Chapter 95
Vol. 10 Ch. 95
ယနေ့ခေတ်ကာလမှာ မိသားစုတစ်ခုချင်းစီက သားသမီးတွေရဲ့ ကျောင်းပညာရေးအပေါ်ကို အရေးထားအလေးပေးမှုတွေက မတူညီကြဘူး။
တစ်ချို့လူတွေက စာအုပ်များများဖတ်မယ်ဆိုရင် သူတို့ရဲ့သားသမီးတွေကို အလုပ်ကောင်းကောင်းရရှိနိုင်ဖိိ့ ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ စဉ်းစားကြတယ်။ တစ်ချို့လူတွေကတော့ ကျောင်းဆိုတာက ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ နေရာလို့ သတ်မှတ်ထားကြပြီး အိမ်မှာ ကလေးတွေရဲ့ဆူညံသံတွေနှင့် ပွတ်လောရိုက်နေတာ သက်သာစေဖို့အတွက် ကျောင်းကိုပို့ဖို့ တွေးတောကြတယ်။
ကျောင်းမှာ ဂရုစိုက်ပေးတဲ့ ဆရာတွေ အများကြီးရှိတာကြောင့် စိတ်ပူစရာတွေလည်း အများကြီး သက်သာစေလိမ့်မယ်။
ဒါကြောင့် ကျောင်းစတက်တဲ့နေ့မှာ ကလေးအချို့က သူတို့ရဲ့ ကျောပိုးအိတ်ကိုသာ သယ်ဆောင်ပြီး ရောက်ရှိလာခဲ့ကြပြီး အချို့ကတော့ မိဘတွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြတယ်။ သို့ပေမဲ့ စက်ဘီးနှင့် လိုက်ပါပို့ပေးတဲ့အပြင် မိသားစုဝင် သုံးယောက်တောင် လိုက်ပါလာတဲ့သူကတော့ ကျန်းကျန်းက ပထမဆုံးပဲ။
လီမူဝူက ဂိတ်တံခါးဘေးမှာ စက်ဘီးကို ဂရုတစိုက်ရပ်လိုက်ပြီး ကျန်းကျန်းကို စက်ဘီးပေါ်မှ ပွေ့ချီကာ ချပေးလိုက်တယ်။
လီမိသားစုဟောင်းက ထိုမန်းဂနိစ်စတီးလ်စက်ဘီးကို ဝယ်ယူခဲ့ကြောင်းကို အနီးနားမှာ နေထိုင်ကြတဲ့ လူတွေအကုန်လုံးက သိထားကြပြီး သူတို့ကို လှမ်းနှုတ်ဆက်လာကြတယ်။
“အိုး .. မူဝူ မင်းရဲ့သမီးကို ကျောင်းလိုက်ပို့ပေးဖို့ မင်းရဲ့စက်ဘီးကို တွန်းထုတ်လာတာလား”
တချို့သောလူတွေကတော့ သူတို့နဲ့ အဝေးမှာ နေထိုင်ကြတာဖြစ်လို့ အခုလိုမျိုး အလွန်ရှားပါးတဲ့ မန်းဂနိစ်စတီးလ်စက်ဘီးကို မြင်တွေ့လိုက်ရချိန်မှာ မထိန်းနိုင်ဘဲ သူတို့အနားကိုလျှောက်လာကာ စက်ဘီးကို ထိကြည့်လာကြတယ်။
လီမူဝူက အလွန်ဂုဏ်ယူနေသလို အလွန်အမင်းလည်း တွန့်ဆုတ်နေခဲ့တယ်။
“ကောင်းပြီ ကောင်းပြီ.. မထိကြနဲ့တော့.. မင်းတို့တွေ တချိန်လုံးထိနေလို့ စက်ဘီးအရောင်ကွာသွားရင် ဘယ်လိုလုပ်မလဲ”
ဒီလူတွေက စက်ဘီးကို တစ်ချိန်လုံးထိနေကြတာကို တွေ့တော့ သူနည်းနည်းလောက် စိုးရိမ်နေခဲ့တယ်။
သုတ်ဆေးက ကျွတ်လွယ်တယ်လို့ ပြောတာကိုကြားတော့ လူတိုင်းက နောက်ကို ပြန်ဆုတ်သွားခဲ့ကြတယ်။ ဒီစက်ဘီးက အလွန်စျေးကြီးလွန်းပြီး တကယ်လို့သာ အမှန်တကယ်ထိခိုက်ပျက်စီးသွားမယ်ဆိုရင် သူတို့တွေ ပြန်ပြီး ပေးချေနိုင်မှာမဟုတ်ဘူး။
