Chapter 59
Vol. 6 Ch. 59
လီမိသားစုထဲမှာ အခုတော့ ကြက်တွေ အများကြီး ရှိနေခဲ့ပြီ။ မနှစ်တုန်းက ဥ,ဥနိုင်တဲ့ ကြက်မ (၃) ကောင်ရှိခဲ့ပြီး ကြက်ပေါက်ကလေးက ၁၀ကောင် ရှိခဲ့တယ်။
လီမူဝူက မြွေပါတွေလာမှာကို ကြောက်တဲ့အတွက် ခြံထဲမှာ ခွေးတစ်ကောင်လည်း မွေးထားချင်ခဲ့တယ်။
အခုခေတ်မှာတော့ ပေရှားမှာ ခွေးမွေးထားတဲ့သူတွေ အများကြီး ရှိနေပြီ။ ခွေးတွေက အိမ်ကို စောင့်ရှောက်ဂရုစိုက်ပေးနိုင်တယ်လေ။
ဆောင်းရာသီမှာ တောင်ပေါ် ကိုအမဲလိုက်ထွက်မယ်ဆိုရင်လည်း သူတို့တွေက အကူအညီကောင်းကောင်း ပေးနိုင်ကြတယ်။
လီမိသားစုမှာ အရင်တုန်းကလည်း တစ်ကောင် မွေးခဲ့ဖူးပါတယ်။ သို့ပေမဲ့(၁၅)နှစ်လောက် မွေးမြူပြီးတဲ့နောက်မှာတော့ ထိုခွေးက အသက်အရွယ်ကြီးပြီး သေဆုံးသွားခဲ့တယ်။
သူတို့တွေ ထပ်မွေးဖို့ လုပ်တဲ့အချိန်မှာတော့ ခေတ်ကာလက သိပ်ပြီးအဆင်မပြေတော့ဘူးလေ။ ဒါပေမဲ့အခုတော့ ဘဝက ပိုအဆင်ပြေလာပြီဖြစ်တဲ့အပြင် အိမ်မှာလည်း ကြက်တွေလည်း အများကြီး ရှိနေပြီဖြစ်လို့ လီမူဝူက နောက်တစ်ကြိမ် ပြန်မွေးချင်နေခဲ့ပြီ။
ဒီလိုနှင့် ရက်အနည်းငယ်အတွင်းမှာပဲ သူက မည်းနက်ပြီးအနက်ရောင်သီးသန့်ရှိတဲ့ အရှေ့မြောက်ပိုင်း ဝံပုလွေစပ်ခွေးတစ်ကောင်ကို ခေါ်လာခဲ့တယ်။
အရှေ့မြောက်ပိုင်းဝံပုလွေစပ်ခွေးမျိုးစိတ်က သခင်အပေါ် မှာသစ္စာသိကြပြီး ပေရှားမှ လူတော်တော်များများက မွေးကြလေ့ရှိတယ်။
တစ်ခုတည်းသော ပြဿနာကတော့ အဲ့ဒီခွေးတွေက ငယ်စဉ်အရွယ်မှာ အလွန်ရှက်တတ်တာပါပဲ။
ခွေးပေါက်လေးဘဝမှာ ကောင်းကောင်းပြုစုပျိုးထောင်ပေးနိုင်ရင် ဒီခွေးလေးက အိမ်ထောင်စုထဲမှာ အမဲလိုက်တဲ့အခါကောင်းကောင်း ကူညီပေးနိုင်ပြီး ကြီးလာတဲ့အခါမှာ အိမ်ကို စောင့်ရှောက် ပေးနိုင်လိမ့်မယ်။
ဒီလိုခွေး သုံးလေးကောင်လောက်ရှိနေရင် ဝံပုလွေ ငါးကောင်၊ ခြောက်ကောင်အုပ်ကိုတောငရ ကိုင်တွယ်နိုင်တယ်လို့ပြောကြတယ်လေ။
လီမူဝူ အိမ်ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့လက်ထဲက ဝံပုလွေစပ်ခွေးလေးကို မြေကြီးပေါ်မှာချလိုက်တယ်။ ပြီးနောက် သူက ကျန်းကျန်း ကြောက်နေမှာလည်း စိုးရိမ်တဲ့အတွက် ကျန်းကျန်းရဲ့ အရှေ့ကနေခဏတာ ကာပေးချင်ခဲ့တယ်။
