← Chapters

Chapter 96

Vol. 10 Ch. 96

Chapter 96

Vol. 10 Ch. 96

ကျန်းကျန်းတစ်ယောက် ကျောင်းပြန်တက်ရပြီးတဲ့နောက်မှာ သူမရဲ့ဘဝက အလွန်ပြည့်စုံနေကြောင်း ခံစားနေမိတယ်။

ဆရာမက ပထမတန်း အတန်းပြီးတာနဲ့ ဒုတိယတန်း အတန်းကို သွားပြီး သင်ပြပေးတဲ့အချိန်တွေမှာ ကျန်းကျန်းက အနောက်ဘက်ကိုလှည့်ပြီး နားထောင်လိမ့်မယ်။ အထူးသဖြင့် တရုတ်ဘာသာအတန်းကိုပဲ။

ဒီဘက်ခေတ်ရဲ့ အတန်းစာတွေက အလွန်စိတ်ဝင်စားစရာကောင်းပြီး ကျန်းကျန်းကတော့ အတော်လေး သစ်လွင်ဆန်းသစ်နေသလို ခံစားရတယ်။

ကျောင်းပြီးတဲ့အချိန်မှာ ကျန်းကျန်းက ဆရာမပေးလိုက်တဲ့ အိမ်စာတွေကို ဦးစွာရေးခဲ့ပြီး စာသားတွေကိုလည်း အကြိမ်ပေါင်းများစွာ ဂရုတစိုက် ကူးယူခဲ့တယ်။

သူမရဲ့ ထိုသို့ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့နေရတော့ နောက်ဆုံးမှာတိုးတက်ချင်စိတ်ရှိလာပြီဖြစ်တဲ့ လီမင်ပေသည်လည်း သူမနဲ့အတူ ယှဥ်ပြိုင်လာခဲ့ပြီးနောက်ဆုံး စာမေးပွဲမှာ အမှတ် (၉၀) ကျော်နဲ့ ပြန်လာနိုင်ခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆောင်းရာသီကို ရောက်ရှိလာခဲ့တယ်။ အရင်တုန်းကတော့ ဆောင်းရာသီအတွင်းမှာဆိုရင် ကြောင်လေးတစ်ကောင်လို ခွေခေါက်နေခဲ့တဲ့ ကျန်းကျန်းတစ်ယောက် အခုဆောင်းရာသီမှာတောင် ကျောင်းတက်ရမှာဖြစ်လို့ အရင်ကလို ပျင်းရိမနေနိုင်တော့ဘူး။

ကျန်းကျန်းတစ်ယောက် ချည်သားအင်္ကျီအထူကို အတွင်းပိုင်းမှာ ဝတ်ဆင်ကာ အပြင်ဘက်မှ သားရေဂျာကင်ကို ၀တ်ဆင်ထားခဲ့တယ်။ ခြေထောက်မှာတော့ အိမ်မှာချာလုပ်ထားတဲ့ သိုးသားရေဖိနပ်ကို စီးထားခဲ့တယ်။

ဒီဖိနပာက အဝါရောင် သိုးသားရေကို အသုံးပြုထားတာဖြစ်ပြီး အရင်နှစ်တွေတုန်းက သူမတို့ အိမ်တံခါးကို လာတိုက်ပြီး သေဆုံးသွားတဲ့ သိုးရဲ့ အရခွံနဲ့လုပ်ထားတာပဲ။ အတွင်းပိုင်းမှာတော့ ထူထဲတဲ့ ယုန်မွှေးအလွှာကို ထည့်သွင်းထားခဲ့တာကြောင့် အမွှေးပွပြီးနွေးထွေးလွန်းတယ်။

ပေရှားမှာ အပူချိန်နိမ့်ဆင်းလာမှုကို ချည်သားအနွေးအင်္ကျီတစ်ခုတည်းဖြင့် ခံနိုင်ရည်မရှိနိုင်တာကြောင့် ဒီအရပ်ဒေသမှ အိမ်ထောင်စုတွေမှာ သားရေဂျာကင်အင်္ကျီတွေ ဝယ်ထားရတတ်တယ်။

