Chapter 91
Vol. 10 Ch. 91
လီမူဝူက စက်ဘီးကို ဂိုဒေါင်နံရံပေါ်သို့ဂရုတစိုက်တွန်းလလာရင်း မကျေမနပ် ဆက်ပြောနေသေးတာကိုမြင်တော့ လီမင်ပေတစ်ယောက် သူ့ကို မတားဆီးဘဲ မနေနိုင်တော့ဘူး။
“အဖေက ကောက်နှံစတိုးဆိုင်မှာ အိတ်တွေသယ်ဖို့ အလုပ်လုပ်တာ နှမျောစရာကောင်းတယ်.. တကယ်ဆို အဖေက ရဲသားတစ်ယောက် လုပ်ခဲ့သင့်တာ.. ဒါဆိုရင် သူလျှိုတွေကိုတောင် ဖမ်းမိပြီး သေချာပေါက် နာမည်ကြီးရဲတစ်ယောက်ဖြစ်လာမှာပဲ”
လီမူဝူက အနီးအနားမှ တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး လှောင်ရယ်လာတယ်။
“မင်းက ငါ့ကိုတောင်ဝေဖန်ဖို့ သတ္တိရှိနေတယ်ပေါ့လေ.. ငါထင်တာတော့မင်းက အရိုက်ခံရဖို့ လိုနေပြီပဲ”
ထို့နောက် လီမင်ပေဆီသို့ အလျှင်အမြန်ပြေးသွားခဲ့တယ်။
လီမင်ပေကတော့ အော်ဟစ်လိုက်ပြီး သူ့ရဲ့ခေါင်းကို လက်နှင့်ပွေ့ဖက်လိုက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားခဲ့တယ်။
သူက လီမူဝူ အိမ်ထဲသို့ ဝင်လာတဲ့အထိ စောင့်ဆိုင်းလိုက်ပြီး အဖေဖြစ်သူ အထဲသို့ ရောက်လာတာနှင့် ပြတင်းပေါက်မှ ခုန်ချကာ ပြေးထွက်သွားခဲ့ပြန်တယ်။
သူတို့ရဲ့ အိမ်ဘေးပတ်လည်မှ အိမ်နီးနားချင်းတွေတွေက သူတို့သားအဖနှစ်ယောက်ရဲ့ စကားများတဲ့အသံကိုကြားတော့ အပျော်ထွက်ကြည့်လာခဲ့ကြတယ်။
မနက်ခင်းမှာတုန်းက လီမင်ပေတစ်ယောက် သူတို့ရဲ့ အိမ်ရှေ့ကနေ စက်ဘီးစီးရင်း ကြွားလုံးထုတ်က်ဖြတ်သန်းသွားခဲ့ပြီး ညနေခင်းမှာတော့ လီမူဝူရဲ့ အော်ဟစ်သံတွေနှင့်အတူ အရှက်ရစရာ ဖြစ်နေခဲ့တယ်။
ကျန်းကျန်းက ပြတင်းပေါက်နားမှာ ထိုင်ရင်းနှင့် ဖရဲသီးစေ့ စားရင်း အိမ်ရှေ့ခြံဝင်းနှင့် အိမ်နောက်ဖေးခြံတစ်ဝိုက်ကို ပတ်ပြေးနေကြတဲ့ သားအဖနှစ်ယောက်ကို သဘောကျစွာ လိုက်ကြည့်နေခဲ့တယ်။
မဒမ်လီသည်လည်း အစတုန်းက အပျော်တမ်းလိုက်ကြည့်နေခဲ့ပေမဲ့ တစ်ခုခုကို သတိရသွားခဲ့ပြီး ထထိုင်လိုက်တယ်။ ထို့နောက် ဆေးတံကို ထုတ်ယူရင်းနှင့် ကျန်းကျန်းကို အလျှင်အမြန် မေးမြန်းလာတော့တယ်။
“မင်းအစ်ကိုက တကယ်ပဲ စက်ဘီးတိုက်မိလာတာလား.. သူ့ကြောင့် မင်း ထိခိုက်မိသွားလေးလား.. မင်းရဲ့ခြေထောက်ကို ထိမိသွားသေးလား”
“မထိမိပါဘူး!”
