Chapter 83
Vol. 9 Ch. 83
သစ်တောနယ်မြေအတွင်း လျှပ်စစ်ဓာတ်အားစက်ရုံက ပေရှားမှာရှိတဲ့ အကြီးဆုံးစက်ရုံပဲ။
ဒီစက်ရုံက သစ်တောနယ်မြေကို ပိုပြီး အဆင်ပြေချောမွေ့စေပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရန်အတွက် ရည်စူးထားတဲ့ စက်ရုံပဲ။
ထိုစက်ရုံ ပေရှားမှာ တည်ဆောက်ဖို့အတွက် ပြည်နယ်မှ ယွမ်သန်း (၄၀) ကျော်တောင် ရင်းနှီးမြှုပ်နှံထားခဲ့တယ်။
ပြောရရင် ထိုစက်ရုံက ပေရှားရဲ့ ဧရိယာ တစ်ဝက်ကျော်ကို သိမ်းပိုက်ထားတယ်လိုးဆိုနိုင်တယ်။ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ နောက်ပြီး စက်ရုံမှလည်ပတ်တဲ့ အလယ်တန်းကျောင်းတွေ၊ စက်ရုံမှ လည်ပတ်နေတဲ့ မူလတန်းကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ ဆေးရုံတွေနှင့် ဝိုင်စက်ရုံတွေ။
ဒီစက်ရုံက မြို့ငယ်လေးတစ်ခုလုံးကို ထောက်ပံ့ပေးထားတယ်လို့တောင် ပြောဆိုနိုင်တယ်။
ဒီလိုမျိုး ကောင်းမွန်တဲ့ စက်ရုံမှာအလုပ်ရနိုင်မယ်ဆိုရင် သူတို့တွေက လစာအပြင် လက်မှတ်တွေကိုပါ ထုတ်ပေးသေးတယ်။ တစ်ခါတစ်ရံမှာ ရုပ်ရှင်လက်မှတ်တွေကိုပါ ထုတ်ပေးပြီး ပြင်ပမှာ လုပ်ကိုင်နေရတဲ့အလုပ်သမားတွေထက်အများကြီး ပိုသာသေးတယ်။
ပေရှားမှ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းကို တက်ရောက်နိုင်တဲ့ မိသားစုတွေက သူတို့ရဲ့ကျောင်းသားတွေကို ထိုစက်ရုံမှာ အလုပ်လုပ်ခွင့်ရဖို့ကို မျှော်လင့်နေကြတယ်။
မဒမ်လီတစ်ယောက် ဒီအကြောင်းကို ပိုတွေးလေ ပိုပြီးစိတ်ရှုပ်ထွေးလာလေလေပဲ။ ဒါကြောင့် လီမင်ပေ ကစားဖို့ကိုပဲ စိတ်ရောက်နေတာကိုမြင်တော့ သူ့ကို ဆူပူကြိမ်းမောင်းချင်လာရပြန်တယ်။
တစ်ဖက်မှ မောင်နှမနှစ်ယောက်ကတော့ ထမင်းစားပြီးတာနဲ့ ရေတစ်ခွက်စီသောက်ကာ တောင်ပေါ်ကိုတက်သွားခဲ့ကြပြီ။
လီမင်ပေက တောထဲတောင်ထဲမှာ ဆော့ကစားနေကျဖြစ်သော်လည်းပဲ တောင်ပေါ်ကို တက်တဲ့အချိန်မှာတော့ ကျန်းကျန်းလောက် မတော်လေဘူး။
လီမင်ပေတစ်ယောက် တောအုပ်ထဲမှာ သွက်သွက်လက်လက် လျှောက်သွားနေတဲ့ ပုံရိပ်သေးသေးလေးကို တွေ့နေရပြီး တစ်ခါတစ်လေမှာ သူမက တောရိုင်းအသီးအနှံတွေကို ခူးဆွတ်ဖို့အတွက် သစ်ပင်လေးတွေပေါ်ကိုလည်းတက်တတ်ပြီး သစ်ကိုင်းတစ်ခုကနေ နောက်တစ်ခုကို ကျွမ်းကျင်စွာခုန်ကူးသွားတတ်တယ်။
