← Chapters

Chapter 90

Vol. 9 Ch. 90

Chapter 90

Vol. 9 Ch. 90

ရေအားလျှပ်စစ်စက်ရုံရဲ့အထောက်အပံ့နှင့် စျေးရောင်းချမှုနေရာက ရုပ်ရှင်ရုံနှင့် မဝေးလှဘူး။ သူတို့တွေ ဆယ်မီတာလောက် လမ်းလျှောက်ပြီးနောက်မှာ ထိုနေရာကို ရောက်ရှိခဲ့ကြတယ်။ ရေအားလျှပ်စစ်စက်ရုံဝန်းထဲမှာ လူတွေ အများကြီးရှိတယ်။

ဒါကြောင့် ယန်ဝန်ရှို့က ကျန်းကျန်းတစ်ယောက် တခြားလူတွေနှင့်တိုက်မိပြီး လူစုကွဲသွားမှာကို ကြောက်တာကြောင့် သူမရဲ့ လက်ကိုဆွဲကိုင်ထားပြီး ကောင်တာတစ်ခုချင်းစီကို လိုက်ကြည့်ခဲ့တယ်။

ဒီအချိန်ကာလမှာ ရှားပါးတဲ့အရာတွေအတွက် လက်မှတ်တွေ လိုအပ်ပြီး အပ်၊ အပ်ချည်၊ မှတ်စုစာအုပ် ။ခဲဖျက်နဲ့ တခြားသောအသေးအမွှားလေးတွေကတော့ ဝယ်ရတာ ပိုပြီး သက်သာလိမ့်မယ်။

ကျန်းကျန်းရဲ့ အိတ်ကပ်ထဲတွင် ဆင့် 70 ရှိတယ်။ ဆင့် 50 ကို မဒမ်လီက တိတ်တဆိတ် ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့(20)ကတော့ လီမင်ပေဆီက ရခဲ့တာပဲ။

(T/n _ ဒီပိိုက်ဆံပမာဏက Eမှာကတည်းက အရှေ့နဲ့ အနောက်လွဲနေတာ

ကျော်ဖတ်ပေးဦးနော်)

ဒီခေတ်ကာလမှာ ဆင့် (70)ဆိုတဲ့ပမာဏက အများကြီးလို့ ယူဆနိုင်တယ်။

ကျန်းကျန်း သူ့အိတ်ကပ်ထဲမှာ အပြည့်ရှိနေသလို ခံစားနေရပြီး ပိုက်ဆံကို အရမ်းသုံးချင်နေခဲ့တယ်။

သူမရဲ့ မျက်လုံးတွေက မှန်ဘီဒိုထဲမှ အဆင့်မြင့်သကြားလုံးတွေနဲ့ အဆင့်မြင့်မုန့်တွေဆီမှာသာ ကပ်နေခဲ့တယ်။

ကျန်းကျန်း အိမ်မှာ စားလေ့ရှိတဲ့ ဘီစကွတ်နဲ့ သစ်သီးသကြားလုံးတွေအားလုံးက လက်မှတ်တွေနဲ့ဝယ်ထားခဲ့တာဖြစ်ပြီး အများပြီးဝယ်လို့မရနိုင်ဘူး။ တစ်လကို ဘီစကွတ်တစ်ထုပ် ဒါမှမဟုတ် သကြားလုံးအနည်းငယ်လောက်သာ ရရှိလိမ့်မယ်။

ဒါ့အပြင် လက်ရှိ ကောင်တာပေါ်မှာ အဆင့်မြင့်နို့သကြားလုံးနှင့် ကြက်ဥကိတ်တစ်မျိုးလည်းရှိနေပြီး ဘောက်ချာလည်း မလိုအပ်ဘဲ လက်မှတ်မပါဘဲ အကန့်အသတ်မရှိ ဝယ်ယူနိုင်တယ်။

ကျန်းကျန်း နို့သကြားလုံးတွေကို လက်ညှိုးထိုးပြပြီး ဆိုင်ရှင်ကိုမေးလိုက်တယ်။

“အန်တီ.. နို့သကြားလုံးတွေက ဘယ်လိုရောင်းတာလဲ”

