Chapter 69
Vol. 7 Ch. 69
ဘန်းမုန့်ပေါင်းတွေကိုတော့ ထမင်းဝိုင်းမှာ ချပေးခြင်းမရှိဘူး။
မဒမ်လီက ထိုတစ်ခုကိုတော့ ချပေးဖို့အတွက် တွန့်ဆုတ်နေခဲ့ကာ ညစာစားတဲ့အချိန်ကျမှထုတ်ဖို့ တွေးထားခဲ့တယ်။ အဆုံးမှာတော့ ဒီဘက်ခေတ်ကာလမှာ ဂျုံဖြူနဲ့လုပ်ထားတဲ့ စားစရာတွေက အလွန် မျက်စိဖမ်းစားနိုင်နေတုန်းပဲလေ။
ဒါကြောင့် နေ့လည်ခင်းမှာ ထမင်းဖြူရရှိတဲ့ ကျန်းကျန်းနဲ့ ကွေ့ဟွားကလွဲရင် ကျန်ရှိနေတဲ့လူတွေက ပြောင်းဖူးမှုန့်နဲ့လုပ်ထားတဲ့ ပန်ကိတ်ကိုသာ စားခဲ့ကြရတယ်။
သို့ပေမဲ့ ဒီပန်ကိတ်သည်လည်း ရှားပါးပြီး ကောင်းမွန်တဲ့အရာဖြစ်နေတုန်းပဲ။ ဒါက ပြောင်းဖူးမှုန့်စစ်စစ်ဖြစ်ပြီး ကန်စွန့်ဦမှုန့်တွေနဲ့ ရောနှောထားခြင်းမရှိဘူး။
ထမင်းပန်းကန်လုံးတစ်ဝက်ကို ရရှိထားတဲ့ ကျန်းကျန်းက သူမရဲ့ အင်္ကျီလက်စကို အနောက်ဘက်သို့ ပြန်ခေါက်လိုက်ပြီးမှ ဇွန်းကိုကောက်ကိုင်ကာ စွပ်ပြုတ်ကို ပန်းကန်လုံးထဲကို ထည့်ကာ ထမင်းနဲ့ အသားတွေကိုပါ ရောနှောလိုက်တယ်။
သူမရဲ့ ပါးစပ်ထဲကို ဒီထမင်းတစ်လုပ်ဝင်သွားပြီးနောက်မှာ မျက်ရည်တွေတောင် ကျဆင်းလာရတော့မယ်။ သူမရဲ့ ဒီဘဝမှာ အခုလို အရသာရှိတဲ့ ဝက်သားဟင်းကို ဒါ ပထမဆုံးအကြိမ် စားဖူးခဲ့ရတာပဲ။
ပြောရရင် ကျန်းကျန်းတစ်ယောက်တည်းကသာ ဒီလိုမျိုး တွေးတောမိတဲ့သူမဟုတ်ဘူး။
သူတို့ရဲ့ခေါင်းကို ငုံ့ကိုင်းရင်း ပြန်မော့မလာကြတော့တဲ့ ကောင်လေးတွေကို ကြည့်ပြီး ဒီဟင်းက ဘယ်လောက် အရသာရှိလဲဆိုတာကို ပြောနိုင်လိမ့်မယ်။
မဒမ်လီ စိတ်ချမ်းမြေ့စွာ ပြုံးလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်လိုက်ကာ အရိုးကြီး တစ်တုံးကို ကိုက်ခဲနေတဲ့ဝမ်ဆုဖန်းကို လှမ်းပြောလိုက်တယ်။
“ဟင်းက ဒီလောက်တောင် ကောင်းတာ မင်းလည်း ဆွေမျိုးမောင်နှမတွေနဲ့အတူ တစ်ခွက်လောက် သောက်သင့်တယ်”
“ကျွန်မ မသောက်တော့ဘူး.. ထမင်းစားပြီးသွားရင် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ရဦးမယ်လေ.. အိမ်သန့်ရှင်းရေးတွေလည်း လုပ်ရဦးမှာ”
