← Chapters

Chapter 55

Vol. 6 Ch. 55

Chapter 55

Vol. 6 Ch. 55

မဒမ်လီက ဝမ်စုဖန်းရဲ့ ပြန်မေးလာတဲ့စကားကိုကြားတော့ မသိတော့ဘူး။ ဒါကြောင့် စဥ်းစားပြီး ပြန်ပြောခဲ့တယ်။

“မင်းလက်ထပ်တဲ့အချိန်တုန်းက မင်းရဲ့အမေ သင်ပေးခဲ့တာကို မှတ်မိတယ်မလား.. အဲဒီအတိုင်းသာ ကွေ့ဟွားကို ပြောလိုက်လေ.. ဒါနဲ့ ကွေ့ဟွားအတွက် အခင်းလေးရော ပြင်ထားပြီးပြီလား?အိပ်ရာခင်းအသစ်က ညစ်ပတ်သွားရင် ဆောင်းရာသီအတွင်းမှာ ပြောင်စင်အောင် လျှော်ဖွပ်ဖို့ မလွယ်ဘူးနော်”

ဝမ်စုဖန်းက ဒီကိစ္စအတွက်ကိုတော့ ပြင်ဆင်ထားပြီးသားပဲ။ သူမက ပေါက်ပြဲနေပြီဖြစ်တဲ့ စောင်အဟောင်းတစ်ထည်ကို လျှော်ဖွပ်ကာ ခေါက်ထားလိုက်ပြီး အိပ်ရာခင်းအသေးလေးအဖြစ် လုပ်ထားခဲ့တယ်။

ဒီတော့ သူမက ကွေ့ဟွားကို အရှေ့ခန်းထဲကို လာခဲ့ဖို့ခေါ်လိုက်ပြီး အဲ့ဒီအခင်းစောင်အသေးလေးကို လှမ်းပေးခဲ့တယ်။ ကွေ့ဟွားက သူမရဲ့လက်ထဲမှ စောင်အသေးလေးကို ကြည့်လိုက်ပြီး ပြန်မေးလာခဲ့တယ်။

“ဒါ ကျန်းကျန်းအတွက် ဆီးခံအသစ်လုပ်ထားတာလား?”

ကျန်းကျန်းကတော့ ဝမ်းနည်းပြီးစိတ်တိုနေတဲ့ မျက်နှာနဲ့ ခန်ပေါ် မှာထထိုင်လိုက်မိပေမဲ့ စိတ်ထဲကသာ ကြေကွဲစွာပြောလိုက်နိုင်တယ်။

တကယ်တော့ ကျွန်မလည်းမလုပ်ချင်ပါဘူးနော်။ ဒါပေမဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က အရမ်းငယ်လွန်းနေသေးတယ်လေ။ ဒါကြောင့် တစ်ခါတလေတော့ မထိန်းချုပ်နိုင်ဖြစ်သွားရတာ!

“မဟုတ်ဘူးလေ၊ ဒါက…. ဒါက မင်းအတွက်..”

ဝမ်စုဖန်က ရှက်ကိုရွံ့စွာ ပြောလိုက်တယ်။

ကွေ့ဟွားက ခုချိန်ထိ မတုံ့ပြန်နိုင်သေးဘူး။

“ဒါ ကျွန်မအတွက်လား..ဒါနဲ့ ဘာလုပ်ရမှာလဲ?

ဝမ်စုဖန်းရဲ့ခေါင်းက အတော်လေးကြီးနေပြီ။ သူမအနေနဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့သာ ဆက်ရှင်းပြနိုင်ခဲ့တယ်။

“ဒါက ဒီနေ့ မင်းနဲ့ မင်တုန်အတွက်လေ.. ဒါကို မင်းရဲ့ ခန္ဓာကိုယ် အောက်ဖက်မှာ ထားရမှာ.. စောင်တွေ မပေစေအောင်လို့”

ကွေ့ဟွားက ဝမ်စုဖန်ကို အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကြည့်လာခဲ့တယ်။

“ဒါပေမဲ့ ကျွန်မက အဲဒါလာပြီးသွားပြီလေ.. အခုအဆင်ပြေပါတယ်.. ဒီတော့ ဒါကို မလိုပါဘူး”

