← Chapters

Chapter 50

Vol. 5 Ch. 50

Chapter 50

Vol. 5 Ch. 50

မဒမ်လီနှင့် ဝမ်စုဖန်းကတော့ အိမ်မှာစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေတွေ ခူးနေခဲ့ကြတယ်။ သိုလှောင်သင့်တာကို သိုလှောင်ပြီး၊ အချဉ်သိပ်သင့်တာ သိပ်ကာ အခြောက်ခံသင့်တာကို လေနှင့်အခြောက်ခံကြတယ်။

အလုပ်တွေပြီးစီးတဲ့အချိန်မှာတော့ မုန်လာထုပ်တွေကိုပါ ထပ်ပြီးအချဉ်သိပ်ခဲ့ကြပြန်တယ်။ ဝမ်စုဖန်းကတော့ မုန်လာဥဝါတွေကိုလည်း နောက်ထပ် အချဥ်သိပ်ခဲ့သေးတယ်။

ဆောင်းရာသီမှာ ဒါတွေကို နုပ်နုပ်စဉ်းပြီး စားလို့ရတယ်လေ။ အစိမ်းရောင်၊ အဝါရောင်တွေ လွှမ်းတဲ့ နွေဦးမှာတောာ့ အဲ့ဒါကို ဝက်ဆီနဲ့ ကြော်လိုက်ရင် အလွန်ကောင်းတဲ့ ဟင်းလျာတစ်ခွက် ရလာလိမ့်မယ်။

ကွေ့ဟွားက ခန်ပေါ်မှာထိုင်ပြီး သူမရဲ့ လက်တွေကတော့ အမွေးပွ ဝါဂွမ်းတွေကို တစ်လွှာချင်းစီ ရုပ်ပုံတစ်ချပ်လို သေသေသပ်သပ် ကိုက်ညှပ်နေခဲ့တယ်။

ကျန်းကျန်းကလည်း ခန်ရဲ့ တခြားတစ်ဘက်မှာ ထိုင်ပြီး လိမ်လိမ်မာမာနှင့် သစ်သီးတွေ ထိုင်စားနေခဲ့တယ်။ သူမ ဗိုက်ပြည့်သွားတော့ ပြတင်းပေါက်ဘောင််ပေါ်မှာ လှဲလိုက်ပြီး သူမရဲ့အစ်ကိုသုံးယောက်နဲ့ အလုပ်တူတူလုပ်နေတဲ့ လီမူဝူကို လှမ်းကြည့်နေခဲ့တယ်။

အိမ်ကို အတွင်းရော အပြင်ပါ ရှင်းလင်းပြီးသွားတဲ့အချိန်မှာ ရာသီဥတုကလည်း တဖြည်းဖြည်းပိုပြီးအေးခဲလာတော့တယ်။

လီမူဝူက တစ်နှစ်တာလုံး သူစုဆောင်းလာခဲ့တဲ့ သတင်းစာရွက်တွေကို ပြတင်းပေါက်အပြင်ဘက်မှာ တစ်လွှာပြီး တစ်လွှာ ကပ်နေခဲ့တယ်။ မြောက်လေတွေ အပြင်းအထန် တိုက်ခတ်ပြီး နှင်းမုန်တိုင်းတိုက်တာလောက် ဘာကမှကြောက်စရာ မကောင်းဘူးလေ။

ထူထဲတဲ့ သတင်းစာရွက်တွေက လေကို ကာကွယ်နိုင်ပေမဲ့ မကောင်းတဲ့အချက်တစ်ခုကတော့ သတင်းစာက ထူလွန်းတဲ့အတွက် အလင်းမဖောက်နိုင််တော့ဘဲ အခန်းတွေက အနည်းငယ် မှောင်နေခဲ့တာပဲ။

နိုဝင်ဘာလကုန်သွားတဲ့ အချိန်မှာတော့ လီမင်တုန်က ပေချန်က ပြန်လာခဲ့တယ်။

မီးဖိုချောင်ထဲမှာရှိနေတဲ့ မဒမ်လီက တံခါးဖွင့်သံကြားလို့ ထွက်ကြည့်လိုက်တဲ့အခါ သူမရဲ့ မြေးအကြီးဆုံး ပြန်လာတာကို တွေ့လိုက်ရပြီး အလျင်စလို မေးလိုက်တယ်။

“မင်း ဘာလို့ အစောကြီး ပြန်လာရတာလဲ? ကျောင်းက အားလပ်ရက် ပေးလိုက်တာလား?”

