Chapter 49
Vol. 5 Ch. 49
လီမင်ရှီ ပြောလိုက်တယ်။
“အဖွား မသိဘူးနော်.. ကျွန်တော် ဒီတစ်ခါ အစ်ကို့ရဲ့ကျောင်းကို သွားပြီး သူတို့ဘာတွေပြောကြမလဲဆိုတာကို နားထောင်ခဲ့တယ်.. ကျွန်တော်တို့က ယာခင်းနည်းနည်းလောက်မှာပဲ စပါးစိုက်နိုင်တာလေ
အရင်တုန်းက တရုတ်နှစ်သစ်ကူးပွဲအတွက် အထောက်အပံ့တွေကို တခြားခရိုင်တွေက ပို့ပေးရတာမလား.. ကျွန်တော့် အစ်ကိုရဲ့ ယာခင်းတွေမှာဆိုရင် ရေထဲမကဘူး မြေကြီးပေါ်မှာပါ စပါးတွေ စိုက်လို့ရတယ်လို့ ကျွန်တော်ကြားခဲ့တယ်”
“ မြေကြီးပေါ်မှာ ကောက်နှံစပါးတွေ စိုက်ခဲ့တာလား?”
မဒမ်လီက အဓိကအချက်ကိုမှားပြောလုနီးပါးဖြစ်သွားခဲ့ပေမဲ့ ကံကောင်းစွာနဲ့ သူမက ချက်ချင်းတုံ့ပြန်ဖို့ သတိရသွားခဲ့တယ်။
“ကောင်းပြီ.. ငါတို့မိသားစုရဲ့ စပါးပင်တွေကလည်း မြေကြီးပေါ်စိုက်ခဲ့တာပဲ ဒါပေမဲ့ အဲ့ဒါတွေက အရမ်းကောင်းမလာခဲ့ဘူးလေ!”
မီးဖိုထဲမှာတော့ ဝမ်စုဖန်းက အရင်တစ်ခေါက်က ရိတ်သိမ်းစုဆောင်းထားခဲ့တဲ့ အဖြူရောင်ပြောင်းဆန်တွေကို ထုတ်လာပြီး အိုးအကြီးကြီးနဲ့ ပေါင်းထားလိုက်တယ်။
ပြီးနောက် ဆားနယ်ထားတဲ့ တောဝက် သားသုံးထပ်သားတစ်တုံးကိုယူလိုက်ပြီး အပိုင်းလေးတွေပိုင်းလိုက်ကာ ပဲပိစပ်ဆီနှင့် ဆီသပ်လိုက်ပြီး စတူးချက်လိုက်တယ်။
မကြာခင်မှာပဲ ပြောင်းထမင်းဖြူနဲ့ ပဲဆီနှင့်နှပ်ထားတဲ့ အသားနှပ်ရဲ့ အနံ့တွေက အလွန်အမင်း မွှေးပျံ့လာခဲ့တော့တယ်။ သူတို့ ရနံ့တွေဟာ ရောထွေးသွားပြီးနောက် တစ်အိမ်လုံး မွှေးကြိုင်နေခဲ့တော့တယ်။
ကျန်းကျန်းက အမေဖြစ်သူရဲ့နို့ကို စို့နေရတုန်းပဲဆိုပေမဲ့ သူမက တော်တော်လေး စားနိုင်နေခဲ့ပြီ။ သူမအတွက် နို့မှုန့်ထုပ်တွေလည်း ဝယ်ထားရပြီး တစ်နေ့ကို နှစ်ခါသောက်တဲ့အပြင် အိမ်မှာချက်ပြုတ်တဲ့အစားအသောက်တွေကိုလည်း နှစ်နပ်လောက် စားနိုင်သေးတယ်။
တစ်နည်းအားဖြင့် လီမိသားစုဟောင်းရဲ့ ဟင်းလျာတွေက နူးညံ့တဲ့အတွက် ကျန်းကျန်းတောင် စားလို့ရတယ်လို့ ဆိုလိုတာပဲ။