သားရေဦးထုပ်အထူနှင့် သားရေလက်အိတ်တို့ကို ဝတ်ဆင်ပြီးတဲ့နောက်မှာတော့ ကျန်းကျန်းတစ်ယောက် ကျောင်းလွယ်အိတ်ကို ကျောဘက်မှာလွယ်ပြီး တစ်ယောက်တည်း တံခါးအပြင်ဘက်သို့ ထွက်လာခဲ့တယ်။

သွ ရာသီဥတုအေးပြီးတဲ့နောက်မှာ ကျန်းကျန်းက မဒမ်လီကို လိုက်ပို့ခွင့်မပေးတော့သလို နေ့ခင်းဘက်ကျောင်းဆင်းချိန်မှာလည်း ကျောင်းကို လာကြည့်ခွင့်မပေးခဲ့ဘူး။

ထည့်ပြောနေစရာတောင်မလိုဘူးလေ။ နှင်းတွေက ထူထဲစွာကျဆင်းနေပြီး တချို့နေရာတွေမှာ ဒူးနားလောက်အထိတောင် ဖုံးလွှမ်းနေတတ်တယ်။ ကျန်းကျန်းအနေနဲ့မဒမ်လီ လဲကျမှာကို အမှန်တကယ်ကြောက်ရွံ့မိတယ်။

ခြေတစ်လှမ်းစာလောက်က နက်ပြီး ခြေတစ်လှမ်းစာလောက်က တိမ်နေတတ်တာကြောင့် လမ်းလျှောက်ပြီးသွားလာဖို့ တကယ်ကို ခက်ခဲလွန်းတယ်။

ကျန်းကျန်း သူမရဲ့ အသိစိတ်နဲ့ လှည့်ပတ်ကြည့်လိုက်ပြီး အနီးအနားမှာ ဘယ်သူမှ မရှိတာကို မြင်တော့ သတိထားပြီး အရှေ့ကို ဆယ်မီတာလောက်ဆီ ရွေ့လျားသွားလိုက်ပြီး ကျောင်းကို တစ်မိနစ်လောက်အတွင်း ရောက်သွားခဲ့တယ်။

ကျန်းကျန်း သူမရဲ့ ခြေထောက်ပေါ်မှ နှင်းတွေကို ခါရမ်းလိုက်ပြီး ထုံးစံအတိုင်း စားပွဲနှင့် ထိုင်ခုံတွေကို သုတ်လိုက်ကာ ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ဒီနေ့က နောက်ဆုံးစာမေးပွဲနေ့ပဲ။

မနက်ပိုင်း စာမေးပွဲပြီးသွားတာနဲ့ သံနှင့်သံမဏိမူလတန်းကျောင်းမှ ကလေးတွေက ဆောင်းရာသီအားလပ်ရက် လေးလရရှိလိမ့်မယ်။

ကျောင်းအုပ်ကြီးက တံခါးဝမှာရပ်ပြီး ခေါင်းလောင်းကို ခါရမ်းလိုက်တယ်။

ထို့နောက်မှာတော့ ဝမ်လောင်ရှစ်က သူမရဲ့လက်နှစ်ဖက်မှစာရွက်တွေကိုသယ်ယူကာ ဝင်လာခဲ့ပြီး တရုတ်ဘ်သာနဲ့ ဂဏန်းသင်္ချာမေးခွန်းစာရွက်တွေအားလုံးကိုတပြိုင်နက်တည်း ထုတ်ပေးလိုက်တယ်။

ဝမ်လောင်ရှစ် ဒုတိယတန်းအတွက် စာမေးပွဲ စာရွက်တွေ ထုတ်ပေးပြီးနောက် ရေသောက်ဖို့ ထိုင်လိုက်တဲ့အချိန်မှာဘဲ ကျန်းကျန်းက ထရပ်ပြီး အဖြေလွှာအပ်လာခဲ့ပြီ။

ဝမ်လောင်ရှစ်က ကျန်းကျန်း စာရွက်လာထပ်တာကိုမြင်တော့ တစ်စုံတစ်ခုမတွေ့တာကြောင့်လားလို့ ထင်မိကာ လှမ်းမေးလိုက်တယ်။

“ဘာဖြစ်လို့လဲ.. အဖြေဘယ်မှာ ရေးရမလဲဆိုတာ မတွေ့ဘူးလား?”

