← Chapters

Chapter 52

Vol. 6 Ch. 52

Chapter 52

Vol. 6 Ch. 52

ကျန်းကျန်းရဲ့သွားတွေက မနေနိုင်လောက်အောင် အနည်းငယ် ယားကျိကျိ ဖြစ်လာခဲ့ပြီး သူမရဲ့မြင်ကွင်းထဲကသိုးလေးကို အိမ်ကိုရောက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားလိုက်မိပြန်တယ်။

သို့ပေမဲ့ သူမ ထိုသို့ တွေးတောလိုက်တာနဲ့ အဝါရောင်သိုးလေးက အထိန်းချုပ်ခံလိုက်ရတဲ့ပုံ ဖြစ်သွားသွားပြီး တောင်အောက်တစ်လျှောက်ကို ရောက်လာတဲ့အထိ လူတွေကို ပါးပါးနပ်နပ် ရှောင်ရှားပြီး ပြေးဆင်းသွားတာကို တွေ့လိုက်ရတယ်။

ထိုသိုးငယ်လေးက တောင်အောက်ကို ဆင်းလာပြီးနောက်မှာလည်း လီမိသားစုရဲ့ အိမ်တံခါးဝကို မရောက်မချင်း အမြင့်ဆုံးအရှိန်နဲ့ ပြေးလာခဲ့လေတယ်။

လီမိသားစုရဲ့အိမ်တံခါးဟာ အနီရောင်ထင်းရှူးသားနဲ့လုပ်ထားခဲ့လို့သာပေါ့။ တကယ်လို့ အဲဒါကို ပိုပြီးပါးလွှာတဲ့ သစ်သားနဲ့ လုပ်ထားခဲ့မယ်ဆိုရင် အပေါက်ကြီးတစ်ပေါက်တောင် ဖြစ်သွားနိုင်လောက်တယ်။

ထိုအချိန်မှာ မဒမ်လီက ဝမ်စုဖန်းနဲ့အတူ မီးဖိုချောင််ထဲမှာထိုင်ပြီး ကျန်းကျန်းရဲ့ မွေးနေ့အကြောင်းကို ဆွေးနွေးနေခဲ့တယ်။

သူမက ပေရှားကမှာ ကြီးပြင်းပြင်းလာတဲ့ လူကြီးတစ်ယောက်ဖြစ်ပြီး ခေတ်ကာလကောင်းတဲ့အချိန်မှာတုန်းက သူမရဲ့မွေးနေ့ကို ကျင်းပခဲ့ဖူးတယ်လေ။

လူငယ်တွေနဲ့ ကလေးတွေကတော့ ဒါကို ဂရုမစိုက်ကြဘူး။ ဒါပေမဲ့ မဒမ်လီကတော့ ကျန်းကျန်းက အိမ်ရဲ့ ရတနာလေးတစ်ပါးဖြစ်ရုံမက သူမကျေးဇူးကြောင့် နှစ်တစ်နှစ်ရဲ့ အခက်ခဲဆုံးအချိန်မှာ မိသားစုတစ်ခုလုံး ဆာလောင်မနေရတာကို တွေးလိုက်မိတယ်။ အဲ့လိုမှ မဟုတ်ရင် မြို့ထဲကလူတွေလိုမျိုး စိုးရိမ်နေရတော့မှာ။

“ခဏနေကျရင် ကျန်းကျန်းအတွက် ခေါက်ဆွဲတစ်ဇလုံစာလောက် လုပ်ပေးလိုက်လေ”

မဒမ်လီက ဆေးတံသောက်ရင်းပြောတယ်။

“ခေါက်ဆွဲကို ပျော့ပျော့လေးလုပ်ပြီး ကြက်ဥပြုတ်လေး ထည့်လိုက်..ရှေးရှေးဆိုရိုးစကားတစ်ခုရှိတယ်..ကလေးတွေက သူ့ရဲ့မွေးနေ့မှာ ခြေထောက်ကိုတောင် ခေါက်ဆွဲနဲ့ ထုပ်ထားရမှာတဲ့.. ဒါဆိုအရွယ်မတိုင်ခင် မသေဆုံးတော့ဘူးတဲ့လေ”

