← Chapters

Chapter 78

Vol. 8 Ch. 78

Chapter 78

Vol. 8 Ch. 78

လီမင်ရှီက စာလေ့လာဖို့အတွက်ကိုပဲ ကောင်းစွာ ဂရုစိုက်ခဲ့တယ်။

လီမင်တုန်ကလည်း ဆောင်းရာသီအားလပ်ရက်တွေအတွင်းမှာ သူ့အတွက် အထက်တန်းကျောင်းရဲ့ အကြောင်းအရာတွေကို ပြန်လည်လေ့လာခဲ့ပြီး လီမင်ရှီအားနည်းတဲ့ ဘာသာရပ်နဲ့ အကြောင်းအရာတွေကို သင်ကြားပို့ချပေးဖို့ အာရုံစိုက်ခဲ့တယ်။

လီမင်ရှီ ပင်းချန်သို့ ရောက်ရှိပြီးနောက် ပင်းချန် အမှတ်ခြောက် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့စာမေးပွဲကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့တယ်။

လီမူဝမ်းက လီမင်ရှီအတွက် စာရင်းသွင်းခြင်းနှင့် ကျောင်းမှာနေထိုင်နိုင်ဖို့အတွက် ကူညီပေးခဲ့တယ်။

ကျောင်းမစခင် နှစ်ရက်လောက်လိုသေးတာကို အခွင့်ကောင်းယူပြီး သူက လီမင်ရှီကို လီမူလင်းရဲ့ အိမ်သို့ ခေါ်သွားခဲ့ပြီး သူ့ကို အသိအမှတ်ပြုစေခဲ့တယ်။

ထို့နောက် လီမင်ရှီက အိမ်ကို မကြာခဏရောက်လာလောက်မှာဖြစ်ပြီး သူလာတဲ့အချိန်မှာ အရသာရှိသော အစားအစာတွေ ချက်ပေးဖို့ တောင်းဆိုခဲ့တယ်။

လီမူလင်းသည်လည်း သူ့ဇနီးရဲ့ အကျင့်အကြောင်းကို သိရှိထားပြီးဖြစ်တာကြောင့် သူ့တူလေးရဲ့ ကိစ္စရပ်တွေကို သူကိုယ်တိုင်စီမံမှာဖြစ်ကြောင်းနှင့် လီမင်ရှီကို မှားယွင်းမခံရစေကြောင်းအတွက် သူ့ရဲ့ ရင်ဘတ်ကို ပုတ်ရင်း ကတိပေးခဲ့တယ်။

လီမူဝမ်းက စစ်တပ်ထဲမှာ လုပ်စရာကိစ္စတွေရှိသေးတယ်။ ဒါကြောင့် တူဖြစ်သူရဲ့ကိစ္စတွေကို ပြီးပြတ်အောင် ဆောင်ရွက်ပြီးသွားတော့ စစ်တပ်ထဲသို့ ပြန်ဝင်ခဲ့တယ်။

လီမင်တုန် ကျောင်းစတက်တဲ့အချိန်ကိုရောက်တော့ လီမူဝမ်းက သူ့ရဲ့တူတွေနဲ့ ညီငယ်တို့ကို အတူဖိတ်ခေါ်ကာ ထမင်းအတူစားခဲ့ပြီး မဒမ်လီဆီကို အထုပ်တစ်ထုပ် ပို့ပေးခဲ့တယ်။

ထို့နောက်မှာတော့ သူ့ရဲ့ မွေးရပ်မြေမှ ပြန်လည် ထွက်ခွာပြီး ဖူကျင်းကိုသွားမဲ့ ရထားဆီကို ခြေချခဲ့တယ်။

ရာသီဥတုက ပိုပိုပူနွေးလာခဲ့ပြီး လီမင်ပေကကတော့ တရုတ်နှစ်သစ်ကူးမှာ စားခဲ့ရတဲ့ အဆီပေါများသော ၀က်ကြီးကို မွေးမြူခဲ့ရတဲ့အပေါ်မှာ စွဲလန်းလောဘကြီးနေခဲ့တယ်။

ဒါကြောင့် မဒမ်လီကို နောက်ထပ် ၀က်ကလေးတစ်ကောင်ကို ပြန်ယူလာဖို့ တိုက်တွန်းနေခဲ့တော့တယ်။

