Chapter 82
Vol. 9 Ch. 82
မဒမ်လီနှင့် ဝမ်စုဖန်းတို့နှစ်ယောက်သား စကားပြောနေတုန်းမှာပဲ ကွေ့ဟွားက ငါးဥကို ကြက်ဥနဲ့ ရောကြော်ပြီး ယူလာခဲ့တယ်။
မဒမ်လီလည်းသူမရဲ့မြေးနှင့် မြေးချွေးမတို့ရဲ့ စေနာဖြစ်ကျောင်း နားလည်တာကြောင့် တစ်ဇွန်းလှမ်းယူပြီး ကိုက်ဝါးကြည့်လိုက်တယ်။
“ ကိုက်လိုက်ကတည်းက အရသာတွေစိမ့်ထွက်လာတာပဲ.. ဒါတော်တော်လေး အရသာရှိတယ်”
ကျန်းကျန်း သူမရဲ့ဘေးနားမှာ အရက်သောက်နေတဲ့ လီမူဝူဆီကို တူလှမ်းပေးလိုက်တယ်။
“အဖေ.. အဖေလည်း စမ်းစားကြည့်ဦး”
လီမူဝူကသဘောကျစွာ ပြုံးရယ်လိုက်မိတယ်။
“အိုး.. ငါ့ရဲ့အကြီးဆုံး သမီးလေးကပဲ သူ့ရဲ့အဖေအတွက် သိတတ်တယ်.. တခြားလူတွေကတော့ သူ့ဘာသာသူပဲ စားနေပြီး ငါ့ကိုမေ့ထားကြတာ”
ထိုသို့စကားပြောပြီးနောက် သူက အစားအသောက်ကို အပြည့်ထည့်သွပ်ပြီး မြိုချလိုက်တာကြောင့် သီးနေတဲ့ လီမင်ပင်ကိုလှမ်းကြည့်ကာ မနှစ်မြို့စွာ ပြောလိုက်ပြန်တယ်။
“မင်းအစ်ကို ကိုကြည့်စမ်း.. ဒီလောက်ထိကြီးနေပြီ.. စားဖို့ကလွဲရင် ဘာတစ်ခုမှမသိဘူး”
လီမင်ပေ ရယ်မောလိုက်ပြီး သူ့အဖေအတွက် ဝိုင်တစ်ခွက်လောင်းပေးလိုက်တယ်။ ဒီအချိန်ကျမှ လီမူဝူ ကျေနပ်စွာ ခေါင်းညိတ်လာခဲ့တယ်။
မဒမ်လီက အစာစားချင်စိတ် သိပ်မရှိနေခဲ့ဘူး။ သူမက ငါးနှစ်တုံးနှင့် ပန်ကိတ်တစ်ခု စားပြီးသွားချိန်မှာ ဗိုက်တင်းနေခဲ့ပြီ။
သူမက ပါးစပ်ကို သုတ်လိုက်ပြီး လီမူဝူနှင့် စတင်ဆွေးနွေးခဲ့တယ်။
“ အခုက စက်တင်ဘာလကိုရောက်လာပြီ.. ငါတို့တွေ ကျန်းကျန်းကို ကျောင်းသွားဖို့ မစီစဥ်သင့်ဘူးလား”
လီမူဝူက သူ့ရဲ့သမီးငယ်လေးကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျစွာပြောလိုက်တယ်။
“ သူက ဒီလောက်ငယ်သေးတာဘာလို့ ကျောင်းကိုသွားပြီး အပင်ပန်းခံနေမှာလဲ? ကျောင်းကိုရောက်တော့ သူ ဘာတွေလုပ်နိုင်မှာလဲ? လူတွေက ခုနစ်နှစ် ရှစ်နှစ်လောက်မှ ကျောင်းသွားတက်ကြတာ မဟုတ်ဘူးလား.. အခုသွားမယ်ဆိုရင် အရမ်း စောလွနားမနေဘူးလား”
မဒမာလီ ခြေထောက်ကို တင်ပြင်ခွေထိုင်လိုက်ပြီး သူမရဲ့ ခါးတစ်ဝိုက်မှာရှိတဲ့ ဆေးလိပ်အိတ်ကို ရုတ်တရက်ထိလိုက်မိတယ်။
