← Chapters

Chapter 65

Vol. 7 Ch. 65

Chapter 65

Vol. 7 Ch. 65

တကယ်တမ်းမှာ သူမက ဒါတွေကို အလွန်အမင်း စိတ်ဝင်စားလှတာတော့ မဟုတ်ဘူး။ သို့ပေမယ့် အိမ်မှာက TVလည်း မကြည့်သလို ရေဒီယိုကလည်း မရသေးတာကြောင့်နားမထောင်နိုင်သေးဘူးလေ။

ဒီတော့တစ်နေကုန် သူမရဲ့ တုံးအအ အစ်ကိုနှစ်ယောက်နဲ့ လျှောက်ကစားရတာအပြင် လီမင်ကျုံးကို တိုးတိုးတိတ်တိတ်စကားပြောရတာကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့အတွက် တကယ်ကို ပျင်းရိစရာကောင်းနေခဲ့တယ်။

“အစောပိုင်းနှစ်တွေတုန်းက ဂျပန်ကောင်တွေကို တိုက်ဖို့ စစ်တပ်ထဲဝင်ပြီးတော့ နေရာတွေအများကြီးကို သွားခဲ့ရတယ်………..”

လီမူဝမ်းက သူ့ရဲ့စကားကို ပြန်စပြီး သူ ဒဏ်ရာရခဲ့တဲ့အကြောင်းတွေ၊ စိတ်ခံစားချက်မကောင်းစေမဲ့အကြောင်းတွေ မပါဘဲ ကြုံတွေ့ခဲ့ရသမျှတွေကို မဒမ်လီကို အကြမ်းဖျင်းပြောပြနေခဲ့တယ်။

မဒမ်လီကတော့ သူမရဲ့သားက နှစ်ပေါင်းများစွာ ဒဏ်ရာမရဘဲ တိုက်ခိုက်နိုင်ခဲ့မယ်ဆိုတာ မဖြစ်နိုင်မှန်းကို သိထားခဲ့တယ်။ ဒါပေမဲ့ သူမရဲ့သားက ဘာမှမပြောခဲ့တာကြောင့် စိတ်သက်သာရာရမိတာပဲလေ။

“အခုရော .. မင်း စစ်တပ်ထဲမှာပဲ ရှိနေတုန်းလား? ဘာလို့ ရုတ်တရက်ကြီး ပြန်လာရတာလဲ? မိသားစုကို အကျိုးအကြောင်းလေး ကြိုပြီးလှမ်းပြောထားသင့်တာပေါ့”

မဒမ်လီက လီမူဝမ်းရဲ့လက်ကို ကိုင်ကာ တစ်ခုခုဖြစ်လာမှာ စိုးရိမ်စိတ်နဲ့ ပြောလိုက်တယ်။

လီမူဝမ်းက မဒမ်လီရဲ့ လက်ဖမိုးကို အသာအယာ ပုတ်လိုက်တယ်။

“ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်တုန်းက တာဝန်တစ်ခု ထမ်းဆောင်စရာရှိနေလို့ ပေကျင်းကိုရောက်နေခဲ့တာ.. ဆောင်းတွင်းကိုရောက်တော့ ပင်းချန်ဘက်ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့တယ်လေ

.. ဒါကြောင့် အခု တာဝန်ပြီးသွားတော့ အထက်ကို စာတင်ပြီး လည်ပတ်ခွင့်လျှောက်ထားခဲ့တာ.. အခု မိသားစုဆီကို လည်ပတ်ခွင့် (၃)လရခဲ့လို့ အမေတို့ဆီကို တွေ့ဖို့ ပြန်လာခဲ့တာပါ”

“သုံးလပဲလား.. ဒါပေမဲ့ လုံးဝမရတာထက်တော့ ကောင်းပါသေးတယ်”

မဒမ်လီက ပြုံးလိုက်တယ်။

“ဒီနေ့ညတော့ အမေနဲ့လာအိပ်လိုက်လေ.. စကားတွေဘာတွေ ကောင်းကောင်းပြောကြတာပေါ့”

လီမူဝမ်းက ခေါင်းညိတ်လတယ်။

“ကောင်းပါပြီ”

“အစ်ကိုကြီး!”

