← Chapters

Chapter 64

Vol. 7 Ch. 64

Chapter 64

Vol. 7 Ch. 64

ဒီနှစ်မှာ နွေဦးဝင်လာကတည်းက လမ်းထဲကို အထောက်အပံ့တွေ ပြန်လည်ရောက်ရှိလာခဲ့တယ်။ ဆောင်းရာသီကို ရောက်တော့လည်း ကောက်နှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဝက်သားတွေကို လတိုင်း ဝယ်ယူလို့ရနိုင်လာခဲ့တယ်။

ဒီတော့ ဘာအတွက်ကြောင့်ဆာလောင်တော့မှာလဲ?

အခုချိန်မှာ အထောက်အပံ့တွေ ပုံမှန်ပြန်ရလာပြီဆိုတော့ ပေရှားကလူတွေကလည်း စိတ်သက်သာရာ ရနေခဲ့ကြပြီ။ လီမိသားစုကတော့ နှစ်နှစ်ဆက်တိုက် တခြားသူတွေ ထက် ကောက်ပဲသီးနှံတွေ ပိုပြီးရိတ်သိမ်းနိုင်ခဲ့တယ်။

အချိန်တိုင်းမှာ ပေါပေါများများရိတ်သိမ်းနိုင်ခဲ့ပြီး မိသားစုက ကောက်နှံအစေ့အဆန်အမျိုးမျိုးကိုလည်း စုဆောင်းနိုင်ခဲ့သေးတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ အစားအစာအထောက်အပံ့ကို ဝယ်စရာမလိုအပ်တော့ဘူး။ သူတို့ဆီမှာ အခြေခံစားသောက်ကုန်က လုံလောက်နေခဲ့ပြီလေ။ ရလာတဲ့ အသားက အဆီမပါရင်တောင် စားချင်နေတဲ့ အာသီသတွေ ပြည့်သွားအောင် ချက်ပြုတ်နိုင်လိမ့်မယ်။

အရင်တုန်းကဆိုရင်တော့ နေ့စဥ်နေ့တိုင်း ဝက်သားကြော်တစ်တုံးလောက် စားနိုင်ရင် ဘဝက အလွန်သာယာလွန်းတယ်လို့ တွေးခဲ့ပေမဲ့ အခုလိုမျိုး အစားအသောက်ပေါများလာချိန်မှာတော့ လီမင်ပေရဲ့ ဗီဇက ပြန်လည်ထွက်ပေါ်လာပြီး ဝက်သားနှပ်ကိုပသာ အချိန်ပြည့် တွေးနေတော့တယ်။

သူက အရှေ့ခန်းဆီကို အလောတကြီးပြေးသွားပြီး အခန်းထဲကို မဝင်ရသေးခင်မှာပဲ အော်ပြောလိုက်လေတယ်။

“အဖွား..အမေ့ကို ဝက်သားနှပ်ချက်ခိုင်းလိုက်ရမလား?”

ကျန်းကျန်းက ခန်ပေါ်ထိုင်ရင်း ထင်းရှူးသီးစေ့တွေ စားနေခဲ့တာပြီး အသားနှပ်ဆိုတဲ့ အသံကို ကြားတော့ သူမရဲ့မျက်လုံး တွေက တောက်ပလာခဲ့တယ်။

“ဘာလို့ အသားကိုနှပ်ချင်နေပြန်ပြီလဲ”

လီမင်ပေက သူ့ရဲ့တင်ပါးကိုကြွပြီး ခန်ပေါ်မှာ တက်ထိုင်လိုက်တယ်။ ထို့နောက် သူ့ရဲ့လက်နှစ်ဖက်ကို ဆန့်ပြီး မဒမ်လီရဲ့ လက်မောင်းကို ပွေ့ဖက်လိုက်လေတယ်။

မဒမ်လီက သူ့ရဲ့လက်တွေကို ကြည့်လိုက်ပြီး အနောက်ကိုဆုတ်သွားကာ လီမင်ပေရဲ့ လက်ကို ရိုက်ချလိုက်တယ်။

“ မင်းရဲ့လက်တွေကို ကြည့်လိုက်ဦး.. ဒီလိုပေရေနေတဲ့လက်နဲ့ ငါ့အဝတ်တွေကို လာမထိနဲ့”