ဆိုင်ရှင်က သူမကို အပေါ်အောက် အကဲခတ်ကြည့်ကာ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတာကို မြင်တော့ အပြုံးအနည်းငယ်နဲ့ ပြောလာတယ်။

“တစ်ထုတ်ကို နှစ်ဆင့်”

“အဲဒီမုန့်ကရော ဘယ်လောက်လဲ”

ကျန်းကျန်း ထပ်မေးလိုက်တယ်။

“ကြက်ဥကိတ်မုန့်က တစ်ခုကို ဆယ်ဆင့်”

လီမင်ပေ သူ့လျှာကို ခပ်တိုးတိုးခေါက်ရင်း ကျန်းကျန်းရဲ့ အင်္ကျီလက်ကို ဆွဲကိုင်ကာ တီးတိုးပြောလိုက်တယ်။

“ဒါက အရမ်းဈေးကြီးတယ်.. တစ်မျိုးတည်းနှင့် ပိုက်ဆံအများကြီးကုန်သွားလိမ့်မယ်”

ကျန်းကျန်း လီမင်ပေကိုကြည့်ပြီး အလေးအနက်ပြောလိုက်တယ်။

“ဒါပေမယ့် ညီမလေး စားကြည့်ချင်တယ်”

ဒီအရာက နောက်ပိုင်းမျိုးဆက်တွေ(ခေတ်သစ်မှ စားစရာတွေ)ထက် ပိုကောင်းမှာမဟုတ်ဘူးဆိုပေမယ့် ဒီဘက်ခေတ်မှာတော့ စားပျော်တယ်လို့ဆိုနိုင်တယ်။ စားချင်တာကို အရသာမခံနိုင်ဘူးဆိုရင်စိတ်ပျက်ရလိမ့်မယ်။

လီမင်ပေ တုံ့ဆိုင်းစွာနှင့် သူ့အိတ်ကပ်ထဲကိုနှိပ်ကြည့်တော့ ငါးဆင့်သာ ကျန်တော့မယ်။

“ငါ မင်းကို သကြားလုံး နှစ်ဆင့်ဖိုးပဲ ဝယ်ပေးနိုင်မှာ”

ကျန်းကျန်း ပြုံးလိုက်ပြီး သူ့ကို မော့ကြည့်ကာပြောလိုက်တယ်။

“ညီမလေးမှာ ပိုက်ဆံရှိတယ် “

ထို့နောက် အိတ်ကပ်ထဲမှ ဆင့်ခုနစ်ဆယ်ကို ထုတ်ပြလိုက်ပြီး ဆိုင်ရှင်ကို ပိုက်ဆံပေးလိုက်တယ်။

“အန်တီ .. သမီး ကိတ်မုန့်ခြောက်ခုနှင့် နို့သကြားလုံး ၅ထုပ်ယူမယ်”

ဆိုင်ရှင်က လက်မှတ်တစ်စောင်ရေးပြီး ကျန်းကျန်းဆီက ပိုက်ဆံယူလိုက်တယ်။

ပြီးနောက် သူတို့က ကြက်ဥကိတ်မုန့်နဲ့ နို့သကြားလုံးထုပ်တွေကို ကူထုပ်ပေးခဲ့တယ်။

လီမင်ပေက ကျန်းကျန်းတစ်ယောက် ဆင့်ခုနှစ်ဆယ်ကို မျက်တောင်တစ်ချက်မခတ်ဘဲ သုံးလိုက်တာကိုမြင်တော့ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့တယ်။

“မင်း တစ်လုံးလောက်အရင်ဝယ်ပြီး စမ်းစားကြည့်လို့ရတာကို.. ကြည့်စမ်း တစ်ခါတည်း ခြောက်ခုတောင် ဝယ်လိုက်တယ် “

ကျန်းကျန်း ပြုံးပြီး ကိတ်မုန့်တွေကို အထည်အိတ်ထဲသို့ထည့်ကာ သကြားလုံးတစ်ထုပ်ကိုတော့ လီမင်ပေကိုပေးလိုက်တယ်။

