← Chapters

Chapter 76

Vol. 8 Ch. 76

Chapter 76

Vol. 8 Ch. 76

လီမင်ပေက လီမင်ရုန်ရဲ့စကားတွေကြားတော့ ပိုပိုပြီး စိုးရိမ်လာခဲ့တယ်။

“အစ်ကို မင်ရုန်.. မင်း သူ့ကို အနိုင်မတိုက်နိုင်ဘူးလား.. ရပါတယ်.. တကယ်လို့ အစ်ကို နောက်တစ်ကြိမ် ရန်ဖြစ်တဲ့အချိန်ကျရင် ကျွန်တော့်ရဲ့ ဒုတိယအစ်ကို,ကို လာခေါ်လို့ရတယ်..

ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုက အရမ်းကို သတ္တိကောင်းတာနော်.. သူက တောဝက်ကိုတောင် သေအောင် ခုတ်နိုင်တယ်.. အဲဒီအချိန်ကျရင် ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကို ခေါ်သွားလိုက် သူ ကူညီပြီး ရိုက်ပေးလိမ့်မယ်”

လီမူဝမ်းရဲ့ဘေးမှာထိုင်ပြီး ဦးလေးဖြစ်သူရဲ့ အကြံဉာဏ်တွေကို နှိမ့်ချစွာ လက်ခံယူနေခဲ့ပြီး ဖတ်သင့်တဲ့စာအုပ်တွေကို လိုက်လံမှတ်သားနေတဲ့ လီမင်ရှီကတော့ ညီဖြစ်သူရဲ့ အမှတ်မထင်ရောင်းချမှုကို လက်ခံလိုက်ရတော့တယ်။

လီမူဝမ်းက လီမင်ရှီကို တအံ့တသြကြည့်ရင်း မေးလာတယ်။

“မင်းက တောဝက်တစ်ကောင်ကိုတောင် သေအောင် သတ်ဖူးပြီလား”

လီမင်ရှီရဲ့မျက်နှာက စိမ်းဖန့်သွားရတော့တယ်:

“လီမင်ပေ! မင်းကတော့ အရိုက်ခံရဖို့ တောင်းဆိုနေတာပဲ!”

အရှေ့ဘက်အခန်းထဲမှာရောက်နေတဲ့ ကျန်းကျန်းကတော့ အနောက်ဘက်ခန်းမှ အသံကိုနားထောင်ရင်း ခန်ပေါ်မှာ လဲလျောင်းကာ ရယ်မောနေခဲ့တယ်။

ခွေးတစ်ကောင်ဖြစ်တဲ့ လီမင်ကျုံးကတော့ ဘာက ရယ်စရာကောင်းနေတာလဲဆိုတာကို နားမလည်ခဲ့ဘဲ ပိုလို့တောင်စိုးရိမ်လာခဲ့တယ်။

“သေချာတယ်နော်? ယုန်တစ်ကောင်လုံးရနိုင်မှာမလား”

“သေချာတယ်”

ကျန်းကျန်း ရယ်မောရလွန်းလို့ မျက်ရည်တွေတောင် ထွက်လာခဲ့တယ်။

“အကြီးဆုံးကောင်ကို ပေးမယ်”

ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် ကလေးတွေက ပင်ပန်းမှုကိုမသိပဲ အလှုပ်ရှားနိုင်ဆုံးလို့ ဆိုနိုင်တယ်။ အထူးသဖြင့် အစားအသောက်အများကြီးစားထားတဲ့ကလေးအုပ်စုပဲ။

ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ လီမင်ရုန်နှင့် လီမင်ကွမ်းတို့ ရောက်လာပြီး မနက်စာစားပြီးတာနဲ့ လီမင်နန်နဲ့ လီမင်ပေကို တောင်ပေါ်သို့တက်ရန် တိုက်တွန်းတော့တယ်။

