Chapter 86
Vol. 9 Ch. 86
မဒမ်လီက သူမရဲ့မြေးဖြစ်သူဆီကနေ ခြေလှမ်းအနည်းငယ်ခွာပြီး အဝေးကိုရွှေ့ကာ မတ်တပ်ရပ်လိုက်ပြီး လီမင်ပေကို စနောက်လိုစွာနဲ့ စိုက်ကြည့်လိုက်တယ်။
“ငါ မင်းကို လှည့်စားတာမဟုတ်ဘူးလေ.. အမှန်ကိုပဲ ပြောနေတာ..
ဒါပေမယ့် မင်းက သိပ်ပြီးငယ်တော့တာမဟုတ်ဘူး.. နောက်ထပ် နှစ်အနည်းငယ်လောက်ကြာရင် ဇနီးတစ်ယောက်ကိုလက်ထပ်လို့ရလောက်ပြီ.. ဘာလို့ ဒီအချိန်ထိ ဘောင်းဘီထဲကို ဆီးသွားနေရသေးတာလဲ”
လီမင်ပေတစ်ယောက် စိုးရိမ်တကြီးဖြစ်သွားရတာကြောင့် ထခုန်လုနီးပါးဖြစ်သွားခဲ့တယ်။ သူက သူ့ရဲ့ လည်ပင်းကို ဆန့်ထုတ်ကာ သူ့တို့ရဲ့မိသားစုထဲက ဘယ်သူမှ ထွက်မလာတာသေချာရဲ့လားဆိုတာကို အရင် စစ်ဆေးလိုက်တယ်။
ပြီးမှ အသံကို လျှော့ချလိုက်ပြီး တောင်းပန်လိုက်လေတယ်။
“အဖွား အသံကို လျှော့ပေးပါဦး”
“ကောင်းပြီ!”
မဒမ်လီက စနောက်လိုစွာနဲ့ ဆေးတံကို တစ်ဖွာသောက်ကာ ရယ်မောရင်း ထပာမေးလာပြန်တယ်။
“ဒါဆို မင်းရဲ့အဖွားကိုပြောပါဦး
.. မင်း ဘာလို့ ဘောင်းဘီထဲကို ဆီးသွားခဲ့တာလဲ”
လီမင်ပေက သူတို့တွေ တောင်ပေါ်မှာ ကျားနဲ့ တွေ့ခဲ့တဲ့အကြောင်းကို မပြောရဲဘူး။ ဒါကြောင့် တုံ့ဆိုင်းစွာနဲ့ပြောလိုက်တယ်။
“ကျွန်တော် ဆီးသွားနေတုန်းမှာ နေရာကို သေသေချာချာမကြည့်မိခဲ့လို့ ထောင်ချောက်ပေါ် နင်းမိလုနီးပါးဖြစ်သွားတာ.. အဲဒါနဲ့ လန့်ပြီးတော့ ဘောင်းဘီကို စိုသွားခဲ့တာပဲ’
မဒမ်လီ ရယ်မောလိုက်ပြီး လီမင်ပေရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။
“မင်းရဲ့ ရှက်စရာကောင်းတဲ့ ဘောင်းဘီကို ကိုယ့်ဘာသာကိုယ်မြန်မြန်လေး သွားလျှော်လိုက်တော့လေ.. မင်းက တစ်မိသားစုလုံး သိအောင် စောင့်နေတာလား”
လီမင်ပေ ပြုံးလိုက်ပြီး သူ့ရဲ့ခေါင်းနောက်ဘက်ကို ကုတ်လိုက်ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့တယ်။
ထို့နောက် ရေချိုးဇလုံတစ်လုံးရှာလိုက်ပြီး သူ့ရဲ့ဘောင်းဘီရှည်ကို ရေစိမ်လိုက်ကာ ဝမ်စုဖန်းဆီမှ ဆပ်ပြာတုံးတစ်ဝက်လောက်တောင်းလိုက်ပြီး ခြံထဲမှာ ဘောင်းဘီကို ထိုင်လျှော်တော့တယ်။
ကျန်းကျန်းက အိုးတစ်လုံးယူလိုက်ပြီး သူ့ရဲ့ဘေးမှာထိုင်ကာ မှိုတွေကို ထိုအိုးထဲသို့ ထည့်လိုက်တယ်။