“မဟုတ်ဘူးလေ”

ဝမ်စုဖန်က ရူးမတတ် ဖြစ်နေပြီ။ သူမအနေနဲ့ ဘာပြောရတော့မလဲဆိုတာတောင် မသိဘူး။ သူမလက်ထပ်တဲ့အချိန်တုန်းက သူမရဲ့အမေ ပြောခဲ့တဲ့စကားကို ကြိုးကြိုးစားစား ပြန်စဉ်းစားပြီး ကွေ့ဟွားကို ကွေ့ဝိုက်ပြီး ပြောဖို့ ကြိုးစားရပြန်တယ်။

“ဒီလိုမျိုး.. မင်းက ဒီနေ့ည မင်တုန်နဲ့ အတူတူ အိပ်ရမှာ.. ခန်ပေါ်မှာလေ……”

အဲ့ဒီစကားလုံးတွေနဲ့တင် ကွေ့ဟွားရဲ့ မျက်နှာက နီရဲနေတဲ့မီးဖိုတစ်ခုလိုမျိုး ဖြစ်သွားရပြီး အခိုးအငွေ့တွေတောင် ထွက်လာတော့မလိုပဲ။

သူမရဲ့ ချွေးမ ရှက်သွားတာကို မြင်တော့ ဝမ်စုဖန်းအနေနဲ့ ပိုပြီး စိတ်မသက်မသာဖြစ်လာရတယ်..

“အဲဒါက နည်းနည်းတော့ နာလိမ့်မယ်.. ခဏလောက်တော့ သည်းခံလိုက်ပါ.. ပြီးသွားရင် အဆင်ပြေသွားလိမ့်မယ်.. အိပ်ရာခင်းက အသစ်ဆိုတေိ့ မပေစွန်းသွားစေနဲ့နော်”

ကွေ့ဟွားက ခေါင်းငုံ့ပြီး သူမရဲ့မျက်နှာကို အုပ်လိုက်လေတယ်။ သူမရဲ့ နားရွက်နဲ့ လည်ပင်းတို့ကလည်း နီရဲနေခဲ့ပြီ။ ဝမ်စုဖန်းက သူမ ဒီထပာပိုပြီး မရှင်းပြတတ်တော့ဘူးလို့ ခံစားရတဲ့အတွက် မဒမ်လီရဲ့ အကူအညီကို ရယူဖို့ ပြေးထွက်သွားရတော့တယ်။

မင်္ဂလာဦးညအကြောင်းကို တွေ့မြင်နေရတဲ့ ကျန်းကျန်းကတော့ ဗိုက်ကိုဖိပြီး အရူးလို ရယ်မောမိတော့မလိုပဲ။

သူမက သူမရဲ့လက်ထဲမှာထိုင်ထားတဲ့ ထင်းရှုးသီးစေ့ကို ပြန်ချလိုက်ပြီး လက်ကိုင်ပဝါကိုယူကာ သူမရဲ့ ပါးစပ်နဲ့ လက်တွေကိုသုတ်လိုက်တယ်။ ပြီးသွားတော့မှ ကွေ့ဟွားရဲ့အနားကို မသိမသာလေးသွားလိုက်ကာ သူမရဲ့လည်ပင်းကို သိုင်းဖက်ခဲ့တယ်။

ကျန်းကျန်းရဲ့ လက်သေးသေးလေးတွေနဲ့ လာဖက်တာကို ခံစားလိုက်ရတဲ့အတွက် ကွေ့ဟွားက နောက်ဆုံးတော့ သူမရဲ့မျက်နှာကိုအုပ်ထားတဲ့ လက်တွေကို ပြန်ဖယ်လိုက်ပြီး ကျန်းကျန်းကို ပြန်ဖက်ကာ တီးတိုးလေး ပြောလိုက်မိတယ်။

“ဒါက အရမ်းရှက်စရာကောင်းတာပဲ”

ဝမ်စုဖန်းကတော့ အနောက်ဘက်အိမ်ကို ပြန်သွားပြီး မဒမ်လီနဲ့ ထပ်မံဆွေးနွေးရပြန်တယ်။

“ကွေ့ဟွားက ဒါတွေကို နားမလည်သေးတဲ့ မိန်းကလေးဖြစ်နေတယ်.. ဒီတော့ တုန်ဇီရဲ့ အဖေကိုပဲ တုန်ဇီကို သင်ခိုင်းလိုက်ကြမလား”

“အဲလိုလုပ်တာကောင်းမယ်”

မဒမ်လီကို သူမရဲ့ဆေးတံ ခေါက်လိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်။

“မူဝူ.. မင်တုန်နဲ့ စကားသွားပြောချည်”

“ဘာကိုပြောရမှာလဲ?”

