← Chapters

Chapter 47

Vol. 5 Ch. 47

Chapter 47

Vol. 5 Ch. 47

လီမင်တုန်က အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်ပေမဲ့ ကွေ့ဟွားရဲ့ နားထဲမှာတော့ သဘာဝတရားရဲ့ သာယာချိုအေးတဲ့အသံတွေထက်တောင် ပိုပြီး နားထောင်လို့ ကောင်းနေခဲ့တယ်။

သူမက မင်တုန်ကို ခဏလောက် ကြည့်လိုက်ပြီး ဘာဆက်ပြောရမယ်မသိ ဖြစ်သွားခဲ့တယ်။ အချိန်အတော်ကြာသွားတော့မှ သူမ ကျေးဇူးတင်စကားပြောဖို့ ပြန်လည် သတိရလာခဲ့ပေမဲ့ မျက်ရည်တွေသာ စီးကျလာခဲ့တယ်။

ကွေ့ဟွား လီမိသားစုရဲ့အိမ်ကို သူမ ကိုးနှစ်အရွယ်လောက်ကတည်းက ရောက်လာခဲ့တာ။ ဒီလောက်အချိန်ကြာမြင့်ပြီးနောက်မှာတောင် ကွေ့ဟွား အခုလိုမျိုး ငိုကြွေးလာတာကို လီမင်တုန်ပထမဆုံး မြင်တွေ့ခဲ့ဖူးတာပဲ။

သူက လက်ကို လျှင်မြန်စွာ မြှောက်လိုက်ပြီး သူမရဲ့ မျက်နှာလေးကို သူ့ရဲ့အင်္ကျီလက်စနဲ့ သုတ်ပေးခဲ့တယ်။ ဒါပေမဲ့ နီရဲနေတဲ့ မျက်နှာလေးပေါ်မှာရှိတဲ့ မျက်ရည်တွေကတော့ ကုန်စင်မသွားခဲ့ဘူး။

မင်တုန်က ကွေ့ဟွားကို ကြည့်ပြီး အူကြောင်ကြောင်နှင့် နှစ်ကြိမ်လောက်ရယ်မောလိုက်မိကာ ခေါင်းကို ကုတ်လိုက်တယ်။ ပြီးမှ လက်အလှလိမ်းဆီ ဝယ်ရဦးမယ်ဆိုတာကို ပြန်လည်သတိရသွားတာကြောင့် ကောင်တာဆီသို့ ခပ်မြန်မြန် လျှောက်သွားခဲ့ပြီး တစ်ဗူးဝယ်လိုက်ကာကွေ့ဟွားရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။

“ကိုယ့်ဆီမှာ ပိုက်ဆံတွေ နည်းသွားတယ်.. ဒါပေမဲ့ တစ်လလောက် ထပ်စုလိုက်ရင် ကိုယ်မင်းအတွက် မျက်နှာလိမ်းခရင်မ်တစ်ဘူး ထပ်ဝယ်ပေးလို့ရပြီ”

“ဟင့်အင်း”

ကွေ့ဟွားက ပြုံးလိုက်တယ်။

“ ရှင် အဲလိုတွေပြောနေရင် ကျွန်မ ပျော်မိလိမ့်မယ်”

လီမင်တုန်က ကွေ့ဟွားစကားကို ကြားတော့ ဘာပြောရမှန်းမသိတော့တာကြောင့် ပြုံးရုံသာ ပြုံးနေခဲ့တယ်။ လီမင်တုန်က ကျောင်းစာနဲ့ ပတ်သက်တဲ့အချိန်မှာ ဗဟုသုတတွေအများကြီးကြွယ်ဝပြီး ထိုအကြောင်းတွေကိုပြောတဲ့အချိန်မှာ အင်မတန် ချောမွေ့ပြေပြစ်ပေမဲ့ ဒီနေ့ ကွေ့ဟွားနဲ့ ရှိနေချိန်မှာတော့ အတော်လေး ကပေါက်တိကပေါက်ချာ ဖြစ်နေခဲ့တယ်။

