← Chapters

Chapter 92

Vol. 10 Ch. 92

Chapter 92

Vol. 10 Ch. 92

ကျန်းကျန်းတစ်ယောက် လီမင်ပေတစ်နေကုန်လုံး ပြေးလွှားခုန်ပေါက်နေတာကို မကြည့်နိုင်တော့ဘူး။ ဒါကြောင့် လီမင်ပေ ကတိပေးထားတဲ့ အခြေအနေတွေကို အသုံးချပြီး အိမ်စာတွေကို ပြန်သုံးသပ်ဖို့အတွက် စားပွဲမှာ ထိုင်ခိုင်းခဲ့တယ်။

ပြီးသွားခဲ့ရင် သူ့ရဲ့ဖတ်စာအုပ်ဆီကနေ စာတွေပြန်ကူးခိုင်းပြီး အဖြေအားလုံးကို ဖြေဆိုခိုင်းခဲ့တယ်။ အတန်းပြီးတာနဲ့ လေ့ကျင့်ခန်းတွေပြန်လုပ်ခိုင်းခဲ့ပြီး နှစ်ရက်သာ အနားယူခိုင်းခဲ့တယ်။

လီမင်ပေတစ်ယောက် ကျန်းကျန်းဆီမှာ ဆယ်ရက်ကျော်ကြာအောင် စာတွေ ကူးယူရန် တွန်းအားပေးခံခဲ့ရပြီးနောက် နောက်ဆုံး လွတ်မြောက်သွားချိန်မှာတော့ ရုပ်ရှင်သွားကြည့်ဖို့အတွက် ဝမ်စုဖန်းဆီကို ပိုက်ဆံတောင်းတော့တယ်။

ဝမ်စုဖန်းက သူ့ကို စိတ်မရှည်စွာကြည့်ရင်း ပြောလိုက်တယ်။

“ မင်တုန် ၊မင်ရှီနှင့် မင်ပေတို့တွေ ကျောင်းသွားတုန်းက မင်းထက်တောင် စာပိုပြီးကျက်ခဲ့ကြတယ်.. သူတို့တွေ စာကြည့်ရတာများလွန်းလို့ဆိုပြီး ဘယ်တုန်းကမှ ရုပ်ရှင်သွားကြည့်ပြီး စိတ်အပန်းဖြေဖို့ မပြောခဲ့ဘူး..

မင်းက ဒီလောက်ဖြစ်နေတာ မေးခွန်းပေါင်းတစ်ရာလောက် ဖြေခဲ့ရလို့လား?”

“ကျွန်တော်က စိတ်အပန်းဖြေချင်တာမဟုတ်ပါဘူး”

လီမင်ပေက ခဏလောက်စဥ်းစားပြီး ပြောလိုက်တယ်။

“ဒါ့အပြင်.. ကျွန်တော်သာ ရေအားလျှပ်စစ်စက်ရုံကို မကြာခဏသွားမယ်ဆိုရင် အနာဂတ်မှာ အလုပ်သမားတွေ ခေါ်ယူတဲ့အချိန် ဝင်လျှောက်ဖို့အတွက် ပိုပြီး ယုံကြည်မှုရှိလာမှာမဟုတ်ဘူးလား”

ဝမ်စုဖန်းက (1950)ခုနှစ် အစောပိုင်းလောက်တုန်းက စာတတ်မြောက်ရေးအတွက် ညကျောင်းတက်ခဲ့ဖူးတယ်။ အခြားအချိန်တွေမှာတော့ သူမက အိမ်အလုပ်တွေကိုလုပ်နေတာပဲဖြစ်ဖြစ် မဒမ်လီနှင့်အတူ စိုက်ခင်းဆီကိုသွားတာပဲ ဖြစ်ဖြစ် လုပ်ခဲ့ပြီး ထိုစက်ရုံအကြောင်း ဘာမှမသိထားခဲ့ဘူး။

ဒါကြောင့် လီမင်ပေက ဝန်ထမ်း ခေါ်ဆိုခြင်းအကြောင်းကို ပြောလာချိန်မှာ ဝမ်စုဖန်း ခဏလောက် တုံ့ဆိုင်းသွားခဲ့တယ်။

“တကယ်လား? ငါ ဘာမှမသိဘူးဆိုပြီးလာလိမ်နေတာမလား”

“ တကယ်ပြောတာ!”

