← Chapters

Chapter 60

Vol. 6 Ch. 60

Chapter 60

Vol. 6 Ch. 60

ဝက်သားနှပ်တစ်ကောင်က သူ့ရဲ့ခေါင်းကို ဝက်စာခွက်ထဲမှာ မြှုပ်ထားပြီး စားသောက်နေခဲ့တာလေ။ ဒါကြောင့် သူက တစ်စုံတစ်ယောက် အနားကိုကပ်လာတာကို သတိမထားမိလိုက်ဘူး။

ထိုအခိုက်မှာ သူ့ရဲ့ နားထဲကို ရင်းနှီးနေတဲ့ အသံတစ်သံက ရုတ်တရက် ဝင်လာခဲ့ပြီး သူ့ရဲ့ခြေထောက်ကလည်း ပျော့ခွေသွားကာ မြေပေါ် လဲကျသွားတော့တယ်။

ဒီဝက်သားနှပ်က မွေးထားတာ နှစ်လလောက်ကြာပြီဖြစ်ပေမဲ့ သတ္တိကြောင်လွန်းနေတုန်းပဲ။ လူကောင်သေးတဲ့ ကျန်းကျန်းက ခြေဖျားထောက်ပြီး ဝက်ခြံထဲကို လှမ်းကြည့်လိုက်တော့ ဝက်သားနှပ်တစ်ကောင် ကြောက်ဒူးတုန်နေတာကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းချလိုက်မိတယ်။

“အချိန်ပြည့် ကြောက်လန့်မနေနဲ့လေ.. အခုလို ကြောက်လန့်နေလို့ အသားတွေက အရသာမရှိတော့ရင် ဘယ်လိုလုပ်မလဲ”

လီမင်ကျုံး ဝက်သားနှပ်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်တယ်။ ပြီီးနောက် ဝက်ခြံဆီကို ဝင်သွားခဲ့ပြီး ခြံထဲမှာရှိနေတဲ့ ဝက်သားနှပ်ကို ကြည့်ပြီး ပြေးကိုက်ချင်စိတ်တွေ ဖြစ်ပေါ်လာတော့တယ်။

ဝက်သားနှပ်ကတော့ ကြောက်လန့်တကြား အော်လိုက်ပြီး သူ့ရဲ့ခြေထောက်လေးချောင်းလုံးနှင့် လျှင်မြန်စွာပြေးသွားပြီး အနောက်မှာ သွားပုန်းနေတော့တာတယ်

“လီမင်ကျုံးပြန်လာခဲ့!”

ကျန်းကျန်းက အော်လိုက်တယ်။

“သူက ဘာလို့ ကြောက်နေလို့လဲ!”

လီမင်ကျုံးက နစ်နေနေပုံနဲ့ ပြေးလာပြန်တယ်။

ကျန်းကျန်းက လီမင်ကျုံးရဲ့ ခေါင်းကို ပွတ်ပေးလိုက်ပြီး တည်သီးခင်းဆီကို သွားပြန်တယ်။ ဝက်သားနှပ်ကတော့ သူ့ရဲ့ မျက်လုံးသေးသေးလေးတွေနဲ့ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူမှ ကြည့်မနေတာတွေ့တော့ သူခုနတုန်းက ဘာကို ကြောက်နေတာလဲဆိုတာတောင် ချက်ချင်းမေ့သွားခဲ့တယ်။

သူက သူ့ရဲ့ခေါင်းကို ဝက်စာခွက်ထဲသို့ ချက်ချင်း ပြန်နှစ်ပြီး အငမ်းမရစားပြန်တယ်။

ဒီနှစ်မှာ နှင်းနဲ့ ရေခဲတွေ အရည်ပျော်ပြီးတဲ့ နောက်ပိုင်း နေ့ရက်တိုင်းက တဖြည်းဖြည်းနွေးထွေးလာပြီး ပေရှားဒေသကိုရောက်လာတဲ့ ကောက်နှံအစေ့အဆန်နဲ့ အခြေခံစားသောက်ကုန်အမျိုးမျိုးထောက်ပံ့မှုကိုလည်း တဖြည်းဖြည်း ပြန်လည် နလန်ထူလာနိုင်ခဲ့တယ်။