လီမင်ပေက သူ့ရဲ့လက်ကို ပြန်ကြည့်လိုက်တယ်။ လက်ထဲမှာ အာလူးနဲ့ ပဲပိစပ်အနှစ်တွေ ပေနေခဲ့တယ်လေ။

သူက သူ့ရဲ့လက်နှစ်ဖက်ကို အနောက်ဘက်ကို ချက်ချင်းပဲဝှက်ထားလိုက်တယ်။

ကျန်းကျန်းကတော် လီမင်ပေရဲ့လက်တွေက ညစ်ပတ်နေတယ်လို့ မထင်ခဲ့ဘဲ သူမရဲ့ဇလုံသေးသေးလေးကို ကမ်းပေးကာ ထင်းရူးသီးစေ့တွေကို ကျွေးလာခဲ့တယ်။

“စတုတ္ထအစ်ကို.. ဘယ်အသားဟင်းအကြောင်းကို ပြောနေတာလဲ?”

လီမင်ပေက ရယ်လိုက်တယ်။

“အမေက ဟင်းခွက်တိုင်းမှာ အသားတုံးနည်းနည်းလေးပဲ ထည့်ချက်နေတာလေ.. တစ်ကိုက်ကိုက်လိုက်တာနဲ့ ဟင်းက ကုန်သွားပြီ.. အဖွား အမေ့ကို ဒီလအတွက်ရတဲ့ အသားတွေအကုန်လုံးကို စတူးချက်ခိုင်းပြီး ဆန်ပြုတ်လေး ကျိုခိုင်းလိုက်ပါလား.. ဆန်ပြုတ်နဲ့ အသားစတူးဆိုရင် ကျွန်တော်တို့အားလုံးကြိုက်တယ်လေ”

ကျန်းကျန်းက သူမရဲ့တံတွေးကို မျိုချလိုက်မိပြီး စိတ်အားထက်သန်စွာ မေးလိုက်တယ်။

“ဝက်သားနှပ်စတူးလုပ်မှာလား?”

“ဝက်သားနှပ်ဆိုလည်း ရတာပဲ.. အမေ့ကို အဲဒီထဲမှာ အာလူးပိုထည့်ခိုင်းလိုက်မယ်လေ.. စတူးကျက်သွားရင် အာလူးထဲကို အသားအရသာတွေ စိမ့်ဝင်သွားတော့မှာ”

လီမင်ပေက ကျန်းကျန်းကို ကြည့်ပြီး မဲဆွယ်လိုက်တယ်။

“စားချင်လား.. ကလေးလေး”

ကျန်းကျန်းက သူမရဲ့ ခေါင်းလေးကိုထပ်ကာထပ်ကာ ညိတ်ပြလိုက်တယ်။

“စားချင်တယ်!”

လီမင်ပေတစ်ယောက်တည်း အစားမက်နေတာဆိုရင် မဒမ်လီက သူ့ကို လျစ်လျူရှုထားဦးမှာဖြစ်ပေမဲ့ ကျန်းကျန်းကလည်း လောဘကြီးတဲ့ကြောင်မလေးတစ်ကောင်လို ရယ်မောနေတာကြောင့် မဒမ်လီရဲ့ နှလုံးသားက ချက်ချင်းနူးညံ့သွားရတယ်။

“ကောင်းပါပြီ.. ကောင်းပါပြီ.. ညကျရင် အသားစတူးလုပ်ကြမယ်.. ဘာပဲဖြစ်ဖြစ် ငါတို့လည်း အသားနှပ်မစားဖြစ်တာကြာပြီပဲ”

လီမင်ပေကတော့ ချက်ချင်းပဲ ပျော်ရွှင်သွားရပြီး အဖွားဖြစ်သူဆီမှ ခွင့်ပြုချက်ရပြီဖြစ်ကြောင်းကို ပြောပြဖို့ ထွက်သွားခဲ့တယ်။

လီမင်တုန်လည်း ကျန်းကျန်းရဲ့ နူးညံ့ပြီးပြည့်ဖောင်းတဲ့ ပါးလေးကိုညှစ်ပြီး အပြုံးနဲ့ ပြောလိုက်တယ်။

“ငါတို့မိသားစုရဲ့ ကျန်းကျန်းက လောဘကြီးတဲ့ ကြောင်မလေးပဲ.. စားနေလိုက်တာကိုလည်း ကြည့်ဦး.. ဒီဝပြည့်နေတဲ့မျက်နှာလေးနဲ့ဆို ကြီးလာတဲ့အချိန်မှာ ဝဝကစ်ကစ်ကောင်မလေး ဖြစ်လာဦးမယ်နော်.. သတိထားဦး”