လီမင်ပေလည်း မနာလိုစွာနှင့် အပင်ပေါ်ကို တက်လိုက်ပေမဲ့လည်း သစ်ပင်နှစ်ပင်ကြားမှ အကွာအဝေးကို မျှော်ကြည့်ပြီးနောက် သူရပ်နေတဲ့အကိုင်းနေရာကို ကြည့်လိုက်ကာ ချက်ချင်းပဲ သတ္တိကြောင်သွားခဲ့ရတယ်။
“ကျန်းကျန်း အများကြီး ခုန်ကူးမနေနဲ့.. သစ်ပင်ပေါ်ကနေပြုတ်ကျနေလိမ့်မယ်”
ကျန်းကျန်း ပြုံးလိုက်ပြီး သစ်ပင်ပေါ်မှ လျှောဆင်းလိုက်တယ်။ ထို့နောက် သူမရဲ့ ခန္ဓာကိုယ်ပေါ်မှ အင်္ကျီလေးကို ချည်နှောင်လိုက်ပြီး လီမင်ပေကိုဆွဲခေါ်ကာ တောထဲကို အြေးဝင်လာခဲ့တယ်။
အရင်တုန်းက လီမင်ပေက တောင်ပေါ်ကို တက်တဲ့အချိန်မှာ ပေါင်းပင်တွေနဲ့ ဆူးပင်တွေကို ရှင်းဖို့အတွက် တုတ်တစ်ချောင်းကိုင်သွားရလေ့ရှိတယ်။ ဒါပေမယ့် ကျန်းကျန်းနဲ တောင်တက်တိုင်းမှာ သူမက လမ်းကို ဘယ်လိုရှာမှန်းမသိပေမဲ့ သွားရာလမ်းတစ်လျှောက်က ရှင်းလင်းနေတတ်တယ်။
တစ်နာရီကျော်ကြာအောင် ပြေးပြီးနောက် သူတို့နှစ်ယောက် လူသူ အသွားအလာသိပ်မရှိတဲ့နေရာဘက်ကို ရောက်ရှိလာခဲ့တယ်။
ကျန်းကျန်းက မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ရေဘူးလေးကိုဖွင့်ကာ ရေမော့သောက်လိုက်တယ်။
လီမင်ပေက သူ့ရဲ့ခန္ဓာကိုယ်ထက် ပိုပြီးထူတဲ့ သစ်ပင်တွေကို အံ့သြတကြီးကြည့်ရင်း ပြောလိုက်တယ်။
“ဒီနေ့ ငါတို့တွေ အရမ်းနက်သွားပြီ မဟုတ်ဘူးလား.. မင်းအရင်က ဒီကိုရောက်ဖူးလား.. မင်းဆိုတဲ့ ကလေးမလေးကတော့ ပိုပြီးထွားလာတာနှင့် ကျားနှင့်တွေ့မှာကိုတောင် မကြောက်ဘူးလား.. ဟိုက မင်းကိုစားသွားလိမ့်မယ်”
ထင်းရှူးနီတောက တောရိုင်းတစ်ခုအဖြစ်သာ ရှိနေသေးပြီး တောနက်ပိုင်းတွေထဲမှာ ကျား၊ ဝက်ဝံနှင့် တောဝက် စတာတွေရှိတတ်တယ်။ ဒါကြောင့် ပေရှားမှာရှိတဲ့ မုဆိုးတွေတောင် သိပ်ပြီး နက်နဲလွန်းအားကြီးတဲ့နေရာအထိ သွားလေ့ မရှိကြဘူး။
ကျန်းကျန်းက သူမရဲ့ လက်ကိုင်ပုဝါလေးကို ထုတ်လိုက်ပြီး ပါးစပ်မှာကျန်ရှိနေတဲ့ ရေတွေကို သုတ်လိုက်တယ်။ ပြီးနောက် ရေဘူးအဖုံးကို ပြန်ပိတ်လိုက်ကာ အစ်ကိုဖြစ်သူကိုလှမ်းကြည့်လိုက်တော့ အိပ်ပျော်လုနီးနီး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒါကြောင့် သူမ ထရပ်လိုက်ပြီး မြက်တွေကို ဖယ်ဖို့အတွက် တုတ်တစ်ချောင်းကိုကောက်ယူကာ တချို့နေရာကို ရှာတွေ့တူးဆွလိုက်တော့ လှပတဲ့ အမဲလိုက်ဓားတစ်ချောင်းကလည်း ပေါ်ထွက်လာခဲ့တယ်။
