← Chapters

Chapter 66

Vol. 7 Ch. 66

Chapter 66

Vol. 7 Ch. 66

တစ်မိနစ်လောက်အချိန်အတွင်းမှာပဲ ကျန်းကျန်းက မျက်နှာသစ်၊ လက်ဆေးပြီး အထဲပြန်ဝင်လာခဲ့တယ်။ ပြီးနောက် တဘက်တစ်ထည်ကိုယူကာ သူမရဲ့လက် စိုစွတ်မနေစေဖို့ အထပ်ထပ်အခါခါ သုတ်ပြန်တယ်။

ပြီးသွားတော့မှ ခန်ပေါ်ကိုပြန်တက်ပြီး သူမရဲ့ သိုးမွေးကုတ်အင်္ကျီလေးကို လှမ်းယူလိုက်တယ်။ အင်္ကျီအသားကို ကိုင်ကြည့်လိုက်တော့ သိုးမွေးစစ်စစ်နဲ့ လုပ်ထားပြီး ကော်လာမှာတော့ ယုန်မွေးနဲ့ ဝိုင်းထားတာကို တွေ့ရှိလိုက်ရတယ်။

အရှေ့ဘက်ခြမ်းမှာတော့ ကြယ်သီးနှစ်ထပ်တပ်ထားခဲ့ပြီး အနောက်ဘက်ခြမ်းမှာတော့တော့ အပြာရောင်ဖဲပွင့်လေးကို တပ်ဆင်ပေးထားတယ်။ ဒါအင်္ကျီလေးက အနာဂတ်မျိုးဆက်တွေအတွက်ဆိုရင်တောင် ခေတ်မီနေသေးတယ်လို့ပြောနိုင်သေးတဲ့ စတိုင််မျိုးပဲ။

ကျန်းကျန်းက အလျှင်အမြန်ဝတ်ကြည့်လိုက်တော့ ဂါဝန်လေးက သူမရဲ့ ခြေကျင်းဝတ်အောက်ဘက်နားအထိ ပုံကျနေတာကို တွေ့လိုက်ရလေတယ်။

“ကြီးလွန်းနေတယ်”

“မကြီးပါဘူး!”

မဒမ်လီက မြန်မြန်ပြောလိုက်တယ်။

“ဒီလောက်ရှည်မှ ဖြစ်မှာပေါ့.. ဒါမှ သမီး ခြောက်နှစ်၊ ခုနှစ်နှစ်လောက်အထိ ဝတ်လို့ရမှာလေ.. ဒီလောက်ကောင်းတဲ့ အဝတ်အစားကို နှစ်အတော်ကြာအောင် ဝတ်လို့ရတယ်”

ကျန်းကျန်းက အခုခေတ်ကာလမှာ ဒီလိုမျိုးကောင်းမွန်တဲ့ အဝတ်အစားမျိုးကို နောက်တစ်ကြိမ် ဘယ်အချိန်မှ ထပ်ဝယ်လို့ရနိုင်မလဲဆိုတာကို တွေးမိသွားခဲ့ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်တယ်။

“ဟုတ်သားပဲ.. ဒါဆို သမီးအတွက် သိမ်းထားပေးဦး.. နွေရာသီအပြင်ထွက်မှ ဒါကိုဝတ်ပြီး ကြွားရမယ်”

မဒမ်လီက သဘောကျစွာနဲ့ ကျန်းကျန်းမျက်နှာကို နမ်းလိုက်တယ်။

“ဒီလိုပဲလုပ်ကြတာပေါ့.. လိမ္မာလိုက်တဲ့ အဖွားရဲ့မြေးမလေး”

အဖွားအိုကြီးရဲ့ စိတ်သဘောစရိုက်နဲ့ မရင်းနှီးတာ ကြာပြီဖြစ်တဲ့ လီမူဝမ်းက အဖွားနဲ့မြေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နေခဲ့မိတယ်။

သူတို့ရဲ့အမေ ကျန်းကျန်းကို ချစ်တာ မဆန်းတော့ဘူး။ သူတို့နှစ်ယောက်ရဲ့ စိတ်သဘောထားက အတော်လေး ကိုက်ညီကြတာပဲကိုး။

လီမူဝမ်းက ကျန်းကျန်းအတွက် အဝတ်အစားတွေအပြင် တူလေးတွေအတွက်ပါလာတဲ့ ဖောင်တိန်တွေ၊ အဝတ်စတွေအပြင် စစ်တပ်ကပေးတဲ့ စစ်ဘက်သုံး ရေဘူးတွေနဲ့ ထမင်းဘူးတွေ စတဲ့ လက်ဆောင်ပစ္စည်းတွေကို ထုတ်လိုက်ပြန်တယ်။