ပြီးတော့ သူမက အော်ခေါ်လိုက်တယ်။

“ကွေ့ဟွား..မြန်မြန်လာခဲ့..တုန်ဇီ ပြန်လာပြီ”

ကွေ့ဟွားသည်လည်း မဒမ်လီရဲ့အသံကိုကြားတော့ သူမရဲ့လက်ထဲက တစ်ဝက်တစ်ပြတ်ချုပ်လက်စ ဖိနပ်ကို ချလိုက်ပြီး အပြင်ကိုထွက်ကာ နှုတ်ဆက်လာခဲ့တယ်။

သူတို့နှစ်ယောက်က လဝက်လောက်ပဲ စကားပြောခဲ့ရပြီး နှစ်လတာလောက် ခွဲခွါလိုက်ရတာလေ။ မင်တုန်နဲ့ ကွေ့ဟွားတို့က သူတို့ရဲ့နှလုံးသားထဲမှာ တစ်ယောက်အကြောင်းကို တစ်ယောက် တွေးတော့နေခဲ့ကြတာ။

လီမင်တုန်က မဒမ်လီကို စကားပြောနေပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ ကွေ့ဟွားဆီကိုပဲ ကြည့်နေခဲ့တယ်။ ကွေ့ဟွား ပင်းချန်ကပြန်လာတော့ မဒမ်လီနဲ့ ဝမ်စုဖန်းတို့က သူမကို လျှော်ဖွတ်သန့်ရှင်းရေးလိုမျိုး အလုပ်တွေကို မလုပ်ခိုင်းခဲ့ကြဘူး။

ဒါ့အပြင် ဒီရက်ပိုင်းတွေပိုင်းမှာ အပ်ချုပ်ရတာကလွဲလို့ ကျန်တဲ့ကြမ်းတမ်းတဲ့အလုပ်တွေကိုလည်း သူမရဲ့လက်တွေနဲ့ မထိခိုင်းခဲ့ကြပြန်ဘူး။

သူမလက်တွေကို ညတိုင်း ရေနွေးနဲ့ စိမ်ပြီး လီမင်တုန်ပေးလိုက်တဲ့ အလှဆီကို တစ်လွှာလောက် လိမ်းထားခဲ့တဲ့အတွက်သူမရဲ့ သွယ်လျတဲ့လက်ချောင်းတွေက ပိုမိဖြူဖွေးပြီး ပိုလိာ့ချောမွတ်နူးညံ့လာခဲ့တော့တယ်။

လီမင်တုန်ရဲ့ မျက်လုံးတွေက ကွေ့ဟွားရဲ့ မျက်နှာလေးဆီကနေ ဆံပင်တွေကို ထိကိုင်နေတဲ့ လက်ချောင်းလေးတွေဆီကိုရောက်သွားပြီး နှစ်လတာလောက် လစ်ဟာနေခဲ့တဲ့ သူ့ရဲ့နှလုံးသားကလည်း ပြန်လည်ပြည့်တင်းလာခဲ့တော့တယ်။

ကွေ့ဟွားက သူမကို မျက်တောင်မခတ်တမ်းကြည့်နေတဲ့ မင်တုန်ကို တွေ့တော့ သူမရဲ့မျက်နှာက နီရဲသွားခဲ့ပြီး နှုတ်ခမ်းကို တင်းအောင်ဖိလိုက်မိကာ ပျားရည်လိုချိုတဲ့ အသံလေးနဲ့ ပြောလိုက်တယ်။

“အစ်ကိုမင်တုန် ပြန်ရောက်ပြီလား?”

“အော ! အင်း မင်း အိမ်မှာ အဆင်ပြေရဲ့လား?”

