← Chapters

ဘယ်သူက နယ်ရုပ်လဲ

Vol. 11 Ch. 1084

ဘယ်သူက နယ်ရုပ်လဲ

Vol. 11 Ch. 1084

"တကယ်ပဲ နတ်ဘုရားတွေက လုပ်ခဲ့တာလား…"

ချန်းဖန်၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေ၏။

သူ၏ စကားထဲမှ "နတ်ဘုရား" ဆိုသော စကားလုံးမှာ လူအများ ပြောနေကြသည့် တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများကို ရည်ညွှန်းခြင်း မဟုတ်ချေ။ အစစ်အမှန် နတ်ဘုရားများကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ သို့သော်လည်း အစစ်အမှန် နတ်ဘုရားများမှာ အလွန် ရှားပါးလှသည်။ နှစ်ပေါင်း သန်းချီ ကြာသော အခါတွင်မှ တစ်ယောက် ပေါ်ထွက် တတ်သည်။ ချန်းဖန် ပင်လျှင် အတိတ်ဘဝ၌ နောက်ဆုံးသော ကောင်းကင် ကပ်ဘေး၌ သေဆုံးခဲ့ရသည်။

"ဒီတော့ကာ ကောက်ချက် ချရမယ် ဆိုရင် လွန်ခဲ့တဲ့ နှစ်သန်းချီမှာ နတ်ဘုရားတွေ ဒါမှမဟုတ် နတ်ဘုရား တစ်ပါးက မိစ္ဆာ ဖုတ်ကောင် တစ်ကောင်ကို ဒီနေရာမှာ အကျဉ်းချထားတယ်… နောက်ပြီး ဒီမိစ္ဆာ ဖုတ်ကောင်က တာအို ပေါင်းစည်းခြင်း အဆင့် မဟုတ်ဘူး… မိစ္ဆာ ဘိုးဘေး ခြောက်ကောင်နဲ့ တူညီတဲ့ အဆင့် တစ်ခုမှာ ရှိနေတယ်"

ချန်းဖန်သည် အတိတ်ဘဝမှ အကြောင်းအရာများနှင့် ယခု အဖြစ်အပျက်တို့ကို ပေါင်းစည်းကာ တစ်ခုခုအား အဖြေထုတ်ရန် ကြိုးစားကြည့်နေ၏။

"ဒါပေမဲ့ ဆရာနဲ့ နတ်ဘုရားဂိုဏ်းကြီးတွေရဲ့ ကျင့်ကြံသူတွေက ဘာလို့ ကမ္ဘာကို ရောက်လာကြတာလဲ… သူတို့က ဒီအစီအရင်ကို အားဖြည့်ဖို့လား"

သို့‌သ်ေလည်း သေချာကြည့်ပါက ထိုနတ်ဘုရား ကုန်းမြေပေါ်ရှိ ကျောက်တုံးများ၊ ပင်လယ်များ၊ တောင်တန်းများ အားလုံးမှာ နတ်ဘုရား သင်္ကေတများဖြင့် ပြည့်နှက် နေသည်ကို တွေ့မြင်နိုင်သည်။ ထိုသင်္ကေတများမှာ အလွန်အမင်း ရှေးကျ အိုမင်းလှ၏။ ဆရာထန်ချင် ပင်လျှင် ထိုအရာများကို နားလည် နိုင်လိမ့်မည် မဟုတ်ချေ။

နတ်ဘုရား သင်္ကေတ...

ထိုအရာများကား နတ်ဘုရား သင်္ကေတများ ဖြစ်ကြပေသည်။ အတိဒုက္ခအဆင့် ကျင့်ကြံသူများနှင့် နတ်ဘုရားများ သာလျှင် အလိုအလျောက် စွမ်းရည်ဖြင့် ထိုအရာများကို နားလည်နိုင်ကြသည်။ ချန်းဖန်သည် အတိတ်ဘဝ၌ အတိဒုက္ခ အဆင့်ကို ရောက်ရှိခဲ့ရာ နတ်ဘုရား သင်္ကေတများကို တီးမိခေါက်မိ ရှိပေသည်။

“ဟူး... ဟူး...”

