← Chapters

Chapter 56

Vol. 6 Ch. 56

Chapter 56

Vol. 6 Ch. 56

ဆောင်းရာသီ ကုန်ဆုံးသွားချိန်မှာတော့ ကျန်းကျန်း သူမရဲ့ ဂွမ်းကပ်ကုတ်အင်္ကျီကိုချွတ်ပြီး ပန်းပွင့်လေးတွေပါတဲ့ အင်္ကျီလေးကို ဝတ်ထားခဲ့ပြီ။ သူမအနေနဲ့ ငါးလကျော်လောက် အပြင်ကိုမထွက်ခဲ့ရတဲ့တာကြောင့် အခုချိန်မှာ အပြင်ဘက်ကို ပြေးထွက်ချင်လာခဲ့တယ်။

ဒါကြောင့် ခြံထဲကိုဆင်းခွင့်ရသွားတဲ့ ကျန်းကျန်းက သူမရဲ့ခြေတွေလက်တွေကို ဆန့်ကာ ခြံပတ်လည်ကို လမ်းစ,လျှောက်တော့တယ်။

ဆောင်းရာသီကုန်ဆုံးသွားပြီးနောက် ကျန်းကျန်းရဲ့ ခြေထောက်ကလေးတွေက ပိုပြီးသန်မာလာခဲ့ပြီ။ စကားတွေကိုလည်းတစ်လုံးပြီးတစ်လုံး ပိုပြီးပီသစွာပြောတတ်လာတယ်လေ။

ကံကောင်းစွာနဲ့ ကျန်းကျန်းမွေးလာကတည်းက မဒမ်လီက ကောင်းကင်ကြီးကို မြင်တွေ့ထားခဲ့ပြီးပြီဖြစ်လို့ ကျန်းကျန်းကို အကောင်းဆုံးနဲ့ အထက်မြက်ဆုံး စကားလုံးတွေကိုပဲ သင်ပေးထားခဲ့တယ်။

ဒါကြောင့် မိသားစုလီက ကျန်းကျန်းတစ်ယောက် မြန်မြန်ဆန်ဆန်နဲ့ ကျင့်သားရလာခဲ့ကြတော့တယ်။

“မြစ်တွေ အရည်ပျော်လာပြီ တတိယအစ်ကို.. ကျွန်တော်တို့ ငါးမျှားထွက်ရအောင်”

နှစ်သစ်ကူးပြီးနောက်မှာ လီမင်ပေသည်လည်း ကျောင်းစတက်ရပြီး သူ့အတွက်တော့ နေ့ရက်တိုင်းက အပြစ်ခဏ်ခံနေရသလိုပဲ။ သူက မနက်ခင်းစောစော ထမင်းစားပြီးတိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကျန်သေးတဲ့ နေ့ရက်တွေကို လက်ချိုး ရေတွေက်နေတတ်တယ်။

ထိုအတူ အိမ်စာတွေမလုပ်ဘဲ တောထဲကိုဘယ်လိုထွက်ရမလဲဆိုတာကိုလည်း စပြီး စဉ်းစားလာတတ်တယ်။

တစ်ဖက်မှ လီမင်နန်တစ်ယောက်ကတော့ခြံထဲမှာ ပျင်းနေတဲ့အချိန်မှာ ထိုစကားကို ကြားလိုက်ရတော့ ပျော်ရွှင်သွားခဲ့တယ်။ သူက ငါးမျှားတံကို ထုတ်ယူလိုက်ပြီး ရေပုံးကို သယ်ကာ လီမင်ပေကိုလည်း မြန်မြန်ထွက်လာခိုင်းလိုက်တယ်။

သူနဲ့ လီမင်ပေ အပြင်ကိုထွက်ဖို့ ပြင်နေတာကို တွေ့လိုက်ရတော့ ကျန်းကျန်းကလည်း ချက်ချင်းပြေးလာပြီး လီမင်ပေရဲ့ ပေါင်ကို ဖက်လိုက်တယ်။ သူမက သူမရဲ့မျက်နှာ ဖောင်းဖောင်းလေးကို မော့လိုက်ကာ အကိုဖြစ်သူကို ကြည့်လိုက်လေတယ်။

