Chapter 73
Vol. 8 Ch. 73
လီမင်နမ်နဲ့ လင်မင်ပေတို့က လီမင်ကျုံးရဲ့အနောက်ကနေ လိုက်သွားခဲ့ကြပြီး လီမင်ပေကတော့ ယုန်နားရွက်ကနေ ကောက်မ,ပြီး ကြည့်လိုက်တယ်။
“အိုး.. ဟုန်ကျုံးက ယုန်ရဲ့လည်ပင်းကို ကိုက်လိုက်တာပဲ.. အမဲလိုက်ခွေးတစ်ကောင်ဆီကနေ မျှော်လင့်ထားသလိုပဲ.. သူက သင်ပေးစရာမလိုဘဲ အမဲလိုက်နိုင်တယ်”
လီမင်နန်ကလည်း ဝဖီးနေတဲ့ယုန်ကိုကြည့်ရင်း ဝမ်းသာအားရ ပြုံးလိုက်မိတယ်။
“အိမ်ယူသွားပြီး အဖွားကို အာလူးနှင့်စတူးချက်ဖို့ ပြောကြမယ်”
လီမင်ရှု နောက်ဆုံးအကြိမ် ဒီကိုရောက်လာတုန်းက အာလူးနဲ့ ယုန်သားစတူးချက်တာကို စားဖူးခဲ့ပြီး ဝက်သားနှပ်လောက် အရသာမရှိဘူးလို့ ခံစားရတယ်။
နောက်ပြီး အခုချိန်မှာ သူ့အဖွားရဲ့အိမ်မှာ ဝက်သားအိုးကြီးတစ်အိုးချက်နေတာကို တွေးမိကာ ယုန်သားစတူးကို မစားချင်တော့ဘူး။
သူက နှုတ်ခမ်းကိုလျှာနဲ့သပ်ရင်း လီမင်နန်နဲ့ ဆွေးနွေးလိုက်တယ်။
“ငါ ငါ့အဖေဆီကနေ ယုန်ကင်က အရသာရှိတယ်လို့ပြောတာကို ကြားဖူးတယ်.. ဒါပေမယ့် အခုချိန်ထိ ယုန်ကင်ကို မစားဖူးသေးဘူး”
“ယုန်သားကင်စားချင်လို့လား အဲဒါကလွယ်ပါတယ်”
လီမင်နန်က လီမင်ရှုနဲ့ တခြားလူတွေကို တောအုပ်ထဲမှာရှိနေတဲ့ တဲတစ်လုံးဆီကို ခေါ်စွားခဲ့ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့တယ်။
ဒီတဲက တောင်ပေါ်ကိုတက်လာတဲ့သူတွေ အသုံးပြုတဲ့ တဲဖြစ်ပြီး ရေစည်ကတော့ တစ်ဝက်လောက်က ခဲနေခဲ့ပြီ။ ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ တောင်ပေါ်မှာ ရေသွားရှာဖို့ လုပ်ခဲ့ကြတယ်။
လီမင်နန်က ဟင်းခတ်အမွှေးအကြိုင်တွေယူဖို့အတွက် လီမင်ပေကို ခိုင်းခဲ့ပြီး မင်ရှုနှင့် မင်ရှင်းကိုတော့ ထင်းသွားကောက်ခိုင်းခဲ့တယ်။
သူ ပထမဦးစွာ ကန်အောက်ခြေတွင် လက်တစ်ဆုပ်စာ ဖြည့်ပြီး ရေကျိုသောအခါ ယုန်များကို ဆေးကြောနိုင်သည်။
ထို့နောက် လီမင်နန်က သူနှင့်အတူ ကိုင်ဆောင်လာတဲ့ ဓားကို ခါးမှ ဆွဲထုတ်လိုက်ကာ ယုန်ကို အလျင်အမြန် အရေခွံခွာလိုက်ပြီး ယုန်ရဲ့ အတွင်းအပြင်ကို ဆေးကြောလိုက်တယ်။
လီမင်နန် အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ အိမ်ကို အပြေးသွားကာ ဆားနှင့် ငရုတ်ကောင်းလိုအရသာမှုန့်တွေကို သွားယူတဲ့ လီမင်ပေက ပြန်ရောက်လာခဲ့တယ်။
လီမင်ရှုနဲ့ လီမင်ရှင်းတို့က အပြင်ဘက်မှမြေကွက်လပ်မှာ နှင်းတွေကို ဖယ်ရှားလိုက်ကြပြီး ထင်းကိုစုပြုံကာ မီးကို နိုင်ငံခြားမီးခြစ်ကိုသုံးပြီး မီးဖိုခဲ့ကြတယ်။