ရွှေရောင် မီးတောက်သည် ချန်းဖန်၏ မျက်လုံး အတွင်း လင်းလက်နေ၏။ သူ၏ လီးတောက် ရွှေရောင်မျက်လုံးသည် အဆုံးစွန် နိုးထနေသည်။ ချန်းဖန်သည် နတ်ဘုရား ကုန်းမြေအား ကြည့်ရန် အတွက် ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်ကိုပင် အသုံးပြု နေခဲ့ရသည်။

"မိစ္ဆာ ဖုတ်ကောင်ရဲ့ အဓိက မိစ္ဆာချီတွေက နတ်ဘုရား ကုန်းမြေရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်… အပြင်ကို စိမ့်ထွက်နေတဲ့ မိစ္ဆာချီတွေက မိစ္ဆာ ဖုတ်ကောင်ရဲ့ အပုံ တစ်ထောင်ပုံ တစ်ပုံပဲ ရှိတယ်"

ချန်းဖန်၏ အတွေ့အကြုံ အရဆိုလျှင် ထိုနေရာ၌ အနည်းဆုံး အခြေတည် ဝိညာဥ် ထိပ်ဆုံးအဆင့် မိစ္ဆာ သန္ဓေသား တစ်ကောင် ဖွဲ့စည်းပြီးနေလောက်ပြီ ဖြစ်သည်။ အကယ်၍ ထိုမိစ္ဆာသာ ပြည့်စုံသွားပါက နတ်ဘုရား ကုန်းမြေမှာ အန္တရာယ်များ ပြည့်နှက်နေသည့် မိစ္ဆာ ကုန်းမြေ အသွင်သို့ပင် ပြောင်းလဲသွားနိုင်သည်။

မိစ္ဆာ ဖုတ်ကောင်မှာ မည်မျှ အထိ အစွမ်းထက်သနည်း။ ၎င်းသာ အသက်ရှင်နေဆဲ ဆိုပါက ထိုသတင်းမှာ စကြဝဠာ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်မှာမူ ကြောက်ရွံ့ခြင်း မရှိပါချေ။ သူသည် လူသား ကမ္ဘာပေါ်၌ ထိုကဲ့သို့ သက်ရှိတစ်ကောင် တွေ့မြင်ရခြင်း ကြောင့်သာ အနည်းငယ် အံ့အားသင့်မိနေခြင်း ဖြစ်သည်။ သူသည် အတိတ်ဘဝ၌ ရာစုနှစ် ငါးခုအထိ အသက်ရှင်ခဲ့သည့်တိုင် ထိုအကြောင်းအရာကို တစ်ခါမှ မကြားခဲ့ဖူးချေ။

“အမှန်ပဲ... အတိတ်ဘဝမှာ ကမ္ဘာကို ပြန်လာတုန်းက ငါက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကိုပဲ ရောက်သေးတာလေ... ဒီတော့ ရှေးဟောင်းခေတ် နတ်ဘုရားတွေရဲ့ အကြံအစည်ကို ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့မှာလဲ”

ချန်းဖန်က ခေါင်းအား ခါယမ်း လိုက်သည်။ သို့သော်လည်း သူသည် မျက်မှောင်ကြုတ်ထားဆဲ ဖြစ်၏။ နတ်ဘုရား ကုန်းမြေ၌ မိစ္ဆာ ဖုတ်ကောင် ကဲ့သို့သော သက်ရှိတစ်ကောင် ရှိနေလေရာ ထိုနေရာ၌ ဖြစ်ပေါ်လာသော ရတနာများမှာ တောင်ပိုင်း ဒေသငယ် ထာဝရဂိုဏ်းများ၏ တပည့်များ အတွက် အလွန် အဖိုးထိုက်တန် လိမ့်မည် ဖြစ်သည်။ မိစ္ဆာ ဝိညာဥ်ကျောက်တုံး တစ်ခု ပင်လျှင် မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များနှင့် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များကို တိုက်ပွဲများ ဆင်နွှဲစေပေလိမ့်မည်။

သို့သော်လည်း ထိုရတနာများမှာ ဆရာထန်ချင်နှင့် နတ်ဘုရားဂိုဏ်းကြီးများ အတွက်မူ အရေးကြီးသော အရာများ မဟုတ်ပါချေ။

