← Chapters

Chapter 80

Vol. 8 Ch. 80

Chapter 80

Vol. 8 Ch. 80

ကျန်းကျန်းတို့ မြေးအဖွားနှစ်ယောက်အိမ်တံခါးဝနားကိုရောက်တော့ ဝမ်စုဖန်းက နှုတ်ဆက်ဖို့အတွက် အိမ်အပြင်ကို ထွက်မလာခင်မှာ ကြက်သားနှပ်က အရင် တံခါးနားကို ဦးအောင်ပြေးလာပြီး ကျန်းကျန်းရဲ့အရှေ့မှာ မရပ်မနားနဲ့ အော်ဟစ်တော့တယ်။

မဒမ်လီက ရေပုံးကို တံခါးဝနားမှာ ချထားရင်း နာကျင်နေတဲ့ လက်မောင်းကို ပွတ်သတ်ကာ ကြက်သားနှပ်ကို စိုက်ကြည့်လိုက်တယ်။

“မနက်ပိုင်းမှာ ကြက်ဖတွေတွန်တာက အဆင်ပြေပါတယ်.. ဒါပေမယ့် ဒီအချိန်ကြီး ဘာတွေဖြစ်နေတာလဲ? အသားမုန့်လုံးဆီကနေ အလိုက်ခံရတာများလို့ လန့်သွားတာလား?”

ကျန်းကျန်း ကြက်သားနှပ်ရဲ့ သူဘယ်လောက်ထိ သူဘယ်လောက်ထိ သူရဲကောင်းဆန်ပြီး ဘယ်လောက်တောင် သတ္တိကောင်းလိုက်သလဲဆိုတဲ့ ဂုဏ်မောက်တဲ့ စကားတွေကို ကြားပြီးသွားပြီ။

ဒီအချိန်မှာ မဒမ်လီက ထိုသို့ပြောလာတာကိုကြားတော့ ကျန်းကျန်းတစ်ယောက် မထိန်းချုပ်နိုင်တော့ဘဲ အော်ရယ်လိုက်မိတယ်။

သူမက ခါးကို ကိုင်းညွတ်ကာ ကြက်သားနှပ်ရဲ့ ကြက်အမောက်ကို ဖြစ်ညှစ်လိုက်တယ်။ ပြီးမှ မဒမ်လီဘက်ကို လှည့်ရင်း ပြောခဲ့တယ်။

“သမီးတို့ တို့မိသားစုမှာ ဒီကြက်အိုကြီးက အကြောက်အလန့်မရှိတဲ့ သူခိုးကောင်ပဲ.. အသားမုန့်လုံး သူ့နောက်ကို တနေကုန် လိုက်ဖမ်းတာကို မပြောနဲ့ အသားမုန့်လုံးနဲ့ ကစားပြီး ပြေးတမ်းလိုက်တမ်းဆော့နေတာ နှစ်တစ်ဝက်လောက်ရှိနေတာတောင်သူ့ရဲ့ အမြီးကိုတောင် မထိနိုင်ခဲ့ဘူးလေ”

မဒမ်လီက ကြက်သားတုံးဆီကို မနှစ်မြို့တဲ့အကြည့်နဲ့ ငုံ့ကြည့်လိုက်တယ်။

“ဒါလည်း မဆိုးပါဘူး.. ငါလည်း သူ အဆင်ပြေတယ်လို့ ထင်တာပဲ.. ဒီလိုသာ တက်ကြွမနေဘူးဆိုရင် ဟိုအချိန်အကြာကြီးကတည်းက စတူးအိုးထဲကို ရောက်နေလောက်ပြီ”

ကြက်သားနှပ်ရဲ့ လည်ပင်းတွေက ကျုံ့ဝင်သွားခဲ့ပြီး မဒမ်လီရဲ့စကားကို နားမလည်ချင်ယောင်ဟန်ဆောင်ကာ အနောက်ကို ကုတ်ချောင်းချောင်းနဲ့ ပြန်လှည့်သွားရင်း ကြက်လှောင်အိမ်ထဲမှာ အလျှင်မြန်ပြန်ပုန်းတော့တယ်။