လီမူဝူက တုံးအ,တဲ့လူတစ်ယောက်ဖြစ်ပြီး ခိုင်းအတိုင်းပဲ အလုပ်လုပ်တတ်ကာ အရိပ်အကဲကိုလည်း သိပ်ပြီးနားလည်တဲ့သူ တစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် မဒမ်လီက သူ့ကို ကြည့်ရင်း သေစေလောက်အောင် စိတ်ပူမိလာရတယ်။

“ညဘက်မှာ မင်္ဂလာအိပ်ခန်းဝင်ရမယ့်အကြောင်းတွေကို သူ့ကို ရှင်းပြလိုက်။”

ညီနှစ်ယောက်ဖြစ်တဲ့ လီမူစန်းနဲ့ လီမူလင်းတို့က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ လီမီဝူကတော့ မျက်နှာချင်းဆိုင်မှ ခန်ပေါ်မှာရှိနေတဲ့ ယောကျ်ားလေးအုပ်စုကို ကြည့်လိုက်ပြီး အနည်းငယ်ရှက်သွားခဲ့တယ်။

“ဘာပြောစရာလိုလို့လဲ၊ ခန်ပေါ်ကိုရောက်သွားတာနဲ့ အကုန်လုံး သိသွားမှာပဲလေ”

လီမင်တုန်ကတော့ အလွန်အမင်း ရှက်ရွံ့နေပြီဖြစ်ကာ သည်းမခံနိုင်တော့ဘဲ ထွက်သွားဖို့ ထလိုက်တယ်။ ဒါကြောင့် မဒမ်လီက သူမရဲ့ဆေးတံကို ဝှေ့ ယမ်းပြီး ပြောလိုက်တယ်။

“အနောက်ခန်းကို သွားပြီးပြောလိုက်.. ပြီးသွားရင် မင်တုန်နဲ့ ကွေ့ဟွားတို့ကို အိပ်ရာဝင်ခိုင်းလိုက်တော့ .. သူတို့တွေ တစ်နေကုန် အလုပ်ရှုပ်နေခဲ့ကြတာ.. ထပ်ပြီး အပင်ပန်းမခံခိုင်းနဲ့တော့”

အိမ်ထောင်ဦးစီးဖြစ်တဲ့ မဒမ်လီက ပြောလာတာဖြစ်တဲ့အတွက် သားအဖနှစ်ယောက်က ဖိနပ်စီးပြီး အနောက်ခန်းထဲကို ဝင်သွားခဲ့ကြတယ်။ ပြီးနောက် သိပ်မကြာခင်မှာဘဲ လီမူဝူက ပြန်ထွက်လာခဲ့ပြီး သူ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောခဲ့ရဲ့လားဆိုတာကိုတော့ မသိနိုင်ဘူး။

ကွေ့ဟွား အထဲကိုဝင်လာပြီးနောက် သူမက အဝတ်ဘီဒိုထဲက စောင်အသစ်တွေကိုထုတ်ယူပြီး တစ်ဖက်ကို စောင်တစ်ထည်စီ နေရာချလိုက်ကာ အိပ်ရာပြင်ပြီး ထိုင်နေခဲ့တယ်။ သူမက မင်တုန်ရဲ့မျက်နှာကိုတော့ မကြည့်ရဲခဲ့ဘူး။

“ဒါဆို ကွေ့ဟွား.. အိပ်ကြရအောင်”

လီမင်တုန်တစ်ယောက် တံတွေးမျိုချလိုက်မိတယ်။ သူ့ရဲ့လက်ဖဝါးကလည်း ချွေးတွေနဲ့ စိုစွတ်နေခဲ့ပြီ။