ယောက္ခမဖြစ်သူက သူမ ကလေးရဲ့ မွေးနေ့ကို ကျင်းပပေးချင်တာမို့ ဝမ်စုဖန်းက လွယ်လွယ်ကူကူ သဘောတူလိုက်ပါတယ်။

ထိုအချိန်မှာပဲ အပြင်တံခါးကနေ”ဗုန်း”ခနဲဆိုတဲ့ အသံကြီးထွက်လာတာကို ကြားလိုက်ရတာကြောင်း သူတို့နှစ်ယောက် စကားပြောနေခဲ့ကိုရပ်တန့်လိုက်ကြတယ်။ မဒမ်လီကတော့ ဆေးတံသောက်နေတာကိုရပ်လိုက်ပြီး တံခါးကိုဖွင့်ကာ အိမ်ပြင်ကိုလှမ်းကြည့်လိုက်လေတယ်။

*

လီမူဝူက မနက်တိုင်းမှာ ရေသွားခပ်သွားလေ့ရှိပြီး သူက ရေတွေပြန်ပြီး သယ်လာမှာဖြစ်လို့ တံခါးဖွင့်ပြီးတဲ့နောက်မှာ တံခါးကို သော့ပြန်မခတ်ထားတတ်ဘူး။ သူက ပြန်လာတဲ့အချိန်မှာ အသင့်ဖြစ်နေစေဖို့ စေ့ရုံပဲ စေ့ထားခဲ့တာ။

မဒမ်လီ အရှေ့ကိုထွက်လာတော့ သူမတို့အိမ်ရဲ့ခြံတံခါးပေါက်က ပွင့်နေခဲ့ပြီး တံခါးအတွင်းပိုင်းမှာတော့ သိုးဝါတစ်ကောင်က ခေါင်းကနေ သွေးတွေထွက်ပြီး လဲနေခဲ့တာကိုမြင်လိုက်ရတော့တယ်။

မဒမ်လီကတော့ အခုလိုမျိုး အမဲလိုက်စရာမလိုဘဲ သားကောင်က သူတို့ရဲ့အိမ်တံခါးထိ ရောက်ပေးလာတာ တွေ့လိုက်တော့ အရမ်းကို ပျော်သွားခဲ့တယ်။

ဘယ်လိုတောင်ကောင်းလိုက်တဲ့ အရာလဲ! သူမက ထိုအနားမှာ ငုတ်တုတ်ထိုင်ပြီး ကြည့်နေတုန်းမှာ အိမ်နီးနားချင်း တော်တော်များများကလည်း အသံကိုကြားလိုက်ရတဲ့အတွက် ထွက်ကြည့်လာကြတယ်။ လီမိသားစုဟောင်းရဲ့အိမ်ရှေ့မှာ သိုးတစ်ကောင်းလဲနေတာမြင်တော့ သူတို့တွေ မနာလိုဖြစ်သွားကြလေတယ်။

“အဒေါ်လီ ဘယ်သူက ဒီဝဖြီးနေတဲ့သိုးဝတုတ်ကြီးကို အမဲလိုက်ခဲ့တာလဲ? မူဝူ ဒီနေ့မနက် တောင်ပေါ်ကို ထပ်ပြီးတက်ခဲ့ပြန်တာလား?”

“မင်းတို့တွေ အဲလိုထင်တာ မထူးဆန်းပါဘူး.. ငါတို့တောင် ဒီသိုးဝါကြီးကိုမြင်တေား ဘာဖြစ်သွားတာလဲမသိဖြစ်သွားရတာလေ.. ဒီကောင်က တောင်ပေါ်ကနေ ပြေးဆင်းလာပြီး ငါတို့ရဲ့အိမ်တံခါးနဲ့ တိုက်မိပြီး သေသွားတာ”

မဒမ်လီက ဂုဏ်ယူစွာနဲ့ သိုးကို ဆွဲလိုက်တယ်။

“အိုး.. ဒါက သိပ်မပေါ့ဘူးပဲ.. တုန်ဇီမင်္ဂလာပွဲကိုကျင်းပမဲ့အချိန်ကျရင် အသားမပြတ်တော့ဘူး၊ ပြီးတော့ အချိန်ကျရင် မင်္ဂလာဝိုင်နဲ့ တွဲသောက်လို့ရပြီ!”