“အဖွား၊ အမေ၊ ယောက်မနှင့် အသားမုန့်လုံးတို့အတွက်လည်း မြည်းစမ်းကြည့်ဖို့ ဝယ်သွားတာလေ.. ညီမလေးတို့ အပြင်ကို တစ်ခါထွက်လာတာ .. ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း စားနိုင်မှာလဲ”

လီမင်ပေက နို့သကြားလုံးကို ကိုင်ထားရင်း လက်ကိုဝှေ့ယမ်းပြီး ပြောလာတယ်။

“ငါ ဒါတွေမစားချင်ဘူး.. စားတာများသွားရင် ညဘက် မအိပ်နိုင်ဘဲနေလိမ့်မယ်.. မင်းဘာသာမင်း စားလိုက်တော့”

ကျန်းကျန်း လီမင်ပေကို စိုက်ကြည့်ပြီး ယွီမင်ရှို့ကို နောက်ထပ် သကြားလုံးတစ်လုံး လက်တစ်ဆုတ်ပေးလိုက်တယ်။

“အစ်မ ဝမ်ရှို့.. သကြားလုံး နည်းနည်းစားဦးလေ”

ယွီဝမ်ရှို့က သူမရဲ့လက်ကို အမြန်ဝှေ့ရမ်းလိုက်ပြီး ငြင်းဆန်လာတယ်။

“မင်းဘာသာစားဖို့ သိမ်းထားလိုက်ပါ.. ငါ စားချင်ရင် ကိုယ်တိုင်ဝယ်စားလို့ရတယ်”

“အစ်မ ကိုယ်တိုင်ဝယ်စားတာကို ညီမ ဂရုမစိုက်ဘူး.. ဒါက အစ်မကို သပ်သပ်ကျွေးတာလေ”

ကျန်းကျန်းက နို့သကြားလုံးကို ခွဲပြီး သူမရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။

“ညီမ နောက်တစ်ခေါက် ရေအားလျှပ်စစ်ဓာတ်ခွဲစက်ရုံကို လာလည်ရင်လည်း အစ်မနဲ့ ကစားချင်သေးတယ်.. ဒါမှမဟုတ် အစ်မက ညီမကိုမကြိုက်ဘူးလား.. အစ်မ မကြိုက်ရင်တော့ ညီမရဲ့သကြားလုံး စားစရာမလိုဘူး”

ယွီဝမ်ရှို့ ကျန်းကျန်းရဲ့စကားကြောင့် ရယ်ချင်သွားရပြီး နို့သကြားလုံးတစ်လုံးကိုလှမ်းယူကာ သကြားလုံးကိုအခွံခွာပြီး ပါးစပ်ထဲသို့ ထည့်လိုက်တယ်။

“သကြားလုံးအတွက် ကျေးဇူးတင်ပါတယ်”

သူတို့တွေ ရုပ်ရှင်ကြည့်ပြီး လမ်းလျှောက်လာခဲ့ကြတာ မွန်းတည့်ချိန်ကိုတောင် ရောက်လာခဲ့ပြီ။ ကျန်းကျန်းတစ်ယောက် သူမရဲ့မိသားစုက ထမင်းစားဖို့အတွက် သူမတို့ရောက်လာမဲ့အချိန်ကို စောင့်နေမှာကို ကြောက်တဲ့အတွက် နှောင့်နှေးမနေရဲတော့ဘူး။

ယွီဝမ်ရှို့ကို နှုတ်ဆက်ပြီးနောက် သူမ လီမင်ပေနှင့်အတူ အိမ်ကို အမြန်ပြန်လာခဲ့တယ်။

သူတိိ့တွေ ခြံထဲသို့ ဝင်လာပြီးတာနှင့်တစ်ပြိုင်နက် ကျန်းကျန်း စက်ဘီးနောက်ခုံမှ ခုန်ချလိုက်ပြီး အသံကျယ်ကျယ်နဲ့ လှမ်းအော်လိုက်တယ်။

“အဖွား! အမေ! သမီး အိမ်အတွက် အရသာရှိတဲ့ တစ်ခုခုဝယ်လာခဲ့တယ်!”