သူ့အနေနဲ့ ဒီခွေးလေးက ကျန်းကျန်းနှင့်အကျွမ်းဝင်သွားတဲ့အချိန်ကျရင် အဆင်ပြေသွားမှာပါလို့တော့ တွေးခဲ့မိတယ်။ ဒါပေမဲ့ ကျန်းကျန်းက ခွေးလေးကို မြင်မြင်ချင်း သဘောကျမိသွားလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူးလေ။
သူမက ခွေးနက်ကလေးဆီကို ပြေးသွားခဲ့ပြီး သူမရဲ့လက်လေးကို ဆန့်တန်းကာ ခွေးလေးရဲ့အမွေးပွလေးတွေကို ပွတ်သတ်ကြည့်နေခဲ့တယ်။
အနက်ရောင်ခွေးလေးက သူ့ရဲ့ခေါင်းလေးကို လှည့်လိုက်ပြီး ကျန်းကျန်းရဲ့လက်လေးကို အနံ့ခံကြည့်လိုက်တယ်။ ပြီး နောက်မှာတော့ သူ့ရဲ့ သတိကြီးမှုတွေက ပြေလျော့သွားခဲ့ပြီး ချက်ချင်းပဲ ပက်လက်လှန်လှဲချလိုက်ကာ ဗိုက်ကိုပါပွတ်သပ်ခွင့် ပြုတော့တယ်။
မဒမ်လီ အပြင်ကိုထွက်လာတဲ့အချိန်မှာတော့ ကျန်းကျန်းက လီမူဝူ ခေါ်လာတဲ့ ခွေးလေးနဲ့ နီးကပ်လွန်းနေခဲ့တာကို တွေ့လိုက်ရတာကြောင့် ပြုံးလိုက်မိတယ်။ ထို့နောက် သူမရဲ့ ဆေးတံကို ကိုင်ရင်း ကျန်းကျန်းကို ပြောခဲ့တယ်။
“ကျန်းကျန်းက နာမည်ပေးတာတော်တယ်မလား.. သူ့ကို နာမည်ပေးလို့ ရတယ်လေ။”
ကျန်းကျန်းက ခေတ္တလောက် စဉ်းစားလိုက်ပြီး မဒမ်လီကို ပြောလိုက်တယ်။
“လီမင်ကျုံးလို့ ခေါ်ရအောင်!”
လီမင်နန်နဲ့ လီမင်ပေတို့တွေ ကျောင်းက ပြန်လာလာချင်းမှာပဲ ခြံထဲမှာရှိနေတဲ့ ဝံပုလွေစပ်ခွေးလေးကို တွေ့လိုက်ရတာကြောင်် အနားကို ပြေးသွားခဲ့ကြတယ်။
သူတို့တွေ အနားကိုရောက်သွားတဲ့အချိန်မှာပဲ သူတို့ရဲ့ ညီမလေးက ခွေးလေးကို နာမည်တစ်ခု ပေးလိုက်တာကို ကြားလိုက်ကြရတော့တယ်။
“ဘာဖြစ်လို့ သူ့နာမည်က လီမင်ကျုံးဖြစ်ရတာလဲ?”
လီမင်ပေကတော့ ပျော်ပုံမရဘူး။
“မသိရင် ငါ့ရဲ့ညီလေးနာမည်လိုမျိုးဘဲ”
ကျန်းကျန်းက သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။
“အရှေ့၊ အနောက်၊ တောင်၊ မြောက် ပြီးရင် အလယ်(ကျုံး)လာမယ်လေ!”
“အဖွား .. တရုတ်နှစ်သစ်ကူးကိုရောက်ရင် မာကျောက် မကစားပါနဲ့တော့.. အဖွားကြောင့် ကျွန်တော့်ညီမလေးက အခုလိုတွေတတ်လာတာပဲ!”
*
ရာသီဥတုက တစ်ရက်ထက်တစ်ရက် ပူနွေးစပြုလာခဲ့တယ်။ တောင်တန်းတွေက စိမ်းလန်းစပြုလာပြီး တောရိုင်းဟင်းသီးဟင်းရွက်မျိုးစုံကလည်း ထွက်စပြုလာခဲ့ပြီ။
လီမိသားစုရဲ့ ခြံထဲမှာတော့ နဂိုကကြက်တွေ လျှောက်သွားနေတတ်တဲ့နေရာမှာ ဟင်းသီးဟင်းရွက်အနည်းငယ်လောက်က ပြန်လည် ပေါက်လာခဲ့ကြပြီ။ ကြက်တွေကတော့ ထိုနေရာတွေကို တူးဆွရင်း နေ့တိုင်း ပျော်ရွှင်နေခဲ့ကြတယ်။
“လီမင်ကျုံး!”
