Chapter 51
Vol. 6 Ch. 51
ကွေ့ဟွားရဲ့ လက်က လီမင်ပေရဲ့ လက်ထဲကို ရောက်နေခဲ့ပြီး သူမ လှုပ်တောင် မလှုပ်ရဲခဲ့ဘူး။ သူမရဲ့ မျက်လုံးတွေကတော့ လီမင်တုန်ရဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်နှစ်ဖက်ကနေ သူ့ရဲ့မျက်နှာဆီကို မော့ကြည့်နေခဲ့ပြီး တောက်ပစွာ ပြုံးလိုက်အိတယ်။
“နောက်တစ်ခါကျရင် ကျွန်မတစ်ယောက်တည်းအတွက် စာရေးမယ်ဆိုရင် ကွေ့ဟွားတစ်ယောက်တည်းဖတ်ဖို့ဆိုပြီး ရေးပေးလိုက်ပေါ့”
“ကောင်းပြီ!”
မင်တုန်က အားပါးတရ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်ခုခု သတိရသွားကာ ကွေ့ဟွားရဲ့ လက်ကို အမြန်ပြန်လွှတ်လိုက်တယ်။ ပြီးနောက် သူ့ရဲ့လွယ်အိတ်ကို ဆွဲယူလိုက်ပြီး ခဏလောက် နှိုက်ရှာလိုက်ကာ ပန်းပွင့်အသေးလေးရေးထိုးထားတဲ့ လက်ကိုင်ပဝါနှင့် ထုပ်ပိုးထားတဲ့ အထုတ်လေးကိုရှာတွေ့ခဲ့ပြီး ကွေ့ဟွားတီကို လှမ်းပေးလိုက်တယ်။
ကွေ့ဟွားက လက်ကိုင်ပဝါလေးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဝါရောင်သံဘူးလေးရှိနေတာကို တွေ့လိုက်ရတယ်။ အဲ့ဒါက အရမ်းကို တန်ဖိုးကြီးတဲ့ပုံပဲ။ သူမက လီမင်တုန်ကို တအံ့တဩနဲ့ ကြည့်လိုက်မိတယ်။
“မျက်နှာကိုလိမ်းတဲ့ ခရင်မ်တွေလား?”
“အင်း!”
လီမင်တုန် ခရင်မ်ဘူးလေးကို လက်ကမချနိုင်ဖြစ်နေတဲ့ ကွေ့ဟွားရဲ့အမူအရာလေးကိုမြင်တော့ ပျော်ရွှင်စွာ ပြုံးလိုက််တယ်။
“ နောက်ဆုံးတစ်ခေါက်ကတည်းက မင်းအတွက် ဝယ်ပေးချင်ခဲ့တာလေ.. ဒါပေမဲ့ ကိုယ့်ဆီမှာ ပိုက်ဆံအလုံအလောက်မရှိခဲ့ဘူး.. ဒါကြောင့် ကိုယ့်ရဲ့ ထောက်ပံ့ကြေးစရိတ်ထဲက နှစ်လစာကို နောက်ထပ်စုပြီး အိမ်မပြန်ခင်မှာ မင်းအတွက်ဝယ်လာခဲ့တာ”
ကွေ့ဟွားရဲ့ ရင်ထဲထိသွားပေမဲ့ အနည်းငယ်တော့ စိုးရိမ်သွားခဲ့တယိ။ သူမက မင်တုန်ရဲ့ သိသိသာသာချောင်ကျနေတဲ့ မျက်နှာကိုကြည့်ကာ သတ္တိမွေးပြီး သူ့ရဲ့မျက်နှာကို ထိလိုက်တယ်။
“ကိုယ်အလေးချိန်တွေ အများကြီးကျသွားတာလား? ဒါကိုဝယ်ဖို့အတွက် ရှင် အစားအသောက်ကို ကောင်းကောင်း မစားခဲ့ရဘူးမလား?”