“အစ်ကို ညီမလေးလည်း လိုက်မယ်”

လီမင်ပေက ထိုင်ချလိုက်ပြီး သူမရဲ့ ဖောင်းကားနေတဲ့ ပါးလေးတွေကို ညှစ်လိုက်ကာ သူမကို နှစ်သိမ့်ပေးလိုက်တယ်။

“ကလေးလေး အိမ်မှာပဲ လိမ်လိမ်မာမာကစားနေနော်.. အစ်ကိုတို့ ပြန်လာရင် ညီမလေးစားဖို့ ငါးအကြီးကြီးယူလာခဲ့မယ်.. အိမ်မှာနေပြီး စောင့်နေလိုက်”

ကျန်းကျန်းက အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ရဲ့လည်ပင်းကို သူမရဲ့လက်မောင်းတွေနဲ့ သိုင်းဖက်လိုက်ပြီး ခြေသလုံးတွေနဲ့ ခက်ခက်ခဲခဲ တွယ်တက်လိုက်တယ်။

“လိုက်မယ် လိုက်မယ် လိုက်မယ်လို့”

လီမင်ပေက သူမရဲ့ပုံစံကို မြင်တော့ ခေါင်းကြီးသွားရပြီး ဆောင်ကြောင့်ထိုင်နေတဲ့ သူ့ရဲ့ခြေထောက်တွေလည်း တုန်ယင်လာခဲ့တယ်။

“ညီမလေးကို ခေါ်သွားရင် အဖွားက အစ်ကို့ကို သတ်လိမ့်မယ်.. အစ်ကိုက ညီမလေးကို အရမ်းချစ်တာကို.. တကယ်လို့ အစ်ကိုသေသွားရင် ဘယ်လိုလုပ်မလဲ?”

ကျန်းကျန်းက သူမရဲ့ခေါင်းလေးကို မင်ပေရဲ့ လက်မောင်းတွေထဲသို့ တိုးဝင်လိုက်ပြီး သေရင်တောင် မလွှတ်တော့မဲ့ပုံစံမျိုးနဲ့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေတယ်။

လီမင်ပေလည်း ရွေးချယ်စရာမရှိတော့ဘဲ ကျန်းကျန်းကို ပွေ့ချီကာ အိမ်ထဲဝင်သွားခဲ့ရတော့တယ်။

“အဖွား.. ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို ငါးသွားမျှားမလို့.. အဲဒါ ကျန်းကျန်းကို ခေါ်သွားလိုက်လို့ ရမလား”

သူ့ရဲ့စကားကို ကြားတော့ မဒမ်လီက သူမရဲ့ဆေးတံကို ကိုင်ပြီး ထွက်လာခဲ့တယ်။ သူမက လီမင်ပေရဲ့လက်ထဲမှာရှိတဲ့ ကျန်းကျန်းကိုတွေ့တော့ လီမင်ပေရဲ့လက်ထဲကနေ ပြောင်းခေါ်ဖို့ လုပ်ခဲ့လိုက်တယ်။

သို့ပေမဲ့ ကျန်းကျန်းကတောာ့ လီမင်ပေကိုသာ တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ပြီး မျက်တောင်တွေမြန်မြန်ခတ်ကာ မျက်ရည်တွေ ညှစ်ထုတ်လိုက်တယ်။ ထို့နောက် သနားစရာအသွင်နဲ့ မဒမ်လီကို ကြည့် ပြီး ပြောခဲ့တယ်။

“သမီးလည်း သွားချင်တယ်”

မဒမ်လီက အသက်ရှင်လာတာကြာပြီဖြစ်လို့ ဘာတစ်ခုကိုမှ မကြောက်တော့ဘူး။

ဒါပေမဲ့ ထိုအထဲမှာ သူမရဲ့မြေးမလေး ငိုတာကတော့ မပါဘူးလေ။

ဒီတော့ ကျန်းကျန်းငိုတာကို မြင်လိုက်ရတာနဲ့ မဒမ်လီရဲ့ နှလုံးသားက ပျော့ပျောင်းသွားခဲ့တယ်။

“ကောင်းပြီကောင်းပြီ.. ပေါင်ပေ့ သွားချင်ရင် သွားလိုက်လေ”

