← Chapters

Chapter 62

Vol. 7 Ch. 62

Chapter 62

Vol. 7 Ch. 62

ကျန်းကျန်းက မဒမ်လီ ဂျင်းဆင်းကို သန့်ရှင်းရေးလုပ်နေတာကို မြင်တော့ သူမရဲ့ လက်ထဲက နောက်ဆုံးသောတောရိုင်းသစ်သီးကို လီမင်ကျုံးရဲ့ပါးစပ်ထဲကို ထည့်လိုက်ပြီး မတ်တပ်ရပ်ကာ အရှေ့ဘက်ကို ပြေးသွားလိုက်တယ်။

သူမ ပြေးထွက်သွားတာကို မြင်တော့ မဒမ်လီကလည်းစိတ်မချစွာနှင့် အနောက်က အလောတကြီး လိုက်ရပြန်တယ်။

ကျန်းကျန်းက တစ်နေရာဆီကို ဦးဆောင်လမ်းပြပေးနေတာကို တွေ့လာရတာကြောင့် သူမက မမေးဘဲ မနေနိုင်တာ့ဘူး

“ပေါင်ပေ့၊ ဘယ်ကိုသွားနေတာလဲ? ဂျင်ဆင်းတူးတတ်တဲ့သူကိုတွေ့လို့လား.. မသွားနဲ့တော့.. အဖွားတူးလိုက်ပြီလေ.. အခုတူးထားတာကိုတောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မသိတော့ဘူး”

ကျန်းကျန်းက သူမရဲ့ခေါင်းလေးကို စောင်းလိုက်ပြီး မဒမ်လီကို ကြည့်ကာ ဖြူဖွေးတဲ့သွားသေးသေးလေးတွေကို ဖော်ပြလာခဲ့တယ်။

“အဖေ့အတွက် ဝိုင်လုပ်ပေးမလို့”

“အဲဒါကဖြုန်းတီးလိုက်တာပဲ!”

ဝမ်စုဖန်း သမီးဖြစ်သူရဲ့စကားကိုကြားတော့ မတတ်နိုင်စွာနဲ့ အော်လိုက်မိတယ်။

“ အမေပြောပြမယ် သမီးလေး.. သမီးရှာတွေ့ခဲ့တဲ့ ဂျင်ဆင်းက ရတနာပဲ.. သက်တမ်းနှစ်တစ်ရာလောက်တောင် ရှိနေလောက်ပြီ! ဟုတ်တယ်မလား အမေ!?”

မဒမ်လီက ခေါင်းညိတ်လိုက်တယ်။

“နှစ် (၄၀၀)၊ (၅၀၀)လောက်တော့ အသာလေးပဲ ရှိနေလောက်ပြီ”

ဝမ်စုဖန်းက သူမရဲ့ပေါင်ကို ရိုက်ချလိုက်ပြီး မျက်နှာပေါ်မှာ နာကျင်သွားတဲ့အရိပ်အယောင်ပေါ်ထွက်လာတယ်။

“ဒါဆို ကလေးအရွယ်လောက်တောင်ရှိနေတာ.. အိမ်ကိုယူသွားပြီး ကောင်းကောင်းသိမ်းထားရအောင်.. ဒါကိုသာ သမီးရဲ့အဖေအတွက် ဝိုင်လုပ်ဖို့ သုံးလိုက်မယ်ဆိုရင် အလကားဖြစ်သွားလိမ့်မယ်.. ဂျင်ဆင်းပေါ်က နှုတ်ခမ်းမွှေး နည်းနည်းလောက်ကိုပဲသုံးရင်တောင် သူ့ရဲ့ နှာခေါင်းက သွေးလျှံလာလိမ့်မယ်”

“ အမှန်ပဲ”

မဒမ်လီကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်တယ်။

“ အိမ်ပြန်ရောက်ရင် ဒါကို အိမ်ရဲ့ စင်မြင့်ထက်မှာ တင်ပြီး တစ်ရက်ကို သုံးကြိမ်လောက် ဂါရဝပြုသင့်တယ်.. အမွှေးနံ့သာမထွန်းဘူး ဆိုရင်တောင် ပူဇော်ပ,သထားရမယ်”

