← Chapters

Chapter 97

Vol. 10 Ch. 97

Chapter 97

Vol. 10 Ch. 97

ကျန်းကျန်း လမ်းကြားမှ ထွက်လာခဲ့ပြီး အမြန် ခြေလှမ်းတွေနှင့် တောထဲသို့ ပြေးသွားခဲ့တယ်။

သူမက သူမရဲ့နောက်ကို လိုက်လာတဲ့သူရှိမရှိကို အချိန်မရွေးသိရှိနိုင်ရန်အတွက် ပတ်၀န်းကျင်ကို စစ်ဆေးဖို့ သူမရဲ့ အသိစိတ်ကို ဖြန့်ကျက်အသုံးပြုနေခဲ့တယ်။

တောစပ်နားကိုရောက်တော့ ကျန်းကျန်းက ပြန့်ပြူးတဲ့ နေရာတစ်ခုကို ရှာဖွေခဲ့ပြီး သူမရဲ့လက်ထဲမှ မျိုးစေ့တွေကို ကြဲချလိုက်ကာ ချက်ချင်းပဲအပင်ပေါက်လာစေလိုက်တယ်။

ကျန်းကျန်းရဲ့ လက်နဲ့ ထိတွေ့စရာမလိုပါပဲ ရွှေရောင်ဂျုံနှင့် စပါးနှံတွေက သူ့ အလိုအလျောက် ပြုတ်ကျလာခဲ့ပြီး ကျန်ရှိနေတဲ့အစိတ်အပိုင်းတွေက ပြာတွေအဖြစ်သို့ ပြောင်းလဲသွားကာ မြေဆီလွှာနဲ့အတူ ရောနှောသွားခဲ့တယ်။

ကျန်းကျန်း သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ စပါးနှင့် ဂျုံစေ့တွေက သူ့အလိုလို စုစည်းသွားခဲ့တယ်။

တူညီတဲ့နည်းလမ်းကို ထပ်ခါထပ်ခါပြုလုပ်ခဲ့ပြီး အချိန် အတန်ကြာပြီးနောက်မှာ စပါးနှင့် ဂျုံနှံတွေက တစ်ပုံစီရှိလာခဲ့ပြီး တစ်မျိုးကို ပေါင် ၅၀ တိတိရှိနေခဲ့တယ်။

ကျန်းကျန်း စိတ်ကျေနပ်စွာနဲ့ လက်ခုပ်တီးလိုက်တယ်။

“ကံကောင်းလို့ ငါ့မှာ ဒီစွမ်းရည်တွေရှိနေလို့ပဲ.. မဟုတ်ရင် ပိုက်ဆံပြောင်းဖို့ အရမ်းခက်နေလိမ့်မယ်”

စောင့်ဆိုင်းနေတဲ့အချိန်တွေအတွင်းမှာ ကျန်းကျန်းက ပတ်ဝန်းကျင်အတွင်းမှ လေနဲ့ မြက်ခင်းပြင်တွေကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။

နာရီဝက်လောက်ကြာပြီးနောက်မှာတော့ လမ်းကြားမှာတွေ့ခဲ့ရတဲ့လူက လှည်းကို တွန်းပြီး ရောက်လာတာကို တွေ့လိုက်ရတယ်။

ကျန်းကျန်း ထိုလှည်းကို အသိစိတ်ဖြန့်ကျက်ကာ စစ်ဆေးကြည့်လိုက်ပြီး အထဲမှာ ဘယ်သူမှ မရှိတာကိုတွေ့မှ စိတ်သက်သာရာရသွားခဲ့တယ်။

ထိုလူသည်လည်း အလွန်သတိထားနေခဲ့ပြီး သူ့ရဲ့ လှည်းကိုတွန်းရင်းနှင့် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေခဲ့တယ်။

သူတို့ နှစ်ယောက်တွေ့ဆုံတဲ့အချိန်မှာကျန်းကျန်းရဲ့ဘေးမှာရှိနေတဲ့ စားစရာတွေကို မြင်လိုက်ရတာကြောင့် ချက်ချင်းပဲ စိတ်သက်သာရာရသွားခဲ့တယ်။

ထိုလူက လှည်းကို ကျန်းကျန်းရဲ့ ဘေးနားသို့ အလျှင်အမြန် တွန်းသွားလိုက်ပြီး အပုံလိုက်အတိုင်းထားတဲ့ ကောက်နှံတွေကိုကြည့်ရင်း ပါးစပ်ထောင့်က နှစ်ကြိမ်လောက်လှုပ်ယမ်းသွားခဲ့တယ်။

