← Chapters

Chapter 85

Vol. 9 Ch. 85

Chapter 85

Vol. 9 Ch. 85

ကျန်းကျန်းက ကျားပေါ်မှာ သက်တောင့်သက်သာဖြစ်စွာ ထိုင်နေဆဲဖြစ်ပြီး လီမင်ပေကတော့ ကျားကိုက်ခံရမှာကို စိတ်မပူတော့ပေမဲ့လည်း ရှေ့သို့မတိုးရဲသေးဘူး။

“ကျန်းကျန်း .. မင်း ဘာလို့ အောက်ကိုဆင်းလာပြီး စကားမပြောတာလဲ”

ကျန်းကျန်း သူ့ကိုကြည့်ရင်း ပြောလိုက်တယ်။

“စတုတ္ထအစ်ကို.. အစ်ကို တက်လာချင်လား ..ညီမလေး တာ့ဟွမ်ကို အစ်ကိုပါစီးလို့ရအောင်ပြောလိုက်မယ်လေ”

လီမင်ပေ ထိုစကားကိုကြားတော့ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပေမဲ့ ထိုအခိုက်မှာ တာ့ဟွမ်က သမ်းဝေလာခဲ့တယ်။

လီမင်ပေက သူ့ရဲ့ပါးစပ်ထဲမှာရှိတဲ့ အစွယ်တွေကို ကြည့်ပြီး တိတ်တဆိတ် အနောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်သွားကာ ခေါင်းကို အပြင်းအထန်ခါယမ်းလာတယ်။

“ငါ သေရမှာကြောက်တယ်။”

ကျန်းကျန်း ကူကယ်ရာမဲ့စွာနဲ့ သူမရဲ့လက်ကို လီမင်ပေဆီသို့ ဆန့်ထုတ်လိုက်ျယ်။

“စိတ်မပူပါနဲ့.. ညီမလေးဒီမှာ ရှိတယ်လေ.. သူ မကိုက်ရဲဘူး”

“ငါ့ရဲ့ချစ်ညီမလေး.. မင်း ဘာလို့ ဒီလောက်တောင် ရဲရင့်ပြီး သတ္တိရှိနေရတာလဲ.. အဲဒါက သူ့ရဲ့ မျက်နှာလှည့်ပြီး လူတွေကို မမှတ်မိတော့ရင် ဘယ်လိုလုပ်မလဲ”

ဒီကျားက ကျန်းကျန်းရဲ့ ရှေ့မှာ ဘာလို့ ဒီလောက် လိမ္မာရေးခြားရှိနေတာလဲဆိုတာ သူမသိပေမယ့် အဆုံးမှာ ဒါက သားရဲကြီးပဲလေ။ ရုတ်တရတ် ဒေါသကြူးလာရင် သူတို့တွေ ဘာလုပ်နိုင်မှာလဲ။

“မလုပ်ပါဘူး”

ကျန်းကျန်း ဆင်ခြေပေးလိုက်တယ်။

“တာ့ဟွမ်က အရမ်းလူသားဆန်တယ်.. မနှစ်တုန်းက ညီမလေး သူ့ကိုကယ်တင်ပေးထားလို့ ညီမလေးကို အန္တရာယ်မပေးဘူး”

“တကယ်လား”

လီမင်ပေရဲ့ ကျားကို ပူလောင်တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ဒီကျားပေါ်ကို အမှန်တကယ် စီးချင်သွားခဲ့တယ်။ ဒါက ရေဒီယိုမှာ လာတဲ့ ဝူစုန့် ဇာတ်လမ်းတွဲထဲကလိုပဲ မဟုတ်ဘူးလား။

လီမင်ပေ အရှေ့ကို သတိအနေအထားနဲ့ တိုးသွားလိုက်ပြီး ကျား မတုံ့ပြန်တာကိုကိုမြင်တော့

ရှေ့သို့တစ်လှမ်းချင်း တိုးသွားခဲ့ကာ လက်ကို သတိတကြီးဆန့်ထုတ်ရင်း တာ့ဟွမ်ရဲ့ နောက်ကျောကို ထိလိုက်တယ်။