ကျန်းကျန်းကတော့ မဒမ်လီကို အကူအညီမဲ့သလို ပုံစံလေးနဲ့ ကြည့်လိုက်မိတယ်။ အခုချိန်မှာ သူမက ငယ်ရွယ်သေးတဲ့အတွက် သူမရဲ့အဖွားကို သွေးဆောင်နိုင်မယ့် စကားလုံးမျိုးတွေ အများကြီး မပြောနိုင်သေးဘူးလေ။

ဒါကြောင့် ဘေးပတ်ဝန်းကျင်ကို ဆက်လက် လှည့်ပတ်ကြည့်ကာ သူမရှာနေတဲ့အရာဆီကိုသွားခဲ့ပြီး နောက်ထပ် နှစ်(၄၀)၊(၅၀) သက်တမ်းလောက်ရှိတဲ့ ဂျင်ဆင်းကို ထပ်မံရှာတွေ့ခဲ့တယ်။

ဂျင်ဆင်းက မြေဆီလွှာထဲကနေ တစ်ချက်တည်းနဲ့ ခုန်ထွက်လာပြီး ကျန်းကျန်းရဲ့ လက်ပေါ်ကို တိုက်ရိုက်ရာက်ရှိလာတော့တယ်။

ကျန်းကျန်းက ဂျင်ဆင်းကို မဒမ်လီရဲ့ လက်ထဲ ထည့်လိုက်ပြီး ထပ်မံတိုက်တွန်းပြန်တယ်။

“အဖေ့အတွက် ဝိုင်လုပ်ပေးမယ်”

မဒမ်လီက ကျန်းကျန်းရဲ့လက်ထဲက ဂျင်ဆင်းကိုကြည့်ပြီး ဆွံ့အသွားရတော့တယ်။

ခဏလောက်ကြာမှ သူမက ထိုဂျင်ဆင်းကိုပါ လှမ်းယူပြီး ခွာထားတဲ့ သစ်ခေါက်နှင့် ရစ်ပတ်ထုပ်ပိုးလိုက်တယ်။

“ကောင်းပြီ ကောင်းပြီ.. ဒီဂျင်ဆင်းကို ဝိုင်လုပ်ဖို့ သုံးလိုက်မယ်.. နောက်ထပ် ထပ်မတူးနဲ့တော့နော်.. အဖွားတို့မှာထည့်စရာတွေ ထပ်မရှိတော့ နောက်ထပ်ဖွက်ထားစရာ မရှိတော့ဘူး”

ကျန်းကျန်းက သူမတို့အိမ်မှာ ခုချိန်ထိ စက်ဘီးတွေ၊ အပ်ချုပ်စက် တွေ မရှိသေးတာ သတိရသွားတယ်။ အဲဒီပစ္စည်းတွေက ဒီဘက်ခေတ်မှာ နာမည်အကြီးဆုံးပစ္စည်းတွေ ဖြစ်တဲ့အတွက် အလျှင်အမြန်အကြံဉာဏ်ပေးလိုက်တယ်။

“ပိုက်ဆံကို စက်ဘီးတွေ၊ အပ်ချုပ်စက်တွေဝယ်ဖို့သုံးလိုက်ရအောင်လေ”

“သမီးက အဖွားကျောက်ရဲ့ စက်ဘီးအကြီးကြီးကို အားကျနေတာလား?”

မဒမ်လီနဲ့ ဝမ်စုဖန်းက ပြုံးလိုက်ပြီး သစ်ခေါက်ရဲ့အပေါ်ကနေ ရေညှိအလွှာအထူနဲ့ မြေဆီလွှာအနက်တွေ ထပ်ထည့်လိုက်တယ်။

“အကြီးတစ်ခုကို အိမ်မှာသိမ်းထားပြီး အသေးလေးကို ထုတ်ရောင်းကြရအောင်.. ဒါကို ရောင်းမယ်ဆိုရင် ထောက်ပံ့ရေးနဲ့ စျေးကွက်သမဝါယမအသင်းက လက်ခံမလား ကြည့်ရမယ်.. ရောင်းလို့ရရင်တော့ ရေဒီယိုတစ်ခု အရင်ဝယ်ရမယ်.. ဒါဆိုနေ့လယ်ပိုင်းတွေမှာ ထုတ်လွှင့်တာတွေကို နားထောင်လို့ရပြီး မပျင်းရတော့ဘူးပေါ့”

ထိုစကားကိုကြားမှ ကျန်းကျန်းတစ်ယောက် ပြုံးလာတော့တယ်။လူကြီး နှစ်ယောက် ဂျင်ဆင်းကို ထုပ်ပိုးနေကြချိန်မှာ ကျန်းကျန်းကတော့ သစ်ခေါက်နှစ်ခုလောက် တစ်ခါကြိမ်ပြီးတစ်ကြိမ် အခွါခံထားရတဲ့ ဘုဇပတ်ပင်ကြီးဆီကို လမ်းလျှောက်သွားပြီး ပင်စည်ပေါ်ကို သူမရဲ့လက်လေးတင်လိုက်တယ်။

သစ်ပင်အိုကြီးက ချက်ချင်းပဲ ပြန်လည်ရှင်သန်လာခဲ့တယ်။ သစ်ခေါက်အသစ်တွေကလည်း ထပ်မံထွက်လာပြီး စိမ်းစိုလန်းဆန်းတဲ့ သစ်ကိုင်းတွေလည်း ထွက်ရှိလာခဲ့တယ်။

လီမင်ကျုံးကတော့ တောင်ပေါ်လမ်းကို တစ်နာရီလောက် လိုက်ပါလာခဲ့ပြီး ကျန်းကျန်းနဲ့အတူ တောရိုင်းသစ်သီးတချို့ကို စားခဲ့ပေမဲ့ သူက လသားအရွယ်ပဲ ရှိသေးတာကြောင့် တောင်ပေါ်လမ်းတစ်လျှောက် ပြေးလွှားနေရတာက သူ့အတွက် အခက်အခဲတစ်ခုဖြစ်နေခဲ့တယ်။

ဒါကြောင့် လီမင်ကျုံးက လျှာကို တလစ်လစ်ထုတ်ရင်း အသက်ရှူမောဟိုက်နေကာ အကြိမ်အနည်း ငယ်လောက် ဟောင်လိုက်တယ်။

ကျန်းကျန်းက လီမင်ကျုံးရဲ့ ဟောင်သံမှ သူမောပန်းနေပြီဖြစ်ကြောင်း ပြောတဲ့အသံကို ကြားလိုက်တဲ့အတွက် လမ်းလျှောက်တာကို အမြန်ရပ်လိုက်တယ်။ ထို့နောက် သူ့ရဲ့အနားမှာ ငုတ်တုတ်ထိုင်ပြီး နောက်ကျောကို သူမရဲ့လက်သေးသေးလေးနဲ့ ပွတ်သပ်ပေးလိုက်တယ်။

“သက်သာပြီလား?”

ကျန်းကျန်းက ခေါင်းကိုစောင်းငဲ့ရင်း လီမင်ကျုံးကိုကြည့်ကာ ပြောလိုက်တယ်။

လီမင်ကျုံးက သူ့နောက်ကျော နွေးထွေးသွားတာကို ခံစားလိုက်ရပြီး ခြေထောက်လေးချောင်းလုံးကလည်း အားအင်ပြန်လည်ပြည့်ဝလာခဲ့တယ်။

ဝမ်စုဖန်းက ကျန်းကျန်းဆက်မသွားသေးတာကို တွေ့တော့ သူမ ပင်ပန်းနေတာလို့ ထင်သွားခဲ့ပြီး သူမရဲ့အနားကို အမြန်လျှောက်လာခဲ့ကာ သူမလက်ထဲက ခွေးကိုရော သူမကိုပါ ပွေ့ဖက်လိုက်တယ်။

“အမေ့ရဲ့ရတနာလေး.. အမေတို့ အပြင်ထွက်လာတာ ကြာပြီဆိုတော့ အိမ်ကို စောစောပြန်ကြတော့မလား?”

ကျန်းကျန်းက တောင်နက်ကြီးကို မပြီးမပြတ်သေးတဲ့ပုံနဲ့ လှမ်းကြည့်လိုက်တယ်။

“ဒါပေမဲ့ သမီး ဝ,အောင် မဆော့ရသေးဘူးလေ”

“အမေတို့ မနက်ဖြန် ဒီကိုပြန်လာဦးမှာလေ”

ဝမ်စုဖန်းက အမြန်ပြောလိုက်တယ်။

“မြေပြင်ကြီးကို လာပြီးလှန်နေတယ်လို့ ဟန်ဆောင်ရဦးမှာလေ.. အနည်းဆုံး (၈)ခါ (၁၀)ခါလောက်တော့ လာရဦးမှာ ပေါ့”

ဒီအချိန်ကျမှ ကျန်းကျန်းက ပြုံးလာတော့တယ်။

“ဒါဆို ရတယ်.. သမီး မနက်ဖြန်မှ ပြန်လာလိုက်မယ်”

ဝမ်စုဖန်းက သူမရဲ့ လက်မောင်းအနေအထားကို ပြင်လိုက်ပြီး ကျန်းကျန်းအပြင် လီမင်ကျုံးကိုပါ ပွေ့ချီလိုက်တယ်။

အိုမင်းနေတဲ့ မဒမ်လီကတော့ နောက်ကျောပေါ်မှာ ကြိမ်ခြင်းကိုသယ်ရင်း အနောက်ကနေ လိုက်လာခဲ့တယ်။

သူမ ၁၀မိနစ်လောက် လျှောက်သွားပြီးချိန်မှာတော့ ရုတ်တရက်

ရစ်ငှက်နှစ်ကောင်က ဘယ်နေရာကမှန်းမသိ ထွက်လာခဲ့ပြီး တောင်ပံခတ်နေရင်းနဲ့ မဒမ်လီ သယ်လာတဲ့ကြိမ်ခြင်းထဲကို ပြုတ်ကျသွားခဲ့တယ်။ မဒမ်လီကတော့ ကြိမ်ခြင်းကို အလျှင်အမြန် ပြန်လည်စစ်ဆေးရင်း ရစ်ငှက်ကို လက်မှာကိုင််လိုက်ရလေတယ်။

“ဘိုးဘေးလေးရေ. ခြင်းထဲမှာ ဂျင်ဆင်းတွေ ရှိနေတယ်နေ.. ရစ်ငှက်တွေကြောင့် ဂျင်ဆင်းကျိုးသွားရင် ဘယ်လိုလုပ်မလဲ”

ကျန်းကျန်းက မဒမ်လီကို ပြုံးပြလိုက်တယ်။

“ဒါဆို ပြန်ချုပ်လိုက်မယ်လေ”

မဒမ်လီက လမ်းဘေးဘေးက တောဟင်းရွက်နွယ်ကိုတွေကို ဆွဲခူးလိုက်ပြီး ရစ်ငှက်ရဲ့ခြေထောက်တွေကို ဇောက်ထိုး စည်းလိုက်ကာ လက်ထဲ ကိုင်ထားလိုက်တယ်။

ပြီးတော့ ကျန်းကျန်းကိုလည်း မမေ့မလျော့ ရှင်းပြလလာခဲ့တယ်။

“ဂျင်ဆင်းကို အသုံးပြုတိုင်းကောင်းတယ်လို့လည်း မထင်နဲ့.. အဖွားတို့ ဒီနေ့ရခဲ့တဲ့ ဂျင်ဆင်းကြီးလိုအရာမျိုးက လွယ်လွယ် စားလို့ မရဘူး.. ဒီ သက်တမ်းရင့်ဂျင်ဆင်းက မိသားစုကြီးတွေမှာတောင် သူတို့ရဲ့ဘဝတွေကို ထောက်ပံ့ပေးနိုင်တဲ့ ရတနာပဲ”

ဝမ်စုဖန်းက လက်ထဲမှာ ရစ်ငှက်ကိုင်ထားပြီး ခြင်းထဲမှာဂျင်ဆင်းကိုထည့်သယ်ထားတဲ့ မဒမ်လီကို ကြည့်လိုက်တယ်။

သူမရဲ့ စိတ်ထဲမှာတော့ အနည်းငယ် ပျော်ရွှင်နေခဲ့လေတယ်။

“အမေ၊ အမေဖူးပြောတယ်လေ၊ ကျန်းကျန်းက အရင်ဘဝတုန်းက တောင်နတ်ဘုရားမဖြစ်ခဲ့တာ မဟုတ်ဘူးဆို? ဒါဆို တောင်ပေါ်မှာ ဂျင်ဆင်းလိုအရာတွေရှိနေတာကို ဘာလို့ သိနေတာလဲ? အဲဒီရစ်ငှက်တွေနှင့် တောရိုင်းသစ်သီးတွေကလည်း သူမရဲ့ကားကို နားထောင်ကြတယ်လေ”

မဒမ်လီက ခေါင်းကို ဖြည်းညှင်းစွာခါရမ်းလိုက်တယ်။

“ဒါဆို မြစ်ထဲက ငါးတွေကလည်း ကျန်းကျန်းရဲ့စကားကို နားထောင်ကြတာပဲ..မင်းပြောသလိုဆို တောင်နတ်ဘုရားက ရေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ကိုင်တွယ်နိုင်တာပဲလား? ငါထင်တာတော့ ကျန်းကျန်းက အရင်ကတည်းက တောင်နတ်ဘုရားထက် ကြီးမြတ်တာမျိုး ဖြစ်ဖို့ ရည်ရွယ်ခံထားရတာထင်တယ်”

“အမေပြောတာ မှန်တာပဲ”

ဝမ်စုဖန်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်။

“ယာမြေနတ်ဘုရားများလား?အဲဒီမြစ်က ယာမြေပေါ်မှာ ရှိနေတာလေ၊ ပြီးတော့ မြေနတ်ဘုရားရဲ့ စီရင်ခွင့် နယ်မြထဲမှာလည်း ရှိနေသေးတယ်မလား”

မဒမ်လီက ဆူပုပ်ပြီး တွေးမိတယ်။

“ဒါပေမဲ့ မြေကမ္ဘာနတ်ဘုရားက တောင်နတ်ဘုရားလောက်ပဲ ကြီးမြတ်တာလေ”

ကျန်းကျန်းကတော့ လီမင်ကျုံးရဲ့ ခေါင်းကိုပွတ်သပ်လိုက်ပြီး လူကြီးတွေပြောနေတာကို ပျော်ပျော်ရွှင်ရွှင် နားထောင်နေခဲ့တယ်။

သူမရဲ့ နောက်ဆုံးဘဝတုန်းက အိမ်အသေးလေးကနေ ပြောင်းရွှေ့လာခဲ့ရတဲ့ကျောင်းသူ ဖြစ်ခဲ့တာ။ သူမရဲ့အကြီးဆုံးအိပ်မက်က ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ပဲ။

သူမက နေ့တိုင်း ပန်းဆိုင်လေးမှာထိုင်ပြီး ကော်ဖီလေးသောက်လိုက်၊ ဒရာမာကားတွေအကြောင်းနှင့်အတင်းအဖြင်းတွေအကြောင်းကို ပြောနိုင်လိမ့်မယ်။ ဒီအိပ်မက်က ခြေတစ်လှမ်းစာလောက်ပဲဝေးကွာတော့တဲ့အချိန်မှာ အဆုံးသတ်သွားတာကတော့ နှမြောစရာပဲ။

ဒါပေမဲ့အခုအခြေအနေကလည်း သိပ်မဆိုးပါဘူး။ ကျန်းကျန်းက သူမရဲ့ဘေးဘက်တွေမှာ အုပ်မိုးနေတဲ့ သစ်ပင်တွေကို ကြည့်လိုက်တယ်။

ဒါတွေက ငါ့ရဲ့အပိုင်တွေပဲ!

နေ့စဥ်နေ့တိုင်း သူမက တောင်ပေါ်ကို မြေကြီးတူးဆွဖို့လိုက်သွားခဲ့ပြီး မဒမ်လီရဲ့ အိမ်မှာလည်း ကောင်းလွန်းတယ်ဆိုတဲ့ အရာတွေ ပိုပိုပြီးများလာခဲ့တယ်။

သူမက အိမ်ရဲ့ ရက်မပေါ်မှာ ဂျင်ဆင်း ပေါင်အနည်းငယ်စာလောက်ကို ဖွက်ထားခဲ့ပြီး ခန်ရဲ့အပေါ် မှာတော့ ရေဇလုံထက်ကြီးတဲ့တစ်ခုကို ထားခဲ့ရတယ်။ သေတ္တာထဲမှာလည်း လင်ဇီးမှိုအသေးစားလေးတွေတစ်ဝက်လောက်ရှိနေပြီ။ ကျန်းကျန်းကတော့ သူမ အသက်ပိုရှည်အောင် လို့ ရေစိမ်သောက်ဖို့ ပြောထားခဲ့တယ်။

သူမမြေးမလေးရဲ့နှလုံးသားကတော့ အချစ်တွေနဲ့ ပြည့်နေတာပဲ။ မဒမ်လီတစ်ယောက် ထိုသို့သုံးစွဲလိုက်ရမှာကို ရင်နာပေမဲ့ ကျန်းကျန်းရဲ့ နေ့စဉ် ကြီးကြပ်မှုအောက်မှာ သူမကရေနွေးကျိုပြီး လင်ဇီးမှိုကို ရေစိမ်သောက်ခဲ့ရတယ်။

ကံကောင်းချင်တော့ မှိုက အနည်းငယ်မာကြောတယ်လေ။ လက်သည်းအရွယ်အစားလောက် ရှိတဲ့ လင်ဇီးမှိုကို တောင်တစ်လလောက် ရေစိမ်ပြီးသောက်နိုင်တယ်။

မဒမ်လီကတော့ ဒီတစ်အိတ်နဲ့ဆိုရင် သူမ အသက်(၁၀၀) လောက်အထိ သောက်လို့ရမယ် ခန့်မှန်းခဲ့တယ်။ သူမသာ ထိုအချိန်ထိအသက်ရှည်ရှည်နေခဲ့ရရင်ပေါ့။

မြေးမလေးက ပိုပိုပြီး စွမ်းဆောင်နိုင်လာခဲ့တယ်။ ဒီတော့ မဒမ်လီနှင့် ဝမ်စုဖန်တို့ နှစ်ယောက်တည်းသာ ရှိတဲ့အချိန်မှာ သူမကို သတိပေးခဲ့ရတယ်။

ကံကောင်းစွာနဲ့ ကျန်းကျန်းက ငယ်ရွယ်သေးပေမဲ့ ဒီလိုနေရာမျိုးမှာ ကျွမ်းကျင်နေခဲ့တယ်။ သူမက သူစိမ်းတွေရှေ့မှာ ထူးဆန်းတာတွေ မပြသခဲ့ဘူး။

လီမိသားစုက တောရိုင်းတိရစ္ဆာန်တွေကို စားနိုင်တာ၊ ကောက်ပဲသီးနှံတွေ စိုက်နိုင်တာကို အိမ်နီးနားချင်းတွေမြင်တော့ သူတို့မိသားစုကကံကောင်းလွန်းတယ်လို့ပဲ တွေးမိခဲ့ကြတယ်။

ဘယ်သူကမှ ကလေးတစ်ယောက်ကြောင့် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ကြဘူး။

မျက်စိတစိမှိတ်အတွင်းမှာပဲ နွေဦးနဲ့ ဆောင်းတို့ရောက်ရှိလာခဲ့ပြီး ပထမဆုံးနှင်းကျတဲ့အချိန်မှာ ကွေ့ဟွားကလည်း သားဦးလေးကို မွေးဖွားခဲ့တယ်။

မိသားစုရဲ့လေးဆက်မြောက် သားဦးလေးကို အမျိုးသားရော၊ အမျိုးသမီးတွေကပါ ချစ်ခင်ခဲ့ကြတယ်။ မဒမ်လီက ကလေးလေးကို ကျန်းကျန်း ငယ်စဥ်က အသုံးပြုခဲ့တဲ့ စောင်လေးနဲ့ ပျော်ရွှင်စွာ ထွေးပတ်ပေးခဲ့တယ်။

ဝမ်စုဖန်းကတော့ ကွေ့ဟွားကို သန့်ရှင်းပေးပြီးနောကာသူမရဲ့ မြေးလေးကို ကွေ့ဟွားရဲ့ လက်ထဲသို့ထည့်ပေးကာ နို့တိုက်ခိုင်းတော့တယ်။

ကျန်းကျန်းက အနီရောင်ကတ္တီပါဂျက်ကက်ကို ဝတ်ဆင်ထားခဲ့ပြီး ခန်ပေါ်မှာ လှဲနေခဲ့တဲ့ သူမထက်(၂)နှစ်ငယ်တဲ့ အကြီးဆုံးတူလေးကို ကြည့်ရင်းနဲ့ သူ့ရဲ့လက်သေးသေးလေးကိုကိုင်ကာ မဒမ်လီကို မေးလိုက်တယ်။

“အဖွား၊ အကြီးဆုံးတူလေးရဲ့ နာမည်က ဘာလဲ? သူ့ကို နာမည်မပေးသင့်ဘူးလား?”

ခွင့်ရက်ကနေ စောစောပြန်လာတဲ့ လီမင်တုန်ကတော့ ကြောက်လန့်ပြီး တုန်ယင်သွားရှာတယ်။ သူက ကျန်းကျန်းရဲ့ဘေးမှာအိပ်နေတဲ့ လီမင်ကျုံးဘက်ကို မသိစိတ်ကနေ လှမ်းကြည့်လိုက်မိပြီး ပါးတွေတောင်လှုပ်ခတ်သွားရတယ်။

All Chapters