← Chapters

Chapter 75

Vol. 8 Ch. 75

Chapter 75

Vol. 8 Ch. 75

ဒီဘက်ခေတ်မှာ စစ်သားတစ်ယောက်ဖြစ်ရတာက မိသားစုတစ်ခုလုံးအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပဲ။ စစ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး ။

မဒမ်လီက လီမူဝမ်းရဲ့စကားကို ကြားတော့ ထမင်းစားဖို့အတွက်တောင် အာရုံမရှိတော့ဘူး။

စစ်တက္ကသိုလ်အတွက် စစ်ဘက်ဆိုင်ရာစာမေးပွဲနှင့် နိုင်ငံရေးလွတ်ကင်းမှုရှိမရှိ စစ်ဆေးမှုတွေက တခြားသော တက္ကသိုလ်တွေထက် ပိုမို တင်းကျပ်တယ်။

“ငါတို့မိသားစုက အပြစ်ကင်းစင်ပြီး ဂျပန်ကို မျိုးဆက်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုကို ကြောက်စရာမလိုဘူး..

တစ်ခုတည်းသောပြသနာက ကွေ့ဟွားရဲ့ မိသားစုနောက်ခံပဲ.. သူမရဲ့နောက်ခံက လီမင်ရှီရဲ့တိုးတက်မှုလမ်းကြောင်းအပေါ် သက်ရောက်မှုရှိနိုင်လောက်လား?”

လီမင်တုန် အလျှင်အမြန်ဝင်ပြောလိုက်တယ်။

“အဖွား.. ကျွန်တော်တောင် ကောလိပ်အတွက် နိုင်ငံရေးစစ်ဆေးမှုကို အောင်မြင်သွားပြီလေ.. မင်ရှီအတွက် ဘာကို ကြောက်နေတာလဲ”

လီမူဝမ်းက ဝိုင်ခွက်ကိုချလိုက်ပြီး လီမင်တုန်ကို ရှင်းပြလိုက်တယ်။

“ပင်းချန် စစ်တက္ကသိုလ်ကို ဝင်ခွင့်ဝဖို့ဆိုရင် မိသားစုနောက်ခံအပြင် စစ်ဘက်ဆိုရင်ရာ စာမေးပွဲနဲ့ နိုင်ငံရေး စာမေးပွဲမှာ လူမှုဆက်ဆံရေးနဲ့ မိသားစုတွေရဲ့နောက်ကြောင်းရာဇဝင်တွေကိုပါစစ်ဆေးတယ်..

အရင်းရှင်ကြီးတွေ၊ ပါတီနဲ့ အတိုက်အခံမုန်းတီးမှုတွေဖြစ်ဖူးတဲ့ မြေယာရှင်တွေ သာရှိနေရင် သူတို့တွေက ဝင်ခွင့်ပြုမှာမဟုတ်ဘူး”

လီမင်ရှီ ထိုစကားကိုကြားတော့ အမြန်ဝင်ပြောလိုက်တယ်။

“ကျွန်တော့်မရီးက ပါတီနဲ့ အတိုက်အခံမုန်းတီးမှု မရှိဘူး.. တကယ်လို့ ကျွန်တော်သာ နိုင်ငံရေးစစ်ဆေးမှုကို မအောင်မြင်ခဲ့ရင်လည်း ကိစ္စမရှိဘူး.. ကျွန်တော် ပင်းချန်ရဲ့ အင်ဂျင်နီယာတက္ကသိုလ်ကို ရွေးလိုက်မယ်”

လီမူဝမ်းက အပြုံးတစ်ခုနဲ့ပြောလာတယ်။

“ငါ မင်းကို ပင်းချန်ရဲ့စစ်တက္ကသိုလ်ကို လျှောက်ထားဖို့ အကြံပေးမှတော့ ကွေ့ဟွားရဲ့ အခြေအနေကိုလည်း သေချာပေါက် စဥ်းစားခဲ့ပြီးပြီပေါ့”

