Chapter 48
Vol. 5 Ch. 48
လီရှန်းက လက်ထဲမှာရှိနေတဲ့စာအုပ်ကို ချလိုက်ပြီး ကွေ့ဟွားတစ်ယောက် သူမယူလာတဲ့ ရေနွေးဓာတ်ဘူးကို လက်ထဲက မချနိုင်ဖြစ်နေတာကို ကြည့်ပြီး နူးညံ့စွာ ပြုံးလိုက်တယ်။
“အဲဒါ မင်္ဂလာပွဲအတွက်လား?”
ကွေ့ဟွားက ရှက်သွားပြီး ခေါင်းညိတ်လိုက်တယ်။
“ အစ်ကိုမင်တုန်က ကျွန်မကို အဲ့ဒီကို ခေါ်သွားပြီးဝယ်ပေးခဲ့တာလေ.. ပြီးတော့ ဒါကို အခု ကြိုပြီး အသုံးပြုခွင့်ပေးခဲ့တယ်”
“ယိုး.. အတန်းဖော်လီမင်တုန်က ဒီလိုမျိုး စဉ်းစားပေးတတ်တဲ့သူ ဖြစ်တဲ့အကြောင်းကို ငါမသိခဲ့ဘူး”
လီရှန်းက ကွေ့ဟွားကို ပြုံးရင်း ပြောခဲ့တယ်။
“မင်း ပြန်လာတာ နောက်ကျတော့ ရေနွေးမကျန်တော့ဘူး.. အဲဒီ ရေနွေးဓာတ်ဘူးကို ရေချိုးခန်းထဲမှာ အရင်သွားဆေးလိုက်လေ.. ပြီးသွားရင် ငါ မင်းအတွက် ရေနွေး လောင်းထည့်ပေးမယ်”
“ကျေးဇူးတင်ပါတယ် အစ်မလီရှန်း”
ကွေ့ဟွားက ရေနွေးဓာတ်ဘူးကို အမြန် ဆေးကြောပြီး ပြန်လာခဲ့တယ်။ ဒါပေမဲ့ စားပွဲပေါ်မှာ စာအုပ်တွေပြည့်နေတာကြောင့် လီရှန်းက ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားလိုက်ဖို့ သူမကို ပြောခဲ့တယ်။
လီရှန်း ရေနွေးကို ရေနွေးဓာတ်ဘူးထဲသိုဖြည်းဖြည်းချင်း ဖြည့်နေတုန်းမှာပဲ ကွေ့ဟွားက ရုတ်တရက် လှည့်သွားပြီး အခန်းထဲကနေ ပြေးထွက်သွားခဲ့တယ်။ စာဖတ်နေကြတဲ့ အတန်းဖော်တွေက သူမကြောင့် လန့်သွားကြပြီး အကုန်လုံး လှမ်းကြည့်လာခဲ့တယ်။
“သူမ ဘာဖြစ်သွားတာလဲ?