အဝတ်အစားနဲ့ ဘောပင်တွေက ပိုက်ဆံတွေ၊ လက်မှတ် တွေနဲ့ ဝယ်လို့ရနိုင်ပေမဲ့ တပ်ထဲမှာသုံးတဲ့ ပစ္စည်းတွေကတော့ အပြင်မှာဝယ်လို့မရနိုင်ဘူး။

ဒီခေတ်အခါမှာ အပြင်ဘက်တွေမှာ စစ်ဘက်သုံးရေဘူးကိုသာ ကိုင်နိုင်ရင် တကယ်ကို ဂုဏ်ရှိပြီး ကြွားဝါပြသနိုင်တယ်။ ကျန်းကျန်း အရင်တုန်းက တောင်ပေါ်ကိုတက်တဲ့အချိန်တွေမှာ သုံးတဲ့ စစ်တပ်သုံးရေဘူးက လီမူဝမ်းပေးထားခဲ့တဲ့ရေဘူးပဲ။

အခုချိန်မှာတော့ သူတို့ (၁၀)နှစ်လောက်သုံးခဲ့တဲ့ရေဘူးမဟုတ်ဘဲ နောက်ထပ်ရေဘူးအသစ်ရလာပြီဖြစ်လို့ မဒမ်လီက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောလိုက်တယ်။

“ဒီရေဘူးအသစ်က ကျန်းကျန်းအတွက်ပဲ.. သူမက ဂရုတစိုက်နဲ့သုံးတတ်တယ်.. အဟောင်းကို လီမင်ပေကို ပေးလိုက်မယ်.. သူ တစ်နေကုန် ခုန်ပေါက်ပြီး ပြေးလွှားနေတာဆိုတော့ အသစ်နဲ့ မဖြစ်ဘူး.. အဟောင်းတွေဆိုတော့ ပျက်သွားလည်း ကိစ္စမရှိဘူး.. သူ့ကို အဟောင်းပဲ သုံးခိုင်းလိုက်”

လီမင်ပေကတော့ ရေဘူးအဟောင်းကိုလည်း ဟောင်းနွမ်းနေတယ်လို့ မထင်ပါဘူး။ သူကလည်း ကြမ်းကြမ်းတမ်းတမ်းပဲ သုံးစွဲတတ်တဲ့သူ မှန်နေတာပဲလေ

ဒါကြောင့် သူက ရယ်မောရင်းနဲ့ ဗီရိုထဲမှာရှိနေတဲ့ ကျန်းကျန်းရဲ့ ရေနွေးကရားအဟောင်းလေးကို ထုတ်ယူလာပြီး ချက်ချင်းပဲ သူ့ရဲ့ပခုံးပေါ်ကိုတင်ကာ ဂုဏ်ယူစွာနဲ့ ရှိုးထုတ်နေခဲ့တယ်။

ကျန်းကျန်းက အသီးအနှံတွေစားရင်းနဲ့ လီမင်ပေရဲ့ နောက်တီးနောက်တောက်ပုံစံကိုကြည့်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ရယ်မောနေခဲ့တယ်။

မဒမ်လီက ထိုမောင်နှမကိုကြည့်ရင်း လီမူဝမ်းနဲ့ ပြောပြပေးနေခဲ့တယ်။

“ငါတို့မိသားစုက ဒီကလေးမလေးက ချစ်စရာကောင်းပြီး ပျော်တတ်တယ်.. မနှစ်တုန်းက မင်းရဲ့ ဒုတိယညီတို့မိသားစု က အကြီးဆုံးသား မင်တုန် လက်ထပ်တုန်းကဆိို သူမက တစ်နှစ်ကျော်ပဲရှိသေးတာလေ.. အဲဒီတုန်းက သူမက လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်သေးဘူး..