ကြက်တွေအတွက်ကတော့ သူတို့တွေ ဒီနှစ်မှာ အပြင်ကို ထပ်ပြီး သွားဝယ်နေစရာ မလိုတော့ဘူး။

မဒမ်လီက နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ အလင်းမီးကို ထုတ်ယူလာခဲ့ကာ မျိုးအောင်တဲ့ ကြက်ဥတွေကို စစ်ဆေးခဲ့ပြီး ကိုယ်ပိုင်ကြက်တွေအဖြစ် သားဖောက်ဖို့ အနောက်ဘက်ခန်းမှာ အနောက်ခန်ပေါ်မှာ ထားခဲ့တယ်။

ကြက်သားနှပ်ကတော့ အဖေတစ်ကောင်ဖြစ်လာရမဲ့အပေါ် အလွန် ဂုဏ်ယူနေတာလား ဒါမှမဟုတ် ပျင်းရိနေလို့လားတော့ မသိနိုင်ဘူး။ သူက တစ်နေ့ကို ခြံဝန်းအတွက် နှစ်ကြိမ်လောက် လှည့်ပတ်ကာ အလွန်အမင်း ဂုဏ်ယူနေတဲ့အသွင်ဖြစ်နေခဲ့တယ်။

သူ့ရဲ့ခေါင်းကို မြင့်မြင့်မြှောက်ထားတဲ့ ကြက်သားနှပ်ကို မြင်လိုက်ရတော့ ကျန်းကျန်း မနေနိုင်တော့ဘဲ လှောင်ရယ်လိုက်မိတယ်။

“ကြက်သားနဲ့ အာလူးစတူးဆီက ဥတွေကအားလုံးက သူနဲ့သက်ဆိုင်တာလေ.. သူက နင့်ကိုပေးထားလို့လား”

ကြက်သားနှပ်ရဲ့ မတ်ပဲစေ့လို မျက်လုံးတွေက ကျန်းကျန်းကို စိုက်ကြည့်လာခဲ့တယ်။

“သူတို့က ငါသာမရှိရဲ့ အခုလို နေ့တိုင်း ဥတွေ ဥနိုင်ပါ့မလား.. ငါမရှိရင် မင်းတို့တွေ ကြက်ပေါက်လေးတွေ အကောင်ဖောက်နိုင်ဖို့ ကြက်ဥ အများကြီး ရှိမှာတဲ့လား ..

မင်းရဲ့ အသက်က ဒီလောက်ကြီးနေပြီ.. မင်းအဖေကိုကြည့်လိုက်.. မင်းတို့လို ကလေး လေးယောက်မွေးဖို့အတွက် အနှစ် (20) ကျော်လောက် ကြိုးစားခဲ့ရတယ်.. ဒါပေမယ့် ငါကတစ်လကျော်ပဲ ရုန်းကန်ခဲ့ရတယ်.. အခု ကလေးအကောင် နှစ်ဆယ်၊ သုံးဆယ်လောက်က အေးအေးဆေးဆေး ရလာတော့မယ်”

ကျန်းကျန်း နှံကောင်အနည်းငယ်လောက်ကို ကြက်သားနှပ်ရဲ့ အစာခွက်ထဲသို့ ထည့်ပေးလိုက်တယ်။

ထို့နောက် ကြက်သားနှပ်က တစ်ကြိမ်လျှင် တစ်ကောင်ဆီကောက်စားနေတာကိုကြည့်ကာ အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။

“အခု ငါ့အဖွားက ကြက်ဥအလုံအလောက် သိမ်းဆည်းထားပြီးပြီဆိုတော့ အနာဂတ်မှာ နင်က ဒီကြက်မတွေနဲ့ ဘာမှ မဆိုင်လောက်တော့ဘူး”

ကြက်သားနှပ်က သတိမမူမိတာကြောင့် နှံကောင်တစ်ကောင်ကို ကောက်စားတဲ့အချိန်မှာ နင်သွားရတယ်။ ဒါကြောင့် သူ့ရဲ့လည်ပင်းကိုဆန့်ထုတ်ကာ မြိုချဖို့အတွက် အချိန်အကြာကြီး အားစိုက်ထုတ်လိုက်ရတယ်။

ကျန်းကျန်း ရယ်မောလိုက်ပြီး အရှေ့ဘက်ကိုပြန်ပြေးသွားလိုက်တယ်။

ကြက်သားနှပ်ကတော့ ကျန်ရှိနေတဲ့နှံကောင်တွေကို စားဖို့တောင် စိတ်မပါတော့ဘဲ ကျန်းကျန်းရဲ့အနောက်ကိုပဲ အပြင်းအထန် လိုက်လာတော့တယ်။

“မင်းတို့ ဒီလိုမျိုးလုပ်လို့ မရဘူးလေ! မင်းတို့က တခြားကြက်တွေရဲ့ ချမှတ်ထားတဲ့ ပန်းတိုင်ကို ဒီလိုမျိုး ပြောင်းလဲလိုက်ပြီးတော့.. အခုချိန်ကျမှ ဒီလိုမျိုး ပြန်လုပ်လို့ မရတော့ဘူးလေ!”

