← Chapters

Chapter 74

Vol. 8 Ch. 74

Chapter 74

Vol. 8 Ch. 74

ထင်းတွေ မီးလောင်ကျွမ်းပြီးသွားချိန်မှာ မီးက တဖြည်းဖြည်း ငြိမ်းသွားခဲ့တယ်။ လီမင်ပေက တုတ်တစ်ချောင်းကို ကောက်ယူပြီး ထင်းရှူးသီးတွေကို လီမင်ရှုနဲ့ လီမင်ရှင်းဘက်သို့ ထုတ်ပေးလိုက်တယ်။

“ဒီလိုမျိုး မီးဖုတ်ထားတဲ့ ထင်းရှူးစေ့တွေက ကြော်ထားတာထက် ပိုမွှေးတယ်”

လီမင်ရှုနဲ့ လီမင်ရှင်းတို့က ထင်းရှူးသီးမီးဖုတ်ကို တဖူးဖူးမှုတ်ကာ နှစ်ပိုင်း ချိုးလိုက်ကြတယ်။

အစေ့ထွက်လာတော့ အပူချိန်ကို ဂရုမစိုက်ဘဲ ပါးစပ်ထဲကိုပစ်သွင်းလိုက်ကြကာ ဝါးစားရင်းနှင့်မှ အခွံကို ပြန်လည် ထွေးထုတ်လိုက်ကြတယ်။

လီမင်ရှင်းက မကျေမနပ်စကားတွေကို တိုက်ရိုက်ပဲပြောလာတယ်။

“ငါတို့ပေရှားမှာ ဒီလောက်ကောင်းတဲ့အရာတွေရှိနေတာကို ငါတို့အဖေက ဘာတွေကိုတွေးပြီး ပင်းချန်ဆီကိုသွားနေရတာလဲမသိဘူး.. မဟုတ်ရင် ငါတို့လည်း ယုန်သားတွေ၊ ထင်းရှူးစေ့တွေကို အမြဲစားရမှာကို”

ကျန်းကျန်းက ထင်းရှူးစေ့ကို မကိုက်နိုင်တာကြောင့် အစေ့တစ်ချို့ကို ကောက်ကာ သူမရဲ့အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး အိမ်ကို ပြန်ရောက်မှ အဖွားဖြစ်သူကို အခွံချွတ်ခိုင်းဖို့ တွေးထားလိုက်တယ်။

ကလေးတစ်သိုက်က တောင်ပေါ်ကနေ ဆင်းလာတဲ့လမ်းတလျှောက်မှာ ထင်းရှူးစေ့တွေကို ကိုက်ဝါးစားလာကြပြီး ကျန်းကျန်းတစ်ယောက်တည်းကသာ အိတ်ကပ်ထဲမှာ ထည့်ထားခဲ့တယ်။

လီမင်နန်က သူ ပြန်သယ်လာတဲ့ ပျားသလက်အုံကို မဒမ်လီဆီသို့ပေးလိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

“ကျန်းကျန်းက ဒါကို သစ်ပင်အောက်ကနေ ကောက်လာခဲ့တာလေ.. ကံကောင်းလို့ ကျွန်တော်တို့ ဒီနေ့ တောင်ပေါ်ကိုတက်ခဲ့လို့ပေါ့.. မဟုတ်ရင် တခြားသူတွေ ကောက်ယူသွားတော့မှာ”

မဒ်လီက ကောင်းကင်ကိုသာ တိတ်တဆိတ် မော့ကြည့်ရင်း တွေးလိုက်မိတယ်။

“ စိတ်မပူပါနဲ့ မင်းရဲ့ညီမလေးသာ မလိုက်သွားဘူးဆိုရင် ဒီပျားသလက်အုံက ပြုတကျလာမှာကို မဟုတ်ဘူး “

ယုန်ခြေထောက်ရဲ့အများစုကို စားခဲ့တာကြောင့် ကျန်းကျန်းက နေ့လည်ပိုင်းမှာ သိပ်ပြီး ဗိုက်မဆာတော့ဘူး။

