← Chapters

Chapter 44

Vol. 5 Ch. 44

Chapter 44

Vol. 5 Ch. 44

ကျန်းကျန်းကတော့ မြေကြီးပေါ်မှာထိုင်နေရင်းနဲ့ တောရိုင်းဘလူးဘယ်ရီသီးတစ်လုံးကို ယူစားနေခဲ့တယ်။

မဒမ်လီက ပြောင်းဖူးတွေကို ချိုးရင်း သူမဘက်ကို မကြာဏ လှည့်ကြည့်တတ်တယ်။

ကျန်းကျန်းရဲ့အစာအိမ်က မကြီးတာကြောင့် ခဏလောက်စားလိုက်တာနဲ့ မြန်မြန်ဆန်ဆန်ဗိုက်ပြည့်သွားခဲ့တယ်။

သူမက သူမရဲ့ဘေးချထားတဲ့ လက်သုတ်ပဝါကို ကောက်ကိုင်လိုက်ကာ သူမရဲ့ ပါးစပ်ကို သုတ်လိုက်တယ်။ ပြီးတော့ သူမရဲ့ မိသားစုတွေကောက်နှံတွေ ရိတ်သိမ်းနေတာကို ဆက်ကြည့်နေခဲ့တယ်။

မဒမ်လီက ပြောင်းဖူးတွေကို တစ်ဖူးပြီး တစ်ဖူးချိုးနေပြီး ဝမ်စုဖန်းက ဂေါ်ဖီထုပ်ခင်းထဲမှာ ထိုင်ကာ ဂေါ်ဖီထုပ်တွေကို တစ်ခုပြီးတစ်ခု ပင်ပင်ပန်းပန်းနဲ့ ဆွဲနှုတ်နေခဲ့တယ်။

ကျန်းကျန်း အသိစိတ်ကိုထုတ်လွှင့်ပြီး ကြည့်လိုက်တော့ လီမင်ပေနဲ့ လီမင်နန်တို့က တောင်အောက်မှာပဲ ရှိနေသေးတာကို တွေ့လိုက်ရတယ်။ ဘေးနားမှာ ဘယ်သူမှရှိမနေဘူး။ အဲ့ဒါကြောင့် သူမက ဂေါ်ဖီထုပ်ကို သူမရဲ့ လက်ချောင်းနဲ့ လှမ်းထိုးလိုက်တယ်။

ဝမ်စုဖန်းတစ်ယောက် ဂေါ်ဖီထုပ်တစ်ထုပ်ကို ခက်ခက်ခဲခဲ ဆွဲနှုတ်နေရင်းမှ ဂေါ်ဖီထုပ်က ရုတ်တရက် မြေပြီးထဲမှလွတ်ထွက်လာတာကြောင့် မြေကြီးပေါ်မှာ ဖင်ထိုင်ရက် ကျသွားတယ်။

ဝမ်စုဖန်း ခါးကို ပွတ်ရင်းလက်ထဲမှာရှိတဲ့ ဂေါ်ဖီထုပ်ကို မြေကြီးပေါ်ကိုချလိုက်တယ်။ ပြီးနောက် သူမ ပြန် ထိုင်လိုက်ကာ နောက်ထပ်တစ်ထုတ်ကို ဆွဲနှုတ်ဖို့ ပြင်လိုက်တယ်။

သို့ပေမယ့် ထိုအချိန်မှာ မြေကြီးထဲမှာနစ်မြုပ်နေတဲ့ ဂေါ်ဖီထုပ် အားလုံးက မြေဆီလွှာထဲက ခုန်ထွက်လာကြပြီး သေသေသပ်သပ်နဲ့ မြေကြီးပေါ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းကို သတိပြုမိသွားရတယ်။

ဝမ်စုဖန်းက ကျန်းကျန်းဘက်ကို အလျင်အမြန်လှည့်ကြည့်လိုက်တော့ ကျန်းကျန်းက ဝမ်စုဖန်းကို အားပေးတဲ့အနေနဲ့ သွားလေး လေးချောင်းကို ဖော်ပြကာ ပြုံးရယ်နေတာကို တွေ့လိုက်ရလေတယ်။