သူမ အော်ပြောရင်း အိမ်ထဲကို ပြေးဝင်သွားလိုက်တယ်။

အသားမုန့်လုံးက ထိုအသံကိုကြားတော့ ခန်ပေါ်ကနေ မတ်တပ်ထရပ်လာပြီး လည်ပင်းကို ဆန့်တန်းရင်း လှမ်းမေးလာတယ်။

“အန်တီ ဘာတွေဝယ်လာတာလဲ”

ကျန်းကျန်း အဝတ်အိတ်ထဲမှ ဆီစိမ်စက္ကူအိတ်ကို ထုတ်ယူလိုက်ပြီး ခန်ပေါ်မှာ ဂရုတစိုက်ဖွင့်လိုက်တယ်။

“ဒီကိတ်မုန့်ကို ကြက်ဥရယ်၊ ဂျုံမှုန့်ဖြူရယ်၊ သကြားရယ် ထည့်ပြီးလုပ်ထားတာ.. မင်း အနံ့ရလား”

အသားမုန့်လုံးက သူ့ခေါင်းကို အနားသို့ တိုးကပ်ပြီး အနံ့ခံကြည့်လိုက်တယ်။ ထို့နောက် မနေနိုင်တော့ဘဲ ပါးစပ်ကိုဖွင့်ကာ ကိုက်ကြည့်လိုက်တော့တယ်။

ထို့နောက်မှာတော့ သူ့ရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပလာခဲ့တယ်။

“အရသာရှိလိုက်တာ!”

“အရသာရှိတယ် မလား!”

ကျန်းကျန်း အသားမုန့်လုံးရဲ့ ဝကစ်ဖောင်းကားတဲ့ မျက်နှာလေးကို ဖြစ်ညစ်လိုက်ပြီး :

“ဒါက မင်းအတွက်ပဲ.. အန်တီက လက် မဆေးရသေးဘူး .. ဒီတော့ မင်းဘာသာမင်း စားနေလိုက်ဦးနော်”

အသားမုန့်လုံးက ကိတ်မုန့်တစ်လုံးကို ကောက်ကိုင်လိုက်ပြီး တခြားကိတ်မုန့်တွေကို လက်မလွှတ်ချင်စွာကြည့်လိုက်တယ်။

“သား နှစ်ခု စားချင်တယ်”

“မရဘူး.. လူတိုင်းက တစ်ခုဆီပဲ စားရမယ်”

ကျန်းကျန်း သူမရဲ့လက်ကို ဆေးပြီးနောက် မဒမ်လီရဲ့ ပါးစပ်အနားသို့ ကိတ်မုန့်တစ်ခုတိုးပေးလိုက်တယ်။

“အဖွား သမီးဝယ်လာတဲ့ ကြက်ဥကိတ်မုန့်ကို မြည်းကြည့်ဦး”

မဒမ်လီက အနောက်ကို အမြန်ပြန်ဆုတ်သွားတယ်။

“အဖွား မစားတော့ဘူး.. ဒါက ဒီလောက်တောင် ဈေးကြီးတာ ..မင်းအတွက်ပဲ သိမ်းထားပြီး စားလိုက်တော့”

“လူတစ်ယောက်ကို တစ်ခုရမယ်.. စားကြည့်လိုက်.. တကယ်လို့ အဖွား မစားဘူးဆိုရင် သမီးလည်း မစားဘူး”

ကျန်းကျန်းက ချစ်စရာကောင်းစွာ ခြိမ်းခြောက်ခဲ့ပြီး အဆုံးမှာ မဒမ်လီရဲ့ပါးစပ်ကို ဖွင့်ဟဖို့ ဆွဲဆောင်နိုင်ခဲ့တယ်။ မဒမ်လီက ဂရုတစိုက်နဲ့ အကိုက်သေးသေးလေးတစ်ကိုက် အမြန်ကိုက်လိုက်ပြီး ကျန်တဲ့ ကိတ်မုန့်တွေအားလုံး ပြန်ပေးခဲ့တယ်။