လီမင်ပေက သူ့လက်ကို ဆန့်တန်းပြီး ပြောလိုက်တယ်။

“ကျွန်တော့်ကို ဆင့်ငါးဆယ်ပေးလိုက်.. ကျွန်တော် ကျန်းကျန်းကို ရုပ်ရှင်ကြည့်ရင်း စျေးဝယ်ဖို့ ခေါ်သွားလိုက်မယ်”

ဝမ်စုဖန်းက သူ့ရဲ့လက်ကို တစ်ချက်ရိုက်လိုက်ပြီး သူမရဲ့လက်မှ ရေတွေကို သုတ်လိုက်ကာ အိမ်ထဲကို ဝင်သွားပြီး ကျန်းကျန်းကို မေးလိုက်တယ်။

“ပေါင်ပေ့.. မင်းအစ်ကို ရုပ်ရှင်သွားကြည့်ချင်နေတယ်.. မင်းသွားချင်လား”

ကျန်းကျန်း နောက်ဆုံးအကြိမ်တုန်းက ရုပ်ရှင်ရုံမှ ထွက်လာခဲ့တဲ့အချိန်မှာ ရုပ်ရှင်ရုံမှ ဝန်ထမ်းတွေကို မေးမြန်းခဲ့ပြီး”မိုင်းစစ်ပွဲ”ကို နှစ်လလောက် ပြသဦးမဲ့အကြောင်းကို သိခဲ့ရတယ်။

“မိုင်းစစ်ပွဲ” က တော်တော်လေးကောင်းတယ်ဆိုပေမယ့် တူညီတဲ့ ရုပ်ရှင်ကိုတော့ သူမ ထပ်ခါတလဲလဲ ကြည့်ချင်စိတ်မရှိဘူး။ ဒါကြောင့် ဝမ်စုဖန်းရဲ့မေးခွန်းကိုကြားတော့ သူမ ချက်ချင်းပဲ ခေါင်းခါလိုက်တယ်။

ကျန်းကျန်း မသွားချင်ဖြစ်နေတာကိုမြင်တော့ လီမင်ပေတစ်ယောက် သူမဆီကို အလျှင်အမြန်မျက်လုံးမှိတ်ပြလာတယ်။

“မင်း အရင်တစ်ခေါက်က ယွီဝမ်ရှို့နှင့်အတူ ကစားဖို့ ကတိပေးခဲ့တာ မဟုတ်ဘူးလား? မင်း အခု မေ့သွားပြီလား?”

ကျန်းကျန်းတစ်ယောက် လီမင်ပေရဲ့ စိတ်အားထက်သန်နေတဲ့ အမူအယာကိုကြည့်ပြီး စနောက်ချင်လာရတယ်။ ဒါကြောင့် သူမက တည်သီးကို ကိုက်ရင်းနဲ့ လှမ်းပြောလိုက်တယ်။

“အစ်မဝမ်ရှို့က ညီမလေးထက် နည်းနည်း ပိုကြီးတယ်လေ.. ညီမက အခုမှ ခြောက်နှစ်ပဲရှိနေသေးတာ.. ပြောရရင် သူမထက် ဆယ်နှစ်လောက်တောင် ပိုငယ်နေသေးတယ်.. အတူတူ ကစားရတာက ဘာများပျော်စရာကောင်းနေမှာလဲ”

စကားတစ်ခွန်းနဲ့ လီမင်ပေကို ပြန်ပိတ်လိုက်ပြီး လီမင်ပေတစ်ယောက် ပြောစရာစကားလုံး ရှာမတွေ့နိုင်တော့ဘူး။

လီမင်ပေ ညီမဖြစ်သူကို ပြန်ကြည့်လိုက်တော့ လှည့်ဖျားလိုစွာ ပြုံးနေတာကို မြင်တွေ့လိုက်ရတယ်။ သူ့ညီမက အလွန်ငယ်ရွယ်သေးပေမဲ့ ဘာလို့ ဒီလောက်ထိ တွေးတေနိုင်နေတာလဲဆိုတာ သူ မတွေးတတ်တော့ဘူး။ တစ်ခါတလေမှာဆိုရင် လုံးဝကို ချစ်စရာမကောင်းဘူး။