ကွေ့ဟွားသည်လည်း လီမင်တုန်ရဲ့စကားကိုကြားတော့ ပိုမိုရှက်သွားခဲ့ပြီး သူမရဲ့ ဂျာကင် အင်္ကျီနှင် အပေါ်ထပ်ဘောင်းဘီအထူတို့ကို ချွတ်ကာ ခြေရင်းဘက်မှာ ထားလိုက်တယ်။

ပြီးတော့ ညအိပ်ဝတ်စုံနှင့် စောင်ထဲကို ဝင်သွားခဲ့တယ်။ လီမင်တုန်ကလည်း မီးမှိတ်လိုက်ပြီး သူ့ရဲ့အဝတ်အစားတွေ ချွတ်ကာ အမှောင်ထဲမှာပဲ ခန်ပေါ်ကို တက်သွားခဲ့တယ်။

ငယ်ရွယ်တဲ့စုံတွဲက စောင်ကိုယ်စီနဲ့ လဲလျောင်းနေကြတယ်။ အခန်းက မှောင်မိုက်နေပေမဲ့ သူတို့နှစ်ယောက်လုံးကတော့ မျက်လုံးတွေ ဖွင့်ထားတုန်းဘဲ။

ဒါပေမဲ့ ဘယ်သူကမှ မလှုပ်ရဲခဲ့ဘူး။ အခန်းက တိတ်ဆိတ်ငြိမ်သက်ပြီး တစ်ယောက်ရဲ့အသက်ရှုသံကိုတောင် နောက်တစ်ယောက်ကြားနေရတယ်။

တဖြည်းဖြည်းနဲ့ ကွေ့ဟွား အိပ်ငိုက်လာခဲ့ပြီး သန်းလိုက်မိတယ်။ သူမရဲ့ မျက်လုံးတွေကိုတောင် မဖွင့်နိုင်လောက်အောင် အိပ်ငိုက်လာခဲ့ပြီ။

ကွေ့ဟွားအိပ်ပျော်တော့မယ်ဆိုတာကို ရိပ်မိသွားတော့ လီမင်တုန်တစ်ယောက် အနည်းငယ်စိုးရိမ်သွားပြီး သူ့ရဲ့ကိုယ်ပိုင်စောင်ထဲကနေ ပြန်ထွက်လိုက်ကာ ကွေ့ဟွားဘက်ကို တိုးသွားပြီး ကွေ့ဟွားရဲ့ လက်ကို ဆုတ်ကိုင်လိုက်တော့တယ်။

ကွေ့ဟွားက အိပ်ပျော်ခါနီးမှာပဲ လီမင်တုန်ကြောင့် ပြန်နိုးလာခဲ့ရတယ်။ သူမက လီမင်တုန်ရဲ့လက်ဖဝါးဆီမှ အနွေးဓာတ်ကို ခံစားမိသွားတော့ သူမရဲ့မျက်နှာလေးက နီရဲသွားရပြန်တယ်။

ကွေ့ဟွားက သူ့ရဲ့လက်ကို ဖယ်ရှားခြင်းမပြုတာကို တွေ့တော့ လီမင်တုန်က ပိုပြီး သတ္တိရှိလာခဲ့ကာ ကွေ့ဟွားရဲ့ စောင်ထဲကို တိုးဝင်ကာ ပွေ့ဖက်လိုက်တယ်။ ကွေ့ဟွားကတော့ လှုပ်ဖို့တောင်မဝံ့ရဲပါဘဲ လီမင်တုန်ရဲ့ရင်ခွင်ထဲမှာ နီရဲနေတဲ့ မျက်နှာလေးနဲ့ လဲလျောင်းနေခဲ့ရရှာတယ်။

အချိန်အကြာကြီး တွဲလာပြီးတဲ့နောက် ဒါက ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ဖူးတာဖြစ်ပြီး အခုလိုနူးညံ့မှုတွေနှင့် အနွေးဓာတ်တွေ ကိုလည်း ပထမဆုံးအကြိမ် ခံစားဖူးတာပဲ။

လီမင်တုန်တစ်ယောက် ချစ်မိသွားတာက အဓိပ္ပါယ်ဖော်လို့မရပေမဲ့ အခုလိုပွေ့ဖက်ထားရတာကတော့ အရမ်းကောင်းတယ်လို့ ခံစားမိခဲ့တယ်။

