← Chapters

Chapter 70

Vol. 7 Ch. 70

Chapter 70

Vol. 7 Ch. 70

လီမူဝမ်းတစ်ယာက် ဒီတစ်ကြိမ် အိမ်ကိုပြန်ရောက်လာနိုင်ခဲ့ချိန်မှာ အိမ်မှ အစားအသောက်တွေက တကယ်ကောင်းနေခဲ့ပြီး ကလေးတွေကလည်း သန်မာကြံ့ခိုင်ပြီး အားအင်ပြည့်ဝနေကြတာကို မြင်တွေ့ခဲ့ရတာကြောင်း သက်သာရာရသွားခဲ့တယ်။

သားအမိနှစ်ယောက် စကားပြောရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ကြတယ်။

ဘေးဘက်အိမ်ခန်းထဲမှာတော့ ကျန်းကျန်းက နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားခဲ့ချိန်မှာ သူမရဲ့မျက်ခုံးနှစ်ခုကြားအလယ်နေရာမှာရှိနေတဲ့ ရွှေရောင်သွေးစက်က အဆက်မပြတ် လည်ပတ်နေပြီး ကျန်းကျန်းရဲ့ စိတ်ဝိညာဉ်နှင့် အဆက်မပြတ် ပေါင်းစပ်နေခဲ့တယ်။

မဝေးကွာလှတဲ့နေရာမှာရှိတဲ့ ထင်းရှူးတောရိုင်းထဲမှာရှိနေတဲ့ တောရိုင်းသာရဲတွေဖြစ်တဲ့ ကျားလို သားရဲတွေနှင့် ငှက်တွေအပါအဝင် တောရိုင်းတရိစ္ဆာန်တွေအားလုံးက ဒီအခိုက်မှာ သူတို့ရဲ့အသိုက်တွေမှာ ပုန်းအောင်းနေခဲ့ကြပြီး တောင်အောက်ဘက်ဆီသို့ ကြောက်ရွံ့ထိတ်လန့်မှုတွေ လေးစားမှုတွေနဲ့အတူ ကြည့်နေခဲ့ကြတယ်။

“အောက် အီး.. အီး.... အွတ်...”

နေရောင်ခြည်က ကမ္ဘာမြေကြီးပေါ်ကို တစ်နေ့တာအတွက်ပထမဆုံးအကြိန် အလင်းရောင် ဖြန်းပက်ပေးလာတဲ့အချိန်မှာပဲ ကြက်သားနှပ်ကအသိုက်ထဲကနေ ပထမဆုံးထွက်လာပြီး ကျန်းကျန်းရဲ့ အခန်းပြတင်းပေါက်အောက်မှာရပ်ပြီး သူ့ရဲ့လည်တိုင်ကို ဆန့်ထုတ်ပြီး တွန်ကျူးလာတယ်။

ကျန်းကျန်းက သမ်းဝေရင်းနဲ့ အိပ်ငိုက်နေသေးတဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း ဒီနေ့က သူမရဲ့ မွေးနေ့ဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့တယ်။

ဒါကြောင့် သူမရဲ့ မျက်လုံးတွေကို အလျှင်အမြန်မှိတ်လိုက်ကာ ဘယ်လိုစွမ်းရည်အသစ်ကို ရရှိလာမလဲဆိုတာကို စောင့်မျှော်နေခဲ့မိတယ်။

မကြာခင်မှာပဲ သူမရဲ့စိတ်ထဲမှာ ရှုခင်းနှင့်မြေပုံစံပုံစံတွေပေါ်ထွက်လာခဲ့တယ်။ ဒီတစ်ကြိမ်မှုတော့ ထင်းရှူးတောတစ်ခုလုံးအပါအဝင်သာမက တောတောင်နယ်မြေတစ်ခုလုံးက သူမရဲ့စိတ်ထဲကိုဝင်ရောက်လာခဲ့တယ်။

ကျန်းကျန်း သူမရဲ့စိတ်ထဲက မြေမျက်နှာသွင်ပြင်လိုက်ကြည့်ရင်း ထင်းရှူးနီတောထဲမှ နေရာတစ်ခုကို ကျပန်းရွေးချယ်ကာ သွားကြည့်ဖို့ စိတ်ကူးလိုက်တယ်။