လီမင်ပေတစ်ယောက် ကျန်းကျန်း သူ့ဘေးမှာ လာထိုင်တာကိုတွေ့တော့ အသံကိုလျှော့ချရင်း မေးလိုက်မိတယ်။
“မင်း နောက်တစ်ခါ တာ့ဟွမ်နှင့် သွားတွေ့တော့မယ်ဆိုရင် ငါ့ကိုပါ ခေါ်ဖို့ မမေ့နဲ့နော်”
သူ နောက်ကိုပြန်လှည့်ကြည့်လိုက်ကာ ဘယ်သူမှ ထွက်မလာတာကိုတွေ့တော့ ကျန်းကျန်းကို အသံတိုးတိုးနဲ့ထပာပြောလိုက်ပြန်တယ်။
“တာ့ဟွမ်ဆီမှာ ကျားပေါက်လေးတ၀်ကောင်လောက် ရှိလောက်လား? ငါလည်း ကျားတစ်ကောင်လောက်ကို ယဉ်ပါးအောင် လုပ်နိုင်မယ်လို့ ထင်လား”
တောရိုင်းတိရိစ္ဆာန်တွေကို ယဥ်ပါးအောင်မွေးမြူမယ်ဆိုရင် အကောင်ပေါက်လေးကတည်းက မွေးမြူတာက အကောင်းဆုံးနည်းလမ်းပဲ။
အစောပိုင်းနှစ်တွေမှာတုန်းက ကျား ဒါမှမဟုတ် တောရိုင်းတိရိစ္ဆာန်တွေကို မွေးစားခဲ့ဖူးတဲ့ သတ္တိကောင်းတဲ့မုဆိုးတွေ ရှိခဲ့ဖူးပေမဲ့လည်း လူအများစုကတော့ အသက်အန္တရာယ်ကို မစွန့်စားရဲခဲ့ကြဘူး။
အခုခေတ်မှာဆိုရင် ပေရှားဒေသမှာ အထူးကျွမ်းကျင်တဲ့ မုဆိုးတွေမရှိတော့တာ ကြာနေပြီ။
အများအားဖြင့် သူတို့ရဲ့စားဝတ်နေရေး ချောင်လည်စေဖို့အတွက်သာ အမျိုးသားတွေက အမဲလိုက်သေနတ်တွေ၊ အမဲလိုက်ဓားတွေနှင််ဖြင့် တောင်ပေါ်ကို လျှောက်သွားရုံသာ ရှိတော့တယ်။
ကျန်းကျန်းအရွယ်လောက်သာရှိတဲ့ မိန်းကလေးက ကျားကိုယဥ်ပါးစေခဲ့တယ်ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးသေးဘူး။
ကျန်းကျန်းက နှုတ်လာခဲ့တဲ့ မှိုရဲ့အမြစ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သူမရဲ့ ဆံပင်တွေကို နားရွက်နောက်ဘက်သို့ သပ်တင်လိုက်တယ်။
“တာ့ဟွမ်က ကျားပေါက်လေး မရှိဘူး.. သူက အထီးပဲ”
လီမင်ပေက နောင်တရစွာ သက်ပြင်းချလိုက်ပြီး ကျန်းကျန်းကို ထပ်မေးလိုက်ပြန်တယ်။
“ဒါဆို မင်း သူ့ကို ပထမတုန်းက ဘယ်လိုမျိုး ကယ်တင်ခဲ့တာလဲ .. သူ့ကို ကြောင်တစ်ကောင်လို့ တကယ်ထင်နေတာလား”
ကျန်းကျန်း မျက်တောင်ခတ်လိုက်ပြီး ခေါင်းငုံ့ကာ လက်ထဲမှအလုပ်ကို ဆက်လုပ်နေခဲ့တယ်။
“ညီမလေး သူ့ကို ထောင်ချောက်ထဲမှာ ကြိုးနဲ့ ညှိနေတာကိုတွေ့လို့ လွှတ်ပေးလိုက်ပြီး ညီမလေးကောက်ထားတဲ့ ရစ်ငှက်လေးကို သူစားဖို့ ပေးလိုက်တတာလေ.. နောက်ကျတော့ ညီမလေးတောင်ပေါ်ကိုတက်တိုင်း သူက ညီမလေးနဲ့ ကစားဖို့ရောက်လာတတ်တယ်”
“မင်း ဘာလို့ ဒီလောက်တောင်ကံကောင်းနေရတာလဲ!”