“ကိုယ် တကယ် ဗိုက်ပြည့်အောင် စားရပါတယ်.. ကိုယ် စိုက်ခင်းကပြန်လာရင် မုန်လာဥနီတွေ ချိုးလာခဲ့တယ်လေ.. အဲဒါတွေကို ရေဆေးပြီး စားခဲ့တာ.. တစ်နေ့ကိုမုန်လာဥနီက ခုနှစ်ဥရှစ်ဥတောင် စားထားတာနော်.. ကိုယ် ဗိုက်ဆာနေလောက်မယ်လို့ ထင်လို့လား?”
လီမင်တုန်က ကွေ့ဟွားကို မျက်စိမှိတ်ပြလိုက်တော့ ကွေ့ဟွားက ပြုံးလိုက်မိတယ်။ သူမ လက်ကို ပြန်လည်ရုတ်သိမ်းမလို့လုပ်ခဲ့ပေမဲ့ လီမင်တုန်က အခွင့်ကောင်းယူပြီး သူရဲ့လက်နှင့် ပြန်လည် ဆုတ်ကိုင်လိုက်ပြန်တယ်။
ကွေ့ဟွားက စိတ်သဘောထားပွင့်လင်းတဲ့ မိန်းကလေးဖြစ်ပေမဲ့ သူမရဲ့ သဘောကျတဲ့လူဆီက အခုလိုမျိုး လက်ကိုဆုတ်ကိုင်ထားခြင်းကိုခံထားရပြီး စိုက်ကြည့်နေတာကို ခံရတဲ့အချိန်မှာတော့ ရှက်သွေးဖြာလာခဲ့ရတယ်။
ရှက်ရွံ့မှုကြောင့် နီရဲလာမှုတွေက သူမရဲ့ နားရွက်တွေအထိ ရောက်ရှိလာခဲ့ပြီး သူမရဲ့သွင်ပြင်ကလည်း ပိုပိုပြီးလှပကာ အကြည့်မလွှဲချင်လောက်အောင် ဖြစ်လာစေခဲ့တယ်။
သူမကိုကြည့်ပြီး လီမင်တုန်က သူ့နှလုံးသားထဲမှ ယားယံမှုကိုတောင် ခံစားလာရတယ်။ သူကတော့ သူမကို တရားဝင် နမ်းရှိုက်ခွင့်ရစေဖို့အတွက် အမြန်ဆုံးလက်ထပ်နိုင်ဖို့ကိုသာ ဆုတောင်းနေရတော့တယ်။
အရှေ့ဘက်ခန်းမှာတော့ ကျန်းကျန်းက မဒမ်လီ သူမအတွက် ခွါပေးထားတဲ့ ထင်းရှုးသီးစေ့တွေ စားနေခဲ့တယ်။ သူမက သူမရဲ့ အစ်ကိုအကြီးဆုံးနဲ့ ကွေ့ဟွားတို့ရဲ့ ချစ်ကျွမ်းဝင်နေတဲ့ မြင်ကွင်းကို မကြည့်နိုင်တဲ့အတွက် နောင်တရနေခဲ့တာ။
တံခါးပေါက်နားမှာတောင် သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက ရှက်ရွံ့မှုတွေနဲ့ နီရဲနေခဲ့တာလေ။ သူတို့ နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာဆို ဘယ်လောက်တောင် ကြည့်လို့ကောင်းနေလိုက်မလဲ။
လီမင်တုန် အိမ်ကိုပြန်ရောက်လာပြီဖြစ်လို့ မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်းက လီမိသားစုရဲ့ ဦးစားပေး ကိစ္စဖြစ်သွားတော့တယ်။ အေးခါစပြုလာတဲ့အချိန်မှာတော့ ကောက်နှံတွေ တင်ဆောင်လာတဲ့ ကုန်ကားတွေနဲ့ အစားအစာကားတွေကလည်း ပေရှားခရိုင်ထဲကို အရပ်အနားမရှိလောက်အောင် ဝင်ရောက်လာခဲ့ကြတယ်။ ဒါကြောင့် မိသားစုတိုင်းက အစားအစာလက်မှတ်တွေ၊ အသားလက်မှတ်တွေနဲ့ လမ်းထဲကို အပြေးအလွှား သွားခဲ့ကြတော့တယ်။