ကျန်းကျန်းက ကြက်သားနှပ်ကိုကြည့်ရင်း အားရပါးရ ရယ်မောလိုက်မိတယ်။

ထိုအချိန်မှာပဲ ဝမ်စုဖန်းက အိမ်ခန်းထဲမှ ထွက်လာခဲ့တယ်။ တံခါးပေါက်နားမှာ ရေပုံးတစ်ပုံးနှင့် လူနှစ်ယောက်ကလည်း ခုချိန်ထိ ရပ်နေကြသေးပြီး အထဲကို ဝင်မလာကြသေးတာကိုတွေ့တော့ ထိုရေပုံးထဲမှာ တစ်ခုခုရှိနေပြီး အလေးချိန်ကလည်း မပေါ့ပါးလောက်ဘူးဆိုတာကို သိရှိလိုက်တယ်။

“အမေ ပြန်လာပြီလား.. ဘာတွေဖမ်းမိလာခဲ့ကြလဲ”

ဝမ်စုဖန်းက သူမရဲ့လက်တွေကို အရှေ့ခါးစည်းမှာ သုတ်လိုက်ပြီး ရေပုံးကို ငုံ့ကြည့်လိုက်တယ်။ ထို့နောက် အနည်းငယ် အံ့အားသင့်သွားကာ မေးလာခဲ့တယ်။

“ဒါက ဘယ်လိုငါးမျိုးလဲ.. စားလို့ရလား”

“ကျန်းကျန်းက စားလို့ရတယ်လို့ပြောတယ်”

မဒမ်လီက သူမရဲ့မြေးမလေးကို အလွန်အမင်း ယုံကြည်တယ်။

ဒါက သူမရဲ့ သဘာဝလွန်စွမ်းရည်ကြောင့်သာမကဘဲ သူ့ရဲ့ အလွန်အကျွံစားချင်စိတ်ကြောင့်လည်းပါသေးတယ်။ နွေဦးကနေ ဆောင်းရာသီအထိ ရက်ပေါင်းသုံးရာခြောက်ဆယ့်ငါးရက်ရှိတယ်။ ထိုရက်တွေအားလုံးမှာ သူမက မတူကွဲပြားတဲ့ စားစရာတွေကို ပြုလုပ်နိုင်တယ်။

ဝမ်စုဖန်းသည်လည်း သမီးဖြစ်သူရဲ့ စားချင်စိတ်အာသီသအကြောင်းကို ကောင်းစွာသိထားတယ်။

သူမရဲ့သမီးက စားလို့ရတယ်လို့ပြောတယ်ဆိုရင် အမှန်တကယ် စားလို့ရနိုင်တဲ့အတွက် ထိုစကားကိုကြားတော့ စိတ်သက်သာရာရသွားခဲ့တယ်။

သူမက အိမ်မှာရှိတဲ့ ငါးထည့်ဇလုံကြီးတစ်လုံးကို အမြန်ထုတ်လိုက်ပြီး ငါးကို ကောက်မ,ယူကာ ထိုဇလုံထဲကို ထည့်လိုက်တယ်။

ကျန်းကျန်း ထိုအနားကို အလျှင်အမြန်သွားကြည့်လိုက်တော့ ပုစွန်နှစ်ပေါင်သုံးပေါင်လောက်မှာ တစ်ဝက်လောက်က ကြေမွနေပြီဆိုတာကို သိလိုက်ရတယ်။

ကျန်းကျန်း ထိုပြားခြပ်နေတဲ့ ပုစွန်တွေတွေကို ကြည့်ကာ နောင်တရစွာပြောလိုက်တယ်။

“သမီးက ကြော်တာ တစ်ပန်းကန်၊ ချက်တာ တစ်ပန်းကန် စားချင်တာ.. ဒါပေမယ့် ဒီတစ်ခါတော့ မလောက်တော့ဘူးထင်တယ်”

ဝမ်စုဖန်းက သစ်သားထိုင်ခုံလေးပေါ်မှာထိုင်ရင်းနဲ့ ငါးကို သန့်စင်ဖို့လုပ်တေရင်း ကျန်းကျန်းကို လှန်းကြည့်လာတယ်။

“ဒါဆို တစ်ပန်းကန် အရင်လုပ်ရအောင်လေ.. ငါးလည်းရှိသေးတာပဲမလား? မင်းစားဖို့အတွက် မလုံလောက်သေးဘူးလား”

