← Chapters

Chapter 57

Vol. 6 Ch. 57

Chapter 57

Vol. 6 Ch. 57

သူတို့တွေ မိုင်ဝက်လောက် လမ်းလျှောက်ပြီးနောက် မဒမ်လီက ငုတ်တုတ်ထိုင်ချလိုက်ပြီး ကျန်းကျန်းရဲ့ မျက်နှာသေးသေးလေးကို ထိလိုက်တယ်။

“ပေါင်ပေ့ ပင်ပန်းနေပြီလား? အဖွား မင်းကို ပွေ့ချီပေးရမလား?”

ကျန်းကျန်းက မွေးလာကတည်းက ပင်ပန်းတယ်ဆိုတာ ဘာလဲလို့တောင် မသိခဲ့ဘူး။ သူမရဲ့လက်တွေ၊ ခြေထောက် သေးသေးလေးတွေကိုသာ မကြည့်ခဲ့ရင် သူမအနေနဲ့ မိုင်၂၀လောက်ကို ပြဿနာမရှိဘဲ လမ်းလျှောက်နိုင်လိမ့်မယ်လို့ ခံစားမိတယ်။

သူမက ခေါင်းခါပြီး မဒမ်လီကို ချိုမြတဲ့ အပြုံးနဲ့ ကြည့်လိုက်တယ်။

“မပင်ပန်းပါဘူး”

မဒမ်လီက ကျန်းကျန်းရဲ့ မျက်နှာလေးကိုကြည့်ပြီး နှလုံးသားတစ်ခုလုံး ပိုပြီးချိုမြိန်သွားခဲ့ရတယ်။ လီမင်ပေသာ ထိုအကြောင်းကိုကြားသွားခဲ့ရင်တော့ ကြက်သီးတွေတောင် ထမိလိမ့်ထင်တယ်။

“ကောင်းပြီ.. တကယ်လို့ပေါင်ပေ့ ပင်ပန်းလာရင် အဖွားကို ပြောနော်.. အဖွား ချီပေးမယ်”

ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။ သူမတို့ရဲ့ဘေးမှာ ဘယ်သူမှ မရှိတာ တွေ့တော့ မဒမ်လီက နှစ်သစ်ကူးမတိုင်ခင်တုန်းက တောရိုင်းထဲက ပြေးထွက်လာပြီး သူမတို့ရဲ့အိမ်တံခါးပေါက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ တောရိုင်းထဲ သိုးအကြောင်းကို တွေးမိပြီး ကျန်းကျန်းကို မေးလိုက်တယ်။

“မနှစ်တုန်းက အဖွားတို့မိသားစု စားခဲ့တဲ့ သိုးသားက ပေါင်ပေ့ကြောင့် ရောက်လာတာလား?”

ကျန်းကျန်းက ခေါင်းညိတ်လိုက်တယ်။ သူမရဲ့မျက်နှာမှာ တော့ အဲဒီအချိန်က အရသာကို သတိရသွားဟန် ပြသလာခဲ့တယ်။

“အဲဒါက အရမ်းအရသာရှိတယ်!”

သူမ ခန့်မှန်းထားတဲ့အတိုင်းဘဲ ဆိုပေမဲ့ ကျန်းကျန်းဆီက အတည်ပြုချက်ကို ကြားရတဲ့အချိန်မှာ မဒမ်လီက အနည်းငယ် တုန်လှုပ်သွားခဲ့သေးတယ်။

ဒါကြောင့် သူမ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ ဝမ်စုဖန်းကို ဘယ်သူမှမရှိတဲ့ အိမ်ထောင့်လေးထဲသို့ ဆွဲခေါ် သွားခဲ့ပြီး အသံနိမ့်နိမ့်တိုးတိုးနဲ့ ပြောလိုက်တယ်။

“ငါတို့ ပေါင်ပေ့က ကောက်ပဲသီးနှံတွေကို စီမံနိုင်ရုံတင်မကဘူး တိရစ္ဆာန်တွေကလည်း သူမစကားကို နားထောင်ကြတယ်.. သူမက အရင်ဘဝတုန်းက နတ်သမီးလေး ဖြစ်ခဲ့တယ် ထင်တယ်”

ဝမ်စုဖန်းက စိတ်ပါလက်ပါ ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် မဒမ်လီကို ပြန်ပြောခဲ့တယ်။

“တခြားလူတွေကို ဒီလိုမျိုးထာဝရရှင်သန်သူတွေအကြောင်း မပြောပါနဲ့ဦး၊ သူတို့တွေက အယူသည်းတယ်လို့ ပြောကြလိမ့်မယ်၊ ဒီအကြောင်းကို တခြားလူတွေ ကြားသွားလို့ မဖြစ်ဘူး”