ဝမ်စုဖန်းက သူမရဲ့ အနီးကိုသွားပြီး သင်ပေးလိုက်ရပြန်တယ်။

“သမီးရဲ့ အကိုတွေ.. သူတို့ဒီကိုရောက်လာတဲ့အခါ ဒါကို သိသွားလို့ မဖြစ်ဘူးနော်”

ကျန်းကျန်းက ခေါင်းညိတ်လိုက်ရင်း ဇလုံထဲက သစ်သီးတစ်လုံးယူကာ ဝမ်စုဖန်းရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။

ဝမ်စုဖန်းက မတတ်နိုင်ဘဲ ပြုံးလိုက်မိပြီး သူမရဲ့ နဖူးကို ဖွဖွလေး ပုတ်လိုက်တယ်။

“အမေ့ကို အရသာရှိတဲ့ အစားအသောက်တွေနဲဲ့ ဘယ်လိုလာဘ်ထိုးရမယ်ဆိုတာသိနေပြီပေါ့လေ ကလေးပေါက်စလေး”

ဂေါ်ဖီထုပ်တွေကို ဆွဲနှုတ်စရာမလိုတော့တဲ့အတွက် ဝမ်စုဖန်းက အတော်လေးဒုက္ခ သက်သာသွားရတယ်။ သူမက တောခုတ်ဓားကို ယူပြီး ဂေါ်ဖီထုပ်ရဲ့ အမြစ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်တောက်လိုက်တယ်။

လီမင်နန်နဲ့ လီမင်ပေတို့ ပြန်ရောက်လာတဲ့အချိန်မှာ ဝမ်စုဖန်းက ဂေါ်ဖီထုပ်တော်တော် များများကို ထုပ်ပိုးပြီးသွားခဲ့ပြီ။ ကောင်လေးနှစ်ယောက်သားက ဒါကိုမြင်တော့ ဆွံ့အသွားခဲ့ကြတယ်။

“အမေ.. အမေက အလုပ်လုပ်တာ အရမ်းတော်လွန်းတယ်”

ဝမ်းစုဖန်းက ဂုဏ်ယူတဲ့ အကြည့်နဲ့ သူတို့ကို ကြည့်လိုက်တယ်။

“ မင်းတို့လည်းသင်ယူကြ.. အချိန်တွေ သိပ်ပြီးမဖြုန်းတီးနေကြနဲ့”

ညီအစ်ကိုနှစ်ယောက်က အချိန်ကို တွက်ချက်စစ်ဆေးကြည့်ဖို့ တစုံတစ်ခုမရှိတဲ့အတွက် သူတို့ကိုယ်သူတို့ကသာ အရမ်းနှေးလွန်းနေခဲ့တာလို့ထင်သွားခဲ့ကြတယ်။

သူတို့အလုပ်လုပ်တာနှေးနေလို့ ကြာနေခဲ့တာပဲလို့သာ ထင်သွားခဲ့ကြလေတယ်။ သူတို့တွေက ပစ္စည်းတွေကို တောင်အောက်ကို သယ်သွားတဲ့အချိန် တစ်ယောက်ကို တစ်ယောက်ကျော်ဖို့အတွကာ မြန်မြန်လျှောက်သွားခဲ့ကြပြီး စိတ်ဓာတ်တက်ကြွနေတာကြောင့် အားအင်တွေလည်း ပြည့်နေခဲ့ကြတယ်။

တုံးအတဲ့ ကောင်လေးတွေက ချွေးတွေ အလွန်အမင်းထွက်လာတဲ့အထိ အလုပ်ကြိုးစားနေခဲ့ကြတာ။

ကျန်းကျန်းရဲ့ လျှို့ဝှက်စွာကူညီပေးမှုကြောင့် လီမိသားစုရဲ့ ကောက်ပဲသီးနှံတွေကို လျင်မြန်စွာပဲ ရိတ်သိမ်းနိုင်ခဲ့တယ်။