ပြောင်း၊ စပါး၊ ဂေါ်ဖီနဲ့ အာလူးတွေကလည်း မြေအောက်ခန်းထဲမှာ အများကြီးရှိနေခဲ့ပြီ။ ဒါကြောင့် အထောက်အပံ့တွေ ရောက်ယူပြီဆိုရင် မိသားစုရဲ့ စားချင်စိတ်ကို အပြောင်းအလဲဖြစ်စေဖို့ ဝက်သားအနည်းငယ်လောက်နှင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေပါလာဖို့ကို မျှော်လင့်နေခဲ့ကြတယ်။

မကြာသေးခင်ကာလမှာ ကောက်နှံအစေ့အဆန်တွေ အများအပြားပါတဲ့ ကားတွေကလည်း များပြုးစွာဝင်လာနေခဲ့ပြီဖြစ်လို့ လီမူဝူသညာလည်း အိမ်မှာ မနေနိုင်တော့ဘူး။

သူ့ရဲ့အလုပ်က ကောက်နှံကားတွေရောက်လာရင် ထိုကောက်နှံအိတ်တွေကို သိုလှောင်ရုံဆီသို့ သယ်ပေးရတာလေ။

ကောက်နှံအစေ့အဆန်တွေ ရောင်းရတဲ့အချိန်တွေမီာလည်း အရှေ့ဘက်ကို ပြန်လည်သယ်လာပေးရတယ်။

ဒီတော့ သူ့အနေနဲ့ တစ်လကို ယွမ်(၄၀)လောက် ဝင်ပြီး သူ့မိသားစုကို ထောက်ပံ့ဖို့တော့ လုံလောက်ခဲ့တယ်။

လီမူဝူက အလုပ်ရှုပ်နေပြီဖြစ်လို့ သူက သူ့မိသားစုထဲကအလုပ်တွေကို ဂရုမစိုက်နိုင်တော့ဘူး။

သူတို့ရဲ့မိသားစုထဲက ကလေး လေးယောက်လုံးက ကျောင်းတက်နေပြီလေ။ လီမင်တုန်ကတော့ ပေချန်းကနေ ၆လတစ်ကြိမ် အမြဲတမ်းပြန်လာတတ်တယ်။ လီမင်ရှီကတော့ အဲတုန်မှာပဲဖြစ်ပြီး တစ်လကိုတစ်ကြိမ်လောက်ပြန်လာတတ်တယ်။ ဒီတော့ တောင်ပေါ်မှာ လုပ်ရတဲ့အလုပ်တွေကို သူတို့က မကူညီနိုင်ကြတော့ဘူး။

ဒါကြောင့် ဝမ်စုဖန်းနဲ့ မဒမ်လီကသာ အိမ်မှာရှိတဲ့ ယာမြေအလုပ်တွေကို လုပ်ရတော့တယ်။ ပထမတုန်းကတော့ မဒမ်လီနဲ့သူ့ရဲ့ချွေးမတို့က စိုးရိမ်နေခဲ့ကြသေးတယ်။

ဆောင်းတွင်းပိုင်းမှာတုန်းက မြေကအရမ်းကိုအေးခဲနေခဲ့တာလေ။ နွေဦးမှာ နွေးထွေးလာတယ်ဆိုပေမဲ့ အချိန်အတော်ကြာတဲ့အထိ အရည်မပျော်နိုင်လောက်သေးဘူး။

ဒါကြောင့်မြေပေါ်မှာ အပင်စိုက်ဖို့အတွက်ဆိုရင် အားတွေပိုစိုက်ထုတ်ရလိမ်ယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဖြစ်အောင်တော့ လုပ်ရမှာပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျန်းကျန်းရဲ့ ကျေးဇူးကြောင့် မိသားတစ်စုလုံး မငတ်မွတ်ခဲ့ကြရဘူး။ ဒါပေမဲ့ အိမ်မှာ အစားအသောက်တွေ အများကြီးရှိနေလို့ဆိုပြီး အပျင်းထူလို့ မရဘူးလေ။