လီမူဝမ်းက သူ့ရဲအမေအတွက် ဝိုင်တစ်ခွက်လောင်းထည့်ပေးလိုက်ပြီး လူတိုင်းကို ရှင်းပြလိုက်တယ်။

“ကွေ့ဟွားက ငယ်ငယ်လေးကတည်းက ကျွန်တော်တို့မိသားစုထဲမှာ ကြီးပြင်းလာခဲ့ပြီး သူမက ကျွန်တော်တို့ရဲ့ အိမ်ထောင်စုစာရင်းထဲမှာပဲ အမြဲရှိနေခဲ့တာလေ..

ကျွန်တော့်မိသားစုက သူ့ရဲ့မိဘတွေနဲ့ ကွဲကွာသွားခဲ့တာလည်း ကြာနေပြီပဲ.. ကျွန်တော် ပင်းချန်ကို သွားပြီးကွေ့ဟွားရဲ့ ကိစ္စရပ်တွေကို ရှင်းပြဖို့အတွက် စစ်တပ်နှင့် ပင်းချန်စစ်တက္ကသိုလ်အတွက် စာဖိုင်တစ်စောင်ရေးလိုက်မယ်.. တကယ်လို့ ဒီကိစ္စကို ဖိနှိပ်လိုက်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့.. တကယ်လို့ မဖြစ်လာခဲ့ရင်လည်း ပုံမှန်အထက်တန်းကျောင်းကိုပဲ တက်ရရင်လည်း ကောင်းတာပါပဲ”

ဒီစကားကိုကြားတော့ မိသားစုတစ်ခုလုံးက စိတ်သက်သာရာရသွားတယ်။

ကျန်းချွမ်ဟွားက ပင်းချန်ဇာတိဖြစ်ပြီး ပင်းချန်စစ်တက္ကသိုလ်က အလွန်အစွမ်းထက်ကြောင်းကို သဘာဝကျစွာနဲ့ သိထားတယ်။

ဒါကြောင့် သူမကခန်တစ်ခုလုံးကို ဖြတ်ကျော်ပြီး အလျှင်အမြန်မေးလိုက်တယ်။

“အိုး ..အစ်ကိုကြီးက ပင်းချန်စစ်တပ်နဲ့ စကားပြောလို့ရတယ်ပေါ့.. ဒါဆို အစ်ကိုကြီးက စစ်တပ်ထဲမှာ ရာထူးကြီးတဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ်”

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လီမူဝမ်းက ဂျပန်ဆန့်ကျင်ရေးကိစ္စတွေကိုသာ ပြောဆိုခဲ့တယ်။

ပြီးနောက် လွတ်လပ်ရေးရပြီးနောက်မှာဖြစ်ပျက်ခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်နေ့ရက်တွေအကြောင်းကိုသာ ပြောဆိုခဲ့ပြီး အခြေခံအားဖြင့် စစ်တပ်ရဲ့အတွင်းရေးကိစ္စတွေကို မပြောခဲ့ဘူး။

လီမိသားစုက ငယ်စဉ်ကတည်းက တခြားလူတွေ မပြောပြတဲ့ အကြောင်းအရာတွေကို မမေးဖို့ သင်ကြားပြသထားခဲ့တယ်။

မဒမ်လီက သူမရဲ့သားဖြစ်သူနဲ့ ညဘက်တွေမှာ တစ်ခန်းတည်း အတူအိပ်ခဲ့တယ်။ သားဖြစ်သူရဲ့ စကားအနည်းငယ်ကို ကြားခဲ့ရပြီးနောက် သူမရဲ့သားက စစ်တပ်ထဲမှာ ရာထူး အတော်အတန် မြင့်မားကြောင်း သိထားခဲ့ပြီး သူမရဲ့စိတ်ထဲမှာသာ သိမ်းမှတ်ထားခဲ့တယ်။