“သမီး အကုန်ဖြေပြီးသွားလို့ ၀ာရွက်လာအပ်တာပါ!”

ကျန်းကျန်း စာရွက်ကို ခုံပေါ်မှာထပ်လိုက်ပြီး ဝမ်လောင်ရှစ်ကို ချိုသာစွာ ပြုံးပြလိုက်တယ်။

“ဝမ်လောင်ရှစ်.. သမီး အရင်သွားလို့ရမလား”

“အမ်...”

ဝမ်လောင်ရှစ်က ပြန်မဖြေခဲ့သေးဘူး။ သူမ မေးခွန်းစာရွက်ကိုဝေပေးတာ ဆယ်မိနစ်ပဲ ရှိသေးတယ်။ အဖြေတွေအားလုံးကိုရေးပြီးသွားပြီလား။

သူမ အဖြေလွှာစာရွက်နှစ်ရွက်ကို အမြန်ကြည့်လိုက်တယ်။ စာရွက် မျက်နှာပြင်တွေက သန့်ရှင်းနေပြီး လက်ရေးတွေကလည်း သပ်ရပ်လှပနေကာ ဂဏန်းနှစ်လုံးပါတဲ့ ဂဏန်းသင်္ချာမေးခွန်းတွေကလည်း မှန်ကန်နေခဲ့တယ်။

ဝမ်လောင်ရှစ်ရဲ့မျက်နှာပေါ်က အပြုံးက ပိုမိုထင်ရှားလာခဲ့ပြီး ကျန်းကျန်းကို ပိုလို့တောင်သဘောကျလာခဲ့တယ်။ သူမအနှစ်သက်ဆုံး ကျောင်းသားဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူမရဲ့ ဦးနှောက်က တကယ်ကိုထက်မြတ်လွန်းတယ်။

“ကောင်းပြီ.. ဒါဆို မင်း အရင်ပြန်လို့ရပြီ.. လမ်းကို ဖြည်းဖြည်းလျှောက်သွားဦး”

ဝမ်လောင်ရှစ်က စင်ပေါ်သွားထိုင်လိုက်ပြီး မင်နီဘောပင်ကို ထုတ်လိုက်ပြီး ကျန်းကျန်းရဲ့ စာရွက်ပေါ်တွင် အမှတ်တစ်ရာအပြည့်ပေးလိုက်တယ်။

ကျန်းကျန်း ကျောင်းလွယ်အိတ်ကို ကျောမှာတင်ပြီး ဦးထုပ်ကို ဆောင်းလိုက်ကာ ကျောင်းကထွက်လာခဲ့တယ်။ အနီးအနားမှာ ဘယ်သူမှမရှိတဲ့နေရာကို ရောက်တော့တော့ သူမရဲ့ အတွေးတွေကို လှုပ်ရှားလိုက်ပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။

ဒီတယ်လီပို့စွမ်းရည်ကို ရရှိလာပြီးနောက် မကြာသေးခင်နှစ်တွေအတွင်း သူမ အသက်ကြီးလာတာနှင့်အမျှ တခြားသောကျွမ်းကျင်မှုအသစ်တွေ မရရှိလာခဲ့တော့ပေမဲ့ သူမရဲ့မူလစွမ်းရည်တွေကတော့ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေခဲ့တယ်။

အခုချိန်မှာ ကျန်းကျန်းရဲ့ စိတ်အတွင်းမှ မြေပုံက ပိုလို့ ကျယ်လာခဲ့တယ် ။ တယ်လီပို့လို့ရနိုင်တဲ့ အကွာအဝေးကလည်း ပိုဝေးကွာလာခဲ့တယ်။