လီမိသားစုဟောင်းကတော့သူတို့ရဲ့စိုက်ခင်းမှာ ကောက်နှံတွေက ထူးထူးကဲကဲ ဖြစ်ထွန်းခဲ့ပြီး တစ်ကြိမ်တည်းနဲ့ တန်ဖိုးကြီးကောက်နှံနှစ်မျိုးကို ရလိုက်တယ်လေ။
သူတို့ရဲ့မိသားစုပိုင််သိုလှောင်ခန်းထဲမှာရှိတဲ့ အစေ့အဆန်တွေက နောက်နှစ်စာလောက်အထိကို ဖူလုံနေခဲ့ပြီ။ ဒါပေမဲ့ လီမိသားစုလိုမျိုးလူတွေက များများစားစား မရှိနိုင်ဘူး။
သူတို့တွေက ဒီနှစ်မှာ ကောက်နှံတွေ ဖြစ်ထွန်းခဲ့ပေမဲ့ အဲ့ဒါတွေအားလုံးက ကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ မြေရိုင်းတွေက ရရှိခဲ့တာလေ။ မြေယာက ကျယ်တာ သေးတာတွေထက် တချို့မိသားစုတွေက အပျင်းကြီးတဲ့အတွက် အိမ်ခြံထဲမှာပဲ စိုက်ပျိုးခဲ့ကြတယ်။
တချို့မိသားစုတွေကတော့ မျိုးဆက်သုံးဆက်လုံး တူတူနေကြတာဖြစ်တဲ့အတွက် လူတစ်ဒါဇင်လောက်မှာ တစ်ဝက်လောက်က ကလေးခုနှစ်ယောက်၊ ရှစ်ယောက်ပါနေတတ်တယ်။
ဒီလိုဆိုမှတော့ ကောက်နှံအစေ့အဆန်တွေ ဘယ်လောက်ပဲစိုက်ပျိုးပါစေ မိသားစု စားဖို့သောက်ဖို့ မဖူလုံနိုင်တော့ဘူးလေ။
မဒမ်လီကတော့ ဒီတစ်ကြိမ်မှာ အစားအသောက်တွေ မဝယ်တော့ဖို့ တွေးနေခဲ့တယ်။ သူမက အစားအစာတံဆိပ်အချို့ကိုပဲ ထုတ်ကာ ကျန်းကျန်းအတွက် လတချို့စားသောက်နိုင်ဖို့ ဘီစကစ်နဲ့ ကိတ်မုန့်တွေ ဝယ်ပေးဖို့ ထုတ်ယူခဲ့လိုက်တယ်။
ကျန်တာကိုတော့ အိမ်အတွက်တော့ လိုအပ်တဲ့ တချို့ပစ္စည်းတွေကိုပဲ ဝယ်ခဲ့လိုက်တော့တယ်။ ဒီနေ့ခေတ်မှာ အိမ်တိုင်းလိုလိုက အစားအသောက် လက်မှတ်တဲဆိပ်ခေါင်းတွေ ပြတ်လပ်နေခဲ့တာလေ။ ဒီတော့ မဒမ်လီက သူမနဲ့ ရင်းနှီးတဲ့လူတွေဆီကို အလည်သွားပြီး ခန်ပေါ်မှာ ထိုင််ကာ သူတို့ပြောတဲ့ စကားတွေကို ခဏနားထောင်ခဲ့တယ်။ ထို့နောက် ရက်အနည်းငယ်ကြာမှ ပြန်ပေးနိုင်ကြောင်း ပြောပြီး လက်မှတ်တွေကိုချေးငှားပေးခဲ့တယ်။ ဒါ့အပြင့် သူတို့ရဲ့ အိမ်မှာ စိုက်ပျိုးထားတဲ့ နေကြာပန်းအချို့ကိုလည်း လဲခဲ့တယ်။