လီမူဝမ်းနှင့် အစောင့်တွေလည်း လိုက်လာကြတယ်။ သို့ပေမယ့် ဒီတစ်ကြိမ်မှာ မိသားစုဝင်တွေကို မခြောက်လှန့်မိစေရန်အတွက် လီမူဝမ်းက အစောင့်တွေကို ပင်းချန်မှာ တမင်ချန်ထားခဲ့တယ်။

အခုချိန်မှာတော့ လီမူဝမ်း ကျန်းချွမ်ဟွားရဲ့မေးခွန်းကိုကြားပေမဲ့လည်း မကြားချင်ယောင်ဆောင်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မှီလုပ်ရမဲ့ကိစ္စတွေကို လီမင်ရှီဆီသို့ ဆက်လက်ပြောဆိုခဲ့ကာ လီမင်တုန်ကိုပါ ယခု ဆောင်းအားလပ်ရက်ကိုအခွင့်ကောင်းယူပြီး လီမင်ရှီအတွက် အိမ်စာတွေပေးဖို့ မှာခဲ့တယ်။

ကျန်းချွမ်ဟွားက လီမူဝမ်း သူမရဲ့စကားကို မကြားလိုက်ဘူးလို့ ထင်ခဲ့ကာ ထပ်မံ မေးလိုက်ပြန်တယ်။

“အစ်ကိုကြီး.. အစ်ကိုကြီးက စစ်တပ်ထဲမှာ ဘယ်အဆင့်အရာရှိလဲ”

ဒီတစ်ကြိမ်မှာတော့ လီမူဝမ်း ပြောနေစရာမလိုတော့ဘဲ လီမူလင်းက မည်းမှောင်နေတဲ့မျက်နှာနဲ့ ကျန်းချွမ်ဟွားဘက်ကို လှည့်ပြောခဲ့တယ်။

“ဘာတွေမေးတာလဲ .. ဖဲသမား အကြွေးတောင်းနေသလိုလုပ်နေတာပဲ”

လီမူလင်း ဒေါသထွက်နေတာကို မြင်တော့ ကျန်းချွမ်ဟွား ခေါင်းငုံ့လိုက်ပြီး မကျေမနပ်နဲ့ ရေရွတ်လာတယ်။

“ကျွန်မက မင်ရှူလည်း နောက်နှစ်အနည်းငယ်အတွင်း ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမယ်ဆိုတာကိုတွေးမိလို့ပါ.. အင်အားတွေ ချေးပေးနိုင်မလားသိချင်လို့”

လီမင်ရှုက ကျန်းချွမ်ဟွားဆီကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လာတယ်။

“အမေ ကျွန်တော်က အလယ်တန်း ဒုတိယနှစ်ပဲ ရှိသေးတယ်”

လီမူဝမ်းက ပြုံးလိုက်ပြီး လီမင်ရှုဆီကို ကြင်နာတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

“ငါက စာတစ်စောင်ရေးပြီး အကျိုးအကြောင်းပြောပြပေးလိုက်ရုံပဲ.. စာမေးပွဲကို ဖြေဆိုဖို့က ကိုယ့်ရဲ့ကိုယ်ပိုင် အရည်အချင်းကို အားကိုးနေရဦးမှာပဲ.. နောက်တံခါးကို ဘယ်သူမှ မဖြတ်သန်းနိုင်ဘူး”

လီမင်ရှုက လှမ်းကြည့်ပြီး အလျှင်အမြန်ပြောလိုက်တယ်။

“ပထမဦးလေး.. ကျွန်တော် ကျွန်တော့်ဘာသာ ကြိုးစားရမယ်ဆိုတာ သိပါတယ်.. ကျွန်တော် ကျောင်စမှာ ကောင်းကောင်းသင်ယူထားပါတယ်”

လီမင်ရှင်းက အစ်ကိုဖြစ်သူပြောတာကို နားထောင်ပြီး ၀င်ပေါ်ကနေ တွန်းချတဲ့စကားကိုပြောလာတယ်။

“ဟုတ်တယ်.. ကျွန်တော့် အစ်ကိုက စာအရမ်းတော်တယ်.. အတန်းထဲမှာ လူ သုံးဆယ့်နှစ်ယောက်ရှိတာကို အစ်ကိုက စာမေးပွဲမှာ အဆင့်နှစ်ဆယ့်သုံးရတယ်!”