ဒါတောင် သူတို့နှစ်ယောက်ရဲ့နောက်ကို တကောက်ကောက်လိုက် ပြီး သူတို့ပြောတဲ့စကားတွေကို နားထောင်နေခဲ့တာ.. လီမင်တုန်ကတော့ စိတ်ရှုပ်လို့ဆိုပြီး အမြဲတမ်းလာတိုင်နေတော့တာပဲ”

ကျန်းကျန်းကတော့ ဘာမှနားမလည်သလိုမျိုး အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ဘလူးဘယ်ရီသီးခြောက်ကို ပါးစပ်ထဲသို့ထည့်ပြီး မမှတ်မိချင်ယောင်ဟန်ဆောင်နေခဲလေတယ်။

မဒမ်လီကတော့ သူမရဲ့ပုံစံလေးကိုကြည့်ရင်း ကျန်းကျန်းက တုံးအချင်ယောင် ဟန်ဆောင်နေမှန်းကို သိနေတဲ့အတွက် ရယ်မောလိုက်ပြီး ပွေ့ဖက်လိုက်တယ်။

“အိမ်ကို တစ်ယောက်ယောက်အလည်လာခဲ့ရင်လည်း သူက အမေ့ထက်တောင် မြန်မြန်ပြေးပြီး ခန်ပေါ်ကို အရင်ရောက်နေတတ်တယ်.. မင်င်တုန်တော့ သူ့ရဲ့ ညီမက မြို့ပေါ်ကလူတွေလိုပဲတဲ့လေ.. သူမက တခြားလူတွေ စကားပြောနေတာကို ရုပ်ရှင်ကြည့်ရင်းနဲ့ စားသောက်နေသလိုမျိုး လုပ်နေတတ်တယ်ဆိုပဲ”

သားအကြီးဆုံးဖြစ်တဲ့အတွက် လီမူဝမ်းက သူ့ရဲ့အမေ အရင်တုန်းက သမီးလေးတစ်ယောက် လိုချင်ခဲ့ဖူးတာကို သေသချာချာ သိထားခဲ့တယ်။

ဒါပေမဲ့ သူတို့ရဲ့အဖေဆုံးသွားခဲ့တာကြောင့် ထိုဆန္ဒက အထမမြောက်ခဲ့ဘူး။ ကျန်းကျန်း မွေးပြီးတဲ့နှစ်ကတည်းက သူ့ဆီကို ပို့ခဲ့တဲ့ စာတွေထဲမှာ အကြောင်းအရာတစ်ဝက်လောက်က ကျန်းကျန်းဆိုတဲ့ကလေးလေးရဲ့ အကြောင်းတွေချည်းပဲ။

သူတို့တွေ စကားတွေအတန်ကြာအောင် ပြောခဲ့ပြီးနောက်မှာတော့ စားစရာတွေက အဆင်သင့်ဖြစ်လာခဲ့ပြီ။

သူတို့ရဲ့အိမ်မှာ ကွေ့ဟွား နို့ထွက်ကောင်းအောင် စားဖို့အတွက် သီးသန့်ဖယ်ထားတဲ့ ငါးကြင်းတွေ ဒါဇင်လိုက်ရှိတယ်။

လျို့ရှို့လန်ရောက်လာတဲ့အချိန်မှာလည်း သူ့အိမ်ကနေ သတ်လာခဲ့တဲ့ ကြက်ကြီးတစ်ကောင်နဲ့ ဒီလထဲမှာ ဝယ်ထားတဲ့ ဝက်သားတွေကို ယူလာခဲ့သေးတယ်လေ။

အရှေ့ခန်းထဲမှာအချိန်တစ်နာရီလောက် စကားပြောပြီးနောက်မှာ ဝမ်စုဖန်းနဲ့ လျို့ရှို့လန်တို့က ထမင်း၊ ငါးကြင်းနှပ်၊ အာလူးဝက်သားနှပ်၊ ကြာဇံနဲ့ဂေါ်ဖီချဥ်ကြော်၊ မှိုနဲ့ ဂေါ်ဖီထုပ်ကြော်တို့ကို ပြင်ဆင်ချက်ပြုတ်ပြီးသွားခဲ့ပြီ။

လူတွေလည်း များသလို ဟင်းပွဲကလည်း များတာကြောင့် ဝမ်စုဖန်းနဲ့ လျို့ရှို့လန်တို့က စားပွဲဝိုင်းအကြီးခင်းကာ ဟင်းပွဲတွေကို ခင်းကျင်းပြီး သူတို့ရဲ့ဂျင်ဆင်းအရက်နဲ့ ပြောင်းအရက်တွေကိုပါ ချပေးခဲ့ကြတယ်။

