Chapter 46
Vol. 5 Ch. 46
မင်တုန်က မင်ရှီကို တိတ်တဆိတ်စိုက်ကြည့်လိုက်ပြီး မျက်လုံးကိုလှိမ့်ရင်း နောက်တစ်ခေါက် လှည့်ကွက်တစ်ခု ထပ်သုံးလိုက်ပြန်တယ်။
“အာ.. ငါ လေးယောက်မြောက်ဦးလေးကို ဘယ်တော့ အိမ်ပြန်လာမှာလဲဆိုတာ မေးဖို့ မေ့နေတာ၊ မင်း သွားပြီး မေးလိုက်ဦး”
“ကောင်းပြီ”
လီမင်ရှီက ထိုစကားကို ကြားတော့ အနောက်ကို လှည့်ပြီး ပြန်သွားခဲ့တယ်။
လီမင်တုန်ကတော့ သူ လမ်းကြားထဲသို့ ဝင်သွားတာကိုကြည့်ရင်း ကွေ့ဟွားရဲ့ လက်ကို ဆွဲကာ လမ်းပေါ်ကို ပြေးသွားလေတော့တယ်။
ကွေ့ဟွားနဲ့ မင်တုန်တို့တွေက အတူတူကြီးပြင်းခဲ့ကြပေမဲ့လည်း တစ်ခါမှ လက်ချင်းမကိုင်ခဲ့ဖူးကြဘူး။ ကွေ့ဟွားတစ်ယောက် သူမ မတုံ့ပြန်နိုင်မီမှာပဲ သူမရဲ့ လက်ကောက်ဝတ်ကို ကြီးမားနွေးထွေးတဲ့ လက်တစ်ဖက်က ဆုတ်ကိုင်လိုက်တာကို ခံစားလိုက်ရပြီး သူမရဲ့မျက်နှာကလည်း ချက်ချင်းနီမြန်းသွားခဲ့ရတယ်။
သူမရဲ့ နှလုံးသားကလည်း ယုန်ငယ်တစ်ကောင်ခုန်ပေါက်နေသလိုမျိုး ခုန်ပေါက်နေခဲ့ပြီ။
သူမ နောက်ကနေပြေးရင်းနဲ့ မနေနိုင်တော့ဘဲ ခေါင်းငုံ့ကြည့်နေခဲ့တဲ့ လီမင်တုန်ကို မော့ကြည့်မိလိုက်မိတယ်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့ မျက်နှာတွေက နီရဲလာခဲ့ကြတယ်။ သူတို့တွေ လမ်းကြားလေးထဲမှ ပြေးထွက်လာခဲ့တဲ့ အခိုက်မှာပဲ ဘတ်စ်ကား ရောက်လာတဲ့အချိန်နှင့် ကြုံကာ လီမင်တုန်က ကွေ့ဟွားကို ကားထဲ ဆွဲသွင်းလိုက်တယ်။
သူတို့ နှစ်ယောက်သား ကားရဲ့အနောက်ဘက်နားမှာ သွားထိုင်လိုက်လိုက်ကြပြီး အချိန်အတော်ကြာတဲ့အထိ အသက်ကိုတောင် မနည်းရှုနေခဲ့ကြတယ်။
လီမင်တုန်က သူ့ရဲ့ လုပ်ရပ်ကို ပြန်တွေးကြည့်ပြီး အနည်းငယ်လောက် ကြောင်တောင် တောင်နိုင်ပြီး ရယ်စရာကောင်းတယ်လို့ ခံစားမိလိုက်တယ်။ သူက ခေါင်းကို လှည့်ပြီး ကွေ့ဟွားကို ကြည့်လိုက်တော့ သူမက နှုတ်ခမ်းကိုကွေးညွတ်ရင်း သူ့ကို ပြုံးပြီးကြည့်နေတာကို တွေ့လိုက်ရတယ်။
ထိုအပြုံးကြောင့် လီမင်တုန်တစ်ယောက် အကြည့်မလွှဲနိုင်လောက်အောင် စွဲလမ်းသွားခဲ့ရလေတယ်။
“မင်း ပင်ပန်းနေပြီလား”
လီမင်တုန်ရဲ့လက်က ကွေ့ဟွားရဲ့ လက်ကောက်ဝတ်လေးကို မလွတ်ဘဲ ဆုပ်ကိုင်ထားတုန်းပဲ။ ကွေ့ဟွားရဲ့ မျက်လုံးတွေက မင်တုန်ရဲ့ လက်ဆီကိုရောက်သွားခဲ့ပြီး သူ့ရဲ့ မျက်နှာကို တဖန် ပြန်ကြည့်လိုက်တယ်။ ပြီးတော့ ဟန်မဆောင်နိုင်စွာနဲ့ ပျော်ရွှင်စွာ ပြုံးနေမိခဲ့လေတယ်။
“မင်း ဘာကို ရယ်နေတာလဲ?”