“သူတို့ ရှာနေတဲ့ မဟာ အခွင့်အရေး ဆိုတာက ဘာလဲ... ငါတို့က ကမ္ဘာ အပြင် စွန့်ပစ်ခံဂြိုဟ်နယ်မြေ တစ်လျှောက်လုံးမှာတောင် အစီအရင်တွေ အထပ်ထပ် ခင်းထားသေးတယ်... အစစ်အမမှန် ကောင်းကင် ကျေးကျွန်လို အစီအရင်မျိုးတောင် ပါတယ်... ပုံမှန် ဆိုရင် ဒီအစီအရင်တွေကို အရမ်းကို အရေးကြီးတဲ့ ကိစ္စတွေမှ သုံးတာပါ”

ချန်းဖန်သည် ထိုအရာ၏ နောက်ကွယ်၌ လျှို့ဝှက်ချက် များစွာ ရှိနေသလို ခံစား နေရသည်။ အတိတ်ဘဝ၌ ဆရာ ထန်ချင်က သူ့အား ခေါ်ဆောင်သွားခြင်းကပင် ထိုအစီအစဥ်ကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေနိုင်ပေသည်။

“ငါက သူတို့ရဲ့ အစီအစဥ် အတွက် အရမ်း အရေးကြီးတယ် ဆိုရင် ငါ ထျန်းဟောင်ဂြိုဟ်မှာ ရှိနေလည်း ဆရာထန်ချင်က လာခေါ်မှာပဲလေ... ကောင်းကင်လမ်းကြောင်းက ရွှေအမြုတေ အဆင့်၊ အခြေတည် ဝိညာဥ် အဆင့်တွေ အတွက် အရမ်း ရှည်လျားတယ် ဆိုပေမဲ့ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေ ဆိုရင် နေ့တစ်ဝက်နဲ့တောင် ရောက်နိုင်ကြတယ်...  တာအို ပေါင်းစည်းခြင်း အဆင့်တွေ ကျတော့ အတွေး တစ်ချက်နဲ့တင် နေကို ဝါးမျိုနိုင်တဲ့ အပြင် အလင်းနှစ် သန်းချီကို သွားလာနိုင်စွမ်း ရှိကြတယ်... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကို ပတ်ဖို့က သူတို့ အတွက် တစ်စက္ကန့်လောက်ပဲ လိုတယ်”

“ဒါပေမဲ့ ၂၀၂၀ မှာပဲ သူက ငါနဲ့ ပတ်သက်တဲ့လူ အားလုံးကို ‌ခေါ်သွားပြီး ငါတစ်‌ယောက်တည်းကိုပဲ ချန်ထားခဲ့တယ်... ဒါကကျတော့ ငါက သူ့အတွက် အရေးမကြီးဘူးလို့ အဓိပ္ပာယ် ရနေပြန်ရော”

ချန်းဖန်သည် ဆက်လက် ခန့်မှန်းနေ၏။ သူသည် အမှန်တရားနှင့် နီးကပ်လာပြီဟု ခံစား နေခဲ့မိသည်။

“ငါက အရေးမကြီးဘူး ဆိုရင် ဘယ်သူက အရေးကြီးတဲ့လူပဲ...”

ချန်းဖန်က ကောင်းကင်သို့ မော့ကာ ကျယ်ပြောသော နတ်ဘုရား ကုန်းမြေ၏ ထောင့်တစ်နေရာကို ကြည့်လိုက်၏။ ချန်းဖန်သည် မတူ ကွဲပြားသော အရောင်အဝါများကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ အချို့ကို တွေ့ရသည်။ သူတို့သည် သေးငယ်သော အစက်အပျောက်လေးများ အဖြစ် ကောင်းကင်တွင် ပျံသန်းနေကြ၏။

ချန်းဖန်သည် လေဟာနယ် မုန်တိုင်းများ တားဆီးထားသည့်တိုင် ထိုကျင့်ကြံသူများကို ကောင်းစွာ တွေ့မြင်နိုင်ပေသည်။ သူတို့ထဲမှ တစ်ယောက်မှာ အပိုလို ကဲ့သို့ အရောင်အဝါများ လင်းလက်နေသည့် လူငယ် တစ်ယောက် ဖြစ်သည်။ ချန်းဖန်သည် သူ့အား ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်းသွား၏။