ဒီအမဲလိုက်ဓားကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျန်းကျန်း တောထဲကနေ ရှာတွေ့ထားခဲ့တာပဲ။
ဓားရဲ့ လက်ကိုင်ကို ဒရယ်ဦးချိုနှင့်ပြုလုပ်ထားပြီး ဓားအိမ်ကိုတော့ ကြံ့ချိုနှင့် လုပ်ထားခဲ့တယ်။
ဒါ့အပြင် အပေါ်မှာလည်း စိမ်းပြာရောင်ကျောက်၊ သန္တာကျောက်တွေနှင့် နောက်ထပ်ရောင်စုံဖန်ထည်တွေလို အလှဆင်ပစ္စည်းတွေနှင့်လည်း အလှဆင်ထားသေးတယ်။
ပထမတစ်ချက်ပြောရရင် ဒီဓားက ရှေးဟောင်းပစ္စည်းဖြစ်ပြီး ချင်မင်းဆက်တုန်းက မှူးမတ်အချို့က အသုံးပြုခဲ့တဲ့ဓားဖြစ်နိုင်တယ်။
နောက်နှစ်ကိုရောက်ရင် တော်လှန်ရေးကာလစတင်တော့မှာကို သိထားတာကြောင့် ကျန်းကျန်းအနေနဲ့ ဒီလိုမျိုး မျက်စိဖမ်းစားနိုင်တဲ့ ပစ္စည်တွေကို ပြန်လည်သယ်ဆောင်လာဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒါကို နက်ရှိုင်းတဲ့ တောင်တန်းတွေနှင့် သစ်တောကြီးကြားမှာ ဝှက်ထားခဲ့တာဖြစ်လေတယ်။ တကယ်လို့ ဒီနေ့ လီမင်ပေ စိတ်ဓာတ်ကျနေတာကိုသာ မမြင်ခဲ့ဘူးဆိုရင် သူမ ဒါကို သူကို ခေါ်ပြဖို့လုပ်မိမှာ မဟုတ်ဘူး။
အမဲလိုက်ဓားကို မျက်လုံးထောင့်ကနေ ဖြတ်ခနဲမြင်လိုက်ရတော့ လီမင်ပေရဲ့မျက်လုံးတွေက ချက်ချင်း တောက်ပလာရပြီး ထိုဓားကို ပွေ့ဖက်လာတော့တယ်။
သူက ဓားရဲ့ လက်ကိုင်ပေါ်မှ ပေါင်းမြက်တွေနှင့် မြေကြီးတွေကို အင်္ကျီလက်နဲ့ သုတ်လိုက်ပြီး ဓားကို ဂရုတစိုက် ဆွဲထုတ်လိုက်တယ်။ ဓါးရဲ့အသားက အလွန်ထက်နေဆဲဖြစ်ပြီး အေးစိမ့်တဲ့အလင်းရောင်ကို ထုတ်လွှတ်နေခဲ့တယ်။
“ညီမလေး.. ဒီဓားက အရမ်းလှတာပဲ.. အစ်ကို့ကို ပေးလို့ရမလား”
လီမင်ပေက အပေါ်မှာခြယ်ထားတဲ့ ရတနာတွေကို မခံစားမိခဲ့ဘူး။ သူကဒီ အမဲလိုက်ဓားရဲ့ ချွန်မြပြီး ထက်ရှမှုကို ပိုသဘောကျနေခဲ့တယ်။
“မပေးဘူး”
ကျန်းကျန်းက တစ်နေရာရာမှ တောရိုင်းအသီးအနှံတစ်ထုပ်ကို ကောက်ယူလိုက်ပြီး ချိုမြိန်စွာ စားနေခဲ့တယ်။
“ စတုတ္ထအစ်ကို ဒီဓားကို တောင်ပေါ်ကနေအောက်ကိုယူသွားရင် ညီမလေး အဖွားကို ရိုက်ခိုင်းလိုက်မယ်”
ကျန်းကျန်း တောရိုင်းအသီးအနှံတွေကို ကောက်ယူပြီး လီမင်ပေရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တယ်။
ထို့နောက် သူ့ရဲ့ အမဲလိုက်ဓားကို မျက်လုံးမခွာနိုင်ဖြစ်နေတာကိုကြည့်ရင်း ဆက်ပြောလိုက်တယ်။