“အိုး အဒေါ်လီ၊ အဒေါ်ရဲ့ဘဝက ကောင်းလိုက်တာ.. ဒီနှစ်တော့ အဒေါ်တို့မိသားစုမှာ အသားပြတ်လပ်တော့မယ် မထင်ဘူး”

သူမတို့ရဲ့ ဘေးအိမ်မှ မိသားစုကလည်း ဘေးမှာရပ်နေရင်းနှင့် ခေါင်းညိတ်လာတယ်။

“အဒေါ်တို့နေရာက ကောင်းနေလို့ထင်တယ်.. မဟုတ်ရင် ဒီအဝါရောင်သိုးက ဘာလို့ အဒေါ်တို့ဆီကို လာရမှာလဲ?”

မဒမ်လီကတော့ အလွန်ကို ပျော်နေခဲ့တယ်။

“ငါ့ရဲ့အိမ်က လမ်းမကြီးနဲ့ နီးတယ်လေ.. မင်းတို့ရဲ့အိမ်ကိုသာ သွားမယ်ဆိုရင် လမ်းကို ချိုးနေရဦးမှာမလား”

“အဲဒါမကောင်းဘူးပဲ”

ရုတ်တရက်ပဲ လူတိုင်းက ရယ်မောလိုက်မိကြတယ်။ တချို့ကတော့ ကောင်းကင်ကိုမော့ကြည့်ပြီး စောသေးတဲ့အတွက် အိမ်ကိုပြန်သွားဖို့ လုပ်နေခဲ့ကြတယ်။ ပြီးနောက် သူတို့ရဲ့အိမ်မှ အမျိုးသားတွေကို တောင်ပေါ်သို့တက်ပြီး ထိုကဲ့သို့ သိုးတွေကျန်နေသေးလားဆိုတာကို သွားကြည့်ခိုင်းကြတော့တယ်။

မဒမ်လီကတော့ သိုးဝါကြီးကို အိမ်ထဲသို့ ဆွဲခေါ်သွားရင်း ပြောလာတယ်။

“မင်းတို့ရဲအဖေ ရေသွားခပ်တာက ပြန်လာပြီလားဆိုတာသွားကြည့်လိုက်ကြ.. ပြီးရင် ဒီသိုးကို မြန်မြန် အသားဖျက်လိုက်ရအောင်”

လီမင်ပေက သားရေဦးထုပ်ကိုဆောင်းကာ ဂျက်ကက်အထူကြီးကိုဝတ်ပြီး ခုန်ထွက်သွားလိုက်တယ်။ ပြေးရင်းနဲ့ သူက ခေါင်းကိုလှည့်ပြီး မေးလလာပြန်တယ်။

“နေ့လယ်ကျ အသားစားရမှာလား?”

“စားရမယ်!”

မဒမ်လီက ပျော်ရွှင်စွာပဲ ပြုံးလိုက်တယ်။

“ဒီနေ့က မင်းညီမမွေးနေ့လေ ဒါကြောင့် သိုးသားပေါက်စီ လုပ်စားကြရအောင်”

လီမူဝူက ရေအပြည့်သယ်လာပြီး လမ်းတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ သူ့ရဲ့သားအငယ်က အမောတကောပြေးလာတာတွေ့လိုက်ရတယ်။ သူက အိမ်ကိုအမြန်ပြန်ပြီးသိုးကိုအသားဖျက်ဖို့ ပြောလာခဲ့တယ်။

ဒါကြောင့် လီမူဝူလည်း သူ့ရဲ့ခြေလှမ်းတွေကို အရှိန်တင်လိုက်ပြီး အိမ်ကိုပြန်ရောက်တာနဲ့ ရေပုံးကိုချကာ ခြံဝင်းအလယ်မှာရှိနေတဲ့ သိုးဆီကို ပြေးသွားကြည့်ခဲ့တယ်။

“ကောင်းလိုက်တာ”

လီမူဝူက ဝမ်းသာသွားခဲ့တယ်။

“ဒီသိုးသားက အနံ့ကလည်း အရမ်းမွှေးပြီး အသားကလည်း နူးညံ့လွန်းတယ်.. ဒါကို ချက်ချင်းပဲ အမဲဖျက်လိုက်မယ်.. နေ့လယ်ကျရင် စားကြရအောင်”

ကျန်းကျန်းကတော့ ခန်ပေါ်မှာထိုင်ရင်း ပျော်ရွှင်ကျေနပ်နေခဲ့တယ်။ မွေးနေ့မှာ အသားမစားဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ! သိုးသားနှပ်အိုးက မပါမဖြစ်ပဲ!