ဝမ်စုဖန်းက ခေါင်းကို အထပ်ထပ်အခါခါ ခါရမ်းလိုက်တယ်။ ဧည့်သည်တွေပြန်သွားရင် သူမတို့ရဲ့အိမ်မှာ လုပ်စရာတွေ အများကြီး ကျန်ရှိနေမှာလေ။
“နည်းနည်းလောက်ပဲ သောက်လိုက်ပေါ့.. တစ်နှစ်မှာ ဒီလို ပျော်ရွှင်စရာအချိန်တွေက ရခဲတယ်”
မစ္စစ်လီက ပါးစပ်အပြည့် အဆီတွေကို သွပ်သွင်းနေတဲ့ လီမင်ပေကို ခိုင်းလိုက်တယ်။
“မင်းအမေနဲ့ မင်းရဲ့တတိယအဒေါ်အတွက် ဝိုင်ခွက်တွေသွားယူပေးလိုက်”
လီမင်ပေက သူ့ရဲ့ပါးစပ်ထဲကို သွေးဝက်အူချောင်းနှစ်တုံးကို အပြည့်သွပ်ထည့်လိုက်ပြီးမှ ဝိုင်ခွက်ကို အလျှင်အမြန်သွားယူလိုက်တယ်။ ထို့နောက် လူကြီးတွေ ခိုင်းလာမဲ့အချိန်ကိုတောင် မစောင့်ပဲ ဝိုင်ခွက်ထဲကို ဝိုင်တွေ လောင်းထည့်ပေးခဲ့ပြီး သူ့ရဲ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။
သွေးဝက်အူချောင်းက အလွန်အရသာရှိတယ်လို့ တစ်မိသားစုလုံးက ပြောနေကြတာကိုကြားတော့ ဒီလိုအစားအစာမျိုးကို တစ်ခါမှမစားဖူးခဲ့ဘဲ ကျန်းကျန်းက အလွန်အမင်း စားကြည့်ချင်လာခဲ့တယ်။
ဒါကြောင့် သူမက မတ်တပ်ထရပ်ပြီး ဟင်းသီးဟင်းရွက်တွေနဲ့ ရောနှောပြီးကြော်ထားတဲ့ သွေးဝက်အူချောင်း တစ်ပိုင်းကို လှမ်းယူပြီး ပါးစပ်ထဲကို ထည့်ကြည့်လိုက်တယ််။
အရသာက အလွန်ချောမွေ့ပြီး နူးညံ့နေခဲ့တယ်။ ဒါက အရင်တုန်းက သူမ ဟော့ပေါ့ဆိုင်တွေမှာ စားခဲ့တဲ့ ဘဲသွေးထက်တောင် ပိုပြီးအရသာရှိသေးတယ်။
ဒီဟင်းနှစ်မျိုးအပြင် နောက်ထပ်လူကြိုက်များတဲ့ ဟင်းတစ်မျိုးကတော့ အချိန်အကြာကြီး ပြုတ်ထားပြီးအရသာနဲ့ရောထားတဲ့ ဟင်းလျာပဲ။
ဒီဟင်းက အသားကို အိုးအကြီးထဲမှာ ပြုတ်ထားခဲ့ပြီး အတုံးလေးတွေ တုံးကာ ကြက်သွန်ဖြူ၊ ပဲငံပြာရည် စတဲ့အရသာတွေနှင့် ရောနောပြီး အပေါ်ကနေလောင်းထည့်ထားခဲ့တာ။
ဒီဟင်းလျှာကို ဝမ်စုဖန်းက ချက်ပြုတ်နေချိန်မှာ ဝက်ဗိုက်သားတစ်ပိုင်းကို ပြုတ်တဲ့အထဲမှာ ရောပေါင်းပြီး ပြုတ်ခဲ့ကာ ပါးပါးလှီးဖြတ်ပြီး နောက်ထပ် ဟင်းလျာတစ်ခုအဖြစ်ပြုလုပ်ကာ သီးခြားပန်းကန်တစ်ခုနှင့် ထည့်ထားခဲ့တာပဲ။
ကျန်းကျန်း ထိုပန်းကန်ထဲမှ ကြက်သွန်ဖြူလို အစလေးတွေနှင့် အဖြူရောင် အသားလွှာလေးတွေကို ကြည့်လိုက်တယ်။