“ကျန်းကျန်းတောင် မသွားချင်ဘူး .. မင်းလည်း သွားမနေနဲ့တော့ .. မင်းအဖေက မင်းကို နောက်ဆုံးတစ်ကြိမ် ရိုက်ထားတာကို မေ့သွားပြီလား”

ဝမ်စုဖန်းက လီမင်ပေကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်တယ်။

“မင်းရဲ့လေ့ကျင့်ခန်းစာအုပ်တွေကိုပဲ သွားဖတ်နေလိုက်ဦး.. သွားတော့ သွားတော့ .. မင်းညီမ သွားချင်တဲ့အချိန်မှ အတူသွားလိုက်!”

ဝမ်စုဖန်းကို ဖြောင်းဖြဖို့ လွယ်ကူခဲ့ပေမဲ့ ကျန်းကျန်းရဲ့စကားကြောင့် ပြန်ပြီး ရှုပ်ထွေးသွားတာကို တွေ့တော့ လီမင်ပေတစ်ယောက် အမေဖြစ်သူရဲ့ လက်မောင်းကို ပွေ့ဖက်လိုက်ပြီး ညီမဖြစ်သူကို လှည့်ကြည့်ရင်း အပေးအယူလုပ်လိုက်တယ်။

“ မင်းက ပိုက်ဆံလိုချင်တာမလား ငါပေးမယ်!”

“အစောကြီးကတည်းက ပြောလေ!”

ကျန်းကျန်း သူမရဲ့လက်ထဲမှ တည်သီးအညှာကို ဇလုံထဲသို့ ပစ်ချလိုက်ပြီး လက်ကိုဆန့်တန်းကာ ပြုံးလိုက်တယ်။

“အမေ.. သမီးလည်း ရုပ်ရှင်ကြည့်ချင်တယ်”

“မင်း ဘာလို့ ဒီလောက်တောင် စနောက်ချင်နေရတာလဲ.. ဒီကောင်မလေးကတော့”

ဝမ်စုဖန်းက ရယ်မောရင်းနဲ့ သေတ္တာကိုဖွင့်လိုက်ပြီး ထိုအထဲမှ လက်ကိုင်ပုဝါအသေးလေးတစ်ထည်ကို ထုတ်ယူလိုက်ပြီး ပိုက်ဆံနှင့် ကယ်တီတစ်ဝက်စာ အစားအသောက် လက်မှတ်ကို ထုတ်ယူပြီး ကျန်းကျန်းကို ပြောလိုက်တယ်။

“မင်းရဲ့ အဖေက မင်းအစ်ကိုကို စက်ဘီး စီးခွင့်မပေးထားဘူး.. ဒီတော့ မင်းတို့နှစ်ယောက် လမ်းလျှောက်ရလိမ့်မယ်.. ရုပ်ရှင်ကြည့်ပြီးသွားရင် စက်ရုံထဲက အစားအသောက်တွေ ဝယ်စားလာခဲ့ကြ.. နောက်ပြီး စက်ရုံဝန်းထဲကို လမ်းနည်းနည်းလောက် ပတ်လျှောက်ကြည့်ခဲ့ကြဦး.. ဒါမှ မင်းအစ်ကိုလည်း စက်ရုံအကြောင်းကို ပိုသိလာပြီး သူ ဘယ်နေရာတွေကို တိားတက်အောင် လုပ်ရမလဲဆိုတာကို သိလာလိမ့်မယ်”

ကျန်းကျန်းက ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်ကို ပျော်ရွှင်စွာလက်ခံနေတာကို ကြည့်ရင်း ဝမ်စုဖန်းက အနည်းငယ်စိတ်မချဖြစ်လာပြီး နောက်ထပ်စကားနှစ်ခွန်းလောက် ထပ်ပြောလိုက်တယ်။

“မင်း ပိုက်ဆံတွေကို စုဆောင်းထားဖို့လည်း လိုအပ်တယ်.. ပိုက်ဆံတွေပိုနေရင် သိမ်းထားလိုက်နော်.. အိမ်မှာ မင်းတို့တွေ မကြာခဏ ရုပ်ရှင်သွားကြည့်ပြီး သုံးဖြုန်းနေဖို့ ပိုက်ဆံအပိုတွေ အများကြီးမရှိနေဘူး..