မင်တုန်က ကြောင်တောင်တောင်နဲ့ ပြန်မေးလိုက်တယ်။

“အဆင်ပြေပါတယ်”

ကွေ့ဟွားက မင်တုန်ကို အရည်ရွှန်းလဲ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာကြောင့် လီမင်တုန်ရဲ့ စိတ်ဝိဉာဉ်က သူမဆီကို ဆွဲယူ ခံလိုက်ရသလို ဖြစ်နေခဲ့ရတယ်။

ကျန်းကျန်းက ဝမ်စုဖန်းရဲ့ လက်မောင်းထဲမှာ လဲလျောင်းရင်း သူမရဲ့အစ်ကိုကြီးနဲ့ ကွေ့ဟွားတို့ကို ကြည့်နေခဲ့တယ်။

သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးစွာ ကြည့်နေခဲ့ကြပြီး တစ်ယောက်က ရှက်သွေးနေခဲ့ဖြာကာ တစ်ယောက်ကတော့ နားရွက်တွေ နီမြန်းနေခဲ့တယ်။

ဒါပေမဲ့ ဘယ်သူကမှ ရှေ့ဆက်မတိုးကြတာကြောင့် ကျန်းကျန်းတစ်ယောက် ကြည့်နေရင်းနှင့် စိုးရိမ်လာရတယ်။ သူတို့တွေ ချစ်မိနေကြတာမဟုတ်ဘူးလား? လက်ကိုကိုင်လိုက်လို့ရတယ်လေ? ဘာပဲဖြစ်ဖြစ် ဘေးကလူတွေရဲ့ ခံစားကိုတော့ ထည့်စဉ်းစားသင့်တယ်နော်? အိုခေ?

လီမိသားစုဟောင်းထဲက လူတွေကတော့ ကျန်းကျန်းလောက် အရိပ်အကဲမသိတာ နှမြောစရာပဲ။ သူတို့နှစ်ယောက်က စကားသုံးခွန်းလောက် ပြောလိုက်ချိန်မှာပဲ အပြင်က ပြန်လာတဲ့ လီမင်နန်နဲ့ လီမင်ပေတို့က လီမင်တုန်ဆီကို ပြေးလာပြီး ခုန်ဝင်လာခဲ့ကြတယ်။

“အစ်ကို .. ဘာဖြစ်လို့ အစောကြီးပြန်လာရတာလဲ? ဒုတိယအစ်ကိုတောင် ခုချိန်ထိ အားလပ်ရက် မရသေးဘူးလေ”

လီမင်တုန်က ကောင်လေးနှစ်ယောက်ကို တွန်းထုတ်လိုက်ပြီးနောက် သူ့ရဲ့နောက်မှာ ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ လီမူဝူနဲ့ ဝမ်စုဖန်းတို့တွေမတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူက လျှင်မြန်စွာ နှုတ်ဆက်လိုက်တယ်။

“အဖေ.. အမေ..”

ဝမ်စုဖန်းက ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

“တံခါးမှာ ပိတ်ရပ်မနေကြနဲ့လေ ခန်ပေါ်မှာ စကားသွားပြောကြ”

လီမင်နန်နဲ့ လီမင်ပေတို့က လီမင်တုန်ရဲ့ လက်ဆွဲအိတ်ကို အိမ်ထဲကို ယူသွားဖို့ လုယက်နေကြပြီး မိသားစုတစ်ခုလုံးက သူတို့ဖိနပ်တွေကိုချွတ်ကာ ခန်ပေါ်မှာ ဝင်ထိုင်လိုက်ကြတယ်။ ကျန်းကျန်းကတော့ ဝမ်စုဖန်းရဲ့လက်ပေါ်က ဆင်းလိုက်ကာ ကွေ့ဟွားနဲ့ မင်တုန်တို့ကြားမှာ ဝင်ထိုင်လိုက်တယ်။

လီမင်တုန်က သူ့ရဲ့ဘေးမှာလာထိုင်တဲ့ ကျန်းကျန်းကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် သူမရဲ့ ခေါင်းလေးကို အသာပုတ်လိုက်တယ်။

“နှစ်လပဲရှိသေးပေမဲ့ ကျန်းကျန်းက တော်တော်လေးထွားလာပြီပဲ”

ကျန်းကျန်းက သူမရဲ့ ပါးစပ်သေးသေးလေးကိုဟလိုက်ပြီး သွားသေးသေးလေး(၈)ချောင်းလုံးကိုဖော်လှစ်ပြသလိုက်တယ်။

“အကိုကြီး!”

“တော်လိုက်တာ!”

လီမင်တုန်က ခန်ရဲ့ အစွန်းမှာချထားတဲ့ သူ့ရဲ့ကျောင်းလွယ်အိတ်ကို ဆွဲယူလိုက်ပြီး ချိုချဉ်တစ်လုံးယူကာ ကျန်းကျန်းကို လှမ်းပေးလိုက်တယ်။

“ဖွက်ထားနော်၊ မင်းရဲ့ တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့ မတွေ့သွားစေနဲ့!”