သို့ပေမယ့် ကျန်းကျန်းရဲ့ စူးရှတဲ့မျက်လုံးတွေက သူမရဲ့လက်လှုပ်ရှားမှုကို မြင်တွေ့လိုက်တာကြောင့် အလျှင်အမြန်ဆုပ်ကိုင်လိုက်တယ်။
“သမီးတို့ အိမ်ထဲမှာ ဆေးလိပ်မသောက်ရဘူးလို့ သဘောတူထားကြတယ်လေ.. ဒါက ကလေးတွေအတွက် မကောင်းဘူး”
မဒမ်လီက ပြုံးလိုက်ပြီး လက်ကို ပြန်ရုတ်လိုက်တယ်။
“အဖွား မေ့သွားလို့.. ခဏနေမှ အပြင်ထွက်ပြီး ဆေးလိပ်သောက်လိုမယ်”
သူမက ဆေးလိပ်အိတ်ကို ဘေးဘက်မှာ ဖယ်ထားလိုက်ပြီး လီမူဝူ နှင့် ဆွေးနွေးခဲ့တယ်။
“ငါတို့တွေ ကျန်းကျန်း ဘယ်လောက်ငယ်သေးလဲဆိုတာကိုပဲ မကြည့်နဲ့ .. သူမရဲ့ဦးနှောက်က အရမ်းကောင်းလွန်းတယ်.. မင်ပေက သူမကို တစ်နေ့ကို နှစ်ကြိမ်လောက်ပဲ စာဖတ်တတ်၊ ပြောတတ်အောင် သင်ပေးရသေးတယ်.. သူမက အကုန် မှတ်မိနေပြီ..
ငါကတော့ သူမက အိမ်မှာ တုံးတုံးအအ,ဆော့ကစားနေလိုက်၊ တောင်ပေါ်ကိုတက်လိုက်လုပ်နေတာထက်စာရင် ကျောင်းတက်တာက ပိုကောင်းလိမ့်မယ်”
ကျန်းကျန်းက နစ်နာသွားသလို မျက်တောင်ခတ်လိုက်မိတယ်။
“အဖွား.. သမီးက အရူးလို ကစားနေတာ မဟုတ်ပါဘူးနော်.. သမီး အိမ်ကို ပြန်လာတိုင်း ဘယ်တုန်းက လက်ဗလာနဲ့ပြန်လာဖူးလို့လဲ.. သမီးကောက်လာတဲ့ မှိုတွေကတောင် တခြားသူတွေထက် ပိုကြီးတယ်”
မဒမ်လီက သူမကို တစ်ချက်စိုက်ကြည့်လာပြီး သူမရဲ့မျက်လုံးတွေက နားလည်မှုမှုတွေ ရောနှောနေခဲ့တယ်။
ကျန်းကျန်း ရှက်ရွံ့စွာပြုံးလိုက်ပြီး ခေါင်းကိုငုံ့လိုက်ကာ ငါးဥတွေကိုပဲ ဆက်စားချင်ယောင်ဆောင်နေခဲ့တယ်။
လီမူဝူက ဒါကိုစဉ်းစားရင်း ခေါင်းညိတ်ပြလာတယ်။
“အမေက ကောင်းတယ်လို့ထင်ရင် ကျောင်းကိုလွှတ်လိုက်လေ.. တကယ်လို့ မအောင်ဘူးဆိုရင်လည်းအဆင်ပြေပါတယ်.. ကစားတယ်လို့ပဲ သတ်မှတ်လိုက်ကြတ်ပေါ့.. နောက်နှစ်ကျမှ ထက်တက်ရင်လည်း အတူတူပါပဲ”
ကျန်းကျန်း သူမရဲ့ပါးစပ်ထဲမှ ငါးဥကို နေရာလွဲပြီး မြိုချလိုက်မိတာကြောင့် သီးသွားရပြီး လီမူဝူကို စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်တယ်။
“သမီးက စတုတ္ထတစ်ကိုလိုမဟုတ်ဘူးနော်.. ဘာလို့ အတန်းကို ကျရမှာလဲ!”