သူတို့ ခြံအရှေ့ဘက်ကို ပြန်ရောက်တော့ မဒမ်လီက လီမင်နန်နဲ့လီမင်ပေတို့ကို သစ်သားနှင့်ပြုလုပ်မဲ့ ကြက်လှောင်အိမ်အသစ်ဆောက်ဖို့ ညွန်ကြားနေခဲ့တယ်။

ကြက်သားနှပ်တစ်ကောင်က ချက်ချင်းပဲ ပြန်လည်တက်ကြွသွားကာ သူ့ရဲ့ အတောင်ပံတွေကို အားပါးတရခတ်ရင်းနဲ့ အရှက်မဲ့စွာနဲ့ ကြက်လှောင်အိမ်သို့ ပြန်သွားခဲ့တယ်။

ခဏအကြာမှာပဲ ကြက်လှောင်အိမ်ထဲမှ ဆူညံသံမျိုးစုံထွက်လာပြီး ကျန်းကျန်းရဲ့မျက်နှာကတော့ ချက်ချင်းပဲ မည်းမှောင်သွားတော့တယ်။

နွေဦးဆိုတာက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ရန်အတွက် အလွန် ကောင်းမွန်တဲ့အချိန်အခါပဲ။

မဒမ်လီသည်လည်း သားပေါက်လေးအကောင်နှစ်ဆယ်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီး တစ်ဝက်ကိုတော့ တတိယမြောက်သားဖြစ်တဲ့ လီမူစန်းတို့ မိသားစုဆီကို ပေးခဲ့တယ်။

ထိုကြက်တွေကို မွေးမြူပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ လျို့ရှို့လန်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်းကို သိလိုက်ရတယ်။

လီမင်ကွမ်းက ကြက်တွေကို အဝေးသို့ ပို့လိုက်မှာကို စိတ်ပူနေတာကြောင့် ကြက်တွေကို အစာကျွေးပြီး ကြက်ခြံတွေကို သန့်ရှင်းရေးရန်အတွက် ခိုင်းစရာမလိုပဲ လုပ်နေခဲ့တယ်။

လီမိသားစုကတော့ တစ်နှစ်အတွင်းမှာ ကောက်ပဲသီးနှံကို နှစ်ကြိမ်လောက်စိုက်ပျိုးပြီး တိတ်တဆိတ်ရိတ်သိမ်းနေတုန်းပဲ။

ထို့နောက် အစားအသောက်တံဆိပ်ခေါင်းတွေ၊ စက်မှုတံဆိပ်ခေါင်းတွေ၊ နှင့် အဝတ်အထည်တံဆိပ်ခေါင်းတွေနဲ့ လဲလှယ်ခဲ့တယ်။

လီမူဝူရဲ့ လစဉ်လစာတွေကတော့အခြေခံအားဖြင့် အသားအချို့နှင့် ကုန်ခြောက်ပစ္စည်းတွေကို ဝယ်ယူရုံကလွဲပြီး တခြား ဘာကိုမှဝယ်စရာမလိုအပ်ခဲ့ဘူး။

လီမူဝမ်း ယူသွားတဲ့ရွှေချောင်းတွေက ပိုက်ဆံအမြောက်အမြားနှင့် လဲလှယ်နိုင်ခဲ့ပေမဲ့လည်း ဒီခဏအတွင်းမှာတော့ ပြန်မပို့နိုင်သေးတာကြောင့် သူက လစဉ်ငွေနှင့် ပစ္စည်းတွေကိုသာ ပြန်ပို့ပေးနိုင်ခဲ့သေးတယ်။

မဒမ်လီက ကျန်းကျန်းအတွက် ပစ္စည်းသစ်တွေအများကြီးဝယ်ပေးခဲ့တယ်။

အဝတ်အစားတွေက နွေးထွေးလွန်းပြီး ဘေးပတ်ဝန်းကျင်မှ ကလေးတွေက ကျန်းကျန်းအနီးကိုချည်းကပ်ပြီး မေးမြန်းရတာကို သဘောကျနေခဲ့ကြတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ (၁၉၆၄) ခုနှစ်ရဲ့ နွေရာသီကို ရောက်ရောက်လာခဲ့တယ်။

ကျန်းကျန်းရဲ့ ကျစ်ဆံမြီးအတိုလေးကလည်း ဘယ်ညာနှစ်ဖက်ခွဲစည်းတဲ့ပိုနီးတေးလေးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

