← Chapters

Chapter 53

Vol. 6 Ch. 53

Chapter 53

Vol. 6 Ch. 53

လီမူဝူက သူရဲ့အသက်(၁၀)နှစ်အရွယ်ကတည်းက တောင်ပေါ်ကိုအမဲလိုက်ဖို့ တက်ခဲ့ဖူးတဲ့သူပဲ။ တစ်နည်းအားဖြင့် ပြောရရင် သူက နှစ်ပေါင်းများစွာ မုဆိုးကောင်းတစ်ယောက် ဖြစ်လာခဲ့တာလေ။

ဒါကြောင့် နာရီဝက်လောက်အတွင်းမှာပဲ ဒီသိုးသားက သပ်သပ်ရပ်ရပ် ခုတ်ထစ်သန့်ရှင်းပြီးသား ဖြစ်သွားခဲ့တယ်။

မဒမ်လီကတော့ အဆီများတဲ့ အသားနဲ့ အဆီနည်းတဲ့ အသားတုံးတွေကို သပ်သပ်စီခွဲလိုက်တယ်။ ပြီးနောက် ဒီနေ့မချက်ဘဲ ကျန်နေမဲ့အသားတွေကို ခြံထဲမှာရှိတဲ့ နှင်းတွေပေါ်မှာ တင်ထားလိုက်တယ်။ အေးစက်လွန်းတဲ့ နေ့တွေဖြစ်လို့ နေ့ဝက်လောက်အတွင်းမှာဘဲ အသားတွေက ခဲသွားလိမ့်မယ်။ နောက်ထပ် နှစ်လ သုံးလအတွင်း အသားတွေ ပုပ်သိုးသွားမှာကိုလည်း စိတ်မပူရတော့ဘူးလေ။

အိမ်ထဲသို့ ဝင်ပြီး အသားတွေကို နေရာချထားပြီးတဲ့နောက် မဒမ်လီက လက်ဆေးပြီး သူမရဲ့ သားနဲ့မြေးတွေကို မနက်စာစားဖို့ ခန်ပေါ်မှာဝင်ထိုင်စေတယ်။

သူမလည်း အတူဝင်ထိုင်ရင်း ပန်ကိတ်ပူပူနွေးနွေးတစ်ခုကို ယူပြီး တစ်ကိုက်ကိုက်လိုက်တယ်။

“အဖွား.. ကျွန်တော်တို့ သိုးသားကို ဘယ်လိုစားကြမှာလဲ?”

လီမင်ပေက ယာဂုပန်းကန်တစ်ဝက်လောက်ကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး မဒမ်လီကို မျှော်လင့်တကြီးနဲ့ မေးလာခဲ့တယ်။

“သိုးသားနဲ့ ဂေါ်ဖီထုပ်ပေါက်စီလုပ်မယ်.. ဒီနေ့က မင်းညီမ မွေးနေ့လေ.. ငါတို့အိမ်ရဲ့အခြေအနေကလည်း ပိုပြီးကောင်းမွန်လာတယ်.. ပြောရရင် ငါတို့တွေ အတော်ကြီးကောင်းတဲ့အရာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောနိုင်တယ်မလား”

“ပေါက်စီလည်း အရသာရှိပါတယ်.. ဒါပေမဲ့ ကျွန်တော်က အသားတုံးကြီးကို ကိုက်စားရတာလောက်တော့ မကြိုက်ဘူး.. အဖွား ကျွန်တော်တို့ကို အသားတစ်အိုးလောက် မချက်ပေးချင်ဘူးလား?”

လီမင်ပေက မဒမ်လီခေါင်းညိတ်သဘောတူလာမှာကို မျှော်လင့်တကြီးနဲ့စောင့်မျှော်နေခဲ့တယ်

“မရဘူး!”

မဒမ်လီက သူ့ကို ကြည့်တောင်မကြည့်ဘဲ ငြင်းလိုက်တယ်။

“သိုးက အားလုံးပေါင်းမှ တစ်ကောင်တည်းဘဲရှိတာ.. ပေါက်စီနဲ့ အသားစတူးလုပ်ရင်တောင် တစ်ဝက်လောက် သုံးရမှာ.. မင်းကတော့ ဘဝကို ကောင်းကောင်း နေရရုံနဲ့ မကျေနပ်နိုင်သေးဘူး!”