လီမင်ပေ မနှစ်တုန်းက စာမေးပွဲကို နှစ်ဘာသာ ကျခဲ့တာကြောင့် ကြောက်လန့်ပြီး အိမ်ထဲသို့ မဝင်ရဲခဲ့ဘူး။
မဒမ်လီက သူမရဲ့ဒီမြေးလေးအတွက် အလွန် စိတ်ပူနေခဲ့ပြီး အလယ်တန်း တတိယနှစ်ကို အောင်မြင်ပြီး အထက်တန်းကို မတက်ရောက်နိုင်မှာကို စိတ်ပူပန်ခဲ့တယ်။ ဒါကြောင့် မိသားစုနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး သူ့ကို မနှစ်ကစာသင်နှစ်မှာပဲ ပြန်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
တကယ်တော့ လီမင်ပေက ဥာဏ်မကောင်းတာမဟုတ်ဘူး။ သူက အပျော်လွန်လွန်းနေတာပဲ။
အရင်တုန်းကတော့ လီမင်နန်က သူ့ရဲ့အနားမှာ စောင့်ဆိုင်းပြီး ကြည့်ရှုနေခဲ့တာကြောင့် ကျောင်းဆင်းတာနဲ့ အိမ်စာကို လုပ်ရလေ့ရှိတယ်။ ဒါကြောင့် စာမေးပွဲအတွက် ကြိုတင်လေ့ကျင့်ပြီးသားဖြစ်နေခဲ့တယ်။
သို့ပေမယ့် လီမင်နန် အထက်တန်းကျောင်းကို ရောက်သွားကတည်းက လီမင်ပေက အထိန်းအကွတ်မှ လွတ်ကင်းသွားတဲ့ မြင်းရိုင်းတစ်ကောင်လိုဖြစ်လာခဲ့တယ်။
စာသင်ချိန်အတွင်းမှာဆိုရင် သူက ပြတင်းပေါက်အပြင်ဘက်ကိုသာ အမြဲငေးကြည့်နေတတ်တယ်။
ကျောင်းဆင်းလို့ ဆယ်မိနစ်အတွင်းမှာတော့ သူက ကျောင်းနောက်ဘက်မှာရှိတဲ့ တောင်ပေါ်မှာ ထောင်ချောက်ကျင်းတွေ တူးနေခဲ့ပြီ။
ကျောင်းမှာ စာတွေကို လေ့လာသင်ယူဖို့ကိုတော့ ပြောနေစရာတောင်မလိုဘူး။ သူက မှောင်လာတဲ့အချိန်မှသာ အိမ်ကို ပြန်လာလေ့ရှိတယ်။
သူ့ရဲ့တစ်နေ့လုံးနီးပါးက တောင်ပေါ်မှာ ဘာတွေ သွားဖမ်းရမလဲ ဒါမှမဟုတ် မြစ်ထဲမှာ ငါးသွားမျှားဖို့ ဆိုတာတွေကိုပဲ တွေးတောနေခဲ့တယ်။
ဆောင်းရာသီမှာတောင် ထိုအလုပ်တွေကို မရပ်တန့်ခဲ့ဘူး။
သူက သူ့မိသားစုရဲ့ ဂရုမစိုက်နိုင်မှုကို အခွင့်ကောင်းယူပြီး ယုန်တွေကို လိုက်ဖို့အတွက် လီမင်ကျုံးကိုတောင် မကြာခဏဆိုသလို ပြန်ပေးဆွဲသွားတတ်တယ်။
ဒီနေ့လိုခေတ်မျိုးမှာ ကလေးတွေက ကျောင်းတက်ဖို့နှင့် အိမ်စာလုပ်ဖို့အတွက် ကိုယ့်ရဲ့ အသိစိတ်ကိုသာ အားကိုးကြရတယ်။