ကျန်းကျန်းက အော်လိုက်တော့ခွေးနက်လေးက ခွေးလှောင်အိမ်ထဲကနေ ချက်ချင်း ထွက်လာပြီး အမြီးကိုရမ်းကာ ကျန်းကျန်းဘေးနားမှာ လှည့်ပတ်လာခဲ့တယ်။
“ငြိမ်ငြိမ်နေ.. လျှောက်ပတ်မနေနဲ့ဦး .. ငါ့ကို ဝင်တိုးမိနေမယ်”
ကျန်းကျန်းက လီမင်ကျုံးရဲ့ ခေါင်းကို အသာပုတ်လိုက်တယ်။ လီမင်ကျုံးကလည်း ကျန်းကျန်းရဲ့ လက်ဖဝါးသေးသေး လေးကို စိတ်ကျေနပ်မှုအပြည့်နဲ့ ပွတ်သပ်လာပြီး ကျန်းကျန်းခြေထောက်နားမှာ ပျော်ရွှင်စွာကပ်နေခဲ့တယ်။
“သွားရအောင်.. ကြက်သားစတူးစွပ်ပြုပ််တို့နဲ့ ဝက်သားနှပ်ကို သွားကြည့်ကြမယ်”
အခုချိန်မှာတော့ ကြက်တွေက အတော်ကြီးလာကြပြီဖြစ်တဲ့အတွက် ဆန်ကွဲတွေ ကျွေးစရာမလိုတော့ဘူး။ ဝမ်စုဖန်က တောရိုင်းဟင်းရွက်ကို လှီးဖြတ်ပြီး ကြက်စာထဲမှာ ပြောင်းစေ့တချို့ရောပြီး ကျွေးနေခဲ့ပြီ။
ဒါပေမဲ့ ကြက်တွေ ပိုပြီးအရသာရှိနေစေဖို့အတွက် ကျန်းကျန်းက အချိန်နှင့်မျှ အစာပိုတွေ ကျွေးနေတုန်းပဲ။
ကြက်ပေါက်လေး တစ်အုပ်ကလည်း အမွေး အတောင်တွေ ပေါက်စပြုလာပြီဖြစ်ကာ အမွေးအတောင်မရှိတဲ့ကြက်ရုပ်ဆိုးလေးတွေဘဝကို ဖြတ်ကျော်လာနိုင်ခဲ့ပြီ။
မဒမ်လီက သူတို့ကို ဂရုတစိုက်နဲ့ ခွဲခြားကြည့်ခဲ့တယ်။ ဒီကြက်လေး(၁၀)ကောင်ထဲမှာ ရှစ်ကောင်က အမတွေဖြစ်တာကြောင့် အချိုးအစားအရ အတော်များနေသေးတယ်။
**
အခုလိုအချိန်မျိုးမှာ မနက်ခင်းနေက အကောင်းဆုံးပဲ။ ကြက်မကြီးသုံးကောင်က ကြက်သားပေါက်အုပ်စုကို ခြံထဲမှာအပင်တွေကို တူးဆွဖို့ ဦးဆောင်ပြီး ခေါ်သွားခဲ့တယ်။
ကျန်းကျန်းက လီမင်ကျုံးကို ခေါ်လာတာကိုတွေ့တော့ ကြက်အုပ်စုက အစာရှာစားနေတာကနေ ရပ်တန့်သွားပြီး သူတို့ရှိနေတဲ့နေရာမှာပဲ ရပ်နေခဲ့ကြတယ်။
ဒီတော့ ကျန်းကျန်းက နေ့စဉ်တန်းစီစာရင်းကို စခေါ်တော့တယ်။
“ကြက်သားစတူး!”
“ကျိ!”
“အာလူးကြက်သားစတူး!”
“ကျိ!”
သူမ စားချင်တဲ့ ဟင်းလျာနာမည်တွေကို ရွတ်ပြီးတဲ့နောက်မှာတော့ ကျန်းကျန်းတစ်ယောက် တံတွေးတွေကို သုတ်လိုက်ပြီး သူတို့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်တယ်။
“မြက်တွေနဲ့ အင်းဆက်ပိုးမွှားတွေ များများစားကြနော်.. ဒါမှ ကြက်ဥတွေက ပိုဥနိုင်ပြီးတော့ အသားတွေကလည်း ပိုပြီးအရသာရှိလာမှာ”
“ကျိ!!”