သူတို့ရဲ့ အဖွားက ဒီလိုပြောလာမှတော့ လီမင်ပေက ကျန်းကျန်းကို ခေါ်မသွားချင်ဘူးဆိုရင်တောင် သူ့ရဲ့လက်တစ်ဖက်က ထို ဝဝကစ်ကစ်လက်လေးကို ကိုင်ဆွဲပြီး တခြားလက်တစ်ဖက်က ရေပုံးကို ဆွဲလာခဲ့ရုံပဲ တတ်နိုင်ခဲ့တယ်။

ဒါပေမဲ့ သူ တံခါးဝကို လမ်းလျှောက်သွားပြီးနောက် ရပ်တန့်လိုက်ပြီး အနောက်ကိုပြန်လှည့်ကာ သူ့ရဲ့နောက်မှလိုက်ပါလာတဲ့ မဒမ်လီကို မေးလိုက်တယ်။

“အဖွား.. ဘာလုပ်နေတာလဲ”

“မင်းတို့တွေ ငါးမျှားသွားမလို့မဟုတ်ဘူးလား? ငါ လိုက်ကြည့်မလို့လေ.. တကယ်လို့ မင်းတို့တွေ ကျန်းကျန်းကို မြစ်ထဲကို လွှတ်ချမိသွားရင် ဘယ်လိုလုပ်မလဲ”

လီမင်နန်နဲ့ လီမင်ပေက သူမရဲ့စကားတွေကို ကြားတော့ ယိုင်လဲမတတ် ဖြစ်သွားရတယ်။ သူတို့တွေဆိုရင် နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက တစ်နေ့လုံး မြစ်ရိုးတလျှောက်ကို အောက်ပိုင်းဗလာကျင်းနဲ့ ပတ်ပြေးလာခဲ့တာလေ။

သို့ပေမဲ့ လီမင်ပေက သူ့ရဲ့အဖွားကို “မခေါ်ချင်ဘူး” လို့ မပြောရဲခဲ့ဘူး။ သူ နောက်လှည့်လိုက်တဲ့အချိန်မှာ ကျန်းကျန်းကို ဝင်တိုက်မိသွားခဲ့တယ်။ သူ့အဖွား သိရင်တော့ သေချာပေါက် အရိုက်ခံရတော့မှာပဲ။

အရိုက်ခံရမှာနဲ့ ယှဉ်လိုက်ရင်တော့ လီမင်ပေအနေနဲ့ သူ့ရဲ့မျက်နှာက လုံးဝအရေးမကြီးဘူးလို့ ခံစားမိတယ်။

ကျန်းကျန်းအနေနဲ့ သူမရဲ့အသိစိတ်ကို ခန္ဓာကိုယ်ထဲက ထုတ်ပြီး အပြင်ကိုသွားတဲ့အချိန်တွေမှာ ဒီမြစ်ကြီးကို အကြိမ်ပေါင်းများစွာ ဖြတ်သွားဖူးပေမဲ့ ဒါက ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် ရောက်လာဖူးတာပဲ။

အခုအချိန်မှာ နွေဦးက စတင်လာပြီး ရာသီဥတုကလည်း ပိုမိုနွေးထွေးလာကာ ဆောင်းရာသီကာလပတ်လုံးမှာ အိမ်တွင်းအောင်းနေရသူတွေက အပြင်ကိုထွက်လာနေကြပြီ။

ဒီအချိန်မှာ တောင်ပေါ်မှာ တောရိုင်းဟင်းသီးဟင်းရွက်တွေလည်း မပေါက်ရောက်တော့တဲ့အတွက် ဆောင်းကာလတလျှောက် ဆာလောင်နေခဲ့ကြတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစုံကလည်း အလွန်အမင်းပိန်ပါးနေလိမ့်မယ်။

ဒါကြောင့် ဒီအချိန်က တောင်ပေါ်ကို အမဲလိုက်မသွားသင့်ဘူး။ တောင်တွေက လွဲရင် ပေရှားမှာ မြစ်တစ်စင်းပဲ ရှိတယ်။ ဒီတော့ တောင်ပေါ်မှာ စိတ်ဝင်စားစရာတွေ မရှိတော့တဲ့အတွက် မိသားစုတစ်စုစီတိုင်းက ကောင်ငယ်ကလေးတွေက မြစ်ဆီကို ရောက်လာခဲ့ကြတယ်။