လူကြီးမိဘတွေက အိမ်အပြင်ဘက်မှာ အလုပ်များလွန်းနေတာလေ။ သူတို့တွေက ကလေးတွေရဲ့ စာသင်ယူမှုကို ဘယ်လိုလုပ်ပြီး ကွတ်ကဲဖို့ အချိန်ပေးနိုင်မှာလဲ။
ဒါ့အပြင် လီမူဝူနဲ့ ဝမ်စုဖန်းက နှစ်ဦးစလုံးက ရေးတတ်ဖတ်တတ်ရုံသာ ကျောင်းတက်ခဲ့ကြပြီး စကားလုံးအနည်းငယ်ကိုသာ မှတ်မိနိုင်တယ်။
အလယ်တန်းကျောင်းသုံး ပုံနှိပ်စာအုပ်တွေက သူတို့အတွက်တော့ ကောင်းကင်ဘုံလောက်တောင် မြင့်မားနေပြီ။
ဒါကြောင့် လီမင်ပေ သူ့ရဲ့ အိမ်စာကို လုပ်မလုပ်နှင့် ကျောင်းမှာ ဘာတွေသင်ယူနေခဲ့တာလဲဆိုတာကို မိသားစုအတွင်းမှ လူကြီးတွေက မျက်လုံးတွေနှင့်သာ ကြည့်နိုင်တယ်။
သူတို့ အများဆုံး ပြောနိုင်တဲ့ စကားလုံးတွေက စာကြိုးစားပါ ဆိုတဲ့ စကားလုံးအနည်းငယ်လောက်သာရှိတယ်။ တခြားလူတွေကလည်း သူကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကိုမသိကြတော့ဘူး။
မဒမ်လီရဲ့သားလေးယောက်က သူမအတွက် မြေးတွေအများကြီး မွေးပေးထားပြီး သူတို့အကုန်လုံးက အလွန်လိမ္မာကြတယ်။
လီမင်နန်နဲ့ လီမင်ပေလိုမျိုး အနည်းငယ်ဆိုးသွန်းတဲ့ကလေးတွေရှိနေပေမဲ့လည်း လီမင်ပေလိုမျိုး အတန်းတစ်ခုကို နှစ်ခါပြန်တက်ရတာကတော့ သူတစ်ယောက်တည်းပဲရှိနေလိမ့်မယ်။
မဒမ်လီက မျက်နှာကို ပန်းကန်လုံးထဲကိုနှစ်ထားပြီဖြစ်တဲ့ မြေးဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး ကျန်းကျန်းကို ကျောင်းအပ်ဖို့အတွက် ပိုပြီး ခိုင်မာစွာပြောလိုက်တယ်။
“ငါ ကျန်းကျန်းကို စာသင်ပေးဖို့အတွက် မင်ပေကိုပဲ မခိုင်းနိုင်တာ့ဘူး.. ငါတို့မိသားစုရဲ့ ကျန်းကျန်းက မှ ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်သလဲ.. ဒါပေမယ့် သူမကိုသင်ပေးနေတဲ့ အစ်ကိုကတော့ တုံးအလွန်းနေတယ်လေ”
လီမင်ပေတစ်ယောက် သူ့ရဲ့ခေါင်းကို လုံးဝမထောင်နိုင်တော့ဘူး။ သူက အားနည်းစွာနဲ့ ပြောလာတယ်။
“ကျွန်တော်က ဘယ်မှာတုံးနေလို့လဲ”
“မင်းသာ မတုံးဘူးဆိုရင် ဘာလို့ အတန်းပြန်တက်ရမှာလဲ.. ငါတို့မိသားစုမှာ မင်းတစ်ယောက်တည်းပဲ ဒီလိုပြန်တက်ရတာ!”