သူ့ရဲ့စက်ဘီးကို ဝိုင်းရံထားတဲ့ လူတွေအများကြီးရှိနေတာကို မြင်လိုက်ရတော့ လီမူဝူက စက်ဘီးကို ဒီမှာချန်ထားခဲ့ရမှာကို စိတ်ပူနေခဲ့ပြီး စက်ဘီးကို အိမ်ပြန်ပို့ဖို့ တွေးတောနေခဲ့တော့တယ်။ မဒမ်လီကတော့ သူ့ကို ဂရုစိုက်မနေတော့ဘဲ ကျန်းကျန်းကို ကျောင်းထဲသို့ ခေါ်သွားပေးခဲ့တယ်။
သံနှင့်သံမဏိမူလတန်းကျောင်းကို ကျောင်းလို့ ခေါ်ပေမဲ့လည်း အမှန်တကယ်မှာတော့ အိမ်တန်းလေးတွေသာ ဖြစ်ပြီး စုစုပေါင်း အခန်း လေးခန်းသာရှိတယ်။ ထိုအထဲမှာ အခန်းတစ်ခန်းက ဆရာတွေရဲ့ရုံးခန်းဖြစ်ပြီး ကျန် (၃) ခန်းကတော့ ပထမတန်းကနေ ဆဋ္ဌမတန်းအထိ ကျောင်းသားတွေကို နေရာချထားတယ်။
ကစားကွင်းက ကြီးမားခြင်းမရှိဘဲ အလံတိုင်ကလွဲရင် တခြား ဘယ်လိုကစားစရာတွေမှ မရှိပေမယ့် ကျောင်းသားတွေက အလံတိုင်တဝိုက်မှာ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြတုန်းပဲ။
ကျောင်းလာတက်ကြတဲ့ ကျောင်းသားအများစုက ရထားလမ်းရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့ မိသားစုမှ ကလေးတွေပဲ။ ကျောင်းနေအရွယ်ကလေးတွေ အများအပြားမရှိတဲ့အပြင် ကျောင်းမှာလည်း အခန်းတွေ အများကြီး မရှိတာကြောင့် စာသင်ခန်းတစ်ခန်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ကျောက်သင်ပုန်းတွေ တပ်ဆင်ထားတယ်။
ပထမတန်းနှင့် ဒုတိယတန်းက စာသင်ခန်းတစ်ခန်းတည်းမှာ အတူရှိနေလိမ့်မယ်။
ဆရာတွေက များသောအားဖြင့် ပထမတန်းကလေးတွေကို ပထမဆုံး သင်ကြားပေးပြီး စာသင်ချိန်ပြီးဆုံးချိန်မှာ သူတို့တွေကို အိမ်စာတွေပေးခဲ့ပြီး အခန်းရဲ့ နောက်တစ်ဖက်ကိုသွားပြီး ဒုတိယတန်းကလေးတွေကို သင်ကြားပေးလိမ့်မယ်။
အခုအချိန်မှာ ဆရာ၊ဆရာမတွေက ဘယ်သူက ဘာသာစကားကိုသင်ကြားပြီး၊ ဘယ်သူက ဂဏန်းသင်္ချာကို သင်ကြားကာ အယူဝါဒနှင့် အကျင့်စာရိတ္တတို့ဘယ်သူက သင်ကြားမလဲဆိုတာကို ခွဲခြားထားခြင်းမရှိသေးဘဲ အကုန်လုံးကို ဆရာတစ်ယောက်တည်းကပဲ သင်ကြားလိမ့်မယ်။
ဆရာတစ်ဦးက အတန်းနှစ်တန်းကို ကိုင်တွယ်သင်ကြားပေးမှာဖြစ်ပြီး သံနှင့်သံမဏိမူလတန်းကျောင်းမှာ ဆရာသုံးယောက်နဲ့နှင့် ကျောင်းအုပ်တစ်ယောက်သာ ရှိနေခဲ့တယ်။
စာသင်ခန်းထဲမှာတော့ ရှေးခေတ်ကာလကသုံးခဲ့တဲ့ စားပွဲရှည်များနှင့် ကုလားထိုင်ရှည်တွေ ရှိနေခဲ့တယ်။
