← Chapters

Chapter 67

Vol. 7 Ch. 67

Chapter 67

Vol. 7 Ch. 67

စားသောက်ပြီးတဲ့နောက်မှာတော့ မဒမ်လီနဲ့ မိသားစုက အနောက်ဘက်အိမ်ကို စကားပြောရင်းနဲ့ သွားခဲ့ကြတယ်။ ကျန်းကျန်းကတော့ စပ်စုချင်စိတ်ကြောင် အိပ်ချင်စိတ်ကို တင်းခံထားခဲ့ပြီး ဝမ်စုဖန်က ရွေးချယ်စရာမရှိဘဲ သူမကို ချီပြီး ချော့သိပ်ရတော့တယ်။

“သမီးလေး အိပ်လိုက်တော့လေ.. အိပ်ပြီးတော့ မနက်ဖြန်ရောက်အောင် စောင့်လိုက်ရအောင် .. မနက်နိုးလာရင် သမီးရဲ့အဖေက ဝက်ကို ပေါ်ပေးပြီးတော့ စားလိုက်ရအောင် လုပ်ပေးလိမ့်မယ်”

“ဝက်ပေါ်မယ်?”

ကျန်းကျန်း မျက်လုံးတွေ ပြူးကျယ်သွားရတယ်။

“သမီးတို့ရဲ့ ဝက်သားနှပ်ကိုလား?”

“အင်းလေ”

ဝမ်စုဖန်းက ကျန်းကျန်းကို ခန်ပေါ် မှာတင်လိုက်ပြီး ခန်ပေါ်မှာ အိပ်ယာထပ်ခင်းလိုက်တယ်။ ပြီးသွားတော့ ကျန်းကျန်းရဲ့ ဂျက်ကက်နဲ့ ဘောင်းဘီအထူကို ချွတ်ပေးလိုက်ပြီး အိပ်ရာပေါ်မှာ သိပ်လိုက်တယ်။

“အိပ်လိုက်တော့နော်.. နိုးလာရင် အဖွားကို ရေဒီယိုဖွင့်ပြခိုင်းကြမယ်လေ”

ကျန်းကျန်းအနေနဲ့ သူမ မွေးလာပြီးကတည်းက စိုးရိမ်စရာတွေကို မကြုံတွေ့ခဲ့ရဖူးဘူး။

အစပိုင်းမှာတုန်းက အနည်းငယ်ခက်ခဲခဲ့ပေမဲ့ သူမရဲ့သဘာဝလွန်စွမ်းအားတွေကြောင့် မိသားစုတစ်စုလုံးက အငတ်ဘေးကို မကြုံတွေ့ခဲ့ရတော့ဘူးလေ။

ဒီအတွက်ကြောင့် ကျန်းကျန်းရဲ့ဘဝမှာ အပြင်ထွက်တာ၊ အိပ်တာ၊ စားတာ၊ ဆော့ကစားတာတွေက ပုံမှန်အတိုင်းလည်ပတ်နေခဲ့ပြီး လွတ်လပ်ကာပျော်စရာကောင်းတယ်လို့ ထင်ရပေမဲ့ အပျင်းပြေစရာဖျော်ဖြေမှုတွေ မရှိတဲ့ဘဝက ခေတ်သစ်မှရောက်လာတဲ့ သူမအတွက်တော့ အတော်လေးပျင်းစရာကောင်းနေခဲ့တယ်။

ဒါကြောင့် ဘီဒိုပေါ်မှာရှိနေတဲ့ ရေဒီယိုကို ကြည့်ပြီး အနည်းငယ်စိတ်ဝင်စားသွားရကာ မျက်လုံး မှိတ်လိုက်ပေမဲ့ မနက်ဖန် အသတ်ခံရတော့မယ့် ဝက်သားနှပ်ကို တွေးလိုက်မိပြန်တယ်။ ဒါကြောင့် သူ့ဆီကို ခဏလောက် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

တကယ်တမ်းမှာတော့တော့ ကျန်းကျန်းနဲ့ မဒမ်လီတို့ မြေကြီးသွားလှန်တဲ့နေ့ရက်တွေမှာ ကျန်းကျန်းရဲ့ တောင်ပေါ်မှာ ရတနာတူးရတဲ့ဘဝက စတင်ခဲ့ပြီး ထိုဖက်ကိုသာ အာရုံရောက်နေခဲ့တယ်။

