာလူးတွေတူးဆွနေတဲ့ လူတွေ၊ ကန်စွန်းဥတွေ တူးဖော်နေတဲ့လူတွေ၊ နောက်ပြီး ပြောင်းနှံတွေရိတ်သိမ်းနေကြတဲ့လူတွေက ယခုနှစ်အတွင်းမှာ မိုးမရွာသော်လည်း ကောက်ပဲသီးနှံတွေက ထူးထူးခြားခြား ကောင်းမွန်ဖြစ်ထွန်းလွန်းနေတာကို တွေ့ရှိခဲ့ရပြီး အံ့သြဝမ်းသာဖြစ်နေခဲ့ကြတယ်။

“ကောက်နှံတွေက အရမ်းကောင်းတာပဲ.. ဒီနှစ်တွေက ပိုကောင်းလာတယ်လို့ ဆိုလိုတာများလား”

“ခက်ခဲတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီလို့ သတ်မှတ်သင့်တာလား”

“ငါတို့ သစ်တောဧရိယာကလည်း ဒီလိုကောင်းမွန်တဲ့ ကောက်ပဲသီးနှံမျိုးတွေ စိုက်ပျိုးနှိင်လာတာပဲ.. ပတ်ဝန်းကျင်ဧရိယာဘက်တွေလည်း သိပ်မဆိုးဘူးထင်တယ်.. နောက်နှစ်အတွက် ငါတို့မှာ အစားအသောက်တွေ မပြတ်လတ်လောက်တော့ဘူး ထင်တယ်”

All Chapters