← Chapters

Chapter 94

Vol. 10 Ch. 94

Chapter 94

Vol. 10 Ch. 94

ကျန်းကျန်းတစ်ယောက် လီမင်ပေကို မည်းမှောင်စွာသာ ကြည့်လိုက်မိကာ ဘယ်လို ပြန်တုံ့ပြန်ရမလဲဆိုတာကိုတောင် မတွေးတောနိုင်တော့ဘူး။

ထိုအချိန်မှာ ခန်ပေါ်မှာထိုင်နေခဲ့တဲ့ မဒမ်လီတစ်ယောက် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ထရပ်ကာ လီမင်ပေရဲ့ခေါင်းကို ဆေးတံနဲ့ လှမ်းခေါက်လာတယ်။

“မင်းက မင်းဘာသာမင်း လက်ရေးမလှတဲ့အပြင် အငယ်ကိုပါ ဆွဲချချင်နေသေးတာလား? မင်းက စာရေးရမှာကို စကားလုံးတွေက ပျံသန်းနေလို့ လိုက်ဖမ်းနေရသလိုဖြစ်နေခဲ့တာလေ.. ခုံမှာထိုင်ပြီး စကားလုံးတစ်ခုကို နှစ်ကြိမ်ထပ်ပိုပြီး ကူးမရေးနိုင်ခဲ့ဘူး..

မှတ်စုစာအုပ်ကိုလည်း ကျောင်းလွယ်အိတ်ထဲမှာဘဲ ထိုးထည့်ထားပြီး ထုတ်လာတဲ့အချိန်ကိုတောင် မမြင်မိဘူး.. နောက်ဆုံး စာအုပ်တွေက ရေးလို့မကုန်ဘဲ တစ်ဝက်လောက်သာ စုတ်ပြဲသွားခဲ့ရတာ..

မင်းလိုကောင်စုတ်လေးက စာအုပ်ကုန်မှာစိုးလို့ မရေးခဲ့ဘူးလို့ ပြောနေတာ မရှက်ဘူးလား”

လီမင်ပေရဲ့မျက်နှာက မြေကြီးပေါ်သို ပြန်လည် ပစ်ချခံလိုက်ရပြီး သူ့ရဲ့မျက်နှာကလည်း ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့တယ်။

သူက သူ့ကိုထိုင်ရယ်နေတဲ့ ကျန်းကျန်းကိုကြည့်ရင်း အဖွားဖြစ်သူနဲ့ ဆွေးနွေးခဲ့ပြန်တယ်။

“အဖွား .. ကြည့်လိုက်ဦး ကျန်းကျန်းက ကျွန်တော့်ကိုရယ်နေပြီ.. ကျွန်တော့်ရဲ့ အစ်ကိုတစ်ယောက်ရဲ့ ပုံရိပ်ကို နည်းနည်းလောက်ထိန်းထားပေးလို့မရဘူးလား”

“မင်းက မင်းရဲ့ညီမရှေ့မှာ ပုံရိပ်ဆိုတာရောရှိနေသေးလို့လား.. အခုဆို မင်းက အစ်ကိုတစ်ယောက်နဲ့တောင် မတူတော့ဘူး”

မဒမ်လီက သူမရဲ့ ဆေးတံကို ချလိုက်ပြီး ဗီရိုထဲမှ ပြက္ခဒိန် စာရွက်အသန့်ကို ထုတ်ယူလိုက်ကာ သူမ ကျန်းကျန်းအတွက် ဝယ်လာပေးတဲ့ ဖတ်စာအုပ်တွေကို သွားယူပြီး ခန်ပေါ်မှာတင်ကာ စာအုပ်အဖုံးအဖြစ်ချုပ်ပေးဖို့ လုပ်လိုက်တယ်။