လီရှီအန်းက ပြတင်းပေါက်ကို လက်ညှိုးထိုးပြပြီး ပြုံးလိုက်တယ်။
“လီမင်တုန်က အောက်ထပ်မှာ ထိုင်နေတာလေ”
လီမင်တုန်က သူ့ရဲ့ အတွေးတွေထဲမှာ နစ်မြုပ်နေခဲ့ပြီး ထိုအချိန်မှာပဲ ကွေ့ဟွားက အဆောင်ထဲကနေ ရုတ်တရက် အမောတကောပြေးထွက်လာတာ မြင်တွေ့လိုက်ရတယ်။ လီမင်တုန် စားပွဲတင် တင်းနစ်ခုံပေါ်ကနေ မြန်မြန်ခုန်ဆင်းလိုက်ပြီး သူမဆီကို ရှက်ရွံ့စွာနဲ့ ကြည့်လိုက်တယ်။
“ကိုယ် လမ်းလျှောက်မလို့ အပြင်ကိုထွက်လာခဲ့တာပါ.. မင်း အောက်ကို ဆင်းလာလိမ့်မယ်လို့ မထင်ထားဘူး”
ကွေ့ဟွားက ပြုံးလိုက်တယ်။
“ရပါတယ်..ကျွန်မလည်း လမ်းပတ်လျှောက်မလို့လေ”
သူမ ထွက်လာခဲ့ပြီဆိုမှတော့ လီမင်တုန်က ကွေ့ဟွားကို ကျောင်းတစ်ပတ် လမ်းလျှောက်ခေါ်သွားလိုက်တယ်။ အချိန်က ကောင်းကင်တောင် မှောင်ရိပ်မသန်းသေးတာကြောင့် သူတို့နှစ်ယောက်က ဘေးချင်းကပ်ရင်း ဖြည််းညှင်းစွာ လမ်းလျှောက်နေကြပြီး ဘယ်သူကမှ စကားစမပြောခဲ့ကြဘူး။
လီမင်တုန် ဒီတိတ်ဆိတ်ခြင်းကို ဖြိုခွဲဖို့ တစ်ခုခု ပြောရမယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်က လစ်ဟာနေခဲ့ပြီး ဘာပြောရမလဲဆိုတာကို မသိခဲ့ဘူး။
“နံပါတ် (၁)ကုန်တိုက်မှာ တွေ့ခဲ့တဲ့ ပန်းချီကားကို သဘောကျလား?”
လီမင်တုန် နေ့လယ်တုန်းက ကုန်တိုက်စတိုးကို သွားခဲ့တုန်းက မြင်ကွင်းကို သတိရပြီး မေးလိုက်တယ်။
ကစားကွင်းထဲမှာ ဘယ်သူမှ မရှိနေခဲ့ဘဲ သူတို့နှစ်ယောက်ပဲ ရှိနေတာကို သိလိုက်တော့ ကွေ့ဟွားက အသံတိုးတိုးလေးနဲ့ ပြောလာခဲ့တယ်။
“ကျွန်မတို့ရဲ့ မိသားစု အခြေအနေကောင်းခဲ့တုန်းက ကျွန်မ(၅)နှစ်လောက်မှာ အမေကပြောခဲ့တယ်.. မိန်းကလေးတွေကလည်း စိတ်နေသဘောတရားအကြောင်းတွေကို နားလည်ဖို့ စာဖတ်ရမယ်၊ စာသင်ရမယ်တဲ့.. ကျွန်မ ငယ်ငယ်တုန်းလက်ရေးလှကျင့်ဖို့ ၊ပန်းချီဆွဲသင်ဖို့အတွက် ဆရာရဲ့နောက်ကို အမြဲလိုက်နေခဲ့တာလေ.. ပြီးတော့ စန္ဒရားတီးလည်း သင်ခဲ့သေးတယ်”
လီမင်တုန်က ကွေ့ဟွား သူတို့အိမ်ကို ပထမဆုံးရောက်လာတဲ့ အချိန်ကို သတိရသွားခဲ့တယ်။
“အဲ့ဒီတုန်းက မင်း ကိုယ်တို့နဲ့ တူတူကျောင်းတက်ခဲ့တာကို သတိရသေးတယ်.. မင်းက ကိုယ်တို့ထက်တောင် ရေးတတ် ပြောတတ်ခဲ့တယ်.. မင်း ဂျူနီယာအလယ်တန်းကို ဆက်မတက်ဖြစ်တာ နှမြောစရာကောင်းတယ်.. တကယ်တော့ မင်း ကျောင်းဆက်တက်ခဲ့သင့်တာ”
ကွေ့ဟွားက ပြုံးလိုက်တယ်။
“တကယ်တော့ တည်ငြိမ်တဲ့ဘဝမှာ နေထိုင်ရတာက အရမ်းကောင်းနေပါပြီ.. တခြားအရာတွေကို သိပ်မတွေးဖြစ် တော့ပါဘူး”
“ဒါဆို မင်းက ဟိုးအရင်ကတည်းကပန်းချီဆွဲရတာကို သဘောကျခဲ့တာပေါ့?”