လီမင်တုန်က ကွေ့ဟွားကို ကြည့်ရင်း သူ့ရဲ့ မျက်နှာ ပူနွေးလာသလိုမျိုး ခံစားမိခဲ့တယ်။
ကွေ့ဟွားက သူမရဲ့နှုတ်ခမ်းလေးတွေ ကိုပြန်စေ့ပြီး ပြောလာတယ်။
“ ကျွန်မတို့တွေ ဒီလိုမျိုး လက်ချင်းတွဲပြီး လမ်းပေါ်မှာ ပြေးကြရလိမ့်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး”
လီမင်ရှီ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့နှစ်ယောက်ကို ရှာမတွေ့တော့မှာကို တွေးကြည့်လိုက်တော့ သူမက မရယ်ဘဲ မနေနိုင်ခဲ့ဘူး။
“မင်ရှီ ကျွန်မတို့ကို ရှာမတွေ့တဲ့ရင် ဘယ်လိုတွေ ဖြစ်သွားလောက်လဲ”
“သူ လေးယောက်မြောက်ဦးလေးဆီကို သွားတိုင်လိမ့်မယ်ထင်တယ်”
လီမင်တုန်က စဉ်းစားပြီး ထပ်ပြောလိုက်တယ်။
“ အိမ်ပြန်ရောက်ရင်တော့ သူ အဖွားကို သေချာပေါက် ပြောလိမ့်မယ်”
ထိုအချိန်မှာ သူ့ရဲ့အစ်ကိုနဲ့မရီးဖြစ်သူတို့နှစ်ယောက်က်ို လမ်းကြားတွေထဲရော လမ်းမပေါ်မှာပါ ရှာမတွေ့တော့တဲ့ လီမင်ရှီကတော့ ငိုမဲ့မဲ့မျက်နှာနဲ့ လီမူလင်းရဲ့ အိမ်အထိ ပြန်ပြေးသွားခဲ့လေတယ်။ သူ ပြန်လာတာကို တွေ့လိုက်ရတော့ လီမူလင်းမေးလိုက်မိတယ်။
“ပြောဖို့ ကျန်ခဲ့တာ ရှိနေသေးလို့လား”
“လေးယောက်မြောက်ဦးလေး.. ကျွန်တော့် အစ်ကို့ကို ကြည့်လိုက်ဦး၊ ကျွန်တော့်ကို ထားခဲ့ပြီး အစ်မကွေ့ဟွားနဲ့ ထွက်ပြေးသသွားခဲ့ပြီ!”