ကျန်းကျန်းက အလျှင်အမြန်ပြောလိုက်တယ်။

“အဖွား သမီးအဖြူဘက်ကို အပြင်ဘက်မှာထားချင်တယ်.. ရုပ်ပုံတွေကို အတွင်းဘက်မှာထားပေး.. သူ့ရဲ့ပုံထဲမှာပါတဲ့ ဟာတွေက မလှဘူး”

“ဒီမိန်းကလေးကတော့.. တခြားလူတွေက စာအုပ်အဖုံးပေါ်မှာ ရုပ်ပုံတွေမပါမှာကို ကြောက်ကြတယ်.. မင်းကတော့ ကြည့်လို့မကောင်းဘူးလို့တောင် ဂျီးများပြီး တွေးနေသေးတယ်”

သူမက ထိုသို့ပြောလိုက်ပေမယ့် ကျန်းကျန်းရဲ့စကားအတိုင်း အဖြူဘက်မျက်နှာပြင်ကို အပြင်ဘက်မှာ ထားပေးနေတုန်းပဲ။

ကျန်းကျန်းက စားပွဲမှာထိုင်ပြီး သူမရဲ့နာမည်ကို တစ်လုံးပြီးတစ်လုံးရေးနေခဲ့တယ်။ သူမ ဘောပင်ကို မကိုင်တာ ခြောက်နှစ်လောက်ရှိနေပြီဖြစ်ကာ လက်ရှိသူမရဲ့လက်တွေကလည်းက သေးငယ်လွန်းတာကြောင့် စာရေးရတာ အနည်းငယ်ခက်ခဲနေခဲ့တယ်။

သူမရဲ့နာမည်ကို ချရေးပြီးနောက် ကျန်းကျန်းက သူမရဲ့ ခေါင်းကိုစောင်းရင်း ကြည့်လိုက်ကာ အတော်လေး စိတ်မကျေနပ်နိုင်ဖြစ်နေခဲ့တယ်။

“ဒါက ရုပ်ဆိုးလွန်းတယ်”

လီမင်ပေက ကျန်းကျန်းရဲ့ လက်ရေးကို ကြည့်လိုက်ပြီး သူ့ရဲ့ကိုယ်ပိုင်လက်ရေးကို ပြန်ကြည့်လိုက်ကာ မယုံကြည်နိုင်စွာနဲ့ ပြောလာတယ်။

“မင်း အခုမှ စာစပြီးရေးတာကို မင်းရဲ့လက်ရေးက မင်းဘာလို့ အရမ်းလှနေရတာလဲ.. မင်းက တိတ်တိတ်လေး လေ့ကျင့်ထားတာလား”

မဒမ်လီက သူမမြေးရဲ့အော်သံကိုကြားတော့ ခန်ပေါ်မှ အမြန်ဆင်းကာ အနားသို့ လာကြည့်လေတယ်။ စာရွက်ပေါ်မှာ ရှိနေတဲ့ “လီမင်ကျန်း” ဆိုတဲ့ စကားလုံးက အနည်းငယ်ကြီးမားပုံရပေမဲ့ အလျားလိုက်နှင့် ဒေါင်လိုက်မျဥ်းတွေက အတော်လေး ကြည့်ပျော်ရှုပျော်ရှိနေခဲ့တယ်။

မဒမ်လီက ကျန်းကျန်းရဲ့ဆံပင်ကို အသာ ပွတ်သပ်ရင်း အပြုံနဲ့ပြောလိုက်တယ်။

“ငါတို့ရဲ့အကြီးဆုံးပေါင်ပေ့က အရမ်းဥာဏ်ကောင်းလွန်းတယ်.. သူမရဲ့ လက်ရေးက ဘယ်လောက်ထိကောင်းလဲဆိုတာကိုကြည့်လိုက်.. အကြည့်တစ်ချက်လောက်နဲ့ကို သူမက ကောလိပ်ဝင်ခွင့်ရနိုင်မယ်ဆိုတာသေချာပေါက်သိနိုင်တယ်”