အိမ်မှာဆိုရင်လည်း သူမက လီမင်ကျုံးနဲ့သာ စကားတွေအများကြီး ပိုပြောဖြစ်ခဲ့တယ်။ ဒါကြောင့် အနောက်ခြံထဲကို ကျန်းကျန်း သွားမလည်ဖြစ်တာ လနဲ့ချီပြီးကြာနေခဲ့ပြီ။

ဒီတော့ သူမ ရောက်လာတဲ့အချိန်မှာ အနံ့သက်ကတွေက ပိုပြီးဆိုးဝါးနေခဲ့သလို ခံစားမိရတယ်။

ကျန်းကျန်းရဲ့ အသိစိတ်က ခန္ဓာကိုယ်ထဲကနေ လွင့်ထွက်သွားပြီးနောက် ဝက်ခြံဆီသို့ရောက်သွားခဲ့ပြီး ကျန်းကျန်းက ဝက်သားနှပ်ရဲ့ အဆီပြည့်နေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

“ဝက်သားနှပ်! နင်ကတော့ တကယ်ကိုဝနေပြီပဲ!”

“ဟင်း…”

ဝက်သားနှပ်က နှာမှုတ်ထုတ်လိုက်ပြီး မြေကြီးထဲသို့ ခေါင်း မြှုပ်ကာ ဘာမှမကြားသလိုနေခဲ့ပြန်တယ်။

နောက်နေ့မနက်အစောပိုင်းမှာတော့ သည်းထန်စွာရွာသွန်းနေခဲ့တဲ့ နှင်းမိုးတွေ က ရပ်တန့်သွားခဲ့ပြီ။

လီမိသားစု မနက်စာစားပြီးသွားချိန်မှာ ဝမ်စုဖန်းက အရှေ့အိမ်နဲ့ အနောက်အိမ်မှာရှိတဲ့ အိုးကြီးတွေအားလုံးကို အပူစပေးတော့တယ်။ လီမဝူကတော့ ခြံထဲမှာထိုင်ပြီး ဓားတွေသွေးနေခဲ့လေရဲ့။

ထိုကဲ့သို့လှုပ်ရှားသံတွေကို ကြားတော့ ကြက်တွေက သူတို့ရဲ့အသိုက်ထဲမှာပဲ ငြိမ်ငြိမ်လေး ဝပ်နေခဲ့ကြတယ်။

ကြက်သားနှပ်တစ်ကောင်ကပဲ အသိုက်ထဲကနေ မလှုပ်ချင်လှုပ်ချင်နဲ့ ထွက်လာပြီး နှင်းထဲမှာ အပေါ်အောက်ခုန်ရင်း ကျန်းကျန်းရဲ့အနားကို တိုးလာတယ်။

“ကြက်တွေကို စတူးလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား? ငါ့ကိုတော့ မှိုနဲ့ ရောမချက်နဲ့နော်.. အရောအနှောတွေအားလုံးထဲမှာ အဲဒီအနံ့ကို ငါမကြိုက်ဘူး”

ကျန်းကျန်းက ခေါင်းငုံ့လိုက်ပြီး သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ကာ ကြက်သားနှပ်ရဲ့ အမောက်ကို ဆွဲကိုင်လိုက်တယ်။

“ကျန်တဲ့ကြက်တွေက တစ်နေ့လုံး ဘာမှမပြောကြဘူး.. နင် ဘာလို့ ဒီလောက်တောင် စကားများနေရတာလဲ?”

ကြက်သားနှပ်တုံးက သူမရဲ့လက်က ရှောင်နေရင်းနဲ့ ဆက်အော်လာတယ်။

“ငါက ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်အတွက် နေ့တိုင်း ထုတ်ဖော်ပြောဆိုနေတာ.. စကားမပြောကြတဲ့သူတွေကို ကြည့် လိုက်.. သူတို့တွေက အတွေးတွေတောင် ပျောက်ကုန်ပြီ.. သူတို့က လုံးဝကို ကြက်တစ်ကောင်သာသာပဲဖြစ်သွားကြပြီ။”

ကျန်းကျန်းက ရယ်ချင်သွားရတယ်။

“ ဒါဆိုနင်ကရော ကြက်မဟုတ်တော့ဘူးလား?”

