← Chapters

Chapter 84

Vol. 9 Ch. 84

Chapter 84

Vol. 9 Ch. 84

ကျန်းကျန်းရဲ့ လက်ထဲမှ တောရိုင်းအသီးအနှံတွေက မြေပြင်ပေါ်ကို ပြန့်ကျဲသွားခဲ့ပြီး လက်ထဲမှာ အသီးလေးနှစ်လုံးသာ ကျန်ရှိနေတော့တယ်။

ဒါကြောင့် သူမက လီမင်ပေရဲ့ ပါးစပ်ထဲသို့ တောရိုင်းသစ်သီး တစ်လုံးကို ထည့်ပေးလိုက်ပြီး နောက်တစ်လုံးကို သူမဘာသာ စားလိုက်တယ်။

ထို့နောက် သူမရဲ့ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပြီး လက်ချောင်းတွေကို သန့်ရှင်းသွားအောင် ဂရုတစိုက်သုတ်လိုက်တယ်။

ကျားက အနည်းငယ်လောက် ဝေးကွာသွားပြီဖြစ်ကာ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိတော့တာကို မြင်လိုက်ရတာဖြင့် လီမင်ပေ နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချလိုက်တယ်။

သူက တောင့်တင်းစွာနှင့် နောက်ဘက်သို့ အနည်းငယ် ရွှေ့လိုက်တယ်။ ကျားက သူ့ရဲ့ ရွှေ့လျားမှုကို သတိထားပုံရပြီး ချက်ချင်းပဲ ခေါင်းကို လှည့်ကြည့်လာခဲ့တယ်။ လီမင်ပေက နောက်တစ်ကြိမ် တောင့်ခဲသွားရပြန်တယ်။

သူ့ရဲ့ တစ်ကိုယ်လုံးက ချွေးအေးတွေနှင့် စိုချွဲနေခဲ့ပြီး ကြောက်လန့်မှုကြောင့် သူ့ရဲ့ဘောင်းဘီမှာ ဆီးတွေနှင့် စွန်းထင်းနေခဲ့ပြီ။

သူ့ရဲ့ရှေ့မှာ ကျားတစ်ကောင် ရှိနေတာလေ။ လီမင်ပေ သူ့ရဲ့ဘ၀မှာ ဘယ်တုန်းကမှ ဒီလောက်ထိ မကြောက်လန့်ဖူးဘူး။

သူက သူ့ရဲ့ဘေးနားမှာရှိနေတဲ့ လက်တွေကို သုတ်နေဆဲဖြစ်တဲ့ ကျန်းကျန်းကို လှမ်းကြည့်လိုက်ကာ ညီမဖြစ်သူကို တကယ်နားမလည်နိုင်တော့ဘူး။ သူမရဲ့ နှလုံးသားက ဘာလို့ ဒီလောက်တောင်ကြီးမားနေရတာလဲ။

“ညီမလေး!”

လီမင်ပေရဲ့ အသံက အလွန်ကြောက်လန့်နေခဲ့မှုကြောင့် တုန်ယင်နေခဲ့တယ်။

“မင်း ကျားတွေကို မသိဘူးလား.. မင်းရဲ့ ရှေ့မှာ လဲလျောင်းနေတဲ့ အကောင်ကြီးကိုတွေ့လား.. အဲဒါက ကျားတော်! လူတွေကို စားနိုင်တယ်!”

“အဲဒါက ကျားလား .. ညီမလေးက ကြောင်ကြီးလို့ ထင်နေတာ”

ကျန်းကျန်း ပြုံးလိုက်တယ်။

“ညီမလေးက သူ့ကို အမြဲတမ်း ကြောင်တစ်ကောင်လို့ မှတ်ထားတာ”

လီမင်ပေတစ်ယောက် သူ့ရဲ့ ညီမဖနစ်သူကို ဒူးထောက်မိလုနီးပါးပဲ။

“ဖတ်စာအုပ်တွေထဲမှာ ကျားပုံမရှိဘူးလား.. မင်းရဲ့ကြောင်က အရမ်းကြီးနေတယ်လို့ မထင်ဘူးလား”

“ညီမလေးက ကျောင်းမတက်ရသေးဘူးလေ.. စတုတ္ထအစ်ကိုက ညီမလေးကို ကျောင်းစာအုပ်တောင် မပြဖူးဘဲနဲ့”