ကျန်းကျန်းကတော့ မနက်စာစားကြီးသွားပြီဖြစ်လို့ ခန်ပေါ်မှာ ထိုင်ရင်း သူမရဲ့ ဘလူးဘယ်ရီသီးခြောက်တွေကို စားနေခဲ့တယ်။

ထိုအခိုက်မှာပဲ ထမင်းဝိုင်းမှ ကြားလိုက်ရတဲ့အသံတွေကြောင့် သူမစားချင်နေတဲ့သိုးသားနှပ်လေးက ပျံပြီး ထွက်ပြေးသွားတော့မယ်ဆိုတာကို သိလိုက်ရပြီး ချက်ချင်းပဲ စိုးရိမ်စိတ်တွေဖြစ်လာရတယ်။

သူမက မတ်တပ်ထရပ်ပြီး မဒမ်လီရဲ့ဘေးကို ပြေးသွားခဲ့ကာ သူမရဲ့ မျက်နှာဖောင်းဖောင်းလေးကို မဒမ်လီ ရဲ့ အရှေ့မှာ ဆန့်ထုတ်ပြီး ပြောလိုက်တယ်။

“အဖွား.. အသားနှပ်!”

“အိုး.. အဖွားရဲ့ပေါင်ပေ့လေးက သိုးသားနှပ် စားချင်တာလား? ကောင်းပြီ.. ကောင်းပြီ ..အဖွားက မင်းရဲ့အမေကို နေ့လယ်ကျ မုန်လာဥနီနဲ့ သိုးသားနှပ် လုပ်ခိုင်းလိုက်မယ်လေ ဟုတ်ပြီလား”

ကျန်းကျန်းက ထပ်ခါထပ်ခါခေါင်းညိတ်ပြလိုက်ပြီး မဒမ်လီကတော့ သူမရဲ့မျက်နှာလေးကို ဆွဲညှစ်လာခဲ့တယ်။

“ဟုတ်ပါပြီ.. ဒါဆို ပေါက်စီမစားဘဲ အသားနှပ်ပဲ စားရမှာနော်”

“စားမယ်!”

ကျန်းကျန်းက ခြေနှစ်လှမ်း လှမ်းလိုက်ပြီး မြန်မြန်ပြန်ပြေးသွားခဲ့တယ်။

“အကုန်စားမှာ!”

လီမင်နန်နဲ့ လီမင်ပေတို့က ချက်ချင်းပဲ ပျော်သွားကြတယ်။ ဒါပေမဲ့ သူတို့က ပါးစပ်ဖွင့်ပြီး အသံ မထွက်ရဲခဲ့ကြလေဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အဖွားကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်မိသွားမှာကိုစိုးလို့ပဲ။

ဒါကြောင့် သူတို့က ငြိမ်ငြိမ်လေးစားသောက်ခဲ့ကြပြီး သိုးသားတွေကို ဖြတ်တောက်ပြီးထည့်ထားတဲ့ အိုးဘက်ကို လှမ်းကြည့်နေခဲ့ကြတယ်။

မဒမ်လီက ဖြူဖွေးနူးညံ့ဖောင်းကားတဲ့ ခန္ဓာကိုယ်လေးနှင့် အသားစားရဖို့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေတဲ့ ကျန်းကျန်းကို ကြည့်ပြီး သူမရဲ့ နှလုံးသားက ပျော့ပျောင်းသွားခဲ့ပြန်တယ်။

“ ကောင်းပြီကောင်းပြီ.. ဒီနေ့က ကျန်းကျန်းရဲ့ မွေးနေ့ဆိုတော့ နေ့ခင်းဖက်မှာ အသားနှပ်ချက်ပြီးနဲ့ ညနေကျရင် ဖက်ထုပ်စားကြမယ်”

“ရေးး!!”

လီမင်နန်နဲ့ လီမင်ပေတို့ ရုတ်တရက် ခန်ပေါ်ကနေခုန်ထပြီး အော်ဟစ်မိကြသွားတော့တယ်။ မဒမ်လီက ဆေးတံကို ကောက်ကိုင်လိုက်ပြီး ခန်ကို နှစ်ကြိမ် ခေါက်လိုက်တယ်။

“ တိတ်တိတ်နေကြ အခုမနက်စာစားပြီးသွားရင် တောင်ပေါ်ကိုသွားပြီး ထင်းတွေ သွားကောက်လိုက်ကြဦး”

လီမင်နန်တစ်ယောက် ရုတ်တရက် ပစ်လဲသွားတော့တယ်။

“အဖွား.. အရင်တစ်ခေါက် ကျွန်တော်တို့ သယ်လာတဲ့ ထင်းပုံကြီးက အိမ်ခေါင်မိုးလောက် မြင့်နေပြီလေ.. အဲဒါတွေ အားလုံးကို ဘယ်မှာ သွားထားမလို့လဲ?”