ဒီတစ်ကြိမ်အတွက် ပန်းတိုင်ကတော့ ရိုးရှင်းပါတယ်။ လီမင်ပေက အိမ်မှာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေအားလုံးကို ထည့်သွင်းထုပ်ပိုးရန် ပြင်ဆင်ထားပြီး မီးဖိုချောင်သို့သွားကာ စည်သွပ်ဘူးခွံတစ်ခွံကို ယူလာပြီး မဒမ်လီဆီမှ ပျားရည်တောင်းခဲ့တယ်။

ကျန်းကျန်းလည်း လိုက်သွားမှာကိုမြင်တော့ မဒမ်လီက ဗူးတစ်ဝက်လောက်ကို ရက်ရက်ရောရော သွန်ထည့်ပေးခဲ့တယ်။

လီမင်ပေက အရာအားလုံးကို အိမ်နောက်ဖေးမှာ ထည့်ပြီးနောက် သူတို့အဖွဲ့ရဲ့ အမဲလိုက်ကျွမ်းကျင်သူကိုလည်း ဖိတ်ခေါ်ဖို့ မမေ့ခဲ့ဘူး။

“ဒုတိယအစ်ကို.. အစ်ကိုလည်း ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့လေ.. သွားရင်းနဲ့ တောင်ပေါ်မှာ တောဝက်တွေဘာတွေ တွေ့ရင် အဲဒီကောင်ကိုပါ ဆွဲခေါ်လာရအောင်.. နောက်ထပ် ဟင်းတစ်မျိုး ထပ်တိုးလို့ရတာပေါ့”

လီမင်ရှီတစ်ယောက် ထိုအချိန်တုန်းပ တောဝက်က သူ့အပေါ် ခုန်ဝင်လာခဲ့တဲ့ မြင်ကွင်းကို ချက်ချင်း သတိရမိသွားပြီး သူ့ရဲ့ ခြေထောက်တွေက တုန်ယင်လာခဲ့ရတယ်။ သို့ပေမယ့် သူက ကြောက်လန့်မှုကို တောင်းခံထားကာ လီမင်ပေကို လှမ်းအော်လိုက်တယ်။

“တောဝက်အကြောင်းကို ထပ်မပြောနဲ့”

တောင်ပေါ်ကို တက်လာတဲ့လမ်းမှာ သူ့ရဲ့ဒုတိယအစ်ကိုက ဘာကြောင့်စိတ်မချမ်းသာဖြစ်နေတာလဲဆိုတာကို မသိခဲ့တဲ့ လီမင်ပေကတော့ ပြောလာနေတုန်းပဲ။

“ဒုတိယအစ်ကိုက တကယ့်ကို နှိမ့်ချလွန်းတာပဲ.. သူက ဒီကိစ္စကိုတောင် ဆက်မပြောချင်တော့ဘူး.. တခြားလူတွေ မြှောက်ပင့်လာတာကို မလိုချင်တာဖြစ်ရမယ်.. တကယ်လို့ သူ့နေရာမှာ ငါသာဆိုရင်တော့ တခြားလူတွေက မမေးရင်တောင် ငါက လိုက်ပြီး ကြွားဝါနေမှာ!”

ကျန်းကျန်းက သူ့ရဲ့ဘေးနားမှာ လျှောက်လာရင်း မေးစေ့ကို ပွတ်သပ်ကာ အလေးအနက် တွေးနေခဲ့တယ်။

“လူငယ်လေး.. နင် တောဝက်အကြောင်းကို ထပ်မပြောတာကောင်းမယ်နော် မဟုတ်ရင် တကယ်အရိုက်ခံရတော့မှာ”

ဒီတစ်ကြိမ် တောင်ပေါ်ကို တက်လာတဲ့အချိန်မှာ ကျန်းကျန်းက ယုန်တစ်ကောင်တည်းကိုပဲ သစ်ကိုင်းနဲ့ထိဖို့ မစီစဉ်ထားဘူး။ တစ်ကောင်တည်းက ခေါင်းမာတဲ့ ကလေးတွေအတွက် ဖြန့်ဝေဖို့ရာ နည်းပါးလွန်းတယ်။ နောက်တစ်ကောင်လောက်ပါရင်တောင် သူတို့တွေဝအောင် မစားနိုင်သေးဘူး။