လီမင်ပေက သူမရဲ့စကားကို သံသယမရှိ ယုံကြည်ခဲ့တယ်။
“ငါ လူကြီးတွေပြောတာကို ကြားဖူးတယ်.. အကယ်တင်ခံရတဲ့ သားရဲတွေက သူတို့ရဲ့ ကျေးဇူးကို ပြန်ပေးဆပ်တတ်တယ်တဲ့.. မင်းရဲ့ဘဝက အရမ်းကောင်းတာပဲ.. မင်းက ဒီလိုဖြစ်ရပ်နဲ့တောင် ဆုံနိုင်သေးတယ်”
ကျန်းကျန်းက ပိုင်းဖြတ်ပြီးသွားတဲ့ မှိုတွေကို ရေနှင့်အကြိမ်ကြိမ်ဆေးကြောလိုက်ပြီး မီးဖိုချောင်သို့ ပို့ပေးလိုက်တယ်။
လီမင်ပေသည်လည်း သူ့ရဲ့ ဘောင်းဘီရှည်နှင့် စွပ်ကျယ်ကို လျှော်ဖွပ်လိုက်ပြီးနောက် သွားလှန်းလိုက်တယ်။ ပြီးသွားတော့ ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲမှ တည်သီးတစ်လုံးကို ချိတ်နှင့် ဆွဲခူးလိုက်ပြီး ရေနှင့် ဆေးကြောလိုက်တယ်။
သူက တည်သီးကို ပါးစပ်ထဲသို့ထည့်ခါနီးမှာပဲ ကျန်းကျန်းက ပြန်ထွက်လာခဲ့တယ်။
“စတုတ္ထအစ်ကို.. အစ်ကို လုပ်စရာ အလုပ်ရှိတယ်”
“အာ?”
လီမင်ပေက သူ့ပါးစပ်နားကိုရောက်နေတဲ့ တည်သီးကို ပြန်ချလိုက်ပြီး ကျန်းကျန်းကို ဘာများလဲဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်လာတယ်။ ထို့နောက် လိမ္မာပါးနပ်စွာနဲ့ တည်သီးကို ညီမဖြစ်သူရဲ့ လက်ထဲကို ထည့်ပေးလိုက်လေတယ်။
“ငါ မင်းကို ဘာလုပ်ပေးရမလဲ “
ကျန်းကျန်း သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဂိုထောင်လေးထဲကို ဝင်သွားခဲ့တယ်။ ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပဲ ဖုန်တွေအထပ်ထပ်တက်နေတဲ့ နွေရာသီအိမ်စာစာအုပ်ကို ထုတ်ယူလာခဲ့ကာ လီမင်ပေရဲ့ လက်မောင်းတွေကြားထဲကို ပစ်ထည့်ပေးလိုက်တယ်။
“ ညီမလေးက စတုတ္ထအစ်ကိုကို အလယ်တန်းဒုတိယနှစ်ရဲ့ ကျောင်းကပေးလိုက်တဲ့ နွေရာသီ အိမ်စာတွေ ကို ပြန်လုပ်ခိုင်းမလို့.. အစ်ကို မလုပ်ရသေးဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား? အဲဒါက ဒါတွေ မလား”
လီမင်ပေက အပြစ်ရှိစိတ်တွေနှင့် နှာခေါင်းကို ထိလိုက်မိကာ သူ့ရဲ့မျက်လုံးကလည်း အနည်းငယ် ရှောင်လွှဲသွားခဲ့တယ်။
“အဲဒါဘာဖြစ်လို့လဲ.. မနှစ်တုန်းက အလယ်တန်း ဒုတိယနှစ်တက်ရတုန်းက ငါ မလုပ်ခဲ့လို့လား”
“ဒါဆို အခု အစ်ကို အလယ်တန်း တတိယနှစ်အတွက် မေးခွန်းတွေ ဖြေလို့ရပြီလား”
ကျန်းကျန်း သူမရဲ့လက်ကိုဆေးကြောရင်းနဲ့ လီမင်ပေ မစားရသေးဘဲ သူမရဲ့ လက်ထဲကိုထည့်ပေးလာတဲ့ တည်သီးကိုပါသေသေချာချာ ပြန်လည်ဆေးကြောလိုက်တယ်။
ပြီးမှ ပါးစပ်ထဲကို ထည့်ပြီး တစ်ကိုက်ကိုက်လိုက်တယ်။ အရသာက ချိုချိုချဥ်ချဉ်ရှိပြီး ပါးစပ်ထဲကိုစိမ့်ဝင်သွားခဲ့တယ်။
လီမင်ပေက ထိုနွေရာသီအိမ်စာတွေကို ရွံရှာတဲ့အကြည့်ဖြင့် ကြည့်ရင်း လှမ်းယူလာတယ်။
“ငါ အခုအထက်တန်း တတိယနှစ်ရဲ့ စာတွေကို ငါမလုပ်နိုင်သေးဘူး.. ဒါပေမယ့် နောက်နှစ်ကျရင် ရေးနိုင်လောက်ပြီလေ.. မဟုတ်ဘူးလား”