ကွေ့ဟွားက အိမ်အသစ်ကို သန့်ရှင်းရေး သေသေချာချာလုပ်နေခဲ့ပြီး အသစ်ဝယ်လာတဲ့အိပ်ယာခင်းတွေကို ခန်ပေါ်မှာခင်းလိုက်တယ်။ ပြီးတော့ ဝါဂွမ်းကပ်အဟောင်းကို လှန်လိုက်ပြီး နောက်ထပ် ဝါဂွမ်းတစ်လွှာ ထပ်ခင်းလိုက်ကာ အိပ်ရာဖုံးစွပ်အသစ်ကို အိပ်ရာခင်းအသစ်ဆီမှာ စွပ်လိုက်တယ်။
ပြီးနောက်မှာတော့ ခန်ပေါ်မှာ သပ်သပ်ရပ်ရပ်ခင်းကျင်းလိုက်လေတယ်။ ပစ္စည်းတွေအကုန်လုံးက ထုပ်ပိုးပြင်ဆင်ပြီးသွားခဲ့ပြီ။ မင်္ဂလာပွဲရက်က တစ်နေ့ထက်တစ်နေ့ နီးသထက်နီးလာပြီဖြစ်ပြီး မင်္ဂလာဓာတ်ပုံရိုက်ရတော့မယ့်အချိန်ကို ရောက်လာခဲ့တယ်။
လီမင်တုန်နဲ့ ကွေ့ဟွားတို့က မနက်စောစောထကြပြီး ရေနွေးနဲ့ ခေါင်းလျှော်လိုက်ကြတယ်။ ပြီးနောက်ကွေ့ဟွားက သူမရဲ့ဆံပင်ကို အခြောက်ခံဖို့အတွက် မီးဖိုနားမှာ ခုနှစ်မိနစ် ရှစ်မိနစ်လောက်ထိုင်နေခဲ့တယ်။ ခြောက်သွေ့သွားတဲ့အချိန်မှာပဲ သူမရဲ့လက်ချောင်းတွေက သွက်လက်စွာနဲ့ ဆံပင်တွေကို ကျစ်ဆံမြီးအဖြစ်ကျစ်လိုက်တော့တယ်။
ပေရှားခရိုင်က ဧရိယာကျယ်ပေမဲ့ လူဦးရေကတော့ နည်းပါးတယ်။ လမ်းတွေထဲမှာတောင် စည်ကားတဲ့လမ်းမကြီးက တစ်လမ်းပဲ ရှိတယ်။ ကောက်နှံစတိုးဆိုင်တွေ၊ အခြေခံစားသောက်ကုန်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ သမဝါယမအသင်းတွေနဲ့ ဓာတ်ပုံစတူဒီယိုတွေကတော့ ဘေးချင်းကပ်လျှက် တည်ရှိနေခဲ့တယ်။
လူတော်တော်များများက ဆောင်းရာသီမှာ မင်္ဂလာဆောင်ကြတာကြောင့် ဓာတ်ပုံစတူဒီယိုက နှစ်တိုင်း ဒီလိုအချိန်မျိုးတွေမှာ စည်ကားနေတတ်တယ်။ လီမင်တုန်နဲ့ ကွေ့ဟွားတို့ ရောက်လာတဲ့အချိန်မှာ သူတို့ရှေ့မှာ တန်းစီနေတဲ့ လူငယ်စုံတွဲက သုံးတွဲတောင် ရှိနေခဲ့တယ်။
ဒီခေတ်မှာ ဓာတ်ပုံရိုက်နိုင်တဲ့ အခွင့်အရေးက နည်းနည်းလေးပဲ ရှိတယ်။ ဒါကြောင့် သူတို့အတွက် အခုလိုမျိုး ထိုင်ခုံပေါ်မှာထိုင်ပြီး ဓာတ်ပုံရိုက်ရတာက ပထမဆုံးအကြိမ်ပဲ။
မိန်းမပျိုလေးက နှုတ်ခမ်းစေ့ပြီး ဓာတ်ပုံဆိုင်ပိုင်ရှင်ကို ကြည့်နေခဲ့ပြီး အမျိုးသားကတော့ ထိုင်ခုံပေါ် ထိုင်ရင်း ဓာတ်ပုံဆရာရဲ့ တောင်းဆိုချက်အတိုင်း တောင့်တောင့်ကြီး လိုက်ပြီးလုပ်နေခဲ့တယ်။