“ငါက အတော်ဆုံးကြက်ပဲ၊ သူတို့နဲ့ မတူဘူး”

ကြက်သားနှပ်က သူ့ရဲ့ခေါင်းကို မော့ကာ ဆန့်ထုတ်လိုက်တယ်။

“ငါ့ရဲ့ရည်မှန်းချက်က အာလူးတွေ ၊ မှိုတွေမပါဘဲ ငါ့ကို သပ်သပ်နှပ်ပြီးချက်ထားတဲ့ ကြက်သားနှပ် ဖြစ်လာဖို့ပဲ”

ကျန်းကျန်းက တကယ်ကိုရယ်ချင်စိတ်ပေါက်လာခဲ့တယ်။

“ဟားဟား.. ငါ နင့်ရဲ့ စံရည်မှန်းချက်တွေနဲ့ ယုံကြည်ချက်တွေကို မှတ်သားထားမယ်.. အခုတော့ အသိုက်ကို ပြန်သွားတော့ .. မင်း အအေးမိသွားရင် တခြားကြက်တွေပါ ကူးသွားလိမ့်မယ်.. အဲလိုဖြစ်ခဲ့ရင် ငါနင့်ကို မုန်လာဥနဲ့ရောပြီး စတူးလုပ်ပစ်မှာနော်”

ကြက်သားနှပ်က ကြောက်သွားပြီး တုန်သွားတယ်။ ထို့နောက် အသိုက်ထဲကို အသည်းအသန်ပြေးဝင်သွားပြီးမှ နောက်ကို ပြန်လှည့်ပြီး မေးလိုက်တယ်။

“ဒီနေ့ဘယ်သူ့ကို သတ်မှာလဲ?”

“ဝက်သားနှပ်!”

ကျန်းကျန်းက ဖြေလိုက်တယ်။

“အိုး.. အဲဒီသတ္တိကြောင်တဲ့ ဝက်ပဲ”

ကြက်သားနှပ်တုံးက သူ့ရဲ့ကြက်အသိုက်ထဲကို ပြန်ဝင်လိုက်ပြီး ခေါင်းကို စိတ်မပါ့တပါထုတ်ကာ ဝက်သားနှပ်ကို သတ်တာကို စောင့်ကြည့်ဖို့ အသင့်ပြင်ထားလိုက်တယ်။

ကျန်းကျန်းက ထိုအနားကို လျှောက်သွားလိုက်ပြီး ကြက်ခြံရဲ့တံခါးကိုပိတ်လိုက်တယ်။

ကြက်ခြံက မြက်အထူကြီးတွေခင်းထားပြီး အပေါ်အောက် ရွှံ့အပြည့်နဲ့ ဖုံးနေတဲ့အတွက် တံခါးပိတ်လိုက်တဲ့အခါမှာ ကြက်ခြံရဲ့မှောင်နေတဲ့အခြမ်းကလွဲရင် ကျန်တဲ့မြင်ကွင်းကို သူတို့ မြင်ရတော့မှာမဟုတ်ဘူး။

ကျန်းကျန်းနဲ့ ကြက်သားနှပ်တုံးတို့က အသိစိတ်ကနေတဆင့် ဆက်သွယ်ပြောဆို နေတာဖြစ်တဲ့အတွက် ခြံထဲမှာ အလုပ်များနေတဲ့ မိသားစုကတော့ သတိမထားမိခဲ့ကြပါဘူး။

ရေနွေးဆူလာပြီးနောက် ဓားတွေကိုလည်း အသင့်အနေအထားအထိသွေးပြီးတဲ့နောက်မှာ လီမူစန်းက သူ့ရဲ့ဇနီးသည်နဲ့ ကလေးတွေကို အတူခေါ်ကာ ရောက်ရှိလာခဲ့တယ်။

သားသတ်သမားကလည်း ရောက်ရှိလာပြီဖြစ်ကာ သူတို့ကို နှုတ်ဆက်ပြီးဝင်လာခဲ့တယ်။

လူတွေအားလုံးစုံပြီဖြစ်လို့ လီမူဝမ်က လျှော်ကြိုးကို သွားယူလာပြီး ဝက်ဖမ်းဖို့အတွက် အမျိုးသားတွေကို ခြံနောက်ဘက်ကို ခေါ်သွားလိုက်တယ်။ ဒါပေမဲ့ တံခါးကိုဖွင့်ပြီး ဝင်သွားလိုက်တဲ့အချိန်မှာတော့ လူတိုင်း အံ့အားသင့်သွားကြရတယ်။

ခြံစည်းရိုးက လဲနေခဲ့ပြီး ဝက်ခြံရဲ့အောက်ခြေမှာလည်း တွင်းကြီးတစ်ခုရှိနေခဲ့ကာ ဝက်ကတော့မဋ္ရှိတော့ဘူး။