မဒမ်လီက အထင်သေးတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

“ငါပြောဖူးတယ်လေ.. တကယ်တမ်းမှာ မင်းယုံကိုယုံရမယ့် ဆိုရိုးစကားဟောင်းတွေ ရှိတယ်လို့.. ပြီးတော့ တချို့ကိစ္စတွေက အမှန်တွေဖြစ်နေတတ်တယ်.. ဟိုးရှေးရှေးတုန်းကအချိန်တွေမှာ ၊ ဟိုးရှေးခေတ်တုန်းကအရာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့စကားကကတော့ ငါအတွက်တောင် အဓိပ္ပါယ်မရှိတဲ့ စကားတွေနဲ့တူနေတယ်”

ဝမ်စုဖန်းက ပြုံးပြီးနောက် ရယ်မောရင်းနဲ့ ပြောလိုက်တယ်။

“ဒါ အိပ်မက် တစ်ခုသက်သက်မဟုတ်ခဲ့ဘူးပဲ.. ဒါပေမဲ့ ဘယ်သူကမှ အလေးအနက်ယူဆကြမှာမဟုတ်လို့ ကျွန်မ ရှေ့လျှောက် ထပ်ပြီးမပြောတော့ဘူး”

မဒမ်လီက သူမခါးပေါ်က ဆေးလိပ်အိတ်ကိုဖြုတ်လိုက်ပြီး နိုင်ငံခြားဖြစ် မီးခြစ်နဲဲ့ မီးညှိကာ နှစ်ဖွာလောက်သောက်ရင်း တွေးတောနေခဲ့တယ်။

“ငါတို့ရဲ့ပေါင်ပေ့က အင်မတန်လောဘကြီးတယ်ထင်တယ်.. သူမက တစ်နေ့လုံး စားသောက်ဖို့ တွေးတောနေတဲ့အပြင် အခုတော့ သိုးတွေ ၊ယုန်တွေကိုပါ တောင်ပေါ်က ဆင်းလာအောင် လုပ်နေပြီ.. ဒီလိုတွေ ဆက်ဖြစ်နေလို့ မရဘူး .. ငါတို့ မိသားစု ဒီနှစ်တော့ တစ်ခုခုမွေးမြူသင့်နေပြီ”

“ဟုတ်တယ်”

ဝမ်စုဖန်က ခေါင်းညိတ်လိုက်တယ်။

“ကျန်းကျန်းက အဲ့ဒါကို ပူပန်ဖို့ ငယ်လွန်းပါသေးတယ်.. ကျွန်မတို့မှာ အချိန်လည်း ရှိသေးသလို မိသားစုထဲမှာ စားစရာတွေလည်း ပိုရှိလာတယ်လေ.. ဒီတော့ ပဲတွေကို ဆီကြိတ်လို့ ကျန်တဲ့ ပဲကြိတ်ဖတ်တွေကို ပြန်ကျွေးလို့ရတယ်မလား.. ကြက်တွေမွေးလို့မရရင် ဝက် တွေမွေးပြီး ကျွေးရမှာပေါ့”

မဒမ်လီက ဆေးလိပ်ကို ရှိုက်လိုက်တယ်။

“ငါတို့ခြံထဲမှာ ဝက်တွေ မွေးရင် အရမ်းနံသွားလိမ့်မယ်.. ငါတို့က သန့်သန့်ရှင်းရှင်းဖြစ်နေတာကိုပဲကြိုက်တာလေ.. ပြီးတော့ သူမကလည်း ဝက်တွေနဲ့ဆို ပျော်မယ်မထင်ဘူး..

ဘာပဲဖြစ်ဖြစ် ငါတို့ ခြံရဲ့အနောက်ဘက်မှာ လွတ်နေတဲ့ နေရာရှိတာပဲ.. တုန်ဇီအဖေကို သွားဖို့ သွားကြည့်ခိုင်းလိုက်မယ်..

လမ်းထဲမှာ ရှုပ်မနေတောင် ပတ်ပတ်လည်ကို ခြံစည်းရိုးခတ်လိုက်.. ပြီးရင် အဲဒီမှာ ဝက်ခြံ ဆောက်လိုက်ရင်ရပြီ..