လီမင်ပေရေးထားတဲ့ စကားလုံးတွေကို ပြန်ကြည့်လိုက်တော့ မဒမ်လီက မျက်ဖြူလှန်ပြလာခဲ့တယ်။

“မင်းကတော့ အထက်တန်းကျောင်းကို တက်နိုင်တယ်ဆိုရင်ပဲ ငါကျေနပ်ပါတယ်”

လီမင်ပေ အနည်းငယ် စိတ်ပျက်အားလျော့သွားခဲ့ရပြီး ယွီဝမ်ရှို့ရဲ့ အသွင်အပြင်ကို ပြန်လည်သတိရမိသွားတော့ သူရဲ့ စိတ်အားထက်သန်မှုတွေက ပြန်ရောက်လာခဲ့ပြန်တယ်။

“ကျွန်တော် အထက်တန်းကျောင်းကို သေချာပေါက် တက်ခွင့်ရအောင်လုပ်မှာ.. နောက်ပြီး အနာဂတ်မှာ ရေအားလျှပ်စစ် စက်ရုံမှာ အလုပ်လုပ်ချင်ချင်တယ်”

“ကောင်းပြီ.. နောက်ဆုံးတော့ မင်းမှာ ရည်မှန်းချက်တွေရှိလာပြီပဲ”

မဒမ်လီက ခေါင်းညိတ်ပြလိုက်ပြီး လီမင်ပေကို ခပ်ဖွဖွရိုက်လိုက်တယ်။

“ဒါပေမယ့် မင်းရဲ့လက်ရေးလက်သားကတော့ ကောင်းကောင်းလေ့ကျင့်ဖို့ လိုသေးတယ်ထင်တယ်.. စာမေးပွဲမှာ ဆရာတွေက မင်းရဲ့အဖြေလွှာစာရွက်ကို မဖတ်နိုင်ဘူးဆိုရင် မင်းဘယ်လောက်ပဲ ကောင်းကောင်းကြိုးစားနေပါစေ အသုံးမဝင်ဘူးဖြစ်သွားလိမ့်မယ်”

ကျန်းကျန်းက မဒမ်လီကို ချီကျူးလိုစွာနဲ့ လက်မထောင်ပြလိုက်တယ်။

“အဖွား .. အဖွားက အကုန်လုံးကိုသိနေတာပဲ.. အဖွားက ကျောင်းကိုမသွားခဲ့ဖူးပေမဲ့ ကျောင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေကို ကောင်းကောင်းသိတယ်.. တတိယမြောက်အစ်ကို နောက်ဆုံးတစ်ခေါက်ပြန်လာတုန်းကလည်း အဖွားပြောသလိုပဲ ပြောခဲ့တာ”

“ သေချာတာပေါ့”

မဒမ်လီက ခန်ပေါ်မှာ ဂုဏ်ယူစွာ ပြန်ထိုင်လိုက်ပြီး သူမရဲ့ စာအုပ်အဖုံးကို ဆက်ပြီးချုပ်ရင်းပြောလာတယ်။

“ငါက မင်းရဲ့အစ်ကိုတွေကို ပြုစုပျိုးထောင်ပေးခဲ့တာလေ.. သူတို့ရဲ့ ကျောင်းရဲ့ စာမေးပွဲတွေအကြောင်းကို ငါသိနေပြီ”

လီမင်ပေက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တယ်။

“ဒါဆို ကျွန်တော် နေ့တိုင်း နောက်ထပ် စာမျက်နှာတစ်ရွက်လောက် ကူးယူပြီး လေ့ကျင့်လိုက်မယ်”

“စာတွေကို ကော်ပီမကူးနဲ့.. မင်းဘာသာမင်း တစ်လုံးချင်း ရှင်းရှင်းလင်းလင်း ရေးပြီး မျဥ်းတွေကို သေသေချာချာဆွဲကြည့်”