မွှေးပျံ့နေတဲ့ အိုးထဲမှပြောင်းထမင်းဖြူကို ဇလုံထဲကိုထည့်လိုက်တော့ လီမင်ရှီက ထမင်းတစ်ဝက်လောက်ကို အလွတ်သက်သက်စားလိုက်လေတယ်။
ကျန်းကျန်းကတော့ ထိုမြင်ကွင်းကို တအံ့တဩ ကြည့်နေခဲ့ပြီး ဝမ်စုဖန်းခွံ့ကျွေးတဲ့ကြက်ဥပေါင်းကိုတောင် စားဖို့မေ့နေခဲ့တော့တယ်။
တစ်ခါတည်းနှင့် နှစ်ဇလုံလောက်စားပြီးတဲ့ချိန်ကျမှ လီမင်ရှီရဲ့ ဗိုက်က နေသာထိုင်သာရှိသွားခဲ့တယ်။ ပြီးတော့မှ သူက ဟင်းသီးဟင်းရွက်တွေကို ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်တယ်။
“ကျွန်တော်ပြောမယ်.. ကျွန်တော့်ရဲ့အစ်ကိုလေ.. သူက တကယ်ကိုဆိုးရွားလွန်းတယ်”
သူ့ရဲ့ ကြားလိုက်ရတော့ မဒမ်လီက မသိစိတ်ကနေ ကွေ့ဟွားကို လှမ်းကြည့်လိုက်မိတယ်။ သူမရဲ့ မျက်လုံးလေးတွေက ပြုံးယောင်သန်းနေတာကို တွေ့မှ လီမင်ရှီကို ပြန်ကြည့်ကာပြန်မေးလိုက်တယ်။
“မင်း အစ်ကိုက ဘယ်လိုတွေဆိုးသွန်းခဲ့လို့လဲ”
“ ကျွန်တော်ရောက်သွားပြီးလို့ နောက်တစ်နေ့ကျတော့ သူက ကျွန်တော့်ကို လမ်းပေါ် ထားပစ်ခဲ့တာ.. ပြီးတော့ သူ့ကို ဘယ်နေရာမှာမှလည်း ရှာလို့မတွေ့ခဲ့တော့ဘူးလေ.. ကျွန်တော့်မှာ အရူးကြီး တစ်ယောက်လို အဆောင်ကို တစ်ယောက်ထဲပြန်သွားခဲ့ရတယ်.. သူ့ရဲ့အတန်းဖော်တွေက ကျွန်တော့်ကို ကိုယ့်အစ်ကိုရဲ့ မင်္ဂလာဆောင်ကို နှောင့်ယှက်တယ်ဆိုပြီး တစ်နေ့လုံး ပြောတာကိုခံခဲ့ရသေးတယ်!”
လီမင်ရှီက လတ်ဆတ်တဲ့ တောရိုင်းဟင်းရွက်တစ်ချို့ကို လိပ်ပြီး မီဆိုဟင်းရည်ထဲကိုနှစ်ကာ သူ့ရဲ့ပါးစပ်ထဲကို အပြည့်ထည့်လိုက်တယ်။ ပြီးတော့မှ ဒေါသတကြီးနဲ့ ဆက်ပြောလာခဲ့တယ်။
“ကျွန်တော်က ဘာလို့ နှောင့်ယှက်ရမှာလဲ? စျေးဝယ်ထွက်တဲ့အချိန်မှာ ကျွန်တော်က ပစ္စည်းတွေကို ကူသယ်ပေးမလို့ပဲ မဟုတ်ဘူးလား? ပြီးတော့ ကျွန်တော့်ကိုလည်း ပန်းခြံကိုခေါ်သွားပြီး လိုက်ပြတာတွေ၊ ရုပ်ရှင်လိုက်ပြတာတွေ လုပ်လို့မရဘူးလား?
