Chapter 98
Vol. 10 Ch. 98
ဝမ်စုဖန်းက မီးဖိုချောင်ထဲမှာ ငါးကို သန့်စင်လိုက်ပြီးနောက် သူမရဲ့ လက်တွေကို ဆေးကြောသန့်စင်လိုက်ကာ အရှေ့ကိုပြန်ထွက်လာခဲ့တယ်။
“ကျန်းကျန်း.. မင်းငါးကို ဘယ်လိုစားချင်လဲ?”
“ထင်းရှူးစေ့မက်ဒရင်းငါးနှပ် စားမယ်!”
ကျန်းကျန်း အမြန်ပြန်ဖြေလိုက်တယ်။ ထင်းရှူးစေ့မက်ဒရင်းငါးက ချန်မင်းဆက်ကနေ ဆင်းသက်လာတဲ့ ကျော်ကြားတဲ့ ဟင်းလျာတစ်မျိုးပဲ။
လီမူဝမ်း နောက်ဆုံးတစ်ကြိမ်တုန်းက သူ့ရဲ့မွေးရပ်မြေဆီကို ပြန်လာတဲ့အချိန်က ပင်းချန်မှာ ထင်းရှူးစေ့မက်ဒရင်းငါးနှပ်ကို စားခဲ့ရတာ အရသာကောင်းတယ်လို့ ပြောခဲ့တယ်။
ကျန်းကျန်းက ထိုစကားကိုကြားတော့ အလွန်အမင်း စားချင်တဲ့ပုံပေါက်နေခဲ့တာကြောင့် ဝမ်စုဖန်းကို တစ်ကြိမ်လောက်လုပ်ဖို့ ဘေးနားကနေသင်ပေးခဲ့တယ်။
ပါဝင်ပစ္စည်း တချို့လိုအပ်ပေမဲ့ ချိုချိုချဥ်ချဥ်နဲ့ အလွန်အရသာကောင်းလွန်းတယ်။
ကျန်းကျန်းက ထင်းရှူးစေ့မက်ဒရင်းငါးနှပ်ကို စားချင်တယ်လို့ ပြောလာတာကိုကြားတော့ ဝမ်စုဖန်းက သူမကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
“မင်းဘာလို့ ဒီလောက်တောင်စားချင်စိတ်များနေတာလဲ.. ပြုတ်တာတွေ၊ စတူးဟင်းတွေတောင်မစားချင်တော့ဘူးပေါ့.. ဒိဟင်းက ဆီနဲ့သကြားကိုပါ သုံးရမှာ”
မဒမ်လီက သူမရဲ့ မြေးမကို ဖျက်စီးမိလုနီးပါး အလိုလိုက်ထားခဲ့တာလေ။ သူမက ကျန်းကျန်း စားချင်တယ်လို့ ပြောတာကိုကြားတာနဲ့ မြေးဖြစ်သူဘက်ကနေ လိုက်ပြောပေးခဲ့တယ်။
“ကလေးက စားချင်နေတာပဲလေ.. တစ်နှစ်မှာ တစ်ကြိမ်လောက်ချက်တာပဲကို .. မီးဖိုချောင်မှာဆီရှိသေးတာပဲမလား?”
ဝမ်စုဖန်းလည်းမဒမ်လီကပါဝင်ပြောပေးနေတာကိုတွေ့တော့ ဘာမှပြန်မပြောတော့ဘဲ ထင်းရှူးစေ့မန်ဒရင်းငါးနှပ်ချက်ဖို့ မီးဖိုချောင်ကို ပြန်သွားခဲ့တယ်။
ထင်းရှူးစေ့မက်ဒရင်းငါးကို ဓားနဲ့ စင်းလိုက်ပြီးမှ ဒယ်အိုးထဲမှာ ကြော်ရမယ်။ ပြီးသွားရင်တော့ အချို အချဉ်ဟင်းအရသာတွေနှင့်ထည့်ပြီး နှပ်ပေးရလိမ့်မယ်။
ဒီနေ့ခေတ်အခြေအနေတွေက မကောင်းတာကြောင့် သကြားနဲ့ ရှာလကာရည်ဆိုတာက ရှားပါးတဲ့ ပစ္စည်းတွေပဲ။ ဒါကြောင့် သိပ်ပြီး များများစားစားမထည့်နိုင်ဘူး။
မိသားစုက ဒီနှစ်တွေအတွင်းမှာ ပဲပိစပ်အမြောက်အမြား ရိတ်သိမ်းခဲ့ပြီး အများစုကိုတော့ ပဲပိစပ်ဆီအဖြစ် ညှစ်ထုတ်ထားတာဖြစ်လို့ လီမိသားစုဟောင်းဆီမှာ ဆီပြတ်လပ်မှုမရှိဘဲ တစ်နှစ်ပတ်လုံး စားလို့ရတယ်။