ကျန်းကျန်းက တာ့ဟွမ်ရဲ့ ခေါင်းကို ပုတ်ပေးလိုက်တော့ တာာ့ဟွမ်က နာခံမှုရှိစွာနဲ့မြေပြင်မှာ လှဲလျောင်းပေးလာခဲ့တယ်။

လီမင်ပေတစ်ယောက် တံတွေးမြိုချလိုက်မိပြီး သူ့ရဲ့ညီမက ကျားပေါ်မှာ ထိုင်နေတာကို ပြန်ကြည့်ရင်း နဲ့ သတ္တိမွေးလိုက်တယ်။

လီမင်ပေ တက်ထိုင်ပြီးတာနဲ့ တာ့ဟွမ်က မြေပြင်မှ ရုတ်တရက် ထရပ်လာတာကြောင့် လီမင်ပေ အထိတ်တလန့်ဖြစ်စွာ ကျန်းကျန်းရဲ့ခါးကို လက်နဲ့ ပွေ့ဖက်လိုက်တယ်။

တာ့ဟွမ်က သူ့ခန္ဓာကိုယ်ပေါ်မှာ လူနှစ်ယောက်တောင်သယ်ထားရတာကြောင့် အနည်းငယ်လေးလံနေပုံရတယ်။ သူက အရင်တုန်းကလို ပျံသန်းလုမတတ် ခုန်ပေါက်မသွားတော့ဘဲ တောက်ပတဲ့နေရောင်အောက်မှ တောအုပ်ထဲမှာ ဖြည်းညှင်းစွာနှင့် တစ်လှမ်းချင်း လျှောက်သွားနေခဲ့တယ်။

လီမင်ပေတစ်ယောက် ကျားရဲ့နောက်ကျောဘက်မှာ ထိုင်နေရင်း သူ့ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုတွေကြောင့် နီမြန်းနေခဲ့ကာ ရင်ဘတ်ကတော့ ဂုဏ်ယူဝံ့ကြွားလိုစွာနှင့် အရှေ့ကို ကော့တက်နေခဲ့တယ်။ သူ့ရဲ့ ပါးစပ်ကလည်း နားရွက်ကို ချိတ်လုမတတ် ပြုံးနေခဲ့လေရဲ့

“ငါ အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်.. ဟုတ်တယ်မလား .. ငါ တကယ်ကြီး ကျားကိုစီးနေနိုင်တာလား”

ကျန်းကျန်းက သူ့ကိုပြန်ကြည့်ပြီး ပြုံးလိုက်တယ်။

“ဒါက အိပ်မက်မဟုတ်ဘူး.. ဒါပေမယ့် စတုတ္ထအစ်ကို အိမ်ကိုပြန်ရောက်ရင် ဒါတွေကို ပြန်ပြောပြခွင့်မရှိဘူးနော်.. ညီမလေးတို့တွေ တောင်ပေါ်မှာ ကျားစီးနေတယ်ဆိုတာကို အဖွားသိသွားရင် အဖွားက ဆေးတံနဲ့ အသေရိုက်လာလိမ့်မယ်!”

လေပြင်းတစ်ခုတိုက်ခတ်သွားသလိုမျိုး လီမင်ပေ ရုတ်တရက်နိုးထလာရကာ ဒီနေ့ ကျန်းကျန်းပြုလုပ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို ပြန်လည်သတိလာရတယ်။

လီမင်ပေအနေနဲ့ ဒီကိစ္စတွေကိုသာ သူတို့ရဲ့ အဖွားသိသွားမယ်ဆိုရင် ကျန်းကျန်းအတွက်ကတော့ သူမ စကားအနည်းငယ်လောက်ပြောရုံနဲ့ လွတ်သွားလောက်မှာဖြစ်ပြီး တကယ်တမ်း အဖွားဆီမှာအရိုက်ခံရမဲ့သူက သူကိုယ်တိုင်ပဲဆိုတာ သေချာပေါက်သိတယ်။