အဖွား ကျွန်တော်ပြောပြမယ်၊ ကျွန်တော့်ရဲ့အစ်ကိုနဲ့ အစ်မကွေ့ဟွားတို့က ရုပ်ရှင်ကို သုံးခါတောင် သွားကြည့်ခဲ့တာနော်.. ဒါပေ ကျွန်တော့်ကို တစ်ခါလေးတောင် ခေါ်မသွားခဲ့ကြဘူး”
ကျန်းကျန်းက စားပွဲဝိုင်းမှ စကားသံတွေကို နားထောင်ပြီး တစ်ယောက်တည်းချန်ထားခံရတဲ့ အပိုမီလုံးလေးလီမင်ရှီကို ကိုယ်ချင်းစာနေမိတယ်။
လီမင်ရှီက တိုင်တောပြီးသွားမှ စိတ်အနည်းငယ် ပြန်ပြေသွားခဲ့ပြီး သူ့ကိုကြည့်ပြီး ကိုယ်ကိုယိမ်းထိုးကာ ရယ်မောနေတဲ့ ကျန်းကျန်းကို လှမ်းကြည့်ရင်း သူမရဲ့ မျက်နှာလေးကို ဆွဲညှစ်လိုက်တယ်။
“အသိတရားမရှိတဲ့ ကလေးမလေး၊ မင်းက မင်းရဲ့အစ်ကိုကို ရယ်နေတယ်ပေါ့လေ.. ငါက မင်းအတွက် ပစ္စည်းကောင်းလေးတွေကို အလကားသက်သက်ယူလာမိတာပဲ!”
ကျန်းကျန်းက ချက်ချင်းပဲ မဒမ်လီဘက်ကို လှည့်ကြည့်လိုက်တော့ မဒမ်လီကဝါး တူကို စားပွဲပေါ်သို့ ချလိုက်တယ်။
“မင်း ဘာတွေယူလာတာလဲ?”
လီမင်ရှီက ခန်ပေါ်က ဆင်းသွားပြီး သူ့ရဲ့ လွယ်အိတ်ကို ဖွင့်ကာ ဝါချည်ပိတ်စတစ်ခုကို ထုတ်လိုက်တယ်။
“ကျွန်တော့် လေးယောက်မြောက်ဦးလေးက ကျန်းကျန်းအတွက် ပေးလိုက်တာ.. သူပြောတာတော့ ကျန်းကျန်းအတွက် ဝတ်စုံတစ်ထည်ချုပ်ပေးစေချင်တယ်တဲ့”
ကျန်းကျန်းက ချက်ချင်းပဲ ပျော်ရွှင်သွားတယ်။
“သမီးအတွက်ဝတ်စုံသစ်ရတော့မယ်!”
ကျန်းကျန်းက ကွေ့ဟွားကို မတွေ့ရတာ လဝက်လောက်ရှိနေပြီ။ ဒါကြောင့် စားပြီးသွားချိန်မှာ သူမက ဝမ်စုဖန်း သူမရဲ့လက်တွေနဲ့ မျက်နှာကို ဆေးကြောပေးတာကို စောင့်ပြီး ကွေ့ဟွားဘေးကို သွားလိုက်တယ်။
ပြီးနောက် သူမက လက်ကိုထောက်ပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ သူမရဲ့ လက်နှစ်ဖက်နဲ့ ကွေ့ဟွားရဲ့ လည်ပင်းကို သိုင်းဖက်လိုက်လေတယ်။
ကွေ့ဟွားက ပြုံးကာ ကျန်းကျန်းကို သူမလက်တွေနဲ့ ပြန်လည်ပွေ့ဖက်လိုက်ပြီး သူမရဲ့ ပြည့်ဖောင်းနေတဲ့ မျက်နှာလေးကို နှစ်ခါလောက်နမ်းလိုက်တယ်။
“မင်းရဲ့ယောက်မကို လွမ်းနေခဲ့တာလား?”