မိသားစုလုပ်ငန်းအရေးကိစ္စတွေကိုတော့ ကွေ့ဟွားကို လွှဲအပ်ထားခဲ့ပြီး ကျန်းကျန်းကိုပါ စောင့်ရှောက်ကြည့်ရှုဖို့ ပြောလိုက်တယ်။ မဒမ်လီနဲ့ ဝမ်စုဖန်တို့တွေ ပေါက်တူးတစ်လက်စီ ယူပြီး ရေနွေးအိုး၊ ရိက္ခာခြောက်ကိုယ်စီနဲ့ နောက်ကျောမှာ လွယ်ကာ တောင်ပေါ်ကိုတက်ဖို့ ပြင်ဆင်ခဲ့ကြတယ်။

သို့ပေမဲ့ သူတို့တွေ မထွက်ခင်မှာဘဲ ကျန်းကျန်းက အလျင်စလိုနဲ့ ပြေးလာပြီး မဒမ်လီရဲ့ ပေါင်ကို ဖက်ကာ ခေါင်းကိုခါရမ်းပြီး ပြောနေတော့တယ်။

“သမီးလည်း လိုက်မယ်၊ သမီးလည်း လိုက်မယ်”

အဲ့ဒါကိုတွေ့တော့ ဝမ်စုဖန်းက အရှေ့ကို အမြန်တိုးလိုက်ပြီး သူမရဲ့လက်ကို ဆွဲလိုက်ကာ အသံချိုချိုသာသာနဲ့ ချော့မော့ရတော့တယ်။

“ပေါင်ပေ့.. အမေတို့က ဒီတစ်ခေါက် လုပ်စရာတွေ အများကြီးရှိတယ်၊ ပြီးတော့ ဒီတစ်ကြိမ်မှာ တောင်ပေါ်မှာလည်း ဘာမှရှိနေမှာ မဟုတ်ဘူး၊ အဲဒါကြောင့် သမီးကို တကယ် ခေါ်သွားလို့မရဘူး”

ကျန်းကျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ မကျေမနပ်ကြည့်နေပြန်တယ်။

“သမီး လိမ္မာမယ်လို့ ကတိပေးပါတယ်။”

ဝမ်စုဖန်းက မဒမ်လီကို ထင်တဲ့အတိုင်းပဲဆိုတဲ့ပုံစံနဲ့ ကြည့်လိုက်တော့ မဒမ်လီသည်လည်း အပြုံးနှင့်ပဲ ပြောလိုက်ရတော့တယ်။

“ငါတို့မိသားစုမှာတော့ တောပျော်မိန်းကလေးတစ်ယောက် ပါလာတာပဲ.. မင်းက တောင်ပေါ်တက်လိုက်.. မြစ်ထဲဆင်းလိုက် လုပ်ချင်ပေမဲ့ အိမ်မှာတော့ မနေချင်ဘူးပေါ့လေ”

ကျန်းကျန်းက သူမအဖွားဖြစ်သူရဲ့လေသံကနေ သဘောတူလိုက်ပြီဖြစ်ကြောင်း သိလိုက်ကာ အပျော်လွန်ကာ အိမ်ရှေ့ကို ပြေးထွက်သွားပြီး မမေ့မလျော့ အော်ခေါ်လိုက်သေးတယ်။

“လီမင်ကျုံး.. သွားရအောင်!”