သို့ပေမဲ့လည်း နက်ရှိုင်းတဲ့ တောင်တန်းတွေနှင့် သစ်တောတွေမှာ နှင်းတွေကထူထပ်စွာ ကျဆင်းနေပြီး ယုန်တွေကို လိုက်ရှာဖို့ မလွယ်ကူဘူး။

ယုန်သားကို လူတိုင်းစားခွင့်ရဖို့အတွက် ကျန်းကျန်းတစ်ယောက် တောင်ပေါ်ကနေ အဆီတွေနဲ့ ဝဖီးနေတဲ့ ယုန်ကြီးတွေကို လိုက်ရှာပြီး သူမရဲ့ စိတ်ကိုထိန်းချုပ်ကာ မောင်းထုတ်လိုက်တယ်။

မကြာခင်မှာပဲ သူတို့ရဲ့လက်ဝဲဘက်မှ ယုန်တစ်ကောင်နဲ့ သူတို့ရဲ့ လက်ယာဘက်မှ ယုန်တစ်ကောင်က သူတို့ဘက်သို့ ပြေးထွက်လာခဲ့တယ်။

ကလေးတွေအားလုံး ထိုယုန်တွေကိုမြင်တာနဲ့ အလုပ်ရှုပ်သွားခဲ့ကြတယ်။

လီမင်ရှုက လီမင်ရုန်ကို ကြိုးကွင်းညှိဖို့ ကူညီပေးခဲ့ပြီး လီမင်နန်နှင့် လီမင်ပေတို့ကတော့ လောက်လေးခွနှင့် တိုက်ရိုက်ပဲ ပစ်ထုကြတယ်။

လီမင်ရှင်းနဲ့ လီမင်ကွမ်းတို့ကတော့ လီမင်ကျုံးနောက်ကနေ ပြေးလိုက်နေခဲ့ကြတယ်။

ဆောင်းရာသီမှာ နှင်းတွေက အလွန်ထူထဲနေခဲ့ပြီး ယုန်တွေက နှင်းတွေပေါ်မှာ အလျှင်အမြန်မပြေးနိုင်ခဲ့ဘူး။

ဒါကြောင့် အချိန်သိမ်မကြာခင်မှာပဲ သူတို့တွေက နှင်းထုတွေထဲကို ပြုတ်ကျသွားကာ ပြန် မပြေးနိုင်ကြတော့ဘူး

လီမင်ရှင်းက ယုန်နားရွက်ကို ဖမ်းဆွဲလိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလာတယ်။

“ကျွန်တော် ယုန်တစ်ကောင် ဖမ်းမိပြီ”

ဒီလိုမျိုးနဲ့ သူတို့တွေ ယုန်ငါးကောင်၊ခြောက်ကောင်လောက်ကို ဖမ်းမိခဲ့ကြပြီး လီမင်နန်နှင့် လီမင်ရုန်တို့က ယုန်တွေကို သန့်ရှင်းရေးလုပ်ခဲ့ကြတယ်။

လီမင်ရှုနဲ့ လီမင်ရှင်းတို့က မီးဖိုတဲ့နေရာမှာ အတွေ့အကြုံများစွာရှိတာကြောင့် ထိုဘက်ကို တာဝန်ယူလိုက်ကြတယ်။

ကျန်းကျန်းက ဝါဂွမ်းအင်္ကျီထူ၊ ဝါဂွမ်းဦးထုပ်နှင့် အလွန်နွေးထွေးစွာ ဝတ်ထားခဲ့တယ်။ သူမက လက်အိတ်ကိုပါဝတ်ဆင်ထားသေးပြီး လက်ထဲမှာ စစ်တပ်သုံးရေဘူးကိုကိုင်ထားကာ အတွင်းမှာထည့်ထားတဲ့ ပျားရည်ဖျော်ရည်ကို တစ်ငုံပြီးတစ်ငုံသောက်နေခဲ့တယ်။