ကျန်းကျန်းရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလိုပဲ ကျားချန်ရဲ့လူသူကင်းမဲ့တဲ့လမ်းကြားတစ်ခုဆီမှာ ပေါ်လာခဲ့တယ်။ သူမက သူမဦးထုပ်ကို အောက်ဘက်သို့ ငိုက်ချလိုက်ပြီး သူမရဲ့ ပါးစပ်နှင့် နှာခေါင်းတို့ကို မာဖလာနဲ့ အုပ်လိုက်ပြီး လမ်းကြားမှ ထွက်လာခဲ့တယ်။

သူမ အိတ်ကပ်ထဲမှ ရွှေချောင်းတချို့ကို ထိလိုက်ပြီး ဒါတွေကို ပိုက်ဆံနှင့် လက်မှတ်တချို့နှင်် လဲလှယ်ဖို့ တွေးထားခဲ့တယ်။ တော်လှန်ရေးက နှစ်သစ်ရဲ့ မေလထဲမှာ စတင်လာတော့မှာဖြစ်ပြီး အခုချိန်မှာ အများကြီး ပိုပြီး အစားထိုးထားတာက ပိုကောင်းလိမ့်မယ်။

ကျန်းကျန်း ကျားချန်းကို အသိစိတ်ဖြင့် ဖြန့်ကျက်လိုက်ပြီးနောက် မနီးမဝေးမှ လမ်းကြားထဲမှာ ဈေးဝယ်၊စျေးရောင်းသူ အနည်းငယ်ကို တွေ့လိုက်ရတယ်။ လူအနည်းငယ်က အစားအသောက်နှင့် ကြက်တွေကို သယ်ဆောင်ကာ လျှောက်သွားနေခဲ့ကြပြီး ဒီနေရာက ကျားချန်ရဲ့ ကုန်ပစ္စည်းတွေဖလှယ်တဲ့နေရာဖြစ်လောက်တယ်။

အခုအချိန်မှာ နိုင်ငံတော်အတွင်းမှ ပြည်သူတွေကို ပစ္စည်းတွေပြန်လည်ရောင်းချခွင့်မပြုပေမဲ့လည်း ထောက်ပံ့ရေး ပစ္စည်းအမျိုးမျိုးက လုံလောက်စွာ မရရှိနိုင်သေးတာကြောင့် လူတွေကို လဲလှယ်ဖို့ကို မသိမသာနဲ့ခွင့်ပြုထားဆဲပဲဖြစ်လေတယ်။

လူတော်တော်များများက ဒီလိုလှည့်ကွက်လေးတွေကို ကစားပြီး အစားအသောက်နဲ့ တောရိုင်းပစ္စည်းတွေကို ရောင်းချကြတယ်။ ဘယ်သူကမှ သတင်းမပို့သရွေ့ ဘာမှမဖြစ်လာနိုင်ဘူး။

ကျန်းကျန်း လမ်းကြားအနီးတဝိုက်မှာ လမ်းလျှောက်ရင်းနဲ့ ရင်ဘတ်ထဲမှာ ပိုက်ဆံအမြောက်အမြားထည့်ထားပုံရတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် ထိုအနားကို လျှောက်သွားပြီး တီးတိုးမေးလိုက်တယ်။

“ ရွှေလိုချင်လား”

ထိုလူက သူ့ရဲ့ခါးအမြင့်လောက်သာရှိနေတဲ့ ကလေးကို တွေ့လိုက်ရပြီး သူမရဲ့အသံကလည်း ကလေးသံဖြစ်နေတာကိုကြားတော့ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားရပြီး ပြန်ပြောလာတယ်။

“ကလေးတွေက ဒီမှာ ပြေးလွှားဆော့ကစားမနေသင့်ဘူး.. အိမ်ကိုမြန်မြန်ပြေးသွားလိုက်တော့”

“ကျွန်မမှာ တကယ်ရှိတယ်!”