“အပိုလို နန်းတော်ရဲ့ နတ်ဘုရား မင်းသား... မင်း ငါ့ကို စောင့်နေ... ငါ မကြာခင် နတ်ဘုရား ကုန်းမြေကို လာပြီး မင်းကို သတ်မယ်”

ချန်းဖန်က အေးစက်နေသော လေသံဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း သူ၏ စိတ်များမှာ ရှုပ်ထွေးနေဆဲ ဖြစ်သည်။ အကယ်၍ သူက အရေး အကြီးဆုံး နယ်ရုပ် မဟုတ်ပါက မည်သူနည်း။ နတ်ဘုရား ဂိုဏ်းကြီးများမှာ မည်သည့် အရာကို အလိုရှိနေသနည်း။

“ဖြစ်နိုင်တာက...”

ချန်းဖန်မှာ ရုတ်တရက် ဆွံ့အ သွား၏။ သူသည် ကောင်းကင်သို့ မော့ကာ လီမီးတောက် ရွှေရောင် မျက်လုံးကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် နိုးဆွလိုက်သည်။ ထိုအခိုက်၌ နတ်ဘုရား ကုန်းမြေကို ကြည့်နေသည့် သူ၏ မျက်လုံးများမှာ ရွှေရောင် မီးတုတ်များနှင့်ပင် အလား သဏ္ဌာန် တူနေသေးတော့သည်။

ထို့နောက်... မြင်ကွင်း တစ်ခုမှာ ချန်းဖန်၏ အမြင်၌ ပေါ်လာခဲ့တော့၏။

“ဟူး... ဟူး...”

လေဟာနယ် မုန်တိုင်းများသည် ပြင်းထန်စွာ တိုက်ခတ်နေကာ မရေမတွက်နိုင်သည့် ဟင်းလင်းပြင် လေပွေများမှာ အရှိန်ပြင်းစွာ လည်ပတ်နေ၏။ ထိုနေရာ ရှိသော ကြောက်မက်ဖွယ် စွမ်းအားများကား ကောင်းကင်ကိုပင် အက်ကွဲစေနိုင်စွမ်း ရှိဟန် ရသည်။ အကယ်၍ ထိုနေရာသို့ ဝင်ပါက အခြေတည် ဝိညာဥ် အဆင့် ပင်လျှင် ဖျက်ဆီး ခံရနိုင်သည်။

လေဟာနယ် မုန်တိုင်းများ၏ အလွန်တွင်မူ မိစ္ဆာချီများဖြင့် ဖုံးလွှမ်းနေသည့် ထိုက်ကျိစက်ဝိုင်း သဏ္ဌာန် ကျယ်ပြောသော နတ်ဘုရား ကုန်းမြေ တစ်ခု ရှိသည်။

မရေမတွက်နိုင်သော နတ်ဘုရား အစီအရင်များနှင့် ကောင်းကင် အစီအရင်များသည် နတ်ဘုရား ကုန်းမြေ၏ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။

အစစ်အမှန် ကောင်းကင်ကျေးကျွန် အစီအရင်၊ အဇူရာ သက်ရှည် နတ်ဘုရား အစီအရင်၊ တာတာအို မီးပြင်းဖို အစီအရင်...

ချန်းဖန်သည် ထိုအထဲမှ အစီအရင် ရှစ်ခုကို ချက်ချင်းပင် မှတ်မိလိုက်သည်။ ထိုအရာ အားလုံးမှာ မဟာ ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ကာ သူတော်စင်များကိုပင် ထောင်ဖမ်းနိုင်သည့် အစီအရင်များ ဖြစ်သည်။ နတ်ဘုရား ကုန်မြေ တစ်ခုလုံးကား အန္တရာယ်များဖြင့် ပြည့်နှက် နေချေသည်။

ထိုအစီအရင်များသည် ကောင်းကင်တွင် ကြီးမားသော ကျောက်ဆုံကြီး အလား လည်ပတ်နေသည်။ မိစ္ဆာချီနှင့် နတ်ဘုရား ကုန်မြေတို့သည် ၎င်းတို့၏ ချဥ်ထောင် ဆွဲငင်အားကို ခံထားဟန် ရသည်။ နတ်ဘုရား ကုန်းမြေသည် မိစ္ဆာချီများကို ချိုးဖျက်ကာ အခြားစွမ်းအင် အဖြစ် အသွင် ပြောင်းနေ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ... နတ်ဘုရားတွေက မိစ္ဆာဖုတ်ကောင်ကို သန့်စင်ဖို့ ဒီအစီအရင်ကို ဖွဲ့စည်းထားခဲ့တာလား...”