မင်နန်နဲ့ မင်ပေတို့ကလည်း တစ်နေကုန် စာဖတ်ဖို့ကို အာရုံစိုက်နေကြတာမဟုတ်ဘူး.. ကျောင်းဆင်းတဲ့အချိန်တွေဆို နေရာတိုင်းကို လျှောက်သွားချင်နေကြတာ.. ဒီတော့ သူတို့တွေကို ဝက်စာအတွက် တောထဲကအရွက်တွေ သွားရိတ်ခိုင်းရမယ်”

ကွေ့ဟွားကို ငါးတွေ လှမ်းပေးပြီးတဲ့နောက်မှာ လီမင်ပေက သူ့ရဲ့အောင်မြင်မှုကို ကြွားချင်တဲ့အတွက် သူ့ရဲ့အမေကို နေရာအနှံ့မှာ လိုက်ရှာနေခဲ့တယ်။

အချိန်အကြာကြီး ရှာပြီးတဲ့နောက်မှာတော့ မြေအောက်မှောင်ခိုဂိုဏ်းဝင်တွေလိုမျိုး ခိုးကြောင်ခိုးဝှက်လုပ်နေဟန်ရတဲ့ လူနှစ်ယောက်ကို ခြံထောင့်မှာ တွေ့လိုက်ရလေတယ်။

သူ အနားကိုလျှောက်သွားချိန်မှာ အဖွားဖြစ်သူက သူ့အတွက် ကြောက်စရာကောင်းတဲ့အလုပ်တစ်ခု စီစဉ်ပေးနေခဲ့တယ်ဆိုတာကို သိလိုက်ရပြီး ဒူးတွေခွေညွတ်သွားမတတ်ဖြစ်သွားခဲ့ရတယ်။

“ အဖွား..အဖွားက တကယ်ကို အကျိုးသင့် အကြောင်းသင့် မလုပ်ဘူးပဲ.. ကျွန်တော်က အရမ်းတုံးနေလို့လား? ဒီနေ့ ကျွန်တော်ဖမ်းလာတဲ့ ငါးတွေကို ကြည့်လိုက်ဦး၊ အခြေခံစားသောက်ကုန်ဆိုင်မှာတောင် ဒီလို ငါးမျိုး ဝယ်လို့ မရဘူးနော်”

လီမင်ပေကတော့ မျက်ရည်မကျဘဲ ငိုချင်နေခဲ့ပြီ။ သူတို့ရဲ့အဖွားကတော့ တကယ့်ကို သူတို့ရဲ့အဖွားပါပဲ။

မဒမ်လီက သူမရဲ့ မြေးကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်တယ်။

“မင်းမကျွေးချင်ရင် ကျွေးစရာ မလိုပါဘူး.. ဘာပဲဖြစ်ဖြစ် ဆောင်းတွင်းကို ရောက်ရင် ဝက်ဗိုက်သားနဲ့ ဂေါ်ဖီချဉ်စတူး၊ ဝက်သားစီချွမ်းဟင်း၊ ဝက်သားနှပ်၊ ဝက်သွေးခဲနဲ့ တို့ဟူးစတူးတွေကို မင်းတို့ မစားရရုံပဲရှိတာလေ”

သူမ သားရဲ့ စိတ်ရှုပ်သွားတဲ့ အမူအရာကို ကြည့်ပြီး ဝမ်စုဖန်းက ထပ်ပြောပေးလိုက်တယ်။

“အိမ်မှာ မွေးတဲ့ဝက်တွေက ကီလို၂၀၀ ဒါမှဟုတ် ၃၀၀ လောက် ရှိနေမှာပဲ.. အမှန်အတိုင်းပြောရရင် အနံ့ကလည်း တောဝက်တွေထက်တောင် ပိုမွှေးတယ်မလား.. တောဝက်တွေက ပိန်လှီလွန်းတယ်.. အိမ်မွေးဝက်တွေကတော့ မတူဘူး.. အဆီတွေ ကလည်း အရမ်းများတာနော်.. ကျစ် ကျစ်.. ဝက်သားစတူးနှပ်က အရမ်းစားလို့ကောင်းမှာဘဲ”

“အဲဒါက တကယ်ကို မဆိုးဘူး”

မဒမ်လီက သူမ ဖိနပ်အောက်ခံကို မ,လိုက်ပြီး ဆေးလိပ်ကိုငြိမ်းသတ်လိုက်တယ်။

“မေ့လိုက်ပါတော့.. ကလေးတွေက ဝက်ကို မမွေးချင်ဘူး.. ပြီးတော့ ငါ့ရဲ့ ပဲကြိတ်ဖတ်ကိုလည်း ဖြုန်းတီးနေစရာမလိုတော့ဘူးပေါ့”