ကောင်တာကနေ ထွက်လာပြီးနောက် သူတို့တွေ ဘေးနားမှာရှိနေတဲ့ ကုန်စုံဆိုင် တစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ကွေ့ဟွားက တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး အနီရောင်သံရေနွေးကရားလေးကို တွေ့လိုက်တော့ လီမင်တုန်ကို လှမ်းဆွဲလိုက်ကာ ထိုရေနွေးကရားလေးကို လက်ညှိုးထိုးပြလိုက်ပြီး ရှက်ရွံ့နေတဲ့ မျက်နှာနဲ့ ပြောခဲ့တယ်။

“ကျွန်မ အဲဒါလေးကို ဝယ်စေချင်တယ်”

“ကိုယ်လည်း အဲဒါကိုတွေးနေတာ.. ပြီးတော့ ငါတို့ ဓာတ်ဘူးနဲ့ ရေဇလုံလည်း ဝယ်ရမယ်.. ညကျရင် မင်းရဲ့ ခြေထောက်တွေကို ရေနွေးနဲ့ စိမ်လို့ရတယ်.. နောက်ပြီး ရေနွေးတွေလည်း သောက်ချင်လာရင် အဆင်သင်သောက်လိမ့်ရလိမ့်မယ်”

ကွေ့ဟွားက ခေါင်းခါလိုက်တယ်။

“ဒီပစ္စည်းအသစ်တွေက မင်္ဂလာဆောင်ပြီးမှ သုံးရမှာလေ.. ဘယ်လိုလုပ်ပြီး ကျွန်မက အရင်သုံးနေလို့ ဖြစ်မှာလဲ.. အဲဒါက မကောင်းဘူးမလား”

“ရပါတယ်”

လီမင်တုန်က သူမရဲ့ လက်ချောင်းလေးတွေကို ညှစ်လိုက်တယ်။

“တခြားလူတွေ သုံးမှာမှ မဟုတ်ပဲ.. ပြီးတော့ ကိုယ်က ကျောင်းကိုပြန်သွားရမှာ.. ကိုယ် မင်းကို ထပ်ပြီးဝယ်ပေးနိုင်မှာ မဟုတ်ဘူး”

ကွေ့ဟွားက ဘယ်တုန်းကမှ ဟန်ဆောင်ပြီးငြင်းဆန်တတဲ့တဲ့အရာတွေကိုမလုပ်ဖူးတဲ့အတွက် ခေါင်းညိတ်လိုက်တယ်။

“အင်း ဒါဆို အိမ်မပြန်ခင် သန့်ရှင်းရေး လုပ်လိုက်မယ်.. အဲလိုဆိုရင် ဘယ်သူမှ မသိလောက်တော့ဘူး”

မင်တုန်က ကွေ့ဟွားရဲ့ တည့်တိုးပွင့်လင်းမှုကြောင့် ရွှင်မြူးသွားခဲ့တယ်။ သူက အရောင်းဝန်ထမ်းကို လက်ဝှေ့ယမ်းပြီးခေါ်လိုက်တယ်။

“ရေနွေးကရားနှစ်အိုးနဲ့ ဓာတ်ဘူးနှစ်ဘူး ဝယ်မယ်”

“သုံးခု!“

ကွေ့ဟွားက မြန်မြန်လေး ပြင်ပြောလိုက်တယ်။

“ကျွန်မတို့ သုံးခု ဝယ်ရမယ်.. တစ်ခုက ကျန်းကျန်း အတွက်လေ”

လီမင်တုန်က မြန်မြန်ပဲခေါင်းညိတ်လိုက်တယ်။

“နောက်ထပ် ကြွေကရားအသေးလေးတစ်လုံး ထပ်ယူလိုက်မယ်”

တစ်ချက်ကြည့်လိုက်တာနဲ့ဒီလူငယ်စုံတွဲက လက်ထပ်ခါနီးပဲဆိုတာကို သိရှိနိုင်တာကြောင့် အရောင်းဝန်ထမ်းက ပျော်ရွှင်မြူးတူးစွာနဲဲ့ မန်ဒါလီဘဲမောင်နှံပုံပါတဲ့ ရေနွေးကရားအိုးနီအကြီးနှစ်အိုးကို ချက်ချင်းပဲ ယူလာခဲ့တယ်။