မဒမ်လီက မင်တုန်ရဲ့လက်ကို ရိုက်ချလိုက်ပြီး သူမရဲ့မျက်နှာကို ကျန်းကျန်းရဲ့ဖြူဖွေးနူးညံ့တဲ့ မျက်နှာလေးနဲ့ ပွတ်လိုက်တယ်။

“ငါတို့ရဲ့ကျန်းကျန်းက ငယ်ငယ်လေးပဲ ရှိနေသေးတာ.. ဝပြီးပြည့်နေရင်တောင် ကြည့်ကောင်းနေတုန်းပဲ.. ပေါင်ပေ့က ကြည့်လိုက်တာနဲ့ ကောင်းချီးပေးခံထားရမှန်း သိသာတယ်..

ငါတို့ရဲ့ကျန်းကျန်း ကို ဝတယ်လို့ လာမပြောနဲ့.. မင်းရဲ့ အသားမုန့်လုံးကိုသာ သွားကြည့်လိုက်ဦး.. ခုမှ (၁၅)ရက်သားပဲ ရှိသေးတာကို သူ့ရဲ့မျက်နှာမှာ အသားတွေချည်းပဲ”

သူ့သားရဲ့ ဖောင်းကားနေတဲ့မျက်နှာလေးကို တွေးမိပြီး လီမင်တုန်က အနည်းငယ် စိတ်ဓာတ်ကျသွားတယ်။

“ကျန်းကျန်းပေးတဲ့ နာမည်ကြောင့်ဖြစ်လာတာပဲ မဟုတ်ဘူးလား.. အသားမုန့်လုံး.. အသားမုန့်လုံးနဲ့ ခေါ်နေတော့ .. ကြာလာလေလေ အသားမုန့်လုံးနဲ့ ပိုတူလာလေလေဖြစ်နေပြီ”

ကျန်းကျန်းက သူမရဲ့ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး မဒမ်လီရဲ့ နောက်မှာ ပုန်းကွယ်လိုက်တယ်။ သူမက တိတ်တိတ်လေး ခိုးရယ်နေခဲ့တာလေ။

လီမင်တုန်က မြေကြီးပေါ်မှာ အိပ်ငိုက်နေတဲ့ လီမင်ကျုံးကို ကြည့်ပြီး စိတ်ဓာတ်ပိုကျလာခဲ့တယ်။

“ပြောပါဦး.. ခွေးကိုတော့ ကိုယ်ပိုင်နာမည်ရော..မျိုးရိုးနာမည်တွေပါ, ပါအောင် ပေးထားပြီးတော့.. အစ်ကိုကြီးရဲ့သားကိုတော့ အသားမုန့်လုံးလို့ ပေးခဲ့တယ်ပေါ့လေ”

ကျန်းကျန်းက အပြစ်ကင်းတဲ့ မျက်နှာနဲ့ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက််တယ်။

“အသားမုန့်လုံးဆိုတာက အိမ်နာမည်လေ.. လီမင်ကျုံးဆိုတဲ့နာမည်ကျတော့ သူ့ရဲ့ နာမည်အရင်း.. မတူမှ မတူတာ”

လီမင်တုန်က မြေပြင်မှာအိပ်နေတဲ့ လီမင်ကျုံးကို ကြည့်ပြီး အနည်းငယ်ရှုပ်ထွေးသွားရတယ်။

“ဒါဆို သူ့မှာ အိမ်နာမည် ရှိနေသေးတာလား? အရင်တုန်းက သူ့ရဲ့နာမည်ပြောင်ကိုခေါ်တာ မကြားဖူးသလိုပဲ”

ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။

“လေးယောက်မြောက်အစ်ကိုပေးထားတယ်လေ.. သူ့ရဲ့အိမ်နာမည်က ဟုန်ကျုံးတဲ့”

လီမင်ကျုံးက တစ်ယောက်ယောက် သူ့ကို ခေါ်လိုက်တယ်လို့ထင်ခဲ့တာကြောင့် ရုတ်တရက် မတ်တပ်ထရပ်လာခဲ့ပြီး ခေါင်းကို လှည့်ပတ်ကြည့်လိုက်တယ်။

ပြီးတော့မှ သူက အိမ်ထဲမှာရှိနေတာကို တွေ့ပြီး သမ်းဝေကာ နောက်တစ်ကြိမ် ပြန်လည်အိပ်သွားခဲ့ပြန်တယ်။

လီမင်တုန်: “…….”

