Chapter 45
Vol. 5 Ch. 45
ကျန်းကျန်းက သူမမိသားစုဝင်တွေ ကောင်းမွန်တဲ့အစားအစာတွေကို စားသောက်နိုင်ပြီး စားချင်စိတ်ဖြစ််နေတာတွေကို ကျေနပ်သွားစေဖို့အတွက် သက်သက်သာ ဒီသန့်စင်ထားတဲ့ မျိုးစေ့နှစ်မျိုးကို စိုက်ပျိုးခဲ့တာဖြစ်တာကြောင့် စိုက်ခင်းကအများကြီးတော့ ကြီးမားမနေခဲ့ဘူး။
ဒီတော့ မဒမ်လီ ဂျုံခင်းကို ခဏအတွင်းဖြတ်လာပြီးနောက်မှာပဲ စပါးခင်းကို တွေ့မြင်ခဲ့ရတယ်။
စပါးခင်းအောက်မှာရှိနေတဲ မြေဆီလွှာတွေကို ကြည့်ပြီးနောက် မဒမ်လီက သူမရဲ့ မျက်နှာကို အသားမာတက်နေတဲ့ လက်တွေနဲ့ အုပ်လိုက်မိတော့တယ်။
“တုံးအတဲ့ အဖွားရဲ့ မြေးမလေး.. ဒါက စပါးပင်တွေလေ.. အပင်တွေရဲ့အောက်မှာ ရေမရှိဘဲ စပါးပင်တွေက ဘယ်လိုလုပ်ပြီးကြီးပြင်းနိုင်မှာလဲ?”
အရှေ့ပိုင်းမှာ အလုပ်လုပ်နေတဲ့ မင်နန်နဲ့ မင်ပေကတော့စွမ်းအားပြည့်တဲ့ ဂျုံမှုန့်ဖြူတွေ ရတော့မှာပဲလို့ တွေးရင်း တံစဉ်တွေကိုအားမန်အပြည့်နဲ့ ဝှေ့ရမ်းနေကြပြီး ဂျုံရိုးတွေကလည်း အလျင်အမြန်ပဲ ပြုတ်ကျနေခဲ့တယ်။
လီမူဝူသည်လည်း ထိုနေရာမှာရှိနေတဲ့ ဂျုံနှံတွေကို တွေ့လိုက်ရချိန်မှာ အနည်းငယ်မှင်သက်သွားခဲ့တယ်။ သူက တခဏလောက်ငြိမ်ကျသွားပြီး အနောက်ကိုပြန်လှည့်ကာ တောင်အောက်သို့ ပြန်လည်ဆင်းသွားခဲ့တယ်။
သူပြန်လာတဲ့အချိန်မှာတော့ လက်တွန်းလှည်းကို တောင်ပေါ်သို့ တိုက်ရိုက်တွန်းတင်လာခဲ့ပြီး သူ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ ရွက်ဖျင်ထည်အစုတ်တစ်ထည်ကိုပါ ယူလာခဲ့တယ်။
သူက ဂျုံနှံတွေကို ခြင်းထဲသို့ထည့်ကာ လှည့်းပေါ်ကိုတင်ပြီးနောက် ရွက်ဖျင်ထည်ဖြင့် အပေါ်အုပ်ပြီး ကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်လိုက်တယ်။
ထို့နောက် ကြိမ်ခြင်းတွေကို ပြုတ်မကျစေရန် အရှေ့အနောက်၊ ဘယ်ညာ သေချာစစ်ဆေးပြီးမှ လက်တွန်းလှည်းကို ပြန်တွန်းသွားလိုက်တယ်။
နှစ်ရက်လောက် အလုပ်ရှုပ်သွားပြီးတဲ့နောက်မှာတော့ တခြားဘယ်သူမှမမြင်လိုက်ရဘဲ ဂျုံခင်းရဲ့အနောက်ဖက်မှ စပါးပင်တွေကလွဲရင် တခြားကောက်ပဲသီးနှံတွေအားလုံးကို ရိတ်သိမ်းပြီးသွားခဲ့ပြီ။
ဝမ်စုဖန်းနဲ့ လီမူဝူတို့က ဆက်လက်ငြိမ်သက်နေခဲ့ကြပြီး မင်ပေကတော့ ရူးမတတ် ပျော်ရွှင်နေခဲ့တယ်။
“အဖွားတို့က အရမ်းတော်တာပဲ.. ဘယ်လိုလုပ်ပြီး အဖွားတို့ အခုလောက်ထိတောင် လုပ်နိုင်စွမ်းရှိရတာလဲ? အထူးသဖြင့် ကျွန်တော်ထမင်းစားချင်ခဲ့တဲ့အပြောင်းကို သိပြီး စပါးတွေကိုတောင် စိုက်ခဲ့ကြသေးတယ်!”