**
လီမင်တုန်ကတော့ ကွေ့ဟွားကို ပင်းချန်ရဲ့ အကြွယ်ဝဆုံးသော နေရာကို ခေါ်သွားပြီး ကားပေါ်က ဆင်းလိုက်တယ်။
အတွေ့အကြုံရှိတဲ့ မင်ဝေ့ရှန်ရဲ့ စကားအရ ကုန်တိုက်တွေမှာ စျေးဝယ်ရတာက ခံစားချက်တွေ တိုးလာစေဖို့ အကောင်းဆုံး နည်းလမ်းပဲတဲ့။
လီမင်တုန်က အချစ်ကို လှလှပပပုံဖော်တဲ့အကြောင်းတွေကို စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာဖြစ်ပြီး တကယ်တမ်းမှာ ပါးစပ်က ဘယ်လို ထုတ်ပြောရမယ်ဆိုတာ မစဉ်းစားတတ်ဘူး။
ဒါကြောင့် မင်ဝေ့ရှန်က လွတ်လွတ်လပ်လပ်ချစ်ကြိုက်ပြီး အိမ်ထောင်ပြုခဲ့ပြီးပြီဆိုတာကိုကြားတော့ တစ်ဖက်လူက ဒီနယ်ပယ်ထဲမှာ ဝါရင့်အတွေ့အကြုံရှိပြီးသားလို့ တွေးကာ စီနီယာအဖြစ် သတ်မှတ်ထားခဲ့တယ်။
ဒီတော့ သူ့ရဲ့ လမ်းညွှန်ပေးမှုအတိုင်း လီမင်တုန် ကွေ့ဟွားကို ကုန်တိုက်စတိုးတွေထဲကိုခေါ်သွားပြီး လျှောက်ကြည့်ရင်း ဝယ်ဖို့အစီအစဉ်ချထားခဲ့တယ်။
တကယ်တမ်းမှာ လီမင်တုန်က ပင်းချန်ရဲ့ လမ်းမကြီးတွေနဲ့ ရင်းနှီးပြီးသားလို့ မထင်ရပေမဲ့ သူက ကျောင်းမတက်ခင်တုန်းက ဒီနေရာတွေကို သူ့ရဲ့အတန်းဖော်တွေနဲ့အတူ လျှောက်ကြည့်ခဲ့ဖူးတယ်။
ကျောင်းစတက်ရပြီးနောက်မှာတော့ အတန်းတက်ရုံမကဘဲ လယ်ကွက်တွေထဲကိုလည်း လက်တွေ့သွားဆင်းရတာကြောင့် ကျောင်းကိစ္စနဲ့သာ အလုပ်ရှုပ်နေခဲ့ပြီး ဒီဘက်ကိုစျေးဝယ်ဖို့ ထပ်မလာဖြစ်တော့တာ။
ကွေ့ဟွားကတော့ သူမရဲ့အရှေ့မှ ငါးထပ်တိုက် စူပါမားကတ်ကြီးကို မြင်လိုက်တဲ့အချိန်မှာ တုံ့ဆိုင်းသွားခဲ့တယ်။ မင်တုန်က သတိပြုမိတာကြောင့် သူမရဲ့အနားကို တိုးတိုးလေး ကပ်ပြောလာခဲ့တယ်။
“အဆင်ပြေပါတယ်.. ကိုယ်ဒီကို ပထမဆုံး စရောက်တုန်းကလည်း မဝင်ရဲခဲ့ဘူး.. ကိုယ့်ရဲ့သူငယ်ချင်းက အထဲကို ဆွဲခေါ်သွားခဲ့ရတာ.. ဒါပေမဲ့ အရောင်းဝန်ထမ်းတွေက သဘောကောင်းကြတယ် ဒါကြောင့် စိုးရိမ်စရာ မရှိဘူး”
ကွေ့ဟွားက လီမင်တုန်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်ကာ လီမင်တုန်ရဲ့နောက်က ကပ်လိုက်လာခဲ့ပြီး ဝင်ပေါက်ဆီကို ရောက်လာခဲ့တယ်။ ပထမထပ်မှာ ကပ်ထားတဲ့ပင်လယ်ပြင်နဲ့ ရွက်သင်္ဘောတွေကို ရေးခြယ်ထားတဲ့ ရေဆေးပန်းချီကားကြီးကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ကွေ့ဟွား မှင်သက်ငေးမော သွားရတယ်။