ကျန်းကျန်းက သူ့ကို တားဖို့ လက်ကို ဆန့်တန်းပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။

“ စားစရာပဲ ဖြစ်ဖြစ်၊ ရွှေချောင်းတွေပဲဖြစ်ဖြစ် . အဲဒါတွေက ကျွန်မရဲ့အိမ်မှာရှိတယ်.. အခု မိသားစုထဲက လူကြီးတွေက နေမကောင်းလို့ အပြင်ကို မထွက်နိုင်ဘူး.. ဒါကြောင့် ဆေးဝယ်ဖို့ ပိုက်ဆံနည်းနည်းလောက်လိုလို့ ကျွန်မ အခုလိုဖလှယ်ဖို့ ထွက်လာခဲ့တာ”

ထိုလူက ကြင်နာတတ်ပုံရပြီး ဒီလို ကလေးက လေးနက်မှုကို မသိဘဲလှည့်စားခံလိုက်ရမှာကို စိုးရိမ်ခဲ့တယ်။ သူက သူမပြောတာကို ကြားတော့ ပြန်ပြောလာခဲ့တယ်။

“ရွှေ မလိုချင်ဘူး.. အဲဒါက စားသောက်လို့မရဘူးလေ.. အသုံးမဝင်ဘူး.. ငါ သန့်စင်ထားတဲ့ အစေ့အဆန်တွေ ဝယ်ချင်တယ်..ငါ့ မိသားစုက ကလေးတွေက နေမကောင်းဖြစ်နေတော့ အစေ့အဆန်ကြမ်းတွေစားရတာကို မကြိုက်တော့ဘူး”

ကျန်းကျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။

“ကျွန်မဆီမှာ အစေ့အဆန်ချောတွေ ရှိတယ်.. ဆန်နဲ့ ဂျုံတွေကလည်း အချောတွေဘဲ.. ဒါပေမယ့် တစ်ခုရှိတာက မိသားစုက လူကြီးတွေက နေမကောင်းလို့ ရိတ်သိမ်းထားတဲ့ ဆန်နဲ့ ဂျုံကို မကြိတ်ရသေးဘူး.. ဒီတော့ ကျွန်မ ဦးလေးကို ရိတ်သိမ်းပြီး ခြွေလှည့်ထားတဲ့အတိုင်းဘဲ ပေးနိုင်လိမ့်မယ်.. ဒါပေမယ့် စျေးနှုန်းကတော့ ချိုသာတယ်.. စပါးဆိုင်တွေမှာ ရောင်းတဲ့ ဂျုံဖြူတွေရဲ့ တစ်ဝက်ဈေးနဲ့ ရောင်းပေးလို့ရတယ်”

ထိုလူကလည်း ဗဟုသုတ တချို့ ရှိပုံရတယ်။ သူက ရှက်ရွံ့ခြင်း လုံးဝမရှိခဲ့ဘဲ ချိုသာတဲ့စျေးနှုန်းကိုကြားလိုက်ရချိန်မှာသာ စိတ်လှုပ်ရှားလာပုံရတယ်:

“ကောင်းပြီ.. အဲလိုပဲ လုပ်ကြတာပေါ့.. မင်းမှာ ပေါင်ဘယ်လောက်ရှိလဲ.. ငါဝယ်လိုက်မယ်”

ကျန်းကျန်း ပြုံးလိုက်တယ်။

“ဦးလေး ဘယ်လောာ်လိုလိုချင်လဲ”

“ပေါင်ငါးဆယ်လောက်ရော?”

ထိုလူတွေက အစမ်းသဘောနဲ့ မေးကြည့်တယ်။

“ကောင်းပြီ!”