လီမင်နန်က သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
“မင်းစားချင်တာကို ဘာလို့ မသိနိုင်ရမှာလဲ? မင်းက ညဘက်တွေဆို အိပ်မက်ထဲမှာ ဝက်ခြေထောက်စားချင်လို့ဆိုပြီး သွားရည်တမြားမြား ကျနေခဲ့တာလေ.. ငါဆို မင်း ငါ့ခြေထောက်ကို လာကိုက်မှာကိုကြောက်လို့ တစ်ညလုံး ခြေထောက်တောင် ဆန့်မအိပ်ရဲဘူး”
လီမင်ပေက ဒေါသတကြီးနဲ့ သူ့ကို ကန်လိုက််တယ်။
“ အဲ့ဒီနေ့က ကျွန်တော့်ကို နှိုးခဲ့တာ တတိယအစ်ကိုလား? ကျွန်တော် အိုးထဲကနေ ဝက်ခြေထောက်တွေ ထုတ်နေတာကို အိပ်မက်မက်ခဲ့တာ .. အဲဒါက ဘယ်လောက်တောင် မွှေးတယ်ဆိုတာကို မင်းသိရဲ့လား၊?
ကျွန်တော်က ကျွန်တော့်ရဲ့ အရိုးလေးတွေကို ကိုက်မလို့ပဲ ရှိသေးတယ် ရုတ်တရက် အကန်ခံလိုက်ရပြီး နိုးလာခဲ့ရတယ်လေ!
နောက်နေ့ မင်းကို မေးတော့ မင်းကမဟုတ်ဘူးဆိုပြီး ငြင်းခဲ့တာ!”
“ငါမဟုတ်ဘူး.. အဲဒါငါမဟုတ်ဘူး .. အဲ့ဒါ ဒုတိယအစ်ကိုလုပ်တာ.. မင်း မယုံရင် ဒုတိယအစ်ကို ပြန်လာတဲ့အချိန် သွားမေးလိုက်ပေါ့”
လီမင်နန်က လျှင်မြန်စွာပြေးထွက်သွားပြီး လီမင်ပေကတော့ သူ့ကို လိုက်ဖမ်းတော့တယ်။ ဒါပေမဲ့ ထိုအခိုက်မှာပဲ မဒမ်လီက သူတို့ကို အော်လာခဲ့တယ်။
“ကောင်းပြီ.. ပြဿနာတွေမရှာကြနဲ့တော့.. မြန်မြန်လေး စပါးပင်တွေကို ရိတ်ကြ.. ညရောက်ရင် အဖွားက မင်းတို့ကို နောက်ဆုံးတစ်ခေါက်တုန်းက လုပ်ကျွေးတဲ့တောဝက်ခြေထာက်နှပ် ချက်ကျွေးမယ်”
လီမင်ပေက ထိုစကားကို ကြားတော့ ပျော်ရွှင်သွားပြန်တယ်။
“အဲဒီ ဝက်ခြေထောက်နှပ်က အိပ်မက်ထဲကဟာထက် ပိုမွှေးမှာပဲ”
လီမင်နန်သည်လည်း သူ့ရဲ့ဗိုက်ကို ထိလိုက်ပြီး မနေနိုင်စွာနဲ် တံတွေးမျိုချလိုက််တယ်။
“စပါးတွေကို ဒီတိုင်းစားလို့မရတာ ဆိုးတာပဲ.. မဟုတ်လို့ကတော့ ဝက်ခြေထောက်စတူးကို ထမင်းနဲ့ စားလိုက်ရရင် အရသာရှိနေမှာ!”