မနက်စောစောအချိန်မှာတော့ အလွန်ဝဖြီးနေတဲ့ သိုးတစ်ကောင်က မျက်စိလည်လမ်းမှားပြီး ဒီကိုရောက်လာခဲ့တယ်။ အတိတ်တုန်းကဆိုရင် ဒီလိုကောင်းတဲ့အရာဖြစ်လာခဲ့ရင် ဘုရားသခင် ကို ကျေးဇူးတင်ပြီး တောင်နတ်ဘုရားကို ပူဇော်ပသနေလိမ့်မယ်။

သို့ပေမယ့် ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာတော့ ဝိဥာဥ်နှင့်ပတ်သက်တဲ့အရာတွေကိုယုံကြည်တာမျိုးကို ခွင့်မပြုတော့ဘူး။ ကျန်းကျန်းကတော့ တံတွေးမျိုချလိုက်ပြီး ထိုထို့ခွင့်မပြုတော့တဲ့အတွက် နိုင်ငံရဲ့အကြီးပိုင်းတွေကို စိတ်ထဲကနေ တိတ်တဆိတ်ကျေးဇူးတင်လိုက်တယ်။ သိုးသားတွေ ခုတ်ထစ်နေတဲ့ လီမူဝူကိုလည်း မြန်မြန်ခုတ်ထစ်ပိုင်းဖြတ်ဖို့အတွက် ပျော်ရွှင်စွာနှင့် တိုက်တွန်းနေခဲ့သေးတယ်။

ဒီအချိန်မှာ ကျန်းကျန်းအပါအဝင် မိသားစုထဲမှာ စားချင်သောက်ချင်စိတ်မပြင်းထန်တဲ့သူ ဘယ်သူမှ မရှိနေကြဘူး။

မဒမ်လီက သူမမြေးတွေနှင့်အတူ ခြံထဲမှာ ရပ်ပြီးသိုးသားပိုင်းဖြတ်နေတာကို စိတ်အားထက်သန် စွာ ကြည့်နေခဲ့ကြတယ်။

ထိုအခိုက်မှာ လီမင်ပေက လီမင်နန်ကို သူ့ရဲ့ပခုံးနဲ့ ဝင်တိုက်လိုက်တယ်။

“တတိယအစ်ကို စကားပုံတစ်ခုရှိတယ်မလား? ‘ယုန်တွေကို ထိုင်စောင့်ခြင်း”၊ ပြီးတော့ ဘယ်လိုဆက်လာသေးလဲ? ‘ဂိတ်ဝမှာ ထိုင်ပြီး သိုးတွေကို စောင့်ခြင်း’လား?”

လီမင်နန်က သူ့ပခုံးကို ဖက်လိုက်ပြီး သိုးကို ကြည့်လိုက်တယ်။

“ဒီသိုးကလည်း ဒုတိယမြောက်ငတုံးပဲလို့ ငါထင်တယ်.. သူက တောထဲမှာ အဖော်တွေနှင့် လမ်းကွဲသွားတာလား.. တောင်ပေါ်ကိုရောက်အောင် ဘယ်နေရာကနေ သွားရမလဲဆိုတာကိတောင် မသိဘဲနဲ့ ငါတို့ရဲ့အိမ်ရှေ့ကို ရောက်လာတာလေ၊ ငါကတော့ ဒီလောက်ထိ တုံးအတဲ့သိုးကို နောက်တစ်ကြိမ်တွေ့နိုင်မယ်မထင်ဘူး”

“တကယ်တော့ ကျွန်တော်သိုးကို မရွေးချင်ဘူး၊ ဒရယ် ဒါမှမဟုတ် သမင်တစ်ကောင်လောက်လိုချင်တာ”