ခြေထောက်ကြွက်သားတွေ မသန်မာသေးတဲ့ သူမရဲ့မြေးမလေးက ခွေးကို ခေါ်ရင်း ပြေးလွှားနေတာကိုမြင်တော့ သွမဒမ်လီတစ်ယောက် သူမရဲ့နောက်ကနေ အမှီလိုက်ရတော့တယ်။

ဝမ်စုဖန်းကလည်း သမီးဖြစ်သူရဲ့ ပစ္စည်းတွေကို အမြန်ပြေးယူလိုက်ရပြီး အနောက်ကနေခြေလှမ်းစိပ်စိပ်နဲ့ လိုက်သွားတော့တယ်။

မိသားစုအတွက် စိတ်အချရဆုံးသောအရာကတော့ သူတို့မိသားစုရဲ့ကျန်းကျန်းက စကားတတွတ်တွတ်ပြောနေရင်တောင် မောပန်းခြင်းမရှိဘဲ တစ်နေ့လုံးကိုလည်း အားအင်အပြည့်ရှိနေတတ်တာပဲ။

ဒီလိုအရွယ်အခြားကလေးတွေသာဆိုရင် အတော်ကြာအောင်လမ်းလျှောက်ပြီးသွားရင် ငိုယိုပြီး ချီပိုးခိုင်းလိမ့်မယ်။ သို့ပေမယ့် ကျန်းကျန်းကတော့ သူတို့ကို တွဲတောင်မတွဲဘဲ လမ်းလျှောက်နိုင်ရုံမက သူမရဲ့ ခြေထောက်တွေက အခြားသူတွေထက်တောင် ပိုမြန်မြန်လှုပ်ရှားနေသေးတယ်လေ။

ဝန်စုဖန်းကတော့သူမအနေနဲ့ ဟိုးကလေးအရွယ်ကတည်းက တောင်ပေါ်ကို တက်ပြီးသွားလာခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ ကျန်းကျန်းတစ်ယောက် တောင်ပေါ်လမ်းမှာ လမ်းလျှောက်ရ ခက်ခဲမှာကို စိုးရိမ်နေခဲ့တယ်။ သူမက ကျန်းကျန်းပြုတ်ကျမှာကို စိုးရိမ်မိပေမဲ့ ကျန်းကျန်းကတော့ တောင်ပေါ် တက်တာပဲဖြစ်ဖြစ် တောင်အောက်ကိုဆင်းတာပဲဖြစ်ဖြစ် အလွန်ကျွမ်းကျင်နေခဲ့ပြီး မြေပြင်ပေါ်မှာ လမ်းလျှောက်နေတာနဲ့ မကွာခြားခဲ့ဘူး။

ဒါပေမဲ့ နာရီဝက်လောက်ရှိသွားချိန်မှာတော့ ဝမ်စုဖန်းက ကျန်းကျန်းတစ်ယောက် စိတ်ဆောင်နေတဲ့အတွက် မမောပန်းတာမျိုးဖြစ်နေမှာကို စိုးရိမ်တာကြောင့် နောက်ကျောမှာပိုးပြီး ယာမြေကို ရောက်တဲ့အထိ သယ်သွားခဲ့တော့တယ်။

မနှစ်တုန်းက ကောက်နှံရိတ်သိမ်းချိန်မှာ မိသားစုတစ်ခုလုံးက ကောက်နှံတွေကိုအခြောက်လှမ်းဖို့နဲ့ ဆောင်းရာသီအတွက်ဟင်းရွက်ချဥ်တွေ လုပ်ဖို့ကို အာရုံစိုက်နေခဲ့ရတာကြောင့် ယာမြေကို မရှင်းလင်းထားခဲ့ရဘူး။

ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ပြောင်းရိုးနဲ့ ပြောင်းနှံရိုးတွေက မြေကြီးကို ထိလုမတတ်ကွေးညွတ်နေခဲ့ကြပြီ။

ဆောင်းရဲ့လေပြင်းတွေနဲ့ နှင်းတွေကျပြီးတဲ့နောက်မှာ ကောက်သလင်းတွေက ခြောက်သွေ့ပြီးဝါကြင်နေခဲ့ကြတယ်။

ဝမ်စုဖန်းက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး သူမယူလာတဲ့ အခင်းကို ဖြန့်ကာ ကျန်းကျန်းကို အောက်ကို ပြန်ချပေးလိုက်တယ်။