သူက သက်ပြင်းချလိုက်ပြီး သူ့ရဲ့ရှေ့က စပါးတွေကို ကြည့်လိုက်ကာ မဒမ်လီကို ပြန်မေးလိုက်တယ်။
“အဖွား.. စပါးတွေကို ရေနဲ့စိုက်ရတာလို့ ပြောတာမဟုတ်ဘူးလား.. အခုက ဘာလို့ ရေမလိုတာလဲ”
ဝမ်စုဖန်းက မဒမ်လီရဲ့ဘေးမှာရှိနေရာမှ တုန်လှုပ်သွားခဲ့ပြီး သူမခြေထောက်ကိုတောင် မှားခုတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်။
မဒမ်လီက ချောင်းဟန့်လိုက်ပြီး:
“စပါးဆိုတာက အများအားဖြင့် လယ်ကွင်းထဲမှာ ကြီးထွားတတ်တယ်.. ဒါပေမဲ့ ငါတို့ရဲ့စပါးမျိုးစေ့တွေက ကွဲပြားတယ်.. ဒါတွေက တောင်ပေါ်စပါးလို့ခေါ်ပြီး အထူးသဖြင့် တောင်ပေါ်တွေမှာပဲ ပေါက်ကြတာ.. မင်းတို့ရဲ့ ပထမဦးလေး ပြန်ပို့လိုက်တဲ့မျိုးစေ့တွေပဲ”
“အိုး.. ကျွန်တော့်တို့ရဲ့ပထမဦးလေး နေတဲ့ နေရာ ကတကယ်ကို ကောင်းတာပဲ.. သူ့တို့ရဲ့ ကောက်ပဲသီးနှံတွေက ကျွန်တော်တို့ဘက်ထက် ပိုပြီးကောင်းမွန်တယ်”
လီမင်ပေက မနေနိုင်စွာနဲ့အားကျစွာ ပြောလာခဲ့တယ်။
လီမင်နန်က မနေနိုင်ဘဲ မျက်လုံးလှန်လိုက်တယ်။
“မင်း တုံးအနေတာလား? ငါတို့ရဲ့တောင်ပိုင်းမှာ ဘာမှမရှိဘူးလေ.. သစ်အယ်သီးတွေ၊ မှိုတွေနဲ့ ထင်ရူးသီးတွေပဲ ရှိတာ.. မင်း နှစ်တိုင်း အဖွားဆီကို ဦးလေး ပို့ပေးနေတာကို မတွေ့ဘူးလား?”
“မင်းပြောတာ မှန်တယ်”
လီမင်ပေက ခေါင်းကို ပျော်ရွှင်စွာနဲ့ ကုတ်လိုက်တယ်။
“ကျွန်တော်တို့အတွက်တော့ ဒါတွေကပိုကောင်းတယ်.. ကျွန်တော်တို့ရဲ့ ညီမလေးက ထင်းရူးသီးတွေ? သစ်အယ်သီးတွေ စားရတာ ကြိုက်တာပဲလေ.. ကောက်နှံတွေ ရိတ်ပြီးရင် အိမ်ပြန်တဲ့အချိန်ကျရင် သူမက ကျွန်တော်နဲ့အတူနေပြီး ကျွန်တော်ခွာပေးတဲ့ ထင်းရှုးသီးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ကို အားရပါးရ စားနေတတ်တာ ..”