သူမက ခြံထဲမှာ ကြက်တွေကို အစာကျွေးနေတုန်းပဲ။

ပထမဆုံးကြက်အသုတ်ထဲမှာတော့ ကြက်သားနှပ်တစ်ကောင်ကသာ သန်သန်မာမာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အလွန်တက်ကြွနေပုံရနေတုန်းပဲ။

သူ့ရဲ့ အမွေးအတောင်တွေက တောက်ပြောင်နေခဲ့ကာ အမြီးမှ အမွှေးတွေကလည်း ပြောင်လက်နေတုန်းပဲ ဆိုတာကတော့ ပြောစရာမလိုဘူး။ သူ့ရဲ့ ခေါင်းပေါ်မှာရှိနေတဲ့ အမောက်ကြီးကလည်း အလွန်ကြီးမားပြီး နီရဲနေခဲ့တယ်။ သူ့ရဲ့ခေါင်းကို ဟိုဘက်ဒီဘက်လှုပ်လိုက်တဲ့အချိန်မှာ ထိုအမောက်ကြီးကပါ လိုက်ပါ လှုပ်ရမ်းနေခဲ့တယ်။

ကွေ့ဟွားက သူမရဲ့ အနည်းငယ် ဖောက်ကားနေတဲ့ ဗိုက်လေးကို ပွတ်သပ်ရင်း တောရိုင်းဟင်းသီး ဟင်းရွက်အိုးတစ်လုံးနှင့် အိမ်ထဲမှ ထွက်လာခဲ့တယ်။

ကျန်းကျန်းက သူမအနီးကို ပြေးသွားခဲ့ပြီး လက်ထဲမှ အိုးကိုယူကာ တောဟင်းသီးဟင်းရွက်များအားလုံးကို ကြက်စာခွက်ထဲသို့ လောင်းထည့်ပေးလိုက်တယ်။ ထို့နောက် ကွေ့ဟွားဆီကို ချိုသာစွာ ပြုံးပြရင်း မေးလိုက်တယာ။

“ယောက်မ .. ဒီနေ့ နေ့လည်စာ ဘာစားရမှာလဲ”

ကွေ့ဟွားက ကျန်းကျန်းရဲ့ဖြူဖွေးနူးညံ့ပြီး ပြုံးရယ်နေတဲ့မျက်နှာကိုကြည့်ပြီး ရယ်မောလိုက်မိတယ်။

“မင်း ဘာစားချင်လဲ မင်းရဲ့ယောက်မကိုပြောလေ.. မင်းရဲ့ယောက်မက မင်းအတွက်လုပ်ပေးမယ်”

ကျန်းကျန်း ခဏလောက်စဉ်းစားပြီး ရေပုံးတစ်ပုံးကို ကောက်ကိုင်လိုက်ပြီး အပြင်ကိုထွက်လာတယ်။

“မြစ်ဘက်ကို အရင် သွားကြည့်လိုက်မယ်လေ.. ငါးတွေ ပုဇွန်တွေ ရလောက်မလားဆိုတာ ကြည့်ရအောင်”

မဒမ်လီက အိမ်ထဲမှနေပြီး သူမရဲ့ စကားကိုကြားတော့ အထဲမှ ထွက်လာခဲ့တယ်။

“ပေါင်ပေ့.. ဒီပုံးကြီးကို မင်း မသယ်နိုင်လောက်ဘူး .. အဖွား မင်းနဲ့အတူလိုက်ခဲ့မယ်”

ကျန်းကျန်း မဒမ်လီကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်တယ်။

“အဖွား.. သမီးက အသက်ခြောက်နှစ်တောင်ရှိနေပြီ.. အဖွားက တစ်နေ့လုံး ရတနာလေးလို ဆက်ဆံနေတုန်းပဲ.. လူတွေကြားရင် ရယ်စရာဖြစ်စေလိမ့်မယ်”

“မင်း ဘယ်လောက်ပဲ ကြီးလာပါစေ.. အဖွားရဲ့ ရတနာလေးဖြစ်နေတုန်းပဲ”

မဒမ်လီက ကျန်းကျန်းရဲ့လက်ထဲက ရေပုံးကို ဆွဲယူရင်း ပြောလာတယ်။

“အဖွားမှာ မြေးမလေးဆိုလို့ မင်းပဲရှိတာ.. ဒါက ရတနာမဟုတ်ရင် ဘာလဲ”

အသားမုန့်လုံးက သူ့ရဲ့ ဝကစ်တဲ့ ခြေထောက်တွေနဲ့ ကျန်းကျန်းဆီကိုပြေးလာကာ ကျန်းကျန်းရဲ့ ပေါင်ကိုပွေ့ဖက်လာတယ်။

“အန်တီ.. အသားမုန့်လုံးလည်းလိုက်ချင်တယ်!”