တကယ်လို့ မင်း စားချင်ခဲ့ရင်ကိတ်မုန့်နှစ်လုံးဝယ်ပြီး တစ်လုံးကို ကိုယ်တိုင်စားပြီး နောက်တစ်လုံးကို အသားမုန့်လုံးအတွက် ပြန်ယူလာခဲ့.. မင်းရဲ့အဖွားနဲ့ ငါက အဲဒါတွေကို မစားတော့ဘူး အပိုထပ်မဝယ်နဲ့တော့”

ဝမ်စုဖန်းက သူ့ရဲ့သားငယ်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“မင်းအစ်ကိုအတွက်လည်း ဝယ်မပေးနဲ့.. သူလည်း အသက်ကြီးနေပြီ”

“သမီးသိပါတယ်”

ကျန်းကျန်း ခန်ပေါ်မှ ဆင်းလိုက်ပြီး သူမစီးနေကျ သားရေဖိနပ်ကိုမစီးတော့ဘဲ ကွေ့ဟွားချုပ်ပေးထားတဲ့ အဝတ်ဖိနပ်လေးကို ထုတ်စီးလိုက်တယ်။

ထို့နောက် အပြင်ဘက်ကိုထွက်ကာ လီမင်ပေကိုအမြန်လုပ်ဖို့ အော်ပြောလိုက်တယ်။

လီမင်ပေတစ်ယောက် ဒီရက်တွေမှာ အိမ်မှာ စာလုပ်ရင်းနှင့် ရေအားလျှပ်စစ် စက်ရုံသို့ တစ်ပိုင်းသေလောက်အောင် သွားချင်နေခဲ့တယ်။

ပြောရရင် ယွီဝမ်ရှို့က လီမင်ပေရဲ့ကျောင်းမှာရှိနေတဲ့ မိန်းကလေးတွေထက် အများကြီးပိုလှတယ်။

သူမကို ပထမတစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ပင်ပင်ပန်းပန်း မလုပ်ဖူးကြောင်း သိသာထင်ရှားနေတဲ့ မိန်းကလေးမျိုးပဲ။

သူမရဲ့မျက်နှာပေါ်မှာ အသားအရည် က အလွန်ဖြူဖွေးနေခဲ့ပြီး သူမရဲ့လက်တွေကလည်း အလွန်နူးညံ့ပုံရတယ်။ သူမရဲ့မျက်နှာပေါက်က တရုတ်ဆန်တဲ့ ကြက်ဥပုံမျက်နှာပေါက်မျိုးဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံးကြီးတစ်စုံရှိတယ်။

သူမကိုမြင်တွေ့လိုက်ရပြီးကတည်းက လီမင်ပေရဲ့ နှလုံးသားက ယားယံနေခဲ့တယ်။

လီမင်ပေတစ်ယောက် ထိုနေ့တုန်းက ဝမ်ရှို့ သူ့ရဲ့ဘေးနားမှာဝင်ထိုင်ပြီး ရုပ်ရှင်ကြည့်ခဲ့တဲ့မြင်ကွင်းကို မကြာခဏတွေးမိနေခဲ့တယ်။ နောက်ပြီး သူမရဲ့ ရွှန်းစို ဝိုင်းစက်တဲ့ မျက်လုံးတွေကိုလည်း မေ့ပျောက်လို့ မရနိုင်ခဲ့ဘူး။