ကျန်းကျန်း ယုံကြည်ချက်ရှိစွာပြောလိုက်တယ်။

သူမကို 1960 ခုနှစ်တွေအတွင်းမှာ မွေးဖွားခဲ့ပြီး သူမရဲ့ မိသားစုက သူမကို တောင်အနက်ပိုင်းအထိ ဝေးဝေးမပြေးဖို့ ပြောခဲ့ကြပြီး ကျားတွေနဲ့ ဝက်ဝံတွေနဲ့ တွေ့ဆုံရလိမ့်မယ်လို့ ပြောခဲ့ကြတယ်။

ဒါပေမယ့် ကလေးတော်တော်များများက ကျားတွေနဲ့ ဝက်ဝံက ဘယ်လိုပုံစံလဲဆိုတာကို မသိခဲ့ကြဘူး။

လီမင်ပေတစ်ယောက် သူ့ရဲ့ မူလတန်းကျောင်းသုံးဖတ်စာအုပ်တွေကို ဘယ်မှာထားခဲ့မှန်း မသိခဲ့တော့တဲ့အတွက် နောင်တရသွားမိတယ်။

သူက လိပ်ပြာကို လက်နဲ့တို့ထိပြီး ဆော့ကစားနေတဲ့ ကျားကိုကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းကို အမြန်နှိမ့်လိုက်ပြီး ကျန်းကျန်းကို ပြောလိုက်တယ်။

“အစ်ကိုပြောတာကိုနားထောင်.. ဒါက ကျားပဲ.. နောက်ကျရင် ဒီလောက်ထိ တောနက်တဲ့အထိ တောင်ပေါ်ကို တက်မလာခဲ့နဲ့.. အခု ကျားက ဂရုမစိုက်တဲ့အချိန်မှာ မြန်မြန်လေး ခိုးပြီး ပြေးသွားလိုက်တော့.. အစ်ကို ဒီမှာကျန်ခဲ့ပြီး ကျားရဲ့ အာရုံကို ဆွဲဆောင်ဖို့ နေခဲ့မယ်”

ခေတ္တလောက် ရပ်တန့်ပြီးနောက် လီမင်ပေရဲ့အသံက ငိုသံတွေပေါက်လာခဲ့တယ်။

“အိမ်ကိုပြန်ရောက်ရင် အဖွားနဲ့ ငါတို့ရဲ့မိဘတွေကို ငါက ဝတ္တရားမကျေပွန်နိုင်တော့ဘူးဆိုတာကို ပြောပြလိုက်နော်.. နောက်ပြီး ငါ့အကြောင်းကိုလည်း မတွေးကြနဲ့တော့လို့..

နောက်ပြီး ငါ့ရဲ့ နွေရာသီအိမ်စာတွေက ဂိုထောင်ထဲက ခြင်းကျိုးလေးအောက်မှာ ဖွတ်ထားတာ.. မင်း အိမ်ကိုပြန်ရောက်ရင် ငါ့အတွက် အဲဒါတွေကို လွှင့်ပစ်ပေးနော်..

ဒါတွေက ကြည့်လို့ကောင်းမဲ့အရာတွေမဟုတ်ဘူး”

ထိတ်လန့်တကြားနဲ့ ငိုတော့မလိုဖြစ်နေတဲ့ လီမင်ပေကို မြင်တော့ ကျန်းကျန်း သူ့ကိုစနောက်နေတာကို ရပ်လိုက်ပြီး လက်ကိုင်ပုဝါကို အမြန်ထုတ်ကာ သူ့ရဲ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ရင်း အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

“ဟုတ်ပြီ ဟုတ်ပြီ.. ထပ်ပြီးရှူးရှူး မပေါက်ချနဲ့တော့ ညီမလေး ဒီကျားနဲ့ ခင်တယ်.. သူက အစ်ကို့ကို ကိုက်စားမှာမဟုတ်ဘူး”

လီမင်ပေက တံတွေးကို မျိုချလိုက်ပြီး :

“မဟုတ်ဘူး.. နင်နားမလည်ဘူးလား.. အဲဒါက ကျားကြီး...”

ကျန်းကျန်း အရှေ့ကိုခြေနှစ်လှမ်းတိုးပြီး ခပ်ဆတ်ဆတ်ခေါ်လိုက်တယ်။

“တာ့ဟွမ် ဒီကိုလာခဲ့”

ကျန်းကျန်းရဲ့ အသံကို ကြားတော့ ကျားက ချက်ချင်းပဲ ထခုန်လာခဲ့တယ်။

လီမင်ပေကတော့ ကြောက်လန့်တကြားနှင့် ခေါင်းလှည့်ပြီး သစ်ပင်ကို ပွေ့ဖက်ထားခဲ့ပြီ။

ကျားက သူ့ရဲ့အမြီးလှုပ်ရမ်းရင်း ကျန်းကျန်းရဲ့ နံဘေးကို လျှောက်သွားကာ ပျင်းရိစွာနှင့် မြေပြင်ပေါ်ကို လှဲချလိုက်ပြန်တယ်။ သူ့ရဲ့ ခေါင်းကြီးကတော့ ကျန်းကျန်းရဲ့ လက်မောင်းကို ထိရင်း ပွတ်သပ်လာခဲ့တယ်။