နောက်ပြီး သူတို့ရဲ့အဖွားတစ်ယောက်တည်း လက်နဲ့ရိုက်ရုံတင်မကလောက်သေးဘူး။ သူ့မိဘတွေကပါ ခြေထောက်တွေနဲ့ ဝိုင်းကန်လာလိမ့်မယ်။

ပါးစပ်ပေါက်ကြီးရခြင်းရဲ့ အကျိုးဆက်ကိုတွေးမိတော့ လီမင်ပေက ချက်ချင်းဆိုသလို သူ့ရဲ့ရင်ဘတ်ကို ပွတ်သပ်ပြီး ကတိပေးလိုက်တယ်။

“စိတ်မပူပါနဲ့ .. ငါမင်းအကြောင်းကို ဘာမှမပြောပါဘူး”

ထို့နောက် သူ့ရဲ့ခါးမှထိုးထားတဲ့ အမဲလိုက်ဓားကိုလည်း ပြန်ဖြုတ်ပြီး ကျန်းကျန်းဆီကို ပေးလိုက်တယ်။

“မင်းရဲ့ဓားကိုလည်း မင်းဆီ ပြန်ပေးလိုက်ပြီ.. ဒါပေမယ့် မင်းလည်း ငါ ဘောင်းဘီထဲမှာ ဆီးသွားတဲ့အကြောင်းကိုပြောခွင့်မရှိဘူးနော်”

သူတို့ မောင်နှမနှစ်ယောက်က လက်ချင်းချိတ်ဆက်ပြီး ကတိစကားပြုလိုက်ကြတယ်။

ကျန်းကျန်းက အမဲလိုက်ဓားကို မြက်ခင်းပြင်ပေါ်သို့ ပစ်ချလို့ပြီး တာ့ဟွမ်ကို တောင်အောက်ဘက်သို့ ပြန်ဆင်းဖို့ ပြောလိုက်တယ်။

လီမင်ပေက ဒါကိုမြင်တော့ စိတ်ဆင်းရဲစွာ ပြောလာတယ်။

“ဒီလောက်ကောင်းတဲ့ဓားကို မြက်ခင်းထဲမှာ ဒီအတိုင်း ပစ်ချလိုက်တာလား.. ပျောက်သွားရင် ဘယ်လိုလုပ်မလဲ”

“ဒါကို ပျောက်မှာမဟုတ်ဘူး.. ဒီနေရာကို ပုံမှန်ဆိုရင် ဘယ်သူမှမလာဘူးလေ.. နောက်ပြီး တာ့ဟွမ်ကလည်း စောင့်ကြည့်ပေးထားလိမ့်မယ်”

ကျန်းကျန်းက လျစ်လျူရှုစွာ ပြောလိုက်ပေမဲ့ လီမင်ပေ မမြင်နိုင်တဲ့အချိန်မှာပဲ ဓားက မြေပြင်ထဲကို ချက်ချင်းပဲ နစ်မြုပ်သွားခဲ့တယ် ။

ကျန်းကျန်းအနေနဲ့ သူမရဲ့မြေကြီးကို ထိန်းချုပ်နိုင်စွမ်းက အာကာသနေရာလွတ်စွမ်းအားလိုမျိုး ကောင်းမွန်တယ်လို့ ခံစားရတယ်။

သူမက ဘယ်အရာကိုမဆို မြေကြီးထဲမှာ နစ်မြှပ်ထားနိုင်ပြီး အားလပ်တဲ့အချိန်မျိုးတွေမှာ တောင်ပေါ်သို့တက်ပြီး ရတနာတွေကို တူးဆွနိုင်တယ်။ ဒီခံစားချက်က တကယ့်ကို လှပလွန်းတာပဲ။

သူတို့နှစ်ယောက် ကျားကိုစီးနင်းရင်း နာရီဝက်လောက်ကြာအောင် တောင်ပေါ်မှ ဆင်းလာခဲ့ကြပြီနောက် တစ်စုံတစ်ယောက် ရှိနေတာကို သတိပြုမိတဲ့အတွက် ကျန်းကျန်း တာ့ဟွမ်ကို အသာပုတ်ပြီး ရပ်ခိုင်းလိုက်တယ်။