သူမ ထိုပန်းချီကားထဲမှာ နစ်မြောသွားခဲ့ပြီး ထိုပန်းချီကားက သူမရဲ့ စိတ်နှလုံးရော မျက်လုံးထဲမှာပါ စွဲမြဲသွားခဲ့ရတယ်။
လီမင်တုန်က ကွေ့ဟွားကို ပြတင်းပေါက်နားမှ အလှဆင်ကြော်ငြာထားတာတွေကို ကြည့်ဖို့အတွက် မေးဖို့လုပ်ခဲ့ပေမဲ့ ကွေ့ဟွားရဲ့ စိတ်ဝင်တစားဖြစ်နေတဲ့ မျက်လုံးတွေဆီမှာ ဆွဲဆောင် ခံလိုက်ရပြီး သူမကို ငေးစိုက်ကြည့်နေခဲ့မိတော့တယ်။
သူက သူ့ရဲ့ ဆန့်ထားတဲ့ လက်တွေကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်ပြီး ကွေ့ဟွားငေးကြည့်နေခဲ့တဲ့ ပန်းချီကားဘက်ကို ပြန်ကြည့်လိုက်မိတယ်။
ဒီပန်းချီကားက တကယ်ကိုငေးမောသွားစေလောက်အောင် လှပပါတယ်။ ဒါပေမဲ့ ကွေ့ဟွားက တစ်ချက်လောက်ကြည့်ရုံနဲ့ ဘာဖြစ်လို့ မလှုပ်မယှက်ဖြစ်သွားရလဲဆိုတာကိုတော့ သူ နားမလည်နိုင်ခဲ့ဘူး။
“အိုးး.. ဒီပန်းချီကားက အရမ်းကို ပြောင်မြောက်တာပဲ”
အပြင်ဘက်မှ ဝင်လာတဲ့ အမျိုးသမီးအနည်းငယ်က ပန်းချီကားရှေ့မှာ ရပ်ကြည့်ပြီး အော်ပြောလာခဲ့ကြတယ်။ ထို့နောက် ပန်းချီကားရှိတဲ့ ကောင်တာဆီကို မြန်မြန်ပြေးသွားခဲ့ကြတယ်။
ကွေ့ဟွားလည်း ထိုကျယ်လောင်တဲ့အသံကြောင့် လန့်သွားပြီး ဒီအချိန်ကျမှ သူမ ရပ်နေတာ အချိန်အတော်ကြာနေပြီဖြစ်ကြောင်း သတိထားမိသွားရတယ်။
သူမက လီမင်တုန်ဘက်ကို လှည့်ပြီး အနည်းငယ် ရှက်ရွံ့စွာနဲ့ ပြုံးရင်း ပြောခဲ့တယ်။
“ကျွန်မ အရမ်းစိတ်ဝင်စားမိသွားမယ်.. အချိန်ဖြုန်းမိသွားတာလား”
“အချိန်ဖြုန်းတယ်ဆိုတာမျိုး မရှိဘူး.. ကိုယ်တို့က စျေးဝယ်ထွက်လာတာလေ.. အရေးကြီးကိစ္စတွေလုပ်စရာမှ မရှိတာ”
မင်တုန် ပန်းချီကားကို ကြည့်လိုက်ပြီး မျက်နှာက အနည်းငယ် နီရဲနေခဲတဲ့ ကွေ့ဟွားကို တစ်လှည့်ပြန်ကြည့်လိုက်တယ်။ သူက ခြေလှမ်းဆက်လှမ်းရန် တုံ့ဆိုင်းနေခဲ့ပြီး အဆုံးမှာတော့မေးလိုက်မိတယ်။
“မင်း ပန်းချီဆွဲရတာကို သဘောကျလား?”