ကျန်းကျန်း ပြုံးလိုက်ပြီး သူ့ရဲ့ခေါင်းကိုကုတ်ခြစ်ပေးလိုက်ကာ သူမရဲ့ ခြေထောက်ကို မြှောက်ပြီး ကျားရဲ့ကျောပေါ်မှာ ထိုင်လိုက်တယ်။

“တာ့ဟွမ်.. ပြေးရအောင်”

ကျားက ဒီစကားကိုကြားတော့ အနီးအနားကို နှစ်ကြိမ်လောက်လှည့်ပတ်ပြေးလိုက်ပြီး တောရိုင်းအသီးအနှံတွေကို တွေ့တော့ ကျန်းကျန်း ခူးနိုင်စေဖို့ စောင့်ဆိုင်းပေးခဲ့တယ်။

ဒီအချိန်မှာ လီမင်ပေကတော့ သစ်ပင်ပေါ်မှာ ခြေထောက်တစ်ဖက်ကို မ,တင်ထားခဲ့ပြီး အပင်ပေါ်သို့ တက်တော့မဲ့ပုံစံအတိုင်း ရှိနေခဲ့ကာ သူ့ရဲ့ မျက်လုံးတွေကတော့ ကျွတ်ထွက်လုနီးပါး ဖြစ်နေခဲ့တယ်။

သူ့ရဲ့ အိမ်မှာရှိတဲ့ လီမင်ကျုံးနှင့် ကြက်သားနှပ်တို့ကို လေ့ကျင့်နိုင်ခဲ့တယ်။ ဒါပေမယ့် သူမက တောင်ပေါ်မှာ ကျားတစ်ကောင်နှင့်တွေ့ခဲ့ချိန်မှာ သူမရဲ့မိသားစုဝင်အဖြစ် ဘယ်လိုများပြုစုပျိုးထောင်နိုင်ခဲ့တာလဲ။

အခု ကျားကြီးက ခွေးအကြီးကြီးတစ်ကောင်လိုဖြစ်နေခဲ့ပြီး သူ့ရဲ့နာမည်ကတောင် တာ့ဟွမ်လို့ ခေါ်သေးတယ်။

ဒီနာမည်က လီမင်ကျုံးထက်တောင် ခွေးနာမည်နဲ့ပိုတူနေသေးတယ်နော်!

လီမင်ပေ သစ်ပင်ပေါ်မှ ပြန်လျှောဆင်းလာခဲ့ပြီး မြေပြင်ပေါ်မှာ ပြင်းပြင်းထန်ထန် မောဟိုက်စွာ အသက်ရှူနေခဲ့တယ်။

သူ့ရဲ့ဘောင်းဘီတွေက ညစ်ပတ်နေခဲ့ပြီး ရွှံ့အလိမ်းလိမ်းဖြစ်နေခဲ့တာကို ကြည့်ရင်း လီမင်ပေတစ်ယောက် နောက်ဆုံးတော့ ကျားက သူ့ကို မစားတဲ့အကြောင်း သတိပြုမိသွားခဲ့တယ်။

ဒါပေမယ့် ဒီလိုဘောင်းဘီကို ဝတ်ထားရင်း အိမ်ပြန်ကိုပြန်မယ်ဆိုရင်တော့ သူ့ရဲ့ အတန်းဖော်တွေနဲ့ အိမ်နီးနားချင်းတွေ မြင်သွားခဲ့ရင်... ကျားဆီကနေ အစားခံလိုက်ရတာကမှ ပိုကောင်းမဲ့ပုံပဲ!

ကျန်းကျန်း ကျားကိုစီးရင်း ပြန်ပြေးလာခဲ့တယ်။ တာ့ဟွမ်က လီမင်ပေရဲ့ အနားမှာ ရပ်တန့်လိုက်ပြီး လီမင်ပေတစ်ယောက် ကြောက်လန့်စွာနှင့် ခြေလှမ်းနှစ်လှမ်းစာလောက် နောက်ပြန် ဆုတ်လိုက်မိတယ်။

“ညီမလေး.. မင်းရဲ့ကျားကို ငါ့နဲ့ဝေးဝေးမှာ ထားပေးနိုင်မလား .. ငါ ကြောက်လို့..”