ကျန်းကျန်း ချက်ချင်း သဘောတူလိုက်တယ်။

ကျန်းကျန်းရဲ့ ရွှင်မြူးတဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ ထိုလူက ကျန်းကျန်းရဲ့ မိသားစုဆီမှာ လယ်ယာတစ်ခုတွင် ပိုင်ဆိုင်ထားတာဖြစ်လိမ့်မယ်လို့ တွေးတောလိုက်တယ်။

ဒီလိုသာမဟုတ်ရင် တခြားဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ စပါးနှင့် ဂျုံမှုန့်ဖြူတွေ ဒီလောက်အများကြီး ရှိနေလောက်မှာမဟုတ်ဘူး။

သူက သူ့မိသားစုထဲမှ ပစ္စည်းတွေကို အမြန်တွက်ချက်လိုက်ပြီး ပြောလိုက်တယ်။

“ဆန်နှင့် ဂျုံမှုန့်တစ်မျိုးဆီကို ပေါင်ငါးဆယ်ယူမယ်.. ဒါပေမယ့် ငါ့ဆီမှာပိုက်ဆံမလောက်ဘူး.. ကျန်ရှိတဲ့ဟာအတွက် စက်မှုလက်မှု လက်မှတ်တွေနဲ့ပေးမယ်”

ကျန်းကျန်းက နေ့စဉ်သုံးပစ္စည်းတွေဝယ်ဖို့ လက်မှတ်တစ်စောင်လောက်ယူဖို့ တွေးထားခဲ့တယ်။ ဒီတော့ သူ့ရဲ့စကားကိုကြားတော့ သူမက ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။

“ဒါဆို ဦးလေး လက်မှတ်အရင်ပေးလို့ရတယ်..ဘယ်လက်မှတ်ကပေးမှာလဲ”

“မင်းက တကယ်တော်တဲ့ ကလေးပဲ”

ထိုလူက သူမအား အပြုံးတစ်ဝက်ပြောရင်း ခေါင်းညိတ်လိုက်တယ်။

“ဒါဆို ဘယ်တော့ လဲလှယ်မှာလဲ”

ကျန်းကျန်း ခေတ္တရပ်လိုက်ပြီး အနီးအနားပတ်ဝန်းကျင်ကို အသိစိတ်ဖြင့် ဖုံးအုပ်လိုက်ကာ ရှာဖွေလိုက်ပြီး လူမရှိတဲ့ နေရာကို ရှာတွေ့ခဲ့တယ်။

“ အစားအသောက်တွေက အများကြီးပဲဆိုတော့ ကျွန်မ လိုက်မပို့ပေးနိုင်ဘူး.. ဦးလေးက အိမ်ပြန်ပြီး ရိက္ခာတင်ဖို့ လှည်းဖြစ်ဖြစ် ယူလာခဲ့လိုက် .. နောက်နာရီဝက်လောက်ကြာရင် အနောက်ဘက်မှာရှိတဲ့ တောအုပ်ရဲ့အပြင်ဘက်မှာတွေ့ရအောင်”

“ကောင်းပြီ ရတယ်လေ”

ထိုလူက ခေါင်းညိတ်လိုက်တယ်။ သူထွက်သွားခါနီးမှာ ခဏလောက် ရပ်လိုက်ပြီး ကျန်းကျန်းကို ပြန်လှည့်ကြည့်ကာ မေးလိုက်တယ်။

“မင်းလို ကလေးဆီကနေ စားစရာတွေကို လုယူသွားမှာကို မကြောက်ဘူးလား?”

ကျန်းကျန်းရဲ့ မျက်လုံးတွေက အေးစက်သွားခဲ့တယ်။

“ တကယ်လို့ ကျွန်မဆီမှာသာ အရည်အချင်းမရှိဘူးဆိုရင် အခုလိုမျိုး အပြင်ကို မထွက်လာဘူးလေ ဟုတ်တယ်မလား “

ထိုအမျိုးသားက သူ့ရဲ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး ကလေးကို နောက်တစ်ကြိမ် ထပ်မစနောက်ရဲတော့ဘဲ လှည်းပြင်ဖို့အတွက် အိမ်ကိုပြန်လာခဲ့တယ်။

All Chapters