“ငါ မင်းတို့အတွက် အသားချက်ပေးရမှာလေ”

မဒမ်လီက သူ့ကို ကြည့်လိုက်ပြီး နောက်ဆုံးကျန်နေတဲ့ ဘန်းမုန့်ကို ပါးစပ်ထဲ ထည့်လိုက်တယ်။ ထို့နောက် ခန်ပေါ်မှ ဆင်းကာ ဆေးတံကိုယူပြီး မီးဖိုမှာ မီးသွားညှိလိုက်တယ်။

လီမင််ရှီက လည်ပင်းကို ဆန့်လိုက်ပြီး အပြင်ကိုထွက်သွားပြီဖြစ်တဲ့ မဒမ်လီကို ကြည့်လိုက်ကာ ရုတ်တရက် သူများဒုက္ခရောက်တာကိုပျော်ရွှင်နေတဲ့အမူအယရာနှင့် သူ့ရဲ့ခေါင်းနဲ့ပုခုံးတွေကို လှုပ်ခါရင်း လီမင်နန်နဲ့ လီမင်ပေတို့ကို ကြည့်လိုက်တယ်။

“အဖွား ကျွန်တော်တို့ရဲ့ ဒုတိယမြောက်အစ်ကိုကိုလည်း ခိုင်းဦးလေ!”

လီမင််ပေက မခံမရပ်နိုင်ဖြစ်သွားကာ လှမ်းအော်ပြောခဲ့တယ်။

“သူ့ကို ခိုင်းရမှာလား?”

မဒမ်လီက မီးဖိုချောင်ထဲကနေ လှမ်းအော်လိုက်တယ်။

လီမင်ရှီကတော့ မြားခေါင်းက သူ့ဘက်ကိုလှည့်လာတာကိုမြင်တော့ ချက်ချင်းပဲ ပြန်ပြောခဲ့တယ်။

“အဖွား၊ ကျွန်တော် နားမလည်တဲ့ မေးခွန်းလေး ရှိနေလို့.. မနက်စာစားပြီးရင် ကျွန်တော့်ရဲ့အစ်ကိုကို မေးချင်လို့”

“အင်း!”

မဒမ်လီက ဒေါသထွက်စွာ အော်ပြောလာတယ်။

“မင်းရဲ့အစ်ကိုက အခုချိန်မှာ မင်းရဲ့ မေးခွန်းစာရွက်တွေကို ဖြေပေးနိုင်လိမ့်မယ်ထင်လို့လား!”

လီမင်တုန်နဲ့ ကွေ့ဟွားတို့က ပြင်ဆင်မှုတွေကြောင့် အတော်ပင်ပန်းနေခဲ့ကြတာလေ။ ဒါကြောင့် လီမင်ရှီက သူ့ရဲ့ခြေထောက်ကို သူတို့ဘက်ကိုဆန့်ထုတ်လာတာကိုမြင်တာနှင့် လီမင်တုန်က လှမ်းပြီး ကန်ချလိုက်တော့တယ်။

လီမင်နန်နဲ့ လီမင်ပေတို့က ထိုမြင်ကွင်းကြောင့် ချက်ချင်းပဲ အရူးလေးတွေလို ပျော်ရွှင်သွားကြပြီး သူတို့ဖင်တွေကို ဘေးဘက်ကို မြန်မြန်ရွှေ့လိုက်ကြကာ ခြေထောက်တွေကို ဆန့်ထားခဲ့ကြတယ်။ ဒါကြောင့် မကြာခင်တုန်းက ထသွားခဲ့တဲ့ လီမင်ရှီရဲ့နေရာက ပျောက်ကွယ်သွားခဲ့တော့တယ်။ ဒီတော့ လီမင်ရှိီ တစ်ယောက် မနက်စာစားဖို့ ပြန်လာချိန်မှာ သူ့ရဲ့နေရာပျောက်သွားတာကိုကြည့်ရင်း ဗလာဖြစ်စွာသာ စိုက်ကြည့်နေခဲ့ရတော့တယ်။