ကျန်းကျန်း တာ့ဟွမ်ရဲ့ ခေါင်းကို ပုတ်ပေးလိုက်တော့ တာ့ဟွမ်က တကယ်ကို နာခံစွာ ခြေလှမ်းနှစ်လှမ်း စာ ပြန်ဆုတ်သွားခဲ့တယ်။

လီမင်ပေကတော့ ကျန်းကျန်းကို လုံးဝ လေးစားနေခဲ့ပြီ။

သူ့ညီမက စိတ်ကြီးဝင်လွန်းတယ်။ ကျားတစ်ကောင်ကို ခွေးလိုမျိုး မွေးမြူထားတဲ့ ဒီလိုမျိုး ရူးသွပ်ပြီး သတ္တိရှိတဲ့လူကို သူ တစ်ခါမှ မမြင်ဖူးဘူး။

ကျန်းကျန်း ကျားရဲ့ကျောပေါ်ကနေ ခုန်ဆင်းပြီး လီမင်ပေရဲ့ ရှက်ရွံ့နေတဲ့အကြည့်ကို ကြည့်ရင်း လှမ်းမေးလအုက်တယ်။

“အစ်ကို.. တောင်ပေါ်ကဆင်းတဲ့အချိန်ကျရင် အစ်ကို့ရဲ့ ဘောင်းဘီကို ဘယ်လိုလုပ်မှာလဲ”

ကျားက သူ့ကို တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာကို သိလိုက်ရတော့ လီမင်ပေ စိတ်အေးလက်အေးဖြစ်သွားရပြီ။

သူက မြေကြီးပေါ်မှာ တင်ပြင်ခွေထိုင်ချလိုက်ပြီး စိုးရိမ်စွာနဲ့ပြောလိုက်တယ်

“မှောင်တဲ့အထိ ဆက်နေရအောင်.. ဒီလိုပုံစံကို တခြားသူတွေကို မမြင်စေချင်ဘူး”

ကျန်းကျန်း ရယ်မောလိုက်မိတယ်။

“ဒါဆို မင်းဒီတစ်နေ့လည်ခင်းလုံး ဘာလုပ်နေမှာလဲ.. ဒီဘောင်းဘီကိုဆက်ဝတ်ထားတာ အဆင်မပြေမဖြစ်ဘူးလား”

“အဆင်မပြေဖြစ်နေတာက ရှက်ရတာထက် ပိုကောင်းပါတယ်”

လီမင်ပေက မြေပြင်ပေါ်မှာထိုင်နေပြီး မထနိုင်တော့ဘူး။

ကျန်းကျန်းက ဝအောင် ရယ်မောပြီးနောက် သူမရဲ့ ဗိုက်ကို လက်နဲ့ ဖိကာ တာ့ဟွမ်ကို ပြန်ခေါ်လိုက်ပြီး ကျားရဲ့နောက်ကျောပေါ်ကို ခုန်တက်လိုက်တယ်။

ထို့နောက် လီမင်ပေကို ထပ်မှာလိုက်ပြန်တယ်။

“စတုတ္ထအစ်ကို ဒီမှာပဲ စောင့်နေနော်.. ဘောင်းဘီ ဘယ်မှာရှိလောက်လဲ ညီမလေးသိတယ်”

ထို့နောက်မှာ ကျားတစ်ကောင်ပေါ်မှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်က ကျားကိုစီးနင်းရင်းနဲ့ တောထဲကို ဝင်ရောက် ပျောက်ကွယ်သွားတော့တယ်။

ကျန်းကျန်းအနေနဲ့ ဒီတောအုပ်ထဲမှ အရာအားလုံးကို သူမရဲ့ လက်ဖမိုးနှင့်လက်ဖဝါးလိုမျိုး သိကျွမ်းတယ်။

ဟိုးအရင်တုန်းက ဓားပြတွေ အများအပြား ထွက်ပြေးလာတဲ့အချိန်မှာ သူတို့တွေ တစ်နေ့နေ့မှာ ပြန်လာနိုင်ဖို့ရန်အတွက် မျှော်လင့်ချက်နဲ့ ဒီတောင်ပေါ်မှာ မြှုပ်နှံထားခဲ့ကြတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျန်းကျန်း မြေကြီးထဲမှ သေတ္တာအများအပြားကို တွေ့ရှိခဲ့ပြီး သေတ္တာတွေထဲမှ တစ်ခုမှာတော့ ဒါကို မှားယွင်းစွာ မြှုပ်နှံထားခဲ့မိတာလား ဒါမှမမဟုတ် အသက်ရှင်နေထိုင်ခဲ့ကြတဲ့ ဓားပြတွေက တမင် မြှုပ်နှံထားခဲ့တာလားဆိုတာ မသေချာပေမဲ့ အဝတ်အစားတွေနှင့် ပြည့်နှက်နေခဲ့တယ်။