ဒါပေမဲ့ ဒီဝက်တွေက ဘယ်ကို ထွက်ပြေးရမလဲဆိုတာကို မသိကြဘူးမလား။

ခြံတိုင်တွေ မြေကြီးပေါ်လဲကျနေတာကို တွေ့တော့ သားသတ်သမားကလည်း အံ့အားသင့်သွားခဲ့တယ်။

“ကျွန်တော် နှစ်တွေအများကြီး ဝက်တွေ သတ်ခဲ့လာတာ.. ဒါပေမဲ့ ဝက်ခြံထဲကနေ ဝက်ထွက်ပြေးသွားတာကတော့ ဒါ ပထမဆုံး မြင်ဖူးတာပဲ”

လီမူဝူတစ်ယောက် သူတို့မိသားစုရဲ့ (၃၀၀)ကီလိုလောက်ရှိတဲ့ ဝက်ဝတုတ်ကြီးက သူ့ရဲ့တစ်ကိုယ်လုံးတုန်ယင်နေပြီး အကြောက်ကာ ထွက်ပြေးသွားတာဖြစ်မယ်လို့ တွေးလိုက်မိတယ်။

ကံကောင်းစွာနဲ့ မနေ့ညရဲ့ညလယ်လောက်မှာ နှင်းကျတာ ရပ်သွားတဲ့အတွက် ဝက်သားနှပ်ရဲ့ ကျန်ရှိနေတဲ့ခြေရာတွေကိုတော့ ထင်ထင်ရှားရှား မြင်တွေ့နေရတုန်းပဲ။

လီမူဝူက ခေါင်းပေါ်မှာ ဦးထုပ်ကို သေသေချာချာဆောင်းလိုက်ပြီး စိမ်းဖန့်နေတဲ့မျက်နှာနဲ့ အိမ်ထဲသို့ဝင်ကာ အနီးပစ်သေနတ်နဲ့ ပြေးထွက်လာခဲ့တယ်။

“ဖမ်းမိလို့ကတော့ စတူးလုပ်စားပစ်မယ်”

ထိုမြင်ကွင်းကို မြင်တော့ လီမူဝမ်းနဲ့ လီမူစန်းတို့ကလည်း သူ့ရဲ့ အနောက်ကနေ အမြန်လိုက်သွားခဲ့ကြတယ်။ သားသတ်သမားသည်လည်းလည်း သူ့ရဲ့သားသတ်ဓားကို ထုတ်ယူလိုက်ပြီး အနောက်ကနေလိုက်သွားရတော့တယ်။

ကျန်းကျန်းက အစာသွပ်ပိုင်မုန့်ကို စားနေရင်း ခန်ပေါ်မှာထိုင်နေခဲ့တာ။ ထိုအခိုက်မှာ အပြင်ဘက်မှ ထွက်ပေါ်လာတဲ့ ရုတ်ရုတ်သဲသဲအသံတွေကို ကြားတော့ ဘာတွေဖြစ်နေကြသလဲဆိုတာသိချင်ခဲ့တာကြောင့် လီမင်ကျုံးကိုအမြန်သွားကြည့်ခိုင်းခဲ့တယ်။

လီမင်ကျုံးက အပြင်ကို ထွက်သွားခဲ့ပြီး ခဏအကြာမှာ ဒေါသတကြီးနဲ့ ပြန်လာပြောတော့တယ်။

“ဝက်သားနှပ် အိမ်ကနေ ထွက်ပြေးသွားတယ်”

ဝက်သားနှပ်ထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းကိုကြားတော့ ကျန်းကျန်း ရုတ်တရက် ထရယ်လိုက်တယ်။

“ဝက်သားနှပ်က အခုလိုထွက်ပြေးဖို့ ကြံစည်နေတာကို ငါတကယ်မသိခဲ့ဘူး”

သူမက ဂျက်ကက်အင်္ကျီကို ဝတ်လိုက်ပြီး လီမင်ကျုံးကိုခေါ်ကာ အပြင်ကို ပြေးထွက်သွားတော့တယ်။ သို့ပေမယ့်ထိုအချိန်မှာ မဒမ်လီ အိမ်ထဲကို ပြန်ဝင်လာတာနဲ့ကြုံပြီး ကျန်းကျန်းကို ဆွဲပွေ့ထားလိုက်တယ်။

“ပေါင်ပေ့ ဘယ်ကိုသွားဖို့ လုပ်နေတာလဲ?”