“မင်းဘာလို့ ဆန်နဲ့ ဂျုံတွေကို အိတ်နဲ့တောင် မထည့်ထားရတာလဲ”

ကျန်းကျန်း သူ့ကို ကြည့်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်တယ်။

“ကျွန်မတို့အိမ်မှာ အိတ်တွေမရှိဘူး.. တစ်အိတ်တော့ရှိပေမဲ့ ဆန်ထည့်ရင်ဂျုံထည့်လို့မရဘူး.. ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တာ”

“ကောင်းပြီ”

ထိုလူက ဘေးပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီး အနီးအနားမှာ ဘယ်သူမှ မရှိသေးတာကို တွေ့တော့မမေးဘဲမနေနိုင်တော့ဘူး။

“မင်းတို့ မိသားစုက စားစရာတွေကို မင်းတစ်ယောက်တည်းနဲ့ တကယ်ပဲချန်ထားခဲ့တာလား.. နောက်ပြီး မင်းက တကယ် သတိထားနေတာပဲ.. လူတွေက မင်းမျက်နှာကို မြင်မှာ ကြောက်လို့လား”

ကျန်းကျန်း သူ့ကို စိတ်မရှည်စွာ ကြည့်လိုက်တယ်။

“ဦးလေး ဘာတွေလုပ်နေတာလဲ.. မြန်မြန်လေးလုပ်.. ဝယ်မှာလား မဝယ်ဘူးလား.. ဝယ်မယ်ဆိုရင် ပိုက်ဆံမြန်မြန်ပေး.. မဝယ်ဘူးဆိုရင် ကျွန်မ တခြားတစ်ယောက်ယောက်ရှာရလိမ့်မယ်”

“ကလေးမလေးက အရမ်းငယ်သေးပေမယ့် စိတ်ကတော့ သိပ်ပြီး မရှည်တတ်ဘူးဘဲ”

ထိုလူက ရယ်မောပြီး လှည်းပေါ်မှ အဖုံးကိုအမြန်ဖယ်ကာ ခြင်းတောင်းကိုချလိုက်ပြီး ချိန်တွယ်ဖို့လိုတယ်။

“ကံကောင်းလို့ ငါ အကုန် ပြင်ဆင်လာခဲ့လို့ပေါ့.. မဟုတ်ရင် လှည်းပေါ်ကို ဒီအတိုင်းတင်လိုက်ရတော့မှာ”

သူတို့နှစ်ယောက် ခြင်းတောင်းတွေကိုအရင် ချိန်တွယ်လိုက်ပြီး ဂေါ်ပြားကိုယူပြီး တစ်ပေါင်ပြီးတစ်ပေါင် ချိန်တွယ်ကာ ထည့်လိုက်တယ်။

လက်ရှိဈေးကွက်ပေါက်ဈေးအရ စပါးတစ်ပေါင်ကို ၁၆၀ ပြားနှင့် ဆင့်၅၀ဖြစ်ပြီး ၊ဂျုံဖြူ တစ်ပေါင်ကို ၁၈ ၀ပြားရလိမ့်မယ်။ သူမရဲ့ လျှော့စျေးအတိုင်းဆိုရင် (၁၁)ယွမ်နှင့် ဆင့် ၅၀ ရလိမ့်မယ်။

ထိုလူက သူ့ရဲ့အိတ်ကပ်ထဲမှ ပိုက်ဆံတွေကိုထုတ်ပြီး ဆယ်ယွမ်ရေတွက်ပြီး ကျန်းကျန်းကိုပေးလိုက်တယ်။

ငွေလက်မှတ်တွေက ကျန်းကျန်းနဲ့ မသင့်တော်ဘူး။ ခရိုင်ထဲမှာရှိနေသရွေ့ ငွေလက်မှတ်တွေက လဲလှယ်နိုင်တယ်ဆိုပေမဲ့ နယ်ဘက်တွေမှာဆိုရင်တော့ သိပ်ပြီး အဆင်မပြေနိုင်ဘူး။

ထိုလူက ခရိုင်အထွေထွေစက်မှုလက်မှုလက်မှတ်တွ၊ ချည်ထည်လက်မှတ်တွ၊ မီးလုံးလက်မှတ်တွေနှင့် အဝတ်အထည်လက်မှတ်တွေကိုပါ ကျသင့်သလောက် ထပ်ပေးလာတယ်။