ထို့နောက် ကျားပေါ်မှ ဆင်းဖို့အတွက် အချင်းချင်း ကူညီခဲ့ကြလေတယ်။

“ကျေးဇူးတင်ပါတယ် တာ့ဟွမ်”

ကျန်းကျန်းက တာ့ဟွမ်ရဲ့ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပြီး ပြောခဲ့တယ်။

“နောက်တစ်ခေါက်ကျမှ နင်နဲ့ ဆက်ပြီးကစားတော့မယ်.. အခု မြန်မြန်ပြန်လိုက်တော့”

တာ့ဟွမ်က ကျန်းကျန်းဆီကို အသံတိုးတိုးနဲ့ လှမ်းအော်လာပြီး ကျန်းကျန်းရဲ့ လက်မောင်းကို သူ့ရဲ့ခေါင်းနဲ့ တိုးဝှေ့လာခဲ့တယ်။

ကျန်းကျန်းရဲ့ လက်မောင်းက အနောက်ကို ဆုတ်သွားရတယ်။ ဘယ်လိုပဲ ကြည့်ပါစေ အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လိုပဲ။

ကျန်းကျန်း ပြုံးလိုက်ပြီး တာ့ဟွမ်ရဲ့ခေါင်းကို တစ်ဖက်သို့ တွန်းထုတ်လိုက်တယ်။ သို့ပေမယ့် တာ့ဟွမ်က ချက်ချင်းမထွက်သွားသေးဘဲ ဘေးနားတစ်ဝိုက်မှ ခြုံပုတ်တွေဘက်ကို ခုန်အုပ်လိုက်လေတယ်။

ကျန်းကျန်း သူ့ရဲ့ ခေါင်းကို မော့ကြည့်လိုက်တော့ ရစ်ငှက်ပေါင်း တစ်ဒါဇင်လောက်က ရုတ်တရက် နေရာအနှံ့အပြားက ထွက်လာကြပြီး ပျံဝဲ ပြေးလွှားလာတာကို တွေ့လိုက်ရတယ် ။

မကြာခင်မှာပဲ တာ့ဟွမ်က ပြန်ထွက်လာကာ ကျန်းကျန်းရဲ့လက်ကို ပွတ်သပ်လိုက်ပြီး သူ့ရဲ့ ခေါင်းကို ပြန်လှည့်ကာ တောင်ဘက်သို့ ပြန်ပြေးသွားခဲ့တယ်။

လီမင်ပေတစ်ယောက် တာ့ဟွမ်ဆီမှ အကိုက်ခံလိုက်ရပြီး မြေပြင်ပေါ်မှာ ပြုတ်ကျနေတဲ့ ရစ်ငှက်ကိုကြည့်ကာသူ့ရဲ့နောက်ကျောက နောက်တစ်ကြိအေးစိမ့်သွားခဲ့ရတယ်။ သူက တုန်ယင်နေတဲ့ ခြေထောက်တတွေကို ထိန်းချုပ်ရင်း ပြောလိုက်တယ်။

“ညီမလေး တောင်အောက်ကို မြန်မြန်ဆင်းလိုက်ရအောင်”

ရစ်ငှက်က အနည်းဆုံး မိနစ် သုံး၊လေးကီလိုဂရမ် အလေးချိန်လောက်ရှိပေမဲ့ တာ့ဟွမ်က အချိန်အနည်းငယ်အတွင်းမှာ အပြတ်ရှင်းက နောက်တစ်ကောင်ဆီကို ပြေးလွှားခုန်အုပ်ခဲ့တယ်လေ။

တာ့ဟွမ်မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတာကို မြင်မှ ကျန်းကျန်း အစ်ကိုဖြစ်သူဘက်ကို ခေါင်းလှည့်ကာ သူ့ဘေးနားမှ မြက်တောကို ညွှန်ပြလိုက်တယ်။