ထိုစကားကိုကြားတော့ တစ်မိသားစုလုံး ရယ်မောလိုက်ကြတယ်။

လီမင်ရှုလည်း ရှက်သွားရပြီး ကိုယ့်ကိုယ်ကို ဖာထေးဖို့ ကြိုးစားလိုက်တယ်။

“ကျွန်တော် အဲဒီတစ်ခေါက်က ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့လို့ပါ.. ကျွန်တော်သာ စာမေးပွဲကို ကောင်းကောင်းကြိုးစားပြီး ဖြေခဲ့ရင် သေချာပေါက် အဲလိုဖြစ်မှာမဟုတ်ဘူး”

လီမင်ရှင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြန်တယ်။

“ကျွန်တော့် အစ်ကိုပြောတာ မှန်တယ်.. သူက နှစ်တိုင်း အဲလိုပြောခဲ့တယ်.. ဒါပေမယ့် တစ်နှစ်မှ စာမေးပွဲကို ကောင်းကောင်းမအောင်ခဲ့ဘူး”

မိသားစုအတွင်းမှာ ကျယ်လောင်တဲ့ ရယ်မောသံတွေနဲ့ ဆူညံသွားခဲ့ရတယ်။ မျက်နှာမည်းမှောင်နေတဲ့ လီမူလင်းတောင် ထိန်းမထားနိုင်တော့ပဲ ပြုံးလိုက်မိကာ သားဖြစ်သူကို အြောလိုက်တယ်။

“ကောင်ဆိုးလေး.. ငါ သူ့ကို နာမည်ပေးတုန်းက မျက်စိကန်းနေတာပဲ.. သူစာမဖတ်ချင်ဘဲ တစ်နေ့လုံး အချိန်ဖြုန်းနေဖို့သာ သိတော့တယ်”

လီမင်ရှင်းက အဖေဖြစ်သူရဲ့စကားကိုနားထောင်ရင်း လီမင်ရှုဘက်ကို လှမ်းကြည့်လိုက်တော့ အစ်ကိုဖနစ်သူက သူ့ကို စိုက်ကြည့်ပြီး အသံကိုလျှော့ကာ သတိပေးလာတယ်။

“ငါ အပြင်ထွက်တဲ့အချိန် ငါ့ကို ဖက်ပြီး လိုက်ဖို့ ပြောရဲပြောကြည့်လိုက်.. မင်းစားဖို့ မုန့်တွေကိုလည် ငါမဝယ်ပေးတော့ဘူး”

အစ်ကိုဖြစ်သူ ပြောတာကိုကြားတော့ လီမင်ရှင်းက ချက်ချင်းပဲ လေသံကိုပြောင်းလဲလိုက်တယ်။

“ကျွန်တော့်အစ်ကိုက ကျောင်းသားကောင်းတစ်ယောက်မဟုတ်ပေမယ့် ကာယကြံ့ခိုင်တယ်နော်.. သူက အားကစားပွဲတိုင်းမှာ ပထမရတယ်.. နောက်ပြီး ကျွန်တော့်အစ်ကိုက ကျောင်းလစ်ချင်တဲ့အချိန်ဆို ကျောင်း နံရံပေါ်ကခုန်ချသွားတာ အရမ်းမြန်တာ!”