“ဒါပေမယ့် အစ်ကို သမီးနဲ့ အတူ တောင်ပေါ်ကို လိုက်တက်တဲ့အချိန်ကျရင် အစ်ကို့သုံးခိုင်းမယ်.. ဒါပေမယ့် တခြားလူတွေကိုပြောပြလို့မရဘူး.. ပြောလိုက်ရင် အစ်ကို့ကို မငှားတော့ဘူး”
လီမင်ပေကတော့ တခြားလူတွေကို ကြွားပြလို့မရနိုင်ပေမဲ့ တောင်ပေါ်မှာ သုံးရမယ်ဆိုရင်တောင် အလွန်အမင်း စိတ်ကျေနပ်နေတုန်းပဲ။
ဒါကြောင့် ဝမ်းသာအားရ ပြုံးပြီးပြောလိုက်တယ်။
“စိတ်မပူပါနဲ့ .. အစ်ကို လုံးဝ မပြောဘူး”
“ဒီနားမှာ ကောင်းတဲ့အရာတွေမတွေ့သေးဘူး.. မင်းရဲ့ အစ်ကို ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိလဲဆိုတာကို ပြပေးမယ်”
သူကပြောရင်းနဲ့ တောနက်ထဲကို ပြေးသွားခဲ့တယ်။
ကျန်းကျန်း အသီးတွေစားရင်းနဲ့ သူ့နောက်ကနေ လိုက်ပါလာခဲ့တယ်။
သူ့ရဲ့ ပုံရိပ်ပျောက်သွားတဲ့ ခဏအတွင်းမှာပဲ ရုတ်တရက်ကျန်းကျန်းတစ်ယောက် တစ်စုံတစ်ခုကို ခံစားမိခဲ့တယ်။
ထိုအချိန်မှာ လီမင်ပေတ်ယောက် အမဲလိုက်ဓားကိုင်ထားရင်း သစ်ပင်ကိုနောက်ကျောနှင့်ကပ်ကာ သူ့ရဲ့မျက်နှာကလည်း ဖျော့တော့နေခဲ့တယ်။ သူ့အနေနဲ့ ဒီဓားရဲ့အစွမ်းနဲ့ ယုန်တစ်ကောင်လောက် ဒါမှမဟုတ် တောကောင်အသေးလေးတစ်ကောင်လောက်ပဲ ဖမ်းချင်တာလေ။ ဘာလို့ ကျားတစ်ကောင်နှင့် လာတွေ့နေရလောက်အောင် ကံဆိုးနေရတာလဲ။
ကျားက ဟိန်းဟောက်လိုက်ပြီး ထရပ်လာကာ လီမင်ပေရဲ့လက်ထဲမှ အမဲလိုက်ဓားကို စိုက်ကြည့်နေခဲ့တယ်။
လီမင်ပေတစ်ယောက် သူ့ရဲ့ ဘဝကဒီနေရာမှာ အဆုံးသတ်သွားတော့မယ်လို့ ခံစားနေရချိန်မှာပဲ သူ့ရဲ့ အနောက်ဘက်မှ ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“စတုတ္ထအစ်ကို ဘာလို့ ဘောင်းဘီထဲကို ရှူးရှူးပေါက်ချလိုက်တာလဲ”
ဒီခဏအတွင်းမှာတော့ လီမင်ပေရဲ့ဆံပင်တွေက ချက်ချင်းပဲ ထောင်ထသွားခဲ့ရပြီး ငိုသံပေါက်နေတဲ့အသံနဲ့ လှမ်းအော်လာခဲ့တယ်။
“ကျန်းကျန်း.. ဒီကိုမလာခဲ့နဲ့.. ဒီမှာ ကျားတွေရှိနေတယ်”
ရောင်စုံကျားကြီးက သစ်ပင်နောက်ကွယ်မှ အသံကိုကြားလိုက်ရတော့ အံ့ဩသွားခဲ့ပြီး ခေါင်းကိုဦးညွှတ်လိုက်တယ်။ ထို့နောက် သူ့ခန္ဓာကိုယ် သက်သောင့်သက်သာ ဖြစ်သွားရပြီး အရှေ့ကို ခြေနှစ်လှမ်းတိုးလာခဲ့တယ်။
လီမင်ပေတစ်ယောက်ကတော့ ကျားက သူ့အနီးသို့ တဖြည်းဖြည်း တိုးကပ်လာတာကို မြင်လိုက်ရပြီး စိတ်ပျက်အားငယ်သွားရပေမဲ့ ကျန်းကျန်း ပြန်ပြေးသွားပြီလားဆိုတာကို ကြည့်ဖို့အတွက် အနောက်ဘက်ကို လှည့်ကြည့်ဖို့ မမေ့သေးဘူး။