ကျန်းကျန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။

“အမေပြောသလိုပဲပေါ့.. ဒီငါးကို စားပြီးမှ ပုဇွန်ထပ်ရှာတော့မယ်”

သူမက ထိုသို့ပြောပြီးနောက်အမေဖြစ်သူရဲ့ ဘေးနားမှာ ထိုင်ချလိုက်ပြီး ရေပုံးထဲမှ အကောင်းအတိုင်း ရှိနေသေးတဲ့ ပုစွန်တွေကို တစ်ကောင်ပြီးတစ်ကောက် ကောက်ယူလိုက်တယ်။

ကျန်ရှိနေတဲ့ ကြေမွပြီး ပြားသွားတဲ့ပုစွန်တွေကိုတော့ အိမ်မှာမွေးမြူထားတဲ့ ဘဲနှစ်ကောင်အတွက် ချန်ထားပေးခဲ့တယ်။

ဝမ်စုဖန်းက ဆော်လမွန်ရဲ့ဝမ်းဗိုက်ကို လှီးဖြတ်လိုက်ပြီး အတွင်းမှ ရွှေရောင် အဥတစ်တွဲကို ထုတ်ယူလိုက်ပြီးနောက် အံ့သြတကြီးနဲ့ ပြောလာတယ်။

“အမေ.. ကြည့်ပါဦး.. ဒီဥတွေက အရမ်းကြီးပြီး အရမ်းလှတာပဲ”

မဒမ်လီက ခန်ပေါ်မှာ ထိုင်ရင်းနဲ့ ခြေထောက်တွေကို တွဲလွဲချကာ ဆေးတံကိုသောက်နေခဲ့တယ်။

သူမရဲ့ချွေးမဖြစ်သူ လှမ်းအော်လာတဲ့ အံ့သြတကြီးနဲ့ အသံကို ကြားတော့ ခန်ပေါ်မှ အလျင်အမြန်ဆင်းပြီး အပြင်ကိုထွက်ကာ ကြည့်လာတယ်။

ကွေ့ဟွားသည်လည်း ဝမ်စုဖန်းရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကိုကြားတော့ သူမပြောတာကို မြင်ချင်တဲ့အတွက် အသားမုန့်လုံးကိုခေါ်ကာ အိမ်နောက်ဖက်မှ ထွက်လာခဲ့တယ်။

ဝမ်စုဖန်းရဲ့ လက်ထဲမှာတော့ တောက်ပတဲ့ အနီရောင် ငါးဥတစ်တွဲရှိနေခဲ့တယ်။ ထိုငါးဥတွဲက ပုံမှန် ငါးဥတွဲထက် အနည်းဆုံး လေး၊ငါးဆလောက် ပိုပြီး ကြည့်လိမ့်မယ်။

“ဘုရားရေ ဒီငါးဥတွေက ဖားရဲ့ဗိုက်ထဲက အလုံးတွေနဲ့တောင် ရွယ်တူလောက်ရှိမယ်ထင်တယ်”

မဒမ်လီက အံ့အားသင့်နေခဲ့ပြီး ငါးဥတွဲကို လှမ်းယူကာ ထိကြည့်လိုက်တယ်။ အထဲမှာ ရေအိတ်လေးတွေရှိနေသလိုပဲ။

ကွေ့ဟွား ငါးကိုကြည့်လိုက်ပြီးနောက် ငါးဥတွဲကို ပြန်ကြည့်လိုက်တယ်။ ပြီးမှသာ တုံ့ဆိုင်းစွာနဲ့ ပြောလာခဲ့တယ်။

“ဒါက ဆော်လမွန်ငါးပဲ.. ကျွန်မဒီငါးဥရဲ့ပုံကိုမြင်ဖူးတယ်”

မဒမ်လီလည်း လူတွေ ဒီငါးရဲ့အကြောင်းကို ပြောတာကို ကြားဖူးတယ်။ ဒါကြောင့် ကွေ့ဟွားက ဒီအကြောင်းကိုထည့်ပြောလာချိန်မှာ သူမလည်း သတိရလာခဲ့တယ်။

“ဒါက တကယ့် ဆော်လမွန်နဲ့တူတာပဲ.. ဒါပေမယ့် ဒီငါးတွေက ပုံမှန်ဆိုရင် ကျားမုစီဘက်ကိုပဲ သွားတာမလား? ဒီငါးက ဘယ်လိုလုပ်ပြီး ဒီကအထိ ကူးလာရတာလဲ?”