တစ်ချက်တစ်ချက်မှာတော့ ယုန်တွေကို ပျော်ရွှင်စွာ ကင်နေကြတဲ့ သူ့ရဲ့ အစားအသောက်မက်တဲ့ ညီအစ်ကိုတစ်စုကို ကြည့်နေခဲ့တယ်။

ယုန်ရဲ့ပထမအသုတ်ကို ကင်ပြီးသွားတော့ နောက်ထပ်ကြိုးကွင်းတွေကို ထပ်ပြီး တပ်ဆင်ကြပြန်တယ်။

လီမင်ကျုံးကတော့ သူ့ရဲ့ခွေးခေါင်းလေးနှင့် တဆတ်ဆတ်ညိတ်ရင်း ယုန်ကောင်ရေကို အထပ်ထပ်အခါခါ ရေတွက်ကြည့်နေခဲ့တယ်။ သူ ခက်ခက်ခဲခဲရေတွက်နေပေမဲ့ သူ့အတွက် ယုန်တစ်ကောင်ရဖို့ မလွယ်ကူသေးသလိုပဲ။

ကျန်းကျန်းက ယုန်သားကင်ချောင်းတွေ တစ်ဝိုက်မှာ လှည့်ပတ်လျှောက်နေခဲ့ပြီး အသားကင်တွေ အသုတ်လိုက် ရလာတာကို ကြည့်ရှုကာ ပျော်ရွှင်စွာနေခဲ့တယ်။

လီမင်ကျုံးတစ်ကောင်လည်း နောက်ဆုံးမှာတော့ ယုန်တစ်ကောင်လုံးကို ရရှိခဲ့ပြီး နှင်းထဲတွင် ငုတ်တုတ်ထိုင်ကာ စိတ်ကျေနပ်စွာ ဝါးစားလိုက်တော့တယ်။

ဒီနေ့ယူဆောင်လာခဲ့တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက ပိုမိုစုံလင်လှပြီး သူတို့ရဲ့အဖွားကလည်း ပျားရည်ကို အများကြီးထည့်ပေးလိုက်တာကြောင့် ယုန်သားတွေက ပိုပြီး အရသာရှိကာ လူတွေကို သွားရည်တွေယိုစိမ့်စေခဲ့တယ်။

လီမင်နမ်က ဗိုက်ပြည့်သွားပြီးနောက်မှာ မီးကိုငြိမ်းသတ်လိုက်ပြီး အသားကင်ထားတဲ့ နေရာမှ မီးပွားတွေကို ဘေးသို့ မပျံ့သွားစေဖို့အတွက် ဘေးဘက်မှ နှင်းတွေကို တွန်းပြီး ဖုံးအုပ်လိုက်တယ်။

ထို့နောက် ကျန်ရှိနေတဲ့ ယုန်ကင်နှစ်ကောင်ကို ဆီစက္ကူဖြင့်ထုပ်ပိုးပြီး အိမ်ကို ပြန်ယူသွားခဲ့တယ်။

သူတို့တွေ အိမ်ကိုပြန်ရောက်တော့ အအေးဓာတ်ကိုကြောက်ပုံမရတဲ့ ကြက်သားနှပ်က ခြံထဲမှာ ခုန်ပေါက်နေတာကို တွေ့လိုက်ရတယ်။

မကြာသေးမီက မဒမ်လီ ကြက်ဥတွေ အများကြီး ကောက်နိုင်တာကို တွေးမိတော့ ကျန်းကျန်းရဲ့ မျက်လုံးတွေက ရှုပ်ထွေးနေခဲ့ရတယ်။

“နင် မကြာခင်တုန်းက ကြက်ခြံထဲမှာ အလုပ်တွေကြိုးစားနေခဲ့တာပဲ”