ပိုက်ဆံနှင့် လက်မှတ်တွေကို ကျောင်းလွယ်အိတ်ထဲသို့ ထည့်ပြီးတဲ့နောက်မှသာ ကျန်းကျန်း သူမ နွေရာသီမှာတုန်းက အစားအသောက်လက်မှတ်မပါဘဲ ရေအားလျှပ်စစ်စက်ရုံမှ ဝယ်ယူခဲ့တဲ့ ကိတ်မုန့်က တကယ့်ကိုစျေးနှုန်းမြင့်မားလွန်းတယ်ဆိုတာကို နားလည်သဘောပေါက်သွားခဲ့ရတယ်။

လီမင်ပေ အပါအဝင် မိသားစုတစ်ခုလုံးမှ လူတွေက ထိုကိတ်မုန့်ကို စားဖို့ တွန့်ဆုတ်နေကြတာ အံ့သြစရာမဟုတ်တော့ဘူး။

ကျန်းကျန်း သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားတဲ့လူရဲ့နောက်ကျောကို လှမ်းကြည့်ကာ သူ့ရဲ့ ဆန့်ကျင်ဘက်ဆီသို့ လျှောက်သွားခဲ့တယ်။

သူမရဲ့ အသိစိတ်ထဲမှ တစ်ဖက်လူက အဝေးသို့ရောက်သွားခဲ့ပြီဆိုတာကိုမြင်တော့ ချက်ချင်းဘဲ တခြားမြို့ဆီသို့ နေရာကူးပြောင်းသွားလိုက်ပြန်တယ်။

ထို့နောက် တူညီတဲ့နည်းလမ်းအတိုင်း နောက်ထပ် (12)ယွမ်ရအောင်လှဲလှယ်ခဲ့တယ်။

အချိန်အတော်ကြာပြီးနောက် ကျန်းကျန်း မြို့ငယ်သုံးခုဆီကို သွားခဲ့ပေမဲ့ ရွှေချောင်းတစ်ချောင်းမှ မရောင်းချခဲ့ရဘူး။ သူမက အစားအစာတွေကိုသာ အများအပြားရောင်းချခဲ့ရပြီး စုစုပေါင်း ယွမ် (၄၀) ခန့် ရရှိခဲ့တယ်။

ကျန်းကျန်း မတတ်နိုင်စွာနဲ့ သက်ပြင်းချလိုက်မိတယ်။ တကယ်တော့ သူမလည်း ဒါကို မျှော်လင့်ထားပြီးသားပါပဲ။

သူမက မြို့ငယ်လေးတွေဆီကိုသာ သွားခဲ့တာဖြစ်ပြီး အဲဒီနေရာတွေက လူတွေက ပိန်ပါးပြီး သူတို့မှာ အပိုငွေတွေ သိပ်မရှိကြဘူးလေ။

အစေ့အဆန်ကောင်းကောင်းတွေကို ဝယ်နိုင်တဲ့သူတွေက ယင်ရှီမှ လူတွေသာရှိတယ်။ ရွှေတုံးလိုပစ္စည်းတွေကတော့ ပင်းချန်လို မြို့ကြီးတွေမှာဘဲ ရောင်းချလို့ရနိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ်။

ဒါပေမယ့် ပင်းချန်အထိသွားပြီး ရွှေချောင်းတွေ သွားရောင်းမယာဆိုရင် စွန်းစားရမှာတွေ ပိုပြီးများပြားလာလိမ့်မယ်။

ထိုနေရာက လူနေထူထပ်လွန်းပြီးသူမ အခြေချဖို့အတွက် နေရာရှာရန် ခက်ခဲလိမ့်မယ်။ ပင်းချန်က မြို့ကြီးတစ်မြို့ဖြစ်တဲ့အတွက် ငါးနှင့် နဂါးတွေက ရောနှောနေမှာဖြစ်ကာ စစ်တပ်တွေကလည်း တပ်စွဲထားသေးတယ်။

သူမက အလွန်ငယ်ရွယာလွန်းသေးပြီး အဝါရောင်ငါးပုတ်သင်ကောင်ကြီးကတော့ မျက်စိကျစရာကောင်းလွန်းနေလိမ့်မယ်။

ကျန်းကျန်း အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့ပြီး အပြန်ပြန်အလှန်လှန်တွေးတောကာ ပိုက်ဆံပမာဏက ခဏလောက်တော့ လုံလောက်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်တဲ။

အခုချိန်မှာ ပိုက်ဆံပြောင်းဖို့အတွက် အလျင်စလိုဖြစ်မနေသင့်ဘူး။ အနာဂတ်မှာ ပိုက်ဆံတွေအများကြီး အမှန်တကယ်လိုအပ်လာတဲ့အချိန်ကျမှ ပင်းချန်ကို သွားမယ်ဆိုရင်လည်း သိပ်နောက်ကျမှာမဟုတ်လောက်ပါဘူး။