“စတုတ္ထအစ်ကို.. ဟိုဘက်မှာ ရစ်ငှက်တစ်ကောင် ခြေထောက်ကို ကောက်ရိုးနဲ့ ညှိနေတယ်”

လီမင်ပေ ပြန်လှည့်ကြည့်လိုက်တော့ သေချာတာပေါ့။ ရစ်ငှက်တစ်ကောင်ဟာ ပေါင်းပင်တွေကြားမှာ ရုန်းကန်လျှက်ရှိနေခဲ့တာကို တွေ့လိုက်ရတာကြောင့် လီမင်ပေ မြက်ခင်းပြင်ဆီကို ပြေးသွားခဲ့ကာ သွားပြီး ဆွဲခေါ်လာခဲ့တယ်။

ထို့နောက် ရစ်ငှက်ကို လက်ထဲမှာ ကိုင်ပြီး ဝမ်းသာအားရ ကျန်းကျန်းဆီကို အပြေးပြန်လာခဲ့တယ်။

“တော်တော်ကြီးတယ်.. အိမ်ကိုပြန်ယူပြီး မင်းအတွက် ချက်ခိုင်းလိုက်မယ်”

“ဒီအသားက အဖွားကိုက်ဖို့အတွက် ရင့်လွန်းတယ်”

ကျန်းကျန်း နှာခေါင်း ရှုံ့လိုက်ပြီး ဆက်ပြောလိုက်တယ်။

“မှိုနည်းနည်းလောက် နှုတ်သွားရအောင်.. ဒါကို မှိုနဲ့ရောပြီး စွပ်ပြုတ်ချက်လိုက်ရင် အဖွားလည်း သောက်လို့ရတယ်.. ပြီးတော့ ကျန်တာကို အသားဘန်းမုန့်လုပ်ကြမယ်.. ညီမလေး အသားဘန်းမုန့်ကြိုက်တယ်”

“ကောင်းပြီ.. မင်းစားချင်သလို ချက်ခိုင်းကြမယ်”

လီမင်ပေက အခုချိန်မှာ သူ့ရဲ့ညီမကို တော်လေးလေး လေးစားနေပြီ။ သူညီမက ရစ်ငှက်စွပ်ပြုပ် နှင့် ရစ်ငှက်သားဘန်းမုန့်စားချင်တယ်ဆိုမှတော့ သူကလည်း ငြင်းစရာမရှိဘူး။

လီမင်ပေ စကားပြီးနောက် ကျန်းကျန်းက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတာကြောင့် နားမလည်နိုင်စွာနှင့်ခေါင်းကုတ်လိုက်တယ်။

ခဏလောက်ကြာမှသာ သဘောပေါက်သွားပြီး ပြန်ပြောလာခဲ့တယ်။

“ဒါဆို ငါ မှိုသွားရှာလိုက်ရတော့မလား”

“စတုတ္ထအစ်ကို .. မှိုကို ဘယ်မှာထည့်မလို့လဲ”

ကျန်းကျန်း သူ့ကို ပြောစရာစကားမရှိပုံနဲ့ စိုက်ကြည့်လိုက်တယ်။

“ညီမလေးတို့ ခြင်းတောင်း မယူလာဘူးလေ.. အစ်ကိုရဲ့ အင်္ကျီကို ချွတ်ပြီး ချည်ထားလိုက်.. မှိုထည့်ဖို့အတွက် အစ်ကို့ရဲ့ အင်္ကျီကို သုံးကြမယ်”

“...”

လီမင်ပေ သူ့ရဲ့ အင်္ကျီကို ချွတ်ပြီး အထုံးဖြစ်အောင် ချည်လိုက်တယ်။

“ကောင်းပြီ မင်းသဘောအတိုင်းပဲပေါ့”

သူတို့တွေ အိမ်ကို ပြန်ရောက်တော့ မဒမ်လီက ကျန်းကျန်းရဲ့လက်ထဲမှာ ရစ်ငှက်တစ်ကောင်ကို ကိုင်လာတာကို မြင်ပေမယ့် အပေါ်ပိုင်းဗလာဖြစ်နေတဲ့ လီမင်ပေကိုသာ နှစ်ကြိမ်လောက်ပတ်ကြည့်နေခဲ့တယ်။