ကြက်သားနှပ်က အရှက်မဲ့စွာ ပြန်ပြောလာတယ်။

“ငါက မင်းအတွက် နောက်ထပ် ကြက်သားတုံးတွေ အများကြီးချက်နိုင်ဖို့ ကြိုးစားပေးနေတာ မဟုတ်ဘူးလား”

ကျန်းကျန်း ခဏလောက် တိတ်ဆိတ်သွားရပြီး အိမ်ဘက်ကိုဘဲ လှည့်ပြီး ဆက်လျှောက်သွားခဲ့တယ်။

ကြက်သားနှပ်က အတောင်ပံတွေကို ခတ်ပြီး စပ်စုစွာပြောလာခဲ့ပြန်တယ်။

“မင်းတို့ ဘာလုပ်ခဲ့ကြတာလဲ.. ဘာပြန်တွေ ယူလာကြသေးလဲ”

“တောင်ပေါ်ကိုသွားပြီး ယုန်ကင်သွားစားတာ”

ကျန်းကျန်း ပြန်ပြောလိုက်တယ်။

“တောင်ပေါ်မှာ ဘာလို့စားနေမှာလဲ.. ခြံထဲမှာပြန်ကင်ရင် ဘယ်လောက်ကောင်းလိုက်သလဲ.. တောင်ပေါ်က အရမ်းအေးတယ် မဟုတ်ဘူးလား”

ကြက်သားနှပ်ရဲ့ မတ်ပဲစေ့လို မျက်လုံးတွေက မထီမဲ့မြင်ပြုတဲ့ အရိပ်အမြွက်တွေ ထွက်ပေါ်လာတယ်။

“မင်း အဲဒါကို မတွေးတောမိဘူးမလား.. ဒါတောင် မင်းက မတုံးဘူးလို့ ပြောချင်သေးတာလား”

ကျန်းကျန်း ဒေါသတကြီးနဲ့ ပြတင်းပေါက်အောက်မှ ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်တယ်။

“ဒီကိုလာခဲ့”

“မင်းဘာလုပ်နေတာလဲ?”

ကြက်သားနှပ်က တိတ်တဆိတ်နဲ့ အနောက်ဘက်သို့ ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်သွားခဲ့တယ်။

“ငါက အခုကြက်သားဖောက်သူ ဖြစ်နေပြီမဟုတ်ဘူးလား”

ကျန်းကျန်း နှစ်ကြိမ်လောက် ရယ်မောလိုက်တယ်။

“နင် ကြက်သားဖောက်သူ ဖြစ်စရာမလိုတော့ဘူး.. ငါ အခုပဲ နင့်ကို ထုလိုက်တော့မှာ”

**

မကြာခင်အချိန်ကစပြီး နှင်းတွေထူထပ်စွာကျဆင်းလာခဲ့ကာ ရာသီဥတုက ပိုပြီးအေးလာခဲ့တယ်။

ဒါကြောင့် မဒမ်လီက ကလေးမွေးဖွားပြီးကာစ ကွေ့ဟွားကို အိမ်ထဲမှ အိမ်ပြင် ထွက်ခွင့်မပြုခဲ့ဘူး။

အခုက ပေရှားမှ အအေးဆုံးအချိန်ကာလပဲ။

မိသားစုထဲမှာ လူအများအပြားရှိနေပြီး စားသောက်ဖို့အတွက်နှင့် ရေချိုးဖို့အတွက် လုပ်စရာတွေများပြားနေခဲ့တာကြောင့် သူမအနေနဲ့ အိမ်ထဲမှာ မနေသင့်ဘူးလို့ ကွေ့ဟွားအမြဲတွေးတောနေခဲ့တယ်။

မဒမ်လီနှင့် ဝမ်ဆုဖန်းက သူမရဲ့စကားကိုကြားတော့ အနောက့ဘက်အိမ်ဆီကိုသွားကာ သူမကို ဖြောင်းဖျခဲ့ကြတယ်။