သားအမိနှစ်ယောက် စကားပြောနေစဉ်မှာပဲ အပြင်ဘက်ကနေ လီမူစန်းရဲ့ အသံထွက်ပေါ်လာခဲ့တယ်။ သူက တံခါးကို ဒုန်းခနဲ ဖွင့်လိုက်ပြီး အလျှင်အမြန် ပြေးဝင်လာခဲ့လေတယ်။ ခန်ပေါ်ထိုင်နေတဲ့ လီမူဝမ်းကိုမြင်တော့ ရုတ်တရက် မမှတ်နိုင်ဖြစ်သွားတယ်။

“ဒါ အစ်ကိုကြီးလား?”

“မူစန်း”

လီမူဝမ်းက ပျော်ရွှင်သွားရပြီး သူ့ကို လက်ယပ်ခေါ်လိုက်တယ်။

“ကြည့်လိုက်ဦး.. အနှစ်(၂၀)တောင် ရှိသွားပြီပဲ.. ငါ ထွက်သွားတုန်းက ငါတို့မူစန်းက အသက်(၁၄)နှစ်ပဲ ရှိသေးတာ.. အခုတော့ လူကြီးတစ်ယောက် ဖြစ်နေပြီကိုး.. အချိန်တွေက ခွင့်မလွှတ်နိုင်စရာပဲ”

“အခုဆို ကျွန်တော့်ရဲ့ သားအကြီးဆုံးတောင် (၁၄)နှစ် ရှိနေပြီ”

လီမူစန်းက ပြုံးပြီး ဝင်လာတော့ မဒမ်လီနဲ့ လီမူဝမ်းတို့က ခန်ရဲ့တစ်ဝက်လောက် လွတ်သွားအောင် ရွှေ့ပေးလိုက်ကြတယ်။

မဒမ်လီက ခန်ပေါ်က ယင်ကောင်ကို ယပ်ခပ်ရင်း ပြောလိုက်တယ်။

“တတိယလေးလည်း လာထိုင်.. ပြီးတော့ မူဝူ .. တံခါးဝနားမှာ သစ်သားရုပ်ကြီးလို ဘာရပ်လုပ်နေတာလဲ? ဒီလာပြီး မင်းအစ်ကိုနဲ့ စကားမပြောတော့ဘူးလား?”

လီမူဝူက ရိုးသားစွာ ပြုံးလိုက်ပြီး ခန်ပေါ်ကို လာထိုင်ခဲ့တယ်။

လီမူဝမ်းက လီမူဝူကို ကြင်နာသနားတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တယ်။

“မူဝူကတော့ ကလေးတုန်းကလိုပဲ.. ဘာမှသိပ်မပြောင်းလဲသွားဘူး.. သူက ရိုးသားပြီး တုံးအ,နေတုန်းပဲ”

သူက ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တယ်။

“မူလင်းရော ဒီကို မလာဘူးလား? သူက သားသမီးဝတ္တရား မကျေပွန်ဘဲ အမေ့ကို ပစ်ထားတာလား”

“ထည့်မပြောပါနဲ့တော့.. ငါတို့ဆီကို ကောက်နှံဆိုင်မှာ အိတ်တွေ သယ်ဖို့အတွက် အလုပ်သမားတွေ ခေါ်တုန်းက ငါတို့မိသားစုထဲက မူဝူနဲ့ မူစန်းတို့ နှစ်ယောက်လုံး အရွေးခံရတယ်လေ.. အဲဒီ အချိန်တုန်းက မူလင်းက သိပ်မကြီးသေးဘူး.. ပြီးတော့ သိပ်လည်း မသန်မာသေးဘူးမလား

ဒီတော့ လူတွေက သူ့ကို မငှါးချင်ကြဘူး.. ဒါနဲ့ သူလည်း စိတ်ဆိုးပြီး ပင်းချန်ကို ထွက်သွားခဲ့တာပဲ.. ဆယ်နှစ်ကြာပြီးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်သစ်ကူးအကြိုနေ့တုန်းကမှ သူ့ရဲ့ ဇနီးနဲ့ ပြန်လာခဲ့တာ..

ငါလည်း စိတ်တိုလွန်းလို့ သူ့ကို ဆေးတံနဲ့ ခေါက်ပြီး ရိုက်ခဲ့သေးတယ်”

“ဒီနဲ့ ပင်းချန်နဲ့ သိပ်မဝေးပါဘူး.. သူက ဘာလို့ ၁၀နှစ်လောက်တောင် ပြန်မလာနိုင်ရတာလဲ? သူက မိသားစုနဲ့ ရန်ဖြစ်ခဲ့တာလား?”