သူတို့တွေ လေးငါးရက်လောက် အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ ဂေါ်ဖီထုပ်တွေ၊ အာလူးတွေ၊ မုန်လာဥတွေနဲ့ ပဲပိစပ်တွေ အားလုံးကို ရိတ်သိမ်းနိုင်ခဲ့ပြီး ပြောင်းနှံပင်တွေကို ရိတ်သိမ်းဖို့သာ ကျန်ရှိနေတော့တယ်။

လီမင်ပေက သူ့ရဲ့ နာကျင်ညောင်းညာနေတဲ့ ပခုံးကို ပွတ်သတ်နေရင်း ပြေပြစ်တဲ့ ဆင်ခြင်လျှောပေါ်မှ ပြောင်းခင်းကို လှမ်းကြည့်လိုက်ကာ သံသယဖြစ်စွာမေးလိုက်တယိ။

“ကျွန်တော်တို့ရဲ့ ယာမြေက ဘာဖြစ်လို့ အရမ်းကြီးနေတယ်လို့ တွေးမိရတာလဲ? အဖွား.. နွေဦးတုန်းက မြေရိုင်းတွေကို ထပ်ပြီး တူးဖော်ခဲ့သေးတာလား?”

မဒမ်လီတစ်ယောက် ဘယ်ညာကို လှည့်ပတ်ကြည့်လိုက်ပြီး မြေဧရိယာက တကယ်ပဲ ပိုကြီးလာတယ်လို့ ခံစားမိခဲ့တယ်။

ဒါပေမဲ့ သူမအနေနဲ့ ထိုတိုးချဲ့မှုကို ကျန်းကျန်း လုပ်ခဲ့တာလို့ ခန့်မှန်းမိတာကြောင့် စဉ်းစားခြင်းမပြုတော့ပဲ သူမရဲ့ မြေးတွေကို လိမ်ညာလိုက်တယ်။

“ နည်းနည်းလောက် ထပ်တိုးချဲ့ထားတာ.. ဆောင်းရာသီရောက်ရင် ငါ မင်းတို့အတွက်စားဖို့ ပြောင်းမူးမုန့်တွေ လုပ်ပေးမယ်”

သူတို့က အလုပ်ရှုပ်နေခဲ့တာကြောင့် ဘယ်သူကမှ ပိုလာတဲ့ မြေနေရာတွေက်ု စစ်ဆေးကြည့်ဖို့ အချိန်မရခဲ့ကြဘူး။ ဒါပေမဲ့ ပြောင်းပင်တွေ ရိတ်သိမ်းတဲ့အချိန်မှာတော့ ပြောင်းနှံခင်းရဲ့အနောက်ကနေနောက်ထပ် ထွက်ပေါ်လာခဲ့တဲ့ကောက်နှံတွေကိုကြည့်ပြီးပြီး မိသားစုတစ်ခုလုံး အံ့အားသင့်နေခဲ့ကြတယ်။

လီမင်နန်နဲ့ လီမင်ပေတို့ကသူတို့ရဲ့ မျက်စိရှေ့မှ ရွှေရောင်တောက်ပနေတဲ့ စိုက်ခင်းတွေကို ကြည့်လိုက်ပြီး သူတို့ရဲ့ မျက်လုံးတွေမှထဲာ မေးခွန်းအမှတ်အသားတွေနဲ့ ပြည့်နှက်လာခဲ့တယ်။

“အဖွား၊ ဘာဖြစ်လို့ ဒီပြောင်းနှံပင်တွေက ဘာလို့အဝါရောင်တွေအဖြစ် ပြောင်းသွားခဲ့တာလဲ”

ကျန်းကျန်းကတော့ ထွက်ပေါ်လာတဲ့ ဂျုံခင်းကို မြင်တွေ့လိုက်ရချိန်မှာ ပြုံးလိုက်လေတယ်။ မိသားစုက သူမကို ဆန်ကိတ်မုန့်တွေ ကျွေးဖို့ ကြိုးစားပေမဲ့ အဲ့ဒါက ကျန်းကျန်းတစ်ကြိမ်တစ်ကိုက်လောက် စားဖို့အတွက်တောင် တော်တော်ကြီးချိုနေခဲ့တယ်။