သူတို့တစ်ယောက်ချင်းစီမှာလည်း ငါးမျှားတံ ကိုယ်စီကိုင်ထားခဲ့ကြတယ်လေ။ ထိုငါးမြားတံက အိမ်မှာပဲလုပ်ထားခဲ့တဲ့ လက်လုပ်ပစ္စည်းတွေပဲ။

အိမ်မှာရှိနေတဲ့ ပဲကြိတ်ဖတ်အနည်းငယ်လောက်ကိုနဲ့ ရေရောလိုက်ရင် ငါးစာအဖြစ် သုံးလို့ရပြီ။

မဒမ်လီက သူမရဲ့ အိမ်မှာရှိနေတဲ့မိသားစုကိစ္စတွေ၊ ဒါမှမဟုတ် တောင်ပေါ်ကို သွားပြီး အလုပ်လုပ်ရတာတွေကြောင့် နှစ်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့ရတယ်။

နှစ်ပေါင်းများစွာကြာသည်အထိ သူမအနေနဲ့ မိသားစုထဲက ယောကျ်ားလေးတွေ မြစ်ကိုသွားပြီး ငါးမျှားသွားတာကို သွားကြည့်ဖို့ အချိန်မရခဲ့ဘူး။

ကျန်းကျန်းကတော့ မြစ်ကမ်းဘေးရောက်တဲ့အချိန်မှာ လီမင်ပေရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အမြန်ဆင်းလိုက်ပြီး အေးစက်နေတဲ့ရေကို ကိုင်ကြည့်ဖို့အတွက် မြစ်ကမ်းဘေးမှာ ငုတ်တုတ်ထိုင်ချလိုက်တယ်။

မဒမ်လီက စိတ်လှုပ်ရှားနေခဲ့ပြီး ကျန်းကျန်းကို မျက်စိအောက်ကနေ အပျောက်မခံတော့ဘူး။ သူမက ကျန်းကျန်း သူတို့မသိခင်အချိန်မှာ ရေထဲကိုပြုတ်ကျသွားမှာကို စိုးရိမ်နေခဲ့တာလေ။

ဒါပေမဲ့ ကျန်းကျန်းကတော့ လုံးဝ စိတ်မပူမနေခဲ့ပါဘူး။ အဲဒီအစား သူမက ပျော်ရွှင်နေခဲ့သေးတယ်။

တဖြည်းဖြည်းနဲ့ ရှည်မျောမျော ငါးအသေးတစ်အုပ်က သူမ ရှိနေတာကို ခံစားမိပြီး သူမဆီကို ကူးလာခဲ့ကြတယ်။ ပြီးတော့ ကျန်းကျန်းရဲ့လက်နားမှာ စုဝေးကာ သူမရဲ့ လက်သေးသေးလေးကို လာထိလိုက် ရပ်သွားလိုက်လုပ်နေကြတော့တယ်။

ကျန်းကျန်ရဲ့ မျက်လုံးတွေက အံ့ဩလွန်းလို့ ပြူးကျယ်သွားပြီး စိတ်ဝင်တစားနဲ့ ငါးသေးသေးလေးတွေကို လိုက်လံစနောက်နေတော့တယ်။

မဒမ်လီရဲ့ မျက်လုံးတွေက အနည်းငယ် မှုန်ဝါးနေတာမို့ သူမက မည်းမည်းအရာတစ်အုပ်ကိုပဲ မြင်နိုင်ခဲ့တယ်။ သူမက အလျှင်အမြန် ငုတ်တုတ်ထိုင်ချလိုက်ပြီး ငုံ့ကြည့်လိုက်တော့မှ ငါးလေးတွေကို မြင်သွားတော့တယ်။

ဒါပေမဲ့ သူမက လန့်သွားခဲ့ပြန်တယ်။

“ဘာလဲ? ဒီလို ငါးအသေးလေးတွေက ဘာလို့ ရောက်လာကြတာလဲ?”