ဒီကြက်အုပ်ရဲ့ ဦးနှောက်က လက်သန်းထိပ်လေးလောက်ပဲရှိလောက်လိမ့်မယ်။ သူတို့တွေက အစပိုင်းမှာ ကြောက်ရွံ့နေခဲ့ကြပေမဲ့ ကျန်းကျန်းဆီက တစ်ရက်ပြီး တစ်ရက် သင်ခန်းစာတွေ ပို့ချခံရပြီး နာမည်တွေ အခေါ်ခံရပြီးတဲ့နောက်မှာ ကျင့်သားရသွားခဲ့ပြီ။
ဒါက ကြားဖူးနေကျ ဦးနှောက်ဆေးခံရတယ်ဆိုတာနဲ့ တူညီလိမ့်မယ်။
သူတို့အထဲက မုန်လာဥကြက်သားစတူး တစ်ကောင်ကပဲ နေ့တိုင်း ပြန်လည်ချေပတတ်တယ်။
“ငါ မုန်လာဥအရသာကို မကြိုက်ဘူး!”
“ဘာလို့ မကြိုက်တာတွေများနေရတာလဲ”
ကျန်းကျန်းက သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
“မုန်လာဥနီကြက်သားစတူးက အရသာမရှိဘူးဆိုတာ ငါလည်း သိပါတယ်”
သူမက ဘေးနားမှာ ဘယ်သူမှမရှိကြောင်းကို သေချာအောင်ကြည့်လိုက်ပြီးမှ အသံကိုနှိမ့်ပြီး ပြောလိုက်တယ်။
“ဒါပေမဲ့ ငါ နင့်ကို ကြက်သားအစပ်လို့ နာမည်ပေးလို့လည်း မရဘူးလေ.. အဲဒီဟင်းကို ဒီဘက်မှာ ဘယ်သူမှ မစားကြဘူး.. အဲလိုသာဆိုရငရ ငါ့ကိုယ်ငါက ဖော်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မှာ မဟုတ်ဘူးလား? နာမည်ပေးရုံလောက်ပဲခေ.. တကယ်တမ်းကျ မုန်လာဥနဲ့ကြက်သားစတူး ဖြစ်ချင်မှဖြစ်မှာပေါ့.. ကြက်သားနှပ်တုံးလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်မလား?”
“ကြက်သားနှပ်! အဲဒီအရသာကကောင်းတယ်လို့ကြားဖူးတယ်!”
မုန်လာဥကြက်သားစတူးက ထောက်ခံတဲ့အနေနဲ့နဲ့ တကျီကျီ အော်နေခဲ့တယ်။
“ကောင်းပြီ ကောင်းပြီ.. ဒါဆိလည်း နောက်ကျရင် နင့်ကို ကြက်သားနှပ်လို့ပဲ ခေါ်တော့မယ်”
ကျန်းကျန်းက လက်ကိုဝှေ့ရမ်းရင်း ပြောလိုက်တယ်။
“ကြက်ဖတွေ ဥမဥနိုင်ဘူး.. ဒီတော့ တခြားလုပ်စရာတွေ ရှိတာတွေကို လုပ်နေလိုက်”
ကြက်သားနှပ်က ကျန်းကျန်းကို မကျေမနပ်ကြည့်လိုက်ပြီး မတ်မတ်ရပ်လိုက်တယ်။ ထို့နောက် သူက သူ့ရဲ့နေရာကို ပြန်သွားခဲ့ပြီး ကျန်းကျန်း အစာလာကျွေးမယ့် အချိန်ကို စောင့်နေတော့တယ်။
မကြာခင်မှာဘဲ တီကောင် အနည်းငယ်က မြေကြီးထဲကနေ ထွက်ပေါ်လာပြီး အလိုအလျောက်(၁၀)ပိုင်းပိုင်းသွားတယ်။ ကြက်တွေကတော့ အပြေးအလွှားနဲ့ သူတို့ရဲ့ဝေစုကို အလျင်အမြန် စားလိုက်ကြတယ်။
အိမ်မှာ မွေးထားတဲ့ ဥစားကြက်မကြီး ၃ကောင်ကတော့ ကြက်သားပေါက်လေးတွေ အစာစားနေတာကို စိတ်ချမ်းသာစွာ ကြည့်နေခဲ့တယ်။ ပြီးနောက်မှာ သူတို့အားလုံးက ခေါင်းလုံးတွေ ငဲ့စောင်းပြီး သူတို့ရဲ့ဝေစုရောက်လာမဲ့အချိန်ကို စောင့်နေခဲ့ကြပြန်တယ်။