မိစ္ဆာ ဖုတ်ကောင်ကြီးကား ကောင်းကင်ရှိ နတ်ဘုရားများနှင့်ပင် နှိုင်းယှဥ်နိုင်သည့် သက်ရှိ ဖြစ်သည်။ မိစ္ဆာကမ္ဘာတွင်ပင် သူ့လောက် သန့်စင်သည့် မိစ္ဆာချီကို ပိုင်ဆိုင်ထားသော မိစ္ဆာ ရှိမည် မထင်ချေ။ သူ့အား ထပ်မံ သန့်စင်ထားသော စွမ်းအင်မှာ အားနည်းနေသည့်တိုင် ကမ္ဘာပေါ်ရှိ စွမ်းအင် အမျိုးအစား အားလုံးထက် ပိုမို၍ အစွမ်းထက်ပေသည်။ ထိုစွမ်းအင်ကား အစစ်အမှန် နတ်ဘုရား နယ်မြေရှိ နတ်ဘုရားချီနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

စကြဝဠာ တစ်ခုလုံး၌ နတ်ဘုရား ဂိုဏ်းကြီး ကိုးခု သာလျှင် နတ်ဘုရား နယ်မြေသို့ သွားရာ အစီအရင်ကို ပိုင်ဆိုင် ထားကြပေသည်။ အတိဒုက္ခ အဆင့်သို့ ရောက်သော ကျင့်ကြံသူများသည် ထိုအစီအရင်မှ တစ်ဆင့် နတ်ဘုရား ကုန်းမြေနှင့် ဆက်သွယ်ကာ နတ်ဘုရားချီကို ခံစားနိုင်ကြသည်။ ဒဏ္ဍာရီများ အရ ဆိုလျှင် သာမန်လူ တစ်ယောက်သည် နတ်ဘုရားချီကို တစ်ခါရှူရုံမျှပင် နှစ်ရာချီ အခက်အခဲ မရှိ အသက်ရှင်နိုင်သည် ဟု ဆိုသည်။ နတ်ဘုရားချီ တစ်စက်ချင်း၊ တစ်ငွေ့ချင်းစီက ကောင်းကင်ဆေးဝါးများထက်ပင် ပို၍ အဖိုး တန်ပေသည်။

“ဒီနတ်ဘုရားချီတွေက ဘယ်နေရာကို သွားနေတာလဲ...”

ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ရွှေရောင်နှင့် ခရမ်းရောင် စွမ်းအင်များသည် ကောင်းကင် တစ်လျှောက် စီးဆင်းကာ ကမ္ဘာနှင့် အမြုတေနှင့် ချိတ်ဆက်နေကြသည်။

“ဒါက ကမ္ဘာကို သွားတာတော့ လုံးဝ မဖြစ်နိုင်ဘူး... မဟုတ်ရင် ကမ္ဘာက စကြဝဠာရဲ့ အကောင်းဆုံး ကျင့်ကြံခြင်းဂြိုဟ် တစ်ခု ဖြစ်နေလောက်ပြီ”

ထိုအရာကား နတ်ဘုရားချီ ဖြစ်ပေသည်။ ချန်းဖန်ကား အတိတ်ဘဝ၌ အတိဒုက္ခ အဆင့်ကို ရောက်ရှိခဲ့ရာ နတ်ဘုရားချီ မည်မျှ အဖိုးထိုက်တန်သည်ကို သိရှိထားပေသည်။ ဝက်တစ်ကောင်ပင်လျှင် နတ်ဘုရားချီကို နှစ်တစ်ရာလောက် ရှူမိပါက နဂါးများကို ယှဥ်တိုက်နိုင်သည် အထိ အစွမ်းထက် လာလိမ့်မည် ဖြစ်သည်။