ကျန်းကျန်းက မဒမ်လီ စစ်ဆေးနိုင်စေဖို့အတွက် သူမရဲ့ လက်တွေ၊ ခြေထောက်တွေကို အမြန်ထုတ်ပေးလိုက်တယ်။
“စတုတ္ထအစ်ကိုက ကျောက်ခဲပေါ်နေ မောင်းလိုက်မိလို့ စက်ဘီးလှဲသွားတာလေ.. သမီးက စက်ဘီးမလဲခင်ကတည်းက ခုန်ချလိုက်တာ”
မဒမ်လီတစ်ယောက် ကျန်းကျန်းရဲ့စကားတွေကိုကြားတော့ စိတ်ပူပန်သွားခဲ့ရပြီး လီမူဝူက လီမင်ပေကိုလိုက်ရင်းနဲ့ ပြတင်းပေါက်နားကနေ နောက်တစ်ကြိမ် ဖြတ်သွားတာကို မြင်တွေ့လိုက်ရချိန်မှာ ဒေါသတကြီး လှမ်းအော်လိုက်တော့တယ်။
“ အဲဒီကောင်လေးကို ပြင်းပြင်းထန်ထန် ရိုက်သင့်တယ်! သူက ကျောက်တုံးပေါ်ကို စက်ဘီးနှင့်ချော်နင်းပြီး စက်ဘီးလဲသွားခဲ့တာ.. ဒီကောင်စုတ်လေးက ကျန်းကျန်းကိုတောင် စက်ဘီးပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သေးတယ်! သူက ဒီရက်ပိုင်း ဆုံးမပေးမဲ့သူမရှိလို့ မြောက်ကြွကြွဖြစ်နေတာပဲ ဖြစ်ရမယ်”
အခုလေးတင် အသက် နှစ်ရှူရှိုက်စာ လောက် နားနေတဲ့ လီမူဝူတစ်ယောက် စက်ဘီးက ကျောက်တုံးပေါ်ကနေချော်ကျပြီး အမှန်တကယ် လဲကျခဲ့ပြီး သူ့ရဲ့သမီးလေးသည်လည်း ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရကြောင်း ကြားခဲ့ရတာကြောင့် ချက်ချင်းပဲ ပြန်ပြေးလိုက်သွားခဲ့ပြန်တယ်။
သူ စိတ်ဆင်းရဲသွားခဲ့ရတာက စက်ဘီးကြောင့်လား ဒါမှမဟုတ် သူ့ရဲ့သမီးအတွက်လားဆိုတာကိုတော့ မသိနိုင်ဘူး။ သူက သူ့ရဲ့လက်ထဲမှတုတ်ချောင်းကို ခြံထဲမှာရှိနေတဲ့ ပိုထူတဲ့တုတ်တစ်ချောင်းအဖြစ် ပြောင်းလဲလိုက်သေးတယ်။
လီမင်ပေက ပြေးလွှားခုန်ပေါက်နိုင်တယ်ဆိုပေမဲ့ ခြံဝန်းအတွင်းမှာပဲ အချိန်အတော်ကြာအောင် ပတ်ပတ်လည် မပြေးနေနိုင်ခဲ့ဘူး။ ဒီကြားထဲမှာ မဒမ်လီကလည်း ဆေးတံကိုကိုင်ရင်း သူ့နောက်ကနေ လိုက်လံ ပိတ်ဆို့နေခဲ့သေးတယ်။
ခြံဝန်းအတွင်း အပတ်ရေအနည်းငယ်လောက် လှည့်ပတ်ပြေးပြီးချိန်မှာတော့ လီမင်ပေတစ်ယောက် အလျှင်အမြန်မပြေးနိုင်တော့ဘူး။ ဒီလိုနှင့် တစ်ကြိမ်မှာတော့ မဒမ်လီရဲ့ ဆေးတံနဲ့ တင်ပါးကို အရိုက်ခံလိုက်ရတယ်။
လီမင်ပေက မဒမ်လီနှင့် လီမူဝူတို့ ဆီကနေ သူတစ်ခါမှ မသင်ထားဖူးတဲ့ ကွန်ဖူးနှင့် ရှောင်ရှားနေခဲ့ရတယာ။