လီမူဝမ်းရဲ့ မျက်လုံးတွေက တင်းမာသွားပြီး သူ့ရဲ့အသံကလည်း ကြင်နာနူးညံ့မှုတွေ လျော့နည်းသွားခဲ့တယ်။

“ဘယ်သူက သူနဲ့ ရန်ဖြစ်မှာလဲ.. သူက ဇနီးတစ်ယောက်နဲ့ လက်ထပ်ပြီးတော့ ဒီကို ပြန်လာဖို့ ခေါ်လို့မရဖြစ်နေခဲ့တဲ့ပုံပါပဲ.. သူမက ဒီကိုရောက်လာတော့လည်း ကြာကြာနေချင် တဲ့ပုံမရဘူးလေ.. ဒါကြောင့် ငါလည်း သူ့ကို တုံ့ဆိုင်းမနေဘဲ ပြောဆိုခဲ့တာ”

မဒမ်လီက မျက်လုံးလှန်လိုက်တယ်။

“သူ့ဘက်က စာတွေပို့လာခဲ့ပေမဲ့ ငါ သူ့ကို နှစ်နှစ်လောက် စာပြန်မပို့ခဲ့ဘူး.. သူလည်း သူမှားတဲ့အကြောင်းကိုသိပါတယ်.. နောက်ပြီး သူ့ရဲ့ ဇနီးသည်က အရမ်းကြီး ဆိုးရွားနေတာတော့ မဟုတ်ဘူး.. သူ့ကိုယ်သူ မှန်တယ်လို့ထင်နေပြီးတော့ တော်တော်ကြီး ရိုးအ,နေခဲ့တာလေ.. အဓိက,ကတော့ တုံးလွန်းနေတာပဲ”

လီမူဝမ်းက အမေဖြစ်သူရဲ့ စကားကိုနားထောင်ပြီး ဘာမှထပ်မမေးတော့ဘဲ နှစ်ကုန်ဆုံးတဲ့အချိန် လီမူလင်းပြန်လာမှပဲ သေသေချာချာစကားပြောကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူတို့တွေ ခဏကြာအောင် စကားပြောပြီးနောက်မှာတော့ လီမူဝမ်းက သူယူလာတဲ့ ရှုံ့အိတ်ကြီးကို ပြန်လည်သတိရသွားပြီး ခန်ပေါ်ကနေဆင်းကာ ရှုံ့အိတ်ကို ခန်ပေါ်သို့ ပြန်သယ်လာခဲ့တယ်။

သူက အိတ်ကို ဖွင့်လိုက်ပြီး ပစ္စည်းတွေကို ထုတ်ယူလိုက်တယ်။

“ဒီတစ်ခေါက် ကျွန်တော် အိမ်ကိုပြန်လာနိုင်လောက်မယ်ဆိုပြီး ခန့်မှန်းထားလို့ ပေကျင်းကနေ ပစ္စည်းတွေ အများကြီး ဝယ်လာခဲ့တယ်.. အမေ ဒီရေဒီယိုက အမေ့အတွက်.. ရှန်ဟိုင်း ပြည်သူ့အသံလွှင့်ပစ္စည်းကိရိယာစက်ရုံက ထုတ်တာလေ”

“အိုး.. ရှန်ဟိုင်းကထုတ်တဲ့ ရေဒီယိုပဲ”

မဒမ်လီက သူမရဲ့လက်မှာစိုစွတ်နေတဲ့ ချွေးတွေကို အင်္ကျီနဲ့သုတ်လိုက်ပြီး ရေဒီယိုကို ဂရုတစိုက်ယူကာ ခန်ပေါ်မှာ တင်လိုက် တယ်။

“ဒါက စျေးကြီးတယ်မလား.. မင်း ပိုက်ဆံတွေ အများကြီး ကုန်မှာပဲ.. စက်မှုလက်မှတ်နဲ့ဆိုရင်တောင် ဒီလိုပစ္စည်းမျိုးက ပေရှားမှာမရနိုင်လောက်ဘူး”

လီမူဝမ်းက ခလုတ်ကို လှည့်ပြီး မဒမ်လီကို ရေဒီယို အသုံးပြုရမဲ့နည်းလမ်းတွေကို ပြောပြခဲ့တယ်။ နှစ်ကြိမ်လောက်လှည့်ပြီး နောက်ဆုံးမှာတော့ “လင်းဟိုင်ရွှယ်ယွမ်” ပုံပြင်ကို ဖတ်ပြနေတဲ့အသံလိုင်းကို ဖမ်းမိသွားခဲ့တယ်။