အိုးထဲသို့ ဆီလောင်းထည့်လိုက်ပြီး လှီးထားတဲ့ မက်ဒရင်ငါးကို အိုးထဲသို့ထည့်ကြော်လိုက်ပြီး ပြန်လည်ဆယ်ထုတ်လိုက်တယ်။ ကြော်ပြီးတဲ့ဆီတွေက ဟင်းချက်ဖို့အတွက် ပြန်သုံးနိုင်တာကြောင့် လွှင့်ပစ်လိုက်လို့ မရဘူး။
အခွံခွာထားတဲ့ ထင်းရှူးစေ့တွေနှင့်နှင့် မှိုအမျိုးအစားတချို့ကို အိုးထဲသို့ ထည့်လိုက်တယ်။
ဝမ်စုဖန်း ဆောင်းဦးရာသီမှာတုန်းက ခူးဆွတ်ထားတဲ့ တည်သီးနဲ့လုပ်ထားတဲ့ ဆော့အနှစ်နှစ်ဇွန်းလောက် ထပ်ထည့်လိုက်ပြီး သကြားဖြူ တစ်ဇွန်းကိုလည်း ဂရုတစိုက် လောင်းထည့်ကာ သေသေချာချာမွှေပေးလိုက်တယ်။
ထို့နောက် ထောပတ်ခဲကို အနည်းငယ်ခြစ်လိုက်ပြီး ငါးပေါ်မှလောင်းချလိုက်တယ်။ မကြာခင်မှာပဲ မွှေးကြိုင်တဲ့ ထင်းရှူးစေ့မက်ဒရင်ငါးက အဆင်သင့်ဖြစ်လာခဲ့ပြီ။
ကျန်းကျန်း အခန်းထဲကို လွင့်ပျံ့လာတဲ့မွှေးရနံ့ကို အနံ့ခံပြီး တံတွေးမြိုချလိုက်မိတယ်။
ဝမ်စုဖန်းကတော့ သူမ အခုလေးတင်သုံးလိုက်တဲ့ သကြားဖြူအကြောင်းကို တွေးပြီး စိတ်ဆင်းရဲနေခဲ့တယ်။
“ဒါက အရမ်းစျေးကြီးလွန်းတယ်.. တစ်နှစ်မှ တစ်ကြိမ်ပဲ စားရမယ်နော် ကြားလား.. နောက်ကျရင် မလုပ်နိုင်တော့ဘူး.. ဒါက ဘယ်လောက်တောင် ကောင်းလိုက်သလဲ”
ကွေ့ဟွားကလည်း ထိုအချိန်မှာ အသားမုန့်လုံးနဲ့အတူ အနောက်ဘက်အိမ်ဆီမှ အရှေ့ဘက်အိမ်ကို ရောက်လာခဲ့တယ်။
အသားမုန့်လုံးက အိမ်ထဲကို ဝင်လာတာနဲ့ မျက်လုံးတွေ တောက်ပလာခဲ့ပြီး မီးဖိုဘက်ဆီကို ပြေးသွားရင်း ခေါင်းကို ဆန့်တန်းကာ မေးလိုက်တယ်။
“အဖွား ဘာလို့ အရမ်းမွှေးနေတာလဲ”
“အဖွား မနှစ်တုန်းကလုပ်ဖူးတဲ့ ငါးချိုချဥ်နှပ်လေ.. မင်း မှတ်မိသေးလား”
အသားမုန့်လုံးက အလျှင်အမြန် ခေါင်းညိတ်ပြလိုက်တယ်။
ဝမ်စုဖန်း ပြုံးလိုက်တယ်။
“သွားလေ.. မင်းရဲ့အန်တီနဲ့အတူ ခန်ပေါ်မှာသွားစောင့်နေ .. ခဏနေရင်အဖွား ငါးဟင်းယူလာပေးမယ်”
ကျန်းကျန်းက ကွေ့ဟွားကို ခန်ပေါ်မှာထိုင်ဖို့ ထိန်းပေးရင်း မေးလိုက်တယ်။
“ယောက်မ.. ဒီလမှာ မွေးတော့မှာလား”
“လကုန်လောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထားတယ်”
ကွေ့ဟွားက ဘေးနားကို မှီလိုက်ပြီး သူမရဲ့ခါးကို ပွတ်သပ်လိုက်တယ်။
“ဒီရက်ပိုင်း ဗိုက်က တော်တော်လေးနာနေတယ်.. ထိန်းနိုင်ရင် စောစောမွေးနိုင်လောက်တယ်”
ကျန်းကျန်း ကွေ့ဟွားရဲ့ဗိုက်ကိုထိကြည့်လိုက်တယ်။ အတွင်းပိုင်းမှ လူအသေးလေးက ဒါကိုသတိပြုမိပုံရပြီး ချက်ချင်းပဲ ခြေဖဝါးလေးတွေကိုဆန့်ထုတ်ကာ ခြေနှစ်ချောင်းလုံးနှင့် ကန်ထုတ်လာခဲ့တယ်။