မွန်းတည့်ချိန်ကို ရောက်လုမတတ်ဖြစ်နေပြီဆိုတာကိုမြင်တော့ ကျန်းကျန်းရဲ ခန္ဓာကိုယ်က အလင်းတချက်နဲ့အတူ ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။

သူမက အကြိမ်ပေါင်းများစွာ ဆက်တိုက်နေရာကူးပြောင်းလာခဲ့ပြီး သူမရဲ့ အိမ်အနီးမှာရှိတဲ့ မြစ်အနားသို့ ပြန်လာခဲ့တယ်။

သူမက အိမ်တွေဆီကနေထွက်လာတဲ့ မီးခိုးငွေ့တွေကို ကြည့်လိုက်ပြီး မြစ်ကမ်းနားမှာ ငိုက်မျဥ်းနေတဲ့ မိုးမခပင်တွေဘက်ကို လက်ရမ်းလိုက်တယ်။ မကြာခင်မှာဘဲ မိုးမခကိုင်းတွေနဲ့ရက်လုပ်ထားတဲ့ အကြမ်းထည်ခြင်းလေး ပေါ်ပေါက်လာခဲ့တယ်။

ကျန်းကျန်း ခြင်းတောင်းလေးကို ကောက်ယူလိုက်ပြီး မြစ်အလည်မှာရှိတဲ့ သေသေချာချာပြန်လည်မအေးခဲသေးတဲ့ ရေခဲအပေါက်နားကိုသွားကာ အနားမှာရှိတဲ့တုတ်ချောင်းနဲ့ ထိုးပြီး ရေခဲကို ပြန်ခွဲလိုက်တယ်။

ထို့နောက် မြစ်အောက်ခြေမှာ ကူးခတ်နေတဲ့ မက်ဒရင်းငါးတစ်ကောင်က ရုတ်တရက် ခုန်တက်လာပြီး ရေခဲမြစ်မှ တစ်မီတာကျော်လောက်မြင့်တဲ့ ရေခဲပြင်ပေါ်သို့ ခုန်တက်လာခဲ့တယ်။

ကျန်းကျန်း ထိုငါးကိုဖမ်းဖို့အတွက် သူမရဲ့ ခြင်းတောင်းကို အလျင်စလိရွှေ့လိုက်ကာ မက်ဒရင်းငါးက ခြင်းတောင်းထဲကို ပြန်လည်ပြုတ်ကျသွားခဲ့တယ်။

သူမက လက်အိတ်ထူထူကိုဝတ်ကာ ခြင်းလေးကို ကိုင်ရင်း အိမ်သို့ပြန်လာခဲ့ပြီး မဒမ်လီ မမေးခင်မှဘဲ သူမရဲ့လက်ထဲမှ ခြင်းကို လွှဲပြောင်းပေးလိုက်တယ်။

“အဖွား ဒီမှာကြည့်.. သမီး ကျောင်းဆင်းတာနဲ့ မြစ်ဘက်ကိုသွားပြီး ငါးသွားဖမ်းလာတာ မက်ဒရင်းငါးတစ်ကောင်ရခဲ့တယ်”

မဒမ်လီက ထိုခြင်းကို ဘေးနားမှာရှိနေတဲ့ ဝမ်စုဖန်းဆီသို့ ပေးလိုက်ပြီး ကျန်းကျန်းကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့တယ်။

ထို့နောက် သူမရဲ့ခြေထောက်နှင့် ဖိနပ်ပေါ်မှ နှင်းတွေကို ငှက်မွှေးနဲ့ သန့်စင်လိုက်ရင်း ပြောလာတယ်။

“ဒီလောက် အေးတဲ့နေ့မျိုးမှာ ကျောင်းပြီးတာနဲ့ ဘာလို့ အိမ်ကို ချက်ချင်း မပြန်လာဘဲ အပြင်ကိုလျှောက်သွားနေရတာလဲ.. အဖွား အခုပဲ မင်းကိုလိုက်ရှာဖို့ပြောနေတာ.. မင်း ငါးစားချင်တယ်ဆိုရင် မင်းအဖေကို သွားရှာခိုင်းလို့ရတယ်လေ.. မတော်လို့ ရေခဲက ချောပြီး ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”

မဒမ်လီက ငှက်မွှေးတံကို ခန်ပေါ်မှာပြန်တင်လိုက်ပြီး ကျန်းကျန်းရဲ့ သားရေဂျာကင်နှင့် သားရေဖိနပ်ကို ချွတ်ပေးဖို့ ကူညီပေးလိုက်တယ်။