ကျန်းကျန်းက သူမရဲ့လက်ကို ရေထဲက ပြန်ရုတ်လိုက်တော့ငါးအသေးတစ်အုပ်က ချက်ချင်း ပျံ့နှံ့သွားခဲ့လေတယ်။

မဒမ်လီက လက်ကိုင်ပဝါထုတ်လိုက်ပြီး ကျန်းကျန်းရဲ့ လက်ကို သုတ်ပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ်။

“အဲဒါက ငါးတွေကို ခေါ်လိုက်တာလား?”

ကျန်းကျန်းက သူမ မွေးကတည်းက သူမကို ကာကွယ်စောင့်ရှောက်အပေးဆုံးသောသူက မဒမ်လီဆိုတာ မှတ်မိတယ်။

အခုချိန်မှာ သူမက သူမအစွမ်းတွေရဲ့ အသုံးဝင်ပုံကို မသိသေးပေမဲ့ မိသားစုတွေအတွက် အစားအစာတွေ တိုးလာအောင် လုပ်ပေးရတာက လွယ်ကူလွန်းတာကြောင့် သူမရဲ့အဖွားဆီကနေ ဖုံးကွယ်ထားဖို့ စီစဉ်မထားပါဘူး။

နောက်ဆုံး သူမ အရွယ်ရောက်လာတဲ့ အချိန်မှာ၊ တောင်ပေါက်ကိုတက်ပြီး၊ မြစ်တလျှောက် သွားနိုင်တဲ့အချိန်တွေမှာဆိုရင် သူမပြန်ယူလာတဲ့ ပစ္စည်းတွေက အခုလို အရာဝတ္ထုသေးသေးလေးတွေပဲ ဖြစ်နေမှာ မဟုတ်ဘူးလေ။

ဒါကြောင့် မဒမ်လီ ကြောက်မသွားရစေဖို့ ဖြည်းဖြည်းချင်း လက်ခံလာအောင် လုပ်တာက ပိုကောင်းလိမ့်မယ်။

ကျန်းကျန်းက ချိုသာစွာ ပြုံးလိုက်ပြီး သူမရဲ့လက်ချောင်းလေးတွေကို မဒမ်လီရဲ့အရှေ့မှာရှိနေတဲ့ မြစ်ထဲကို ရည်ရွယ်ချက်ရှိရှိ နှစ်လိုက်တယ်။

ထို့နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ငါးခုနှစ်ကောင် ရှစ်ကောင်လောက်က အဝေးကနေ ကူးခတ်လာပြီး ရေပေါ်ကို တက်လာခဲ့ပြတယ်။ ထို့နောက် ကျန်းကျန်းရဲ့လက်အနား ဘေးပတ်ဝန်းကျင်မှ ရေပြင်ထဲမှာ ဝန်းရံလာကြတာကို တွေ့လိုက်ရတော့တယ်။

လီမင်နန်၊ လီမင်ပေနဲ့ အခြားကလေးတွေ ငါးမျှားနေတဲ့ နေရာက ဒီကနေ ၁၀မီတာ အကွာလောက်မှာ ရှိတယ်။

သို့ပေမဲ့ ထိုသို့ဝေးကွာနေတာတောင်မှ ကလေးတွေက ဒီဘက်အခြမ်းမှာ ငါးတွေကြောင့် ရေပွက်လာတာကို မြင်နိုင်နေသေးတယ်။ ဒီတော့ သူတို့အားလုံးက ရွှင်မြူးစွာ ငါးမျှားတံတွေကိုင်ကာ ဒီဘက်ကို ပြေးလာခဲ့ကြတယ်။

လီမင််နန်နဲ့ လီမင်ပေတို့က အမြန်ဆုံးပြေးလာကြပြီး ကျန်းကျန်းရဲ့ရှေ့မှ မြေပြင်ညီတစ်ခုမှာ ငါးမျှားတံတွေထားခဲ့ကြတယ်။

သူတို့နှစ်ယောက်လုံးက နှစ်တိုင်း ငါးတွေ ဖမ်းမိပေမဲ့ ဒီတစ်ကြိမ်လောက် ဘယ်တုန်းကမှ ပျော်စရာမကောင်းခဲ့ဖူးဘူး။