သူတို့တွေ ထိုသေတ္တာရှိတဲ့ နေရာကိုရောက်တော့ ကျန်းကျန်းက သေတ္တာကိုဖွင့်ပြီး ဘောင်းဘီရှည်တစ်ထည်ကိုရှာဖွေထုတ်ယူကာ သူမရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားရင်း တာ့ဟွမ်ကို အရင်နေရာဆီသို့ ပြန်သွားခိုင်းလိုက်တယ်။

သူမက လက်ထဲမှ ဘောင်းဘီရှည်ကို လီမင်ပေဆီသို့ ပစ်ပေးလိုက်ပြီး အစ်ကိုဖြစ်သူကို လှမ်းအော်ပြောလိုက်တယ်။

“မြန်မြန် ဝတ်လိုက်”

လီမင်ပေက မြေပြင်ပေါ်မှ ခုန်ထလာခဲ့ပြီး ထိုဘောင်းဘီကို ခါရမ်းရင်းဝမ်းသာအားရပြောလာတယ်။

“အိုး.. ဒီလောက်ထိကောင်းတဲ့ ဘောင်းဘီကို ဘယ်ကနေ ရှာတွေ့လာတာလဲ.. ဘောင်းဘီမှာ ဖာထေးရာတောင် မရှိဘူး”

“ညီမလေး တောင်ပေါ်ကနေ ကောက်လာတာ.. လဲဝတ်ဖို့ နေရာ မြန်မြန်ရှာပြီး ဝတ်လိုက်တော့’

လီမင်ပေက ထိုဘောင်းဘီကို ပွေ့ဖက်လိုက်ပြီး အကွယ်နေရာတစ်ခုကို ရှာလိုက်တယ်။ ထို့နောက် သူ့ဘောင်းဘီကို ချွတ်ကာ သန့်ရှင်းတဲ့ဘောင်းဘီကို ပြန်ဝတ်လိုက်လေတယ်။

ဘောင်းဘီက သေချာပေါက် ပိုပြီးကြီးနေခဲ့တယ်။

လီမင်ပေ ထိုဘောင်းဘီကိုဝတ်လိုက်တော့ ဘောင်းဘီက သူ့ရဲ့ကိုယ်ထက်ကြီးမားပြီး ရှည်နေခဲ့တယ်။

လီမင်ပေ ဘောင်းဘီရှည်ကို ကိုင်ထားရင်း ဘေးပတ်ပတ်လည်ကို လှမ်းကြည့်ကာ အမဲလိုက်ဓားကိုယူပြီး မြက်ပင်အချို့ကိုခုတ်လိုက်ကာ မိနစ်အနည်းငယ်အတွင်း ကောက်ရိုးကြိုးတစ်ပင် ယက်လိုက်လေတယ်။

ထို့နောက် ထိုကြိုးနဲ့ ဘောင်းဘီရှည်ရဲ့ခါးကို ချည်နှောင်လိုက်ပြီး အမဲလိုက်ဓားကိုလည်း ခါးတွင်ချိတ်ဆွဲလိုက်တယ်။

ထို့နောက် လီမင်ပေကနောက်ထပ် ကောက်ရိုးကြိုးအတိုနှစ်ခုလုပ်ကာ ပိုးမွှားတွေဝင်ရောက်လာခြင်းမှ ကာကွယ်ရန်အတွက် ဘောင်းဘီခြေထောက်နားကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်ပြန်တယ်။

ညစ်ပတ်နေတဲ့ ဘောင်းဘီရှည်ကိုလည်း လွှင့်မပစ်နိုင်သေးဘူး။

ဒါပေမယ့် လက်ထဲမှာ ကိုင်ထားရင်လည်း လက်ကို ညစ်ပတ်သွားစေလိမ့်မယ်။

လီမင်ပေ နောက်ထပ် ပိုက်ကွက် အကြမ်းတစ်ခု အလျှင်အမြန်ယက်လုပ်ကာ ညစ်ပတ်နေတဲ့ ဘောင်းဘီရှည်ကို ထည့်လိုက်တယ်။

အရာအားလုံးပြီးမှ သူ သစ်ပင်နောက်ဘက် မြက်ခင်းပြင်မှ ပြန်ထွက်လာခဲ့တယ်။

All Chapters