ကျန်းကျန်းကတော့ ခန်ပေါ်မှာရှိနေတဲ့အိုးထဲက အေးခဲထားတဲ့ သစ်တော်သီးကို ယူပြီး တစ်ကိုက်ကိုက်လိုက်တယ်။ ချိုချိုချဥ်ချဥ်နဲ့ အေးမြတဲ့အရသာတို့က သူမရဲ့ပါးစပ်ထဲကို စိမ့်ဝင်လာခဲ့ပြီီး မျက်လုံးတွေကိုပါ ပိတ်ဆို့လိုက်မိတယ်။

“အသားမုန့်လုံးက ဟုန်ကျုံးထက် ပိုကောင်းတယ်လို့ထင်တာပဲ.. ညီမလေးက အဲဒီတုန်းက ငယ်သေးလို့ နာမည်တွေသိပ်မသိသေးတာလေ.. မဟုတ်ရင် လီမင်ကျုံးကို ဟုန်ကျုံးဆိုတဲ့နာမည် မပေးခိုင်းဘူး”

လီမင်တုန်က ကျန်းကျန်းတစ်ယောက် ဆူပုတ်နေတဲ့မျက်နှာနဲ့ အေးခဲထားတဲ့ သစ်တော်သီးထဲကနေ အရည်တွေစီးကျတဲ့အထိ စားနေတာကိုကြည့်ရင်း မစဘဲမနေနိုင်တော့ဘူး။

“ငါလည်း မင်းကို အိမ်နာမည်တစ်ခုပေးချင်တယ်လေ.. အေးခဲထားတဲ့ သစ်တော်သီးလို့ခေါ်ရအောင် မကောင်းဘူးလား”

ကျန်းကျန်းက အေးခဲထားတဲ့ သစ်တော်သီးကို စားရင်း လီမင်တုန်ကို ရယ်လိုယ်တယ်။

“အဲဒီ နာမည်ကောင်းသားပဲ..အကြီးဆုံးအစ်ကိုဆီမှာ ဒုတိယကလေးမွေးရင် အဲဒီနာမည်ကို ခေါ်ရအောင်”

လီမင်တုန် ကျန်းကျန်းကို စိတ်ပျက်လက်ပျက် ကြည့် လိုက်တယ်။

“အေးခဲထားတဲ့သစ်တော်သီးက အသားမုန့်လုံးလောက်တော့ မကောင်းဘူးပဲ”

မဒမ်လီက ရယ်မောရင်းနဲ့ လီမင်တုန်ရဲ့ ခေါင်းကို ယင်မောင်းယပ်တောင်နဲ့ ရိုက်လိုက်တယ်။

“မင်းညီမပေးတဲ့နာမည်က ကံကောင်းတယ်.. ငါကတော့ အဲဒီနာမည်က နားထောင်ရဆိုးတယ်လို့ မထင်ဘူး.. သွားတော့ သွားတော့.. ကြက်စွပ်ပြုပ်ကို ရပြီးလား သွားကြည့်ပြီး မင်းရဲ့မိန်းမဆီကို ယူသွားလိုက်.. အိုးထဲကိုလှယ်ပြီး ထည့်သွားလိုက်.. မင်းသောက်ချင်ရင်လည်း အနောက်အိမ်ခန်းထဲက မီးဖိုမှာ ပြန်နွှေးပြီးသောက်လို့ရတယ်”

လီမင်တုန်က သဘောတူလိုက်ပြီး တံခါးနားကို လျှောက်သွားကာ နောာ်လှည့်ပြီး ကျန်းကျန်းကို မေးလိုက်တယ်။

“ကျန်းကျန်းရော ကြက်စွပ်ပြုပ်သောက်ဦးမလား? ကြက်ပေါင်ကြီး ချန်ထားပေးမယ်လေ?”