မဒမ်လီက ပြင်းထန်စွာ ဆူငေါက်လိုက်တော့ လီမင်ပေတစ်ယောက် ခေါင်းက ပိုလို့တောင် ငိုက်ကျသွားရတယ်။
တရုတ်နှစ်သစ်ကူးကာလမှာ မိသားစုတွေအတူတကွ ပြန်လည်ဆုံစည်းတဲ့အချိန်ကျရင် သူ အတန်းပြန်တက်ရတယ်ဆိုတဲ့စကားကို လူတိုင်းသိသွားမှာကို တွေးမိတော့ လီမင်ပေတစ်ယောက် သူ့ရဲ့ ပန်းကန်လုံးထဲမှ ငါးကြော်တွေက ရုတ်တရက်အရသာမရှိတော့သလို ခံစားလာရတယ်။
လီမင်ပေရဲ့စိတ်ပျက်လက်ပျက် အသွင်အပြင်ကို မြင်လိုက်ရတော့ ကျန်းကျန်းက သူ့ရဲ့အနားကို တိုးကပ်လိုက်ပြီး တီးတိုးပြောလိုက်တယ်။
“အစ်ကို.. တောင်ပေါ်ကိုတက်ပြီး သွားကစားရအောင်.. ညီမလေး အစ်ကို့ကို နေရာကောင်းတစ်ခုဆီ ခေါ်သွားပေးမယ်”
လီမင်ပေတစ်ယောက် ကျန်းကျန်းရဲ့ စကားတွေကို ကြားတော့ သူ့ရဲ့ မျက်လုံးတွေက တောက်ပသွားရတယ်။
ကျန်းကျန်းရဲ့ ငယ်ရွယ်တဲ့ အသက်ကိုပဲ ကြည့်လို့မရဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမနှင့် အတူ တောင်ပေါ်ကိုတက်တိုင်း ပစ္စည်းကောင်းလေးတွေ အမြဲတမ်း ရရှိတတ်တယ်။
သူ့ညီမနဲ့ အတူသွားတိုင်း လီမင်ပေတစ်ယောက် သူဒီဆယ်စုနှစ်အတွင်းမှာ တောင်ပေါ်ကို တက်နေခဲ့တာကအချည်းနှီးဖြစ်နေသလို ခံစားရတယ်။
ဒါကြောင့် အခု သူ့ရဲ့ညီမဖြစ်သူက တောင်ပေါ်ကိုတက်မယ်လို့ ပြောတာကို ကြားတော့ သူ စာမေးပွဲကျပြီး အတန်းပြန်တက်တဲ့ကိစ္စ မေ့သွားခဲ့ပြီး ဝမ်းသာအားရ ပြုံးလာတယ်။
သူက နောက်ထပ်ပန်ကိတ်ကို ထပ်ယူရင်း ပြောလာတယ်။
“ဒါဆို ငါ ပိုစားလိုက်ဦးမယ်.. တကယ်လို့ စားတာ နည်းသွားမယ်ဆိုရင် တောင်ပေါ်တက်တဲ့အချိန်ကျရင် ဗိုက်ဆာနေမှာ”
မဒမ်လီက သူ့ကိုကြည့်ပြီးပြောလာတယ်။
“ဒီကလေးက နှလုံးသားကြီးလွန်းတယ်.. ငါတို့ လီမိသားစုရဲ့မြေးက မနှစ်တုန်းက အလယ်တန်းစာမေးပွဲကို မအောင်ခဲ့ဘူး.. တကယ်လို့ မင်းသာ အထက်တန်းဝင်ခွင့်စာမေးပွဲကို မအောင်ရင် ဘယ်လိုလုပ်မလဲ”
လီမင်ပေ အမှုမထားလိုစွာ ပြောလိုက်တယ်။
“တခြားလူတွေလည်း စာမေးပွဲအဖြေလွှာစာရွက်မှာ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူးဆိုရင်တောင် အထက်တန်းဝင်ခွင့် စာမေးပွဲကိုအောင်မြင်ကြသေးတာပဲ..