လီမင်ရှင်းရဲ့လေးနက်တဲ့ မျက်နှာကို ကြည့်ပြီး လီမင်ရှုက သူ့ရဲ့ ဆီတွေဝေ့နေတဲ့ လက်ကို ဆန့်ထုတ်ကာ သူ့ကိုပုတ်လိုက်တယ်။

“မင်း စကားကိုလျှော့ပြောပြီး စားစာရှိတာကို များများစားလို့ ရမလား”

လီမင်ရှင်းက သူ့ရဲ့အဝတ်အစားမှာ ဆီတွေပေစွန်းနေတဲ့ လက်ရာကြီးကို ကြည့်ကာ အော်တော့တယ်။

“အမေ.. အစ်ကိုလုပ်တာကို ကြည့်လိုက်ဦး”

ကျန်းချွမ်ဟွားက ခန်ပေါ်မှ အမြန်ခုန်ဆင်းလိုက်ပြီး ရေစိမ်ထားတဲ့ မျက်နှာသုတ်ပုဝါကို ရှာလိုက်ကာ လီမင်ရှင်းရဲ့ ပုခုံးကို တစ်ဝက်လောက် စိုချွဲသွားအောင် သုတ်ပြီးနောက် အဝတ်ကိုသန့်စင်အောင် ထပ်မံသုတ်လိုက်တယ်။

လီမင်နန်နှင့် လီမင်ပေတို့ကတော့ သူတို့ရဲ့ ဆန့်ကျင်ဘက်မှ အချင်းချင်း နာကျင်အောင် တိုက်ခိုက်နေကြတဲ့ ညီအစ်ကိုနှစ်ယောက် ကြည့်ပြီး ရယ်မောနေခဲ့ကြတယ်။

ထို့နောက် လီမင်ပေက လီမင်ရှင်းဆီကို ထပ်ပြောလိုက်တယ်။

“မင်းရဲ့အစ်ကို ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြလေ.. ငါ မနက်ဖြန် မင်းကို ယုန်ကင်စားဖို့ ခေါ်သွားပေးမယ်”

ဒီတစ်ခါတော့ လီမင်ရှင်းရဲ့ စကားကို မစောင့်တော့ဘဲ လီမင်ရှုက ဝင်ပြောလာတယ်။

“မင်းကြားချင်တာကို ငါပြောပြမယ်.. ငါ့ရဲ့ကိစ္စတွေကို ငါအသိဆုံးပဲ.. ငါ့ကို ယုန်ကင်သာ ပေးလိုက်”

လီမင်နန် သူ့ကို သဘောကျစွာ ကြည့်လိုက်တယ်။

“မင်းက စားရဖို့အတွက် ဘာမဆို လုပ်နိုင်တယ်ပေါ့”

မင်ရှုက အပြောင်းအလဲမရှိစွာပြောလိုက်ျယ်။

“ဘာပဲဖြစ်ဖြစ် ငါတို့အတွက် ရှက်စရာကောင်းတဲ့ အရာတွေကို ဖယ်ထုတ်ပစ်နိုင်ရမယ်လေ.. ငါက ဘာလို့ မပြောနိုင်ရမှာလဲ.. ငါသာ မပြောရင် ငါ့ညီက ယုန်ကင်စားရဖို့အတွက် ငါ့ကို ရောင်းထုတ်တော့မှာ”

လီမူစန်းရဲ့မိသားစုထဲမှ လီမင်ကွမ်းက သူတို့ စားသောက်နေတုန်းမှာပဲ ရောက်ရှိလာခဲ့တယ်။

သူတို့တွေ တောင်ပေါ်မှာ ယုန်ကင်စားခဲ့တဲ့အကြောင်းကို လီမင်ပေပြောနေတာကို ကြားတော့ ချက်ချင်းပဲ မနာလိုဖြစ်သွားရကာ စားချင်လာခဲ့တယ်။

ဒါကြောင့် အပြေးအလွှားဝင်ပြောလာခဲ့တယ်။

“ ကျွန်တော်လည်း ကျွန်တော့်အစ်ကို့ရဲ့ အကျင့်ဆိုးတွေအကြောင်းကို သိတယ်.. ယုန်သားကင်စားရမှာလား.. မနှစ်တုန်းက လောင်ဝမ်ရဲ့ ရွှေဖရုံသီးခင်းဟောင်းကို အစ်ကိုသွားခဲ့တဲ့ အကြောင်း ပြောပြမယ်...%#%...”