ကျန်းကျန်းက ငယ်ရွယ်လွန်းသေးတာကြောင့် မဒမ်လီက ထို ကြက်သွန်ဖြူ ဝက်သားသုတ်က သူမအတွက် စပ်လွန်းနေမှာကို စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် ကျန်းကျန်း ထိုဟင်းကိုစိတ်ဝင်စားနေတာကိုမြင်ပေမဲ့ အသားတုံးလေး နှစ်လွှာကိုသာ ထည့်ပေးခဲ့တယ်။
ဒီဟင်းက အငန်အရသာ သိပ်ပြီးမပါဝင်ပေမဲ ဝက်သားရဲ့မူလအရသာကို ပိုပြီး သိသာထင်ရှားစေခဲ့တယ်။
မိသားစုတစ်စုလုံးက ဝက်သားဟင်းကို ပျော်ရွှင်စွာစားခဲ့ကြတယ်။ လီမင်ကျုံးတောင်မှ ကောင်းကောင်းစားခဲ့ရပြီး ကျန်းကျန်း ပစ်ချပေးလိုက်တဲ့ အရိုးတွေက အသားတွေအများကြီး ကျန်ရှိနေသေးတယ်။
လီမင်ကျုံးတစ်ကောင် ဝက်သားပြုတ်ကို တစ်နှစ်ကြာအောင် စောင့်ကြည့်နေခဲ့ပြီးနောက် သူ့ရဲ့ ပါးစပ်ထဲကို ထည့်နိုင်ခဲ့ပြီ။ သူက သူ့ပါးစပ်ထဲမှ အရိုးကို ပျော်ရွှင်စွာ ကိုက်ဝါးနေခဲ့ကည သူ့ရဲ့အမြီးကတော့ ခွေးငတုံးတစ်ကောင်လိုမျိုး အဆက်မပြတ် လှည့်ပတ်နေခဲ့တယ်။
လျို့ရှို့လန်က သူမရဲ့လက်ထဲမှ ကိုက်ဝါးပြီးသား အရိုးကို လီမင်ကျုံးဆီသို့ ပစ်ပေးရင်း ပြောလာတယ်။
“ဒီဝံပုလွေခွေးက ငယ်ငယ်တုန်းက အကြောက်လွန်ပြီး တစ်ခုခုဖြစ်သွားတာများလား.. ဘာလို့ ဥာဏ်ကောင်းတဲ့ပုံမပေါ်ရတာလဲ?”
လီမင်ကျုံးက ထိုစကားကိုကြားတော့ ရုတ်တရက်ရပ်တန့်သွားတယ်။
သူက သူ ငတုံးတစ်ကောင်းမဟုတ်ကြောင်းကို သက်သေပြရန်အတွက် နှစ်ကြိမ်လောက်အော်လိုက်ပေမဲ့ သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်တဲ့အချိန်မှာ သူ့ရဲ့ပါးစပ်မှာကိုက်ထားတဲ့ အရိုးက အောက်ကို ပြုတ်ကျသွားခဲ့တယ်။
ကျန်းကျန်း သူ့ကိုကြည့်ပြီး မရယ်မောပဲ မနေနိုင်တော့ဘူး။
**
တစ်နေ့တာလုံးအတွက် မိသာ့စုက ဝက်သားဟင်းလျာကို စိတ်ကျေနပ်အောင် စားသောက်ပြီးစီးသွားချိန်မှာတော့ ကျန်းကျန်းကို မွေးဖွားခဲ့တဲ့ လာ့ပါးပွဲတော်အချိန်ကို ရောက်ဖို့ နီးကပ်လာခဲ့ပြီ။
မနှစ်တုန်းက သူမရဲ့မွေးနေ့မှာ အိပ်ပျော်ရာမှ နိုးလာပြီးနောက် သူမရဲ့ အစွမ်းတွေက အဆင့်ထပ်တိုးသွားတာကို သတိရမိတော့ သူမ စိတ်လှုပ်ရှားလာရတယ်။ စွမ်းအင်အသစ်ရလောက်ဦးမလား စမ်းကြည့်ရမယ်။