လီမင်နန်က လီမင်ပေကို တစ်ချက်ကြည့်လိုက်တယ်။
“အဲ့ဒါ မင်းနဲ့တူတာ မဟုတ်ဘူးလား”
မင်ပေက ခေါင်းကို ထပ်ခါထပ်ခါညိတ်လိုက်တယ်။
“ဒီလိုဖြစ်နေသင့်တာပဲလေ.. မဟုတ်ရင် ကျွန်တော်တို့က မောင်နှမတွေဖြစ်နေပါ့မလား”
ကျန်းကျန်းက သူ့ရဲ့ဘေးမှာထိုင်နေခဲ့ပြီး လီမင်ပေရဲ့ အိုင်ကျူနဲ့ ပတ်သက်ပြီး စိုးရိမ်နေခဲ့တယ်။
ဒီတုံးအတဲ့ ကလေးလေးက စိတ်ပါလက်ပါစားတဲ့အကြောင်းကို ချီးမွမ်းနေတယ်လို့ ထင်ခဲ့တာလား? မင်းရဲ့ အစ်ကိုက မင်းကို ရွဲ့ပြီးပြောနေတာကိုတောင် နားမလည်ဘူးလား?
ဒီလိုစကားကိုတောင် နားမလည်ရအောင်ကို ဘယ်လောက်ထိ တုံးအနေပါလိမ့်?
လီမိသားစုဟောင်းက လူကြီးရော လူငယ်ပါ လဝက်လောက်ကြာအောင် အလုပ်ရှုပ်နေခဲ့ကြပြီး နောက်ဆုံးမှာတော့ ယာခင်းထဲမှ ကောက်နှံအစေ့အဆန်တွေ အားလုံးကို စုဆောင်းလို့ပြီးစီးသွားခဲ့တယ်။
ဒါက မဒမ်လီအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အစေ့အဆန်တွေ အမျိုးစုံလင်စွာ ပြည့်နှက်နေတာကို မြင်ဖူးခဲ့တာပဲ။
အရင်တစ်ကြိမ်က ရိတ်သိမ်းထားတဲ့ ဂေါ်ဖီထုပ်နဲ့ အာလူးတွေကလည်း မြေအောက်ခန်းထဲမှာ ပြည့်နေဆဲပဲလေ။
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အနောက်ဖက်မှအခန်းထဲမှာပဲ ထည့်ထားလို့ ရတော့မယ်။ ပြောင်းဖူးတွေ၊ ဂျုံတွေ၊ ပြောင်းနှံတွေနဲ့ စပါးတွေကလည်း အခြောက်ခံဖို့ လိုအပ်သေးတယ်။
မဒမ်လီကတော့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ အားလုံးကို စုပေါင်းပြီး မင်နန်နှင့် မင်ပေတို့ကို စိတ်ကျေနပ်သွားအောင် ချောမြူဖို့အတွက် ဘန်းမုန့်ပေါင်း လုပ်ပေးဖို့ တွေးတောနေခဲ့တယ်။
သူတို့ကို ချော့မော့ပြီးသွားရင်တော့ မြေကို ညီအောင် ညှိခိုင်းပြီး ကောက်နှံတွေကို အခြောက်လှမ်းခိုင်းရမယ်။
ဒီလိုအချိန် အိမ်ထောင်စုတိုင်းက အလုပ်ရှုပ်နေခဲ့ကြတယ်။ လူတိုင်းက စိုက်ခင်းတွေကို ရိတ်သိမ်းနေကြပြီး ကိုယ်ပိုင် မြေရိုင်းရှိတဲ့သူတွေကလည်း အပြင်ဘက်မှာ မြေရိုင်းတွေထပ်ပြီးမခုတ်ထွင်ရင်တောင် သူတို့ရဲ့ ကိုယ်ပိုင်ခြံထဲမှာ အပင်တွေကို စိုက်ပျိုးထားကြတာကြောင့် အလုပ်များနေခဲ့လိမ့်ယ်။