ဒုတိယတန်းကလေးတွေက ကစားကွင်းမှာ ပျော်မြူးနေတုန်းပဲဖြစ်ပြီး ဘယ်သူမှ ဝင်မလာကြသေးဘူး။ စာသင်ခန်းထဲမှာ ပထမတန်းကလေး ခုနှစ်ယောက် ရှစ်ယောက်လောက်ရှိနေခဲ့အယ်။
ကျန်းကျန်း ဘယ်ညာကြည့်ရင်း တတိယတန်းရဲ့ အလယ်နေရာကို ရွေးလိုက်ပြီး ကျောင်းလွယ်အိတ်ကို ချလိုက်တယ်။
မဒမ်လီက တီးတိုးပြောလာတယ်။
“ဒီနေရာမှာဘဲထိုင်နော်.. ဆောင်းတွင်းကျရင် စာသင်ခန်းထဲမှာ မီးဖိုဖွင့်ထားတတ်တယ်.. ဒီနေရာက ကောင်းတယ်..မီးဖိုနဲ့ အရမ်းဝေးသွားမယ်ဆိုရင် ဆောင်းရာသီကျရင် အအေးက အရမ်းပြင်းထန်တယ်.. ဒီနေရာက အကောင်းဆုံးပဲ”
ပေရှားရဲ့ဆောင်းရာသီကအနုတ် 30 ဒီဂရီစင်တီဂရိတ်လောက်အထိ အေးခဲနိုင်တယ်။ သူတို့ရဲ့အိမ်မှာရှိနေမယ်ဆိုရင် မီးဖိုထဲကိုထင်းရှူးနီသစ်တွေ ကို တစ်နေကုန်လောင်ကျွမ်းစေတာဖြစ်ပြီး ကျန်းကျန်းဆိုရင် ပူနွေးလွန်းတာကြောင့် ဆွယ်တာအင်္ကျီကိုတောင် မဝတ်နိုင်ဘူး။
ဒါပေမယ့် ကျောင်းမှာက အိမ်နဲ့ မတူဘူး။ နေ့ခင်းဘက်တွေမှာတိုရင် မီးဖိုထဲမှာ မီးမပြတ်ဘူးဆိုပေမယ့် ညဘက်အချိန်တွေမှာတော့ စာသင်ခန်းထဲမှာရီိတဲ့ မီးဖိုကို ဘယ်သူမှမကြည့်နိုင်ဘူး။
ကျောင်းမှ မီးဖိုတွေက ကျောက်မီးသွေးကိုထည့်ပြီးဖိထားတာဖြစ်တယ်။ မနက်ခင်းအိပ်ရာမှနိုးတာတဲ့အချိန်ကျမှ ဖွင့်ပေးလိမ့်မယ်။
ညဘကငတွေမှာ မီးကို မငြိမ်းထားဘူးဆိုပေမဲ့ တစ်နေ့ခင်းလုံး စုဆောင်းထားတဲ့ လေပူတွေက ညအချိန်ကုန်ဆုံးသွားချိန်မှာတော့ ဘာမှ မကျန်တော့ဘူး။
ဒါကြောင့် ကလေးတွေက မနက်ပိုင်းမှာ အေးခဲနေတဲ့ လက်တွေခြေထောက်တွေနှင့် ကျောင်းမှာရှိနေကြရတယ်။
လီမင်နန်နှင့် လီမင်ပေတို့နှစ်ယောက်လုံးက ဒီနေရာမှာဘဲ မူလတန်းကျောင်းကို တက်ခဲ့ကြတာဖြစ်လို့ မဒမ်လီက ကျောင်းအကြောင်းကို အကုန်သိနေခဲ့ပြီ။
ကျန်းကျန်းတစ်ယောက် ကျောင်းလွယ်အိတ်ထဲမှ မဒမ်လီ ပြင်ဆင်ပေးထားတဲ့ အဝတ်စုတ်ကို ထုတ်ယူလိုက်ပြီး အပြင်ဘက်မှာရှိတဲ့ ရေပိုက်သို့ သွားကာ ရေနဲ့စွတ်လိုက်ပြီး စားပွဲနှင့် ထိုင်ခုံနေရာကို သန့်စင်ဖို့ ပြန်လာခဲ့တယ်။
“အဖွား..အမေ.. ခဏနေရင် အတန်းတက်တော့မယ် .. အိမ်ကို မြန်မြန်ပြန်ကြတော့လေ “
ကျန်းကျန်း သူမရဲ့ ကျောင်းလွယ်အိတ်ကို စားပွဲပေါ်မှာ တင်ထားလိုက်ပြီး မဒမ်လီနဲ့ ဝမ်စုဖန်းတို့ကို အပြင်ကို ပြန်ပို့ပေးဖို့ လုပ်လိုက်တယ်။