ကျန်းကျန်းက အသားမုန့်လုံးလေးရဲ့ ဖောင်းကားနေတဲ့ပါးလေးကို ဖြစ်ညှစ်ကာ သူ့ရဲ့ မျှော်လင့်တကြီးဖြစ်နေတဲ့ အကြည့်အောက်မှာ သူ့ကို နမ်းလိုက်တယ်။

“ အဖွားနဲ့ အန်တီက မင်းကို မချီနိုင်ဘူးလေ.. မင်းရဲ့ စတုတ္ထဦးလေး တနင်္ဂနွေ အားလပ်ရက်ရလို့ ပြန်လာတဲ့အချိန်ကျမှ မင်းရဲ့ စတုတ္တဦးလေး ကို နောက်ကျောမှာ သယ်ပိုးခိုင်းပြီး သွားခိုင်းလိုက်မယ်လေ”

အသားမုန့်လုံးက သူ့ရဲ့ပါးစပ်ကို ဟလိုက်ပေမဲ့ အဆုံးမှာတော့ ငိုကြွေးခြင်းမရှိဘဲ နာခံစွာ ကျန်ရစ်နေတုန်းပဲ။

ကျန်းကျန်းက သူ့ရဲ့ ခေါင်းကို ပွတ်သပ်ပေးပြီး ပုခုံးကနေ ခြံဝင်းထဲကို အသာတွန်းကာ လှမ်းအော်လိုက်တယ်။

“ကြက်သားနှပ် အသားမုန့်လုံးနဲ့ လာကစားလိုက်ဦး”

ကြက်သားနှပ်က သူ့ရဲ့ပတ်ဝန်းကျင်မှာ ဝိုင်းနေတဲ့ သူ့ရဲ့တစ်ဝက်သာသာအရွယ်ကြက်မလေးတွေအုပ်စုကို ကြည့်ရင်းနဲ့ တွန့်ဆုတ်နေခဲ့တယ်။

သို့ပေမဲ့လည်း နောက်ပြန်လှည့်ကာ အသားမုန့်လုံးရဲ့ဘေးဘက်ဆီကို ရွှေ့လာခဲ့တယ်။

အသားမုန့်လုံးက ကြက်သားနှပ်ကို မြင်တော့ သူ့ရဲ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာခဲ့ပြီး ကြက်သားနှပ်ရဲ့ လှပတောက်ပြောင်တဲ့ အမြီးနောက်ကို ပြေးလိုက်လာတော့တယ်။

ဒီတော့ ကြက်သားနှပ်သည်လည်း အသားမုန့်လုံးကိုအဖော်ပြုကာ” ငါပြေးမယ်.. မင်းက ငါ့ကိုလိုက်”ကစားနည်းကို တစ်ရာ့တစ်ကြိမ်မြောက်ကစားရပြန်တယ်။

ကွေ့ဟွားက အိမ်တံခါးအပေါက်ဝနားမှာ ထိုင်ပြီး အဝတ်လျှော်နေခဲ့ပြီး သူမရဲ့သားနှင့် ကြက်ဖကြီးက ခြံဝန်းအတွင်းမှာ လည်ပတ်ပြေးလွှားနေတာကို ကြည့်ကာ ရယ်မောလိုက်တယ်။

“အဖွား.. ကျွန်မတို့အိမ်က ကြက်ကြီးတွေက လူစကားကို နားလည်နိုင်သလိုပဲ.. သူက ကျွန်မတို့မိသားစုရဲ့ ကျန်းကျန်း ပြောတဲ့ ဘယ်စကားကိုမဆို နားလည်နိုင်တယ်လို့ ထင်ရတယ်....”

မဒမ်လီက ဆေးတံကိုတစ်ချက်ဖွာလိုက်ပြီး ပြောလာတယ်။

“ငါတွေ ဒီကြက်ကို မွေးမြူထားတာ နှစ်နှစ်၊သုံးနှစ်လောက်ရှိပြီ.. ဒီလောက်တော့ သိတတ်လာမှာပေါ့.. သူက လူစကားကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ”

ကျန်းကျန်း သူ့ရဲ့ နှာခေါင်းကို အသာထိပြီး လီမင်ကျုံးကို အပြင်သို့ ခေါ်ထုတ်လာခဲ့တယ်။

All Chapters