ပူနွေးနေတဲ့ ခန်၊ တစ်ဖက်ပြင်းထန်စွာ တောက်လောင်နေတဲ့ မီးဖို၊ ထူထဲတဲ့ စောင်တို့အပြင် လီမင်တုန်ရဲ့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမှုတို့ကြောင့် ကွေ့ဟွားရဲ့ တစ်ကိုယ်လုံး ချွေးတွေ ထွက်လာရတယ်။

သူမက လီမင်တုန်ရဲ့ ရင်ဘတ်ကို အသာအယာတွန်းဖယ်လိုက်ပြီး ခြင်တစ်ကောင်ရဲ့အသံတို တိုးညင်းစွာ ပြောလိုက်တယ်။

“အစ်ကိုမင်တုန် ကျွန်မ ပူနေပြီ”

လီမင်တုန်က သူ့ရဲ့ လက်တွေကို ဖယ်လိုက်ပြီး ဦးတည်ရာကို ခန့်မှန်းကာ သူမကို ပွေ့ဖက်နမ်းရှိုက်ဖို့ ပြင်လိုက်တယ်။ သို့ပေမဲ့ ထိုအခိုက်မှာပဲ ကွေ့ဟွားက မော့ကြည့်လာခဲ့တဲ့အတွက် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်တိုက်မိသွားလေတော့တယ်။

လီမင်တုန်တစ်ယောက် နာကျင်မှုကြောင့် မျက်ရည်တောင် ဝဲသွားခဲ့ရတယ်။

သူ သူ့ရဲ့မေးစိကို ပွတ်လိုက်မိချိန်မှာပဲ အိပ်ရာထဲမှ ကွေ့ဟွားရဲ့ ရယ်မောသံကို ကြားလိုက်ရတာကြောင့် နာကျင်မှုတွေကို ချက်ချင်းပဲ မေ့ပျောက်သွားခဲ့ရတယ်။

သူက သူ့ရဲ့လက်ကို ကွေ့ဟွားရဲ့ မျက်နှာပေါ်သို့ အရင်တင်လိုက်ပြီး ဘယ်နေရာမှာလဲဆိုတာကို ခန့်မှန်းပြီးသွားတော့မှ သူမကို နမ်းရှိုက်လိုက်တယ်။

လီမူဝူပြောခဲ့သလိုပါပဲ။ ဒီလိုအရာမျိုးက သင်ပေးဖို့ မလိုအပ်ဘူး။ ဗီဇအရ အလိုလိုတတ်ကျွမ်းသွားတာမျိုးလေ။

လီမင်တုန်က ကွေ့ဟွားရဲ့ နှုတ်ခမ်းတွေကို နမ်းရင်း သူမလည်တိုင်ဆီကို တဖြည်းဖြည်း ရွှေ့လာခဲ့တယ်…..

သို့ပေမဲ့ တစ်ခါတလေမှာတော့ ပင်ကိုယ်အသိစိတ်ကို အားကိုးရုံလောက်နဲ့ မလုံလောက်တတ်ဘူး။ သူတို့တွေ ခဏလောက်လူးလှိမ့်ပြီးတဲ့နောက် လီမင်တုန်က ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်နိုင်တော့ဘူး။

ဒီတော့ သူက ဒေါသထွက်ထွက်နဲ့ အဝတ်မပါဘဲ ခန်ပေါ်ကနေ ဆင်းလိုက်ပြီး မီးပြန်ဖွင့်လိုက်တော့တယ်။ ကွေ့ဟွားရဲ့ ရှက်ရွံ့နေတဲ့ခေါင်းလေးကတော့ စောင်ထဲမှာ နစ်မြုပ်နေခဲ့တယ်။

လီမင်တုန်က ခန်ပေါ်ကို ပြန်လည် ခုန်တက်လာခဲ့ပြီးနောက် ပြောလာတယ်။

“ဘယ်မှာလဲဆိုတာကို ကိုယ်မြင်ရပြီ”

မျက်စိတစ်မှိတ်အတွင်းမှာပဲ နွေဦးရဲ့ပန်းပွင့်တွေက ပွင့်လန်းလာခဲ့ကြတယ်။

All Chapters