လီမင်တုန် နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်တယ်။
“သဘောကျတယ်! ပန်းချီဆွဲရတာက အရမ်းပျော်စရာကောင်းတယ်လို့ ကျွန်မထင်တယ်”
ကွေ့ဟွားက သူ့ဘာသာပြောပြီး ရယ်လိုက်တယ်။
“တကယ်တော့ ကျွန်မရဲ့အမေလည်း ပန်းချီကားတွေ သဘောကျတယ်လေ.. သူမက ပန်းချီဆွဲတာလည်း တော်တယ်.. ဒါပေမဲ့ ကျွန်မဆီမှာ ပန်းချီဆွဲဖို့အတွက် စိတ်ကူးဉာဏ်တွေ အများကြီး မရှိဘူး”
“တကယ်တော့ ဒါက ကျွမ်မအတွက် ပင်းချန်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်ဘူး။”
ကွေ့ဟားက ရုတ်တရက် ပြောလိုက်တယ်။
“ကျွမ် ငယ်ငယ်တုန်းက မိဘတွေနဲ့ တစ်ခါလာခဲ့ဖူးတယ်.. အဲဒီတုန်းက ပင်းချန်ရဲ့အကြီးဆုံးစတိုးဆိုင်က လျို့လင်စတိုးဆိုင်လေ.. အဲ့ဒီဆိုင်မှာ အနက်ရောင်ဝတ်စုံနဲ့ ဦးထုပ်ဝတ်ထားတဲ့ လူတစ်ယောက်ရှိခဲ့တာ..
လူအိုကြီး မောက်ဇီက ဧည့်သည်တွေအတွက် တံခါးဖွင့်ပေးတတ်တယ်.. အဲဒီဆိုင်မှာ လှပတဲ့ မီးဆိုင်းကြီးတွေ၊ ချောကလက်တွေ၊ ပေါင်မုန့်အကွင်းတွေ၊ နောက် ဖန်ဘူးထဲမှာ သခွါးသီးချဉ်တွေထည့်ထားတာလည်း ရှိသေးတယ်
အဲ့ဒီတုန်းက ကျွန်မ အဲဒါကို ပထမဆုံးအကြိမ် စားဖူးတာလေ.. အနက်ရောင် ငါးဥဆားနယ်ရဲ့အရသာကို ကျွန်မ မကြိုက်ပေမဲ့ ကျွန်မရဲ့အဖေကတော့ အတော်ကြီးကြိုက်ခဲ့တယ်”
ကွေ့ဟွားက မင်တုန်ကို သေသေချာချာကြည့်လိုက်ပြီး ရပ်လိုက်တယ်။
“တကယ်တော့ ရှင် ကျွန်မတို့ရဲ့ လက်ထပ်ပွဲကို အရင်တုန်းက ရှောင်နေခဲ့တယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ အဖွားက ဘာမှ မပြောခဲ့ဘူး.. ဒါပေမဲ့ သူမလည်း မြင်ခဲ့လိမ့်မယ်.. ဒါကြောင့် ရှင့်ကို မေးဖို့အတွက် ပင်းချန်ကို လာဖို့ ဆုံးဖြတ်ခဲ့တာ.. အခုရော ရှင်ဘာတွေ တွေးနေတာလဲ ရှင်းရှင်းလင်းလင်း ပြောနိုင်ပြီလား”
တကယ်တော့ ကျွန်မရဲ့မိသားစုက မကောင်းဘူးဆိုတာ သိပါတယ်.. ငါ ငယ်ငယ်တုန်းက အရင်းရှင်ဘဝမှာ နေခဲ့တဲ့အပေါ်မှာ ရှင် သဘောမကျဖြစ်နိုင်လိမ့်မယ်.. ပြီးတော့ အခု ရှင်က ကောလိပ်တက်နေခဲ့ပြီလေ.. ကျွန်မက မူလတန်းပဲ တက်ခဲ့ဖူးတယ်..