နောက်ပြီး စာမေးပွဲ မအောင်ရင်လည်း အရေးမကြီးပါဘူး.. အဆိုးဆုံး ဟုန်ဝေ့ကိုသွားရုံပဲလေ.. ကျွန်တော့်ရဲ့ အတန်းဖော် ဝမ်ဟူကျစ်က ဒီနှစ် အဲဒီဘက်က တာ့ရှင်းအန်းလင်းကိုသွားခဲ့တာ ပိုက်ဆံတွေအများကြီး ရှာနိုင်ခဲ့တယ်တဲ့”
မဒမ်လီ သူ့ရဲ့စကားကိုကြားတော့ သူမရဲ့မျက်နှာက ချက်ချင်းမည်းမှောင်သွားခဲ့ရပြီး သူမရဲ့ ဆေးတံကို ကောက်ယူကာ သူ့ကို ထုရိုက်တော့တယ်။
“မိသားစုက မင်းအတွက် လုံလုံလောက်လောက် မကောင်းပေးလို့လား.. တာ့ရှင်းအန်းလင်းမှာ အလုပ်လုပ်ရတာ ဘယ်လောက်ထိခက်ခဲတယ်ဆိုတာကို မင်းမသိဘူးမလား..
အဲဒီမှာ တောင်တွေနှင့် သစ်ပင်ကလွဲရင် လူ နည်းနည်းလောက်ပဲရှိတယ်.. နောက်ပြီး အဲဒီမှာက ငါတို့ထက် ပိုပြီးအေးတယ်.. နှစ်တစ်နှစ်ရဲ့ ခုနစ်လ၊ ရှစ်လောက်က ဆောင်းရာသီပဲ.. မင်းက အဲဒီမှာ မင်းရဲ့နေ့ရက်တွေကို ကုန်ဆုံးမှာလား”
ခဏအကြာမှာ မဒမ်လီက သူ့ကို ခါးခါးသီးသီးနဲ့ ဖြောင်းဖြပြန်တယ်။
“တာ့ရှင်းအန်းလင်းက လုပ်အားခ ဘယ်လောက်များလဲဆိုတာကိုတော့ ငါမသိဘူး.. ဒါပေမဲ့ နာလာ့မူဘက်မှာက အဲဒီထက် နှစ်ဆရတယ်.. ဒါပေမယ့် အလုပ်အရမ်းပင်ပန်းလိမ့်မယ်..
မင်းရဲ့ ဘေးဘက်အိမ်မှာနေတဲ့ ဦးလေးကို သွားကြည့်လိုက်လေ.. သူ နှစ်တွေဒီလောက်ကြာအောင်လုပ်လာပြီးပြီ သူ ဘယ်လို နေရလဲဆိုတာကို မြင်နိုင်တာပဲ.. ဒီအကြောင်းကို ဆက်မပြောနဲ့တော့”
မဒမ်လီက လီမင်ပေကို ဆူပူဆုံးမနေတာကိုကြားတော့ လီမူဝူသည်လည်း သူ့ဘက်ကိုပါ လှည့်လာမှာကို ကြောက်လန့်နေခဲ့ပြီး အရက်ကိုသာ တိတ်တဆိတ် သောက်နေခဲ့တယ်။
“မင်းမှာ တစ်နှစ်ကျန်သေးတယ်.. တကယ်လို့ စာမေးပွဲကို လုံးဝမဖြေနိုင်ပဲ အထက်တန်းကို ဝင်ခွင့်မရဘူးဆိုရင်တော့ သစ်ထုတ်လုပ်ရေးတွေဘက်ကို မသွားနဲ့.. ငါ မင်းကို အဲဒီဘက်ကို မလွှတ်နိုင်ဘူး..
အတန်းဆက်မတတ်နိုင်ရင် ကောက်နှံစတိုးမှာဝင်ပြီး အလုပ်ဝင်လိုက်.. ဘာပဲဖြစ်ဖြစ် မင်ရှီက စစ်တပ်ထဲကို ရောက်နေပြီဆိုတါ့ သူ့ကို စိတ်ပူစရာမလိုတော့ဘူး.. မင်တုန်ကလည်း တက္ကသိုလ်ကနေ ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းဝင်နိုင်တယ်.. မင်နန်ကလည်း အထက်တန်းကျောင်းကိုရောက်နေပြီဆိုတော့ အနည်းဆုံး လျှပ်စစ်စက်ရုံကိုတော့ ဝင်နိုင်မှာပဲ”