“မရဘူး”
ကျန်းကျန်း သူမရဲ့လက်ထဲက တည်သီးကို စားလိုက်ပြီးနောက် လီမင်ပေကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့တယ်။
“မြန်မြန်လေး အိမ်ထဲကိုလာပြီး အိမ်စာလုပ်လိုက်တော့.. တကယ်လို့ နောက်နှစ် အထက်တန်းကျောင်းကို မသွားနိုင်ဘူးဆိုရင် ညီမလေး တာ့ဟွမ်ကိုခေါ်ပြီး ကိုက်ခိုင်းလိုက်မှာနော်”
လီမင်ပေတစ်ယောက် ရုန်းကန်ချင်နေသေးပေမဲ့ ထိုစကားကို ရုတ်တရက်ကြားလိုက်ရတဲ့အချိန်မှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရတယ်။
“ကျန်းကျန်း.. အစ်ကို့ရဲ့ညီမလေး.. တာ့ဟွမ်က လီမင်ကျုံးမဟုတ်ဘူးနော်.. သူကိုက်ရင် သေသွားလိမ့်မယ်”
“ဒါဆို စာရေးမလား”
ကျန်းကျန်း လီမင်ပေကို ချိုသာစွာ ပြုံးပြလိုက်တယ်။
လီမင်ပေတစ်ယောက် တုန်တုန်ယင်ယင်နှင့်ပဲ ခေါင်းကိုငုံ့ကိုင်းရင်း လိမ်မာစွာ လိုက်ဝင်လာခဲ့တယ်။
“ကောင်းပြီ .. စတုတ္ထအစ်ကိုက မင်းပြောတာကို နားထောင်မယ်.. မင်းက နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူပဲ”
အခုချိန်မှာ ရာသီဥတုက ပူပြင်းလာပြီဖြစ်ပြီး တောင်တန်းနှင့် လယ်ကွင်းတွေမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနှင့် ပြည့်နေခဲ့တယ်။ ဒါကြောင့် ဝမ်စုဖန်းကလည်း ပူပူစပ်စပ် ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ဖို့ စိတ်မပါခဲ့ဘူး။
အိုးထဲမှာ ရှိနေတဲ့ ရစ်ငှက်နှင့် မှိုဟင်းချိုကလွဲရင် ကျန်တဲ့ဟင်းလျှာတွေက အချဉ်အငံအမျိုးအစားတွေသာဖြစ်ပြီး သခွားသီးနှင့် တည်သီးတို့ကိုလည်း ရေဆေးပြီး ပန်ကန်ထဲမှာထည့်ထားခဲ့တယ်။
အစားအသောက်တွေကို ပြင်ဆင်ပြီးနောက် ဝမ်စုဖန်းက ထမင်းစားဖို့ရန်အတွက် လူတွေကို တစ်ယောက်ပြီးတစ်ယောက် လှမ်းခေါ်ခဲ့တယ်။ သူမ အရှေ့ခန်းထဲသို့ ဝင်သွားတဲ့အချိန်မှာတော့ ပြတင်းပေါက်အောက်မှာ စားပွဲမှာ ထိုင်ပြီး အိမ်စာလုပ်နေတာကို တွေ့ရတာကြောင့် ဝမ်စုဖန်း အံ့အားသင့်သွားရတယ်။
“အိုး.. ငါတို့မင်ပေက အိမ်စာလုပ်နည်းကို တကယ်သိသေးတယ်ပေါ့လေ”
ဝမ်စုဖန်းက သူ့ကို ရွှင်မြူးစွာ ကြည့်ပြီး ပြောလိုက်တယ်။
“မင်း အမှားတစ်ခုခုလုပ်ထားလို့ မင်းရဲ့ အဖွားဆီမှာ အရိုက်ခံထားရတာလား”
“အဖွားက ကျွန်တော့်ကို ရိုက်လည်းမရိုက်၊ ငေါက်လည်းမငေါက်ဘူး.. ဒါပေမယ့် အခု ညီမလေးက အဖွားထက်တောင် ပိုပြီးရက်စက်နေသေးတယ်”
လီမင်ပေက ခေါင်းမော့ပြီး ဝမ်စုဖန်းကို မျှော်တလင့်တကြီးကြည့်ကာလှမ်းမေးလိုက်တယ်။
“အမေ.. ထမင်းအဆင်သင့်ဖြစ်ပြီလား.. သွားစားရအောင်လေ”
“အဆင်သင့်ဖြစ်ပြီ.. စားကြစို့”
ဝမ်စုဖန်းက သူ့ကို ပြန်ဖြေရင်း ကျန်းကျန်းကိုပြောလိုက်တယ်။
“မင်း ခရမ်းချဉ်သီးနှစ်လုံးလုံးကို အခု စားလိုက်တာလား..ညဘက်ကျရင် မစားတော့ဘူးလား?