ကျန်းကျန်းက ချိုချဉ်ကို ယူလိုက်ပြီး သူမ အင်္ကျီအိတ်ကပ် သေးသေးလေးထဲကိုထည့်လိုက်တယ်။

ပြီးတော့ သူမက ကွေ့ဟွားရဲ့ လက်မောင်းကို မှီကာ လူကြီးတွေ စကားပြောတာကို ဝင်ပြီး နားထောင််နေခဲ့တော့တယ်။

မဒမ်လီက ချိုချဉ်ခွံက အတော်လေး လှပတာကိုမြင်တာကြောင့် ဒါက စျေးပေါတာမဟုတ်မှန်း သိလိုက်ပြီး ဝင်မေးလိုက်တယ်။

“ချိုချဉ်က ဘယ်က ရလာတာလဲ?”

မင်တုန်က ပြောလိုက်တယ်။

“လေးယောက်မြောက်ဦးလေးပေးလိုက်တဲ့ ချိုချဉ်လက်မှတ်တွေကို ကျွန်တော် ကျန်းကျန်းစားလို့ရအောင်လို့ တော်ဖီ(၁၀)လုံး ဝယ်လာတာ.. ကျန်တာကိုတော့ မင်္ဂလာဆောင်တဲ့နေ့မှာ ဧည့်သည်တွေကို ဧည့်ခံရအောင် ပုံမှန်အသီးချိုချဉ်တွေ ဝယ်လာခဲ့တယ်”

ဒါကိုကြားတော့ မဒမ်လီက ခေါင်းညိတ်ပြီး နောင်တရတဲ့ပုံနဲ့ ပြောလိုက်တယ်။

“မင်းတို့ရဲ့ လေးယောက်မြောက်ဦးလေးကို ပြောဖို့ မေ့သွားတာ.. ကိတ်မုန့်ကောင်းကောင်းလေးရှိရင် နည်းနည်းလောက် ယူခဲ့ပေးဖို့ မှာလိုက်မလို့.. ဒီလိုနူးညံ့တဲ့စားစရာလေးတွေဆိုရင် ကျန်းကျန်းတော့ ကြိုက်မှာပဲ”

ဝမ်စုဖန်းက ဖြူဖွေးနူးညံ့နေတဲ့ ကျန်းကျန်းကို ကြည့်လိုက်ပြီး မပြုံးဘဲမနေနိုင်ခဲ့ပဲ ပြန်ပြောလိုက်တယ်။

“ဒါတွေအားလုံးက မား အကျင့်လုပ်ပေးထားတာတွေလေ.. တုန်ဇီနဲ့ တခြားသူတွေက သူတို့ငယ်ငယ်တုန်းက ဗိုက်ဝအောင်စားဖို့အတွက်ပဲ ကြည့်ခဲ့ရတာ.. သူတို့တွေက ဘယ်လိုလုပ်ပြီး ဟိုဟာဒီဟာ ရွေးချယ်နိုင်ကြမှာလဲ? သူတို့တွေ ပန်ကိတ်သုံးကိတ်လောက်နှင့်တောင် အိပ်ပျော်သွားခဲ့ကြတာမလား”

မဒမ်လီက စုတ်သပ်လိုက်တယ်။

“မိန်းကလေးတွေက အစာချေစနစ် အားနည်းတယ်လေ.. သူတို့နဲ့မတူဘူး”

ကျန်းကျန်းက သူမရဲ့အိတ်ကပ်ထဲမှ တော်ဖီချိုချဥ်ကို ကိုင်ကြည့်လိုက်ပြီး လူကြီးတွေ စကားပြောနေတာကို ပျော်ရွှင်စွာ နားထောင်နေခဲ့တယ်။

သို့ပေမယ့် ကျန်းကျန်းက သူမထိုင်နေတဲ့ နေရာက တဖြည်းဖြည်းပိုပြီးကျဉ်းမြောင်းလာတာကို သတိထားမိလိုက်တယ်။ သူမ ခေါင်းကိုမော့ကြည့်လိုက်တော့ လီမင်တုန်က တဖြည်းဖြည်းနေရာရွှေ့လာတာကို တွေ့လိုက်ရတယ်။