ဒါပေမဲ့ ဓာတ်ပုံဆရာရဲ့တောင်းဆိုချက်အတိုင်း ရယ်ပြနေခဲ့တာက သူတို့တွေ ငိုတာထက်တောင် ပြီးပြီးရုပ်ဆိုးနေခဲ့သေးတယ်။
ဓာတ်ပုံဆရာကတော့ ထပ်ခါထပ်ခါ သင်ပေးနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေ မျက်နှာတည်တည်နှင့်သာ ဓာတ်ပုံရိုက်လိုက်နိုင်ခဲ့ကြပြီး ပြီးစီးသွားချိန်မှာ မောပန်းလွန်းလို့ ချွေးတွေနှင့်စိုချွဲနေခဲ့ပြီ။
နာရီဝက်လောက် စောင့်ပြီးတဲ့နောက် လီမင်တုန်နှင်် ကွေ့ဟွားတို့ရဲ့အလှည့်ကို ရောက်ရှိလာခဲ့တော့တယ်။ လီမင်တုန်က အထက်တန်းကျောင်းတက်တုန်းကလည်း ဓာတ်ပုံရိုက်ခဲ့ဖူးသလို ကောလိပ်ကို ရောက်တော့လည်း ဓာတ်ပုံရိုက်ခဲ့ဖူးတယ်လေ။ ကွေ့ဟွားသည်လည်း သူတို့ရဲ့မိသားစု အဖြိုခွဲမခံခဲ့ရခင်မှာ တစ်နှစ်ကို နှစ်ခါသုံးခါလောက် ဓာတ်ပုံရိုက်ခဲ့ရတယ်။ ဒါကြောင့် သူတို့နှစ်ယောက် တစ်ယောက်ရဲ့ပခုံးကို တစ်ယောက်ထိပြီး ချိုမြိန်စွာ ပြုံးနေခဲ့ကြတယ်။
ဓာတ်ပုံဆရာကလည်း သူတို့နှစ်ယောက် ချိုမြိန်စွာ ရယ်မောလိုက်တဲ့အချိန်ကျမှ စိတ်သက်သာရာရစွာ သက်ပြင်းကြီးချလိုက်နိုင်ပြီး ဓာတ်ပုံကို မြန်ဆန်စွာ ရိုက်လိုက်ခဲ့တော့တယ်။
တစ်နေ့တာက လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး သူတို့သတိပြုမိလိုက်တဲ့အချိန်မှာ ကျန်းကျန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဆယ့်နှစ်လပိုင်းရှစ်ရက်နေ့ ၊လာ့ပါနေ့ကို ရောက်ရှိလာခဲ့တော့တယ်။
ကျန်းကျန်းက သူမမွေးလာတဲ့နေ့ကို ကောင်းကောင်း မှတ်မိနေသေးတယ်။ မဒမ်လီက သူမရဲ့မွေးနေ့က ရက်ကောင်းရက်မြတ်လို့ ပြောခဲ့တယ်လေ။ ကျန်းကျန်းက နှစ်တစ်နှစ်ရဲ့ ဆန်စပါးကောက််နှံတွေ မပြတ်လပ်တဲ့အချိန်၊ လူနာပြက္ခဒိန်ရဲ့ ၁၂လမြောက် (၈)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
ကျန်းကျန်းက ဝဝလင်လင်မစားရမှာကိုတော့ မစိုးရိမ်ပါဘူး။ ဒါပေမဲ့ သူမ တစ်နှစ်ပြည့်သွားပြီဆိုတာနဲ့ ဒီအစွမ်းက အဆင့်မြင့်သွားလိမ့်မယ်ဆိုတာကို မမျှော်လင့်ထား ခဲ့ဘူး။ အစတုန်းက ကျန်းကျန်းက သူမရဲ့ ခန္ဓာကိုယ်ကနေ အသိစိတ် ထွက်သွားခဲ့ရင် အရာအားလုံးကို မြင်နိုင်ခဲ့ပေမဲ့ ဒီနေ့ သူမနိုးလာချိန်မှာတော့ သူမစိတ်ထဲမှာရှိနေတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရတယ်။
