← Chapters

Chapter 93

Vol. 10 Ch. 93

Chapter 93

Vol. 10 Ch. 93

လီမင်ပေတစ်ယောက် ယွီဝမ်ရှန်းကို ထူပေးနေတဲ့အချိန်မှာပဲ ရင်းနှီးတဲ့အသံလေးကိုကြားလိုက်ရတာကြောင့် ခေါင်းမော့ကြည့်လိုက်မိတယ်။

ထို့နောက်မှာတော့ သူ့ရဲ့ရှေ့မှာ ပေါ်ထွက်လာခဲ့တဲ့ ယွီဝမ်ရှို့ကို မြင်တွေ့လိုက်ရကာ ရုတ်တရက် ပျော်ရွှင်ဝမ်းသာသွားခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားရတယ်။

သူ့အနေနဲ့ ဘယ်စကားကို စပြောရမလဲဆိုတာကို မသိတော့ဘဲ ခေါင်းကိုကုတ်ရင်းဗလုံးဗထွေးမေးလိုက်မိတယ်။

“ မင်း ဘာလို့ဒီကိုရောက်နေတာလဲ?”

“ဒါက ငါ နင့်ကို မေးသင့်တာ မဟုတ်ဘူးလား”

ယွီဝမ်ရှို့ သူ့ကို ကူကယ်ရာမဲ့၀ွာ ကြည့်လိုက်တယ်။

“နင် ဘာလို့ အမြဲတမ်း လမ်းကို သေချာမကြည့်ဘဲ သွားနေရတာလဲ

.. အရင်တစ်ခေါက်တုန်းကလည်း စက်ဘီးနဲ့ ကျောက်တုံးနဲ့ ဝင်တိုက်မိတယ်.. ဒီတစ်ခေါက်ကျတော့လည်း လမ်းလျှောက်ရင်း ငါ့မောင်လေးကို ဝင်တိုက်မိပြန်တယ်.. နင် လမ်းသွားရင်း ဘာတွေ တွေးနေတာလဲ”

လီမင်ပေရဲ့မျက်နှာက ပိုပိုပြီး နီရဲသွားခဲ့ကာ သူ့ရဲ့ ခေါင်းနောက်ဘက်ကို ကုတ်ရင်း အချိန်ကြာမှ ပြောလာခဲ့တယ်။

“မဟုတ်...အဲဒါကို မစဉ်းစား...”

ကျန်းကျန်း ကြားထဲကနေ အလျှင်အမြန်ဝင်လိုက်ပြီး ယွီဝမ်ရှို့ရဲ့လက်ကို လှမ်းကိုင်လိုက်ကာ ချိုသာစွာပြုံးပြလိုက်တယ်။

“အစ်မဝမ်ရှို့.. ညီမရဲ့ အစ်ကိုနဲ့ ညီမက စက်ရုံဘက်ကို လာကစားကြတာလေ.. ညီမက အခုလို ထူးဆန်းတဲ့ အဆောက်အဦးတွေကို ပထမဆုံးမြင်ဖူးတာလေ.. ဒါကြောင့် ညီမရဲ့အစ်ကိုက ဒီဘက်ကိုမလာသင့်ဘူးလို့ပြောခဲ့ပေမဲ့ ညီမက ခဏလောက်ပဲဆိုပြီး လိုက်ပြခိုင်းခဲ့တာ.. အစ်မဝမ်ရှို့နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ငါတို့ရဲ့မိသားစုက ဒီမှာနေတာလေ”

ယွီဝမ်ရှို့က အလယ်မှာရှိတဲ့ တိုက်တန်းကို လက်ညှိုးထိုးပြပြီး ပြောလာတယ်။

“တတိယအဆောက်အအုံရဲ့ အလယ်မှာရှိတဲ့အိမ်ခန်းလေ.. နင်တို့တွေ ရထားသံလမ်းရဲ့ တောင်ဘက်ကနေလာတာဆိုတော့ အဝေးကြီးက လာခဲ့ရတာပဲ ငါတို့အိမ်ထဲကိုဝင်ပြီး ရေသောက်သွားလိုက်ဦး”