“ခန္ဓာကိုယ် နွေးထွေးသွားအောင် ခန်ရဲ့ထိပ်ပိုင်းမှာ မြန်မြန်ထိုင်လိုက်.. လာခဲ့.. မင်းရဲ့မျက်နှာတွေအေးနေလားဆိုတာ အဖွား စမ်းကြည့်ရအောင်”

“မအေးပါဘူး အဖွား.. သမီးရဲ့လက်ဖဝါးတွေဆို ချွေးတွေတောင်ထွက်နေသေးတယ်”

ကျန်းကျန်းက သူ့ရဲ့လက်ကိုဆန့်ကာ မဒမ်လီကို ထိလိုက်တယ်။

မဒမ်လီက ကျန်းကျန်းရဲ့လက်နှင့် နဖူးတွေကိုထိလိုက်ပြီး ချွေးတွေထွက်နေတာကိုမြင်တော့ စိတ်သက်သာရာရသွားခဲ့တယ်။

သူမက ခန်ပေါ်မှာထိုင်ရင်း ကျန်းကျန်းကို မေးလိုက်တယ်။

“မင်းရဲ့ဆရာမက ဒီနေ့ ဘာအကြောင်းတွေ ပြောလိုက်သေးလဲ.. အတန်းဖော်တွေက မင်းကို အနိုင်ကျင့်လိုက်သေးလား.. စာသင်ခန်းထဲမှာရော အေးနေသေးလား”

“မအေးဘူး.. ဘယ်သူမှလည်း သမီးကို အနိုင်ကျင့်မကျင့်ပါဘူး.. သမီးက အတန်းခေါင်းဆောင်လေ.. သမီးရှေ့မှာ ဘယ်သူမှ လာမအော်ရဲဘူး”

ကျန်းကျန်းက သူမ နေ့တိုင်းပြောခဲ့တဲ့ စကားတွေကိုပဲ ထပ်ခါတလဲလဲပြောလိုက်ပြီး မဒမ်လီကိုပွေ့ဖက်ရင်း ပြောလိုက်တယ်။

“ဆရာမက ဒီနေ့ သင်ခန်းစာမပေးတော့ဘဲ စာမေးပွဲဖြေခိုင်းတယ်.. နေ့လယ်ပိုင်း ကျောင်းမသွားရတော့ဘူး.. သဘက်ခါကျရင်ဆောင်းရာသီအားလပ်ရက်အတွက် အိမ်စာတွေသွားယူရမှာတဲ့.. ပြီးသွားရင် ကျောင်းပိတ်ပြီ”

“အားလပ်ရက်ရတာ ကောင်းတယ်.. ဒီလိုမျိုး နှင်းတွေကျတဲ့နေ့တွေမှာ မင်းကို အပြင်ထွက်ခွင့်မပေးချင်ဘူး”

မဒမ်လီက သေတ္တာကိုဖွင့်လိုက်ပြီး ဖရဲစေ့တစ်ဆုတ်ကောက်ယူလိုက်တယ်။

“ငါ မနက်တုန်းက ဖရဲစေ့နှစ်ဘူးလောက်ယူပြီး မင်းအတွက် ကြော်ပေးထားတယ်”

“ကျေးဇူးတင်ပါတယ် အဖွား

ကျန်းကျန်း ပျော်ရွှင်စွာနဲ့ မဒမ်လီရဲ့ မျက်နှာကို နမ်းလိုက်ပြီး မစ္စလီကို ပျော်ရွှင်စွာ ပွေ့ဖက်ကာ ချော့မောလိုက်တယ်။

“ငါ့ရဲ့အကြီးဆုံးပေါင်ပေ့က ငါ့ကိုတစ်နေ့လုံးပျော်ရွှင်စေတာပဲ.. မင်းရဲ့အဖွားက မင်းနဲ့သာရှိနေရင် နောက်ထပ်ဆယ်နှစ်လောက်အစက်ရှင်သွားနိုင်လောက်တယ်”

“ဆယ်နှစ်ဆိုတာ တိုတောင်းလွန်းတယ်.. အနှစ်တစ်ရာလောက် အသက်ရှင်သွားနိုင်မှာ”

ကျန်းကျန်းက ဖရဲစေ့တစ်စေ့ကို အခွံခွာပြီး မစ္စလီရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တယ်။

“သမီးက အဖွားဆီမှာ အမြဲတမ်း ကလေးလိုနေမယ်လေ”

“ကောင်းပြီ.. အဖွားက အမြဲတမ်း မင်းနဲ့အတူနေမယ်”

မြေးအဘွားနှစ်ယောက်က သဘောတူညီချက်ကို ပျော်ရွှင်စွာ ညှိနှိုင်းလိုက်ကြတယ်။

All Chapters