အဖွားလီက သူ့ကို စကားတစ်ခွန်းနှစ်ခွန်းလောက် သင်ပေးပြီး နှလုံးသားကို ဓားနဲ့ထိုးလိုက်ပြန်တယ်။

“ စကားမစပ် မင်းရဲ့ စကားလုံးတွေက ကျန်းကျန်းထက်တောင် ရုပ်ဆိုးတယ်.. ပြီးသွားရင် မင်းရဲ့ညီမကို တရုတ်စကားနဲ့ ဂဏန်းသင်္ချာတချို့ သင်ပေးပြီး သူမ ရေးတတ်တဲ့အထိ စောင့်လိုက်.. ပြီးသွားမှ သူမရဲ့လက်ရေးရေးနဲ့ ကိုယ်တိုင် ရေးတာက ပိုကောင်းလိမ့်မယ် ..

နောက်ပြီး မင်းရဲ့စာအုပ်တွေက ညစ်ပတ်လွန်းတယ်.. သူမရဲ့ စာအုပ်အဖုံးက ကိုင်ရင် ဂရုစိုက်ကိုင်ဦး.. သူမရဲ့စာအုပ်အဖုံးတွေသာ ညစ်ပတ်သွားရင် သူမက သေချာပေါက် ပျော်တော့မှာမဟုတ်ဘူး”

ကျန်းကျန်းက အလွန်ငယ်ရွယ်လွန်းတဲ့အချိန်ကတည်းက အသန့်ကြိုက်တတ်တာကိုတွေးမိတော့ လီမင်ပေတစ်ယောက် သူသာ ကျန်းကျန်းကို မပျော်မရွှင်ဖြစ်အောင်လုပ်မိရင် အဖွားဖြစ်သူဆီမှာ ဆေးတံနဲ့ အခေါက်ခံရမှာကို ကြောက်လန့်မိတာကြောင့် အမြန်သဘောတူလိုက်တယ်။

သူက ကျန်းကျန်းအတွက် လက်ရေးလှရေး စာအုပ်အသစ်တစ်အုပ်ကို ချက်ချင်းထုတ်ယူလိုက်ပြီး သူမရဲ့ စာအုပ်အဖုံးမှာ ရေးဖို့လိုအပ်တာတွေကို သင်ပြပေးခဲ့ကာ သူမကို တစ်အုပ်ပြီးတစ်အုပ်ရေးခိုင်းလိုက်တယ်။

စကားလုံးတွေအားလုံးက ကျန်းကျန်း အလွန်ရင်းနှီးနေပြီးသားဖြစ်ပေမဲ့ သူမက အလေးအနက်ထားပြီး သင်ယူ ရေးသားနေတုန်းပဲ။

သူမရဲ့အတိတ်ဘဝမှာတုန်းက ငယ်စဉ်ကတည်းက စာရေးဖို့အတွက် စက်ခဲတံကို အသုံးပြုခဲ့ပြီး အလယ်တန်းကျောင်း စတက်ရတဲ့အချိန်ကစပြီး ဘောသီးပါတဲ့ဘောပင်ကို အသုံးပြုခဲ့တယ်။

ဒါပေမယ့် သူမရဲ့ လက်ရေးက ကြည့်ကောင်းဖို့ အလွန်ဝေးနေခဲ့တယ်။ ဒါကြောင့် ကျန်းကျန်းက လက်ရေးလှတဲ့လူတွေကို အလွန်မနာလိုဖြစ်မိပြီး ကောလိပ်ကိုရောက်တဲ့အချိန်မှာ သူမရဲ့လက်ရေးလက်စားကို လေ့ကျင့်ဖို့အတွက် လက်ရေးလှသင်တန်းတက်ဖို့ စာရင်းသွင်းခဲ့တယ်။