ဒါပေမယ့် သူက ထိုချောမောလှပတဲ့ မိန်းကလေးအကြောင်းကို အမြဲတွေးနေမိတဲ့အပေါ်မှာ ရှက်ရွံ့နေသလို ခံစားခဲ့ရတယ်။ သူ့လို ကြီးကောင်ဝင်နေတဲ့ ယောက်ျားလေးတစ်ယောက်က သူ့ရဲ့မျက်နှာကို ကယ်တင်နိုင်ဖို့ သေလုမြောပါး ဖြစ်နေခဲ့ပြီး သူ့ရဲ့မိသားစုကိုလည်း ထုတ်မပြောရဲခဲ့ဘူး။ သူ့အနေနဲ့ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပေမယ့် သူ့စိတ်ထဲမှာပဲ သိမ်းဆည်းထားရတာက တကယ်ကို အဆင်မပြေခဲ့ဘူး။

ကံကောင်းထောက်မစွာနှင့် ကျန်းကျန်းက သူ့ရဲ့ဘေးဘက်မှာ ရှိနေတုန်းဘဲဖြစ်ပြီး သူ့ကို ကိုယ်ဟန် အမူအရာတွေနှင့် ထပ်သလဲလဲသတိပေးနေတတ်တယ်။

မကြာခင်မှာဘဲ မောင်နှမနှစ်ယောက်က ရေဘူးတွေနှင့် အစားအစာတချို့ကိုယူဆောင်ရင်း ရေအားလျှပ်စစ် စက်ရုံသို့ ထွက်လာခဲ့ကြတယ်။

ရေအားလျှပ်စစ်စက်ရုံက လီမိသားစုရဲ့ အိမ်နဲ့ အတော်လေး ဝေးကွာလွန်းတယ်။

သူတို့တွေ ခြေလျင်လမ်းလျှောက်မယ်ဆိုရင် အချိန် တစ်နာရီလောက်ကြာမြင့်လိမ့်မယ်။

သို့ပေမယ့် သူတို့ မောင်နှမ နှစ်ယောက်လုံးက လမ်းလျှောက်ရမှာကို မကြောက်ကြဘူး။

များသောအားဖြင့် သူတို့တွေက တောင်ပေါ်သို့ နှစ်နာရီ၊ သုံးနာရီခန့် မောပန်းမှုတွေမရှိဘဲ လမ်းလျှောက်လေ့ရှိတာကြောင့် အခုလို မြေပြင်မှာ လမ်းလျှောက်တာမျိုးက ပြောနေစရာတောင်မလိုဘူး။

တစ်နာရီခန့် လမ်းလျှောက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူတို့တွေ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ရုံးအဆောက်အအုံတွေဆီသို့ရောက်ရှိလာခဲ့ပြီ။

ရင်းနီးကျွမ်းဝင်တဲ့ အဆောက်အအုံကို မြင်လိုက်ရတော့ လီမင်ပေရဲ့ ခြေလှမ်းတွေက သိသိသာသာ နှေးကွေးသွားခဲ့တယ်။ သူ လမ်းလျှောက်နေရင်းနဲ့ တစ်ခုခုကို ရှာဖွေနေသလိုမျိုးပဲ။

“စတုတ္ထအစ်ကို ဘာကိုလိုက်ရှာနေတာလဲ”

ကျန်းကျန်း ရေဘူးကိုထုတ်ပြီး ပျားရည်တစ်ကျိုက်သောက်ကာ လီမင်ပေကို ရယ်မောလိုက်တယ်။

“အစ်မဝမ်ရှို့ကို ရှာနေတာလား။”

“အဓိပ္ပါယ်မရှိလိုက်တာ! ငါက သူမနဲ့ ရင်းနှီးတာမှမဟုတ်ဘဲ”

လီမင်ပေရဲ့မျက်နှာက သိသာထင်ရှားစွာ နီရဲနေပြီး သူ ပြောလိုက်တဲ့စကားက မလုံလောက်သေးသလို ခံစားရတဲ့ပုံနဲ့ ထပ်ပေါင်းပြောလာတယ်။

“ငါ့လို ယောကျ်ားလေးတစ်ယောက်က ဘာလို့ မိန်းကလေးလို လိုက်ရှာရမှာလဲ!”