“အဖွား တစ်ကိုက်စားလိုက်ပြီ.. ကျန်တာကို ပေါင်ပေ့ပဲစားလိုက်တော့ .. အဖွား အများကြီးစားရင် ဖြုန်းတီးရာရောက်လိမ့်မယ်”

ဝမ်စုဖန်းနှင့် ကွေ့ဟွားတို့ ရောက်ရှိလာတဲ့အချိန်မှာလည်း သူတို့နှစ်ယောက်လုံးက ထိုမုန့်ကို၀ားကြည့်ဖို့အတွက် အလွန်အမင်း ဝန်လေးနေခဲ့ကြတယ်။

ကျန်းကျန်း ကိတ်မုန့်လေးကို ကိုက်ရင်း နည်းနည်းလောက်စိတ်ပျက်သွားရတယ်။ သူမမှာ တောင်ပေါ်မှာသိမ်းထားတဲ့ ရွှေချောင်းသေတ္တာတွေ အများကြီးရှိနေပေမဲ့ သူမရဲ့မိသားစုကတော့ ကိတ်မုန့်လေးတစ်ခုစားဖို့ကိုတောင် အလွန်အမင်း ဝန်လေးနေခဲ့ကြတယ်။

အစားအသောက်က အရသာရှိပေမဲ့ သူမရဲ့မိသားစုက မဝံ့မရဲဖြစ်နေခဲ့ကြတယ်။

ကျန်းကျန်း သူမရဲ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုမိတယ်။ သူမ အရမ်းငယ်လွန်းသေးတယ်။ သူမ တကယ့်ကို အလျှင်အမြန်ကြီးပြင်းချင်နေပြီ။

ကျန်းကျန်း ကျန်တဲ့ကိတ်မုန့်တွေကို ထုပ်ပိုးပြီး ဗီရိုထဲကို ထည့်ကာ သိမ်းဆည်းထားလိုက်တယ်။ ထို့နောက် သူမရဲ့ အိတ်ကပ်ထဲမှ နို့သကြားလုံးနှစ်လုံးကို ထုတ်ယူပြီး အသားမုန့်လုံးကို ပေးလိုက်တယ်။

အသားမုန့်လုံးကတော့ ပျော်ရွှင်စွာနဲ့ ခုန်ပေါက်နေခဲ့လေရဲ့။

“လီမင်ပေ .. အခုချက်ချင်း ဒီကို ထွက်လာခဲ့!”

လီမူဝူတစ်ယောက် သူ့ရဲ့ချစ်လှစွာသော စက်ဘီးရှေ့မှာ ရပ်နေခဲ့ပြီး ပေတံနဲ့ တိုင်းတာနေရင်း ဒေါသတကြီးဖြင့် လှမ်းအော်လာတယ်။

လီမင်ပေတစ်ယောက် တံခါးနောက်ဘက်မှာ တုန်ယင်စွာထိုင်နေရင်းနဲ့ ကိုယ်ကိုယ်ကိုယ်တည်ငြိမ်ချင်ယောင်ဆောင်က် ခေါင်းတခြမ်းကို အပြင်ဘက်သိုး အသာထုတ်ရင်း တုန်ယင်နေတဲ့အသံနှင့် လှမ်းအော်ပြောလာတယ်။

“ဘာ... ဘာကိစ္စရှိလို့လဲ...”

“အခုချက်ချက် အောက်ကို ဆင်းလာခဲ့လိုက်”

လီမူဝူရဲ့ စိတ်ပူပန်နေတဲ့ မျက်နှာက စိမ်းဖန့်နေခဲ့ပြီ။

“လက်ကိုင်ဘားက ဘယ်ဘက်ကို တစ်စင်တီမီတာတောင် လွဲနေတယ်.. မင်း ညာဘက်ကို ပြုတ်ကျသွားတာပဲ ဖြစ်ရမယ်!”

လီမင်ပေတစ်ယောက် ကြောက်လန့်တုန်လှုပ်ရလွန်းလို့ ဆီးတောင်သွားမိတော့မလိုပဲ။

သူ့အနေနဲ့ စက်ဘီးကို စီးပြီးတဲ့နောက်မှာ ပေတံနဲ့ တိုင်းတာပြီး တွက်ချက်ကြည့်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ သူ့ရဲ့အဖေ တစ်စင်တီမီတာလွဲသွားတာကို ပေတံရဲ့ ဘယ်လိုအတိုင်းအတာမျိုးနဲ့ တိုင်းတာလိုက်တာလဲ?