ပစ္စည်းတွေဝယ်ပြီးတဲ့အချိန်မှာတော့ သူတို့ရဲ့လက်ထဲမှာ ပစ္စည်းတွေပြည့်သွားခဲ့ပြီ။ လီမင်တုန်တစ်ယောက် ဒီအချိန်မှာတော့ အကြီးအကျယ် နောင်တရမိသွားတယ်။ မင်ရှီကို သူနဲ့အတူ ခေါ်ခဲ့သင့်တယ်။

သူတို့နှစ်ယောက် ကျောင်းကို ပြန်လာခဲ့ကြပြီး လီမင်တုန်က ကွေ့ဟွားကို ဓာတ်ဘူး၊ ရေနွေးကရားနဲ့ ရေဇလုံတွေကို ယူသွားစေခဲ့တယ်။ သူကိုယ်တိုင်ကတော့ ကျန်ရှိတဲ့ပစ္စည်းတွေအားလုံးကို ယောကျ်ားလေးအဆောင်ဆီကို ယူသွားခဲ့တယ်။

သူ အခန်းထဲသို့ ဝင်သွားတာနဲ့ လီမင်ရှီက အိပ်ရာပေါ်ကနေ မင်တုန်ကို မြင်မြင်ချင်းပဲ ခြေလှမ်းအနည်းငယ်နဲ့ ခုန်ဆင်းလာခဲ့တယ်။

“ကျွန်တော့်ကို ဘာလို့ ထားသွားခဲ့တာလဲ! အစ်ကိုတို့ ဘယ်တွေကို သွားနေခဲ့ကြတာလဲ?”

လီမင်တုန် ပစ္စည်းတွေကို မင်ရှီရဲ့လက်ထဲသို့ ထိုးထည့်ပေးလိုက်တယ်။

“အဖွားပြောတဲ့ ပစ္စည်းတွေသွားဝယ်တာလေ.. မင်းကို မပြောခဲ့လို့လား”

မင်ရှီက သူ့ရဲ့စကားတွေကိုကြားတော့

အလျှင်အမြန် ပွေ့ပိုက်ယူလိုက်ပြီး ထိုပစ္စည်းတွေကို ဂရုတစိုက် အိပ်ရာပေါ် ချလိုက်တယ်။ ထို့နောက် လီမင်တုန်ရဲ့ နောက်ကျောပေါ်သို့ ခုန်တက်လိုက်ပြီးအကြမ်းပတမ်း လှုပ်ခါပစ်လိုက်တယ်။

“အစ်ကို ပစ္စည်းတွေသွားဝယ်တာကို ကျွန်တော့ကို ဘာလို့ ခေါ်မသွားခဲ့တာလဲ? ဘာလို့ ကျွန်တော်ကို ပစ်ထားခဲ့တာလဲ? ကျွန်တော် ပျောက်သွားမှာကို မကြောက်ဘူးလား”

“ဘယ်သူက မင်းကို ပြန်ပေးဆွဲမှာမို့လို့လဲ?”

လီမင်တုန်က လီမင်ရှီကို ချက်ချင်း ပစ်ချလိုက်တယ်။ သူက မခံမရပ်နိုင်ဖြစ်နေတဲ့ လီမင်ရှီရဲ့ အမူအရာကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။

“ကွေ့ဟွားနှင့်အရင် ချစ်ကျွမ်းဝင်လိုက်ဆိုပြီး မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား? ငါအခု သူနှင့်ချစ်ကျွမ်းဝင်လို့ မရဘူးလား”

“မင်း ချစ်မိသွားတယ်ဆိုရင်လည်း ကျွန်တော်ကို ဘာလို့ ခေါ်မသွားခဲ့တာလဲ?”

လီမင်ရှီက မခံမရပ်နိုင်ဖြစ်နေခဲ့ပြီး ဝမ်းပမ်းတနည်းနဲ့ ပြောလိုက်တယ်။

“ကျွန်တော် အိမ်ကို ပြန်ရောက်ရင် မင်းတို့နှစ်ယောက် ဘာတွေလုပ်ခဲ့လဲဆိုတာကို အဖွားကို ပြန်ပြောပြလိုက်မယ်”

လီမင်တုန်က ရယ်ချင်သွားခဲ့ရတယ်။ သူက မင်ရှီကြောင့် တွန့်ကြေသွားတဲ့ အင်္ကျီတွေကို ပြန်ဖြန့်လိုက်ပြီး ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်တယ်။

“အိမ်ကို ပြန်ပြီး အဖွားကို ပြောလိုက်လေ.. အဖွားက မင်းကို ရိုက်လိုက်မလားဆိုတာ ကြည့်ရအောင်”

“အစ်ကို ကျွန်တော်ကို ခေါ်မသွားဘူးဆိုရင်တောင် အဆင်ပြေသေးတယ်၊ ဘာလို့ ကျွန်တော့်ကို ညစာလိုက်ကျွေးဖို့အတွက် စောစော ပြန်မလာရတာလဲ?”