“ မလိုပါဘူး .. မလိုပါဘူး .. ညီမတို့ရေယူလာခဲ့တယ် “

ကျန်းကျန်း လျင်မြန်စွာ ငြင်းလိုက်တယ်။

ယွီဝမ်ရှို့ ကျန်းကျန်းရဲ့လက်ထဲမှ ရေဘူးလေးကို လှမ်းယူပြီး လှုပ်ခါကြည့်လိုက်တယ်။

“ဒါက ကုန်ခါနီးနေပြီလေ.. ငါ့ကို အားနာမနေနဲ့ ငါ့အိမ်ထဲကို လိုက်ပြီး ခဏလောက်ထိုင်ဦး”

ကျန်းကျန်း လီမင်ပေကို တစ်ချက်လှမ်းကြည့်လိုက်တော့ တစ်ဖက်လူက စကားမပြောဘဲ ခေါင်းကိုငုံ့ထားတာကို တွေ့လိုက်ရတာကြောင့် သူဘာတွေ တွေးနေလဲဆိုတာကို သိရှိခဲ့တယ်။

“ဒါဆို အစ်မဝမ်ရှို့ကိုပဲ ဒုက္ခပေးရတော့မယ်”

“နင်က ငါ့ကို အစ်မလို့တောင်ခေါ်နေပြီလေ.. သူစိမ်းဆန်မနေနဲ့တော့”

ယွီဝမ်ရှို့ စိတ်အားထက်သန်စွာ ပြုံးပြီး ယွီဝမ်ရှန်းကို လှမ်းပြောလိုက်တယ်။

“ မင်း အောက်ထပ်မှာ ကစားနေဦးနော်.. ငါ သူတို့ကို ရေတိုက်ဖို့ ခေါ်သွားလိုက်ဦးမယ်”

ကျန်းကျန်း 1960 ခုနှစ်နောက်ပိုင်းမှ အထပ်မြင့်အဆောက်အအုံတစ်ခုကို ပထမဆုံး မြင်တွေ့ခဲ့ရတာကြောင့် ပတ်ဝန်းကျင်ကို စပ်စုစွာလိုက်ကြည့်ခဲ့တယ်။ အထပ်တစ်ခုစီမှာ မိသားစုသုံးစုရှိပြီး ယွီဝမ်ရှို့တို့ မိသားစုက တတိယထပ်မှာ နေထိုင်ကြတယ်။

တံခါးပေါက်ကနေလှမ်းကြည့်ရင် မီးဖိုချောင်ကို မြင်တွေ့နိုင်ပြီး ထိုမီးဖိုထဲမှာ ကြက်လှောင်အိမ်တစ်ခု ရှိကာ ကြက်အနည်းငယ်က သူတို့ရဲ့ ခေါင်းကို ငုံ့ရင်း အစာစားနေကြတယ်။

အခန်းကတော့ အရှေ့ဘက်မှာတစ်ခန်းနှင့် အနောက်ဘက်မှာတစ်ခန်းရှိတယ်။ အရှေ့ဘက်အခန်းက အနည်းငယ်ပိုကြီးပြီး စားသောက်စားပွဲတစ်ခုနှင့် ထောင့်စွန်းနားမှာ စာအုပ်တွေအများကြီးတင်ထားတဲ့ စာရေးစားပွဲကြီးတစ်ခုရှိတယ်။

ကျန်းကျန်း ထိုအနားကိုလျှောက်သွားပြီး လှမ်းကြည့်လိုက်တော့ အပေါ်ဆုံးမှာ သူမနဲ့ ရင်းနှီးနေတဲ့ ကျောင်းသုံးစာအုပ်ကိုတွေ့လိုက်ရတာကြောင့် လှမ်းမေးလိုက်တယ်။

“အစ်မဝမ်ရှို့.. အစ်မလည်း အလယ်တန်း ဒုတိယနှစ်ပဲလား”

“အင်း.. ငါ အခုကျောင်းဖွင့်ရင် အလယ်တန်း တတိယနှစ်ကို တက်ရတော့မှာလေ”