လီမင်ပေက မျှော်လင့်တကြီးနဲ့ ကြည့်လိုက်တယ်။

“မျက်လုံးကန်းနေတဲ့ ဝက်ဝံဆိုလည်း မဆိုးဘူးလေ.. ဝက်ဝံရဲ့ လက်ဖဝါးကမွှေးတယ်လို့ပြောကြတယ်..ကျွန်တော် ခုထိ မစားဖူးသေးဘူး”

လီမင်နန်က လီမင်ပေရဲ့ ခေါင်းနောက်ကို ရိုက်လိုက်တယ်။

“မင်းမှာ ဦးနှောက်မပါဘူးလား? ငါတို့ အိမ်က သစ်သားတံခါးကြီးကို သိုးတစ်ကောင်ကတောင် တိုက်မိတာတောင် တော်တော်ဆိုးနေပြီ.. ဝက်ဝံသာရောက်လာရင် ဘယ်သူက ဘယ်သူ့ကို စားလိုက်နိုင်တယ်ဆိုတာ မသေချာတော့ဘူး”

လီမင်ပေက သူ့ရဲ့ခေါင်းအနောက်ကို ပွတ်လိုက်ပြီး ချက်ချင်းပဲ တုံ့ဆိုင်းသွားခဲ့တယ်။ သူ့ရဲ့လည်ပင်းကို ကျုံ့လိုက်ပြီး သူ့ရဲ့အိမ်တံခါးကို ကြည့်ကာ သက်ပြင်းချလိုက်ပြန်တယ်။

သူ့ရဲ့မှိုင်တွေသွားတဲ့ပုံစံကို ကြည့်ပြီး လီမင်နန်တစ်ယောက် သူ့ကို တံခါးဝကနေ ကန်ထုတ်ချင်စိတ်တွေ ဖြစ်လာရတယ်။

အခန်းထဲမှာတော့ ကျန်းကျန်းက သူမရဲ့ရှေ့မှာရောက်နေပြီဖြစ်တဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ကြက်ဥခေါက်ဆွဲတစ်ပန်းကန်နဲ့ ခန်ပေါ်မှာ ထိုင်နေခဲ့ပြီ။

ဝမ်စုဖန်းက တူတစ်စုံနဲ့ ဇွန်းကိုယူလိုက်ပြီး ခေါက်ဆွဲတွေကိုဆယ်ကာ ကျန်းကျန်းကို ခွံ့ကျွေးလိုက်တယ်။

ကျန်းကျန်းက ရှောင်လိုက်ပြီး ဇွန်းကို ဝမ်စုဖန်း ပါးစပ်နားသို့ ပြန်လည်တိုးပေးလိုက်တယ်။

“မေ အရင်စား!”

ဝမ်စုဖန်းရဲ့ နှလုံးသားက နွေးထွေးသွားခဲ့ပြီး အပြုံးတွေက သူမရဲ့မျက်နှာပေါ်မှာ မဖုံးမဖိနိုင်လောက်အောင် ပေါ်လာခဲ့တယ်။

“မိန်းကလေးက အရမ်းဂရုစိုက်တတ်တယ်လို့ ပြောကြတာ အံ့ဩစရာ မရှိတော့ဘူး.. ဒီလောက် မွှေးတဲ့ ခေါက်ဆွဲကိုရတာတောင် အမေ့ကို အရင်စားခွင့်ပြုဖို့ တွေးနေသေးတယ်ပေါ့လေ”

ကွေ့ဟွားက အသီးအရွက်အချဉ် နုပ်နုပ်စင်းနဲ့ ပူနွေးတဲ့ပန်ကိတ်ကြီးတွေကို စားပွဲပေါ်မှာ တင်ပေးလာပြီး ကျန်းကျန်းက ဝမ်စုဖန်းဆီကို တွန်းပေးနေတာမြင်တော့ ပြုံးလိုက်တယ်။

“ဒါမှ ကျွန်မတို့ မိသားစုရဲ့ ကျန်းကျန်းပဲ.. သားသမီးတွေရဲ့ မွေးနေ့ဆိုတာက အမေ့ရဲ့ ဒုက္ခနာကျင်မှုနဲ့ မွေးဖွားတဲ့နေ့လို့နားလည်သိတတ်တဲ့ ကလေးဘဲ.. အမေ ဒီခေါက်ဆွဲလေး စားမှဖြစ်မှာနော်..ဒါက ကျန်းကျန်းရဲ့ သားသမီးဝတ္တရား သိတတ်မှုကို ပြတာလေ”

ကျန်းကျန်းက ချက်ချင်းချိုမြိန်တဲ့ အပြုံးလေးကို ပြလိုက်တယ်။သူမက ချိုသာတဲ့အသံနဲ့ ထပ်ပြောပြန်တယ်။

“အမေ စား!”