မဒမ်လီက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကလေးတွေအများကြီးက တယောက်ပြီး တစ်ယောက် ဝင်လာနေပြီဆိုတာကို တွေ့လိုက်ရတာကြောင့် ခေါင်းကိုမညိတ်ချင်ညိတ်ချင်နဲ့ ညိတ်ပြလိုက်တယ်။
“ကောင်းပြီ.. ဒါဆို အဖွား မင်းရဲ့ဆရာကို သွားတွေ့ပြီးတော့ မင်းကို ဂရုစိုက်ပေးဖို့ ပြောလိုက်ဦးမယ်.. မင်းက တခြားလူတွေထက်စာရင် အရမ်းငယ်နေသေးတယ်.. လူတွေဆီမှာ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ”
မဒမ်လီက ဝမ်စုဖန်းနှင့် စကားပြောရင်းနှင့် ပြန်ထွက်လာခဲ့တယ်။ ကျန်းကျန်းတစ်ယောက် သူတို့တွေ ကျောင်းရုံးခန်းဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားတာကို မြင်လိုက်ရတော့ ကူကယ်ရာမဲ့သွားတယ်။
သူမက တခြားကလေးတွေထက် တစ်နှစ်ငယ်တယ်ဆိုပေမဲ့လည်း သူမရဲ့လက်ထဲမှာရှိနေတဲ့ စွမ်းရည်တွေအရ စာသင်ခန်းထဲတွင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူမကို ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး။ ဒီတော့ ကျန်းကျန်းအနေနဲ့ သူမ အနိုင်ကျင့်ခံရမှာကို လုံးဝမစိုးရိမ်နေခဲ့ဘူး။
ကျန်းကျန်းက အသားအရေဖြူဖွေးပြီးပြီး ချစ်စရာကောင်းလွန်းကာ သူမရဲ့အဝတ်အစားတွေကလည်း လှပတယ်။ ဒါကြောင့် ပထမတန်းအတန်းပိုင် ဆရာမဝမ်ရှောင်ချင်းက စာသင်ခန်းတံခါးဝသို့ ဝင်လိုက်တာနှင့် သူမကို တန်းပြီးတွေ့လိုက်ရတယ်။
ဝမ်လောင်ရှစ်က သူမရဲ့စားပွဲကို ခေါက်လိုက်ပြီး အသံကျယ်ကျယ်နဲ့ပြောလာတယ်။
“ကျောင်းသားတွေ တိတ်တိတ်နေမယ်”
ကလေးတွေအတွက် ဒါက စာသင်ခန်းထဲကို ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်ပြီး အိမ်မှာ မျောက်ရှုံးအောင် အော်ဟစ်ဆော့ကစားနေကြပေမဲ့ ကျောင်းမှာတော့ အနည်းငယ် လန့်နေခဲ့ကြတယ်။
သူတို့တွေက ဆရာမရဲ့အသံကိုကြားတော့ အားလုံးငြိမ်သက်သွားခဲ့တယ်။
အနောက်ဘက်မှာရှိနေတဲ့ ဒုတိယတန်းကလေးငယ်တွေကလည်း စူးစမ်းချင်စိတ်ဖြင့် ခေါင်းလှည့်ကြည့်လာခဲ့ကြပြီး ငယ်ရွယ်နုနယ်သေးတဲ့ ဖရဲသီးစိမ်းလေးတွေကို ကြည့်နေခဲ့ကြတယ်။
ဝမ်လောင်ရှစ်က သူမကိုယ်သူမ အရင်မိတ်ဆက်ခဲ့ပြီး ကျောက်သင်ပုန်းပေါ်မှာ သူမရဲ့နာမည်ကို ရေးလိုက်တယ်။
အတန်းခေါ်ချိန်ကိုရောက်တော့ ဝမ်လောင်ရှစ်က သုံးလေးကြိမ်လောက် လေ့ကျင့်ပေးနေခဲ့ပေမဲ့ အဖြေတွေက အမျိုးမျိုး ထွက်နေတုန်းပဲ။
ကျန်းကျန်းရဲ့ အလှည့်ကိုရောက်တော့ ရှင်းလင်းပြတ်သားတဲ့အသံနဲ့ “ရှိပါတယ်!” ဆိုတဲ့တုံ့ပြန်မှုကိုကြားလိုက်ရတော့ ဝမ်လောင်ရှစ်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။