ကျန်းကျန်းက ပြုံးလိုက်ပြီး သူမရဲ့ လက်ဝတုတ်လေး နှစ်ဖက်ကို ဆန့်တန်းကာ အဝါရောင် လိမ္မော်သီးလေးကိုင်ရင်း ကွေ့ဟွားကို ခွံ့ကျွေးဖို့ ကြိုးစားလိုက်တယ်။
ကွေ့ဟွားကလည်း ခေါင်းငုံ့လိုက်ပြီး တစ်ကိုက်,ကိုက်လိုက်တယ်။ ပြီးတော့ သူမ ယူလာတဲ့ ပစ္စည်းတွေကို ပြဖို့ ကျန်းကျန်းကို ပွေ့ချီကာ ခေါ်သွားခဲ့တယ်။
ခန်ပေါ်မှာတော့ တောက်ပနေတဲ့ အနီရောင် ရေနွေးကရား ၊ ကြွေလက်ဆေးဇလုံ၊ ရေနွေဓာတ်ဘူး၊ အိပ်ရာခင်း၊ ဂွမ်းကပ် အိပ်ရာဖုံး၊ ခေါင်းအုံးဖုံးနဲ့ အနောက်မှာ အနီရောင်ရိုးနီပန်း(peony)တွေပါတဲ့ ပလတ်စတစ်မှန်စတဲ့ ပစ္စည်းတွေနဲ့ ပြည့်နေခဲ့တယ်။
ကျန်းကျန်းက ခန်ပေါ်မှာ ရှိနေတဲ့ ပစ္စည်းတွေကို အံ့ဩတကြီးကြည့်လိုက်မိတယ်။ လီမင်ရှီနဲ့ ကွေ့ဟွားတို့ ပြန်လာတဲ့အချိန်မှာ အထုတ်အပိုးတွေ ဘယ်လောက်တောင်သယ်လာရမလဲဆိုတာ မစဉ်းစားနိုင်တော့သလိုပဲ။
ကွေ့ဟွားက ဆီစိမ်ခံအိတ်တစ်ခုကို ဖွင့်လိုက်ပြီး အထဲမှာရှိနေတဲ့ ပိတ်စအချို့ကို ထုတ်လိုက်တယ်။ မဒမ်လီကလည်း ဗိုက်ပြည့်သွားပြီဖြစ်လို့ လက်ကို လျှင်မြန်စွာဆေးကြောပြီး လာကြည့်ခဲ့တယ်။
သူမက ပိတ်စပေါ်မှာပါတဲ့ ပန်းပွင့်လေးတွေကို ဂရုတစိုက် ဖြန့်ခါလိုက်ပြီး ကျန်းကျန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်ညာတိုင်းလိုက်တယ်။ သူမရဲ့ မျက်လုံးတွေကတော့ အပြုံးတွေ ပြည့်နေခဲ့ပြီ။
“ဒါကို ကြည့်စမ်း.. အပေါ်မှာ ခပ်နှိပ်ထားတဲ့ ပန်းပွင့်လေးတွေက ပီပြင်လိုက်တာ.. ငါတို့ ကျန်းကျန်းရဲ့ မျက်နှာလေးကို ပိုလှသွားစေလိမ့်မယ်!”