မဒမ်လီကလည်း ဒီတစ်ခေါက်မှာတော့ ယာမြေတွေအထိ ဆင်းပြီး မြေကြီးတွေကို တုတ်နှင့် ထိုးကြည့်နေခဲ့တယ်။ ပြီးနောက် သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေကြီးရဲ့ မာကျောမှုကို စမ်းကြည့်ပြန်တယ်။

ပြီးမှ ပေါက်တူးကို ကောက်ကိုင်လိုက်ပြီး အောက်ကို ခပ်ပြင်းပြင်း တူးချလိုက်တယ်။ ပုံမှန်အတိုင်းဆိုရင် ငါးစင်တီမီတာ လောက်အထိ တူးလို့ရပေမဲ့ ဒီတစ်ခေါက်မြေကြီးနည်းနည်းလောက်ကိုသာ တူးလို့ရနိုင်ခဲ့ပြီး နောက်ကို လန်ကျသွားလိမ့်မယ်လို့ ဘယ်သူကသိခဲ့မှာလဲ။

လုပ်စမ်းပါ။ မဒမ်လီတစ်ယောက် စိတ်မရှည်စွာနဲ့ အော်လိုက်ချင်စိတ်တွေ ပေါ်လာရတယ်!

ဝမ်စုဖန်းကတော့ ကျန်းကျန်းအတွက် ရေနွေးကရားကို ထုတ်ယူလိုက်တယ်။ သူမ အသံကြားလို့ အနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာ မဒမ်လီရဲ့အခြေအနေကို မြင်သွားခဲ်ပြီး အပြေးသွားကာ ကူညီပေးလိုက်တယ်။

“အမေ အဆင်ပြေရဲ့လား? ခါးနာသွားတာလား?”

“ရတယ်၊ အဆင်ပြေတယ်”

မဒမ်လီက သူမက လက်ကို ဝှေ့ရမ်းလိုက်တယ်။

“မနှစ်တုန်းက ပုံမှန်ထက် ပိုပြီးအေးခဲသွားတော့ မြေကြီးတွေကလည်း ပိုပြီးအေးခဲနေခဲ့တာပဲ.. ငါတို့ မတူးနိုင်ဘူးဆိုရင်တော့ မြေကြီး အရည်ပျော်တဲ့အချိန်ထိပဲ စောင့်ရတော့မှာပဲ.. အပင်စိုက်ဖို့ကလည်း အဲလောက်ထိ စိုးရိမ်ဖို့ မလိုသေးပါဘူး”

ဝမ်စုဖန်းက မဒမ်လီကို ကျန်းကျန်းရဲ့ဘေး နားတွဲခေါ်သွားပေးလိုက်ပြီး တုံ့ဆိုင်းစွာနှင့်ပေါက်တူးကို လှမ်းယူပြီး ပြောလိုက်ပြန်တယ်။

“အမေ၊ ထိုင်ပြီး နားနေလိုက်လေ.. ဒါကို ကျွန်မ တူးလို့ရမလား ကြည့်လိုက်ဦးမယ်”

ဝမ်စုဖန်းက ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်တဲ့အချိန်မှာ သူမရဲ့ခြေထောက်အောက်မှာရှိတဲ့ မြေပြင်က အနည်းငယ် တုန်ခါသွားတယ်။

လီမင်ကျုံးသည်လည်း ထိတ်လန့်ကြောက်ရွဲ့သွားခဲ့ပြီး မြေကြီးထိအောင် ပြားကပ်ပြီး ဝတ်နေခဲ့ကာ အသံနိမ့်နိမ့်နဲ့ မာန်ဖီလိုက်တယ်။ ဝမ်စုဖန်းတစ်ယောက် သူမရဲ့ စိတ်ကို ပြန်မစုစည်းနိုင်ခင်မှာပဲ သူမရဲ့အရှေ့မှာရှိနေတဲ ယာမြေမှ မြေကြီးတွေက တစ်စစီ ကွဲအက်ပြီး မြေပြင်ကိုလှန်လိုက်သလို ဖြစ်လာခဲ့တယ်။