သို့ပေမယ့် ထိုအချိန်တုန်းက အသေအချာမလေ့ကျင့်ခဲ့တာတော့ စိတ်မကောင်းစရာပဲ။

ထိုအချိန်မှာ သူမက မိုဘိုင်းဂိမ်းတွေဆော့တာတွေ၊ ဒရမ်မာတွေကို လိုက်ကြည့်တာတွေ ဒါမှမဟုတ် အွန်လိုင်းဝတ္ထုတွေကို နေ့တိုင်းဖတ်ရှုတာတွေလုပာပြီး အလုပ်များနေခဲ့တယ်။

သူမက အပတ်တိုင်း အတန်းသွားတက်ခဲ့ပေမယ့် ပြန်လာတဲ့အချိန်တွေမှာ သိပ်ပြီးမလေ့ကျင့်ဖြစ်ခဲ့တာကြောင့် မတိုးတက်လာခဲ့ဘူး။

အခု နောက်တစ်ဖန် ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူမ မူလတန်းကျောင်းကနေ ပြန်တက်ရလိမ့်မယ်။

ကျောင်းသုံးစာအုပ်ရဲ့ အကြောင်းအရာတွေက အလွန်ရိုးရှင်းသော်လည်း ကျန်းကျန်းတစ်ယောက် ကျောင်းတက်ရဖို့အတွက် မျှော်လင့်ချက်အပြည့်ရှိနေတုန်းပဲ။

ဘွဲ့ရပြီးတဲ့နောက်မှာ ကျောင်းတက်ရတဲ့ ပျော်ရွှင်မှုကို သူမ ပြန်လည်ကြုံတွေ့ရတော့မယ်။

ကျန်းကျန်းရဲ့ မျှော်လင့်ချက်တွေအောက်မှာဘဲ ကျောင်းစဖွင့်လာခဲ့တယ်။ ထိုနေ့မှာ မဒမ်လီက တစ်မိသားစုလုံးကို နံနက်အစောကြီးကတည်းက အိပ်ရာကထဖို့ နှိုးခဲ့တယ်။

ဝမ်စုဖန်းက ကျန်းကျန်းအတွက် လက်လုပ်ကြက်ဥခေါက်ဆွဲပြုလုပ်ရန် မီးဖိုချောင်သို့ဝင်နေတုန်းမှာ မဒမ်လီက သစ်သားဘီးဟောင်းကိုယူကာ မနေ့ညက သူမ လျှော်ထားပေးခဲ့တဲ့ ကျန်းကျန်းရဲ့ ဆံပင်ကို ဖြီးပေးခဲ့တယ်။

ကျန်းကျန်းက ငယ်စဉ်ကတည်းက ထင်းရှူးစေ့နှင့် သစ်အယ်စေ့တွေကို စားသုံးခဲ့တယ်။

သူမက အစေ့အဆန်အကြီးတွေကိုရော အစေ့အဆန်အသေးတွေကိုပါ စားခဲ့တာကြောင့် သူမရဲ့ဆံပင်တွေက အလွန်ကောင်းမွန်ပြီး အနက်ရောင်ဖဲချပ်တွေလိုမျိုးလှပနေခဲ့ကာ နက်ဆွေးပြီး ချောမွတ်နေခဲ့တယ်။

မဒမ်လီက ကျန်းကျန်းကို ကျစ်ဆံမြီးနှစ်ခု ကျစ်ပေးလိုက်ပြီး ကျစ်ဆံမြီးရဲ့အဆုံးမှာ အသစ်ဝယ်ထားတဲ့ ခေါင်းစည်းအနီလေးနဲ့ နောက်ထပ်ပတ် စည်းပေးလိုက်တယ်။