မီးအဆင်သင့်ဖြစ်တော့ လီမင်နန်က ယုန်ကို ဓားနဲ့ အနည်းငယ်လှီးဖြတ်လိုက်ပြီး အတွင်းအပြင်ကို ဆား၊ငရုတ်ကောင်းတို့နှင့် ပွတ်လိုက်ပြီး တုတ်ရှည်တစ်ချောင်းမှာ ထိုးစိုက်လိုက်တယ်။ ပြီးနောက် မီးဖိုပေါမှာ တင်လိုက်တယ်။
ကျန်းကျန်းကတော့ တဲရဲ့အနောက်ဘက်ကို လျှောက်သွားနေခဲ့တယ်။
သူမ ပြန်ထွက်လာချိန်မှာတော့ ပျားရည်တွေနှင့် ပြည့်နေတဲ့ ပျားသလက်တစ်ခုကို ကိုင်လာခဲ့ပြီး ရှက်ရွံစွာနဲ့ လီမင်နန်ကိုပေးလိုက်တယ်။
“တဲနောက်ဘက် သစ်ပင်အောက်ကနေ ကောက်လာခဲ့တာ”
“အိုး ပေါင်ပေ့.. ဒါက အရမ်းကောင်းတဲ့ ပစ္စည်းပဲ.. မင်းက ကံကောင်းတဲ့လက်လေးကို ပိုင်ထားပုံရတယ်.. ပစ္စည်းတွေကောက်ရတဲ့နေရာမှာ အရမ်းတော်တာပဲ”
လီမင်နန်က ပျားသလက်ကိုယူပြီး အနံ့ခံကြည့်လိုက်တော့ ပျားရည်ရနံ့က သူ့နှာခေါင်းထဲကိုတိုးဝင်လာပြီး တံတွေး မျိုချလိုက်တယ်။
“အိမ်ပြန်ယူသွားပြီး အဖွားကိုပေးရမယ်.. အဖွားကို ပျားရည်ဖျော်ပေးခိုင်းရမယ်”
ကျန်းကျန်း မီးဖိုပေါ်မှာ ကင်ထားတဲ့ ယုန်ကိုကြည့်လိုက်ပြီး လီမင်နန်ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်တယ်။
“တတိယာအစ်ကို ..ပျားရည်က ချိုလား”
“ချိုတယ်.. မွှေးလည်းမွှေးတယ်..ပျားရည်ဖျော်ရည်က သောက်လို့အရမ်းကောင်းတာ! ဒါပေမယ့် တောပျားတွေက အဆိပ်ပြင်းလွန်းလို့ ငါတို့ သူတိုကိုကို အလွယ်တကူ အပြစ်မလုပ်ရဲဘူး”
လီမင်နန် သူ့လက်ထဲက ပျားသလက်အုံကို ကြည့်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်တယ်။
“အရင်ရက်တွေတုန်းက နှင်းတွေ အများကြီးကျခဲ့လို့ ပြုတ်ကျလာတာဖြစ်ရမယ်.. ကံကောင်းလို့ ငါတို့ ဒီနေ့ တောင်ပေါ်ကို တက်လာခဲ့မိလို့ပေါ့
.. မဟုတ်ရင် ဒီလောက်ကောင်းတဲ့ ပစ္စည်းကို ကောက်ယူနိုင်မှာ မဟုတ်ဘူး”
ကျန်းကျန်းရဲ့ အာရုံကတော့ ထိုနေရာမှာ လုံးဝရှိမနေခဲ့ဘူး။ သူက လီမင်နန်ရဲ့ ချိုတယ်ဆိုတဲ့စကားကိုကြားတော့ ချက်ချင်းပြောလိုက်တယ်။
“တတိယအစ်ကို.. သမီး ယုန်သားချိုချိုလေးစားချင်တယ်.. ယုန်ပေါ်မှာ ပျားရည်သုတ်လိုက်ရအောင်လေ”
လီမင်နမ်ရဲ့မျက်နှာပေါ်မှာ စိတ်ဆင်းရဲသွားတဲ့အမူအယာတွေ ပေါ်ထွက်လာခဲ့တယ်။
“ယုန်တစ်ကောင်ပေါ်မှာ ဒီလောက်ကောင်းတဲ့ အရာကို လိမ်းမယ်ဆိုရင် ဖြုန်းတီးရာကျလွန်းတယ်”
“အဲလို စားချင်တယ်!”
ကျန်းကျန်း လီမင်နန်ရဲ့လက်ကို ဆုတ်ကိုင်လိုက်ကာ ဆိုးသွန်းနေတဲ့ ကလေးလေးတစ်ယောက်လို ပြုမူခဲ့တယ်။
“တတိယအစ်ကို.. ညီမလေးအတွက် ယုန်ကို ပျားရည်သုတ်ပေးလို့ရမလား? ညီမလေး အစ်ကို့အတွက် နောက်မှ ထပ်ကောက်ပေးမယ်လေ”
“တုံးအတဲ့ ညီမလေးပဲ.. မင်းက နေရာတိုင်းမှာ ပျားလပို့နဲ့ ထင်းရှူးမျှော်စင်တွေ ရှိနေတယ်လို့ ထင်နေလား”
လီမင်နန်က ကျန်းကျန်းရဲ့ခေါင်းလေးကိုထိပြီး ပြောလိုက်တယ်။ သို့ပေမယ့် လီမင်နန်င ကျန်းကျန်းကို အလိုလိုက်နေဆဲဖြစ်ပြီး သစ်သားဇလုံတစ်လုံးရှာရန် အခန်းထဲသို့ဝင်သွားကာ ရေနှင့်နှစ်ကြိမ်လောက် ဆေးကြောလိုက်တယ်။ ထို့နောက် ပျားရည်အနည်းငယ်လောက်ကို ဂရုတစိုက်ထုတ်ပြီး ထိုသစ်သားဇလုံတစ်လုံးထဲသို့ ထည့်လိုက်တယ်။
လီမင်ပေကလည်း ဆားသုတ်တဲ့ စုတ်တံကို ယူလာပြီး မင်နန်ကိုပေးခဲ့တယ်။
လီမင်နန် ထို စုတ်တံကို ပျားရည်အနည်းငယ်ထဲသို့ ဂရုတစိုက်နှစ်ပြီး ယုန်ပေါ်မှာ အညီအမျှ ဖြန့်သုတ်ပေးခဲ့တယ်။
ခဏလောက်ကြာအောင် ကင်ပြီးသွားတဲ့အချိန်မှာတော့ ဝဖီးတဲ့ယုန်က ဆီတွေထွက်လာခဲ့ကာ မွှေးကြိုင်တဲ့ ရနံ့တွေထွက်လာခဲ့တယ်။
လီမင်ပေက တံတွေးကို မျိုချလိုက်ပြီး ယုန်ကို စိုက်ကြည့်ရင်း ပြောလာတယ်။
“ပျားရည်သုတ်လိုက်တော့ ပိုမွှေးလာတယ်လို့ ထင်တယ်နော်”
လီမင်နန် ခေါင်းညိတ်ထောက်ခံလိုက်တယ်။ ယုန်ရဲ့အပြင်လွှာအရောင်က အညိုရောင်သန်းလာချိန်မှာ သူကသစ်သားဇလုံထဲမှာ ကျန်ဝှိနေသမျှကို ခြစ်ပြီး ပျားရည် နောက်အလွှာကို အမြန်သုတ်လိုက်တယ်။
အရသာတွေအားလုံး စိမ့်ဝင်သွားတော့ လီမင်ပေက ယုန်သားကို ဓားနဲ့ထိုးကြည့်လိုက်ပြီး ယုန်သားတွေအားလုံးကျက်ပြီလားလို့ စစ်ကြည့်လိုက်တယ်။ အကုန်ကျက်သွားတော့မှ သူက အလျှင်အမြန် ပြန်ချလိုက်တယ်။
လီမင်ပေက မီးဖိုထဲမှာ မီးတွေ အပြင်းအထန် တောက်လောင်နေသေးတာကို တွေ့တော့ အနီးအနားမှ ထင်းရှူးသီးတချို့ကို ကူယူကာ ပစ်ထည့်လိုက်တယ်။
သိပ်မကြာခင်မှာ ထင်းရှူးသီးရနံ့တွေ ထွက်လာလိမ့်မယ်။
လီမိသားစုမှ ကလေးတွေက မီးဖိုနားမှာ ဝိုင်းထိုင်နေခဲ့ကြပြီး ယုန်သားက သိပ်မပူတော့တဲ့အချိန်မှာ လီမင်နန်က ဓားကိုယူပြီး အပိုင်းကြီးတွေ ပိုင်းဖြတ်လိုက်တယ်
ကျန်းကျန်းအတွက် အပိုင်းကတော့ ယုန်ခြေထောက်တစ်ပိုင်းပဲ။ သူမက ယုန်ခြေထောက်ကိုကိုင်ကာ လေးနဲ့မှုတ်ရင်း တစ်ကိုက်ကိုက်လိုက်တယ်။ အသာ့က အပြင်ဘက်မှာ အနည်းငယ်ကြွတ်ကာ အတွင်းပိုင်းမှာတော့ နူးညံ့ပြီး မွှေးကြိုင်နေခဲ့တယ်။
သူမ အသက်ကိုရှုသွင်းရင်း ပါးစပ်ထဲမှ ယုန်သားကို မျိုချလိုက်တယ်။ ဒီယုန်သားက ထမင်းနဲ့ ဝက်သားနှပ်ထက်ပိုပြီး အရသာက ပိုကောင်းတာပဲ။
ကျန်းကျန်းကသာ ဒီလိုခံစားမိတာတော့မဟုတ်ဘူး။ လီမင်နန်နှင့် လီမင်ပေတို့က ယုန်သားကင် စားဖူးကြပေမဲ့ သူတို့က လီမူဝူ ကင်တဲ့နည်းလမ်းအတိုင်းပဲ စားဖူးခဲ့ကြတာလေ။ အရသာရဲ့ အတိုင်းအတာကို တိုးမြှင့်ဖို့ တစ်ခါမှ မတွေးတောဖူးဘူး။
အသားရဲ့ အပူချိန်က ဒီနေ့ရာသီဥတုအတွက် အကိုက်ပဲ။
ပျားရည်နဲ့ သုတ်လိမ့်ပြီး ကင်စားဖူးတာက ပထမဆုံးအကြိမ်ဖြစ်လို့ လီမင်ပေ သူ့လက်ထဲက ယုန်သားကို စားပြီးနောက် သူ့ရဲ့လက်ချောင်းတွေကိုပါ လျှာနဲ့လျက်ကာ သက်ပြင်းချရင်း ပြောလာတယ်။
“အရသာ ရှိလိုက်တာ”
လီမင်ရှုနှင့် လီမင်ရှင်းတို့က ယုန်သားကို သန့်ရှင်းစွာစားခဲ့ကြပေမဲ့ သူတို့ရဲ့ လက်ထဲမှ အရိုးတွေကို လွှင့်ပစ်ဖို့ တွန့်ဆုတ်နေခဲ့ကြတယ်။
လီမင်ကျုံးကတော့ လူတိုင်းက မွှေးကြိုင်တဲ့ အစားအစာကို စားနေကြတာကို မြင်ပြီး သူ့အတွက်မကျန်တော့မှာကို စိတ်ပူစွာ အော်ဟစ်လာတယ်။ သူက ကျန်းကျန်းရဲ့ အနီးတစ်ဝိုက်မှာ လှည့်ပတ်ပြီး သူ့လျှာကို ထုတ်ရင်း အော်နေခဲ့တယ်။
ကျန်းကျန်းက ယုန်သားတစ်ပိုင်းကို ဆွဲဖြတ်ကာ လီမင်ကျံးဆီကို လှမ်းပေးပေးလိုက်တယ်။
လီမင်ကျုံးကလည်း လေပေါ်သိုခုန်တက်ကာ လေထဲမှာပဲ ယုန်သားကို ဖမ်းယူကာ သုံးကြိမ်လောက် ကိုက်ဝါးကာ မျိုချလိုက်ပြီးနောက် ကျန်းကျန်းကို ထပ်မံ စိုက်ကြည့်လာတယ်။
“ဘာမှ အရသာ မတွေ့လိုက်ဘူး”
ကျန်းကျန်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ပိုင်း ထပ်ပစ်ပေးလိုက်တယ်။
“ဖြည်းဖြည်းစားတော့.. ငါ စားပြီးခါနီးမှ ထပ်ပေးတော့မှာ”
လီမင်ကျုံးက ပါးစပ်ထဲမှာ ယုန်သားကိုကိုက်ရင်း ခေါင်းညိတ်လာတယ်။ ကျန်းကျန်းကို ထပ်ပြောဖို့ကိုလည်း မမေ့ဘူး။
“ငါ့အတွက် အသားများများချန်ခားဦးနော်”
ကျန်းကျန်းက ပျားရည်သုတ်ထားတဲ့ ယုန်ခြေထောက်ကိုအကုန်နီးပါး စားခဲ့ပြီး ကျန်ရှိနေတဲ့အပိုင်းကို အစ်ကိုတွေရဲ့မျက်စိရှေ့မှာပဲ လီမင်ကျုံးဆီကို လှမ်းပေးလိုက်တယ်။
လီမင်ကျုံးကတော့ ယုန်ခြေထောက်ကို သူ့ရဲ့ရှေ့ခြေနှစ်ချောင်းနှင့်ညှပ်ကာ ကုန်စင်တဲ့အထိ ကိုက်ဝါးလိုက်တယ်။
ထို့နောက် သူ မကိုက်နိုင်တော့လို့ ကျန်ရှိနေတဲ့ အရိုးတွေကို တွန့်ဆုတ်စွာနဲ့ လွှင့်ပစ်လိုက်ကာ သူ့ရဲ့ လျှာကို သပ်ကာ မီးဖိုဘေးနားကို ခုန်ပေါက်ရင်း လူးလှိမ့်နေတော့တယ်။