အခုချိန်မှာ သူတို့တွေ ငါးမျှားတံကို အောက််သို့ချလိုက်တိုင်း ငါးအကြီးကြီး တစ်ကောင်ကို ဖမ်းမိနေတော့တာပဲ။

သူတို့နှစ်ယောက်က ငါးတွေအများကြီး ဖမ်းမိခဲ့ပြီး အခြားကလေးတွေကလည်း ငါးကြီးတွေ တစ်ကောင်ပြီး တစ်ကောင်ဖမ်းမိခဲ့ကြတယ်။

လူတိုင်း သုံးလေးကောင် ဖမ်းမိသွားတာကို တွေ့တော့ ကျန်းကျန်းက ငါးတွေကို တိတ်တဆိတ် ပြန့်သွားခိုင်းခဲ့တော့တယ်။

အခုချိန်မှာ လီမင်နန်နဲ့ လီမင်ပေတို့ရဲ့ ပါးစပ်တွေက နားရွက်အောက်နားကို ရောက်မတတ်ရယ်မောနေခဲ့ကြပြီ။

သူတို့က သူတို့ရဲ့ပုံးတွေကိုကိုသယ်လာခဲ့ပြီး မဒမ်လီကို ပြလိုက်တယ်။

“အဖွား၊ ကျွန်တော်တို့ ဘယ်လောက်တော်လဲဆိုတာ ကြည့်လိုက်ဦး”

မဒမ်လီက လီမင်ပေကို အထင်သေးစွာ ကြည့်လိုက်ပြီး စိတ်ထဲမှာ တတွတ်တွတ်ပြောနေခဲ့တယ်။

“မင်းတို့က ဘာကို အချီးကျူးခံချင်နေကြသေးတာလဲ? ဒါတွေအကုန်လုံး ငါ့မြေးမလေး လုပ်ပေးခဲ့တယ်ဆိုတာ အသိသာကြီးကို!”

လတ်လတ်ဆတ်ဆတ်ငါးနှစ်ပုံးကို သယ်ပြီး လီမင်နန်နဲ့ လီမင်ပေတို့က သူတို့ရဲ့ခေါင်းတွေမော့ထားကာ အရှေ့ကနေ တိုက်ခိုက်ရေး သူရဲကောင်းတွေလိုမျိုး လျှောက်သွားခဲ့ကြတယ်။

မဒမ်လီကတော့ ကျန်းကျန်းရဲ့ လက်သေးသေးလေးတွေကိုကိုင်ပြီး ခြေလှမ်းစိပ်စိပ်လှမ်းကာ နောက်ကနေ လိုက်ပါလာခဲ့တယ်။

သူမရဲ့ ပထမမြေးကြီးနှစ်ယောက်က အသက်ရှုမှားမတတ် ဂုဏ်ယူဝံ့နေတာကို ကြည့်ပြီး မဒမ်လီတစ်ယောက် သူမရဲ့ရင်ထဲက ပြင်းပြတဲ့ ဆန္ဒတွေကို မျိုသိပ်ထားခဲ့ရတယ်။

ဒီကောင်လေးက ဘာကိုမှ မသိကြဘူးပဲ! ငါတို့ရဲ့ ပေါင်ပေ့ကြောင့်သာ မဟုတ်ရင် ငါးတွေဒီလိုအများကြီး ဖမ်းမိများ ထင်နေလား၊ ကောင်စုတ်လေးတွေ!

သို့ပေမဲ့ မဒမ်လီက ထိုအကြောင်းတွေကို ပြောပြလို့မရနိုင်ဘူး။ သူမက သူမရဲ့ရှေ့က မြေးတွေကို တကြိမ်ပြီးတစ်ကြိမ် မျက်စောင်းထိုးရုံသာ တတ်နိုင်ခဲ့တယ်။

ကျန်းကျန်းကတော့ ခေါင်းမော့ကာ မဒမ်လီကို ကြည့်ရင်း သူမရဲ့ မျက်လုံးတွေက မဒမ်လီ တစ်ယောက် ထိန်းမထားနိုင်တော့မှာကို စိုးရိမ်ပူပန်ကြောင်းပြသနေခဲ့တယ်။

All Chapters