ယွီဝမ်ရှို့က မီးဖိုချောင်မှ ရေနွေးအိုးကို ထုတ်လိုက်ပြီး လီမင်ပေနှင့် ကျန်းကျန်းတို့အတွက် ရေတစ်ခွက်ဆီလောင်းထည့်ပေးခဲ့ကာ ကျန်းကျန်းရဲ့ ရေဘူးကိုလည်း ရေပြန်ဖြည့်ပေးခဲ့တယ်။

“ဒါဆို အစ်မက အလယ်တန်းကျောင်းပြီးရင် အထက်တန်းကျောင်းတက်မှာလား”

ကျန်းကျန်း ထပ်မေးလိုက်တယ်။

“ဟုတ်တယ်”

ယွီဝမ်ရှို့က အပြုံးနှင့် ပြန်ပြောခဲ့တယ်။

“ငါ့အဖေက ငါ့ကို အလယ်တန်းဘွဲ့ရပြီးသွားရင် ငါတို့ ရေအားလျှပ်စစ်စက်ရုံရဲ့ ဒုတိယအထက်တန်းကျောင်းကိုပဲ တက်ခိုင်းနေတာ ဒါမှမဟုတ် ရေအားလျှပ်စစ်စက်ရုံရဲ့ နည်းပညာကျောင်းကို တိုက်ရိုက်တက်ရင်တော့ စက်ရုံကိုဝင်ခွင့်ရဖို့အတွက် အပြင်ကျောင်းတွေထက် ပိုလွယ်လိမ့်မယ်”

ကျန်းကျန်းက လီမင်ပေကို တစ်ချက်လှမ်းလိုက်ပြီး အဓိပ္ပါယ်တွေရောနှောနေတဲ့စကားကို ပြောလိုက်တယ်။

“အစ်မဝမ်ရှို့က ရေရှည်ကို ပိုပြီးတွေးတောထားတာပဲ.. အလယ်တန်းက ဘွဲ့ရပြီးတာနဲ့ ထင်းခုတ်ဖို့အတွက် သစ်တောစီမံခန့်ခွဲရေးရုံးကို သွားချင်နေတဲ့ ညီမရဲ့အစ်ကိုနဲ့ မတူဘူး”

“မဟုတ်ဘူး!”

လီမင်ပေက ကျန်းကျန်းကို အလျင်အမြန် ဟန့်တားလိုက်ပြီး ယွီဝမ်ရှို့ကို အမြန်ကြည့်ကာ ဝင်ပြောလာတယ်။

“ကျွန်တော်လည်း အထက်တန်းကျောင်း တက်ချင်တယ်”

သူက ခေတ္တလောက်ရပ်နားပြီးနောက် ဆက်ပြောလိုက်တယ်။

“ ကျွန်တော်လည်း ရေအားလျှပ်စစ်စက်ရုံရဲ့ ဒုတိယ အထက်တန်းကျောင်းအတွက် စာမေးပွဲကိုဖြေချင်တယ် “

ယွီဝမ်ရှို့က သူ့ကို ပြုံးပြီး ပြောလိုက်တယ်။

“ဒါဆို ကြိုးစားလိုက်တော့!”

ကြိုးစားအားထုတ်စရာ ပန်းတိုင်တစ်ခုရှိသွားပြီးတဲ့နောက် လီမင်ပေတစ်ယောက် ရေအားလျှပ်စစ်စက်ရုံမှ ပြန်လာပြီးချိန်ကတည်းက မတူညီတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

စာကျက်ဖို့ရန်အတွက် ကျန်းကျန်းက သူ့ကို နေ့တိုင်း တိုက်တွန်းနေစရာ မလိုတော့ဘူး။

သူ့အနေနဲ့ စာကျက်ဖို့လိုအပ်ကြောင်းကို ကိုယ်တိုင်အသိစိတ်ရှိလာပြီး ပြတင်းပေါက်ရှေ့မှ စားပွဲမှာ အချိန်တိုင်းနီးပါး ရှိလာခဲ့တယ်။

လီမင်နန် အားလပ်ရက်အတွက် ပြန်ရောက်လာချိန်မှာ လီမင်ပေက သူ့အတွက် လီမင်နန်ရဲ့ပြဋ္ဌာန်းစာအုပ်တွေကို တောင်းယူခဲ့တယ်။