“အင်း”
ကွေ့ဟွားက အနည်းငယ် ရှက်သွားခဲ့တယ်။
“ ကျွန်မ ငယ်ငယ်တုန်းက နှစ်နည်းနည်းလောက် ဆရာနဲ့သင်ခဲ့ဖူးတယ်”
ထိုအချိန်ကျမှ ကွေ့ဟွားက မိသားစုကြီးမှ ဆင်းသက်လာသူဖြစ်တာကို လီမင်တုန်ပြန်လည် သတိရလိုက်မိတယ်။ သို့ပေမဲ့ လူတွေအများကြီး ရှိနေတဲ့အတွက် လီမင်တုန်ဟာ မေးခွန်းတွေဆက်မမေးတော့ဘဲ လူအုပ်ကြီးကြားမှာ လမ်းဆက်လျှောက်လာခဲ့ကြတယ်။
ပထမထပ်မှ စတိုးဆိုင်တွက် ကုန်ပစ္စည်းတွေက တောက်ပြောင်ကာ အမျိုးအစားကလည်း စျေးပေါတဲ့ အပ်၊ ချည်လုံးလို ပစ္စည်းမျိုးကနေ စျေးကြီးသည့် နာရီ၊ စက်ဘီးတွေအထိ တွေ့ရတယ်။
မဒမ်လီ ပေးလိုက်တဲ့ ပိုက်ဆံက မင်္ဂလာပွဲအတွက်သာ ဖြစ်နေတာက နှမြောစရာပဲ။လီမင်တုန်သည်လည်း ကျောင်းကို ခဏလောက်သာ တက်ရသေးတာကြောင့် စုဆောင်းထားတဲ့ ငွေကြေးပမာဏက သိပ်မများလှဘူး။ မင်္ဂလာပွဲအတွက် ဝယ်ရမဲ့အရာတွေကို ဝယ်ပြီးသွားရင် ကျန်တာက မျက်လုံးအစာကျွေးရုံသာ တတ်နိုင်တော့တယ်။
ခြောက်သွေ့ အေးမြတဲ့ ဆောင်းရာသီက မင်္ဂလာဆောင်ဖို့အတွက် အကောင်းဆုံး အချိန်ပဲ။ ဒီရာသီက အစားအသောက်တွေ ပေါများပြီး အဝတ်အထည်နဲ့စက်မှုလုပ်ငန်းသုံးလက်မှတ်တွေကိုလည်း တစ်နှစ်စာ လုံလုံလောက်လောက် စုဆောင်းထားပြီးတဲ့ အချိန်ပဲလေ။
ဒါကြောင့် အခုချိန်မှာ လက်ထပ်ပွဲအတွက် ဝယ်စရာရှိတာတွေကို ဝယ်ကြလေ့ရှိတယ်။
ဆောင်းရာသီအချိန်က အားလပ်ရက်ဖြစ်တာကြောင့် ကျေးလက်တောရွာလေးတွေမှာ မင်္ဂလာပွဲပြုလုပ်ကြတယ်။ ဒီအချိန်က အပြင်ထွက်ဖို့အတွက်အရမ်းကို အေးလွန်းတာကြောင့် အချိန်အများစုကို မီးဖိုရင်း ခန်ပေါ်မှာသာနေကြပြီး အအေးလျှော့သွားမှသာ အပြင်ကို ထွက်တတ်လေ့ရှိတယ်။
ကွေ့ဟွားက သူမရဲ့အရှေ့နဲ့အနောက်မှာ ရှိနေတဲ့ လူငယ်စုံတွဲလေးတွေ အားလုံးက မင်္ဂလာပွဲအတွက် ပစ္စည်းတွေဝယ်ဖို့ လာကြတာဖြစ်ကြောင်း တွေ့လိုက်ရတော့ သူမရဲ့ နားရွက်လေးတွေက အနည်းငယ်နီရဲလာခဲ့တော့တယ်။
လီမင်တုန်ကတော် ထိုအကြောင်းကို သတိမပြုမိခဲ့ဘူး။ သူက သူ့ရဲ့အရှေ့မှ မိန်းကလေးအုပ်စု ဝိုင်းနေကြတဲ့ ကောင်တာမှ လက်အလှဆီ ရောင်းချတယ်ဆိုတဲ့အကြောင်းကို ကြားတဲ့အတွက် လှမ်းကြည့်နေခဲ့တာ။