နည်းနည်းနားထောင်ကြည့်ပြီးနောက် မဒမ်လီက အလွန်အမင်းစိတ်ကျေနပ် သွားခဲ့ပြီး ရေဒီယိုကို လက်ကတောင်မချချင်တော့ဘူး။

“အမေ အားလပ်နေတဲ့အချိန်တွေမှာ ခန်ပေါ်မှာထိုင်ရင်း ရေဒီယို နားထောင်နေလို့ရတယ်.. သီချင်းတွေရော၊ ပုံပြင်ဖတ်ပြတာတွေပါပါတယ်.. နောက်ပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖေပြောပြတဲ့ “အနောက်ဘက်သို့ ခရီးသွားခြင်း” နဲ့ အမေပြောပြဖူးတဲ့ “လျောင်ကျိုင်း” ဇာတ်လမ်းရှည်တွေကိုလည်းဒီထဲမှာ ထုတ်လွှင့်ပေးသေးတယ်”

“ကောင်းပြီ! အနာဂတ်မှာတော့ ပျော်ရွှင်စရာတွေ ရှိနေတော့မှာပဲ.. တရုတ်နှစ်သစ်ကူးလို့ အမျိုးတွေလာရင်လည်း သူတို့တွေ မျက်စိပွင့်သွားအောင် ဖွင့်ပြရမယ်”

မဒမ်လီက ခန်ပေါ်ကနေ အမြန်ဆင်းလိုက်ပြီး ဗီရိုကို အဝတ်နဲ့ သုတ်လိုက်ကာ ရေဒီယိုကိုဗီရိုပေါ်မှာ ဂရုတစိုက်နဲ့ တင်ထားလိုက်တယ်။

ရေဒီယိုကို နေရာချပြီးသွားတော့ မဒမ်လီက ခန်ပေါ်ပြန်ထိုင်လိုက်ပြန်တယ်။

လီမူဝမ်းက မဒမ်လီ ထိုင်ပြီးတဲ့အထိ စောင့်ပြီးမှ နွေဦးရာသီဝတ် ခဲရောင်အင်္ကျီအကွက်၊ ဆောင်းဦးရာသီဝတ် အသားနှစ်ထပ်အင်္ကျီနဲ့ နက်ပြာရောင် ဘောင်းဘီတို့ကို သူ့အိတ်ထဲကနေ ထုတ်ယူလိုက်တယ်။

“ဒါတွေက အမေ့အတွက် ကျွန်တော်ဝယ်လာတာ”

မဒမ်လီက အဝတ်အစားတွေကို အလျှင်အမြန်ဝတ်ကြည့်လိုက်ပြီး လှည့်ပတ်ပြလိုက်တယ်။

“ငါက အဝတ်အစားအသစ်တွေဝတ်ဖို့အတွက် အသက်ကြီးလွန်းနေပြီလေ? ဒါက ပိုက််ဆံကိုဖြုန်းတီးရာ မကျဘူးလား? မူဝမ်း ဒီအဝတ်တွေ ကြည့်လိုက်ဦး.. အမေနဲ့လိုက်ရဲ့လား?”

“လိုက်တာပေါ့.. အမေ ဒါတွေကိုဝတ်လိုက်တော့ ၁၀နှစ်လောက် ပိုငယ်သွားသလိုပဲ”

လီမူဝမ်းကတော့ ထပ်ခါတလဲလဲ ချီးကျူးနေလေရဲ့။

“ပေကျင်းလမ်းမပေါ်မှာဆိုရင် အမျိုးသမီးတွေအကုန်လုံးက ဒီလိုစတိုင်မျိုး ဝတ်ထားတာလေ.. ကျွန်တော်လည်း ဒါကိုတွေ့တော့ အမေ့အတွက်တစ်စုံပြေးဝယ်လာခဲ့တာ”

မဒမ်လီကတော့ အလွန်အမင်းစိတ်ကျေနပ်နေလေရဲ့။ သူမက ပြုံးရွှင်စွာဖြင့် အဝတ်တွေကို ခေါက်ပြီး ပြန်သိမ်းလိုက်တယ်။

“အင်း.. ငါလည်း အသင့်ချုပ်ပြီးသားအဝတ်တွေကို ခုချိန်ထိ မဝယ်ဖူးဘူး.. ပိတ်စတွေဝယ်ပြီးတော့ ချုပ်ရင် ရနေပြီလေ.. ချုပ်ပြီးသားအထည်ဝယ်တာက ပိုက်ဆံတွေရော ၊လက်မှတ်တွေပါ အများကြီးကုန်တယ်မလား”

လီမူဝမ်းက သူ့ရဲ့အိတ်ထဲက မောထိုင်အရက် သုံးပုလင်းကိုထုတ်ယူလိုက်တယ်။

“ဒါက မူဝူတို့ညီအစ်ကိုသုံးယောက်အတွက်.. တစ်ယောက်ကို တစ်ပုလင်းစီပေးလိုက်လေ”

မဒမ်လီက ပုလင်းပေါ်က စာကို ကြည့်ပြီး သေချာမသိဘူးဖြစ်နေခဲ့တယ်။

“ဒါဘယ်လိုဝိုင်မျိုးလဲ?”