သို့ပေမယ့် သူ လှည့်ကြည့်လိုက်ချိန်မှာ ကျန်းကျန်း တစ်ယာက် သူ့ကိုယ်သူ သစ်ပင်မှာမှီထားခဲ့ပြီး ပါးစပ်ထဲကို အသီးအနှံတွေထည့်သွပ်နေတုန်းပဲဆိုတာပို မြင်တွေ့လိုက်ရလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ။
လီမင်ပေရဲ့ အဆုတ်တွေက ဒေါသကြောင့် ပေါက်ကွဲသွားတော့မလိုပဲ။
သူ့ရဲ့ သတ္တိတွေက ဘယ်နေရာကနေ ရောက်လာခဲ့တာလဲဆိုတာတောင်မသိတော့ဘူး။ သူက ကျန်းကျန်းကို တွန်းထုတ်လိုက်ပြီး ရင်ခေါင်းသံနဲ့ လှမ်းအော်လိုက်တော့တယ်။
“မင်း လွတ်နိုင်တုန်းမှာ မြန်မြန်ပြေးသွားလိုက်လေ.. ဒီလောက်ဖြစ်နေတာကို မင်းက စားနေတုန်းပဲ! အိမ်ကို မြန်မြန်ပြန်တော့! အစ်ကိုပြောတာကို နားထောင်.. နောက်ပြန် လှည့်မကြည့်နဲ့.. ပြန်တော့!”
ကျန်းကျန်းလည်း လျှပ်တပြတ်အတွင်း တွန်းချခံရတာကြောင့် ယိုင်နှဲ့သွားရပြီး လက်ထဲမှ အသီးအနှံတွေက မြေပြင်ပေါ်ကိုပြန့်ကျဲသွားရတယ်။
ဒါကိုမြင်တော့ ကျားက ချက်ချင်းပဲ ဟိန်းဟောက်လာခဲ့ကာ လီမင်ပေတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ရဲ့ဘောင်းဘီလည်း နောက်တစ်ကြိမ် ထပ်စိုလာရပြန်တယ်။
သူမက နှာခေါင်းကို လက်နဲ့ပိတ်ရင်း လီမင်ပေကို တုံ့ဆိုင်းစွာကြည့်ကာ ကျားဘက်ကိုလှည့်ပြီး အော်ဟစ်လိုက်တယ်။
“နင် ဘာဖြစ်နေတာလဲ.. ငါ့အစ်ကို ကြောက်နေတာ မတွေ့ဘူးလား.. ငါနဲ့ ဝေးဝေးမှာနေ”

လီမင်ပေတစ်ယောက် သူတို့မိသားစုရဲ့ အန်တီကို ဒူးထောက်လိုက်မိတော့မယ်။ ဒါက ကျားကြီးနော် ညီမလေး!
မင်းက ငါတို့မိသားစုရဲ့ လီမင်ကျုံး နဲ့ အတူတူပဲလို့ ထင်နေတာလား... မင်းပြောတဲ့ စကားကို နားထောင်မယ်ထင်လို့လား...
သို့ပေမယ့် လီမင်ပေရဲ့အံ့သြတကြီး အကြည့်အောက်မှာပဲ ကျားက အမြီးကိုလှုပ်ရမ်းရဲ့ ခေါင်းကိုပြန်လှည့်ကာ ခြေလှမ်းဆယ်လှမ်းလောက် ပြန်လျှောက်သွားခဲ့တယ်။
ထို့နောက် နေရောင်တောက်ပတဲ့နေရာကိုရွေးချယ်ကာ မြေပြင်ပေါ်တွင် ပျင်းရိစွာလှဲလျောင်းလိုက်ပြီး သူ့ရဲ့ခေါင်းထက်မှာ ပျံဝဲနေတဲ့ လိပ်ပြာလေးတစ်ကောင်ကိုတောင် သူ့ရဲ့ခြေသည်းတွေနဲ့ ကလေးဆန်စွာ လိုက်ထိနေသေးတယ်။
ကြည့်ရတာ တစ်ခုခုတော့ မှားယွင်းနေသလိုပဲနော်။
သာမာန်အားဖြင့် ကျားတွေက လူကိုမြင်ရင် ခုန်အုပ်ပြီး လည်ပင်းကို ကိုက်ခဲကြမှာ မဟုတ်ဘူးလား။
မင်းက ဘာလို့ မင်းရဲ့ခေါင်းကို လှည့်သွားပြီး လိပ်ပြာသွားဖမ်းနေရတာတုန်း?