ကျန်းကျန်းက ခေါင်းကို အထပ်ထပ်ညိတ်လာခဲ့တယ်။

“ညီမလေးအတွက် အမေ့ကို ကြက်သွန်မြိတ်လေးပါ လှီးထည့်ခိုင်းပေးပါဦး”

လီမင်တုန်ကတော့ ရယ်ချင်သွားရတယ်။

“လူက မကြီးသေးပေမဲ့ လုပ်ပေးရမှာတွေက များသားပဲ”

ကျန်းကျန်းက လက်ထဲမှာကိုင်ထားတဲ့ သစ်တော်သီးကို ဖြည်းဖြည်းချင်း ကိုက်ဝါးပြီးနောက် ခန်ပေါ်က ဆင်းပြီး သူမရဲ့လက်ကို သွားဆေးဖို့လုပ်ခဲ့တယ်။

အရှေ့ဘက်ခန်းရဲ့ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာပဲ လီမူဝူက နှင်းတွေဖုံးလွှမ်းနေတဲ့ အင်္ကျီ နဲ့ အမြန်ဝင်လာခဲ့ပြီး သူ့ရဲ့နောက်မှာလည်း လူတစ်ယောက်ပါလာခဲ့တယ်။

လီမူဝူရဲ့ အသံနေအသံထားက အနည်းငယ်ပြောင်းလဲနေခဲ့တယ်။

“အမေ .. ဒီကို ဘယ်သူရောက်လာလဲဆိုတာ လာကြည့်ပါဦး?”

“ဘယ်သူလဲ”

မဒမ်လီက မျက်လုံးကို မှေးပြီး ကြည့်လိုက်တယ်။ အဲဒီလူက သားရေဦးထုပ်အကြီးကြီးကို ဆောင်းထားပြီး စစ်ကုတ်အင်္ကျီအထူကြီးကို ဝတ်ဆင်ထားခဲ့တယ်။ သူ့ရဲ့မျက်နှာကို တစ်ဝက်လောက်ပဲ မြင်ရတဲ့အတွက် ဘယ်သူလဲဆိုတာကို မပြောနိုင်ဘူးဖြစ်နေခဲ့တယ်။

“အမေ.. ကျွန်တော်ပါ!”

အဲဒီလူက သူ့ရဲ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး မျက်ရည်တွေပါဝဲတက်လာခဲ့တယ်။

မဒမ်လီ တုန်လှုပ်သွားရတယ်။

“မူဝမ်း.. မင်းလား?”

လီမူဝမ်းက ဦးထုပ်ကို ဆွဲချွတ်လိုက်တော့ သူ့ခေါင်းပေါ်မှ အဖြူတစ်ဝက်လောက်ရောနေတဲ့ ဆံပင်တွေက ပေါ်ထွက်လာခဲ့တယ်။

သူက လီမူဝူနဲ့ ဆင်တူပေမဲ့ ပိုပြီး အသက်ကြီးတဲ့ပုံပေါ်တယ်။

“မူဝမ်း..ဒါ ငါ့ရဲ့ မူဝမ်းပဲ”

မဒမ်လီက ခန်ပေါ်က ဆင်းကာ တုန်တုန်ယင်ယင်နဲ့လျှောက်လာခဲ့ပြီး လီမူဝမ်းရဲ့ ခါးကို ဖက်လိုက်ရင်း သူမသားရဲ့လက်ထဲမှာ ငိုကြွေးလာတော့တယ်။

“ငါ့သားလေး.. အမေက .. ဒီဘဝတော့ ငါ့သားကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ.. မင်း အသက်၂၀ပဲ ရှိသေးတာကို ဂျပန်မိစ္ဆာတွေကို တိုက်ဖို့ စစ်ထဲလိုက်သွားခဲ့တယ်..

နှစ်၂၀ကျော်ကြာမှ ဂျပန်တွေနဲ့ ကူမင်တန်တွေကို နှိမ်နင်းနိုင်ခဲ့တာ.. ပြီးတော့ စစ်တပ်နဲ့အတူ ဖူကျန်းကို ရောက်နေခဲ့ရတာမလား..