ကျန်းကျန်းကလည်း အောက်ကိုငုံ့ကြည့်လိုက်တယ်။ ပိတ်စရဲအောက်ခံက အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် ပန်းပွင့်သေးသေးလေးတွေ နှိပ်ထားတယ်။
တကယ်တော့ ဒါက သူမအနေနဲ့တိုရင် တောဆန်တဲ့ပုံစံဖြစ်နေပေမဲ့ ပေရှားခရိုင်မပြောနဲ့ ရဲတုန်မြို့မှာတောင် တော်တော်လှတဲ့ ပိတ်စမြိုးလို့ ပြောလို့ရတယ်။
မဒမ်လီက အနီရောင်ကတ္တီပါမီးပုံးပိတ်စကို ကောက်ကိုင်လိုက်ပြီး ကျန်းကျန်းနဲ့ ယှဉ်ကြည့်လိုက်ပြီး တွေးဆနေခဲ့ပြန်တယ်။
“ငါ အရင်ပြောခဲ့တယ်မလား .. ကတ္တီပါ မီးပုံးပိတ်စက ဂွမ်းကပ်ဂျက်ကက်လုပ်ဖို့ သုံးတာလေ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းဦးလေးပို့ထားတာတောင် သေတ္တာထဲ ရှိသေးတယ်.. ဒီအနီရောင်ချည်ပိတ်ကတကယ်နူးညံ့တယ်.. ဒါကို ကျန်းကျန်းအတွက် အတွင်းဝတ်၀ုံ ချုပ်ပေးရမယ်”
ပြီးတော့ သူမက ပန်းရောင်အပွင့်လေးတွေနဲ့ ပိတ်စကို ကိုင်လိုက်တယ်။
“ကတ္တီပါမီးပုံးပိတ်ကတော့ အရမ်းထူလွန်းတယ်.. ဒါကို တိုက်ရိုက်ဝတ်လို့ရတယ်.. ဒီလိုပစ္စည်းကောင်းကို ဖုံးကွယ်မဲ့အရာမျိုးတွေ ထည့်မချုပ်နဲ့.. နွေဦးကျရင် နွေးလာတော့မှာ.. ဒါကို မင်းယူသွားလိုက်.. ဒါကိုတော့ ကျန်းကျန်းအတွက် ဂျက်ကက်ချုပ်ပေးဖို့ သုံးရမယ်..အပြင်ထွက်တဲ့အခါကျ ကြည့်လို့ကောင်းနေအောင်လို့”
အဲ့ဒါကို ကြားတဲ့အခါ ကျန်းကျန်းက ခေါင်းညိတ်လိုက်တယ်။ ဒီအိမ်မှာတော့ လီမူဝူတစ်ယောက်ပဲ တရားဝင်အလုပ်သမားဖြစ်ပြီး ပိတ်စတွေနဲ့ စက်မှုလက်မှတ်တွေ ကို သူ့ရဲ့လစာနဲ့ပဲဝယ်နိုင်ခဲ့တယ်။
ပြီးတော့ တစ်နှစ်လောက် ဦးဆောင်ပြီး လုပ်ရင်တောင် ဝတ်စုံတစ်စုံလောက်ပဲ ချုပ်နိုင်ပြီး တစ်ခါတလေမှ အဝတ်အစားနှစ်စုံလောက်ကို ဖာထေးဖို့ ပြန်ယူလာနိုင််လိမ့်မယ်။
သူမ မွေးကတည်းက ဝတ်လာတဲ့ အဝတ်အစားတွေက သူ့အစ်ကိုရဲ့ အဝတ်ဟောင်းတွေကို တစ်စစီ ဖြုတ်ပြီး ပြန်ချုပ်ထားတဲ့အဝတ်အစားတွေပဲ။
အဲဒါတွေက အလွန်သန့်ရှင်းပြီး နူးညံ့နေပေမဲ့ အရောင်ကတော့ မီးခိုးရောင်၊ အနက်ရောင်တွေ ဖြစ်နေခဲ့ပြီ။ ကျန်းကျန်းကတော့ သူမသာ အသစ်လေးတွေဝတ်လိုက်ရင် ချစ်စရာကလေးလေးဖြစ်သွားလိမ့်မယ်လို့ တွေးနေခဲ့လေတယ်။