လီမင်ရှီက မှားယွင်းခံလိုက်ရသလို ခံစားနေခဲ့ရပြီး ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။

“လာတဲ့အချိန်တုန်းက အဖွားက အစ်မကွေ့ဟွားအတွက် ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေ ပေးခဲ့လို့ အဲ့ဒါတွေ ကျွန်တော်အိပ်ကပ်ထဲမှာ ရှိတယ်.. ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံမပါလာလို့ ရထားပြန်စီးလာဖို့အတွက်တောင်မှ လေးယောက်မြောက်ဦးလေးဆီကနေ ပိုက်ဆံတောင်းခဲ့ရတာ!”

လီမင်တုန် သူ့ရဲ့စကား ကြားတော့ရယ်လိုက်မိတယ်။ လီမင်ရှီက သူရယ်နေတာကိုမြင်တော့ ခြေထောက်ကို ဆန့်ပြီး ဒေါသတကြီးနဲ့ ကန်လာခဲ့တယ်။

လီမင်တုန်က အဝတ်အိတ်လေးထဲမှ ဘန်းမုန့်တစ်ခုထုတ်လိုက်ပြီး မင်ရှီလက်ထဲကို ပစ်ပေးလိုက်ကာ ပြေးထွက်သွားခဲ့ပြန်တယ်။

ပြေးထွက်သွားခဲ့တဲ့ လီမင်တုန်က မိန်းကလေးအဆောင်ရဲ့ တတိယထပ်ဘက်ကို တိုက်ရိုက်ပဲ ပြေးသွားခဲ့တယ်။ သူက အောက်ထပ်မှာရှိတဲ့ အင်္ဂတေနဲ့လုပ်ထားတဲ့ စားပွဲတင်တင်းနစ်ခုံမှာ ဝင်ထိုင်ပြီး တွေးတောနေခဲ့ပြန်တယ်။

တကယ်တော့ လီမင်တုန်နဲ့ ကွေ့ဟွားတို့ဟာ အတူတူရှိနေခဲ့တာ ၁၀နှစ်တောင်ရှိခဲ့ပြီ။ ကွေ့ဟွားကို ပြန်ခေါ်လာတဲ့အချိန်မှာ သူ့ရဲ့အဖွားခေါ်လာတဲ့ ဒီလှပတဲ့ မိန်းကလေးက သူ့ရဲ့ ဇနီးဖြစ်လာမယ်ဆိုတာကို သိခဲ့ရတယ်။

ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ အိမ်နီးနားချင်းမိန်းကလေးတွေနှင့် ကွေ့ဟွားကိုယှဥ်ကြည့်ခဲ့မိပြီး လီမင်တုန်အနေနဲ့ အဲဒီအချိန်မှာတုန်းက ကောင်ငယ်လေး တစ်ယောက်သာဖြစ်နေခဲ့ပေမဲ့ ကွေ့ဟွားက သာမန်မိန်းကလေးတွေထက် ပိုလှတယ်ဆိုတာကို သိနေခဲ့တယ်။

သူ ကျောင်းတက်တဲ့အချိန်တုန်းကဆိုရင် ကျောင်းထဲမှ ကောင်ဆိုးလေး တစ်ယောက်က သူမရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် သူမရဲ့ခဲတံအိတ်ထဲမှာ ပိုးမွှားကောင်ကို ထည့်ထားခဲ့ဖူးသေးတယ်။

အဲဒီအချိန်တုန်းက လီမင်တုန်ဆီမှာ “ငါ့ရဲ့သတို့သမီးကို အနိုင်ကျင့်ရင် အသေရိုက်မှာ” ဆိုတဲ့ အတွေးနဲ့ ပြည့်နေခဲ့ပြီး လီမင်ရှီကို ခေါ်ကာ ကွေ့ဟွားကို အနိုင်ကျင့်ခဲ့တဲ့ အသက်ကြီးဆုံးကောင်လေးကို ရိုက်နှက်ခဲ့တယ်။