ဒီဘက်ခေတ်ကာလမှာ ညဘက်မှောင်လာတဲ့အချိန်တွေမှာ အပန်းဖြေအနားယူစရာအတွက် ဘယ်လို ဖျော်ဖြေမှုအမျိုးအစားမျိုးမှ ရှိမနေခဲ့ဘူး။
ဒီတော့ ကျန်းကျန်း အိပ်ငိုက်နေတာကို မြင်လိုက်ရတော့ မိသားစုဝင်တွေအားလုံးကလည်း အိပ်စက်ဖို့ပြင်ဆင်ပြီး လူစုခွဲလိုက်ကြတယ်။
မဒမ်လီက သူမရဲ့ သားအကြီးဆုံး လီမူဝမ်းနှင့်အတူ အခန်းတစ်ခန်း မျှဝေထားတုန်းပဲ။
လီမူဝမ်းက ညဘက်မှာ သူစားခဲ့သော ထမင်းဖြူနှင့် အဖြူရောင်ဂျုံနဲ့လုပ်ထားတဲ့ ဘန်းမုန့်တွေကို ပြန်လည်သတိရလာခဲ့တာကြောင့် အမေဖြစ်သူကို မေးကြည့်လိုက်တယ်။
“အဲဒီနေ့တုန်းက တတိယညီလေးပြောခဲ့တဲ့ မျိုးစေ့က ဘာကို ပြောချင်တာလဲ”
မဒမ်လီက အမှောင်ထဲမှာ သူမရဲ့ ဆေးတံကို မီးညှိလိုက်ပြီး အကြိမ်အနည်းငယ်လောက် နှစ်နှစ်ခြိုက်ခြိုက် ဖွာလိုက်ပြီးမှ ပြောလာတယ်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ မြေရှင်ဟောင်းတစ်ယောက်ရဲ့အိမ်ကို သွားပြီး ရှာဖွေကြည့်ခဲ့ပြီး သူတို့အိမ်မှာ ရွှေတုံးတွေကျန်ရှိနေတာတွေ့လို့ အခွင့်ကောင်းယူပြီး ပြန်ယူလာခဲ့တာ.. ပထမနှစ်နှစ်တုန်းကတော့ အခြေအနေတွေက အရမ်းဆိုးခဲ့တယ်လေ.. စားသောက်စရာတွေ ရှားပါးလွန်းလို့ ငါ တခြားနယ်မြေတွေအထိ စားစရာတွေသွားဝယ်ဖို့ သတ္တိရှိခဲ့တယ်..
ဒါပေမယ့် ရိတုန်ကို ရောက်တဲ့အချိန်မှာ စားစရာရှာဖို့အတွက် လမ်းကြောင်းရှိတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး အဲဒီရွှေ့တုံးတွေနှင့် ဆန်မှုန့်တွေ၊ ဂေါ်ဖီတွေ၊ အာလူးတွေ အများကြီးဝယ်ခဲ့ပြီး ပြန်စိုက်ပျိုးနိုင်တဲ့ ကောက်နှံမျိုးစေ့တချို့ကိုလည်း ယူနိုင်ခဲ့တယ်.. အဲဒီ မျိုးစေ့တွေကို အခု တောင်ပေါ်မှာ စိုက်ပျိုးကြည့်ခဲ့တာ”
မဒမ်လီက ဆေးတံကို တစ်ချက် ရှိုက်လိုက်ပြီး ဆက်ပြောလာတယ်။
“ဒီလိုကိစ္စမျိုးက မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူး.. တစ်ယောက်ယောက်သာ သိသွားရင်တော့ ပြသနာတစ်ခုခုတော့ ဖြစ်လာလိမ့်မယ်.. ဒါကြောင့် ငါ ဒုတိယကလေးရဲ့မိသားစုနဲ့ပဲ တိုးတိုးတိတ်တိတ် ကိုင်တွယ်ခဲ့တာ..
မင်းရဲ့ တတိယညီလေးကိုလည်း မပြောပြထားခဲ့ဘူး.. ဒါကြောင့် သူက တခြားလူတွေအတွက် သုံးထားတဲ့ အကြောင်းပြချက်ကို တကယ်လို့ထင်ပြီး မင်းကို မေးလာတာပဲ”
ဒီလိုမျိုးပစ္စည်းတွေကို ရှာဖွေမွှေနှောက်ပြီး ရရှိနိုင်တာမျိုးက နေရာတကာမှာ တွေ့ရှိနိုင်ပေမဲ့ စပါးတွေကို ရောင်းချတာမျိုးကတော့ ရှားပါးလွန်းတယ်။ လီမူဝမ်း ထိုအကြောင်းကို စဉ်းစားပြီး ပြန်မေးလိုက်တယ်။
“ဘယ်အရပ်ဘက်က လယ်သမားများ ဒီလိုကောက်နှံတွေကို လျို့ဝှက်ပြီး ရောင်းချတာများလဲ?”
“ငါလည်း မသိဘူး..ငါလည်း မင်းရဲ့ဒုတိယအဒေါ်နဲ့တွေ့ဖို့အတွက် ရိတုန်ကိုသွားတုန်းက တွေ့ခဲ့ရတာ.. ငါ အဲဒီတစ်ကြိမ်လဲပြီးတော့ သူ့ကို ထပ်မတွေ့ရတော့ဘူး”
မဒမ်လီက ဆေးတံကို ခေါက်လိုက်ပြီး လီမူဝမ်းကို မေးလိုက်တယ်။
“မင်းရဲ့ဇနီးနဲ့ သားသမီးတွေရော အခု ဘယ်လိုနေကြလဲ ?”
လီမူဝမ်းက နွေးထွေးတဲ့ ခန်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ခါးမှ နာကျင်နေတဲ့ ကြွက်သားတွေကို ခန်ပေါ်မှ အနွေးဓာတ်နဲ့ ဖိပွတ်လိုက်တယ်။ ထို့နောက် သူ့ရဲ့တစ်ကိုယ်လုံးကို အညောင်းပြေ ဆန့်ထုတ်လိုက်ရင်း ပြန်ဖြေလာတယ်။
“ဝမ်ဟွားက စစ်တပ်ထဲက ဆရာဝန်တစ်ယောက်ဆိုတော့ သာမန်အချိန်တွေမှာ ဘာမှလုပ်စရာမရှိဘူး.. အခုလို နှစ်သစ်ကူးရက်တွေမှာဆိုရင် သူမ ရက်အနည်းငယ်လောက် အနားယူနိုင်လိမ့်မယ်..
သူမရဲ့မွေးရပ်မြေကက ရှန်တုန်မှာရှိတာဆိုတော့ အဲဒီကို ပြန်မရောက်နိုင်တာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက်ရှိနေပြီ..
ဒါပေမယ့် ကျွန်တော့်ရဲ့ယောက္ခမနဲ့ ယောက္ခမ(ထီး)က လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆုံးပါးသွားခဲ့ပြီလေ.. ဒီတော့ သူမလည်း အဲဒီအကြောင်းကို စဉ်းစားမနေတော့ပါဘူး”
မဒမ်လီက သက်ပြင်းချရင်း ပြန်ပြောလိုက်တယ်။
“မင်းတို့နေတဲ့နေရာက အရမ်းဝေးလွန်းတယ်.. ငါတို့မိသားစုရှိနေတဲ့နေရာနဲ့ဆိုရင် နိုင်ငံရဲ့မြောက်ဘက်မှာတစ်ခု တောင်ဘက်မှာ တစ်ခုလောက် ဖြစ်နေတယ်.. ရထားစီးရင်တောင် ရက် (20) လောက်ကြာမယ်.. ဟုတ်တယ်မလား”
“အသွားအပြန်ဆိုရင် တစ်လလောက် ကြာနိုင်တယ်”
လီမူဝမ်းရဲ့ လေသံက အပြစ်ရှိစိတ်တွေနှင့် ပြည့်နှက်နေခဲ့တယ်။
-“ကျွန်တော် စစ်တပ်ကို ပြန်သွားတဲ့အချိန်ကျရင် နည်းလမ်းတစ်ခုလောက်ရှာပြီး လအနည်းငယ်လောက် အနားယူခွင့် လျှောက်ထားပြီး ကျွန်တော့်ရဲ့ ဇနီးနဲ့ သားတွေကို အမေ့ဆီကို ခေါ်လာခဲ့မယ်.. ကျွန်တော့်ရဲ့အမေက ကျွန်တော်တို့ မိသားစုထဲက ကောင်လေးနှစ်ယောက်ကို မတွေ့ဖူးသေးဘူး”
“မင်းသာ သူတို့ကို ပြန်ခေါ်လာနိုင်မယ်ဆိုရင် အိမ်ကို ပြန်ခေါ်ပြလှည့်ပေါ့”
မဒမ်လီ ပြောလိုက်တယ်။
“တကယ်လို့ ပြန်မခေါ်လာနိုင်ဘူးဆိုရင်လည်း သိပ်ပြီးစိတ်မပူနေပါနဲ့.. မင်းက ဒီတစ်ကြိမ် အိမ်ကို နှစ်လတောင် ပြန်လာနိုင်ပြီး နှစ်သစ်ကူးကိုတောင် အတူဖြတ်သန်းနိုင်တယ်လေ.. တိုင်းပြည်က ဒုက္ခရောက်နေတုန်းပဲဆိုတော့ မင်း ဒီကိစ္စကို အများကြီး စဥ်းစားနေဖို့မလိုဘူး”
“သိပါပြီ အမေ”
လီမူဝမ်း ပြောရင်းနဲ့ ဆက်မေးလိုက်တယ်။
“ဒီနှစ်တွေအတွင်း ကျွန်တော် အမေ့ဆီကိုပို့လိုက်တဲ့ စားသောက်ကုန်လက်မှတ်တွေနဲ့ ပိုက်ဆံတွေအားလုံးကိုရော လက်ခံရခဲ့ရဲ့လား?”
“ ရခဲ့တယ်”
မဒမ်လီ ပြောလိုက်တယ်။
“မင်းရဲ့ စတုတ္ထညီကလည်း လွန်ခဲ့တဲ့ နှစ်နှစ်မှာ အိမ်ကို ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေ ပို့ပေးရမယ်ဆိုတာကို သိတတ်လာတယ်လေ.. နွေရာသီတုန်းက ငါတို့မိသားစုမှာ စားနပ်ရိက္ခာလက်မှတ်တွေ လုံလုံလောက်လောက်ရှိနေပြီလို့တောင် မင်းရဲ့ စတုတ္ထညီကို ကြေးနန်းစာတစ်စောင် ပေးပို့ဖို့ မင်နန်ကို ခိုင်းခဲ့သေးတယ်
အဝတ်အထည်လက်မှတ်တွေနှင့် စက်မှုလက်မှုလက်မှတ်တွေကပဲ သိပ်ပြီး မများတာ..
တကယ်တော့ သူတို့ရဲ့ ပင်းချန်က ငါတို့ ပေရှားလောက်တောင် အစားအသောက်တွေ အဆင်ပြေတာမဟုတ်ဘူး.. ဒီမှာက တောင်ပေါ်မှာ တောရိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ သွားခူးလို့ရသလို အိမ်မှာလည်း ကြက်တွေ၊ ဝက်တွေ မွေးမြူသူနိုင်တယ်လေ.. နောက်ပြီး တောင်ပေါ်မှာလည်း စိုက်ခင်းတွေ ချနိုင်သေးတယ်.. အစားအေသာက်တွေက ချို့တဲ့မနေပါဘူး”