သူမက ငါးကို တစ်ချက်ကြည့်လိုက်ပြီး ကွေ့ဟွားကို ပြန်ကြည့်ကာ မေးလိုက်တယ်။

“ဒီငါးကို ဘယ်လိုစားရလဲ.. တို့ဟူးနဲ့ စတူးချက်ရတာလား?”

ကွေ့ဟွားက ခဏလောက်စဉ်းစားပြီး သူမရဲ့ အင်္ကျီလက်ကို ခေါက်ကာ ပြောလာတယ်။

“ကြော်ပြီးစားရင် အရသာရှိတယ်၊ ဆီသုံးရမှာကြောက်ရင် ပေါင်းလိုက်လို့ရတယ်.. ဂေါ်ဖီထုပ်တို့ ၊တို့ဟူးတို့နဲ့ ရောချက်ပြီး ပန်ကိတ်နဲ့ စားလို့လည်းရတယ်”

“ဆီကို စိတ်မပူပါနဲ့.. ကြော်စားရအောင်”

ကျန်းကျန်းက အလျှင်အမြန်ဝင်ပြောလိုက်ပြီး မဒမ်လီကိုမော့ကြည့်ကာ သူမရဲ့ လက်မောင်းတွေကိုလှုပ်ရမ်းရင်း ချွဲနွဲ့ပြီးပြောလိုက်တယ်။

“အဖွား.. အရင်ကြော်စားရအောင်.. နောက်မှပဲ စတူးချက်လိုက်လေ.. ဘာပဲဖြစ်ဖြစ် ငါးက ဆယ်ပေါင်လောက်ရှိနေတာပဲ သုံးမျိုး ၊လေးမျိုးလောက်လုပ်စားလို့ရတယ်”

“မင်းကတော့ အစားလောဘကြီးလွန်းတယ်”

မဒမ်လီက ကျန်းကျန်းရဲ့နဖူးကို ခပ်ဖွဖွပုတ်လိုက်ပေမဲ့ ဝမ်စုဖန်းရဲ့ဘက်ကိုလှည့်ကာ ညွှန်ကြားလာတုန်းပဲ။

“ကျန်းကျန်း ပြာတာကို နားထောင်လိုက်.. သူစားချင်တာ စားပါစေ”

ဝမ်စုဖန်းက ပုံမှန်စတူးဟင်းလျာတွေကိုတော့ ကောင်းကောင်းချက်တတ်ပေမဲ့ ငါးတွေပုစွန်တွေကို ကိုင်တွယ်ရာမှာတော့ ကွေ့ဟွားလောက် မတော်ဘူး။

ကွေ့ဟွားက သူမရဲ့ယောက်မလေး အစားရွေးတာကို သိတဲ့အတွက် အသားမုန့်လုံးရဲ့ တင်ပါးကို အသာပုတ်ကာ သူ့ဘာသာသူ ကစားခိုင်းလိုက်တယ်။

ထို့နောက် သူမရဲ့ လက်ကို ရေဇလုံမှာ ဆေးကြောရင်း ဝမ်စုဖန်းကို လှမ်းပြောလိုက်တယ်။

“အမေ .. ထားခဲ့လိုက်တော့လေ.. ကျွန်မ ဒါတွေကို ကြော်လိုက်မယ်”

ဝမ်စုဖန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။

“ကောင်းပြီ.. မင်း ကြော်တာတွေက အရသာရှိတယ်.. မင်း ပြီးသွားမှ သူမ ဘာဆက်လုပ်ခိုင်းဦးမလဲ ငါ ကြည့်လိုက်မယ်

ဒီလိုမျိုး အစားအသောက်ကိုလောဘကြီးတဲ့ မိန်းကလေးမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး.. အခုချိန်မှာ လုံလောက်အောင် စားရတာ ကံကောင်းတယ်..