ဒါ့အပြင် တောင်ပေါ်မှာ မှိုအမျိုးမျိုးနဲ့ တောရိုင်းသစ်သီးဝလံတို့ကလည်း ရင့်မှည့်နေကြပြီ ။ ဒီတော့ ထို တောရိုင်း သီးနှံတွေကို ခူးဆွတ်ပြီး အိမ်ကိုပြန်ဖို့ အလုပ်ရှုပ်နေကြကာ ညအချိန် အိမ်ကိုပြန်ရောက်တဲ့အချိန်မှာလည်း မောပန်းပြီး အိပ်ပျော်သွားခဲ့ကြပြီ။
ပုံမှန် အလည်လာသူတွေဖြစ်တဲ့ ဦးလေးနဲ့ အဒေါ်တို့တောင် ရောက်မလာတာတော်တော်ကြာနေခဲ့ပြီ။
မဒမ်လီကတော့ နောက်နှစ်မှာစိုက်ပျိုးရန်အတွက် ဂျုံစေ့အချိုနဲ့ စပါးစေ့အချို့ကို သိမ်းထားဖို့ အလွန်စိတ်အားထက်သန်နေခဲ့တယ်။ အပြင်လူတွေ မသိအောင် ဖွက်ထားရတာ လွယ်ပေမဲ့ မိသားစုထဲမှာရှိတဲ့ ငတုံးကောင်လေးနှစ်ယောက်က စကားအလွန်များတာကြောင့် ပေါက်ကြားသွားမှာကို ကြောက်နေရတယ်လေ။
န
ောက်ပြီး စိုက်ပျိုးရေးကောလိပ်တက်နေတဲ့ လီမင်တုန်မေးလာမှာကိုလညား ဂရုစိုက်ရလိမ့်မယ်။
နောက်ဆုံးတော့တော့ မဒမ်လီ အကြံရသွားခဲ့တယ်။ တကယ်လို့ လီမင်တုန်သာ မေးလာခဲ့မယ်ဆိုရင် ဦးလေးဖြစ်သူဆီကနေ ပို့လိုက်တာဖြစ်ကြောင့် ဒီမျိုးစေ့တွေကို ပြလိုက်မယ်။
ဘာပဲဖြစ်ဖြစ် နှစ်ကုန်သွားရင် မိသားစုထဲမှ လူကြီးတွေက ယာခင်းထဲကို သွားကြရမှာဖြစ်ပြီး ကလေးတွေကတော့ ကျောင်းကိုပြန်သွားပြီး ပညာဆက်သင်ရမှာပဲလေ။
ကွေ့ဟွားကလည်း အိမ်ကို သန့်ရှင်းရေးလုပ်ရမှာဖြစ်လို့ စိုက်ခင်းအကြောင်းကို သိမှာ မဟုတ်ဘူး။
ကောက်နှံတွေကို ရိတ်သိမ်းပြီးတဲ့နောက် ကျန်းကျန်းကို အိမ်မှာ စောင့်ကြည့်ပေးမဲ့ မဒမ်လီက လွဲလို့ ကျန်တဲ့မိသားစုဝင်အားလုံးက ထင်းရှူးသီးတွေ သစ်အယ်သီးတွေကောက်ဖို့အတွက် အိတ်တွေကိုယူပြီး တောင်ပေါ်ကို ထပ်တက်ကြပြန်တယ်။
သစ်ကပ်မှို၊ ထင်းရှုးမှို၊ သစ်အယ်မှိုစတဲ့ မှိုအမျိုးအစားပေါင်း တစ်ဒါဇင်ကျော် လောက်ကလည်း နေရာအနှံ့အပြားမှာ ရှိနေခဲ့တယ်။ အဲဒါတွေကို နှုတ်ယူပြီးနောကာ အခြောက်ခံထားဖို့အတွက် အိမ်ကို ပြန်ယူလာခဲ့ကြတယ်။