“မိသားစုမှာ လူတွေအများကြီးရှိတယ်.. လုပ်စရာအလုပ်တွေကို ဘယ်သူမဆို ဝင်လုပ်လို့ရတယ်.. မင်းက ဘာတွေ လုပ်ချင်နေသေးတာလဲ”

မဒမ်လီက သူမမြေးရဲ့ ဖောင်းကားပြီးဝတုတ်နေတဲ့ မျက်နှာလေးကို ကိုင်လိုက်ပြီး သဘောတူလိုက်တယ်။

“မင်းအမေပြောတာ မှန်တယ်.. အိမ်ထဲမှာပဲ ဆက်နေလိုက်ဦး.. နှစ်သစ်ကူးပြီးလို့ နွေဦးရာသီမှာ ပူနွေးလာတဲ့အချိန်ကျမှ အိမ်ထဲကနေ အပြင်ကိုထွက်မယ်ဆိုရင်လည်း အရမ်းနောက်မကျသေးပါဘူး..

မင်းလည်း အဲဒီအချိန်ကျရင် အခြေအနေ ပိုကောင်းလာလိမ့်မယ်..

ကောင်းပြီ.. အခုကတော့ တတ်နိုင်သလောက် အေးအေးဆေးဆေးနားပြီး အပြုစုခံလိုက်ဦး..

ငါတို့ တိဗက်မှာ အကျဉ်းကျပြီး ပုန်းနေရတုန်းကဆို အခုလို မနားနေနိုင်ခဲ့လို့ ရေဂါတွေ ဘယ်လောက်အများကြီး ခံစားခဲ့ရလဲဆိုတာ မင်း သိမှာမဟုတ်ဘူး”

ကွေ့ဟွား: “ကောင်းပါပြီ.. အဖွားပြောတာကို နားထောင်ပါ့မယ်.. ဒါပေမယ့် အသားမုန့်လုံးက ပြသနာသိပ်မရှာတတ်ဘူး.. ကျွန်မ အိမ်မှာ တစ်ယောက်တည်းထိုင်နေရတာ ပျင်းလာပြီ..

မဟုတ်ရင် အဖွား ချုပ်စရာ အထည်တွေရှိနေရင် အိမ်ကိုယူလာပေးပါလား.. ကျွန်မ အဝတ်အစားတွေ ချုပ်နေလိုက်မယ်လေ.. ဒီရက်ပိုင်းမှာ အမေက နေ့ရောညပါ အလုပ်များနေတာဆိုတော့ မရှိဘဲတော့ နေမှာမဟုတ်လောက်ဘူး”

“အဆင်ပြေပါတယ်.. မင်းအမေက အရွယ်အစားတွေ ဖြတ်တောက်ပြီးပြီ.. မင်း ချုပ်လိုက်ရုံပဲ”

မဒမ်လီက အရှေ့ဘက်အိမ်ကိုပြန်သွားပြီး အဝတ်စတွေ သွားယူခဲ့ကာ ကွေ့ဟွားရဲ့ ခန်ပေါ်မှာတင်ပေးရင်း အကြံပေးစကားတွေ ထပ်ပြောလိုက်တယ်။

“ပြတင်းပေါက်တွေက အရှေ့နှင့်အနောက်ကို စက္ကူတွေနဲ့ ကပ်ထားတာဆိုတော့ အခန်းထဲမှာ မှောင်နေလိမ့်မယ်.. အရမ်းမှောင်လာရင် မီးဖွင့်ထားနော်.. တစ်နေ့ကို နည်းနည်းလောက်ပဲလုပ်လို့ရတယ်.. သိပ်ပြီး အလျင်လိုနေစရာမလိုဘူး.. မင်းရဲ့ မျက်လုံးကို မထိခိုက်စေနဲ့ .. သက်သောင့်သက်သာပဲလုပ်"

All Chapters