ကျန်းကျန်းတော့ ခန်ပေါ်မှာ ထိုင်နေရင်း သူ့အစ်ကိုတွေ တစ်ယောက်နဲ့ တစ်ယောက် ချောက်ချနေကြတာကို ကြည့်ပြီး တခစ်ခစ်ရယ်မောလိုက်မိတယ်။ ဒီလို တစ်နေ့တာက TVဇာတ်လမ်းတွေကိုကြည့်နေရတာထက်တောင် ပိုပြီးစိတ်ဝင်စားစရာကောင်းနေခဲ့တယ်။

စားသောက်ပြီးသွားချိန်မှာတော့ မိသားစုထဲမှလူတိုင်းက ကိုယ်လုပ်ရမဲ့ အလုပ်ကို သွားလုပ်ခဲ့ကြတယ်။ ကျန်းကျန်းကတော့ ခန်ပေါ် မှာ ဆက်ထိုင်ဖို့ ငြင်းဆန်နေခဲ့ပြီးသူမရဲ့ ဝါဂွမ်းချည်ဖိနပ်လေးတွေကို စီးကာ အိမ်ကို ပတ်ပြေးနေခဲ့တယ်။

ပထမတုန်းကတော့ မဒမ်လီက ကျန်းကျန်းပြုတ်ကျသွားမှာကို စိုးရိမ်နေခဲ့သေးတယ်။ ဒါကြောင့် သူမကို ဂရုစိုက်ဖို့အတွက် နောက်ကနေ ထပ်ကြပ်မကွာလိုက်ပေးခဲ့သေးတယ်။

ဒါပေမဲ့ ကျန်းကျန်းရဲ့ ခြေထောက်တွေက အားနည်းသွားတာကို မမြင်တွေ့ရတော့မှ စိတ်သက်သာရာရပြီး သူမဘာသာ ပတ်ပြေးနေခွင့်ပေးလိုက်တယ်။

ပြီးတော့ သူမက မြေးမလေးအကြောင်းကိုလည်း ကြွားဝါနေခဲ့သေးတယ်။

“ငါတို့မိသားစုရဲ့ ကျန်းကျန်းက မွေးကတည်းက ခြေထောက်တွေက အားအပြည့်နဲ့မွေးလာခဲ့တာ.. အသက်တစ်နှစ်ပြည့်သွားတော့ ကောင်းကောင်း လမ်းလျှောက်နိုင်ပြီ.. သူမသာ အရွယ်ရောက်လာရင် သူမက .......”

“အဖွား!”

ကျန်းကျန်းက မဒမ်လီပြောခဲ့ဖူးတာကို သတိရသွားတယ်။ သူမ မွေးကာစအချိန်တုန်းက ခြေထောက်တစ်ဖက်တည်းနဲ့ တောဝက်တစ်ကောင်ကို ကန်ထုတ်နိုင်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်လေ။

ဒီကြောင်းကိုတွေးမိတော့ သူမရဲ့ခြေထောက်တွေက ပျော့ခွေသွားရတယ်။ ဒီလိုစွမ်းရည်က မိန်းကလေးတွေနဲ့ တကယ်ကို မသင့်တော်ဘူးနော်!

ဝန်စုဖန်းကတော့ မနက်စာစားပြီးချိန်မှာပဲ သိုးသားတွေကိုနှပ်ဖို့အတွက် စလုပ်နေခဲ့ပြီ။ ဒီအသားနှပ်က ကျန်းကျန်းပါ စားမှာဖြစ်လို့ သူမရဲ့သွားသေးသေးလေးတွေ မနာကျင်ရအောင် အစားနှပ်ကို နူးညံ့နေအောင် ချက်ရလိမ့်မယ်။

သူမက ပဲပိစပ်ဆီတစ်ဇွန်း ထည့်လိုက်ပြီး အပူပေးလိုက်ကာ အမွှေးနံ့ထွက်လာသည်အထိ ဂျင်းနှစ်တက်နဲ့ ဆီသတ်လိုက်ယ်။ ဆီသတ်ပြီးနောက် သိုးသားကိုထည့်လိုက်ပြီး ရှဲခနဲ အသံထွက်လာကာ အသားနံ့က တစ်အိမ်လုံးကို ပျံ့နှံ့သွားပြီး မွှေးပျံ့နေခဲ့တယ်။