သူမ ခေါင်းပြန်မော့ကြည့်လိုက်တော့ အသားအရည်ဖြူဖွေးပြီး သန့်ရှင်းလှပကာ ကြီးမားတဲ့မျက်လုံးရွါကြီးတွေရှိတဲ့ ပါးဖောင်းဖောင်းနဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
တကယ့်ကို ချစ်စရာကောင်းလွန်းတယ်။
ဝမ်လောင်ရှစ် မထိန်းချုပ်နိုင်စွာ ပြုံးလိုက်မိတယ်။
သူမအနေနဲ့ အတန်းတက်တဲ့အချိန် နာမည်စာရင်းခေါ်ဖူးတဲ့အထဲမှာ ကျန်းကျန်းက အလျင်မြန်ဆုံး တုံ့ပြန်မှုလုပ်လာတဲ့အကြောင်းကို သူမတွေ့ရှိခဲ့တယ်။ ဒါကြောင့် သူမကို အတန်းခေါင်းဆောင်အဖြစ် ချက်ချင်းခန့်အပ်လိုက်ပြီး အိမ်စာတွေကို သိမ်းဆည်းပေးမဲ့ အရေးကြီးတာဝန်ကို ပေးခဲ့လေတယ်။
ကျန်းကျန်းတစ်ယောက် ကျောင်းစတက်ကတည်းက မဒမ်လီတစ်ယောက် ချက်ချင်းပဲ အိမ်က ဗလာနေသလိုမျိုး ခံစားနေခဲ့ရတယ်။
သူမရဲ့ မြစ်ငယ်လေးကလည်း ဝကစ်ပြီး ချစ်စရာကောင်းပေမယ့်လည်း သူမရဲ့မြေးမလေးကို မမြင်တွေ့နေရတာကြောင့် သူမရဲ့ နှလုံးသားက ပျောက်ဆုံးနေသလို ခံစားနေခဲ့ရတယ်။
ဒါကြောင့် မဒမ်လီရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေမှာ နောက်တစ်ခု ထပ်တိုးလာခဲ့တော့တယ်။
သူမက မုန့်စားဆင်းချိန်လောက်ကို ရောက်လောက်ပြီလို့ ခန့်မှန်းကာ ကျောင်းကို သွားခဲ့ပြီး ခြံတံခါးပေါက်ကနေ သွားပြီး ချောင်းကြည့်လေ့ရှိပေမဲ့ စိတ်မကောင်းစရာကတော့ သူမရဲ့အချိန်ကို တွက်ချက်မှုက မကြာခဏလွဲမှားနေတတ်တယ်။
မဒမ်လီတစ်ယောက် ဝမ်းနည်းကြေကွဲစွာဖြင့် စာသင်ခန်းကနေ ပြန်လာခဲ့ရတတ်တယ်။
ဒီနေ့မှာတော့ သူမ အိမ်ကိုပြန်ရောက်တာနဲ့ သေတ္တာကို ဖွင့်ပြီး သားဖြစ်သူပို့ပေးထားတဲ့ပိုက်ဆံကို ရေတွက်လိုက်ပြီး အိမ်မှာသိမ်းထားတဲ့ စက်မှုလက်မှု လက်မှတ်တွေကိုပါ ရေတွက်ကြည့်ခဲ့တယ်တယ်။
ထို့နောက် မဒမ်လီတစ်ယောက် အံကိုကြိတ်ကာ နှိုးစက်နာရီတစ်လုံးဝယ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူမက နာရီကြည့်တဲ့နည်းလမ်းကိုတောင် လီမင်ပေဆီကနေ သင်ခဲ့သေးတယ်။
ဒီနာရီကိုရရှိသွားချိန်မှာတော့ မဒမ်လီတစ်ယောက နောက်ဆုံးမှာ ကျောင်းသို့ အချိန်မီရောက်ရှိသွားနိုင်ခဲ့ပြီး သူမရဲ့ မြေးမလေးကို ပျားရည်တစ်ဘူး ပေးခဲ့တယ်။
ဒါ့အပြင် တခြားမိသားစုမှ ကောင်လေးတွေက သူမရဲ့ မြေးမလေးကို အနိုင်ကျင့်ခြင်းရှိမရှိကိုလည်း စစ်ဆေးကြည့်တတ်သေးတယ်။