မဒမ်လီကတော့ အလွန်အမင်းပြောင်းလဲသွားတဲ့ မြေးဖြစ်သူကို ကြည့်ရင်း နှလုံးသားရေးကိစ္စနှင့်ဖိနှိပ်ခံရကြောင်း ထင်ကြေးပေးနေခဲ့တယ်။

စက်တင်ဘာလကိုရောက်တော့ လီမူဝူက သူတို့ရဲ့ ရွာထဲမှာရှိတဲ့ သံနှင့်သံမဏိမူလတန်းကျောင်းသို့ သွားပြီး ကျန်းကျန်းအတွက် စာရင်းသွင်းပြီး ကျောင်းအပ်ခဲ့ကာ ကျူရှင်နှင့် စာအုပ်ကြေးတွေကို ပေးဆောင်ခဲ့ပြီး ပြဋ္ဌာန်းစာအုပ်တစ်အုပ်နှင့် ပြန်လာခဲ့တယ်။

မိသားစုက ကျန်းကျန်း ကလေးအရွယ်ကတည်းက ကျောင်းပညာရေးကို အလွန်အလေးထားခဲ့တာဖြစ်ပြီး မဒမ်လီက အပြင်ကိုထွက်ပြီး ပျောက်ကျားပုံစံကျောင်းကျောပိုးအိတ်နှင့် မှတ်စုစာအုပ်၊ ခဲတံခဲဖျက်စတာတွေကို ဝယ်ယူခဲ့တယ်။ စာရေးကိရိယာတွေက လီမင်ပေနှင့် လီမင်နန်တို့ ကျောင်းတက်တုန်းကထက် ပိုပြီးပြည့်စုံနေခဲ့တယ်။

စာအုပ်ထဲမှာ ဥက္ကဌမော်(မော်စီတုန်း)ရဲ့ စကား ကောက်နုတ်ချက်တချို့လည်း ပါဝင်ခဲ့တယ်။

ကျန်းကျန်း ကျောင်းစာအုပ်ကို လှန်ကြည့်ရင်းနှင့် လီမင်ပေကိုခေါ်ပြီး သူမရဲ့နာမည်ကို ဘယ်လိုရေးရမလဲဆိုတာကို သင်ပေးခိုင်းလိုက်တယ်။

ပထမစာလုံး နှစ်လုံးကိုတော့ လီမင်ပေက ကောင်းကောင်းရေးနိုင်ခဲ့ပေမယ့် “ကျန်း” ဆိုတဲ့ စကားလုံးကိုရောက်ချိန်မှာတော့ လီမင်ပေတစ်ယောက်မှန်အောင်မရေးနိုင်တော့ဘူး။ သူက အမှန်ပြင်ရေးရင်း ရေးရင်းနဲ့ စာရွက်တစ်ဝက်ကျော်လောက်ကိုရောက်လာတာတောင် တစ်ခုမှ မှန်အောင်မရေးနိုင်ခဲ့ဘူး။

ကျန်းကျန်းတစ်ယောက် သူ့ရဲ့ နာမည်စကားလုံးထဲမှ လက်ပျောက်လိုက်ခြေပျောက်လိုက်ဖြစ်နေတာကိုကြည့်ရင်း မနေနိုင်တော့ဘဲ စားပွဲခုံကို ခေါက်လိုက်တယ်။

“ ညီမလေးက စတုတ္ထအစ်ကိုရဲ့ညီမနော်.. ဘာလို့ ညီမရဲ့နာမည်တောင် မရေးနိုင်ရတာလဲ”

လီမင်ပေတစ်ယောက် စိတ်ဒုက္ခရောက်နေတဲ့ မျက်နှာနှင့် ပြောလာတယ်။

“မင်းရဲ့နာမည်က အရမ်းခက်တာပဲ.. အစ်ကိုအကြီးဆုံးက မင်းကို ဒီနာမည်ပေးဖို့အတွက် တော်တော်ကြီး တွေးတောထားခဲ့တဲ့ပုံရတယ်.. မင်းကို ငါးတန်းကျောင်းသူဖြစ်လာတဲ့အချိန်မှာတောင် ဒီနာမည်ကို မရေးတတ်လောက်ဘူးဆိုတာ ငါလောင်းရေးတယ်..