နောက်ဆုံးမှာတော့ အိမ်ထဲမှ ဟင်းသီးဟင်းရွက်ဥယျာဉ်ကို ဖြတ်ကျော်ခဲ့ပြီး ခြံစည်းရိုးပေါ်ကနေ ခုန်တက်ကာ ထွက်ပြေးတော့တယ်။
မဒမ်လီက သူမရဲ့ ခြေထောက်တိုတိုတို့နှင့် တံခါးဝဆီသို့ လျှောက်သွားရင်း သူမရဲ့မြေးနောက်သို့ လှမ်းအော်လိုက်တယ်။
“မင်းမှာ အရည်အချင်းရှိရင် ပြန်မလာခဲ့နဲ့.. ငါ ဒီည မင်းအမေကို မှိုနဲ့ ဝက်သားဖက်ထုပ်ကို လုပ်ခိုင်းထားတယ်”
လီမင်ပေရဲ့ ခန္ဓာကိုယ်က ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး အနောက်ဘက်ကိုပြန်လှည့်ကာ သူတို့ရဲ့အိမ်တံခါးဆီကို စိတ်ရှုပ်ထွေးစွာ ကြည့်လာတယ်။
သူသာ ပြန်သွားခဲ့မယ်ဆိုရင် သေချာပေါက် အရိုက်ခံရမှာပဲ။ ဒါပေမယ့် မပြန်ဘူးဆိုရင်လည်း ဖက်ထုပ် မစားရတော့ဘူး။
သူတို့မိသားစုဆီမှာ ဖက်ထုပ်လုပ်စားခဲ့တဲ့ နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ နှစ်လလောက်ပဲ။ ထိုအချိန်တုန်းက ဝက်သားနဲ့ ဂေါ်ဖီထုပ်အစာသွပ်ထားတာဖြစ်ပြီး အလွန်အမင်း အရသာရှိခဲ့တယ်။
လီမင်ပေ သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူ့အနေနဲ့ အပြင်ဘက်မှာ ပုန်းအောင်းနေမယ်ဆိုရင် ရိုက်နှက်ခံရခြင်းမှ လွတ်မြောက်နိုင်တယ်ဆိုပေမဲ့ သူသာ နောက်ကျမှ ပြန်လာခဲ့မယ်ဆိုရင် ဖက်ထုပ်တစ်ခုလောက်တောင် မစားနိုင်တော့တာဖြစ်နိုင်တယ်။
နောက်ပြီး သူ ပြန်ရောက်တဲ့အချိန်မှာလည်း အရိုက်ခံရခြင်းကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ မသေချာဘူး။
အဆုံးမှာတော့ လီမင်ပေ တစ်ယောက် တစ်ကြိမ်ကို ခြေလှမ်းသုံးလှမ်းနှုန်းနှင့် အိမ်ဘက်သို့ ပြန်သွားခဲ့ပြှး အရိုက်ခံရခြင်း နှင့် ဖက်ထုပ်တွေကြားမှာ ဖက်ထုတ်ကိုသာ ရွေးလိုက်တော့တယ်။
အပြင်ဘက်မှ သက်ဝင်လှုပ်ရှားမှုတွေကို လိုက်ကြည့်နေရင်းနဲ့ ကျန်းကျန်း သူမရဲ့ လက်ထဲမှ နောက်ဆုံးသော ထင်းရှူးစေ့ကို စားလိုက်ပြီးနောက် ထရပ်လိုက်ပြီး အပြင်ဘက်ကို ထွက်လာပြီး မဒမ်လီကို ဖြောင်းဖြလိုက်တယ်။
“အဖွား.. သမီး တကယ် ပြုတ်ကျတာမဟုတ်ပါဘူး.. စတုတ္ထအစ်ကိုကို မရိုက်နဲ့တော့လေ.. သူက နဂိုကတည်းက ဥာဏ်ကောင်းတာမဟုတ်ဘူး.. တော်ကြာ အရိုက်ခံရပြီး ဥာဏ်ပိုတုံးသွားရင် ဘယ်လိုလုပ်မလဲ”