လီမင်ပေက မှိုတွေထည့်ထားတဲ့ သူ့ရဲ့အင်္ကျီကို ဘယ်ဘက်လက်မှာကိုင်ထားပြီး ညာဘက်လက်မှာတော့ ညစ်ပတ်နေတဲ့ ဘောင်းဘီကို ကိုင်ထားခဲ့တယ်။

မဒမ်လီရဲ့ စူးရှတဲ့ အကြည့်တွေအောက်တွင် သူ တုန်ယင်လာရပြီး အသံတိုးတိုးနဲ့ ပြောလိုက်မိတယ်။

“ အဖွား.. အဖွားရဲ့မျက်လုံးတွေက နည်းနည်းကြောက်စရာကောင်းနေတယ်နော်”

မဒမ်လီက ဆေးတံကိုတစ်ချက်ဖွာလိုက်ပြီး လီမင်ပေကို အဓိပ္ပါယ်ပြည့်ဝတဲ့ မျက်လုံးတွေနှင့် စိုက်ကြည့်နေခဲ့တယ်။

“မင်း ဘာလို့ ဘောင်းဘီကို ပြောင်းလိုက်တာလဲ”

လီမင်ပေ မျက်မှောင်ကြုတ်လိုက်ပြီး အလျှင်အမြန်ပဲ အပြုံးတစ်ခုနဲ့ ပြောလာတယ်။

“ကျွန်တော် တောင်ပေါ်ခြေချော်ပြီး ဗွက်အိုင်ထဲကို လဲကျသွားခဲ့တယ်.. ကံကောင်းလို့ တောင်ပေါ်တစ်နေရာမှာ ဘောင်းဘီရှည်တစ်ထည်ကို ကောက်ရခဲ့ပေမယ့် ဒါက ကျွန်တော်နဲ့တော့ တော်တော်ကြီးနေတယ်လေ”

မဒမ်လီက လီမင်ပေရဲ့ ဘောင်းဘီရှည်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုညစ်ပတ်နေတဲ့ ဘောင်းဘီရှည်ကို စိုက်ကြည့်ရင်းနဲ့ပဲ ပြောလာတယ်။

“ငါ ဘာလို့ သံသယဖြစ်စရာကောင်းတဲ့အနံ့ရနေရတာလဲ? မင်း ဘောင်းဘီထဲကို ဆီးမသွားထားတာ သေချာလား”

လီမင်ပေရဲ့မျက်နှာက ချက်ချင်းပဲနီရဲသွားခဲ့တယ်။ သို့ပေမယ့် သူ့ရဲ့မျက်နှာကက အမည်းရောင်ပြောင်းနေပြီဖြစ်လို့ သိပ်ပြီး မသိသာလွန်းလှဘူး။

ဒီလိုဆိုရင်တောင် သူ့မြေးရဲ့အပြောအဆိုနှင့် အကျင့်စရိုက်တွေအကြောင်းကို သိရှိပြီးသားဖြစ်နေတဲ့ မဒမ်လီက သူ့အမူအရာကိုမြင်ပြီးနောက် သူမရဲ့ မှန်းဆချက်က မှန်ကန်ကြောင်းကို ချက်ချင်းပဲ သိရှိခဲ့တယ်။ ဒါကြောင့် အသံကျယ်ကျယ်နဲ့ အော်ရယ်တော့တယ်။

လီမင်ပေတစ်ယောက် မှိုတွေထည့်ထားတဲ့ အင်္ကျီကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး မစ္စစ်လီကို အတင်း ဆွဲခေါ်ပြီး ခြံထောင့်ဆီကို ခေါ်သွားတော့တယ်။

“အဖွား! အဖွား! အဖွား! ကျွန်တော့်ရဲ့ အဖွားရေ! အဖွားရဲ့ သနားစရာကောင်းတဲ့ မြေးလေးကို လူတွေကြားထဲကို ပစ်ထုတ်လိုက်လို့မရဘူးနော်!”

All Chapters