“ကြောင်သူတော်ပဲ”

ကျန်းကျန်း သူမရဲ့ နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုလုံးကို သူမရဲ့ အသိစိတ်တွေ ဖြန့်ကျက်လိုက်တယ်။

သိပ်မကြာခင်အချိန်မှာဘဲ ယွီဝမ်ရှို့ကို ရှာတွေ့ခဲ့ပြီး သူ့ရဲ့ပြောစကားတွေနဲ့ မတူညီစွာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတုန်းဖြစ်တဲ့ ငတုံးကောင်လေးကို ဆွဲပြီး ပြောလိုက်တယ်။

“စတုတ္ထအစ်ကို.. ဟိုနားက ဘယ်နေရာလဲမသိဘူး သွားကြည့်ရအောင်”

လီမင်ပေက တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တခြားနေရာဆီကို လှမ်းမျှော်ကြည့်နေပြန်တယ်။

“အဲဒါက ရေအားလျှပ်စစ်စက်ရုံ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေအတွက် အဆောက်အဦးပဲ”

“ဒီအဆောက်အဦးကို မရောက်ဖူးသေးဘူး.. သွားကြည့်ရအောင်”

သူမက စကားပြောရင်းနဲ့ လီမင်ပေကို မိသားစုအဆောက်အဦးဆီသို့ ဆွဲခေါ်သွားခဲ့တယ်။

ဒီမိသားစု အဆောက်အအုံနေရာမှာ သုံးထပ်အဆောက်အဦး လေးခုရှိပြီး အလယ်မှာတော့ ခုနစ်ခန်း သို့မဟုတ် ရှစ်ခန်းလောက်ပါတဲ့ ဂိုဒေါင်ဆယ်လုံးရှိတယ်။

အိမ်ထောင်စုအခန်းတိုင်းရဲ့ အပေါ်ထပ်မှာ ပစ္စည်းတချို့ထားသိုသိမ်းဆည်းနိုင်ဖို့ ဂိုဒေါင်တစ်ခုစီ ရှိပုံရတယ်။

ကျန်းကျန်းက လီမင်ပေရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အဆောက်အအုံရဲ့အနောက်ဘက်ကနေ လှည့်ပတ်ပြီး ဝင်သွားလိုက်တယ်။

မကြာခင်မှာဘဲ တံခါးရှေ့မှာ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြတဲ့ ခုနစ်နှစ် ၊ ရှစ်နှစ်အရွယ် ကလေးတစ်စုကို သူမ တွေ့လိုက်ရတယ်။ ယွီဝမ်ရှို့ကတော့ တံခါးနားမှာ ထိုင်နေရင်း စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့ကာ ရံဖန်ရံခါ ခေါင်းကို မော့ပြီး ပြေးလွှားနေတဲ့ ကလေးတွေကို လှမ်းကြည့်တတ်တယ်။

လီမင်ပေကတော့ သူ့ရဲ့နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့အရာတစ်ခု ရှိနေခဲ့တာကြောင့် ကျန်းကျန်းရဲ့ ဆွဲခေါ်ရာအတိုင်း လိုက်ပါလာခဲ့ရပေမဲ့ အနောက်ဘက်သို့ လှည့်ကြည့် ၊ လှည့်ကြည့်လုပ်ရင်း တစ်စုံတစ်ယောက်ကို လိုက်ရှာနေခဲ့တုန်းဘဲ။

ဒါကြောင့် တစ်ဖက်မှ အရှေ့ကိုအာရုံမရှိဘဲပြေးလွှားဆော့ကစားနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဝင်တိုက်မိသွားခဲ့ပြီး ထိုကောင်လေးကို မြေပြင်ဆီသို့ လဲကျသွားစေတော့တယ်။

ယွီဝမ်ရှို့တစ်ယောက် စာအုပ်တစ်မျက်နှာကို ဖတ်ပြီးနောက် ခေါင်းမော့ကြည့်လိုက်ချိန်မှာ သူမရဲ့မောင်လေးက မြေပြင်ပေါ်သို့ လဲကျသွားတာကို တွေ့လိုက်ရပြီး အလျင်စလို ပြေးထွက်လာခဲ့တယ်။

“ဝမ်ရှန်း.. အဆင်ပြေရဲ့လား”

All Chapters