မိသားစုတစ်ခုလုံးက စားပွဲဝိုင်းကြီးကို ပတ်လည်ဝိုင်းထိုင်လိုက်ကြပြီး ကျန်းကျန်းကလည်း ဝမ်စုဖန်ရဲ့လက်မောင်း ထဲမှာ လိမ်လိမ်မာမာလေးထိုင်နေခဲ့တယ်။ မဒမ်လီကတော့ ဝိုင်ခွက်သေးသေးလေးကို မြှောက်ကာ သူမရဲ့ဘေးမှာထိုင်နေတဲ့ သားကြီးကို ကြည့်ရင်း မျက်လုံးတွေက ပျော်ရွှင်နေရာကနေ နီရဲလာခဲ့ပြန်တယ်။

“မူဝမ်းပြန်ရောက်လာတာကတော့ ဒီနှစ်တွေအတွင်း ငါတို့မိသားစုရဲ့ ပျော်စရာအကောင်းဆုံးအခြေအနေပဲ.. ကဲ စကားတွေအများကြီးမပြောတော့ဘူး.. စားကြတာပေါ့”

လီမူဝမ်းက အသံတစ်ချက်ပြုပြီး ဝိုင်ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်တယ်။

“ကျွန်တော်တို့မိသားစုရဲ့ ဝိုင်ကတော့ အရသာလည်းကောင်းသလို အားလည်းအပြည့်ရှိနေတာပဲ.. အမေ .. အမေကတော့ သိမှာမဟုတ်ဘူး.. ကျွန်တော် တောင်ပိုင်းမှာနေခဲ့ရတုန်းက အဲဒီမှာ ဝိုင်သောက်တာက ရေကိုသောက်ရသလိုပဲ.. ကျွန်တော်ကတေု့ ဝိုင်သောက်တိုင်း အရသာမရှိဘူးလိုး အမြဲတမ်း တွေးနေခဲ့တာ”

မဒမ်လီက ကြက်သားတစ်တုံးကို လှမ်းယူလိုက်ပြီး သားဖြစ်သူရဲ့ပန်းကန်ထဲသို့ ထည့်ပေးလိုက််တယ်။

“ဒါကလည်း ငါတို့မိသားစုရဲ့ အရသာစစ်စစ်လေ.. မင်းက အိမ်ကအရက်ကိုသောက်နေကျဆိုတော့ အပြင်ကိုရောက်သွားချိန်မှာ နေသားမကျဖြစ်သွားတာ”

လီမူဝမ်းကတော့ ပန်းကန်ထဲက ကြက်သားဟင်းကို စားပြီးနောက် ဂေါ်ဖီထုတ်ချဥ်ကြာဇံကြော်ကို စားလိုက်ကာ အိမ်လက်ရာကိုမစားရတာနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် မျက်ရည်တောင်စီးကျလာခဲ့ရတယ်။

မဒမ်လီက အလျှင်အမြန်မေးလိုက်တယ်။

“ဘာဖြစ်လို့လဲ? အရသာမရှိလို့လား?”

“မဟုတ်ပါဘူး !”

လီမူဝမ်းက ပါးစပ်ထဲက အသီးအရွက်တွေကို မျိုချလိုက်ပြီး မျက်နှာပေါ်မှ မျက်ရည်ကိုသုတ်လိုက်တယ်။

“ဒီဂေါ်ဖီထုပ်ချဉ်ကို စားလိုက်တော့ ဒါက အမေသိပ်ထားတဲ့ အချဉ်ပဲဆိုတာ ကျွန်တော်ချက်ချင်း ခံစားမိသွားလို့.. ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့မိသားစု အရမ်းပင်ပန်း ဆင်းရဲခဲ့ကြရတာလေ.. ပြီးတော့ အဲဒီတုန်းက ဆောင်း တွင်းကြီးမှာ အမေက ဂေါ်ဖီချဉ်တစ်အိုးသိပ်ပေးထားတာ..

အဲဒါကျွန်တော်တို့မိသားစုမှာရှိတဲ့ ဆောင်းတွင်းအတွက် နောက်ဆုံးကျန်တဲ့အသီးအရွက်ပဲလေ.. အဲဒီနှစ်က အိမ်မှာလည်း ဆန်မရှိတော့ဘူး.. အမေနဲ့ အဖေက တစ်နည်းနည်းနဲ့ သွားရှာမယ်ဆိုပြီး ထွက်သွားခဲ့ကြတယ်မလား

ကျွန်တော် အိမ်မှာနေရင်း ဗိုက်ဆာလွန်း လို့ မအောင့်နိုင်တော့ဘဲ အဲဒီဂေါ်ဖီချဉ်တွေကို တစ်ဝက်လောက်ကုန်အောင် စားခဲ့တယ်လေ”