မဒမ်လီက ကျန်းကျန်း အမှန်တကယ် အဆင်ပြေနေတာကို မြင်တွေ့ရပြီး လီမင်ပေရဲ့ သနားစရာကောင်းတဲ့ အမူအရာကို ပြန်ကြည့်လိုက်ကာ အေးစက်စွာနှင့် နှာမှုတ်လိုက်တယ်။
“ကောင်းပြီ.. ငါ သူ့ကို မရိုက်တော့ဘူး.. ဒါပေမယ့် သူ့အဖေက သူ့ကို ရိုက်မရိုက်ကိုတော့ ငါ ဂရုမစိုက်ဘူး”
လီမင်ပေက ကျန်းကျန်းကို အဝေးကနေ လှမ်းမြင်ခဲ့ပြီး သူမက မဒမ်လီကို အဝေးသို့ ထွက်သွားဖို့ ဖျောင်းဖျလိုက်တာကိုမြင်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။
ထို့နောက် လီမူဝူ တစ်ဖက်မှ လိုက်မထွက်လာသေးတာကို မြင်တော့ ကျန်းကျန်းဆီသို့ အပြင်းအခန် လက်ဝှေ့ရမ်းပြလာတယ်။
ကျန်းကျန်း နောက်ပြန်လှည့်ကြည့်လိုက်တော့ နံရံကိုမှီရင်း အသက်မောဟိုက်နေတဲ့ လီမူဝူကိုတွေ့လိုက်ရတာကြောင့် လီမင်ပေဆီကို ပြေးသွားလိုက်ပြီး သူ့ကို လေးစားကြောင်း လက်မထောင်ပြလိုက်တယ်။
“စတုတ္ထအစ်ကို.. အစ်ကိုက
အရိုက်မခံရမချင်း လက်မလျှော့ဘူးပဲ.. ဒါပေမယ့်အဖေ့ကို တစ်ချက်လောက် ပေးရိုက်လိုက်ဦး .. သူက မရိုက်ရမချင်း နောက်ကလိုက်နေလောက်တယ်”
“အရိုက်ခံဖို့ဆိုတာက
ပါးစပ်နဲ့ ပြောသလောက် မလွယ်ဘူးလေ”
လီမင်ပေက စိတ်ညစ်စွာနှင့် ကျန်းကျန်းရဲ့ ကျစ်ဆံမြီးစည်းထားတဲ့ဆံပင်ကို ဆွဲကိုင်ကာ ညီမဖြစ်သူနှင့် ဆွေးနွေးလိုက်တယ်။
“မင်း အဖေ့ကို သွားပြီး တုတ်လေးပြောင်းပေးဖို့ ဖြောင်းဖြလိုက်ပါလား.. ဒီတုတ်က အရမ်းထူပြီး ကြီးလွန်းတယ်.. ဒါနဲ့အရိုက်ခံလိုက်ရမယ်ဆိုရင် ငါ အနည်းဆုံး သုံးရက်လောက် ခန်ပေါ်ကနေ မဆင်းနိုင်လောက်တော့ဘူး”
ကျန်းကျန်း သူမရဲ့ကျစ်ဆံမြီးတွေကို ပြန်ဆွဲယူလိုက်ပြီး မျက်လုံးတွေကို ပြူးဝိုင်းလိုက်ကာ ပါးတွေကို ဖောင်းကားရင်း ပြောလိုက်တယ်။
“အစ်ကို အခု ဒီကိစ္စကို စိတ်မပူသင့်ဘူးထင်တယ်.. အခု အစ်ကို ညီမလေးရဲ့ကျစ်ဆံမြီးကို ဆွဲတဲ့အကြောင်း အဖွားကိုသွားတိုင်လိုက်ရင် အဖွားက အစ်ကို့ကို အဖွားပါဝင်ရိုက်တော့မှာကိုပဲ စိတ်ပူသင့်တယ်”
လီမင်ပေက သူ့ရဲ့လက်ကို သူ့ဘာသာသူ အလျင်စလို ရိုက်လိုက်ပြီး ကျန်းကျန်းကို ပြုံးပြလာတယ်။
“ငါ ငါ့လက်ကို မထိန်းနိုင်လိုက်လို့ပါ!”