လီမင်ပေက ထိုစကားကို ကြားတော့ သူက ချက်ချင်းပဲစိုးရိမ်သွားခဲ့တယ်။

“ စိတ်မပူပါနဲ့.. အဖွားကတောင် ထောက်ပံ့ပေးနိုင်မှတော့ ကျွန်တော်က ဘာလို့ မလုပ်နိုင်ရမှာလဲ”

သူက အနောက်ကို လှည့်ကြည့်ပြီး လီမင်နန်ကို မတွေ့တာကြောင့် ချက်ချင်း ထပ်ပေါင်းပြောလိုက်တယ်။

“ကျွန်တော့်ရဲ့ တတိယအစ်ကိုကဆို ကျွန်တော့်ထက် အများကြီး ပိုလုပ်နိုင်တယ်”

မဒမ်လီက ပျော်ရွှင်သွားခဲ့တယ်။

“ကောင်းပြီလေ.. ဒါဆိုလည်းမွေးကြတာပေါ့”

မဒမ်လီက ပြောရင်ပြောတဲ့အတိုင်း မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့သူ ဖြစ်တာကြောင့် ထိုကိစ္စကိုဖြေရှင်းဖို့အတွက် လီမူဝူကို လွှတ်လိုက်လေတယ်။

ပေရှားမှာ ကျေးလက်တောရွာ ဆိုတာမျိုး သိပ်မရှိဘူး။ အလယ်မှာရှိနေတဲ့ မြို့ငယ်လေးကလွဲရင် ကျန်တာက သစ်တောစီမံရေးရုံးတွေချည်းပဲ။

အစားအစာနဲ့ အဝတ်အစားကုန်ကျစရိတ်တွေကို ပြည်နယ်အလိုက် ခွဲဝေသတ်မှတ်ပေးထားပြီး အိမ်ထောင်စုတိုင်းက ကောက်နှံထောက်ပံ့မှုကို မှီခိုပြီးစားသောက်ရလေ့ရှိတယ်။

သို့ပေမဲ့ သုံးနှစ်ဆက်တိုက် ကောက်နှံထောက်ပံ့မှုက အချိန်ကိုက် မရောက်လာခဲ့တဲ့အတွက် လယ်ယာလုပ်ငန်းနဲ့ မြေရိုင်းတွေကို ပြန်လည်ဖော်ယူလာကြသူတွေ များသထက်များလာပြီး ကြက်တွေ၊ ဝက်တွေကို မွေးမြူတဲ့သူတွေလည်း များပြားလာခဲ့တယ်။

ကိုယ်ပိုင် အစားအသောက်ကို စိုက်ပျိုးတဲ့နိုင်သူတွေကလည်း သူတို့မိသားစုစားသောက်ဖို့အတွက်သာ သုံးစွဲနိုင်တယ်။ ခရိုင်ထဲမှာ စိုက်ပျိုးခဲ့တာတွေကိုတော့ တိုင်းပြည်ရဲ့ ဝန်ထုပ်ကို လျော့ကျစေဖို့အတွက် ကောက်နှံစတိုးတွေနဲ့ အခြေခံစားသောက်ကုန်စတိုးတွေဆီကိုထောက်ပံ့ပေးကြတယ်။

လီမူဝူက မဒမ်လီရဲ့စကားကိုကြားပြီးနောက် သူ့ရဲ့ခြံနောက်မှာ ဝက်ခြံဆောက်ဖို့ကို သဘောတူလိုက်တယ်။ လီမူဝူက ပထမဆုံး သစ်သားတချို့ယူဖို့ သစ်တောစီမံရေးရုံးကိုသွားခဲ့ပြီး သူ့ရဲ့ခြံပတ်လည်မှာ နောက်ထပ်ခြံစည်းရိုးတစ်ခု ထပ်ခတ်လိုက်တယ်။

ပြီးတော့ သူ့မူလခြံဝင်းရဲ့ အနောက်မှာ တံခါးအသေးတစ်ခု တပ်လိုက်တာကြောင့် တံခါးအပြင်ကို ထွက်နေစရာမလိုဘဲ ခြံဝင်းထဲကို တိုက်ရိုက်ဖြတ်လို့ ရသွားခဲ့တယ်။

အခုတော့ ဝက်ပေါက်တွေ ထားဖို့အတွက် နေရာ ရှိသွားပြီဖြစ်ကာ မဒမ်လီကတော့ သူမရဲ့ခြံက အတော်လေး ပိုပြီးကျယ်ဝန်းသွားပြီလို့ တွေးလိုက်မိတယ်။ တောင်ပေါ်မှာလည်း တောရိုင်းဟင်းရွက်တွေ ပေါများတယ်၊ အိမ်ထဲမှာလည်း အစားအစာတွေ အများကြီး ရှိနေတယ်။ ဒီတော့ ကြက်စာအတွက်စိတ်ပူစရာမလိုဘဲ ကြက်တွေ ပိုများများဝယ်လိုက်တာ ပိုကောင်းလိမ့်မယ်လို့ တွေ့လာခဲ့တယ်။