သူ ခြံတံခါးထဲကို မဝင်ခင်ထိ အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့တာ သေချာပါတယ်!

ကျန်းကျန်းတစ်ယောက် လီမူဝမ်းရဲ့ တိုင်းတာတွက်ချက်နိုင်မှုကို လုံးလုံးလျားလျား အထင်ကြီးနေပြီ။ သူချစ်ရတဲ့စက်ဘီးရှေ့မှာဆိုရင် သူတို့ရဲ့အဖေက လုံးဝကို ကိုနန်(Conan)* ပဲ!

လီမင်ပေက သူ့ရဲ့အဖေ တိုင်းတာနေနေတာကိုကြည့်ပြီး သူ့ရဲ့ခြေထောက်လွှဲရမ်းခံနေရတဲ့ ကြာပွတ်တွေလို တဆတ်ဆတ်တုန်လာပြီး ခြေသလုံးကြွက်သားတွေကို မထိန်းချုပ်နိုင်တော့ဘူး။ သူက ခေါင်းတစ်ဝက်ကို တံခါးနောက်မှာ ဝှက်ထားရင်းပဲ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာတယ်။

“ အဲဒီပေတံက စင်တီမီတာအနည်းငယ်လောက် ကွာခြားနေတာကို ဘယ်လိုလုပ်ပြီးတိုင်းတာနိုင်တာလဲ.. နောက်ပြီး ကျွန်တော် ပြန်မလာခင် လက်ကိုင်တန်းတွေကို ပြန်ဖြောင့်ထားခဲ့သေးတယ်လေ”

ပြတင်းပေါက်နားမှာ လှဲနေတဲ့ ကျန်းကျန်းတစ်ယောက် သူတို့ကိုထပ်မကြည့်နိုင်တော့ဘဲ မျက်နှာကို လက်နဲ့အုပ်ထားလိုက်မိတယ်။

ထို့နောက်မှာဘဲ လီမူဝူဆီမှ ဒေါသတကြီး ပြောလာတဲ့ စကားသံကို ကြားလိုက်ရတယ်။

“မင်းဘာသာမင်း ပြန်ဖော်လိုက်တာပဲလေ.. တံခါးထဲဝင်လာတာနဲ့ မင်းရဲ့မျက်နှာပေါ်မှာ အပြစ်ရှိတယ်လို့ရေးထားတာကို ငါ ရှင်းရှင်းလင်းလင်းမြင်ရတယ်.. ငါပြောမယ် ကောင်စုတ်လေး.. ငါက ဒီစက်ဘီးကို တစ်နေ့မှာ ရှစ်ကြိမ်လောက် ပေတံနဲ့တိုင်းတာနေတာ.. မင်း စက်ဘီးမှောက်လာတာကို ငါ ဘယ်လိုလုပ်မသိဘဲနေမှာလဲ.. အိပ်မက်မက်နေလိုက်!”

ကျန်းကျန်း လီမူဝူကို အံ့သြစွာကြည့်လိုက်မိတယ်။ သူမအနေနဲ့ သူမရဲ့အဖေက ဒီလောက်ထိ လုပ်နိုင်စွမ်းရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့စက်ဘီးကို တကယ်မတိုင်းတာခဲ့ဘူးဆိုရင်တောင် စကားအနည်းငယ်လောက်နဲ့ တုံးအတဲ့ သားဖြစ်သူရဲ့ ပါးစပ်ကစကားတွေ ထွက်လာနိုင် လုပ်နိုင်ခဲ့တယ်။

(T/n_Conanက နာမည်ကြီး anime တစ်ခုဖြစ်တဲ့ ‘Detective Conan’ ထဲက စုံထောက် Conanကို ပြောတာပါ

စုံထောက်anime တွေကြိုက်ပြီး မကြည့်ရသေးတဲ့သူရှိရင် recommend နော် XD)

All Chapters