သူမတစ်ယောက်တည်းကပဲ အစားဂျီးများပြီး ကောင်းကင်ကြီးကို မြင်ချင်နေတာ.. ကြော်တာပဲဖြစ်ဖြစ် လှော်တာပဲဖြစ်ဖြစ် သူမလောက် ကြံကြံဖန်ဖန်စားတတ်တဲ့သူမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး”

ကျန်းကျန်းက ရယ်မောနေခဲ့ပေမဲ့ မဒမ်လီကတော့ ထိုစကားကိုကြားရတာ မပျော်တော့ဘူး။

“တခြားကလေးတွေက ငါတို့ကျန်းကျန်းလောက် ဉာဏ်မမီဘူးလေ”

“ဒါက မဆိုးပါဘူး”

ကွေ့ဟွားက ဆက်ပြောလာတယ်။

“ဆယ်မိုင်ပတ်လည်လောက်မှာ ကျွန်မတို့ကျန်းကျန်းထက် ပိုကောင်းတဲ့ကလေးကို တစ်ယောက်မှ မတွေ့ဖူးဘူး.. သူမက ရုပ်ရည်ချောမောပြီး ဥာဏ်ရည်လည်း ထက်မြက်တယ်..

လီမင်ပေက သူမကို စာဖတ်နည်းနဲ့ ရေတွက်နည်းတွေ သင်ပေးတာကို သူမ မှတ်မိနိုငနိုင်ပြီ.. သူမလည်းပဲ အနာဂတ်မှာ ကောလိပ်ကျောင်းသူတစ်ယောက် သေချာပေါက် ဖြစ်လာနိုင်မှာ”

ကောလိပ်ကျောင်းသားဖြစ်လာလိမ့်မယ်ဆိုတဲ့ အကြောင်းဆီကိုရောက်လာတော့ မဒမ်လီကသဘောမတူဘဲမနေဘူး။

ပေရှားမှာရှိတဲ့ အိမ်ထောင်စုတိုင်းနီးပါးက ကလေးတွေကို စာသင်ပေးခဲ့ကြတယ်။ သူတို့ထဲမှ တစ်ဝက်လောက်သာ မူလတန်းကျောင်းပြီးပြီး အလယ်တန်းကျောင်းကိုတက်နိုင်ခဲ့တယ်။ ထိုအထဲမှတစ်ဝက်လောက်ကသာ အထက်တန်းကျောင်းကို သွားနိုင်ခဲ့တယ်။

နောက်ဆုံးမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြရမှာဖြစ်ပြီး ကောလိပ်ဝင်ခွင့်ကို အောင်မြင်ကာ တက်ရောက်ခွင့်ရတဲ့လူက အနည်းငယ်မျှလောက်သာ ကျန်ရစ်ခဲ့တယ်။

ဒေသခံတွေရဲ့အမြင်မှာတော့ အထက်တန်းကျောင်းကို အလျှင်အမြန် ပြီးအောင်တက်ပြီး အောင်ထောင်ပြု ကလေးမွေးတာက ကောလိပ်တက်တာထက် အများကြီးပိုဖြစ်နိုင်ချေရှိတဲ့ အရာပဲ။

ဒါပေမယ့် မဒမ်လီကတော့ မိသားစုထဲမှာ ကောလိပ်ကျောင်းသားတွေ ရှိတာက ဂုဏ်အရှိဆုံးအရာပဲလို့ ခံစားရတယ်။

လီမင်တုန်က မိသားစုရဲ့ ပထမဆုံးသော ကောလိပ်ကျောင်းသားဖြစ်ပြီး သူက စိုက်ပျိုးရေးဘာသာရပ်ကို သင်ယူခဲ့တယ်။

ဘွဲ့ရပြီးသွားခဲ့ရင် သူ ဘယ်နေရာမှာပဲအလုပ်လျှောက်ပါစေ အောင်မြင်လိမ့်မယ်။

လီမင်ရှီကတော့ အခုချိန်မှာ နိုင်ငံအတွင်းရှိ အကောင်းဆုံးသော တက္ကသိုလ်ဖြစ်တဲ့ ပင်းစစ်တက္ကသိုလ်မှာ ပညာသင်ကြားလျက်ရှိနေခဲ့ပြီ။

All Chapters