“ကမ္ဘာရဲ့ အမြုတေမှာ တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေတာများလား... သူက နတ်ဘုရားချီရဲ့ အကူအညီနဲ့ အတိဒုက္ခ အဆင့်ကို ချိုးဖျက်နေတာလည်း ဖြစ်နိုင်တာပဲ”

“ဒါမှ မဟုတ် နတ်ဘုရားဂိုဏ်းကြီးတွေက အရမ်းကို အစွမ်းထက်တဲ့ လက်နက် တစ်ခုကို နတ်ဘုရားချီတွေနဲ့ မွမ်းမံ နေတာလား... မဟုတ်သေးပါဘူး... ငါ အတိတ်ဘဝတုန်းက ဘာနတ်ဘုရား လက်နက် အကြောင်းကိုမှ မကြားဖူးဘူး”

“မဟုတ်မှ လွဲရော ရှေးဟောင်းခေတ်က နတ်ဘုရား တစ်ပါးက ဒီနေရာမှာ ပြန်မွေးဖွားဖို့ အစီအစဥ်တွေ ချထားတာလား”

များစွာသော ခန့်မှန်းချက်များမှာ တစ်ခုပြီး တစ်ခု ချန်းဖန်၏ အတွေးတွင် ပေါ်လာနေ၏။ သို့သော်လည်း ထိုခန့်မှန်းချက်များမှာ ချန်းဖန်၏ ပယ်ချမှုကို ခံနေရစမြဲ ဖြစ်သည်။ ဤအဖြစ်အပျက်က ထိုမျှလောက် မရိုးရှင်းချေ။ အလွန် ရှုပ်ထွေးသော လျှို့ဝှက်ချက်များ ရှိနေနိုင်ပေသည်။

“နေဦး...”

ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော အတွေး တစ်ခုမှာ ချန်းဖန်၏ စိတ်အတွင်း ပေါ်လာခဲ့၏။

“ဖြစ်နိုင်တာက...”

ချန်းဖန်၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပိတ်သွားခဲ့သည်။ သူသည် နက်ရှိုင်းသော အတွေးနယ်ပယ် တစ်ခုသို့ ရောက်ရှိ သွားဟန်ရ၏။ သူ မျက်လုံးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သော အခါ၌ သူ၏ အ‌ရှေ့ရှိ ကမ္ဘာကား လုံးဝ ခြားနားနေခဲ့တော့သည်။

“ဘုန်း...”

ထိုအခိုက်၌ လေဟာနယ် မုန်တိုင်းများသည် ချန်းဖန်၏ အ‌ရှေ့၌ ပျောက်ကွယ်သွားဟန် ရသည်။ အဝေးရှိ အရာ အားလုံးမှာလည်း ချန်းဖန်နှင့် နီးကပ်လာ၏။ ချန်းဖန် ပထမဆုံး မြင်လိုက်ရသည့် အရာကား အလင်းရောင်ခြည်များကို ထုတ်လွှတ်နေသည့် နတ်ဘုရား ကုန်းမြေ ဖြစ်သည်။ ၎င်းသည် များစွာ‌သော နတ်ဘုရား သင်္ကေတများကို လွှမ်းခြုံကာ မိစ္ဆာဖုတ်ကောင်ကို ဖုံးအုပ်ထားသည်။

“ဟူး.. ဟူး...”

မိစ္ဆာချီများသည် မိစ္ဆာ ဖုတ်ကောင်ထံမှ ရုန်းထွက်လာကာ အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ သန္ဓေလောင်းများ၊ မိစ္ဆာပေါက်စများနှင့် မိစ္ဆာ လက်နက်များ အသွင်သို့ ပြောင်းလဲသည်။ သို့သော်လည်း အစီအရင်များ ပေါင်းစည်းထားသည့် မိစ္ဆာ ကြိတ်ဆုံကြီးသည် ၎င်းတို့အား တိုက်ရိုက် သန့်စင်ကာ နတ်ဘုရားချီ အဖြစ် အသွင် ပြောင်းလဲ နေကြသည်။

“ဒီအစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ ရှိတဲ့ လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုကို ပြုစု ပျိုးထောင်ပေးဖို့လား”

ချန်းဖန်၏ မျက်လုံးများမှာ တဖျပ်ဖျပ် လင်းလက် တောက်ပသွားခဲ့၏။

***

All Chapters