အမေ လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကတောင် မင်းကို အိပ်မက်မက်သေးတယ်.. အမေ မသေခင် မင်းကို တွေ့နိုင်ပါဦးမလားလို့ တွေးရင်း နိုးလာခဲ့ရတာ”

အလွန်အမင်းကြံ့ခိုင်တဲ့ လီမူဝမ်းကတော့ မဒမ်လီ ငိုကြွေးနေတာကိုကြည့်ရင်း သူ့ရဲ့မျက်လုံးတွေကပါ နီရဲလာခဲ့ရတယ်။ သူက မဒမ်လီရဲ့ နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်တယ်။

“အမေ.. အမေက ကျန်းမာရေးကောင်းပါတယ် နောက်ထပ်နှစ်တစ်ရာကျော်လောက်အောင် အသက်ရှင်ရဦးမှာ”

“ဒါဆို အိုမင်းနေတဲ့ မှင်စာကြီး ဖြစ်သွားမှာမဟုတ်ဘူးလား”

မဒမ်လီက အလွန် ပျော်ရွှင်နေခဲ့ပြီး သူမရဲ့ မျက်နှာပေါ်မှ မျက်ရည်တွေ သုတ်လိုက်တယ်။ ထို့နောက်မှာတော့ သူမရဲ့ဘေးနားမှာ နှာချေးတွေရော၊ မျက်ရည်တွေပါ ထွက်အောင်ငိုနေတဲ့ ကျန်းကျန်းကို ကြည့်ပြီး ထိတ်လန့်သွားရတယ်။

“ပေါင်ပေ့.. ဘာလို့ငိုနေတာလဲ? အဘွားက ပျော်လို့ ငိုနေတာပါ.. ဒါ သမီးရဲ့ အကြီးဆုံးဦးလေးလေ”

ကျန်းကျန်းက သူမရဲ့အိပ်ကပ်ထဲမှာဆောင်ထားတတ်တဲ့ လက်ကိုင်ပဝါအသေးလေးကို ထုတ်လိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်တယ်။

“အရမ်းဝမ်းနည်းစရာကောင်းလို့ပါ.. သမီးလည်း ကြည့်ပြီး ငိုချင်လာလို့”

ကျန်းကျန်းစကားကြောင့် နှစ်ပေါင်းများစွာ ခွဲခွါနေရတဲ့ သွေးသားဆွေမျိုးတွေရဲ့ ဝမ်းနည်းမှုနဲ့ မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ အမေနဲ့ သား ပြန်လည်ဆုံစည်းရတဲ့အတွက် စိတ်လှုပ်ရှားမှုတို့က ရှုပ်ထွေးရောနှောသွားရတော့တယ်။

သူမက မျက်လုံးထောင့်လေးတွေကို သုတ်လိုက်ပြီး အခန်းက တိတ်ဆိတ်ငြိမ်သက်သွားတာကိုတွေ့တော့ ခေါင်းကို ပြန်မော့ကြည့်လိုက်တယ်။ ဒီအခိုက်မှာ အိမ်မှာရှိတဲ့ လူကြီးတွေအားလုံးက သူမကို တွေဝေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရလေတယ်။

ကျန်းကျန်းက သူမရဲ့လက်ကိုင်ပဝါကို အသာလှုပ်ခါလိုက်တယ်။ သူမရဲ့ဘေးမှာ ရပ်နေတဲ့ မဒမ်လီက အခုချိန်ထိ သတိပြန်မဝင်သေးတာကို တွေ့တော့ သူမကို အသာတွန်းပြီး ပြောလိုက်တယ်။

“အဖွား.. အဖွားက သမီးရဲ့အကြီးဆုံးဦးလေးကို ထုပြီး ငိုရဦးမယ်လေ.. ပြီးတော့ သူ့ကို ရက်စက်တယ်လို့ ပြောရဦးမှာ…..”

လီမူဝမ်းက ကျယ်လောင်စွာ ရယ်လိုက်မိပြီး ခါးကိုင်းကာ သူ့ရဲ့ ပေါင်ဘေးမှာ ရပ်နေတဲ့ အနီရောင်ဂျက်ကက်ကိုဝတ်ဆင်ထားပြီး ကျစ်ဆံမြီးလေးကျစ်ထားတဲ့ ကျန်းကျန်းကို ပွေ့ချီလိုက်တယ်။ ပြီးနောက် သူမရဲ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး မဒမ်လီဘက်ကိုလှည့်မေးလိုက်တယ်။

“အမေ..ဒါက မူဝူတို့မိသားစုရဲ့ ကလေးမလေးလား? အသက်မကြီးသေးပေမဲ့ တော်တော်လေးရယ်ရတာပဲ”

ကျန်းကျန်းက သူမရဲ့မျက်နှာကို လက်ကိုင်ပဝါနဲ့ သုတ်လိုက်ပြီး မဒမ်လီဘက် ခေါင်းလှည့်ကာ ဝင်မေးလိုက်တယ်။