“အဖေ ဝက်သားနှပ်ကိုလိုက်ဖမ်းတာကို သွားကြည့်ချင်လို့”

ကျန်းကျန်းက မြေကြီးပေါ်သို့ လျှောချဖို့ ကြိုးစားနေရင်း ပြန်ဖြေလိုက်တယ်။

မဒမ်လီက သူမရဲ့ဖင်လေးကို ဆွဲဆိတ်လိုက်တယ်။

“မြန်မြန်ရပ်လိုက်တော့.. ဆောင်းတွင်းကြီးမှာ ဘယ်သူကမှ သမီးကို တောင်ပေါ်အထိခေါ်သွားပေးမှာ မဟုတ်ဘူး.. ပြီးတော့ အပြင်က လူတွေကလည်း သူ့နောက်ကလိုက်သွားကြသေးတယ်”

ကျန်းကျန်းလည်းမဒမ်လီရဲ့စကားတွေကြောင့် ခေါင်းညိတ်ရင်း အောက်ကိုဆင်းလိုက်တယ်။

“ခြံထဲမှာပဲ ကစားနေနော်.. ခြံပြင်ကို မထွက်နဲ့”

ကျန်းကျန်းက မဒမ်လီရဲ့စကားကိုသဘောတူလိုက်ပြီး လီမင်ကျုံးကိုခေါ်ကာခြံထဲကို ဆင်းသွားလိုက်တယ်။

ကြက်သားနှပ်က ကြက်ခြံထဲမှာရှိနေခဲ့ပြီး ကျန်းကျန်းရဲ့အသံကို ကြားတော့ သူ့ကို လွှတ်ပေးဖို့ တောင်းဆိုတော့တယ်။

ကျန်းကျန်းလည်း ကြက်ခြံကို သွားဖွင့်ပေးလိုက်တယ်။

ခြံထဲက ထွက်လာရတယ်ဆိုရင်ပဲ ကြက်သားနှပ်က သူများဒုက္ခရောက်နေတာကို အားရကျေနပ်တဲ့ အသံနဲ့အော်ဟစ်လာတယ်။

“ဝက်သားနှပ် ထွက်ပြေးသွားပြီလား?”

ကျန်းကျန်း နှင်းပုံဘေးမှာ ထိုင်လိုက်ပြီး နှင်းလုံးလေး လုံးလုပ်ကာ ကြက်သားနှပ်ရဲ့ ခေါင်းကို ပစ်လိုက်တယ်။

“ဝက်သားနှပ်က အရမ်းဝနေပြီဆိုတာကို ငါ ဘာလို့ အရင်တုန်းက သတိမထားမိရတာလဲ? မနေ့တုန်းက သူ့ကို သွားကြည့်မိတော့မှ သူ အဲလောက်ထိ ဝနေတာကိုသိလိုက်ရတာ အဲဒါကြောင့် အစားခံရဖို့ ဖြစ်သွားတာပဲ”

“အဲ့လောက်လည်း မဆိုးပါဘူး.. ဝက်သားနှပ်ကကို သိက္ခာမရှိတာ.. တစ်နှစ်လောက် ကျွေးမွေးထားရတာကို ထွက်ပြေးရတယ်လို့”

ကြက်သားနှပ်ရဲ့အသံက အထင်အမြင်သေးဟန်ရှိနေခဲ့တယ်။

“ ငါဆိုရင် အပြင်မှာ ထားရင်တောင် ထွက်မပြေးဘူး”

“နင်က ခေါင်းဖြတ်ခံရမှာကို မကြောက်ဘူးလား?”

ကျန်းကျန်းက ခေါင်းငဲ့ပြီး စိုက်ကြည့်လိုက်တယ်။

“မကြောက်ပါဘူး.. ငါက စံနမူနာတွေ၊ ယုံကြည်ချက်တွေအပြည့်ရှိတဲ့ ကြက်တစ်ကောင်ပဲ.. မယုံရင် ငါ့ကိုသတ် ကြည့်လိုက်.. ငါလုံးဝထွက်မပြေးဘူး”

ကြက်သားနှပ်တုံးက သူ့ရဲ့ခေါင်းကို မော့ထားပြီး ကျန်းကျန်းရဲ့အရှေ့မှာ ဘယ်ညာယိမ်းကာ သူ့ရဲ့ရိုးသားမှုကို ဖော်ပြလိုက်တယ်။

“တော်တော့.. အသိုက်ထဲကို မြန်မြန်ပြန်လိုက်တော့.. ဝက်သားနှပ်ဘယ်လိုဖြစ်နေပြီလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်”

ကျန်းကျန်းက အိမ်ထဲကိုပြန်ဝင်လိုက်ပြီး ကုတ်အင်္ကျီနဲ့ ဦးထုပ်ကိုချွတ်ကာ ခန်ပေါ် ကိုတက်လိုက်တယ်။

ထို့နောက်သူမရဲ့အသိစိတ်ကို ခန္ဓာကိုယ်ထဲကနေ ထွက်လိုက်ပြီး ဝက်သားနှပ်ကို ခြေရာခံလိုက်တော့တယ်။

လီမင်နန်နဲ့ လီမင်ပေတို့တွေ ဝက်သားနှပ်ကို စမွေးကြတဲ့အချိန်တုန်းက အဆီပေါများတဲ့အသားကို စားချင်တာကြောင့် အသားပိုတိုးလာစေဖို့အတွက် တစ်နေ့ကို တောဟင်းရွက်တွေ၊ ကန်စွန်းဥတွေ၊ ကန်စွန်းဥရွက်တွေပါတဲ့ ဝက်စာသုံးကြိမ်လောက်ကျွေးကြတယ်။

တခြားသူတွေမွေးတဲ့ ဝက်က (200) ကတ်တီကျော်လောက်ပဲ ရှိတယ်ဆို ရင် ဝက်သားနှပ်ကတော့ (၃၀၀)ကတ်တီလောက် အသာလေး ရှိနိုင်တယ်။

ဝက်သားနှပ်ရဲ့ခန္ဓာကိုယ်က အလွန်လေးလံပြီး ဝက်ခြံရဲ့ ခြံစည်းရိုးကို ဖျက်ဆီးပြီးတဲ့နောက် အမှောင်ထဲမှာပဲ ပြေးလွှားရင်း နောက်ဆုံးမှာတော့ တောင်ပေါ်သို့တက်တဲ့လမ်းကို ရှာတွေ့သွားခဲ့တယ်။

လီမူဝူနဲ့ သူ့ရဲ့အဖွဲ့က တောင်ခြေမှာ ဝက်သားနှပ်ကို ခြေရာခံလိုက်ရင်း နှင်းတွေထူနေတဲ့ ထင်းရှုးတောကို ကြည့်ကာ အနည်းငယ် စိုးရိမ်သွားကြတယ်။

ဒီနှစ်ရဲ့ဆောင်းမှာနှင်းတွေက သိပ်ပြီးမစဲခဲ့ဘူး။ ဒီတော့ထင်းရှူးတောထဲက နှင်းတွေက မီတာဝက်လောက် ထူနိုင်တယ်။

သူတို့တွေ ဝက်သားနှပ်ရဲ့ ခြေရာတွေကိုမြင်နိုင်ခဲ့ပြီး လူတွေ ဝင်သွားရင် သူတို့ရဲ့ပေါင်အထိ နှင်းတောမှာမြုပ်သွားနိုင်လောက်လေ။

လူတွေ လမ်းလျှောက်ပြီးဝင်သွားဖို့လွယ်ပေမဲ့ ဝက်တစ်ကောင်စာဆိုရင် ပိုပြီးခက်ခဲနေလိမ့်မယ်။ ဒီလောက်ထိ ထူတဲ့ နှင်းထုထဲမှာ ဝက်သားနှပ်ရဲ့ ခေါင်းက သေချာပေါက် နစ်မြုပ်နေမှာပဲ။

လီမိသားစုကဝက်သားနှပ်ရဲ့နောက်ကနေ အလွယ်တကူလိုက်သွားခဲ့ကြပြီး မီတာ၂၀၀လောက် တက်ပြီးနောက်မှာတော့ နှင်းတောထဲမှာ လဲလျောင်းပြီး ပင်ပန်းစွာငြီးတွားနေတဲ့ ဝက်ကြီးကို တွေ့လိုက်ရတော့တယ်။

ဝက်သားနှပ် မောပန်းနေတာကို တွေ့တော့ လီမူဝူက သူ့ရဲ့လက်ထဲက လျှော်ကြိုးကို အမြန်ထုတ်လိုက်ပြီး ဝက်ကိုတင်းတင်းချည်လိုက်ကာ နှင်းတောတလျှောက် ဆွဲချလာခဲ့လိုက်တော့တယ်။

All Chapters