“မောထိုင်လေ”

လီမူဝမ်းက ပြန်ပြောလိုက်တယ်။

“ဒါကို မနှစ်တုန်းက ဝယ်ထားခဲ့တာ.. ကျွန်တော်စစ်တပ်နဲ့ ထွက်လာတုန်းက အိမ်အတွက် ဝယ်လာခဲ့တာလေ ကျွန်တော်ဝယ်တုန်းက (၂)ယွမ်နဲ့ (၉၇)ဆင့်ပဲ ပေးရတယ်..”

သူ့ရဲ့စကားကို ကြားတော့ မဒမ်လီက အမြန်ပြန်ပေးလိုက်တယ်။

“ဒါကို ပြန်ယူသွားလိုက်တော့.. ဒီလောက် စျေးကြီးတဲ့ ဝိုင် မသောက်နိုင်ပါဘူး.. မင်းသောက်ဖို့အတွက်ပဲ ထားလိုက်ပါ”

“ ကျွန်တော် သူတို့အတွက်ဆိုပြီး ဝယ်လာခဲ့တာလေ”

လီမူဝမ်းက ပြောလိုက်တယ်။

“ဒါတွေကို သူတို့အတွက်ဆိုပြီး ကျွန်တော်နဲ့အတူနှစ်တစ်ဝက်လောက် သယ်လာခဲ့တာ.. စစ်တပ်ထဲမှာတုန်းက ကောင်လေးတွေက ဆူညံနေလို့ဆိုပြီး သူတို့တောင်းမှာစိုးလို့ ကျွန်တော်အပြင်ကိုတောင် မထုတ်ခဲ့ဘူး.. နောက်ပြီး ကျွန်တော်က အိမ်ကိုပြန်မလာတာ နှစ်တွေ ကြာလွန်းနေပြီးလေ.. အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူတို့အတွက် တစ်ခုခုတော့ သယ်လာပေးရမှာပေါ့”

မဒမ်လီက သူ့ရဲ့စကားတွေကိုနားထောင်ပြီး မငြင်းတော့ဘူး။ ဒါကြောင့် လီမူဝမ်းက အိတ်ထဲကနေ အပြာရောင်အောက်ခံမှာ အဖြူစင်းလေးတွေ ပါတဲ့ သိုးမွေးကုတ်အင်္ကျီလေးကို ထပ်မံဆွဲထုတ်လိုက်ပြန်တယ်။

“ ဒါကတော့ ကျန်းကျန်းအတွက်.. ကျွန်တော်တို့မိသားစုရဲ့ ပထမဆုံး မိန်းကလေးဆိုတော့ လှလှလေးဝတ်ဆင်ရမှာပေါ့”

ဘေးနားမှာထိုင်ပြီး စပ်စုနေတဲ့ ကျန်းကျန်းက သူမအတွက်လည်း အဝတ်အစား ပါလာမလိမ့်လို့ မထင်မှတ်ထားခဲ့ဘူး။ သူမက စိတ်လှုပ်ရှားစွာနဲ့ပဲ လက်ထဲမှ သစ်သီးဇလုံကိုပြန်ချကာ ခန်ပေါ်ကဆင်းပြီး အပြင်ကိုပြေးထွက်သွားတော့တယ်။

လီမူဝမ်းက လန့်သွားပြီး တံခါးကို ကြောင်အ,အနဲ့ ကြည့်လိုက်မိတယ်။

“ကလေးက ဘာလို့ ထွက်ပြေးသွားတာလဲ?”

ကျန်းကျန်းရဲ့အကြောင်းကို သိနေပြီဖြစ်တဲ့ မဒမ်လီကတော့ သူမရဲ့အဝတ်အစားတွေကို ခေါက်နေရင်း ခေါင်းတောင်မော့မကြည့်ဘဲ ပြောလာခဲ့တယ်။

“သူမ လက်သွားဆေးနေတာ”

All Chapters