“အဖွား.. ဒါက အိမ်ကို အနှစ်၂၀လောက် ပြန်မလာတဲ့ သမီးရဲ့ ဦးလေးလား? ကြည့်ရတာတော့ ကြင်နာတတ်မဲ့ပုံပါပဲ”

မဒမ်လီက သူမရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို လက်နဲ့ သုတ်လိုက်ပြီး ပြုံးရယ်ရင်း ကျန်းကျန်းရဲ့တင်ပါးလေးကို ပုတ်လိုက်တယ်။

“ဒီကလေးကတော့ နတ်ဆိုးလေးလိုပဲ.. မင်းရဲ့ ဦးလေးက ဂျပန်မိစ္ဆာတွေကို နှိမ်နင်းခဲ့တာလေ.. သူနဲ့ သမီးစတုတ္ထမြောက်ဦးလေးတို့က မတူကြဘူး။”

ကျန်းကျန်းက ပြုံးလိုက်ပြီး လီမူဝမ်းရဲ့ လည်ပင်းကို လက်နဲ့သိုင်းဖက်လိုက်တယ်။

“သမီးရဲ့ ပထမဦးလေးက ဂျပန်တွေကို တိုက်ထုတ်ခဲ့တဲ့ သူရဲကောင်းဆိုတာကို သမီးသိပါတယ်”

မဒမ်လီက ရယ်မောလိုက်ပြီး လီမူဝမ်းရဲ့လက်ကို ဆွဲကာ အခန်းထဲသို့ ခေါ်သွားခဲ့တယ်။

“ ကြည့်ပါဦး.. ငါလည်း စိတ်တွေရှုပ်ထွေးသွားပြီး တံခါးပေါက်နားမှာ ရပ်ပြီး ငိုနေမိတယ်.. မူဝမ်း မြန်မြန်ဝင်ခဲ့လေ.. ခန်ပေါ်ကိုသွားပြီး စကားပြောရအောင်.. မူဝူ မင်းရဲ့ဇနီးကို နေ့လယ်ပိုင်းအတွက် ဟင်းများများချက်ဖို့ ပြောလိုက်ဦး.. ငါးစတူးပါချက်လိုက်လို့.. မနက်ဖြန်ကျရင် ဝက်သတ်ပြီးချက်ရအောင်”

လီမူဝူက တုံ့ပြန်လိုက်ပြီး အပြင်ကိုထွက်ကာ ဝမ်စုဖန်းကို စကားအနည်းငယ်လောက် ရှင်းပြလိုက်ပြီး လီမင်နန်နဲ့ လီမင်ပေကိုတော့ လီမူစန်းရဲ့အိမ်ကိုသွားပြီး ခေါ်ခိုင်းလိုက်တယ်။

လီမူဝမ်းက သူ့ရဲ့စစ်ကုတ်အင်္ကျီနဲ့ ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ပြီး အခန်းထဲက ဗီရိုပေါ်မှာတင်လိုက်တယ်။

မဒမ်လီက သူ့ကို ဆွဲကာ ခန်ပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။

“ပြောပါဦး.. ဒီနှစ်တွေအတွင်း ဘယ်လိုအခြေအနေတွေဖြစ်ခဲ့လဲ”

ကျန်းကျန်းကလည်း မဒမ်လီရဲ့စကားကိုကြားတာနဲ့ သူမရဲ့ အသီးဇလုံလေးကို သွားယူလိုက်ပြီး ထင်းရှူးသီးစေ့နဲ့ သစ်အယ်စေ့တွေကို အပြည့်ထည့်ယူလာခဲ့တယ်။

ပြီးနောက် ကြွေဇလုံကြီးထဲမှာလည်း တောရိုင်းအသီးခြောက်မျိုးစုံကို ထည့်လိုက်ပြန်တယ်။

လိုအပ်တာတွေအကုန်ယူပြီးနောက် ခန်ပေါ်ကို တင်လိုက်ပြီး အချိန်အကြာကြီးကွဲကွာနေခဲ့တဲ့ သားအမိနှစ်ယောက်နောက်မှာ ထိုင်လိုက်ပြီး ဘလူးဘယ်ရီသီးခြောက်တွေကိုပါးစပ်ထဲသို့ထည့်ကာ ဇာတ်လမ်းစမဲ့အချိန်ကို စောင့်ဆိုင်းနေတော့တယ်။

All Chapters