အတိတ်က အကြောင်းတွေကို ပြန်တွေးမိတတော့မဒမ်လီက သက်ပြင်းချလာတယ်။

“အရင်အချိန်တွေတုန်းက အရမ်းခက်ခဲခဲ့ရတယ်.. မင်းတို့သာ ဂျပန်တွေကို မတိုက်ထုတ်ခဲ့ရင် အမေတို့လည်း အခုချိန်မှာ ဘယ်လိုလုပ်ပြီး ကောင်းကောင်းနေနိုင်ဦးမှာလဲ”

“ကံကောင်းထောက်မလို့ အခုတော့ ကောင်းကောင်းနေနိုင်ခဲ့ပြီ.. လတိုင်း အစားအစာအထောက်အပံ့တွေလည်း ဝယ်နိုင်လာတယ်.. ငါမိသားစုထဲမှာ စိုက်ပျိုးဖို့အတွက် မြေရိုင်းတွေချဲ့ထွင်နိုင်ခဲ့လို့ အခုတော့ မငတ်ရတော့ဘူး”

မဒမ်လီက ဝက်သားနှပ်တစ်တုံးယူပြီး လီမူဝမ်းရဲ့ပန်းကန်ထဲသို့ ထည့်ပေးပြန်တယ်။

“စစ်တပ်ထဲမှာ ကောင်းကောင်းစားရလား? ဗိုက်ပြည့်အောင်ရောစားရရဲ့လား? လုံလောက်အောင်စားနိုင်ခဲ့လား?”

“ ကျွန်တော်တို့ ကောင်းကောင်း စားရပါတယ် ..အမေ စိတ်မပူပါနဲ့”

ကျန်းကျန်းက ထမင်းတစ်ပန်းကန်နဲ့ ဝက်သားနှပ်ကို ဆော့စ်နဲ့တို့စားနေတာ တွေ့တော့ လီမူဝမ်းကလည်း စားချင်စိတ် တိုးမြင့်လာရပြီး သူ့ရဲ့ပန်းကန်ထဲက အသီးအရွက်တွေအကုန်လုံးကိုစားလိုက်ပြီး ထမင်းနဲ့အသားအားလုံးကိုလည်း အပြတ်ရှင်းလိုက်တယ်။

ထို့နောက် လက်တစ်ဖက်ကနေ ကြက်ပေါင်ကိုကိုက်ရင်း တူမဖြစ်သူရဲ့ စားချင်စိတ်ကို ရယ်မောလိုက်မိတော့တယ်။

“ဒီကလေးမလေးက ငယ်သေးပေမဲ့ တော်တော်စားနိုင်တာပဲ.. အမေ မိသားစုထဲမှာစားဖို့ ဆန်ရော ရှိသေးရဲ့လား?”

“အစ်ကိုကြီး လှမ်းပို့ပေးလိုက်တဲ့ စပါးမျိုးစေ့တွေပဲမဟုတ်ဘူးလား? တောင်ပေါ်စပါးဆိုလား ပြောခဲ့တယ်လေ”

လီမူစန်းက သူ့ရဲ့တူနဲ့ဂေါ်ဖီချဉ်ကိုလှမ်းယူကာ ထမင်းတစ်ဝက်လောက်ကျန်သေးတဲ့ထားတဲ့ ပန်းကန်ထဲကို ထည့်ရင်းပြောလိုက်တယ်။

မဒမ်လီက စားပွဲအောက်ကနေ သားအကြီးဆုံးရဲ့ ခြေထောက်ကို တက်နင်းလိုက်တယ်။

လီမူဝမ်းကလည်း ချက်ချင်းပဲ ပြုံးပြီး ပြောလာခဲ့လေတယ်။

“ဟုတ်တယ် ဒါပေမဲ့ ငါတို့မိသားစုဆီ စိုက်လို့ ရလိမ့်မယ် မမျှော်လင့်ထားခဲ့ဘူး”

“စိုက်လို့ရတဲ့အပြင် တောင်ပေါ်မှာ ကောင်းကောင်း ကြီးထွားတယ်.. မြစ်နားကမိသားစုရဲ့မြေတောင်မှ ကျွန်တော်တို့ တောင်ပေါ်က ယာကွက်လောက် အသီးနှ့မဖြစ်ထွန်းဘူး”