သူမက ထမင်းအလုပ် အနည်းငယ်လောက် စားပြီးနောက် ထမင်းစားနေတဲ့ ခန်ပေါ်မှဆင်းကာ သူမရဲ့အခန်းထဲမှ ခန်ပေါ်သို့ တက်သွားခဲ့ပြီး မဒမ်လီ ပြင်ဆင်ပေးထားခဲ့တဲ့ ပျားရည်ဖျော်ရည်ခွက်ကို ကိုင်သောက်နေခဲ့တယ်။

လီမင်ကျုံးကလည်း သူ့ရဲ့အစာကို စားပြီးတာနဲ့ ခြေထောက်ကိုမ,ကာ ကျန်းကျန်းရဲ့အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့တယ်။

ကျန်းကျန်းက ခေါင်းမော့ကြည့်ပြီး လှမ်းပြောလိုက်တယ်။

“လေတွေဝင်တယ်.. တံခါးကို ပြန်ပိတ်ထားလိုက်”

လီမင်ကျုံးက တိတ်တဆိတ်နဲ့ ပြန်လှည့်ပြီး သူ့ရဲ့ ခြေထောက်ကို မ,ကာ တံခါးပိတ်လိုက်တယ်။

ပြီးနောက် ခန်ရဲ့အနားကို လျှောက်သွားပြီး ခန်အစွန်းပေါ်မှာ ရှေ့လက်နှစ်ဖက်ကိုတင်ကာ ကျန်းကျန်းဆီသို့ ဝမ်းနည်းတဲ့မျက်နှာဖြင့် ကြည့်လာတယ်။

“ယုန်သားကင်ကို ဝအောင် မစားလိုက်ရဘူး”

“ငါသိတယ်”

ကျန်းကျန်း ပျားရည်ခွက်ကိုကိုင်ရင်း နှစ်သိမ့်ပေးလိုက်တယ်။

“ဒီနေ့က လူတွေများလွန်းတယ်.. နောက်တစ်နေ့ကျရင် ငါတို့ စတုတ္ထအစ်ကိုနဲ့ တိတ်တိတ်လေး သွားကြမယ်.. ပြီးရင် ယုန်ကင်တစ်ဝက်ကို မင်းကို ပေးမယ်”

“မင်းလည်း ယုန်တွေ ဖမ်းနိုင်တာပဲလေ ငါ့ထက်တောင် ပိုတော်သေးတယ်.. ယုန်ကင်တစ်ဝက်က သွားမှာ ကပ်ဖို့တောင် မလုံလောက်ဘူး”

လီမင်ကျုံးက လှည့်ပတ်ပြီး သူ့ရဲ့ အိပ်ယာထဲမှာ လှဲကာ ခေါင်းကို လက်နှစ်ဖက်မှာတင်လိုက်တယ်။

“ငါ တစ်ကောင်တည်း တစ်ကောင်လုံးစားချင်တယ်”

ကျန်းကျန်း ဇလုံထဲမှ သစ်အယ်စေ့ နည်းနည်းလောက်ကိုယူပြီး လီမင်ကျုံးဆီကို ပစ်ပေးလိုက်တယ်။

“နောက်တစ်ခါကျရင် ပိုပြီးဖမ်းလိုက်လေ.. ငါ နင့်အတွက် တစ်ကောင်လုံးကင်ပေးမယ်.. နောက်ပြီး အဖွားနှင့် အမေအတွက်လည်း ပြန်ယူလာရမယ်”

လီမင်ကျုံးက လှဲနေရာမှ ထကာ သစ်အယ်စေ့ကို ခုန်ဖမ်းလိုက်ပြီး ကျန်းကျန်းဆီသို့ အမြီးလှုပ်ပြလိုက်တယ်

“ငါတို့ သဘောတူပြီးပြီနော်.. ဒါပေမယ့် မင်း ခွေးတွေကို လှည့်စားလို့မရဘူး”

ကျန်းကျန်းပျားရည်ခွက်ထဲမှ နောက်ဆုံးတစ်ငုံကို မော့သောက်လိုက်ပြီး လီမင်ကျုံးကို ဗလာဖြစ်စွာ ကြည့်လိုက်တယ်။

“ငါသိပါတယ်.. ငတုံးခွေး”

အနောက်ဘက်အိမ်ထဲမှာတော့ မြောက်ဘက်ခန်နှင့် တောင်ဘက်ခန်မှာ စားပွဲနှစ်လုံး ချထားခဲ့တယ်။

လီမူဝမ်းတို့ ညီအကို လေးယောက်က သူတို့ရဲ့ အရွယ်ရောက်ကာစ တူသားတွေနှင့်အတူ တောင်ဘက်ခန်ပေါ်မှာ ထိုင်နေခဲ့ကြပြီး မဒမ်လီကတော့ သူမရဲ့ ချွေးမတွေ၊ မြေးမတွေနှင့် မြေးအငယ်တွေကို ခေါ်ကာ မြောက်ဘက်ခန်ပေါ်မှာ ထိုင်ခဲ့ကြတယ်။

စားပွဲပေါ်မှာတော့ ဆီပြန်နေတဲ့ အနီဆော့စ်ထူထူဖြင့်နှပ်ထားတဲ့ ဝက်သားနှပ် တစ်ခွက်၊ ပါးပါးလှီးထားတဲ့ ဝက်သားပြုတ်သုတ်တစ်ပန်းကန်၊ သွေးဝက်အူချောင်းနှင့် ဂေါ်ဖီချဥ်၊ နောက်ထပ် သွေးဝက်အူချောင်းနှင့် ဂေါ်ဖီကြော် ၊ အာလူးစတူးဟင်း၊ ပဲကြီးနှပ် စတဲ့ ဟင်းပွဲတွေ အစုံအလင်ရှိနေခဲ့တယ်။

အသားဟင်းတွေကိုကြည့်ရင်း ကျန်းချွမ်ဟွားရဲ့မျက်လုံးတွေက လောဘအရောင်တောက်နေခဲ့ပြီး သူမရဲ့ဘေးနားမှ အသီးအရွက်ဟင်းတွေကို မထိတော့ဘူး။

သူမက ပါးစပ်ထဲကို အသားနှစ်တုံးကို အရင်ပစ်ထည့်လိုက်ပြီး ပလုပ်ပလောင်းနဲ့ ပြောလာတယ်။

“အမေ.. အမေတို့ အိမ်က အမြဲတမ်း အဆင်ပြေနေတာပဲ.. ကျွန်မတို့ထက် အများကြီး ပိုကောင်းတယ်.. မူလင်းက အမေ ကောင်းကောင်းမစားရမှာကို အမြဲစိတ်ပူနေခဲ့တာ ဒါကြောင့် သူက လတိုင်း လစာထုတ်တာနဲ့ အမေ့ဆီကို အစားအသောက်လက်မှတ်တွေ ပိုက်ဆံတွေကို အရင် ထည့်ပေးနေခဲ့တာလေ.. ကျွန်မတို့ကတော့ အမေ့လိုမျိုး အိမ်မှာ ကောင်းကောင်း မနေနိုင်ခဲ့ဘူး”

မဒမ်လီက သူမကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။

“ငါက သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် သူ ငါ့ကို ပြန်ပေးဆပ်သင့်တာပဲလေ..

တကယ်လို့ နင်တို့မှာ ခက်ခဲတဲ့အချိန်တွေ ရှိနေရင် သူ ငါ့ကိုလာပြောရင် ငါ ပြန်ပေးလိုက်မယ်.. မင်းရဲ့မိဘတွေလည်း ဒီလိုပဲ မဟုတ်ဘူးလား.. လီမူလင်းက သူ့ရဲ့လစာထဲက မင်းရဲ့မိဘတွေကို အစားအသောက်လက်မှတ်တွေနဲ့ တူညီတဲ့ ပိုက်ဆံပမာဏကို ပေးထားတာပဲလေ..

မင်းက သူတို့ကိုတော့ ပေးဖို့အတွက် ဆန္ဒရှိနေတာပဲမလား.. ဒါက တူညီတဲ့အကြောင်းပြချက်ပဲ”

ကျန်းချမ်းဟွားက သဘောမကျစွာနဲ့ နှစ်ကြိမ်လောက် ရယ်မောနေခဲ့ပြီး အရိုးကြီးတစ်ရိုးကိုကောက်ယူကာ အပေါ်မှ အသားလွှာကြီးကို တစ်ကိုက်တည်းနဲ့ ကိုက်လိုက်တယ်။

“ကျွန်မက သဘောမကျဘူးလို့ မပြောပါဘူး.. ပင်းချန်မှာက ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေမရှိရင်တောင် ဒီလိုအသားတွေမစားနိုင်ဘူးလို့ တွေးမိလို့ပါ”

“ဒီမှာလည်း ဝယ်လို့မရဘူး ဒါပေမယ့် ပေရှားမှာ မွေးမြူတဲ့လူတွေရှိတယ်.. ကြက်နဲ့တိရစ္ဆာန်တွေကို မွေးမြူဖို့နေရာလည်းရှိတယ်.. ဒါကြောင့် မင်းတို့ထက် ပိုကောင်းနေတာပဲ”

မဒမ်လီ သွေးဝက်အူချောင်း တစ်လုပ်စားလိုက်တယ်။

“ဒါပေမယ့် ဒီလိုပစ္စည်းတွေကို တစ်နှစ်လောက် သိမ်းထားဖို့ မလုံလောက်ဘူး.. နောက်ပြီး မင်နန်နဲ့မင်ပေတို့က သူတို့ကိုမွေးမြူဖို့ တစ်နေကုန်အလုပ်ရှုပ်နေခဲ့ရတာ.. သူတို့က ဝက်စာချက်ပြုတ်တာတွေ ဒါမှမဟုတ် တောင်ပေါ်ကိုတက်ပြီး တောရိုင်းဟင်းသီးဟင်းရွက်တွေသွားခူးတာတွေ လုပ်ခဲ့ရတယ်.. ပင်းချန်မှာတော့ ကျွေးစရာတွေအများကြီးမရှိဘူး”

မင်ရှုနဲ့ မင်ရှင်းတို့ကတော့ အခုလေးတင်မှ ယုန်ကင်ကို စားလာခဲ့တာဖြစ်ပြီး ပြန်လာတဲ့အချိန်မှာ အခုလို အမျိုးအစားစုံလင်တဲ့ စားပွဲဝိုင်းနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် တစ်နှစ်တာအတွင်း မစားမသောက်နိုင်ခဲ့ရတာတွေအပေါ် အကြွေးဆပ်ပြီး စားသောက်နေခဲ့ကြတယ်။

လီမင်ရှင်းက ဝက်သားနှပ်ကို တစ်ကိုက်ပြီးတစ်ကိုက်စားနေခဲ့ပြီး အသားက အီမနေခဲ့ဘူး။

ထိုအချိန်မှာပဲ ပေရှားမှာ ဝက်တွေ မွေးမြူနိုင်တာကို ကြားလိုက်ရတာကြောင့် သူက ချက်ချင်း ခေါင်းလှည့်ပြီး ကျန်းချွမ်ဟွားဆီကို ပြောလိုက်တယ်။

“အမေ.. ပေရှားက အရမ်းကောင်းတယ်.. ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့မွေးရပ်မြေမှ ပြန်နေကြရအောင်လေ.. အမေကတော့ တောင်ပေါ်မှာ ဘာတွေရှိလဲဆိုတာကို သိမှာမဟုတ်ဘူး.. ယုန်တွေက အရမ်းဝဖီးပြီး ကင်လိုက်တဲ့အချိန်မှာ အနံ့အရမ်းမွှေးတယ်”

ကျန်းချွမ်ဟွားရဲ့ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားရပြီး မဒမ်လီမှ သဘောတူလာမှာကို ကြောက်လန့်သွားရတယ်။

လီမူလင်းသာ သူ့ရဲ့စိတ်တွေကိုပြောင်းလဲလိုက်ရင် သူမရဲ့ မိဘတွေ ဘယ်လို အဆင်ပြေနိုင်တော့မှာလဲ။ သူမက လီမင်ရှင်းကို ခန်စားပွဲရဲ့အောက်မှ ကန်လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ရတယ်။

“နင် ဘယ်လိုအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ.. နင် ကျောင်းမသွားတော့ဘူးလား.. နင့်ရဲ့အဖေကလည်း အလုပ်သွားရဦးမှာ”

မဒမ်လီက သူမကို စိုက်ကြည့်ပြီး သူမရဲ့ပါးစပ်ကို ဝင်ပိတ်လိုက်တယ်။

“နင်တို့ ပြန်မလာတာ ကောင်းပါတယ်.. ငါ နင့်ကို မျက်စိရှေ့မှာ မြင်နေရတာကို စိတ်အနှောင့်အယှက်ဖြစ်နေတုန်းပဲ.. နောက်ပြီး ဒီမှာ နင်တို့နေဖို့အတွက် အိမ်လည်း မရှိဘူး”

ကျန်းချွမ်ဟွားက နှစ်ကြိမ်လောက် ပြုံးလိုက်ပြီး ခေါင်းကိုငုံ့ပြီး စကားဆက်မပြောရဲတော့ဘဲ စားသာ စားနေတော့တယ်။

တစ်ဖက်မှ စားပွဲမှာတော့ လီမူဝမ်းက သူ့တူလေးတွေရဲ့ ပညာရေးအကြောင်းတွေကို မေးမြန်းနေခဲ့တယ်။ လီမင်တုန်က အခု တက္ကသိုလ်တက်နေပြီဖြစ်လို့ ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး။ သူ ဘွဲ့ရတဲ့အချိန်ကျရင် အလုပ်ရလာလိမ့်မယ်။

လီမူဝမ်းက သူ့ဘာသာသူ ထည့်ပြီးသောက်နေတဲ့ လီမင်ရှီကိုကြည့်ပြီး မေးလိုက်တယ်။

“မင်ရှီက ဘယ်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ စဉ်းစားနေတာလဲ”

လီမင်ရှီသည်လည်း ဒီအကြောင်းကိုတွေးတောမိရင် ခေါင်းကိုက်နေရတယ်။

“ကျွန်တော့်အစ်ကို ကောလိပ်တက်တုန်းက ကျွန်တော် ပင်းချန်ကိုသွားကြည့်ခဲ့တယ်.. ဒါပေမယ့် ဘယ်နေရာကို ဝင်ခွင့် စာမေးပွဲဖြေရမလဲဆိုတာ မစဥ်းစားနိုင်သေးဘူး”

လီမူဝမ်းက ဝိုင်တစ်ငုံသောက်လိုက်ပြီး လီမင်ရှီကို အကြံဉာဏ်တစ်ခု ပေးလိုက်တယ် ။

“ မင်းမှာ လျှောက်ချင်တဲ့ တက္ကသိုလ်တစ်ခုခုမရှိသေးရင် ပင်းချန်ရဲ့စစ်တက္ကသိုလ်ကို လျှောက်ဖို့ အကြံပေးချင်တယ်..

ဒါပေမယ့် မင်းအခု ရိတုန် အထက်တန်းကျောင်းကနေ စာမေးပွဲအောင်လို့မရဘူး.. ပင်းချန်အထက်တန်းကျောင်းကို ပြောင်းရမယ်”

လီမူဝမ်းက ချက်ချင်း ဝင်ပြောလာတယ်။

“ ဒါဆို ကျွန်တော့်အိမ်မှာလာနေလို့ရတယ်လေ.. ကျွန်တော် သူ ကျောင်းတက်နေတုန်း ဂရုစိုက်လိုက်မယ်”

လီမူဝမ်း: “နှစ်သစ်ကူးပြီးရင် ငါ မင်ရှီကို ပင်းချန်ရဲ့ အမှတ် (6) အထက်တန်းကျောင်းကို လွှဲပေးလိုက်မယ်..

နှစ်သစ်ကူးပြီးချိန်လောက်မှာ ဟားကျွင်းကုန်းက နိုင်ငံရေး စာမေးပွဲအတွက် အထက်တန်းကျောင်း အသီးသီးဆီကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရတယ် .. သွားတာ နောက်ကျသွားရင် အခွင့်အရေး လွဲသွားလိမ့်မယ်”

All Chapters