← Chapters

ကျန်းချူရန်နှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1088

ကျန်းချူရန်နှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1088

ကြယ်ပင်လယ် အတွင်းရှိ ကြီးမားသော ဂိုဏ်းများသည် တစ်ဦးထက် ပိုသော နတ်ဘုရား မင်းသားများကို ပိုင်ဆိုင် ထားကြသည်။ ကမ္ဘာသို့ ရောက်ရှိလာသော နတ်ဘုရားများမှာ အားအနည်းဆုံးများ ဖြစ်ကြပေသည်။ ထိုအရာက ချန်းဖန်အား စိတ်ဝင်စားစေ၏။ သို့သော်လည်း ချန်းဖန်သည် ကြောက်ရွံ့ခြင်း မရှိပါချေ။ သူသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များမှ တစ်ပါး မည်သည့် အရာကိုမှ ကြောက်လန့်ခြင်း မရှိချေ။

“ငါ အရင်ဆုံး ကျန်းချူရန်ကို ရှာရမယ်... ပြီးရင် နတ်ဘုရား မင်းသား ဆိုတဲ့ကောင်တွေနဲ့ စာရင်းရှင်းပြီး အပြင် ကမ္ဘာကို ပြန်မယ်”

ချန်းဖန်က တွေးလိုက်၏။ ထို့ကြောင့် သူက နတ်ဘုရား ကုန်းမြေ၏ လက်ရှိ အခြေအနေနှင့် သက်ဆိုင်သည့် မေးခွန်း အနည်းငယ်ကို ထပ်မံ မေးမြန်း လိုက်သည်။

နတ်ဘုရား ကုန်းမြေ တစ်ခုလုံးကား အလွန်အမင်း ကျယ်ပြန့်သည်။ ထိုနေရာ၌ မိစ္ဆာများ ပြည့်နှက် နေသည့်တိုင် ရှေးဟောင်းခေတ် နတ်ဘုရားများနှင့် သူတော်စင်များ၏ ခန္ဓာရုပ်ကြွင်းများ ရှိပေရာ ရတနာများ အချိန်မရွေး ထွက်ပေါ် လာတတ်ပေသည်။

ဝူရှို့သည် ထိုအကြောင်းအရာမျးကို တစ်ခါထက် မက ကြားဖူး၏။ တစ်ခါက ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်သည် တောင်တန်းများ အကြား၌ ဓားကျိုး တစ်ချောင်းကို တွေ့ရှိ ခဲ့ရသည်။ ၎င်းသည် အလွန် ထက်ရှကာ နတ်ဘုရား ရတနာ တစ်ခုနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

အခြား ကျင့်ကြံသူ တစ်ယောက်မှာမူ ရေကန်တစ်ခု၏ အောက်ခြေ၌ စာအုပ် တစ်အုပ် ထည့်ထားသော ကျောက်စိမ်း သေတ္တာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုအုပ်သည် မည်သူမျှ နားမလည်နိုင်သည့် ရှေးဟောင်း သင်္ကေတများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း ထိုစာအုပ်ကို မည်သည့် ဓမ္မ ရတနာနှင့် ဓားပျံများကမှ မဖျက်ဆီးနိုင်ခဲ့ချေ။

နတ်ဘုရား ကုန်းမြေကား ထိုကဲ့သို့ ရတနာ အမျိုးမျိုး ပြည့်နှက်နေသော နေရာ တစ်ခု ဖြစ်ပေသည်။ ထိုနေရာရှိ ဓားကျိုး တစ်ခုပင်လျှင် နတ်ဘုရား တစ်ပိုင်း လက်နက်နှင့် နှိုင်းယှဥ်နိုင်ပေသည်။

“နတ်ဘုရား ကုန်းမြေရဲ့ အတွင်းပိုင်းကို သွားလေလေ ပိုပြီး များပြားရဲ့ ရတနာတွေကို တွေ့နိုင်လေလေပဲ... ဒါပေမဲ့ အန္တရာယ်ကလည်း ပိုပြီး ကြီးမားလာတယ်.... အဲဒီ နေရာမှာ အစီအရင် ထောင်ချောက်တွေ အပြင် အစွမ်းထက်တဲ့ မိစ္ဆာတွေပါ အများကြီး ရှိနေနိုင်တယ်... ကျွန်တော်တို့ ကြားရ သလောက်တော့ ဗဟိုမှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် သားရဲတွေတောင် ရှိနေနိုင်တယ် တဲ့... ကျွန်တော်တို့ကတော့ ဒီအပြင်ဘက်မှပဲ ရှာဖွေပြီး ပြန်မှာပါ... အဲဒီ နေရာကို သွားဖို့ စိတ်ကူးမရှိဘူး”

ဝူရှို့က ခေါင်းအား ခါယမ်း လိုက်သည်။

“ငါက အပိုလို နန်းတော်နဲ့ တိုင်ချူ နတ်ဘုရား နယ်မြေက လူတွေကို လိုက်ရှာနေတာ... သူတို့ ဘယ်နေရာမှာလဲ မင်းသိလား”

ချန်းဖန်က မေးလိုက်သည်။

“အပိုလို နန်းတော်...”

ဝူရှို့မှာ အံ့အားသင့် သွား၏။

“အပိုလို နန်းတော်က တောင်ပိုင်း‌ဒေသငယ် ကောင်းကင်နယ် တစ်ခုရဲ့ ထိပ်ဆုံးဂိုဏ်းပဲ... ကျုပ် ပြောတာ မမှားရင် သူတို့က နတ်ဘုရား ကုန်းမြေ အတွင်းပိုင်းကို ရောက်နေလိမ့်မယ်... အဲဒီ‌ နေရာမှာ ပေတစ်သောင်း ရှည်တဲ့ ဘုရားကျောင်း တစ်ခု ရှိတယ်တဲ့... မဟာ အခွင့်အရေး ဆိုတာက အဲဒီ နေရာမှာ ရှိနေမယ် ထင်တာပဲ... ဂိုဏ်းကြီးတွေက လာတဲ့ ကျင့်ကြံသူ အားလုံးက အဲဒီကို သွားကြတယ်လေ... ဒါပေမဲ့ ရောင်းရင်းလင်း ဂရုစိုက်မှ ဖြစ်မယ်... အဲဒီ နေရာမှာ ရှိတဲ့ မိစ္ဆာတွေက အရမ်း အန္တရာယ်များတယ်... အချို့ အခြေတည် ဝိညာဥ် အဆင့်တွေတောင် သူတို့ သတ်တာကို ခံရတယ်”

“ကျေးဇူးပဲ... ငါနားလည်ပြီ”

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူသည် အနက်ရောင် အလင်းတန်း အသွင် ပြောင်းလဲကာ နတ်ဘုရား ကုန်းမြေ၏ ဗဟို ရှိရာသို့ ဦးတည်၍ ပျံသန်းသွားတော့၏။

“လင်းဟယ်က သူများတွေ ပြောသလောက်လည်း မဆိုးပါဘူး”

ပန်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး တပည့်က အဝေး၌ ပျောက်ကွယ်သွားသည့် အနက်ရောင် အလင်းတန်းကို ကြည့်ကာ ရေရွတ် လိုက်သည်။

“ဘုန်း...”

ချန်းဖန်သည် ဆက်လက် ပျံသန်းနေ၏။ သူသည် နတ်ဘုရား ကုန်းမြေ၏ အတွင်းပိုင်းသို့ ရောက်လာသည်နှင့် အမျှ ပိုမို များပြားသော မိစ္ဆာများကို တွေ့မြင် လာရသည်။ အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာများ ဆိုလျှင်‌ နေရာ အနှံ့၌ ပြန့်ကျဲနေ၏။

ချန်းဖန် ပထမ တွေ့ရသော မိစ္ဆာများမှာ အများအားဖြင့် အခြေတည် ဝိညာဥ် အစောပိုင်း အဆင့်များ ဖြစ်သည်။ ထို့နောက်တွင် အခြေတည် ဝိညာဥ် အလယ်ဆင့်များကိုပါ တွေ့လာရသည်။ အဆုံးတွင်မူ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များပင် ပေါ်လာခဲ့၏။

ထိုမိစ္ဆာများမှာ အရပ် ပေပေါင်းများစွာ ရှည်လျားသည်။ သူတို့ထဲမှ အချို့မှာ အနက်ရောင် အကြေးခွံများ၊ ဦးချိုများကို ပိုင်ဆိုင်ထားကာ အချို့မှာမူ ရာချီသော ဦးခေါင်းများ၊ မျက်လုံးများကို ပိုင်ဆိုင် ထားကြသည်။ အချို့မူကား ကောင်းကင်၌ နဂါးများ သဖွယ် ပျံသန်း နေကြ၏။ သူတို့ အားလုံးကား ဤဧရိယာ၏ အရှင်သခင်များ ဖြစ်ကြပေသည်။ သူတို့သည် ချန်းဖန်အား မကြောက်လန့်ကြသည့် အပြင် စိန်ခေါ်၍ပင် နေလိုက်သေးသည်။

သို့သော်လည်း မိစ္ဆာ ဘိုးဘေး ခြောက်ကောင်သည် ချန်းဖန်၏ ရှေ့မှ ပျံသန်းကာ အတားအဆီး အားလုံးကို ရှင်းလင်းပေး၏။ ၎င်းတို့၏ လက်၌ များစွာသော မိစ္ဆာများမှာ အပိုင်းပိုင်း ဆွဲဖြတ်ကာ သတ်ဖြတ် ခံနေရလေသည်။

“ရောက်ခါနီးပြီ...”

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ နတ်ဘုရား ကုန်းမြေကား အလွန်ပင် ကျယ်ပြန့် လွန်းသည်။ သူ ပင်လျှင် ဗဟိုနေရာသို့ ရောက်ရှိရန် အချိန် ကြာမြင့်စွာ ပျံသန်း ခဲ့ရသည်။ ထိုနေရာကား အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များ အတွက်ပင် ခြေလှမ်းတိုင်း၌ အန္တရာယ် ကျရောက်နိုင်သည့် နေရာ ဖြစ်ပေသည်။

“ဒါက ဘုရားကျောင်းလား...”

ချန်းဖန်က ရေရွတ်လိုက်၏။ မကြာခင်မှာပင် ရှည်လျားသော မျှော်စင် ဘုရားကျောင်းကြီးမှာ သူ၏ အရှေ့၌ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ချန်းဖန်သည် ပိုမို နီးကပ်လာသည်နှင့် အမျှ ထိုဘုရားကျောင်းကြီးမှာ ပေတစ်သောင်းခန့် ရှည်လျားကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် တောင်တစ်လုံး အလား မားမားမတ်မတ် တည်ရှိကာ အနက်ရောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထား၏။ ဘုရားကျောင်း၏ နံရံထက်တွင်မူ အိုမင်းသော ရှေးဟောင်း သင်္ကေတများကို တွေ့ရသည်။ ထိုဘုရားကျောင်းသည် လျှို့ဝှက်သော စွမ်းအင်များဖြင့် ပြည့်နှက်နေကော  နတ်ဘုရား အလင်းဖြင့် ထွန်းလင်းနေ၏။

ဘုရားကျောင်း တံခါး၏ အထက်တွင်မူ “မူလ နတ်ဘုရား နန်းတော်” ဟု အဓိပ္ပာယ် ရသည့် ကြီးမားသော စကားလုံးကြီးများကို တွေ့ရသည်။

ထိုအရာက မည်သည်ကို ဆိုလိုသနည်း။ ချန်းဖန်သည် မျက်မှောင်ကြုတ် လိုက်၏။ သူသည် ထိုအရာ၏ အဓိပ္ပာယ်ကို နားမလည်ပါချေ။

ချန်းဖန်သည် ပိုမို နီးကပ်လာည်နှင့် အမျှ ဘုရားကျောင်း၏ တစ်ဝိုက်၌ လူအချို့ စုစည်းနေသည်ကို တွေ့လိုက်ရသည်။ ထိုအထဲမှ များစွာမှာ ပေတစ်ထောင်ခန့် မြင့်မားသည့် လေသင်္ဘောကြီးများ၊ အခြေတည် ဝိညာဥ် အဆင့် သားရဲကြီးများကို စီးနင်း ထားကြသည်။ သူတိုသည် အုပ်စု တစ်ခုလျှင် အနည်းဆုံး အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ရှိနေကြပေသည်။

ချန်းဖန် ကဲ့သို့ တစ်ကိုယ်တော် ကျင့်ကြံသူများမှာမူ ရှားပါးလှ၏။ သို့တိုင်အောင် သူတို့ အားလုံးမှာ အလွန် အစွမ်းထက်ကြကာ အထင်သေး၍ မရသူများ ဖြစ်သည်။

“မင်းက လော့ဖုန်းဂိုဏ်းကလား ကောင်းကင်မိစ္ဆာ ချိုင့်ဝှမ်းကလား ဒါမှမဟုတ် မိစ္ဆာနေဂိုဏ်းကလား”

တစ်ယောက်က ချန်းဖန် အနားသို့ ပျံသန်းလာကာ မေးလိုက်၏။

“ငါက မိစ္ဆာနေဂိုဏ်းက လင်းဟယ်ပဲ”

ချန်းဖန်က ခပ်တည်တည်ပင် ပြန်ဖြေ လိုက်သည်။

“ဪ... နတ်ဘုရားမင်းသား လင်းဟယ်ကိုး... နတ်ဘုရား ကုန်းမြေရဲ့ ဗဟိုကို တစ်ယောက်တည်း ရောက်လာနိုင်တာ အံ့သြစရာ မရှိတော့ဘူး”

ထိုလူ၏ မျက်လုံးများက တောက်ပသွားသည်။ ထို့နောက် သူက ချန်းဖန်ကို သူတို့ဂိုဏ်း၏ ဓမ္မ ယာဥ်ပျံပေါ် ဖိတ်ခေါ်၏။ ထိုယာဥ်ပျံမှာ ရဲတိုက် တစ်ခု အရွယ်အစား ရှိကာ တစ်ဦးထက် ပိုသော အခြေတည် ဝိညာဥ် အဆင့်များနှင့် ရွှေအမြုတေ အဆင့် ရာချီကို သယ်ဆောင်ထားပေသည်။

ချန်းဖန်အား လာရောက် မိတ်ဆက်သူမှာ လင်းယွင်ဟု ခေါ်ပြီး သူသည်လည်း အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်ပေသည်။

“ကျုပ်တို့က ဝူလွမ်း ဂြိုဟ်နယ်မြေ၊ ရွှမ်ဖုန်းဂိုဏ်းကပါ... ကျုပ်တို့ဂိုဏ်းက မိစ္ဆာနေဂိုဏ်းလောက် အင်အား မကြီးဘူး ဆိုပေမဲ့လည်း မကြာခင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်‌တော့မယ့် ဘိုးဘေး တစ်ယောက်တော့ ရှိပါတယ်... ဒါပေမဲ့ ကံကဆိုးပါတယ်ဗျာ... သူတို့က ကျုပ်တို့ဂိုဏ်းကို ဘုရားကျောင်း အတွင်း ဝင်ခွင့် မပြုဘူးလေ”

လင်းယွင်က ညည်းတွား လိုက်သည်။

“အဲဒီဂိုဏ်းကြီးတွေက မင်းတို့ကို မဝင်ခိုင်းတာလား”

ချန်းဖန်က မေးရင်း လေထဲ၌ လွင့်မြောနေသည့် သင်္ဘောကြီးများကို ကြည့်လိုက်သည်။ ထိုလေသင်္ဘော အားလုံးမှာ ပေတစ်ထောင်ခန့် မြင့်မားကြကာ သာမန် ကောင်းကင် ရတနာများထက်ပင် ပို၍ အစွမ်းထက်ကြပုံ ပေါ်သည်။ ထိုအရာများမှာ ထိပ်တန်း တိုက်ပွဲဝင် ရတနာများ ဖြစ်ကာ အခြေတည် ဝိညာဥ် အဆင့်များကိုပင် တိုက်ခိုက်မှု တစ်ခု အတွင်း သတ်ဖြတ်ပစ်နိုင်ကြပေသည်။

“ဟုတ်တယ်... ဒါတွေ ထားလိုက်ပါဗျ”

လင်းယွင်က ‌ခေါင်းအား ခါယမ်းကာ သူ၏ အရှေ့ရှိ ဘုရားကျောင်းကို လက်ညိုးထိုးပြ လိုက်သည်။

“အဲဒီ ဘုရားကျောင်းက ဘာလဲ ဆိုတာ ရောင်းရင်းလင်း သိလား”

“ကျေးဇူးပြုပြီး အလင်းပြပေးပါဦး...”

ချန်းဖန်က ပြောလိုက်သည်။

“ဟဟ...”

လင်းယွင်က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်၏။

“သာမန် လူတွေကတော့ အဲဒါကို ဘယ်သိနိုင်မလဲ... ဒါပေမဲ့ ကျုပ်က စာအုပ်တွေ ဖတ်ရတာ ကြိုက်တဲ့လူလေ... ကျုပ်တို့ဂိုဏ်းမှာ ရှိတဲ့ ‌ရှေးဟောင်း မှတ်တမ်းတွေဆို ကျုပ် မဖတ်ဖူးတာ တစ်ခုမှ မရှိဘူး... ဒါကြောင့်ပဲ ကျုပ်က အဲဒီ သင်္ကေတတွေကို နည်းနည်း နားလည်နေတာ”

“တံခါးပေါ်မှာ ရေးထားတဲ့ စာကို တွေ့လား အဲဒါက ဒီဘုရားကျောင်းကို မူလ နတ်ဘုရား နန်းတော်လို့ ခေါ်တယ် တဲ့... ကျုပ် ဖတ်ဖူးတဲ့ ရှေးဟောင်း မှတ်တမ်းတွေနဲ့  ဒီနာမည် ပေါင်းစပ်လိုက်တဲ့ အခါ အရာ အားလုံးက ကျုပ် စိတ်ထဲမှ ရှင်းလင်း သွားခဲ့တယ်လေ... တကယ်တော့ ဒီနေရာက နတ်ဘုရား ကုန်းမြေရဲ့ ဗဟိုချက်ပဲ... နတ်ဘုရား ကုန်းမြေ တစ်ခုလုံးရဲ့  စွမ်းအင်တွေ စုစည်းတဲ့ နေရာ ဆိုလည်း ဟုတ်တယ်”

လင်းယွင်၏ စကားက ချန်းဖန်ကို အတွေးနက် သွား‌စေ၏။ သူသည် ယခင် သိရှိထားသော အရာများနှင့် စုပေါင်းကာ ကောက်ချက်ချရန် ကြိုးစားလိုက်သည်။

“ဒီတော့ကာ ဒီဘုရားကျောင်းက ရှေးဟောင်း နတ်ဘုရားတွေ ဆောက်လုပ်ထားတာ မဟုတ်ပဲ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းလို နတ်ဘုရားဂိုဏ်းကြီးတွေက ဆောက်လုပ်ထားတာပေါ့... သူတို့က ဒီဘုရားကျောင်းကို မိစ္ဆာချီ သန့်စင်ဖို့နဲ့ နတ်ဘုရား အမတေ သိုလှောင်ဖို့ အသုံးပြုခဲ့တာပဲ... ဒါပေမဲ့ ဒီဘုရားကျောင်းပေါ်က သင်္ကေတတွေက နတ်ဘုရား ကုန်းမြေပေါ်က နတ်ဘုရား သင်္ကေတတွေနဲ့တော့ မတူဘူး”

ချန်းဖန်က တွေးလိုက်သည်။ သို့သော်လည်း ဘုရားကျောင်းပေါ်ရှိ သင်္ကေတများမှာ နတ်ဘုရား ကုန်းမြေ တစ်ခုလုံးနှင့် ချိတ်ဆက်နေပုံ ပေါ်သည်။ ဆရာထန်ချင်နှင့် အခြားလူများမှာ နတ်ဘုရား သင်္ကေတများ အကြောင်း သိပ်မရှိကြချေ။ ထို့ကြောင့်ပင် ဤနန်းတော်ကို ဆောက်လုပ်သူက သူတို့ မဖြစ်နိုင်ချေ။

အကယ်၍ နတ်ဘုရား အမတေသာ ထိုနန်းတော် အတွင်း တည်ရှိနေပါက ထိုအရာမှာ အကောင်းမွန် ဆုံးသော အခွင့်အရေးကြီး ဖြစ်ပေလိမ့်မည်။ ချန်းဖန် ပင်လျှင် ထိုအရာ အတွက် စိတ်လှုပ်ရှားနေမိ၏။

နတ်ဘုရားချီသည် နတ်ဘုရား ကျောက်တုံး၊ နတ်ဘုရား သလင်းကျောက်များ အဖြစ် ဖွဲ့စည်း နိုင်ပေသည်။ နတ်ဘုရား ကျောက်တုံး တစ်ခုမှာ သာမန် ဝိညာဥ်ကျောက်တုံး တစ်သန်းထက်ပင် ပို၍ အစွမ်းထက်ပေသည်။

“နတ်ဘုရား ကျောက်တုံးသာ ဒီနေရာမှာ ရှိနေရင် ငါ အခြေတည် ဝိညာဥ် အဆင့်ကို ကျိန်းသေ ရောက်နိုင်မှာ သေချာတယ်... အဲဒါဆိုရင် ငါ့ရဲ့ နတ်ဘုရား အဆင့် ရွှေအမြုတေနဲ့ အတူ နတ်ဘုရား ခန္ဓာ၊ နတ်ဘုရား ဝိညာဥ်တို့ကိုပါ ဖွဲ့စည်းနိုင်မှာ သေချာတယ်”

ချန်းဖန်မှာ တွေးနေမိ၏။ သို့သော်လည်း လင်းယွင်၏ စကားအရ ဆိုလျှင် ဂိုဏ်းကြီးများမှာ နန်းတော်၏ တံခါးကို ပိတ်လိုက်ကြပြီ ဖြစ်သည့် အပြင် တိုင်ချူဂိုဏ်းနှင့် အပိုလိုဂိုဏ်းတို့၏ နတ်ဘုရား မင်းသားများမှာလည်း အထဲသို့ ဝင်သွားကြပြီ ဖြစ်သည်။ နတ်ဘုရား မင်းသားများ ရှာဖွေ မပြီးခင်အထိ သာမန် ဂိုဏ်းများမှ လူများမှာ အပြင်တွင်သာ စောင့်နေရမည် ဖြစ်သည်။

“ရောင်းရင်းလင်း... ဂိုဏ်းကြီးတွေကို တစ်ယောက်တည်း ရင်ဆိုင်လို့ မရဘူးနော်... တကယ်လို့ ရောင်းရင်းလင်း အနေနဲ့ မိစ္ဆာနေဂိုဏ်းရဲ့ အကြီးအကဲ အချို့နဲ့ တပည့် အချို့ကို ခေါ်လာခဲ့မယ် ဆိုရင်တော့ အထဲကို ဝင်နိုင်မှာ သေချာတယ်”

လင်းယွင်က သက်ပြင်းချ လိုက်၏။

“ဟဟ...”

ချန်းဖန်က ရယ်မောရင်း နန်းတော်၏ ဝင်ပေါက်ကို လှမ်းကြည့် လိုက်သည်။ ထိုနေရာ၌ ကြီးမားသော သင်္ဘောကြီး အချို့မှာ ပိတ်ဆို့ကာ အခြား ကျင့်ကြံသူများအား တားဆီး နေသည်ကို တွေ့မြင်ရသည်။ သူတို့၏ ခေါင်းဆောင်များမှာ အခြေတည် ဝိညာဥ် အလယ်ဆင့် သို့မဟုတ် ထိပ်ဆုံး အဆင့်၌ ရှိနေကြသော ကျင့်ကြံသူများ ဖြစ်ကြ၏။ လင်းယွင်၏ စကားအရ ဆိုလျှင် ထိုလူများမှာ “နတ်ဘုရား ဗိုလ်ချုပ်များ” ဖြစ်ကြပေသည်။

နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်ချင်းစီကား အလွန် အစွမ်းထက်သော အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ကျင့်ကြံသူ တစ်ယောက်သည် အခြေတည် ဝိညာဥ် အလယ်ဆင့်ကို ရောက်ရှိမှသာ ထိုကဲ့သို့သော ဘွဲ့နာမည်ကို ပိုင်ဆိုင် နိုင်ကြသည်။

“ဒီနေ့မှာ ထာဝရဂိုဏ်းကြီးတွေရဲ့ နတ်ဘုရား ဗိုလ်ချုပ် ခြောက်ယောက်က ဒီကို ရောက်လာကြတယ်... ဒါပေမဲ့ အပိုလို နန်းတော်ရဲ့ နတ်ဘုရား ဗိုလ်ချုပ် နရန် တစ်‌ယောက်ပဲ နတ်ဘုရား မင်းသားတွေနဲ့ အတူ အထဲကို ဝင်သွားခဲ့တယ်လေ... ကျန်တဲ့ ငါးယောက်ကတော့ မြင်တဲ့ အတိုင်းပဲ နန်းတော် ဝင်ပေါက်ကို ပိတ်ထားကြတာ... တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်ဝင်တွေတောင် ဝင်ဖို့ မဖြစ်နိုင်ဘူး”

လင်းယွင်က ခေါင်းအား ခါယမ်းကာ သက်ပြင်းချလိုက်သည်။

ချန်းဖန်မှာမူ သူ၏ ပြောစကားအား ကြားဟန် မ‌တူချေ။ သူသည် တိုင်ချူဂိုဏ်း နတ်ဘုရား ဗိုလ်ချုပ်လင်း၏ နံဘေးတွင် ရပ်နေသော မိန်းကလေး တစ်ယောက်ကိုသာ စူးစိုက် ကြည့်နေခဲ့၏။ သူမသည် ရှည်လျားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ နှင်းကဲ့သို့ အေးစက်နေသည်။ သူမကား ကြယ်ပင်လယ်ထဲရှိ နတ်မိမယ်လေးများ ကဲ့သို့ လှပကာ ပို၍ပင် ကျက်သရေ ရှိနေသေးသည်။

သူမကား ကျန်းချူရန်ပင် ဖြစ်၏။

***

All Chapters