လီမင်ရုန်က လီမင်ကွမ်းရဲ့လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကသူ့ရဲ့ပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်တယ်။

“မင်းက ငတုံးလား? ငါ မင်းကို ယုန်ကင်တွေကို မပေးနိုင်လို့လား”

မင်ကွမ်းရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားရပြီး ထမင်းလုံးကောက်စားနေတဲ့ ကြက်တစ်ကောင်လိုမျိုး ခေါင်းကိုအထပ်ထပ်ညိတ်ကာ လက်ကိုလည်း အပြင်းအထန် ဝှေ့ယမ်းပြလာတယ်။

လီမင်ရုန်တစ်ယောက် သူ့ရဲ့ငတုံးညီလေး သဘောပေါက်သွားပြီ ဆိုတာကို သိလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ သူ့လက်ကို လွှတ်လိုက်တယ်။

လီမင်နမ်က လီမင်ကွမ်းကို အပြုံးတစ်ခုနဲ့ကြည့်ပြီးပြောလိုက်တယ်။

“ငါ ဒါကို မှတ်မိနေသလိုပဲ.. လွန်ခဲ့တဲ့တစ်နှစ်က တစ်စုံတစ်ယောက်က လောင်ဝမ်ရဲ့အိမ်က ရွှေဖရုံသီးကို လှီးဖြတ်ပြီး အတွင်းပိုင်းမှာ ဆီးသွားခဲ့တယ်လေ.. ပြီးတော့ ရွှေဖရုံသီးကိုပြန်ပြီး တပ်ပေးထားခဲ့တာ..

ဝမ်ပေါင်ဇီက အဲဒီရွှေဖရုံသီးကို သွားခူးမိတော့ သူ့ရဲ့လက်တွေ ညစ်ပတ်သွားရော.. အဖွားကြီးက ဒေါသထွက်ပြီး သူ့ကို တစ်လကျော်လောက် ကြိမ်းမောင်းနေခဲ့တာ”

လီမင်ကွမ်းက ပါးစပ်ကို အုပ်ပြီး မျက်ရည်တွေထွက်တဲ့အထိ ရယ်မောနေခဲ့ကာ အစ်ကိုဖြစ်သူဆီက ပုန်းအောင်းရင်း သူ့ကိုယ်သူ ခုခံကာကွယ်လိုက်တယ်။

“ကျွန်တော် ပြောတာမဟုတ်ဘူးနော်.. အစ်ကိုမင်နန်က သူ့ဘာသာသူ ခန့်မှန်းခဲ့တာ”

လီမင်ပေရဲ့ ပါးစပ်ထဲမှ အသားပိုင်းက ပြုတ်ကျလာရတယ်။

“အစ်ကိုမင်ရုန် မင်းက အရမ်းဆိုးတာပဲ.. ကျွန်တော်သာ ဒီအကြောင်းကို မကြားခဲ့ရဘူးဆိုရင် ဒါကို မင်း လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တကယ် မတွေးမိနိုင်လောက်ဘူး”

လီမင်ရုန်က လီမင်ကွမ်းကို ကန်လိုက်တယ်။

“မင်းတကယ် ပါးစပ်ကြီးတာပဲ”

“တကယ်လိို့ ဝမ်ပေါင်ဇီသာ ငါ့ရဲ့ ခဲဖျက်ကို မလုယက်ခဲ့ဘူးဆိုရင် ငါက အဲလိုလုပ်မှာမဟုတ်ဘူး.. သူက ငါ့ရဲ့ ခဲဖျက်ကို ငှားသွားပြီး နှစ်ပိုင်းချိုးလိုက်တယ်လေ.. ငါလည်း ဒေါသထွက်လွန်းလို့ သူတို့ရဲ့ရွှေဖရုံခင်းကို သွားလုပ်ခဲ့တာ”

All Chapters