ကျန်းကျန်းက ကွေ့ဟွားရဲ့ဗိုက်ပေါ်မှ ဖောင်းကားနေတဲ့ နေရာလေးကိုကြည့်ရင်း ပြုံးလိုက်မိတယ်။
“ဒီကလေးက တကယ်ကို အားကြီးလွန်းတယ်”
“ မဆိုးပါဘူး.. ဒီကလေးကလည်း ယောကျ်ားလေးပဲဖြစ်မယ်လို့ထင်တယ်.. ငါ အသားမုန့်လုံးကို ကိုယ်ဝန်ဆောင်တုန်းကနဲ့ အတူတူပဲ”
ကွေ့ဟွားက နူးညံ့စွာ ပြုံးပြရင်း ဗိုက်ကို ကိုင်လိုက်တယ်။
“ယောကျာ်းလေးဖြစ်ရင်လည်း ကောင်းတာပဲ.. ငါတို့ရဲ့ အမေလိုပေါ့.. ပထမဆုံး မိသားစုကို ထောက်ပံ့ဖို့ နောက်ထပ် သားယောက်ျားလေး နည်းနည်းလောက် အရင်မွေးလိုက်မယ်.. ပြီးရင် အရမ်းတော်ပြီးချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက် မွေးမယ်.. ပျင်းတဲ့အချိန်တွေမှာ သူမနဲ့ စကားပြောလို့ရတယ်လေ”
သူတို့နှစ်ယောက် စကားပြောနေချိန်မှာ ဝမ်စုဖန်းက ဟင်းပွဲတွေအားလုံးကို ခန်စားပွဲပေါ်သို့ ယူဆောင်လာခဲ့တယ်။ အခုချိန်မှာ ရာသီဥတုက အေးလာပြီဖြစ်ပြီး နှင်းတွေကလည်း ထူလာခဲ့ပြီ။
သွားလိုက်လာလိုက် လုပ်ဖို့က အတော်လေးခက်ခဲတယ်။ ဒါကြောင့် လီမူဝူက နေ့လည်စာကိုတော့ အလုပ်မှာပဲ ထမင်းစားခဲ့တယ်။
လီမင်ပေရဲ့ကျောင်းကလည်း အိမ်နှင့် အတော်လေးဝေးတယ်။ ဒါကြောင့် သူမ မနက်ခင်ထွက်သွားပြီးရင် ညနေမှောင်ခါနီးမှ အိမ်ကိုပြန်ဝောက်လေ့ရှိတယ်။
ထိုသားအဖတွေက နေ့လယ်စာစားဖို့ အိမ်ကို ပြန်မလာနိုင်ကြတာကြောင့် ဝမ်စုဖန်းက မနက်ပိုင်းမှာ ဟင်းသီးဟင်းရွက်ဆန်ပြုတ်အိုးကြီးတစ်လုံးကို ချက်ပြုတ်ပြီး ၊ နောက်ထပ် အစာခြောက်ဟင်းလျာတွေနဲ့ သူတို့နှစ်ဦးအတွက် နေ့လယ်စာဘူးထည့်ပေးတတ်တယ်။
အလုပ်မှာရော ၊ကျောင်းမှာပါအစားအသောက်တွေကို ပြန်နွှေးဖို့ နေရာရှိတယ်လေ။ ဒီတော့ သူတို့တွေ ပူပူနွေးနွေး ထမင်းဟင်းတွေကို စားနိုင်လိမ့်တယ်။
မိသားစုထဲမှာ ငါးဟင်းကို အမြဲတမ်းစားလေ့ရှိပေမဲ့လည်း ဝမ်စုဖန်းက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အခုလို ဆီများပြီး တန်ဖိုးကြီးတဲ့ ဟင်းလျာမျိုးကို တစ်နှစ်မှာ တစ်ကြိမ်သာပြုလုပ်ဖို့ ပြောခဲ့တယ်လေ။
ဒါကြောင့် ကျန်းကျန်း ခေါင်းကို မော့ပြီး ပြောလိုက်တယ်။
“ဒါက အရသာရှိတယ်”
မဒမ်လီနှင့် ဝမ်ဆူဖန်တို့က ငါးကိုစားဖို့ ဝန်လေးနေခဲ့ကြပြီး တူနဲ့ နှစ်ခါလောက် ယူစားပြီးတဲ့နောက်မှာ ဂေါ်ဖီထုတ်စတူးဘက်ကိုပဲ လှည့်သွားခဲ့ကြတယ်။
ကျန်းကျန်းက မဒမ်လီနှင့် ဝမ်စုဖန်းတို့ရဲ့ပင်ကိုယ်စရိုက်အကြောင်းကို သိထားပြီးသားဖြစ်လို့ သူတို့ကို အတင်းအကြပ်စားဖို့ မစည်းရုံးