← Chapters

Chapter 63

Vol. 7 Ch. 63

Chapter 63

Vol. 7 Ch. 63

“အကြီးဆုံးညီမလေး.. မင်းတူလေးရဲ့ အဖေက ဒီမှာ ရှိတယ်လေ.. ဒီတော့ မင်း သူ့ရဲ့နာမည်အတွက် စိတ်ပူနေစရာမလိုပါဘူး.. ဟုတ်ပြီလား?”

ကျန်းကျန်းက သူမရဲ့ မျက်နှာလေးကို ဆူပုတ်လိုက်တယ်။

“အကြီးဆုံးအစ်ကိုကျတော့ ညီမလေးကို နာမည်ပေးခဲ့တာလေ.. ညီမလေးကိုကျတော့ အကြီးဆုံးတူလေးကို နာမည်မပေးစေချင်ဘူးလား?”

“မင်းက စာမဖတ်တတ်သေးဘူးမလား?”

လီမင်တုန်က သူမကို သိပ်ပြီး အပြင်းအထန်မပြောရဲလေဘူး။ သူက ဒီကလေးမလေးကို ငိုအောင် လုပ်မိမှာကို ကြောက်နေရတယ်။ အဲဒီအချိန်ကျရင် သူ့ရဲ့အဖွားက ခန်ပေါ်ကနေထပြီး တံမြက်စည်းကိုင်ရင်း သူ့ကို ရိုက်လာလိမ့်မယ်။ သူက အဖေတစ်ယောက် ဖြစ်ကာစဆိုတဲ့အကြောင်းကိုတောင် ဂရုမစိုက်မှာမဟုတ်ဘူး။

ကျန်းကျန်း မကျေမနပ်ဖြစ်သွားတာကို တွေ့လိုက်ရတော့ လီမင်တုန် သွားကို တင်းတင်းစေ့လိုက်ပြီး သူ့ကလေးရဲ့ နာမည်ကို စွန့်လွှတ်အနစ်နာခံဖို့ ဆုံးဖြတ်လိုက်ရတယ်။

“မင်းရဲ့ ယောက်မ နောက်တစ်ကြိမ်ကလေးမွေးတဲ့အချိန်ကို စောင့်လိုက်ရင်ရော? အဲဒီအချိန်ကျရင် မင်းသူ့ကို နာမည်ပေးလိုက်လေ”

လီမင််တုန်ရဲ့ နစ်နာနေသလိုဖြစ်နေတဲ့ အသွင်အပြင်ကို ကြည့်ပြီး ကျန်းကျန်းတစ်ယောက် နှုတ်ခမ်းစေ့ကာစဥ်းစားလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်တယ်။

“အိမ်ခေါ်နာမည်တစ်ခုပဲ ပေးလိုက်မယ်လေ.. နာမည်အရင်း မဟုတ်ဘူး.. ဘယ်လိုလဲ”

လီမင်တုန်က စိတ်သက်သာရာ

ရသွားတဲ့ပုံနဲ့ သက်ပြင်းချလိုက်တယ်။ အခုခေတ်ကလေးတွေက ဆိုရိုးစကားလိုမျိုး မှတ်ရလွယ်တဲ့ ရိုးရာနာမည်လေးတွေကို ကြိုက်ကြတယ်။ လီမင်တုန်က ကျန်းကျန်းပေးတဲ့ နာမည် ဘယ်လောက်ပဲဆိုးပါဆို အိမ်နာမည်ဆိုရင်တော့ အဆင်ပြေလောက်လိမ့်မယ်လို့ တွေးမိတယ်။

ဘာပဲဖြစ်ဖြစ် နှစ်အနည်းငယ်လောက်ပဲ အဲဒီနာမည်ကို ခေါ်ကြမှာလေ။ သူ ကြီးပြင်းလာလို့ ကျောင်းသွားတဲ့အချိန်ကျရင် အဲဒီရုပ်ဆိုးတဲ့နာမည်ပြောင်ကို ဘယ်သူမှ ခေါ်ကြတော့မှာ မဟုတ်ဘူး။ သူက သူ့ရဲ့သားလေးအတွက် နာမည်ကောင်းကောင်းလေးပေးလိုက်ရင် ရပြီ။

လီမင်တုန်က သူ့ကို မျှော်လင့်တကြီးကြည့်နေတဲ့ ကျန်းကျန်းကိုကြည့်လိုက်ရင်း လက်ကိုဆန့်ကာ သူမကို ပွေ့ချီပြီး သူ့ရဲ့ပေါင်ပေါ်မှာ ထိုင်စေတယ်။

“ဒီတော့ .. မင်းရဲ့ အကြီးဆုံးတူလေးကို ဘယ်လိုနာမည် ပေးချင်တာလဲဆိုတာကို အကိုကြီးကိုပြောပြကြည့်”

ကျန်းကျန်းက ကွေ့ဟွားလက်ထဲမှာရှိနေတဲ့ အနှီးထုပ်လေးကို လှမ်းကြည့်လိုက်တယ်။ ကလေးရဲ့ ခန္ဓာကိုယ်ကို အနှီးနဲ့ ထွေးပွေ့ထားတဲ့အတွက် မမြင်ရပေမဲ့ သူ့ရဲ့ မျက်နှာလေးကတော့ သိပ်ပြီး မသေးငယ်နေခဲ့ဘူး။

ကျန်းကျန်းက သူ့ရဲ့အကြီးဆုံးအစ်ကိုကို ကြည့်လိုက်ပြီး အနည်းငယ်ရှက်ရွံ့စွာနဲ့မေးလိုက်တယ်။

“ တကယ်လို့နာမည်က မကောင်းဘူးဆိုရင်ရော?”

“ရပါတယ်”

လီမင်တုန်က ကျန်းကျန်းရဲ့ လက်ဖောင်းဖောင်းလေးကို ညှစ်လိုက်တယ်။

“အိမ်နာမည်ဆိုတော့ သိပ်ပြီးမကောင်းရင်လည်း ရတယ်.. အဲဒါက အပြင်မှာခေါ်မှာမှမဟုတ်ဘဲ”

“ဒါဆို စိတ်ချပြီး ပေးလို့ရတာပေါ့”

ကျန်းကျန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။

“သူ့ကို အသားမုန့်လုံးလို့ ခေါ်ရအောင်”

“အသားမုန့်လုံး?”

လီမင်တုန်က ကျန်းကျန်းကို ကြည့်ပြီး ချီတုံချတုံနဲ့ မေးလိုက်တယ်။

“ဗိုက်ဆာနေလို့လား?”

“နည်းနည်းပဲဆာတာ!”

ကျန်းကျန်းက သူမရဲ့ဗိုက်ကို ပွတ်လိုက်ပြီး ကွေ့ဟွားရဲ့လက်ထဲက သူမရဲ့ တူလေးကို မျက်နှာထားတည်တည်လေးနဲ့ ကြည့်လိုက်တယ်။

“တူလေးရဲ့ မျက်နှာလေးကို ကြည့်ပြီး အသားမုန့်လုံးကို စဉ်းစားမိသွားလို့”

လီမင်တုန်က မထိန်းနိုင်တော့ဘဲ ကျန်းကျန်းရဲ့ မျက်နှာလေးကို ဖြစ်ညှစ်လိုက်တယ်။

“အစ်ကိုတို့ မိသားစုထဲမှာ မင်းရဲ့မျက်နှာလောက် အသားမုန့်လုံးနဲ့တူတာမရှိဘူးနော်!”

“အစ်ကိုမင်တုန်.. မြန်မြန်လေး ဒိုက်ပါယူခဲ့ပေးပါဦး.. အသားမုန့်လုံးလေး ရှူးရှူးပေါက်လိုက်ပြီ!”

ခန်ပေါ်ထိုင်နေတဲ့ ကွေ့ဟွားက လှမ်းပြောလိုက်တော့ လီမင်တုန်က ချက်ချင်းပဲ လှည့်ပြီး လုပ်ပေးလိုက်တယ်။

ကျန်းကျန်းက သူ့ရဲ့တူလေးကို “အသားမုန့်လုံး” လို့ နာမည်ပေးခဲ့ပြီး တစ်မိသားစုလုံးက တညီတညွတ်တည်း လက်ခံလိုက် ကြတယ်။ မဒမ်လီရဲ့ စကားအရဆိုရင်တော့-

“အသားမုန့်လုံးဆိုတဲ့ နာမည်လေးက ဘယ်လောက်တောင် ကောင်းလိုက်သလဲ.. ဂျုံမှုန့်ဖြူတွေထဲမှာ အသားတွေ ပေါပေါများများပါနေဦးမှာလေ.. ကြားတာနဲ့တင် စိတ်ကြည်နူးစရာကောင်းတယ်.. အဓိပ္ပါယ်လေးကလည်း ကောင်းတယ်၊ ကျန်းကျန်းပေးတဲ့နာမည်က လုံးဝကို မဆိုးဘူး”

လီမင်တုန်ကတော့ အသားမုန့်လုံးဆိုတာ ဘာကို ကိုယ်စားပြုချင်တာလဲဆိုတာ တကယ်ကို နားမလည်ဘူး။ ဒါပေမဲ့ သူက မဒမ်လီရဲ့ ဒီလိုမျိုးအပြုအမူတွေကို ကျင့်သားရနေပြီလေ။

ကံကောင်းစွာနဲ့ အသားမုန့်လုံးဆိုတာက သိပ်တော့မဆိုးခဲ့ဘူး။ လီမိသားစုနဲ့ ကပ်ရပ်မိသားစုမှာ ပေးထားတဲ့ဆိုးဆိုးရွားရွားနာမည်တွေနဲ့ ယှဉ်လိုက်ရင်အတော်လေးကို ကောင်းနေသေးတယ်။

ကွေ့ဟွားက ကလေးရဲ့ ဒိုက်ပါကို လဲပေးပြီးနောက် မွေ့ရာလေးပေါ်ကို တင်ထားပေးလိုက်တယ်။ လီမင်တုန်က ရေဇလုံကို မီးဖိုနားသို့ယူသွားပေးပြီး အိုးထဲက ရေနွေးတွေကို ရေဇလုံထဲသို့လောင်းထည့် လိုက်တယ်။

ပြီးနောက် ရေအေးလောင်းထည့်ပြီး ရောကာ မနက်တုန်း လဲပေးထားတဲ့ ဒိုက်ပါအဟောင်းကို လျှော်လိုက်ပြီး အနောက်ဘက်အိမ်ဆောင်တံခါးနားမှာ လှန်းထားလိုက်တယ်။

လီမင်တုန်နဲ့ သူ့ရဲ့ဇနီးသည်တို့က ခြံနောက်ဘက်က အရှေ့ဘက်အိမ်ခန်းထဲမှာ နေထိုင်ခဲ့ကြတယ်။ မူလတုန်းက အနောက်ဘက်အိမ်ဆောင်ထဲမှာ ဆောင်းရာသီအတွက် ခန်ရော၊ မီးဖိုရော မရှိခဲ့ဘူး။

ဒါပေမဲ့ အခုတော့ ကလေးပါ ရှိလာတဲ့ အတွက် လေအေးတွေ အတွင်းအပြင်ကနေဝင်လာတာကို ကာကွယ်ဖို့လိုအပ်သလို နေ့စဉ်နေ့တိုင်း လျှော်ပြီးသားတွေကိုလည်း အခြောက်လှန်းဖို့ နေရာလိုလာခဲ့တယ်။ ဒါကြောင့် သူတို့ကအနောက်ဘက်အိမ်ဆောင်မှာ မီးဖိုခန်းတွေပါ တွဲဖက်ပြီး အသုံးပြုလာခဲ့ရတယ်။

လီမင်တုန်က မီးဖိုနံရံမှာ သံနှစ်ချောင်းရိုက်ပြီး လျှော်ကြိုးတွေပါ ချိတ်ထားခဲ့တယ်။ လျှော်ပြီးသား ဒိုက်ပါတွေကို ကြိုးပေါ်မှာလှန်းပြီး မီးဖိုနားမှာကင်ထားလို့ရတယ်လေ။ ဒီလိုသာဆိုရင် တစ်နာရီလောက်ဆိုရင် လုံးဝခြောက်သွေ့သွားလိမ့်မယ်။

သူတို့နေရာက တောင်နဲ့ နီးပေမဲ့ သူတို့က အရှေ့နဲ့ အနောက်မှ အိမ်နှစ်လုံးစလုံးကိုလည်း မီးဖိုထားခဲ့တာကြောင့် အအေးဒဏ်ကိုစိတ်ပူစရာမလိုဘူး။ထင်းအတွက်ကလည်း စုဆောင်းထားတာတွေ အများကြီးရှိတယ်လေ။

ဆောင်းတွင်းစကတည်းက မဒမ်လီက မင်ရှီကို မင်နန်နဲ့ မင်ပေကို ဦးဆောင်ပြီးအရှေ့ဘက်မှ ထင်းတွေကို အနောက်ဘက်အိမ်ဆီကို ပြောင်းရွှေ့ခိုင်းခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့အိမ်မှာ ဆောင်းတွင်းတစ်တွင်းစာလုံးအတွက် လုံလောက်တဲ့ ထင်းပုံကြီးရှိနေခဲ့တယ်။

လီမင်တုန်က လက်ဆေးပြီးတာနဲ့ အခန်းထဲကို ပြန်ဝင်လာပြီး ကွေ့ဟွားကို စကားလာပြောခဲ့တယ်။ ပြီးနောက် ကွေ့ဟွားအတွက် အရှေ့ခန်းကနေ ကြက်သားစွပ်ပြုပ် သွားယူခဲ့ပြန်တယ်။

ဒီစွပ်ပြုပ်က နှစ်နှစ်ကျော်မွေးလာခဲ့တဲ့ ကြက်မကြီးကို စွပ်ပြုပ်ချက်ထားခဲ့တာ။ ဒီကြက်က ဆောင်းဦးလောက်ကတည်းက ဥမဥတော့ဘူး။ ဒါကြောင့် မီးဖွားပြီးစ ကွေ့ဟွားအတွက် မဒမ်လီက တွေဝေမနေဘဲ သတ်ခဲ့တာပဲ။

အပြင်ဘက်မှာတော့ နှင်းတွေက ငန်းမွေးတွေလွင့်နေသလိုမျိုး သည်းထန်စွာ ကျနေခဲ့တယ်။ လီမင်တုန်က သားရေဂျက်ကက်ကိုဝတ်ဆင်ကာ ဦးထုပ်ဆောင်းလိုက်ပြီး အရှေ့ဘက်အိမ်ကို အပြေးတပိုင်း လျှောက်သွားခဲ့တယ်။

သူတံခါးကို ဆွဲဖွင့်လိုက်တဲ့အချိန်မှာပဲ မီးဖိုချောင်ထဲမှ သွားရည်ယိုစရာ ကြက်စွပ်ပြုပ်နံ့ကို ရရှိခဲ့တယ်။ မီးဖိုခန်းထဲမှာတော့ လီမင်ရှီ၊ လီမင်နန်နဲ့ လီမင်ပေတို့လည်း ရှိနေခဲ့ပြီး သူတို့က အခန်းထဲမှာ တန်းစီထိုင်နေကြကာ အာလူးတွေကိုမီးဖုတ်ပြီး စားနေခဲ့ကြတယ်။

လီမင်တုန်က လည်ကိုဆန့်ထုတ်ကာ မီးဖိုထဲ ကြည့်လိုက် တယ်။ အဲဒီနောက် သူ့ရဲ့ရှေ့မှာထိုင်နေတဲ့ လီမင်ပေကို ငုံ့ကြည့် လိုက်ကာ ဖင်ကို ပိတ်ကန်လိုက်တော့တယ်။

“ဒီနားမှာ ဘာထိုင်လုပ်နေတာလဲ? လမ်းကို လာပိတ်နေတယ်..မင်းတို့ အိမ်ထဲကို ပြန်ပြီး စားလို့ မရဘူးလား?”

လီမင်ပေက အာလူးကို ထိုးစိုက်ထားတဲ့တူကို ကိုင်ထားပြီး ပြတင်းပေါင်ဘောင်ပေါ်မှာတင်ထားတဲ့ ပန်းကန်ထဲက မီဆိုအနည်းငယ်ကို သူ့ရဲ့အာလူးပေါ်ကို ဖြူးပြီး တစ်ကိုက်ကိုက်လိုက်တယ်။ ပြီးတော့မှ အာလူးကို ဝါးနေရင်း သူ့အစ်ကိုကို လှမ်းကြည့်ပြီး မပီမသနဲ့ပြောလာတယ်။

“ကြက်စွပ်ပြုပ်က အရမ်းမွှေးတယ်လေ.. ကျွန်တော် အဲဒီအနံ့ကိုရှူပြီး စားနေတာ”

“မင်းကတော့ တကယ်ကိုပဲ”

လီမင်တုန်က ရယ်မောလိုက်တယ်။

“မင်းရဲ့ဗိုက်က အသားနံ့မရရင်တောင် အာလူးတစ်အိုးလောက်စားနိုင်နေတာ.. အသားနံ့ကိုပါရနေရင် မြေတိုက်ခန်းထဲက အာလူးတွေအားလုံး ကုန်သွားလိမ့်မယ်”

လီမင်ပေက သူ့ရဲ့လက်ထဲကအာလူးကို ကုန်အောင်စားပြီးနောက် ခေါင်းတောင် မော့မကြည့်လာခဲ့ဘဲ သူ့ရဲ့ဘေးနားမှ အိုးထဲက အာလူးတစ်လုံး ထပ်ပြီးထုတ်ကာ အခွံ့ခွာလိုက်ပြန်တယ်။ လီမင်တုန်က သူ့ကို အံ့သြစွာကြည့်လိုက်ပြီး မင်ပေနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ လိုက်ကာကို ဆွဲမ,ကာ အသံကျယ်ကျယ်နဲ့ လှမ်းခေါ်မေးလိုက်တယ်။

“အမေ စွပ်ပြုတ်က စားလို့ရပြီလား?”

ဝမ်စုဖန်းက အိုးအဖုံးကို လှန်ကြည့်လိုက်ပြီး တူနဲ့နှစ်ခါလောက် ထိုးကြည့်လိုက်တယ်။ ပြီးနောက် ပြန်ပြောလာခဲ့တယ်။

“ခဏလောက်စောင့်လိုက်ဦး.. ကြက်မက အသားရင့်နေလို့ မနူးသေးဘူး.. စွပ်ပြုပ်ကတော့ ရနေပြီ.. အခု မီးထပ်ထည့်ပြီး ခဏလောက် နှပ်ထားလိုက်ဦးမယ်.. အရှေ့ခန်းထဲ မင်းရဲ့အဖွားနဲ့ စကားအရင်သွားပြောလိုက်ပါဦး.. ရရင်လှမ်းခေါ်လိုက်မယ်”

လီမင်တုန်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲကနေ ပြန်ထွက်သွားခဲ့တယ်။

ဝမ်စုဖန်က ဝက်သားတစ်တုံးထုတ်လိုက်ပြီး အတုံးလေးတွေ တုံးလိုက်ကာ ဆီလောင်းထည့်လိုက်တယ်။ ထို့နောက် လှီးထားတဲ့ကြက်သွန်မြိတ်တွေကိုထည့်လိုက်ပြီး ဝက်သားကိုပါ ထည့်ပြီးကြော်လိုက်တော့ “ရှဲ”ခနဲအသံနဲ့အတူ မီးခိုးငွေ့ဖြူတွေ ထွက်လာတော့တယ်။

လီင်ပေက ချက်ချင်းပဲ အရှေ့ကိုနှစ်လှမ်းလှမ်းလောက်တိုးသွားကာ လိုက်ကာစအောက်ကို ခေါင်းလျှိိုရင်း မေးလိုက်တယ်။

“အမေ အသားနည်းနည်းလောက် ပိုထည့်ဦးမှာလား?

ဝမ်စုဖန်က ခေါင်းကိုလှည့်မကြည့်ဘဲ အိုးထဲကို လှီးထားတဲ့ ဂေါ်ဖီထုပ်တွေ ထပ်ထည့်လိုက်ပြန်တယ်။

“တစ်ယောက်တစ်တုံးစီဆို တော်လောက်ပြီ”

သူမရဲ့စကားကို ကြားတော့ လီမင်ပေက မကျေနပ်စွာအော်လိုက်တယ်။

“တစ်နေ့လုံးကို အသားတစ်တုံးတည်းနဲ့ မစားနိုင်ဘူးလေ.. ဝက်သားနှပ်တစ်အိုးလောက်ချက်မှ ဝအောင်စားလို့ရမှာပေါ့”

ဝက်သားနှပ်ဆိုတဲ့ အသံကိုကြားတော့ လီမင်နန်လည်း စိတ်ဓာတ်တက်ကြွလာပြီး လီမင်ပေရဲ့ ဘေးနားကို လျှောက်လာခဲ့တယ်။

“အမေ.. ဒီလရတဲ့ အသားတွေအများကြီးရှိသေးတာပဲ.. အဲဒါတွေကို စတူးလုပ်စားရအောင်လေ..ဆန်ပြုတ်ချက်ပြီး အသားစတူးနဲ့ စားချင်တယ်”

လီမင်ပေလည်း အစ်ကိုဖြစ်သူရဲ့စကားကိုနားထောင်ပြီး တံတွေးမျိုချလိုက်မိတယ်။ ပြီးတော့ လီမင်နန်ရဲ့ ဘေးနားမှာ ဝင်ထိုင်ပြီး ဝမ်စုဖန်းကို မျှော်လင့်တကြီးကြည့်ကာ ခေါင်းကိုတဆက်ဆက်ညိတ်ပြလိုက်တယ်။

ဟင်းထဲမှာ ပဲငံပြာရည်ထည့်လိုက်ပြီးနောက် ဝမ်စုဖန်းက အိုးကိုအဖုံးဖုံးလိုက်ပြီး အစားအသောက်ကိုလောဘကြီးနေတဲ့ သူမရဲ့သားနှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။

“တရုတ်နှစ်သစ်ကူးရောက်ဖို့အတွက် အချိန်တစ်လကျော် လိုသေးတယ်.. ဒီအသားတွေကို အခု အကုန်စားလိုက်ရင် တရုတ်နှစ်ကူးမှာ ဝက်တစ်ကောင် ထပ်သတ်နေရလိမ့်မယ်”

လီမင်ပေကတော့ ချက်ချင်းပဲ ပျော်သွားခဲ့တယ်။

“တစ်နပ်ပဲ အဲလိုမျိုးစားရလည်း ဖြစ်ပါတယ်.. အခုလိုမျိုး နေ့တိုင်း အသားတစ်တုံးတည်းတော့ မစားနိုင်တော့ဘူး.. တကယ်လို့ အသားတွေသာ ပုတ်သွားရင် အလကားဖြစ်သွားမှာမဟုတ်ဘူးလား”

ဝမ်စုဖန်က အိုးအဖုံးကို မ,လိုက်ပြီး နှစ်ကြိမ်လောက် မွှေလိုက်တယ်။

သူမ တစ်ဖက်ကိုလှည့်ကြည့်လိုက်ချိန်မှာ အာလူးပေါင်းက အိုးတစ်ဝက်လောက် လျော့နေပြီဆိုတာကိုတွေ့တော့ အလျှင်အမြန်ပြန်ယူသွားပြီး ကြောင်အိမ်ပေါ်မှာ တင်လိုက်တယ်။

“မင်းရဲ့အဖွားဆီကိုသွားပြီး ဝက်သားနှပ်လေးနဲ့ ဆန်ပြုတ်ရမလားသွားမေးလိုက် .. သူသဘောတူရင်လုပ်ပေးမယ်”

လီမင်ပေက နောက်ဆုံးကျန်တဲ့ အာလူးကို ပါးစပ်ထဲ အမြန်ထိုးထည့်လိုက်ပြီး အရှေ့ခန်းထဲကို ပြေးသွားတော့တယ်။

All Chapters