မဒမ်လီက အိမ်မှာ ပြောဆိုဆုံးဖြတ်တဲ့သူဖြစ်တဲ့အတွက် ဘယ်သူကမှ သူမကိုကန့်ကွက်ခြင်း မရှိကြဘူး။ ဒါကြောင့် မဒမ်လီက ကြက်၁၀ ကောင် ဝယ်ဖို့အတွက်ဖို့ ပိုက်ဆံယူလာခဲ့ပြန်တယ်။

သူမက ဝက်ပေါက်တစ်ကောင်ကို ပိုက်ဆံအပြင် အစားအစာကိုပါ ထည့်ပြီးဝယ်ဖို့ လုပ်ခဲ့တယ်။

ဝက်ခြံဆောက်ဖို့အတွက် ရက်အနည်းငယ်လောကာတော့ အချိန်ယူရလိမ့်မယ်။ နောက်ဆုံး သစ်သားတွေယူပြီးနောက်မှာ မီးဖိုလည်းဆောက်ရဦးမှာဖြစ်တဲ့အတွက် မဒမ်လီက ထိုကြက်တွေ ၊ဝက်တွေကို ခြံထဲမှာ အရင်ထားရလိမ့်မယ်။ ကျန်းကျန်းက ခြံထဲကနေ စကားပြောသံတွေကို ကြားခဲ့ရတာကြောင့် ခန်ပေါ်က အမြန်ပြေးဆင်းပြီး စိတ်လှုပ်ရှားစရာ ဘာတွေရှိနေလဲဆိုတာကို ကြည့်ဖို့ ပြေးထွက်လာခဲ့တယ်။

ထို့နောက်မှာတော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့လက်သီးဆုတ်အရွယ်အစားလောက်ရှိတဲ့ ကြက်(၁၀)ကောင်က ခြံထဲမှာ လျှောက်သွားနေကြပြီး ဝက်သေးသေးလေးတစ်ကောင်ကတော့ ကြိုးနှင့်အချည်ခံခားရတာကြောင့် မကျေနပ်တဲ့ မျက်နှာထားနဲ့ ခြံထောင့်မှာ ထိုင်နေတာကို တွေ့လိုက်ရလေရဲ့။

ကျန်းကျန်းက သူတို့အိမ်မှာ ရုတ်တရက် အသားစားကြက်တွေ၊ အိမ်မွေးဝက်တွေ အများကြီး ရှိလာလိမ့်မယ်လို့ မျှော်လင့်မထားတဲ့အတွက် ရူးမတတ် ပျော်ရွှင်သွားခဲ့ တယ်။

သူမက ဟိုဟိုဒီဒီကြည့်ဖို့ ပြေးထွက်လာခဲ့ပြီး သူမ မေးစေ့ကိုကိုင်ရင်း တွေးတော့လိုက်ပြန်တယ်။

ပြီးနောက် ခေါင်းကို မော့ကာ သူမရဲ့အမေကို မေးလိုက်တယ်။

“အမေ သူ့ကိုနာမည်ပေးပြီးပြီလား?”

မဒမ်လီက ရုတ်တရက် ရယ်လိုက်ပြီး ကျန်းကျန်းရဲ့ ခေါင်းသေးသေးလေးကို ပုတ်လိုက်တယ်။

“သူတို့ကို အသားစားပစ်ဖို့ မွေးထားတာလေ၊ နာမည်က ဘာလုပ်ဖို့လဲ? တကယ်လို့ သမီးပေးချင်ရင်တော့ ပေးလို့ရတယ်”

ကျန်းကျန်းက နို့နှစ်လို ဖြူဆွတ်နေတဲ့ ဝက်ကလေးဆီ သူမရဲ့ ခြေတံသေးသေးလေးတွေနဲ့ လျှောက်သွားခဲ့ပြီး ခေါင်းစခြေဆုံးကြည့်ကာ ချက်ချင်းပြုံးလိုက်ပြီး ပြောလိုက်တယ်

“ဒါကို ဝက်သားနှပ်လို့ ခေါ်ရအောင်!”

ဝက်ပေါက်သေးသေးလေးကတော့ သူ့ရဲ့ခြေထောက်တွေ ပျော့ခွေသွားပြီး ဒူးတွေ ပါညွတ်ကျသွားခဲ့တော့တယ်။

All Chapters