အနောက်ဘက်အိမ်ကို အမြန်သွားတော့.. မှိုနှစ်ရစ်ကြက်စွပ်ပြုတ် ချက်ခိုင်းထားတာ အခု အကုန်ကျက်နေပြီ.. မင်းနဲ့ အသားမုန့်လုံးက တစ်ယောက်ကို ကြက်ပေါင် တစ်ချောင်းစီ ရလိမ့်မယ်”
“ ကြက်ခြေထောက်ကို အဖွားကိုပဲ ပေးလိုက်ပါ.. သမီး မစားတော့ဘူး.. သမီးကို အတောင်ပံနှစ်ချောင်းပဲ ပေးတော့”
ကျန်းကျန်း ခန်ပေါ်မှ ဆင်းလာတော့ လီမင်ပေကလည်း သူ့ရဲ့ဘောပင်ကို ပစ်ချလိုက်ပြီး ပြေးသွားဖို့ လုပ်ခဲ့ပေမဲ့ ကျန်းကျန်းက သူ့ကို အမြန်ဆွဲပြီး ပြောလာတယ်။
“ဘယ်ကိုသွားမလို့လဲ”
“ထမင်း သွားစားမလို့လေ?”
လီမင်ပေက ကျန်းကျန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး ဆက်ပြောလိုက်တယ်။
“အမေက ငါတို့ကို ထမင်းစားဖို့ လာခေါ်တာမဟုတ်ဘူးလား”
“အိမ်စာအတွက် စာမျက်နှာ ဘယ်နှစ်မျက်နှာလောက် ရေးပြီးပြီလဲ”
ကျန်းကျန်းက စားပွဲခုံဆီသို့ မနှစ်မြို့တဲ့အကြည့်ဖြင့် လှည့်ကြည့်လိုက်ပြီး :
“ဒီလောက် အချိန်ကြာတာကို စာမျက်နှာတစ်ဝက်စာပဲ ရေးရသေးတယ်ပေါ့? စာမျက်နှာနှစ်မျက်နှာ မပြီးနိုင်သေးဘဲ ညစာသွားမစားနဲ့”
“ဘာလို့လဲ?”
လီမင်ပေက သူ့ရဲ့ ဗိုက်ကိုပွတ်ရင်း နစ်နာသလို ကြည့်လာတယ်။
“ ငါ တစ်ညနေခင်းလုံး တောင်ပေါ်ကိုတက်နေရပြီး အြန်လာတော့လည်း အဝတ်လျှော်ရသေးတယ်.. အခုပြန်ရောက်တော့လည်း အိမ်စာလုပ်ရတယ်.. သေလောက်အောင် စာနေပြီ”
ကျန်းကျန်းက သူမရဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို ဖော်ထုတ်ပြလာတယ်။
“ ညီမလေးလည်းတစ်ရက်လုံး အလုပ်မလုပ်နေလို့လား.. နေမမှောင်ခင် မြန်မြန်လေး ချရေးလိုက်တော့လေ.. မဟုတ်ရင်....”
ကျန်းကျန်းက ဝမ်စုဖန်းကို စိုက်ကြည့်လိုက်တယ်။
“ မဟုတ်ရင် ညီမလေး စတုတ္ထအစ်ကို ဘောင်းဘီထဲကို ရှူးပေါက်လိုက်တဲ့အကြောင်း အမေတို့ကို ပြောပြလိုက်ရမလား”
လီမင်ပေ ချက်ချင်းပဲ ခုံမှာ ဝင်ထိုင်လိုက်တယ်။ သူက အရှေ့ကို တည့်တည့်ကြည့်နေရင်းနဲ့ အော်ပြောလာတုန်းပဲ။
“အဲဒီရစ်ငှက်ကို မင်းငါ့အတွက် အသားနည်းနည်းလောက် ချန်ထားပေးရမယ်.. ဟင်းအရည်ပဲ မထားခဲ့နဲ့နော်.. ငါ အရည်ချည်းပဲမသောက်နိုင်ဘူး”