မွှေးရနံ့က သူတို့ရဲ့အိမ်ထဲကိုတင်မကဘဲ ဘေးဘက်မှ အိမ်နှစ်အိမ်ဆီသို့ပါ ပျံံနှံ့သွားခဲ့တယ်။ လီမင်နန်နဲ့ လီမင်ပေတို့ကတော့ သူတို့ရဲ့ဂျက်ကက်တွေကို ဝတ်ဆင်ပြီး ဝါဂွမ်းဦးထုပ်တွေကို ဆောင်းခဲ့ကြပြီးတော့ အပြင်ထွက်ဖို့ လုပ်နေချိန်မှာ ထိုမွှေးရနံ့ကို ရရှိလိုက်ပြီး ဆက်မသွားနိုင် ဖြစ်သွားကြတယ်။

မဒမ်လီက သူတို့ရဲ့ပုံစံကို အနောက်ဘက်ခန်းက လှမ်းမြင်ပြီး အော်ပြောလိုက်တယ်။

“ဘာလို့ မသွားကြသေးတာလဲ?”

လီမင်နန်နဲ့ လီမင်ပေတို့က ချက်ချင်းပဲ ခြေနှစ်လှမ်းတည်းနဲ့ ခုန်ဝင်လာခဲ့ကြပြီး မဒမ်လီရဲ့လက်မောင်းကိုကို တစ်ဖက်တစ်ချက်စီကနေ ချိတ်လိုက်ကြတယ်။

လီမင်ပေက သူ့ရဲ့ချစ်စဖွယ်အမူအရာလေးကို ပထမဆုံးအကြိမ်အနေနဲ့ အသုံးချပြီီး သူ့ရဲ့အသံကိုလည်း လည်ချောင်းထဲကနေကို ဖြစ်ညှစ်ပြီးပြောလိုက်တယ်။

“အဖွား၊ ဒီနေ့ အပြင်မှာ သိပ်အဆင်မပြေဘူး.. ကောင်းကင်ကြီးကလည်း သိပ်မကောင်းဘူးလေ.. နှင်းတွေလည်း ကျတော့မလိုပဲ.. ကျွန်တော် နည်းနည်းကြောက်တယ်”

မဒမ်လီက တုန်ယင်သွားရပြီး ကျန်းကျန်းကိုတောင် လွတ်ကျတော့မတတ် ဖြစ်သွားတယ်။ သူမက အဖိုးတန်မြေးမလေးကို သေသေချာချာ ပြန်လည်ပွေ့ဖက်လိုက်ပြီး လီမင်ပေကို စိုက်ကြည့်လိုက်တယ်။

“လူလို ပြောစမ်းပါ!”

မင်ပေက ချက်ချင်းပဲ ဖြောင်းဖျလာတယ်။

“ကျွန်တော် အမေ့ကို မီးဖိုချောင်ထဲမှာ မီးထိုးပေးပြီး ကူပေးလုပ်ချင်တယ်”

မဒမ်လီက လောဘကြီးလွန်းတဲ့ သူမရဲ့ မြေးကိုကြည့်ပြီး ဒေါသတကြီး ရယ်မောလိုက်မိတယ်။ သူမက ဆေးတံကိုထုတ်ပြီး သူ့ရဲ့ဖင်ကိုရိုက်လိုက်ကာ ရယ်မောရင်း ကြိမ်းမောင်းလိုက်တယ်။

“သွား ၊ မင်းအမေကို ကူပြီး အာလူးတွေသွားလှီးပေးလိုက်.. စားဖို့ပဲ စောင့်မနေနဲ့”

ကျန်းကျန်းကတော့ ဦးနှောက်မရှိတဲ့ လီမင်ပေကို ကြည့်ပြီး သူမလည်း အခုတလော စားဖို့သောက်ဖို့အကြောင်းတွေကိုပဲ တွေးမိနေတာကို ပြန်လည်းစဥ်းစားမိရင်း အနည်းငယ် စိုးရိမ်မိသွားခဲ့တယ်။ သူမ ကြီးလာရင်လည်း လီမင်ပေလို အစားအသောက်သမားဖြစ်လောက်လောက်မလား?

All Chapters