မကြာခင်မှာပဲ နှံကောင်တစ်ဒါဇင်လောက်က ကြက်မသုံးကောင်ရဲ့ အရှေ့ကို ခုန်ပျံပြီး ရောက်လာတယ်။ ကြက်မအိုကြီးတွေက တွန်လိုက်ပြီး နှံကောင်တစ်ကောင်ရဲ့ခြေထောက်ကို တက်နင်းနေတုန်းမှာပဲ ကျန်တဲ့ တစ်ကောင်ကတောင် နှံကောင်တွေကို ဗိုက်ထဲကိုရောက်အောင် ချက်ချင်းစားပစ်လိုက်တယ်။
ကြက်ထီးတွေရဲ့ မျက်လုံးတွေကတောက်လောင်နေကြပြီး ကြက်သားနှပ်တုံးကတော့ တန်းစီတုန်းက ရှိမနေခဲ့ဘူး။ သူက တစ်ဖက်မှာ ကျန်နေတဲ့ နှံကောင်နှစ်ကောင်ကို ကြည့်နေခဲ့တယ်။
ကြက်တွေက နှံကောင်တစ်ကောင်ကိုတက်နင်းထားပြီး နှစ်ခါလောက်ကောက်စားလိုက်ပေမဲ့ သူတို့ရဲ့ပါးစပ်က အရမ်းသေးနေခဲ့တယ်။ ပြီးတော့ သူတို့တွေက အစာကို ကိုယ်တိုင်ရှာမစားကြတာ အတော်ကြာနေပြီ။
ကြက်အုပ်ကြီးက စုဝေးနေခဲ့ကြပြီး တစ်ကောင်ကိုတစ်လှည့်စီ ကောက်စားနေခဲ့ကြကာ အချိန်တိုအတွင်းမှာပဲ နှံကောင်အားလုံး ပြောင်စင်သွားခဲ့တော့တယ်။
“ဝမ်ဝမ်၊ ဒါက အရသာရှိမဲ့ပုံပဲနော်”
လီမင်ကျုံးရဲ့ အသံက ကျန်းကျန်းရဲ့ စိတ်ထဲမှာ ပေါ်လာတယ်။
ကျန်းကျန်းတစ်ယောက် လီမင်ကျုံးကို အလန့်တကြား ကြည့်လိုက်မိတယ်။
“မင်းလည်း နှံကောင်စားချင်လို့လား? မင်းဘာလို့ အစာမျိုးစုံစားနိုင်ရတာလဲ?”
လီမင်ကျုံးက ကျန်းကျန်းကို မကျေမနပ်ကြည့်လိုက်တယ်။
“ငါက ကြက်ကိုစားချင်တာ”
“မဖြစ်ဘူးလေ”
ကျန်းကျန်းက ထလိုက်ပြီး လီမင်ကျုံးကို အနောက်ဘက်ခြံထဲသို့ ခေါ်သွားလိုက်တယ်။
“ငါပြောထားတယ်.. ခွေးလေးတွေက ကြက်ကို စားလို့မရပါဘူးလို့.. ကြက်ရဲ့အရိုးတွေက လည်ချောင်းထဲမှာ အလွယ်တကူ စူးသွားနိုင်တယ်”
“ငါ အသားစားလို့ မရဘူးလား?”
လီမင်ကျုံးက ကျန်းကျန်းရဲ့ လက်ကလေးကို လျှာနှင့်လျက်လိုက်ပြီး အမြီးကို အတင်းလှုပ်ရမ်းပြနေခဲ့တယ်။
“ကြက်သားစားရင် ခွေးတွေက အရိုးပျော့သွားနိုင်တယ်လို့ ကြားဖူးတယ်ထင်တယ်နော်?”
ကျန်းကျန်းက မသေချာစွာနှင့်ပြောလိုက်တယ်။
“ဘာပဲဖြစ်ဖြစ်.. အဖွားပြောထားတယ်လေ.. မင်း ကြက်သား စားလို့မရဘူး”
လီမင်ကျုံးက ချက်ချင်းညှိုးငယ်ကျသွားတာကိုတွေ့တော့ ကျန်းကျန်းက မနေနိုင်ဘဲ သူ့ရဲ့နောက်ကျောလေးကို ပုတ်ပေးလိုက်တယ်။ ပြီးနောက် ဝက်စာစားနေတဲ့ ဝက်သားနှပ်ကို ညွှန်ပြပြီး ပြောလိုက်တယ်။
“နှစ်ကုန်လို့ ဝက်သားနှပ်ကို စတူးလုပ်တဲ့အချိန်စားရင် နင်စားလို့ ရတယ်.. အဲဒါက ပိုပြီး အရသာရှိလိမ့်မယ်”