လီမင်ပေက ကျန်းကျန်းရဲ့ ပုခုံးကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး ဒူးတစ်ဝက်ကွေးလိုက်ကာ :
“ညီမလေး.. ငါတို့အဖေနဲ့ ဆွေးနွေးပေးပါဦး.. ငါတို့အဖေက ပိုသေးတဲ့တုတ်နဲ့ပြောင်းပေးလိုက်သရွေ့ မင်း ငါ့ဆီကနေ ဘာမဆို တောင်းဆိုလို့ ရတယ်”
ကျန်းကျန်း ခဏလောက်စဉ်းစားလိုက်ပြီး လီမင်ပေကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီ.. ညီမလေး အဖေနဲ့ သွားပြောပေးမယ်”
လီမင်ပေက ကျန်းကျန်းရဲ့သဘောတူညီမှုကိုရတော့ အိမ်တံခါးဆီသို့ ချောင်းကြည့်ရင်း တံခါးထဲသို့ အလျင်အမြန် ပြေးသွားခဲ့ပြီး အတွင်းဘက်သို့ လည်ပင်းကို ဆန့်ထုတ်ကာ ချောင်းကြည့်နေခဲ့တယ်။
သူ့အနေနဲ့ ကျန်းကျန်းနှင့် သူ့အဖေတို့ ဘာတွေပြောနေတာလဲဆိုတာကို မကြားရပေမဲ့ လီမူဝူက အနည်းငယ် မောဟိုက်နေပုံရတယ်။
ထို့နောက်မှာ သူ့လက်ထဲမှ လက်တချောင်းလောက်ထူတဲ့ တုတ်ကို လွှင့်ပစ်လိုက်ပြီး သခွားသီးလောက် အထူရှိတဲ့တုတ်ချောင်းနဲ့ အစားထိုးလိုက်ပြီး တံခါးဆီကို လှမ်းအော်တော့တယ်။
“ဒီကို လာခဲ့စမ်း”
လီမင်ပေက မီးဖိုချောင်ထဲမှာရှိနေတဲ့ ကွေ့ဟွားဆီမှ အသားတွေကို လှီးဖြတ်နေတဲ့အသံကို ကြားလိုက်ရတော့ ထပ်ပြီးထွက်မပြေးရဲတော့ဘဲ လီမူဝူနှင့် သုံးလေးမီတာအကွာလောက်မှာ ရပ်လိုက်တယ်။
လီမူဝူက သူ့ကိုစိုက်ကြည့်ပြီး သူ့ရဲ့တင်ပါးကို တုတ်နဲ့ နှစ်ချက် ရိုက်လိုက်လိုက်ကာ တုတ်ကို ပစ်ချကာ ပြောလိုက်တယ်။
“နောက်တစ်ခါ စက်ဘီးကို ထပ်စီးရဲရင် စီးကြည့်လိုက်.. ငါ မင်းလးကို ထပ်ရိုက်မှာ”
လီမင်ပေက အဖေဖြစ်သူ ထွက်သွားတဲ့နောက်ကျောကို ထိတ်လန့်စွာ စိုက်ကြည့်ကာ လှမ်းမေးလိုက်ပြမ်တယ်။
“တကယ်လို့ ညီမလေး နောက်တစ်ခေါက် ရုပ်ရှင်သွားကြည့်ဖို့ ရေအားလျှပ်စစ်စက်ရုံကို သွားချင်ရင် ဘယ်လိုလုပ်မလဲ”
လီမူဝူ ရပ်တန့်လိုက်ပြီး သူ့ကိုပြန်ကြည့်လိုက်တယ်။
“ကျန်းကျန်းကို စက်ဘီးစီးခိုင်းလိုက်မယ် .. မင်းအောက်ကနေ ပြေးလိုက်သွားလိုက်!”
လီမင်ပေက ချက်ချင်းပဲ အော်ငိုလာတယ်။
“အဖေ.. ကျွန်တော်က အဖေ့ရဲ့သားနော်!”
လီမူဝူဆီမှာ သားတွေအများကြီးရှိပြီး သူ့မှာ လီမင်ပေဆိုတဲ့သားအပေါ် သိပ်ပြီး ချစ်တဲ့စိတ်မရှိလောက်တာဖြစ်နိုင်တယ်။
အဲဒီနေ့ကစပြီး သူက နောက်ထပ် ချိန်းကြိုးနှင့်သော့ကို ထပ်ဝယ်ပြီး စက်ဘီးကို သော့နောက်တစ်ထပ် ခတ်ခဲ့တော့တယ်။
လီမင်ပေတစ်ယောက် စက်ဘီးကို ခိုးစီးဖို့အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်းမှာ မအောင်မြင်ခဲ့ဘဲ ရှုံးနိမ့်မှုတွေနှင့်သာ အဆုံးသတ်သွားခဲ့ရတယ်။