ထို့နောက် သူမကို မတ်တတ်ထရပ်ခိုင်းခဲ့ကာ ခြေလှမ်း နှစ်လှမ်းသုံးလှမ်းလောက် လျှောက်ပြခိုင်းလိုက်ရင်း မဒမ်လီတစ်ယောက် ကျန်းကျန်းရဲ့ ၀တ်စုံကို စိတ်ကျေနပ်စွာနှင့် ကြည့်နေခဲ့တယ်: သူမက အဝါရောင်တောက်တောက် ပန်းပွင့်အင်္ကျီ၊ အောက်ခံအပြာနုရောင်ရှိတဲ့ အနီရောင် အပေါ်ထပ်ဆွယ်တာအင်္ကျီနကိုဝတ်ထားပြီး အောက်ဘက်မှာတော့ ကာကီရင့်ရောင်ဘောင်းဘီရှည်ကိုဝတ်ထားခဲ့တယ်။

ဘယ်နေရာကများ ကြည့်ကောင်းနေလို့လဲ။

“ငါ့မြေးမလေးက တကယ််အလှလေးပဲ.. မင်းဦးလေး ပြန်ပို့ပေးလိုက်တဲ့အဝတ်အစားတွေကလည်း ကြည့်ကောင်းတယ်.. ဒီမှာဆိုရင် ငါတို့တွေ အခုလို အဝတ်အစားကောင်းတာမျိုး မဝယ်နိုင်ဘူး”

မဒမ်လီက ပြုံးရွှင်စွာနှင့် ခေါင်းညိတ်လိုက်ပြီး ဘူးတစ်ဘူးကိုဖွင့်ကာ အထဲမှ ပန်းသီးတစ်လုံးကို ထုတ်ယူပြီး ကျန်းကျန်းရဲ့ ကျောင်းလွယ်အိတ်ထဲသို့ ထည့်ပေးလိုက်တယ်။

“အတန်းပြီးသွားရင် ရေဆေးပြီး စားလိုက်နော်”

မနက်စာစားပြီးနောက်မှာ လီမူဝူက ဂိုဒေါင်နံရံမှ သူရဲ့စက်ဘီးကြီးကို အလေးအနက် ချလိုက်ပြီး နောက်ထိုင်ခုံကို လက်နှင့်ပုတ်ရင်း ဂုဏ်ယူစွာပြောလာတယ်။

“သမီးလေး ..လာခဲ့.. အဖေ မင်းကို ကျောင်းလိုက်ပို့ပေးမယ်”

ကျန်းကျန်းတစ်ယောက် သူတို့ရဲ့အိမ်နှင့် မီတာရာဂဏန်းအနည်းငယ်အကွာမှာရှိနေတဲ့ သံနှင့်သံမဏိမူလတန်းကျောင်းဘက်ကို လှမ်းကြည့်ရင်း မျက်နှာပေါ်မှာ မည်းမှောင်တဲ့ အမူအရာတွဖြစ်လာရတယ်။

“ကျောင်းက အရမ်းနီးတယ်လေ.. သမီး ဒီအတိုင်း လျှောက်သွားလိုက်လို့ရတယ်.. စက်ဘီးစီးပြီး လိုက်ပို့နေစရာမလိုဘူး”

“ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. အခုက ပုံမှန်လို ကျောင်းတက်နေတဲ့နေ့ရက်မျိုးမဟုတ်ဘူးလေ.. ဒါက ပထမဆုံးကျောင်းကိုသွားမဲ့နေ့ပဲ”

လီမူဝူက ကျန်းကျန်းကို စက်ဘီးနောက်ထိုင်ခုံပေါ်သို့ ပွေ့ချီကာ တင်လိာက်ပြီး စက်ဘီးကို တွန်းသွားရင်းနဲ့ ကျန်းကျန်းကို ကျောင်းသို့ လိုက်ပို့ပေးခဲ့တယ်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့ကလည်း ကျန်းကျန်းတစ်ယောက် ကျောင်းနှင့် လိုက်လျောညီထွေမဖြစ်မှာကို စိုးရိမ်နေကြတာကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အဆုံးမှာတော့ ကျန်းကျန်းကို လိုက်ပို့ဖို့အတွက် နောက်မှ လိုက်ပါသွားခဲ့ကြတယ်။

All Chapters