လီမင်တုန်အနေနဲ့ ဘယ်အချိန်ကတည်းက သူ့ရဲ့နှလုံးသား ပြောင်းလဲလာခဲ့တာလဲဆိုတာ မသိခဲ့ဘူး။ သူ အထက်တန်းမတက်ခင်မှာတုန်းက ကွေ့ဟွားကို လက်ထပ်လိုက်တာက ဖြစ်သင့်တာပဲလို့ တွေးခဲ့တယ်။

နောက်ပိုင်း အထက်တန်း ဒုတိယနှစ်နဲ့ တတိယနှစ်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ အတန်းဖော်တော်တော်များက လက်ထပ်ဖို့ ကျောင်းထွက်ခဲ့ကြတာကို တွေ့ခဲ့ရပြီး သူ့ရဲ့ မသိစိတ်က မိဘစီစဉ်ပေးတဲ့သူနဲ့လက်ထပ်ဖို့အတွက်ကို တွေဝေလာခဲ့တယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့အတန်းဖော်တွေ နှစ်ကိုယ်တည်းလာပေးတဲ့ တားမြစ်ထားတဲ့ စာအုပ်တွေဆီကနေတဆင့် အနောက်နိုင်ငံတွေမှာဆိုရင် လက်ထပ်ခြင်းက အချစ်ကြောင့်သာဖြစ်ပြီး လူငယ်တွေက လွတ်လပ်စွာ လက်ထပ်ပိုင််ခွင့်ကို ရရှိအောင်လုပ်ထားခဲ့တဲ့အကြောင်းကို သိလိုက်ရလေတယ်။

လီမင်တုန်က သူ့ကိုယ်သူ အမြဲတမ်း ခေတ်လူငယ်တစ်ဦးအဖြစ် တွေးလေ့ရှိပြီး လွတ်လပ်တဲ့အချစ်နဲ့ လွတ်လပ်တဲ့လက်ထပ်ခြင်း ရှိသင့်တယ်လို့ တွေးခဲ့တယ်။ သူ့အနေနဲ့ စာအုပ်ထဲကလိုမျိုး လှပတဲ့ အချစ်ကို လိုချင်ခဲ့ပြီး ပုံမှန်အတိုင်းလက်ထပ်လိုက်ရတာမျိုးကို မလိုချင်ခဲ့တော့ဘူး။

ဒါကြောင့် သူ ကွေ့ဟွားရဲ့ ပွင့်လင်းရိုးသားတဲ့ မျက်လုံးတွေကို ရှောင်ဖယ်ဖို့ ကြိုးစားနေခဲ့တာ။ ဒါပေမဲ့ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ ကွေ့ဟွားရဲ့ စိတ်ပျက်သွားတဲ့ မျက်လုံးတွေအကြောင်းကို တွေးမိတဲ့အခါ သူ့ရဲ့ နှလုံးသားက တစ်ခုခုလိုအပ်နေသလိုမျိုး လစ်ဟာနေခဲ့ရတယ်။

ဒီအချိန်မှာ လီမင်ရှီရဲ့ စကားလုံးတွေက သူကို ဥာဏ်အလင်းပွင့်သွားစေတယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းမှာတော့ လီမင်တုန်က သူ့ကိုယ်သူ ဒီဓလေ့အရ လက်ထပ်ခြင်းကို လက်ခံနိုင်ဖို့အတွက် အကြောင်းပြချက်တစ်ခု ပေးနေခဲ့တာပဲ။

ဒါပေမယ့် ဒီနေ့မှာတော့ လီမင်တုန်က သတ္တိတင်ပြီး ကွေ့ဟွားနဲ့အတူ ပြေးလွှားခဲ့တယ်။ ဒီအခိုက်အတန့်မှာပဲ သူ့ကိုယ်သူ သေသေချာချာ နားလည်သွားခဲ့တယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် လှည့်စားထားမိတဲ့အကြောင်းတွေကို နားလည်လာစေခဲ့တယ်။

All Chapters