နောက်ပြီး အများကြီးစားဖို့အတွက်လည်း မကောင်းဘူး။ ပြီးတော့ ဒီနှစ် အိမ်မှာ တောရိုင်းတိရစ္ဆာန်တွေကို မကြာခဏ အမဲလိုက်နိုင်ခဲ့ပေမဲ့ ဖက်ထုပ် လုပ်စားဖို့အတွက်တောင် ခက်ခဲခဲ့ရတယ်။

တစ်ခါတရံ မဒမ်လီက လီမင်ပေရဲ့ တောင်တောင်အီအီလျှောက်ပြောတာတွေကို သည်းမခံနိုင်တဲ့အတွက် ဆန်မှုန့်တွေနဲ့ ပြောင်းဖူးမှုန့်တွေကို ရောပြီး မုန့်ညက်တွေ ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ စားချင်စိတ်ကို ကျေနပ်စေဖို့ ဖက်ထုပ်တွေ လုပ်ပေးခဲ့တတ်တယ်။

ဒါပေမဲ့ ပြောရမယ်ဆိုရင် ဆန်နဲ့ပြောင်းမှုန့်တို့နဲ့လုပ်ထားတဲ့ ဖက်ထုပ်ရဲ့ဘေးသားတွေက အလွန်ထူနေခဲ့ပြီး အမွှေးရနံ့ကလည်း ကင်းမဲ့ကာ တောဝက်သား နဲ့ ဂေါ်ဖီထုပ်တွေကိုတောင် သိပ်ပြီးမတွေ့ခဲ့ရဘူး။

အဲ့ဒီအချိန်ကတည်းက ကျန်းကျန်းတစ်ယောက် ဂျုံပင်အချို့ စိုက်ပျိုးဖို့ အကြံရခဲ့တယ်။ ဒါပေမဲ့ အခုလို အစားအစာ ခက်ခဲတဲ့အချိန်မှာ ပြောင်းပင်လိုအပင်မျိုးက အဖြစ်ထွန်းဆုံးနဲ့ ဆာလောက်မှုကို ခံနိုင်ရည်အရှိစေဆုံး အစားအစာဖြစ်တဲ့အတွက် ပေရှားက လူတွေရဲ့ အကြိုက်ဆုံး ဖြစ်နေခဲ့တယ်လေ။

စပါးပင်နဲ့ ဂျုံပင်တွေကိုတော့ အကြမ်းအားဖြင့် မစိုက်ပျိုးကြဘူး။ ဒါကြောင့်ကျန်းကျန်းတစ်ယောက် သူ့ရဲ့ သတိစိတ်ကို သတိကြီးစွာ ထိန်းချုပ်ရင်း ညစဥ်ညတိုင်း နေရာပေါင်း များစွာကို လိုက်ရှာခဲ့တယ်။ တစ်နေ့ကို သူမ ဘယ်လောက် ဝေးဝေး သွားခဲ့မိတယ်ဆိုတာကိုတောင် မမှတ်မိခဲ့ပေမဲ့ နောက်ဆုံးမှာ သူမက ဂျုံပင်နဲ့ စပါးပင်တွေက ယာမြေတစ်ခုဆီမှာ ရှင်သန်ပေါက်ရောက်နေတာကို တွေ့လိုက်ရတယ်။

ကျန်းကျန်း မျိုးစေ့တစ်ခုဆီကို ယူလာခဲ့ပြီး သူမတို့ရဲ့စိုက်ခင်းရှိတဲ့ တောင်ဆီသို့ ချက်ချင်းပြန်လာခဲ့တယ်။

ကျန်းကျန်းအတွက် ပမာဏက ပြဿနာမဟုတ်ဘူး။ မျိုးစေ့တစ်ခုရှိနေသမျှ အရာအားလုံးကို လုပ်နိုင်ပါတယ်။

ဒါကြောင့် ကျန်းကျန်းရဲ့ အသိတရားအောက်မှာပြောင်းခင်းနောက်မှာ ကြီးထွားနေတဲ့ အပင်တွေက တခြားနေရာတွေဆီကို အလျင်အမြန်ကူးပြောင်းသွားကြပြီး အမည်းရောင်မြေဆီလွှာတွေက အလိုအလျောက် ပြားသွားခဲ့ကြကာ ဂျုံစေ့တစ်စေ့နဲ့ စပါးစေ့တစ်စေ့တို့က မြေကြီးထဲ သို့ ကျရောက်သွားခဲ့တယ်။