ဒါမှမဟုတ် မင်းရဲ့နာမည်ကိုပြောင်းလိုက်ပါလား.. ကောင်းကောင်း မကောင်းကောင်းရိုးရိုးရှင်းရှင်းလေးဆိုရင် ရေးရလွယ်တယ်လေ.. အဲဒီအချိန်ကျရင် ငါ မင်းအတွက် ရေးနည်းသင်ပေးမယ်”

ကျန်းကျန်းက သူ့ကို လှောင်ပြောင်လိုစွာ ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။

“ညီမလေးရဲ့ ကျန်းကျန်းဆိုတဲ့နာမည်က သစ်ပင်ခြုံနွယ်တွေကသန်စွမ်းစွာပေါက်ရောက်လာလိမ့်မယ်လို့ အဓိပ္ပါယ်ရပြီး အရမ်းကောင်းတယ်.. ဒါကို မပြောင်းလဲနိုင်ဘူး”

“ဘာလို့ ခက်ခဲနေတာလဲ.. ဘာလို့ နာမည်မပြောင်းချင်တာလဲ”

လီမင်ပေက သူ့ခေါင်းကို အကြာကြီးကုတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ လှမ်းပြောလာတယ်။

“ငါ နင့်ကို ကောက်ရိုးပုံလို့ ခေါ်စေချင်တယ်.. လီချောင်လေ.. ကောက်ရိုးတွေမှာလည်း မြက်တွေအများကြီးပါတယ်လို့ အဓိပ္ပာယ်ရတာပဲ”

“ညီမရဲ့နာမည်ကို လီရှုလင်းလို့ပဲ ဘာလို့ မပြောတာလဲ.. အဲဒါကလည်း သစ်ပင်တွေ အများကြီးရှိတယ်လေ”

ကျန်းကျန်းက လီမင်ပေရဲ့ ရယ်မောခြင်းကို ခံနေခဲ့ရတယ်။ တကယ်လို့ လူတွေရဲ့ မျက်လုံးနဲ့ နားတွေကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်နဲ့သာ မဟုတ်ခဲ့ရင် သူက ဒီလီမင်ပေလို ငတုံးကို ဘာလို့သင်ပေးခိုင်းနေမှာလဲ။

အခုတော့ သူမ သူ့ကိုရိုက်ချင်နေပြီ။

“ ဖယ်လိုက်တော့.. ညီမ အစ်ကိုကိုမသင်ခိုင်းတော့ဘူး.. အစ်ကိုက အထက်တန်း ဝင်ခွင့် စာမေးပွဲတောင်အောင်မှာ မဟုတ်ဘူး.. မနက်ဖြန်ကျရင် ညီမ ရေအားလျှပ်စစ်စက်ရုံကိုသွားပြီး အစ်မဝမ်ရှို့ကို သင်ခိုင်းလိုက်တော့မယ်”

“မသွားနဲ့ မသွားနဲ့ မသွားနဲ့!”

လီမင်ပေက စားပွဲကို ပုတ်လိုက်တယ်။

“ငါအခု မင်းရဲ့နာမည်ကို ဘယ်လိုရေးရမလဲဆိုတာ သေချာပေါက် သင်ပေးနိုင်တယ်”

သူက အပြင်သို့ လှမ်းအော်လိုက်တယ်။

“အဖွား.. သေတ္တာကိုဖွင့်ပြီး ကျွန်တော့်ကိုအိမ်ထောင်စုစာရင်းစာအုပ်ခဏလောက်ပြပါဦး.. ကျွန်တော် ကျန်းကျန်းရဲ့ နာမည်ကို မရေးတတ်ဘဲနေလိမ့်မယ်လို့ မယုံဘူး!”