ကျွန်မက ရှင်နဲ့ ယှဉ်လို့ မရဘူး.. အစ်ကိုမင်တုန် တကယ်တော့ ကျွန်မ ရှင့်ကို အများကြီးသဘောကျတယ်ဆိုပေမဲ့ တာဝန်အရသက်သက်နဲ့တော့ ကျွန်မကို လက်မထပ်စေချင်ပါဘူး”
သူမက လီမင်တုန်ရဲ့ တိတ်ဆိတ်နေတဲ့ ပုံရိပ်ကိုကြည့်ပြီး ကြံ့ခိုင်တဲ့အပြုံး ပြုံးပြလိုက်တယ်။
“ရှင့်ရဲ့ မိသားစုက ကျွန်မကို ၁၀နှစ်လောက် ပြုစုပျိုးထောင်ပေးခဲ့ပြီးပြီ.. ရှင့်ရဲ့ဘဝတစ်သက်တာလုံးကိုပါ ကျွန်မရဲ့ပျော်ရွှင်မှုအတွက်ကြောင့် လက်မခံနိုင်တော့ဘူးမလား”
“ကိုယ်က ရှင်းရှင်းလင်းလင်းလုပ်ခဲ့ပြီးပြီလို့ထင်နေခဲ့တာ”
လီမင်တုန်က ရုတ်တရက် ပြောလာခဲ့တယ်။
“ကိုယ်သာ မင်းကို လက်မထပ်ချင်ဘူးဆိုရင် မင်းအတွက် ဘာလို့ လက်အလှဆီတွေ၊ ရေနွေးကရားတွေ ဝယ်ပေးမှာလဲ? အဲဒါတွေက စျေးပေါတာလည်း မဟုတ်တဲ့အပြင် စက်မှုလက်မှတ်တွေလည်း သုံးရသေးတယ်”
ကွေ့ဟွားက ရှက်ရွံ့တဲ့အရိပ်အယောင်လေးနဲ့ သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်တယ်။
“တကယ်တော့.. ဒီနေ့ ရှင်က ကျွန်မနဲ့ အရမ်းနီးကပ်လာသလိုပဲ.. ကျွန်မပဲ အတွေးလွန်နေတာလားတော့ မသိဘူး”
“မင်း သိပ်အတွေးမလွန်ပါဘူး.. တကယ်တော့ ကိုယ် အဖြေရှာတွေ့နိုင်သွားခဲ့တာ”
လီမင်တုန်က သူ့ရဲ့ခေါင်းနောက်ဖက်ကို ကုတ်လိုက်တယ်။
“ကိုယ်က စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ လက်လှမ်းမမီတဲ့ အချစ်မျိုးကိုပဲအမြဲတမ်း လိုက်ဖမ်းချင်နေခဲ့တာ.. ဒါပေမဲ့ တကယ်တမ်း ရပ်တန့်လိုက်တဲ့အချိန်ကျမှ အချစ်က ကိုယ့်ရဲ့ဘေးမှာ ရောက်နှင့်နေပြီဆိုတာကို သိရှိခဲ့တယ်”
“ရှင် ဆုံးဖြတ်ပြီးပြီလား?”
ကွေ့ဟွားက ပူလောင်နေတဲ့မျက်နှာနှင့် လီမင်တုန်ကို လေးနက်စွာကြည့်လိုက်တယ်။
“ရှင် ဆုံးဖြတ်ပြီးသွားရင် နောင်တရလို့ဆိုပြီး နောက်ပြန်လှည့်လို့ မရတော့ဘူးနော်!”
“ကိုယ်နောင်တမရပါဘူး!”
မင်တုန်က သူ့ရဲ့ရင်ဘတ်ကို ဆန့်လိုက်တယ်။
“ကိုယ်သာ နောင်တရခဲ့ရင် အဲဒီကောင်ဆိုးလေးမင်ရှီက မင်းကို သေချာပေါက် လုယူသွားတော့မှာ!”