ပြီးနောက်မှာတော့ ချက်ချင်းပဲ အပင်တွေ ပေါက်လာခဲ့ကြပြီး ပြောင်းတွေနဲ့ အတူတူနီးပါးဖြစ်သွားခဲ့ကာ စတင်ရင့်မှည့်လာခဲ့ကြတယ်။

မဒမ်လီက သူမရဲ့ မြေးနှစ်ယောက်နောက်မှာ ရပ်နေရင်း ရွှေရောင်ဂျုံခင်းတွေကို မြင်တဲ့အချိန်မှာ တခဏမျှ ရင်သပ်ရှုမောဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူမက အသက်အရွယ် ကြီးရင့်နေပြီဖြစ်လို့ အတွေ့အကြုံတွေလည်း အများကြီးရှိနေခဲ့တာကြောင့် ချက်ချင်းပဲ တုံ့ပြန်ခဲ့တယ်။

သူမက သူမရဲ့လည်ချောင်းထဲမှ အံ့သြတကြီးဖြစ်နေမဲ့အသံကို ဖုံးကွယ်ဖို့အတွက် ချောင်းဟန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။

“ဒါ အရင်တုန်းက အဖွားပြောခဲ့ဖူးတဲ့ ဂျုံတွေပဲ.. အဖွားငယ်ငယ်တုန်းက အဖွားရဲ့အဖေတို့ရဲ့ လုနယ်မြေမှာ ဒီလို အစေ့အဆန်တွေ ပေါက်နေခဲ့ပြီး အမှုန့်ကြိတ်လိုက်တဲ့အခါ ဂျုံမှုန့်တွေ ဖြစ်သွားခဲ့တာလေ”

“အဖြူရောင် ဂျုံတွေလား!”

လီမင်နန်နဲ့ လီမင်ပေတို့က အံ့ဩတကြီးနဲ့ အသံပြုလိုက်ပြီး ရယ်မောလိုက်ကြပြန်တယ်။ သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ပျော်ရွှင်စွာ ဖက်လိုက်ကြပြီး ခုန်ပြီးရင်း ခုန်ပေါက်နေခဲ့ကြတယ်။

“အဲ့ဒီမှာ အဖြူရောင်ဂျုံတွေ ရှိနေတယ်.. ငါတို့ မိသားစုထဲမှာ အဖြူရောင်ဂျုံတွေ ရှိလာပြီ”

“ရေးကြီးခွင်ကျယ်လုပ်မနေကြနဲ့!”

မဒမ်လီက အော်လိုက်တယ်။

“ဒီ ဂျုံအဖြူတွေက အရမ်းရှားပါးတယ်.. ငါ့မှာ လက်မှတ်ရှိရင်တောင် ဒါတွေကို အခုချိန်မှာ ဝယ်လို့မရနိုင်ဘူး.. ပြီးတော့ ဒါက ငါ အစေ့အဆန်လက်မှတ်နဲ့ ယူလာခဲ့တဲ့ အစေ့တွေပဲ..

ဒါကြောင့် ငါက အများကြီးစိုက်ပျိုးထားခဲ့လို့ အများကြီး ပြန်ရခဲ့တာ.. အပြင်လူတွေက်ု သိခွင့်ပေးလို့မရဘူး။”

“ကျွန်တော်သိပါတယ်!“

မင်နန်ရဲ့ ပါးစပ်ကတော့ မပိတ်နိုင်တော့ဘူး။

“ဒီလို ကောင်းတဲ့အရာမျိုးကို အရူးကပဲ ပြောလိမ့်မယ်.. တစ်ယောက်ယောက််က သိသွာစလို့ ကျွန်တော်တို့ဆီက လာချေးငှါးရင် ဘယ်လိုလုပ်မှာလဲ? အပြင်လူတွေ လုံးဝသိအောင်လုပ်လို့ မဖြစ်ဘူးလေ”