ဆောင်းရာသီကိုရောက်ရင် တောင်ပေါ် မှရလာတဲ့ ဒီအသီးအရွက်တွေကို ဝက်သားနဲ့ စတူးလုပ်စားရလိမ့်မယ်။ အရသာကတော့ အရမ်းမလတ်ဆတ်တော့ပေမဲ့ စားလို့ ဖြစ်နေတုန်းပဲလေ။
ကျန်းကျန်းရဲ့ အကြိုက်ဆုံးဖြစ်တဲ့ တောရိုင်းသစ်သီးတွေကလည်း မရှိမဖြစ် ခူးဆွတ်ရမှာဖြစ်ပြီး ဘလူးဘယ်ရီခြင်းတွေ၊ ဆောင်းမီးအိမ်ချယ်ရီနဲ့ တောရိုင်းဟော်သွန်းသီးတွေကို ခူးဆွတ်ကာ အိမ်ကို ယူလာခဲ့ကြတယ်။
မဒမ်လီက ခန်ပေါ်မှာထိုင်ရင်း ဟော်သွန်းသီးတွေကို တုတ်နဲ့ သီပြီး ထန်ဟူလူတွေလုပ်ပေးကာ ပြတင်းပေါ်ရဲ့တစ်မီတာလောက်အမြင့်မှာ တွဲလောင်း ဆွဲထားပေးခဲ့တယ်။ သူမက အချောင်း တစ်ဒါဇင်လောက်လုပ်ပေးပြီး ကျန်းကျန်းသာ၀ားချင်ရင် ထရပ်ပြီး ဆွဲယူရလိမ့်မယ်။
မိသားစုက အားရစရာကောင်းတဲ့ ကောက်နှံရိတ်သိမ်း ချိန်ကြောင့် အလွန်ပျော်ရွှင်နေကြချိန်မှာ လီမင်ရှီကတော့ ပင်းချန်မှာ အလုပ်ကို ပိုပြီးကြိုးစားနေခဲ့ရတယ်။
မင်တုန်၊ မင်ရှီနှင့် ကွေ့ဟွားတို့က လေးယောက်မြောက်ဦးလေးရဲ့အိမ်မှာပဲ စားသောက်ခဲ့ကြပြီး နေ့လယ်ပိုင်းကိုရောက်တော့ လေးယောက်မြောက်ဦးလေးရဲ့အိမ်မှ ထွက်လာခဲ့ကြတယ်။
လီမင်တုန်က သူ့တို့ရဲ့နောက်လိုက်လာတဲ့ လီမင်ရှီကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်နေခဲ့တယ်။
သူက သူ့ရဲ့ မျက်မှန်ကိုချွတ်လိုက်ပြီး တစ်ဖက်လူကို အားပေးအားမြောက်ပြောလိုက်တယ်။
“မင်ရှီ.. မင်းက ပင်းချန်ရဲ့ တက္ကသိုလ်မှာ တက်ချင်နေတာမဟုတ်ဘူးလား? ဒီတစ်ခေါက် ပင်းချန်ကိုရောက်လာတာကို အကျိုးရှိရှိအသုံးချပြီး ဘယ်ကျောင်းကို ပိုသဘောကျမလဲလို့ လှည့်ပတ်ကြည့်လိုက်ပါ့လား?”
မင်ရှီက ကြောင်တောင်တောင်နဲ့ ခေါင်းညိတ်လိုက်တယ်။
“ကျွန်တော်လည်း တွေးနေတာ၊ ဒါပေမဲ့ ကျွန်တော် အရင်ဆုံး ဝယ်စရာတွေရှိသေးတယ်လေ.. အဖွားက အစ်ကို ပစ္စည်းတွေဝယ်တဲ့အချိန်ကျရင် အဖော်လိုက်ပေးရမယ်လို့ ပြောလိုက််တယ်..
ဒါက လေးနက်တဲ့ကိစ္စဆိုတော့ ဒါကိုအာရုံပိုစိုက်ရမယ်.. ကောလိပ်အတွက်က အလျင်စလိုသွားကြည့်နေဖို့ လိုတယ်လို့ ကျွန်တော် မထင်ဘူး”
တကယ်ကို မသိတတ်တာပဲ!