လီမင်တုန်က ကွေ့ဟွားရဲ့ လက်လေးတွေကို လှမ်းကြည့်လိုက်တယ်။
တကယ်တမ်းတော့ ကွေ့ဟွားရဲ့ လက်တွေက ရုပ်မဆိုးလှဘူး။ သူမနဲ့ရွယ်တူ မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် အလွန်အမင်းကို ကြည့်ကောင်းနေသေးတယ်။
သူမရဲ့လက်ချောင်းလေးတွေက သွယ်လျပြီး အသားအရေကလည်း ညိုမဲခြင်စမရှိဘူး။ ကွေ့ဟွားက မနက်ခင်းတိုင်းနဲ့ ညနေခင်းတိုင်းမှာ ရေနွေးနဲ့ စိမ်လေ့ရှိတာကြောင့် သူမရဲ့အသားအရည်ကနူးညံ့လွန်းနေခဲ့တယ်။
သို့ပေမယ့် သူမက အိမ်မှာ တစ်နေကုန်လျှော်ဖွတ်ချက်ပြုတ်တာတွေ လုပ်နေခဲ့ရတာကြောင့် သူမရဲ့ လက်ထိပ်လေးတွေမှာ အချိနိအတော်ကြာပြီးနောက် အသားမာပါးပါးလေးတွေတက်နေခဲ့ပြီ။
လီမင်တုန်က မိန်းကလေးအုပ်စု လက်အလှဆီဝယ်လို့ ပြီးသွားမဲ့အချိန်ကို လက်မှတ်တွေ ထုတ်ပြီး စောင့်နေခဲ့တယ်။ သူတို့တွေ ထွက်သွားပြီးတာနဲ့ ထိုနေရာသို့လျှင်မြန်စွာလျှောက်သွားလိုက်ပြီး မေးလိုက်တယ်။
“ရဲဘော်.. လက်အလှဆီ တစ်ဘူးကို ဘယ်လောက်လဲ”
ကွေ့ဟွားလီမင်တုန်ရဲ့စကားကို ကြားတော့ စိုးရိမ်သွားရပြီး လီမင်တုန်ဆီကိုသွားကာ ဘေးနားကို ဆွဲခေါ်လိုက်တယ်။
“အဖွားပေးလိုက််တဲ့ ပိုက်ဆံတွေက စာရင်းအတိုင်းပေးလိုက်တာ.. ကျွန်မတို့ ဒါကို ဝယ်လို့မဖြစ်ဘူး”
လီမင်တုန် ကွေ့ဟွားရဲ့ ရှက်ရွံ့နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ရင်ထဲမှာ နွေးထွေးလာခဲ့တယ်။
“ကိုယ် သိပါတယ်.. ကိုယ်က ကိုယ်စုထားတဲ့ ပိုက်ဆံနဲ့ မင်းကို ဝယ်ပေးချင်လို့ပါ”
ကွေ့ဟွားက ခဏလောက် တွေဝေသွားပြီး သူမရဲ့လက်ကလည်း လီမင်တုန်ရဲ့ အင်္ကျီလက်ကိုဆုတ်ကိုင်ထားရာကနေ တဝဖြည်းဖြည်းလွှတ်ပေစလာခဲ့တယ်။
လီမင်တုန်က သူ့ရဲ့အင်္ကျီအိပ်ကပ်ထဲမှ ပိုက်ဆံကို ထုတ်လိုက်ပြီး ပြောလာခဲ့တယ်တယ်။
“ဒီမှာကြည့်လေ.. ကိုယ်မင်းကို ဘာမှဝယ်မပေးခဲ့တာ နှစ်တွေ အများကြီးကြာနေပြီ.. နောက်ပြီး ကိုယ်က ကျောင်းကနေ ထောက်ပံ့ငွေလည်း ရသေးတယ်လေ.. ကိုယ် မင်းအတွက် တစ်ခုခု ဝယ်ပေးချင်လို့”