မရှင်းလင်းရသေးတဲ့ ပြောင်းရိုးတွေကလည်း မြေကြီးပေါ်ကို တစ်ခုချင်း ကျလာပြီး ပြာအဖြစ်ပြောင်းသွားကာ ကမ္ဘာမြေကြီးအတွက် မြေဆီလွှာ ဖြစ်သွားတော့တယ်။

တစ်မိနစ် ၊နှစ်မိနစ်အတွင်းမှာပဲ မြေကြီးက ပြန်လည်ငြိမ်သက်သွားခဲ့တယ်။ ဝမ်စုဖန်တစ်ယောက် သတိပြန်ဝင်လာခဲ့ပြီး ပေါက်တူးကို ပစ်ချလိုက်ကာ ခြေလှမ်းအနည်းငယ်လောကာနဲ့ မြေကြီးပေါ် ကိုပြေးသွားခဲ့တယ်။

ထို့နောက် မြေဆီလွှာ လက်တစ်ဆုပ်လောက်ကို ကောက်ယူလိုက်ပြီး လက်ထဲမှာ ချေမွကြည့်လိုက်တဲ့အချိန်မှာ နုညက်နေတဲ့ မြေဆီလွှာတွေက သူမလက်ချောင်း တွေ ကြားထဲမှာ ကျေမွပြီး ပြုတ်ကျသွားခဲ့တော့တယ်။

“အရမ်းကိုကောင်းတဲ့ မြေဆီလွှာပဲ”

ဝမ်စုဖန်းက ကောက်နှံတွေ စိုက်ဖို့အတွက် မြေပြင်ကို အနေတော်လောက်ရတဲ့အနက်အထိ ပေါက်တူးနဲ့ စပြီးတူးဆွကြဠ့်တော့တယ်။

မဒမ်လီက သူမရဲ့ဘေးမှာ ထိုင်နေတဲ့ ကျန်းကျန်းကို ကြည့်ပြီး နှုန်ခမ်းကို အပြုံးတစ်ခုနှင့် မေးလိုက်တယ်။

“ဘာဖြစ်သွားတာလဲ?”

“မြေကြီးလှန်သွားတာ မဟုတ်ဘူးလား?”

ကျန်းကျန်းက အပြစ်ကင်းစင်သလိုနဲ့ ကြည့်နေခဲ့တယ်။

“မြေကြီးလှန်သွားပြီ.. အဖွား၊ တောင်ပေါ်ကိုတက်ပြီး ကစားကြရအောင်”

“အကုန်လှန်ပြီးသွားပြီ”

ဝမ်စုဖန်းက ပေါက်တူးကို ပစ်ချပြီး ပြန်ပြေးလာခဲ့တယ်။ သူမက သူမရဲ့ရှေ့မှာ ဖြစ်နေတာတွေ အားလုံးက အစစ်အမှန်အဖြစ် လက်ခံဖို့ ခက်ခဲနေတာကြောင့် အနောက်ကို ပြန်လှည့်ကြည့်နေတုန်းပဲ။

“ဒါက မြန်လွန်းတယ်၊ အရင်တုန်းကလို .. ကျွန်မနှင့် အမေတို့လုပ်ရင် တစ်လလောက် အလုပ်ရှုပ်လို့ ပြီးဦးမှာ မဟုတ်ဘူး”

မဒမ်လီကလည်း သူမရဲ့ နောက်ကျောဘက်က နာကျင်မှုကိုတောင် မေ့ပျောက်သွားပြီး အနီးပတ်ဝမ်းကျင်ကို လှည့်ပတ်ကြည့်ကာ ကျန်းကျန်းကို ပြန်လှည့်ကြည့်လိုက်တယ်။

“ငါတို့ရဲ့စိုက်ခင်းကက ပိုကြီးလာတယ်လို့ ဘာလို့ ထင်မိနေတာလဲ?”

All Chapters