မဒမ်လီက နောက်ထပ် တမင်းတစ်လုပ် စားနေစဥ်မှာ လီမူစန်းက ထပ်ပြောလာတယ်။

“ထမင်းက ပိုမွှေးပြီး ပိုအရသာရှိတယ်.. ဒါပေမဲ့ ပြောင်းနှံလောက်တော့ အထွက်နှုန်းမမြင့်ဘူး.. ပြောင်းက ဗိုက်ကို လွယ်လွယ်နဲ့ မဆာဘူးလေ.. နည်းနည်းလေး စမ်းစိုက်ကြည့်ရင်တော့ ကောင်းတယ်.. ဒါပေမယ့် အဓိကဆိုရင် ပြောင်းနှံက ပိုပြီး မှီခိုအားထားလို့ရတုန်းပဲ”

မဒမ်လီက လီမူစန်းကို စိုက်ကြည့်လိုက်တယ်။

“စကားများလိုက်တာ.. ဆန်ကလည်း ကောင်းတာပဲ..ငါက အသက်ကြီးပြီဆိုတော့ အစာပျော့ပဲ စားချင်တော့တယ်.. ငါတို့မိသားစုက ကျန်းကျန်းကလည်း ပြောင်းဆန်စားနိုင်တာ မဟုတ်ဘူး.. သူမကလည်း ဂျုံနဲ့ထမင်းဖြူပဲကြိုက်တယ်”

“ကောင်းပါပြီ.. အမေပြောတာမှန်ပါတယ်”

လီမူစန်းက သူ့ရဲ့အမေအိုကြီးကို အမြန်ချော့လိုက်တယ်။

“ကျွန်တော်က ဘယ်လိုရည်ရွယ်ချက်နဲ့မှပြောတာမဟုတ်ပါဘူး.. အခု အစ်ကိာကြီးပြန်ရောက်လာတဲ့အနေနဲ့ နောက်တစ်ခွက်လောက် သောက်လိုက်ကြရအောင်”

ကျန်းကျန်းကတော့ အစားအသောက်ကိုပဲ အာရုံစိုက်ပြီးစားနေတာကြောင့် လူကြီးတွေရဲ့စကားဝိုင်းကို နားထောင်နေချိန်မရှိလေဘူး။

သေသေချာချာမွေးမြူထားတဲ့ ကြက်သားက လတ်ဆတ်လွန်းပြီး ၊ ဝက့သားကလည်း သံအိုးအကြီးထဲမှာ နှပ်ထားတာဖြစ်လို့ အနံ့က ပိုမွှေးကာ အရသာကလည်း ပိုပြီး ကောင်းမွန်နေခဲ့တယ်။

ကြက်ပေါင်တစ်ဝက်လောက်၊ ဝက်သားနှပ်နည်းနည်းလောက်နဲ့ ထမင်းပန်းကန်သေးတစ်ပန်းကန် စားပြီးတဲ့နောက်မှာတော့ ကျန်းကျန်းတစ်ယောက် ဗိုက်အတော်ဖောင်းကားသွားခဲ့ပြီ။

သူမက ကျန်နေတဲ့ ထမင်းဟင်းတွေကို လီမင်ပေဘက်ကို တွန်းပေးလိုက်ရင်း ကြို့ထိုးနေခဲ့တယ်။

“အမေ..ဗိုက်ပြည့်ပြီ”

ကျန်းကျန်းရဲ့ ဗိုက်ဖောင်းဖောင်းလေးကို ကိုင်ကြည့်ပြီး ဝမ်စုဖန်းက ပြုံးပြီး ပြောလိုက်တယ်။

“ဒီလောက်ဆိုရင် ညနေထိ လှုပ်နိုင်တော့မှာ မဟုတ်လောက်တော့ ဘူး”

“စားနိုင်သောက်နိုင်တာက အေ့.... ကောင်းချီးပေးခံရ ….အေ့ …..အေ့.. တာလေ”

လေချဉ်အနည်းငယ် တက်ပြီးသွားတော့ ကျန်းကျန်းက စကားမပြောတော့ဘဲ သူမရဲ့ပါးစပ်လေးကို အုပ်ထားလိုက်တယ်။

သူမကို အစားကြီးလို့ဆိုပြီး အပြစ်မတင်သင့်ဘူး။ မှိုနဲ့ ကြက်သားစတူးလို၊ ဝက်သားနှပ်လို စားရခဲတဲ့ဟင်းမျိုးတွေကို အတူစုပေါင်းထားတာက ကောင်းကင်ဘုံကိုရောက်လောက်တဲ့အထိတောင် ခက်ခဲနေတာလေ။

All Chapters