“ကောင်းပြီ အမေ အရင်စားလိုက်မယ်!”

ဝမ်စုဖန်းက တစ်လုပ်စားလိုက်ပြီး ကျန်းကျန်းကိုပြန်ခွံ့ လိုက်တယ်။ ဒီလိုနှင့်အမေနဲ့ သမီးက အတူတူ ခေါက်ဆွဲတစ်ပန်းကန်ကို ပြောင်ရှင်းနေအောင် စားလိုက်ကြလေတယ်။

ပြီးသွားတော့ ဝမ်စုဖန်းက ကျန်းကျန်းရဲ့ပါးစပ်ကို ကူညီသုတ်ပေးလိုက်ပြီး အပြင်ကအသံတွေကို နားထောင််ရင်း ရယ်သံတွေနဲ့ စကားပြောသံတွေကြောင့် ခေါင်းကိုခါရမ်းလိုက်ပြန်တယ်။

“ ဒီအသားက နေ့လယ်ကျမှ စားမှရမှာကို.. သူတို့က မနက်စာအတွက်တောင် ဂရုမစိုက်နိုင်ကြတော့ဘူး”

ကျန်းကျန်းက သူမရဲ့စကားကိုကြားတော့ အသားအကြောင်းကိုတွေးမိကာ ပျော်ရွှင်သွားပြန်တယ်။ ဝမ်စုဖန်းရဲ့ လက်ပေါ်ကိုတောင် သားရည်တွေ စီးကျလာသေးတယ်။

“အသားနှပ်!”

“အမေ့သမီးလေးက အသားနှပ်စားချင်တာပဲ!”

ဝမ်စုဖန်းက သူမရဲ့ ပါးဖောင်းဖောင်းကို ညှစ်လိုက်တယ်။

“အမေက သမီးအတွက် သိုးသားပေါက်စီ လုပ်ပေးမလို့”

ကျန်းကျန်းက တွေးလိုက်မိတယ်။ သိုးသားပေါက်စီကလည်း အရသာရှိမှာပဲ။ ဒါပေမဲ့ သိုးသားစတူးက ပိုပြီး စားလို့ကောင်းမှာလေ။ ဒါကြောင့် သူမ ရွေးချယ်ရခက်နေခဲ့တယ်။ သူမရဲ့ မျက်နှာသေးသေးလေးဆီမှာ တုံ့ဆိုင်းနေတဲ့ အမူအရာပေါ်လာခဲ့ပြီး ခဏကြာတော့ သူမရဲ့ခေါင်းကိုမော့ပြီး ပြောလိုက်တယ်။

“အကုန်စားမယ်!”

ဝမ်စုဖန်းနဲ့ ကွေ့ဟွားတို့ကကျန်းကျန်းရဲ့ ပုံစံကြောင့် ရွှင်မြူးသွားခဲ့ရပြီး ဝမ်စုဖန်းက ကျန်းကျန်းကို သူမ လက်ထဲပွေ့ကာ နှစ်ကြိမ်လောက်နမ်းလိုက်တယ်။

“ဒီအစားပုပ်တဲ့ပုံစံလေးက မင်ပေ ငယ်ငယ်တုန်းကနဲ့ တစ်ထပ်တည်းပဲ”

ကျန်းကျန်းက အပြင်မှာလှမ်းအော်တဲ့ လီမင်ပေရဲ့ အသံကိုကြားလိုက်ရတယ်။

“အသားတွေ အများကြီး အများကြီး အများကြီး.....”

သူမ နည်းနည်းလေးတော့ မကျေမနပ်ဖြစ်မိသွားရတယ်။

သူမက မင်ပေလောက်တော့ အသည်းအသန် မဖြစ်ဘူးမလား? စားချင်ရင်တောင် စိတ်ထဲပဲထားမှာဖြစ်ပြီး အပြင်ကို ထုတ်မအော်ဘူးလေ။

All Chapters