ပင်းချန်မှာ ကွေ့ဟွားက ကိစ္စတွေကို ရှင်းလင်းနေခဲ့တယ်။ လီမိသားစုကတော့ မင်ရှီနဲ့ ကွေ့ဟွားတို့ရဲ့ လုပ်အားမပါဝင်ခဲ့တာကြောင့် ပုံမှန်ထက်ပိုပြီး အလုပ်ရှုပ်နေခဲ့ကြတယ်။
သူတို့က ပဲပိစပ်တွေကို ဆီညှစ်ဖို့အတွက် ပြင်ဆင်ခဲ့ကြပြီး ဂေါဖီထုပ်တွေကိုတော့ တစ်ထုပ်ချင်းဆေးကြောကာ ဂေါဖီချဉ်လုပ်ဖို့ ပြင်ဆင်ခဲ့ကြတယ်။ အလုပ်တွေများလွန်းလို့ လူတိုင်းက ခြေဖနောင့်နှင့် ခေါင်း ထိလုပ်မတတ် ပြေးလွှားလုပ်ကိုင်နေကြရတယ်။
ပေရှားရဲ့ ဆောင်းရာသီက မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာခဲ့ပြီး ကောက်ရိတ်သိမ်းလို့လည်း ပြီးစီးသွားခဲ့ပြီ။
ရာသီဉတုက ပိုပိုအေးလာခဲ့ပြီး ကျန်းကျန်းကတော့ နေ့တာတွေ ပိုတိုလာတာကို ထိုင်ကြည့်နေခဲ့တယ်။ သူမက ခြံဝန်းထဲမှာ ကောက်နှံတွေက စိုစွတ်နေဆဲဖြစ်နေတာကို ကြည့်ရင်း သူမရဲ့ မိသားစုဝင်တချို့အတွက် စိုးရိမ်နေခဲ့တယ်။
သူမက နေသာတဲ့ရာသီဉတု ရဖို့ရန်အတွက် တိတ်တဆိတ်ကြိုးစားဖူးပေမဲ့ သူမရဲ့ စွမ်းအားတွေက ကမ္ဘာမြေကြီးနဲ့သာ ဆက်နွယ်ပုံရတယ်။ ကောင်းကင်ပေါ်က ငှက်တွေကို ကိုယ်တိုင် ထိန်းချုပ်လို့ရပေမဲ့ လေ၊မိုးနဲ့ နေတို့ကိုတော့ တိုက်ရိုက် ထိန်းချုပ်လို့မရခဲ့ဘူး။
ကျန်းကျန်း သူမရဲ့စိတ်ကို သူမရဲ့ စွမ်းအားထဲမှာပဲ မြှုပ်နှံထားပြီး မြေကြီး ပေါ်မှ ကောက်နှံတွေဆီကနေ ပိုလျံနေတဲ့ရေတွေကို ညှစ်ထုတ်ဖို့၊ ရေတွေကို စုပ်ယူနိုင်စေဖို့ အကောင်းဆုံးကြိုးစားနေခဲ့တယ်။
မျက်စိအောက်မှာတင် ထို ကောက်နှံတွေက ခြောက်သွေ့လာအောင်တော့ ကျန်းကျန်းက အများကြီး မလုပ်ရဲခဲ့ဘူး။ ဒါကြောင့် လဝက်လောက်ကြာလို့ လီမင်ရှီနဲ့ ကွေ့ဟွားတို့ ပင်းချန်မှ ပြန်လာတဲ့အချိန်ကျမှသာ ကောက်နှံတွေအားလုံး ခြောက်သွေ့သွားခဲ့တယ်။
လီမင်ရှီနဲ့ ကွေ့ဟွားတို့ အပြင်က ပြန်လာခဲ့ကြပြီး အိမ်ကိုရောက်တဲ့အချိန်မှာ လီမင်ရှီကတော့ ပစ္စည်းတွေကိုချပြီးတာနဲ့ ခန်ပေါ်မှာ ပစ်လဲသွားတော့တယ်။ မဒမ်လီကလည်း သူမရဲ့ တောင်ဝှေးတစ်ချောင်းနဲ့ လျှောက်လာရင်း ဒီမြင်ကွင်းကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်တယ်။