မိသားစုတွေ တစ်ယောက်ပြီး တစ်ယောက်စားသောက်ပြီးတဲ့နောက် ကွေ့ဟွားက ကူညီသန့်ရှင်းရှေးလုပ်ပေးဖို့ ခန်ပေါ်က အလျင်အမြန်ဆင်းလိုက်တယ်။ သို့ပေမယ့် ဝမ်စုဖန်းက သူမကို တားလိုက်ပြီး ဘေးကို တွန်းဖယ်လိုက်လေတယ်။
“မင်းက ခုမှပြန်ရောက်တာဆိုတော့ နားလိုက်ပါဦး.. ပြီးတော့ မနက်ဖြန်ကျရင် မင်းနဲ့ မင်တုန်တို့အတွက် လိုအပ်တာတွေလည်းလုပ်ရဦးမှာ.. ဂွမ်းလွှာဂျက်ကက်အသစ်တွေလည်းသွားချုပ်ရဦးမှာမလား? မင်း ဒါတွေကို စိတ်ပူနေစရာမလိုဘူး”
ကျန်းကျန်းက ခြံထဲမှ ပစ္စည်းလေးတွေကို လိုက်ကြည့်လိုက်ပြီး အိမ်မှာ လုပ်စရာတွေ အများကြီး ရှိနေတာကို သိလိုက်တယ်။ ကွေ့ဟွားကတော့ ဆံပင်စုစည်းလိုက်ပြီး ဝမ်စုဖန်းနှင့်အတူ စားပွဲကို ကူမပေးလိုက်တယ်။
“ကျွန်မက တစ်ချိန်လုံး ထိုင်လာတာလေ.. အဲလောက် မပင်ပန်းပါဘူး.. အိမ်ကအလုပ်တွေကိုလည်း ကူညီပေးလို့ရပါတယ်.. ကောက်နှံတွေလည်း ခြောက်ခါနီးနေပြီလေ”
ဝမ်စုဖန်းက သူမ ယာကွက်ထဲကနေ ကောက်ရိတ်ထားတာတွေကို တွေးလိုက်မိတော့ မပြုံးဘဲ မနေနိုင်ဖြစ်သွားရတယ်။
“နှစ်တိုင်း ဒီလိုသာ ကောက်နှံတွေ ကောင်းကောင်းရိန်ရမယ်ဆိုရင် ငါ ပင်ပန်းရင်တောင် ပင်ပန်းသလိုခံစားရမှာမဟုတ်ဘူး”
ကျန်းကျန်းက ထိုစကားကို ကြားတတော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူမရဲ့ရင်ဘတ်လေးကို ကော့လိုက်လေတယ်။ သူတို့တွေ ပင်ပန်းမှာစိုးလို့ဆိုတဲ့ အကြောက်တရားသာ မရှိဘူးဆိုရင် သူမက တစ်နေ့ကို တစ်ခါတောင် ကောက်ရိတ်သိမ်းလိုက်လို့ ရတယ်။
လူနှစ်ယောက် အိမ်ကိုပြန်ရောက်လာပြီဖြစ်တာကြောင့် အလုပ်လုပ်ရတာက ပိုပြီးမြန်ဆန်လာခဲ့တယ်။ လီမူဝူက သူ့ရဲ့ သားသုံးယောက်ကိုခေါ်ပြီး အနောက်ဘက်ခြံထဲမှာ ကောက်နှံတွေခြွေဖို့အတွက် တစ်နေကုန်ခေါ်ထားခဲ့တယ်။
ကောင်လေးသုံးယောက်က ကောက်ပဲသီးနှံတွေကို ကြိတ်ဆုံနဲ့ တစ်လှည့်စီ တလင်းနယ်ခဲ့ကြတယ်။ ညဘက်ရောက်တဲ့အချိန်မှာတော့ ချွေးတွေနဲ့စိုရွှဲလို့ နေပြီဖြစ်ကာ ခန္ဓာကိုယ်ပေါ်မှာလည်း အဝတ်အစားတွေ မကပ်နိုင်ခဲ့ကြတော့ဘူး။