လီမင်ပေက ပြေးလာပြီး မဒမ်လီရဲ့ လက်မောင်းကိုဆုတ်ကိုင်ကာ သူမရဲ့လက်မောင်းကို လှုပ်ရမ်းနေခဲ့တယ်။

“အဖွား.. စပါးပင်တွေ ဒါမှမဟုတ် တခြားတစ်ခုခုရော စိုက်ထားသေးလား? ကျွန်တော် ထမင်းစားကြည့်ချင်တယ်”

အဲ့ဒါကို ကြားတော့ မဒမ်လီရဲ့ ခြေထောက်တွေ တုန်ယင်သွားခဲ့ပြီး သူမလည်း ထိုအကြောင်းကိုလည်း သိချင်သွားတယ်။

စပါးပင်စိုက်ထားလား? ဒါပေမဲ့ စပါးပင်က ဒီတောင်ပေါ်မှာ စိုက်လို့ရရဲ့လား? မဒမ်လီက ဂျုံခင်းရှေ့မှာ ရပ်နေရင်း တခဏမျှ ငြိမ်သက်သွားတယ်။ ပြီးတော့မှ လီမင်နန်ကို လှမ်းခိုင်းလိုက်တယ်။

“ငါ့ရဲ့ ချိုင်းထောက်တွေ သွားယူခဲ့.”

လီမင်နန်က မတတ်နိုင်ဘဲ မျက်စောင်းထိုးလိုက်ပြီး ၁၀မီတာအကွာခန့်မှာ ပစ်ထားထားတဲ့ ချိုင်းထောက်တွေကို ကောက်ယူကာ စကားပြောရင်း မဒမ်လီဆီ လှမ်းပေးလိုက်တယ်။

“အဖွား၊ အဖွားပြောတော့ တောင်ပေါ်ကို မမောမပန်းဘဲ တက်ပြီး လေလိုမျိုး လမ်းလျှောက်ခဲ့တာဆို၊ ဒီချိုင်းတုတ်တစ်ချောင်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းအောင် ဘာလုပ်မှာလဲ? ဒါက ကျွန်တော်နဲ့ ကျွန်တော့်ညီကို ရိုက်ဖို့ကလွဲပြီး တခြားသုံးစရာမလိုဘူးလို့ ကျွန်တော်ထင်ထားတာ”

မဒမ်လီက သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ကာ သူမရဲ့ ချိုင်းထောက်တွေကို မြှောက်လိုက်ပြီး သူ့ရဲ့ ဖင်ကို ရိုက်လိုက်တယ်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ မြန်မြန်လုပ်ပြီး ပြောင်းတွေကို အိမ်ကို ပို့လိုက်.. ဒါမှ ငါတို့ ဂျုံတွေကို ရိတ်သိမ်းနိုင််မှာ.. ခုတလော တောင်ပေါ်ကို တက်တဲ့လူတွေ အများကြီးပဲ၊ အဲ့ဒါကြောင့် မင်းရဲ့ ပစ္စည်းတွေကို တခြားလူတွေ လှန်မကြည့်စေနဲ့”

လီမင်ပေက စိုးရိမ်သွားခဲ့တယ်။

“သေစမ်း၊ ပြောင်းတွေကို အခု သွားထားလိုက်တော့.. ဂျုံတွေကို အရင်ဆုံး အိမ်ကို သယ်သွားရမယ်! ကျွန်တော် ဂျုံမှုန့်ဖြူတွေကို ဖက်ထုပ်လုပ် စားရမလား၊ ပေါင်မုန့်လုံးတွေစားရမလားဆိုတာ တွေးရဦးမယ်”

“ကောင်းပြီ ကောင်းပြီ၊ မြန်မြန်ထပြီး အလုပ်လုပ်တော့”

မဒမ်လီက ချိုင်းထောက်တွေကို ရမ်းလိုက်ပြီး သူမရဲ့ မြေးနှစ်ယောက်ကို ဂျုံတွေ ဖြတ်ဖို့ မောင်းထုတ်လိုက်တယ်။ သူမကတော့ ဂျုံခင်းရဲ့ အနောက်ထဲကို ချိုင်းထောက်နဲ့ တုန်တုန်ယင်ယင် လျှောက်သွားတော့တယ်။

All Chapters