“မင်းက ဒီကိုအကွာအရေးလေးကို လမ်းလျှောက်လာရလို့ ပင်ပန်းနေတာလား.. ဒီမှာ တစ်မိသားစုလုံးက လွန်ခဲ့တဲ့ ရက်အတွင်းမှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းခဲ့ရတယ်.. မင်ပေဆို ဘယ်လောက်တောင်မည်းသွားပြီလဲဆိာတာကို မင်းကို ငါ ခေါ်ပြဦးမယ်”
လီမင်ရှီက သူ့ရဲ့ခါးကို ပွတ်လိုက်တယ်။
“ပင်ပန်းရတဲ့ အဓိက အကြောင်းရင်းက ပစ္စည်းတွေ များပြီး နေရာယူနေလို့လေ.. ရထားပေါ်မှာတုန်းကဆို လူတွေတက်နင်းပြီး ဝင်တိုက်မှာ စိုးရိမ်နေခဲ့လို့ ကျွန်တော် တစ်နေ့လုံး တစ်ညလုံး စောင့်နေခဲ့ရတာ”
“ကောင်းပြီ မင်းပင်ပန်းနေတယ်ဆိုတာ ငါသိပါတယ်”
မဒမ်လီက လီမင်ရှီရဲ့ ပေါင်ကို ပုတ်လိုက်တယ်။
“နေ့လယ်ကျရင် ငါ မင်းရဲ့အမေကို ပြောင်းနှံထမင်း ချက်ဖို့ပြောလိုက်မယ်”
ပြောင်းထမင်းဆိုတဲ့စကားကိုကြားတော့ မင်ရှီရဲ့ မျက်လုံးတွေ ဝင်းလက်လာပြီး သူ့နောက်ကျောဆီမှ နာကျင်နေမှုကိုတောင် ဂရုမစိုက်နိုင်တော့လောက်အောင်ဖြစ်သွားခဲ့တယ်။
သူက ခန်ပေါ်ကနေ မြန်မြန်ဆန်ဆန်ပဲ ထလိုက်လေတယ်။
“ အဖွား ကျွန်တော် တံခါးပေါက်ကနေ ဝင်လာလာတုန်းက လူကောင်းတစ်ယောက်ကတောင် လန့်သွားလောက်စေမှာကို မြင်တွေ့ခဲ့တယ်.. ကျွန်တော်တို့ မိသားစုဆီမှာ ဘယ်လိုဖြစ်လို့ အစားအစာတွေ အများကြီး ရှိသွားတာလဲ? နောက်နှစ်အထိ ဗိုက်ဆာလောင်နေစရာ မလိုလောက်တော့ဘူးမလား?”
“ဗိုက်ဆာစရာမလိုတော့ဘူး!”
မဒမ်လီက လီမင်ရှီကို ပြုံးပြီး ကြည့်လိုက်တယ်။
“ဒီနှစ် နွေဦးကျရင် မင်းအဖေက မြေရိုင်းတွေ ထပ်ထွင်ဦးမှာ၊ ပြီးတော့ မင်းဦးလေးပို့လိုက်တဲ့ မျိုးစေ့တွေကို သုံးပြီး ကောက်နှံပင်တွေ ထပ်စိုက်ဦးမှာလေ.. ကြာမဲ့အချိန်ကိ တွေးကြည့်ရင် အခြေအနေကမဆိုးဘူး.. ဒီနှစ် ငါတို့မိသားစု တရုတ်နှစ်သစ်ကူးအတွက် ဆန်ရော ဂျုံရော ပြတ်လပ်တော့မှာ မဟုတ်ဘူး”
“တကယ်လား? ကျွန်တော်တို့ စပါးတွေ ဂျုံတွေ ထပ်စိုက်ဦးမှာလား?”
လီမင်ရှီက သူမောပန်းနေတဲ့အကြောင်းကိုတောငိ မေ့ပျောက်သွားခဲ့တယ်။ ဒါကြောင့် သူက ခန်ပေါ်က ထပြီး အပြင်ကိုထွက်ကြည့်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ မဒမ်လီက သူ့ကိုဆွဲလိုက်ပြီး ဆေးတံနဲ့ အသာရိုက်လိုက်တယ်။
“မင်း သေသေချာချာနားလိုက်ဦး.. နောက်မှသွားကြည့်လိုက်”