သူ နေရာရွှေ့လာလေလေ ကွေ့ဟွားနဲ့ ပိုပြီးနီးလာလေလေပဲလေ။ ဒါပေမယ့် ကျန်းကျန်းကတော့ ကြားထဲမှာ သည်းမခံနိုင်လောက်အောင် ညှပ်နေပြီဖြစ်ဖြစ်တာကြောင့် ထိုနေရာမှထွက်ကာ မဒမ်လီရဲ့ လက်မောင်းထဲကို ပြန်ပြီးတွားသွားလိုက်ရတော့တယ်။

သူမ အေးအေးဆေးဆေးပြန်ထိုင်နိုင်ပြီးမှ လှမ်းကြည့်လိုက်တော့ လီမင်တုန်က ကွေ့ဟွားဘေးနားမှာ ကပ်ပြီးထိုင်နေခဲ့ပြီ။

မဒမ်လီက သူမရဲ့ မြေးကြီးက အရင်ကလို အူကြောင်ကြောင် ပုံစံမျိုးနဲ့ မတူတော့ဘဲ ဖြစ်နေတာကို တွေ့မြင်လိုက်ရပြီး မြေးဖြစ်သူက ပျော်ရွှင်နေတယ်ဆိုတာကိုလည်း ခံစားမိနေခဲ့တယ်။

ဒါကြောင့် ကွေ့ဟွားကို ပင်းချန်ကို လွှတ်လိုက်တာက အကြံဆိုးတစ်ခုမဟုတ်ခဲ့ဘူးလို့ တွေးမိတယ်။ အခုဆိုရင် သူတို့နှစ်ယောက်လုံးကို ပျော်ပျော်ရွှင်ရွှင်နှင့် လက်ထပ်ပေါင်းသင်းနေနိုင်တော့မှာပဲ။

“ကောင်းပြီ.. မင်တုန်က အခုမှ ပြန်ရောက်တာမို့ ပင်ပန်းနေလောက်ပြီ.. တုန်ဇီရဲ့အမေ.. မင်း ချက်ပြုတ်ဖို့ လုပ်လိုက်ဦး.. မင်နန်နဲ့ မင်ပေတို့က မင်းရဲ့အမေကို ထင်းတွေ ကူသယ်ပေးလိုက်ကြ.. ကွေ့ဟွားနဲ့ တုန်ဇီက မင်းတို့ရဲ့မင်္ဂလာပွဲအကြောင်းကို ဆွေးနွေးဖို့ အနောက်ခန်းထဲကို သွားကြတော့..

ငါ အပြင်ကိုထွက်ပြီး ဓာတ်ပုံရိုက်ဖို့ကိစ္စအတွက် သွားကြည့်လိုက်မယ်”

မဒမ်လီက သူမရဲ့ ဆေးရွက်ကြီးအိတ်နှင့် ဆေးတံကို ကိုင်လိုက်ပေမဲ့ သူမရဲ့ မြေးမလေးက လက်မောင်းထဲက အောက်ကိုဆင်းနေပြီဖြစ်ကြောင်း တွေ့လိုက်တယ်။ သူမက ကျန်းကျန်းကို ပွေ့ချီလိုက်ပြီး ခန်ပေါ်က ဆင်းလိုက်တယ်။

“သွားရအောင်.. အဖွားတို့ ထင်းရှုးစေ့တွေ သွားစားဖို့ အရှေ့ခန်းထဲကိုသွားကြမယ်”

မဒမ်လီထွက်သွားတော့ တခြားသူတွေလည်း နောက်ကနေ လိုက်ထလိုက်ကြတယ်။

လီမင်တုန်က လည်ပင်းကို ဆန့်လိုက်ပြီး သူတို့ကို တစ်ချက်ကြည့်လိုက်တယ်။

တံခါးပိတ်သွားတာကိုမြင်မှသာ သူက အရဲစွန့်ပြီး ကွေ့ဟွားရဲ့လက်ကို ဆုတ်ကိုင်လိုက်လေတယ်။

“ ကိုယ် မင်းဆီကို စာရေးချင်နေခဲ့တာ.. ဒါပေမဲ့ မင်ပေက ကြားထဲကနေ ဖောက်ပြီး ဖတ်လိုက်မှာ စိုးလို့ မရေးခဲ့ရဘူး”

All Chapters