သူမက ပေရှားခရိုင်တစ်ခုလုံးကို 3Dပုံစံနဲ့ စိတ်ထဲကနေ လှမ်းမြင်နေခဲ့ရတယ်။ သူမက တောတောင််တိုင်း၊ မြစ်ချောင်းအင်းအိုင်တိုင်း၊ သစ်ပင်တိုင်း၊ မြက်ခင်းတွေတိုင်းနဲ့ မြေကြီးထဲမှာ နစ်မြုပ်နေတဲ့ အပေါက်လေးတွေတိုင်းကိုတောင် ပြတ်ပြတ်သားသား ခံစားနေခဲ့မိတယ်လေ။
တောယုန်ကြီးတွေ၊ သစ်ကိုင်းတွေကိုပေါ်မှာနားနေတဲ့ ပုဇင်းတွေ၊ ရေထဲက မလှုပ်မယှက်နှင့်ငြိမ်သက်နေတဲ့ငါးတွေ၊ နောက်ထပ် တောနက်ကြီးထဲမှာရှိနေတဲ့ တောဝက်တွေနှင့် ဆိုက်ဘေးရီးယန်းကျားကြီးတွေကိုတောင် သူမ မြင်တွေ့နေခဲ့ရတယ်။
သူမက စိတ်ထဲမှာ ဆိုက်ဘေးရီးယန်းကျားကြီးက ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးချင်တယ်လို့ တွေးလိုက်မိရုံနဲ့ ဆိုက်ဘေးရီးယန်းကျားရဲ့ တည်နေရာက ချက်ချင်းပဲ အနီးကပ်ဇုန်ချဲ့ပြီး ပေါ်လာခဲ့တယ်။
ကျန်းကျန်းအနေနဲ့ သူမက အဲ့ဒီကျားကြီးရဲ့ဘေးမှာ မတ်တပ်ရပ်နေရသလိုမျိုး စစ်မှန်လွန်းစွာ မြင်တွေ့ခဲ့ရတယ်။
ဆိုက်ဘေးရီးယန်းကျားကြီးက အဝါရောင်သိုးငယ်လေးတစ်ကောင်ကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့ပြီး အမဲလိုက်တော့မဲ့အမူအယာနှင့် သူ့ရဲ့ခန္ဓာကိုယ်ကို ကွေ့ညွတ်ထားခဲ့တယ်။
အရှေ့မှာရှိနေတဲ့ သိုးငယ်လေးကတော့ အန္တရာယ်ကို သတိထားမိပုံ မပေါ်ဘူး။ ကျန်းကျန်းလည်း အနည်းငယ်လောက် လောဘကြီးလာမိတယ်။ သူမ လီမိသားစုမှာ မွေးဖွားလာပြီးချိန်မှာ လီမူဝူနဲ့ သူမရဲ့အစ်ကိုတွေက တောကောင်သားတွေကို ယူလာခဲ့ဖူးပေမဲ့ ဒီလိုအဝါရောင်သိုးငယ်လေးကိုတော့ တစ်ခါမှ အပစ်အခတ်မခံခဲ့ရဖူးဘူး။
သူမကလည်း အသားမစားနိုင်လောက်သေးအောင် ငယ်နေခဲ့သေးတယ်လေ။ ဒါပေမဲ့ အခုတော့ သူမရဲ့ သွားတွေကလည်း ကြီးထွားစပြုလာပြီဖြစ်တဲ့အပြင် သူမရဲ့မွေးနေ့ကိုရောက်လာချိန်မှာ သွားသေးသေးလေးတစ်စုံလည်း ထပ်ထွက်လာခဲ့တယ်။ ဒါကြောင့် သူမရဲ့အသားစားချင်နေတဲ့ အာသီသကလည်း ပို များလာရတယ်။