ကျန်းကျန်း : “... “

“မင်းညီမရဲ့နာမည်ကိုရေးဖို့အတွက် အိမ်ထောင်စုစာရင်းစာအုပ်ကိုပြန်ကြည့်ဖို့ လိုနေသေးတယ်ပေါ့.. မင်း ကျောင်းမှာ စာတွေသင်နေတာရော ဟုတ်ရဲ့လား”

မဒမ်လီ အထဲကိုဝင်လာခဲ့ပြီး သူမရဲ့ ဘောင်းဘီခါးပတ်မှသော့ကို ဖြုတ်လိုက်ကာ အိမ်ခန်းထဲမှသေတ္တာလေးကိုဖွင့်လိုက်တယ်။ ထို့နောက် အိမ်ထောင်စုစာရင်းစာအုပ်ကိုထုတ်ယူပြီး အထဲမှ မှတ်စုစာရွက်ကို လီမင်ပေေီသို့ လှမ်းပေးလိုက်တယ်။

“ဒါက မင်းအစ်ကို ကျန်းကျန်းရဲ့နာမည်ကို ပထမဆုံးချရေးခဲ့တဲ့အကြိမ်ပဲ.. ဒီလိုမျိုးဖြစ်အောင် သေသေချာချာကြည့်ရေး.. ပြီးရင် ဒါကို အိမ်ထောင်စုစာရင်းစာအုပ်ထဲမှာ ပြန်သိမ်းထားရမယ်.. မင်း ရေးပြီးတာနဲ့ ငါ့ကို ပြန်ပေး”

ကျန်းကျန်း မှတ်စုစာရွက်ပေါ်မှ အလွန်လှပတဲ့လက်ရေးနဲ့ရေးထားတဲ့ လီမင်ကျန်းဆိုတဲ့ စကားလုံးကြည့်ကာ မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး။

“အစ်ကိုကြီးဆီက မျှော်လင့်ထားသလိုပဲ.. ဒီစကားလုံးက ဘယ်လောက်လှလိုက်သလဲဆိုတာ ကြည့်ကြည့်လိုက်ဦး”

ထို့နောက် လီမင်ပေကိုပြန်ကြည့်ရင်း ကျန်းကျန်း သက်ပြင်းမ ချနိုင်လိုက်မိပြန်တယ်။

“ဒုတိယအစ်ကို ဒါမှမဟုတ် တတိယအစ်ကိုလည်း အိမ်မှာမရှိဘူး..

ညီမလေးကတော့ စတုတ္ထအစ်ကိုဆီကနေ တကယ်ကို စာရေးနည်းမသင်ချင်ဘူး.. တော်ကြာ စတုတ္ထအစ်ကိုဆီကနေ ခွေးခြစ်ကြောင်ခြစ်တဲ့စာရေးနည်းတွေကိုပဲ တတ်သွားမှာကို ကြောက်မိတယ်”

“စာကို ဘယ်လိုရေးရမလဲဆိုတာကို သိရင်တော်လောက်ပြီပေါ့.. ဘာလို့ တောင်းဆိုတာတွေ များနေရတာလဲ”

လီမင်ပေက ခဲတံတစ်ချောင်းကို ထုတ်ယူလိုက်ပြီး လီမင်ကျန်းဆိုတဲ့စကားလုံးကို အကြိမ်များစွာ ကူးယူလိုက်ကာ နောက်ဆုံးတော့ အကောင်းဆုံးဖြစ်အောင်ရေးပြီး ကျန်းကျန်းရှေ့ကိုတွန်းပို့ပေးလိုက်တယ်။

“ရေးကြည့်လိုက်.. မင်းလည်း ငါ့လောက်ပဲ ဖြစ်နေမှာဘဲ.. လက်ရေးလက်သားဆိုတာက အစပိုင်းမှာ မကောင်းတတ်တာ ပုံမှန်ပါပဲ.. များများလေ့ကျင့်လိုက်ရင် ပိုပိုပြီး လှလာလိမ့်မယ်

ငါ လက်ရေးမလှဘူးဆိုတာက မှတ်စုစာအုပ်ကို ဖြုန်းတီးရမှာကို နှမျောနေခဲ့ပြီး လက်ရေးလှမလေ့ကျင့်ခဲ့လို့..

မဟုတ်ဘဲ ငါလည်း လက်ရေးလှရေးတာလေ့ကျင့်ခဲ့ရင် အစ်ကိုကြီးထက်တောင် ပိုကောင်းမှာ သေချာတယ်..

ငါက အကုန်လုံးမှာ တော်တဲ့လူပဲလေ”

All Chapters