ထို့နောက်မှာတော့ သူမရဲ့ မျက်လုံးတွေက အလင်းတစ်ချက်ဖြတ်ပြေးသွားခဲ့လေတယ်။

ကျန်းကျန်းတစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမက အိပ်ယာဝင်ချိန်မှာအိပ်ထားတဲ့ ပါးလွှာတဲ့အင်္ကျီရှည်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားခဲ့ပြီး တောထဲမှာ မတ်တပ်ရပ်နေပြီဆိုတာကို တွေ့လိုက်ရတယာ။

ကျန်းကျန်း မသိစိတ်အရ တုန်ယင်စွာနဲ့ သူမရဲ့ပခုံးကိုအသာပုတ်လိုက်မိတယ်။

သူမ အနည်းငယ် အံ့သြမင်သက်နေစဥ်မှာပဲ ကျန်းကျန်းရဲ့အရှေ့မှာ ရှိနေတဲ့ ကျားကတော့ ကျန်းကျန်းကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်နေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ကြောက်လန့်မှုကြောင့် လုံးဝန်းသွားခဲ့ကာ ကျန်းကျန်းလှည့်ကြည့်လိုက်ချိန်မှာပဲ သတိလစ်သွားခဲ့လေတယ်။

“ငါ အိမ်ပြန်ချင်တယ်”

ကျန်းကျန်း လျှင်မြန်စွာ အော်ဟစ်လိုက်တယ်။ ထင်ထားသလိုပဲ။ သူမရဲ့ မျက်လုံးတွေက အလင်းတစ်ချက်ဖြတ်သန်းသွားပြီး ခန်ပေါ်ကို ပြန်ရောက်လာခဲ့လေတယ်။

သူမရဲ့ တစ်ကိုယ်လုံး အေးခဲနေပြီလို့ ခံစားနေရတာကြောင့် အိပ်ယာပေါ်ကနေ အမြန်ဆင်းကာ သူမရဲ့ အေးစက်နေတဲ့ ဝမ်းဗိုက်ကို အပူပေးထားတဲ့ခန်ပေါ်မှာ ပြားကပ်နေအောင် ဖိကပ်လိုက်တယ်။

အပူပေးထားတဲ့ ခန်နဲ့ ထိတွေ့မိမှသာ သူမရဲ့ အေးခဲတော့မယ့် ခန္ဓာကိုယ်က ဖြည်းညှင်းစွာနဲ့ ပြန်လည်အသက်ဝင်လာသလိုမျိုးခံစားလိုက်ရတယ်။

ကျန်းကျန်းရဲ့ ခန္ဓာကိုယ်က သဘာဝလွန် စွမ်းအားတွေ ရှိနေသေးလို့ ဒီလောက်ထိ တောင့်ခံနိုင်သေးတာပဲ။ တကယ်လို့ သာမန်လူတစ်ယောက်သာ ဒီလိုမျိုး ပါးလွှာတဲ့အဝတ်အစားကို ၀တ်ထားပြီး အနုတ် (၃၄) ဒီဂရီလောက်အထိ အေးခဲနေတဲ့ နှင်းတောထဲမှာ သွားပြီး ရပ်နေခဲ့မယ်ဆိုရင် နှင်းကိုက်တဲ့အဆင့်လောက်နဲ့တောင် ရပ်သွားမှာမဟုတ်ပဲ အပြင်းအထန် ဖျားသွားလိမ့်မယ်။

သူမရဲ့ စွမ်းရည်အသစ်ကို တွေးတောမိတော့ ကျန်းကျန်းတစ်ယောက် မတတ်နိုင်စွာနဲ့ အော်ရယ်လိုက်မိတယ်။ အရင်တုန်းက သူမအနေနဲ့ အများဆုံး အသိစိတ်ကိုသာ ထုတ်လွှတ်နိုင်ခဲ့တာ။ အခုတော့ သူမရဲ့ ခန္ဓာကိုယ်ကိုပါ ရွှေ့ပြောင်းသွားလာနိုင်နေပြီ။ ဒီစွမ်းရည်က ဘယ်လို တံခါးမျိုးထက်မဆို ပိုပြီး ကောင်းမွန်သာလွန်နေခဲ့တယ်လေ။

သူမရဲ့ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ ကျားအကြောင်းကို တွေးတောလိုက်မိတော့ ကျန်းကျန်း ထိုကျားကို အနည်းငယ်ရင်းနှီးသလိုမျိုး ခံစားလိုက်မိတယ်။ သူမ ဂရုတစိုက်ပြန်တွေးကြည့်မှ အရင်တစ်ကြိမ်တုန်းက သူမ အရင်စားခဲ့တဲ့ သိုးက ထိုကျားရဲ့ ပါးစပ်နားကို ရောက်ခါနီးမှ ထုတ်ယူလာခဲ့မိတဲ့ပုံရတယ်။

ခဏလောက် လဲလျောင်းပြီးနောက်မှာတော့ ကျန်းကျန်းရဲ့ တစ်ကိုယ်လုံးက တဖြည်းဖြည်း ပြန်လည်ပူနွေးလာခဲ့ပြီ။

ထိုအခိုက်မှာ မဒမ်လီ တံခါးကိုတွန်းဖွင့်ပြီး ဝင်လာချန်မှာတော့ ခန်ပေါ်မှာ ဝမ်းလျားမှောက်ပြီး ဘောလုံးလေးလို ထုပ်ပိုးထားတဲ့ မြေးဖြစ်သူကို မြင်တွေ့လိုက်ရတာကြောင့် ပြုံးလိုက်မိပြီး စောင်ကိုဖွင့်လှစ်လိုက်တယ်။

“မြန်မြန်ထတော့.. မွေးနေ့မှာ ဘယ်လိုလုပ်ပြီး ခုလိုမျိုး အိပ်နေရတာလဲ? အိပ်ပုတ်လေး.. မင်းရဲ့အမေက မင်းအတွက် ကြက်ဥခေါက်ဆွဲကို ထုပ်ပိုးပြီးပြုတ်ထားပြီးပြီနော်”

မွေးနေ့မှာ ခေါက်ဆွဲကို ထုပ်ပိုးပြီး ပြုတ်စားတာက ဒေသခံတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ကလေးတွေကို စောစောမသေစေဖို့အတွက် တင်းတင်းကြပ်ကြပ်ထုပ်ပိုးထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

ဒီဘက်ခေတ်မှာ လုံလုံခြုံခြုံ ကြီးပြင်းလာရတာက ကလေးတွေအတွက် အကောင်းဆုံးသော ကောင်းချီးပဲ။

မဒမ်လီက ကျန်းကျန်းကို ဝါဂွမ်းအင်္ကျီနှင့် ဘောင်းဘီရှည်အထူကို ၀တ်ပေးလိုက်ပြီ ဖဲကြိုးနီကိုလှမ်းယူပြီး သူမရဲ့ ဆံပင်ကို နှစ်ဖက်ခွဲပြီးစည်းပေးလိုက်တယ်။

ကြက်ဥခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကို စားပြီးတဲ့နောက်မှာတော့ ကျန်းကျန်း တစ်ယောက် သူ့ရဲ့ ဝါဂွမ်း အင်္ကျီအထူကြီးနဲ့ ခြံထဲကို ဆင်းပြီးကစားနိုင်မဲ့ အခွင့်အရေးတစ်ခု ရရှိလာခဲ့ပြီ။

သစ်တောဧရိယာထဲမှ ကလေးတွေက ငယ်ရွယ်ပြီး ကြမ်းတမ်းကြတယ်။

ကျန်းကျန်းက ဒီနှစ်သစ်ကူးခါနီးအချိန်မှာမှာပဲ အသက်သုံးနှစ်သာရှိသေးတာလေ။ သူမက လက်သွက်ခြေသွက်ပြီး စကားကိုလည်း သွက်လက်ချက်ချာစွာပြောတတ်ပေမဲ့ မဒမ်လီက သူမကို အဝေးကြီးသို့မပြေးဖို့၊ မြစ်ဘက်ဆီကိုမသွားဖို့ သတိပေးနေတတ်တုန်းပဲ။ ဒါ့အပြင် ရူးရူးမိုက်မိုက်တွေလည်း မလုပ်ဖို့ ပြောခဲ့သေးတယ်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျန်းကျန်းက အဝေးကြီးကို သွားဖို့ မတွေးတောခဲ့ဘူး။ သူမက ခြံနောက်ဖက်ကို ဝင်သွားခဲ့ပြီး ဘယ်ညာလှည့်ပတ်ကြည့်ကာ ဘေးနားမှာ လူတစ်ဦးတစ်ယောက်မှ မရှိတာကိုတွေ့တော့ သူမရဲ့ နှလုံးသားထဲကို တိတ်တဆိတ်ပြောလိုက်တယ်။

သူမ မျက်လုံးကို ပြန်ဖွင့်လိုက်တော့ အနီရောင်ထင်းရှူးသစ်တောရဲ့ နက်ရှိုင်းတဲ့ တစ်နေရာဆီကို ပြန်လည် ရောက်ရှိလာခဲ့ပြီ။

မတိုင်ခင်တုန်းက သတိမေ့လဲသွားတဲ့ ကံဆိုးတဲ့ကျားကတော့ ဘယ်နေရာကိုရောက်သွားပြီလဲဆိုတာ မသိလေတော့ဘူး။

ဒီအချိန်မှာ တောအုပ်ကြီးက တိတ်ဆိတ်နေခဲ့ပြီး တုံးအ,တဲ့အကောင်လေးတွေကသာ ဖြတ်သွားဖြတ်လာရှိနေခဲ့တယ်။ ကျန်းကျန်း နေရာမှာ ရပ်တန့်လိုက်ပြီး စူးစမ်းလိုတဲ့အမူအယာနဲ့ လှည့်ပတ်ကြည့်နေခဲ့တယ်။

ထို့နောက် ကျန်းကျန်း ဘေးနားကနေဖြတ်သွားတဲ့ သမင်ကို လှမ်းခေါ်လိုက်တော့ ထိုသမင်လေးက ကျန်းကျန်းရဲ့အနားကို ပြေးလွှားပြီး ရောက်လာခဲ့တယ်။

ကျန်းကျန်း ထိုတုံးအ,တဲ့သမင်လေးရဲ့ လည်ပင်းကို ပွေ့ဖက်ကာ သူ့ရဲ့နောက်ကျောပေါ်ကိုတက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုက်တယ်။

ထို့နောက် သမင်ရဲ့ ဖင်ကို ပုတ်လိုက်တယ်။

“ဟိုဘက်ကို ပြေးလိုက် ”

သမင်က ခြေလှမ်းနှစ်လှမ်းလောက်ပြေးလိုက်ပြီး သူ့ရဲ့ခြေထောက်တွေက နှင်းတောထဲကို ဒူးထောက်ကျသွားတော့တယ်။

သူက လဲကျနေရင်းနဲ့ပဲ ကျန်းကျန်းဘက်ကို အပြစ်ကင်းစွာ လှည့်ကြည့်လာတယ်။

ကျန်းကျန်း ဆွံ့အ,သွားရပြီးသူ့ရဲ့ နောက်ကျောကို ခွထားတာကနေ ပြန်ဆင်းလိုက်တယ်။ ထို့နောက် သူမရဲ့ ခြေထောက်တိုတိုလေးတွေကိုပြန်ကြည့်ကာ ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်မိတယ်။

“ ငါက အဲလောက်ထိ ဝနေလို့လား”

သမင်လေးက သူမကိုကြည့်ပြီး မတ်တပ်ပြန်ထရပ်လိုက်တယ်။ ထို့နောက် သူ့ရေဲ့ခေါင်းကို နှင်းတောထဲမှာ မြှပ်နှံထားလိုက်ပြီး အပြင်ဘက်မှာတော့ သူ့ရဲ့ဖင်ကိုသာ ချန်ထားခဲ့လေတယ်။

ကျန်းကျန်း သူမရဲ့အသိစိတ်နဲ့ လှည့်ပတ်ရှာကြည့်ရင်း နောက်ဆုံးမှာတော့ တုံးအတဲ့ကျားကို ပြန်ရှာတွေ့သွားခဲ့တယ်။

သူမ ကိုယ်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး ထိုကျားရဲ့အနားဆီကိုရွှေ့လိုက်ကာ ကျားရဲ့ နောက်ကျောပေါ်သို့ တက်လိုက်တယ်။

ကျားက သူ့ရဲ့နောက်ကျောပေါ်ကို လေးလံတဲ့ အရာတစ်ခု ရုတ်တရက်ပြုတ်ကျလာတာကို ခံစားမိတာကြောင့် ဟိန်းဟောက်လိုက်ပြီး နောက်ကျောပေါ်က အရာကို ခါချဖို့ လုပ်ခဲ့တယ်။

သို့ပေမယ့် ကျန်းကျန်းက သူ့ရဲ့ခန္ဓာကိုယ် မခါရမ်းရသေးခင်မှာပဲ ကျားရဲ့ခေါင်းပေါ်ကို သူမရဲ့ လက်လေးနဲ့ ပုတ်လိုက်လေတယ်။

“ရပ်လိုက်”

ထိုအချိန်ကျမှ ကျားက သူ့ရဲ့နောက်ကျောမှာရှိနေတဲ့ တစ်ယောက်က အလွန်သန်မာကြောင်းကို နားလည်သဘောပေါက်သွားခဲ့တယ်။

ဒါကြောင့် သူက ချက်ချင်းပဲ မြေကြီးပေါ်မှာ လှဲလျောင်းလိုက်တယ်။

ကျန်းကျန်းပြုံးလိုက်ပြီး ကျားရဲ့ ခေါင်းကိုပွတ်သတ်လိုက်တယ်။

“လိမ္မာတဲ့ကောင်လေး.. ငါ့ကို နင့်ရဲ့ကျောပေါ်မှာတင်ပြီး ပြေးသွားပေး”

ကျန်းကျန်းရဲ့ ပွတ်သပ်မှုက ကျားကို အလွန်အမင်း သက်တောင့်သက်သာရှိစေပြီး သူ့ရဲ့ခေါင်းကိုမြှောက်ကာ ကျန်းကျန်းရဲ့ လက်ဖဝါးနဲ့ ပွတ်သပ်လိုက်တယ်။ ထို့နောက် ထရပ်လိုက်ပြီး ကျန်းကျန်းညွှန်ပြတဲ့အတိုင်း ပြေးလွှားခဲ့တယ်။

ကျန်းကျန်းရဲ့ ခြေတံတိုတိုလေးနှစ်ချောင်းက ကျားရဲ့ခါးကို တင်းတင်းကျပ်ကျပ် ညှစ်ထားခဲ့ပြီး သူမရဲ့ လက်နှစ်ဖက်ကလည်း ကျားမွှေးတွေကိုဆုတ်ကိုင်ထားခဲ့ကာ ဟန်ချက်ထိန်းဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားနေခဲ့တယ်။

ကျားကလည်း ကျန်းကျန်းရဲ့ ရည်ရွယ်ချက်ကို နားလည်သွားခဲ့ပြီး တတ်နိုင်သမျှ ချောမွေ့စွာ ပြေးဖို့ကြိုးစားပေးခဲ့တယ်။

လူတစ်ယောက်နှင့် ကျားတစ်ကောင်က အချိန်အကြာကြီး လျှောက်သွားနေခဲ့ကြတယ်။ ကျန်းကျန်း အနည်းငယ်လောက် ပင်ပန်းလာခဲ့တော့ ကျားက ဖြည်းညင်းစွာရပ်တန့်လိုက်တယ်။ ထို့နောက် ကျန်းကျန်းရဲ့ ညွှန်ကြားချက်တွေအတိုင်း တစ်လှမ်းချင်းသာ ဆက်သွားနေခဲ့တော့တယ်။

တစ်နေရာကိုရောက်တော့ ကျန်းကျန်း ကျားရဲ့နောက်ကျောပေါ်မှ ဆင်းလိုက်ပြီး မြေကြီးပေါ်သို့ ဆင်းလိုက်တယ်။ ဒီနေရာက သူမ ငယ်ငယ်တုန်းက မြှပ်ထားတဲ့ သေတ္တာကြီးနှစ်လုံး ရှိနေခဲ့တဲ့နေရာပဲ။

ကျန်းကျန်းရဲ့ အတွေးတွေအတိုင်း မြေပြင်က အက်ကွဲရာတစ်ခုအဖြစ် ပွင့်လာခဲ့ပြီး မြှပ်နှံထားတဲ့ သေတ္တာနှစ်လုံးက မြေပြင်ပေါ်သို့ ထွက်ပေါ်လာခဲ့တယ်။

သေတ္တာပေါ်မှ ကြေးနီသော့ခလောက်ကြီးနှစ်လုံးကို ကြည့်ရင်း ကျန်းကျန်း အနည်းငယ် အကူအညီမဲ့သလို ခံစားရတယ်။ သူမက တိရိစ္ဆာန်တွေ၊ သစ်ပင်တွေနှင့် မြေတွေကို ထိန်းချုပ်နိုင်ပေမဲ့လည်း ဒီသတ္တုတွေနှင့် ပတ်သက်ရင်တော့ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။

သူမ ခေါင်းကုတ်ပြီး သေတ္တာရဲ့ပတ်ပတ်လည်ကို နှစ်ကြိမ်လောက်ပတ်လိုက်ပြီးနောက် အကြံတစ်ခုရလာခဲ့တယ်။

အစိမ်းရောင် စပျစ်နွယ်ပင်တစ်ပင်က နှင်းတွေကြားထဲမှ ဖောက်ထွက်လာခဲ့ပြီး သော့ခတ်ထားတဲ့ သော့ခလောက်ကြီးရဲ့ အပေါ်မှအပေါက်ဆီသို့ ဆန့်ထွက်လာခဲ့တယ်။

ရုတ်တရက် ထိုစပျစ်နွယ်ပင်က ပိုပြီး ထူထဲလာပြီး သော့ခလောက်ရဲ့ပိတ်ဆို့ထားမှုက လျှင်မြန်စွာ ကွာဟလာခဲ့တယ်။

တဖြည်းဖြည်းနဲ့ သေတ္တာရဲ့ သော့ခလောက်က ပိုမို ကွာဟလာပြီး မကြာခင်မှာပဲ ကြေးနီသော့ကြီးရဲ့ သော့ခလောက်နဲ့ အပေါ်ယံမှ ကွေးညွတ်နေတဲ့ အပေါက်က သီးခြားစီ ကွဲကွာပျက်စီးသွားခဲ့တယ်။

ကျန်းကျန်း အလွန်အမင်း ပျော်ရွှင်သွားခဲ့ပြီး သေတ္တာအဖုံးကို အလျှင်အမြန်ဖွင့်လိုက်ကာ သေသပ်စွာစီတန်းထားတဲ့ ရွှေချောင်းတွေရဲ့အပေါ်မှာ မှောက်လျက်သား လှဲလျောင်းလိုက်တယ်။

သူမက တကယ်တော့ ပိုက်ဆံမက်တတ်တဲ့သူမဟုတ်ဘူး။ သို့ပေမယ့် ဒီများများပြားတဲ့ ရွှေတွေကိုတော့ တစ်ခါမှ မမြင်ဖူးဘူးလေ။

သူမ ရွှေချောင်းကို လက်တစ်ဖက်ကကိုင်ပြီး သေသေချာချာစိုက်ကြည့်ကာ ပြုံးရယ်လိုက်မိတယ် : ရွှေတုံးတွေကို ထိရတာ ဘာလို့ အရမ်းကောင်းတာပဲလို့ ခံစားနေရပါလိမ့်။

သူမက ပိုက်ဆံမက်လွန်းတဲ့လူနဲ့တောင် တူလာသလိုပဲ။

ရွှေတွေကို ခဏလောက်ထိကိုင် ကစားပြီးနောက် ကျန်းကျန်း တွေးတောကြည့်ရင်းနဲ့ သူမရဲ့ ဝါဂွမ်းအင်္ကျီထဲကို အပိုင်းတစ်ခုထည့်လိုက်ပြီး ကျန်ရှိနေတဲ့ အရာတွေကို မြေကြီးအောက်ကိုပြန် ထည့်လိုက်တယ်။

နှစ်နှစ်ကြာပြီးတဲ့နောက်မှာလည်း ရွှေတွေကို တောင်ပေါ်မှာထားတာက ပိုပြီးကောင်းနေတုန်းပဲ။ နောက် ဆယ်နှစ်ကြာပြီးရင်တော့ သူမလည်း ဆယ်ကျော်သက်အရွယ်ဖြစ်လာလိမ့်မယ်။

ထိုအချိန်ကျရင်တော့ ရွှေတွေကိုတူးထုတ်ပြီး အရင်းအနှီးအဖြစ် သုံးနိုင်လာလိမ့်မယ်။

သူမ ဘာလုပ်ရင်ကောင်းလောက်မလဲ?

All Chapters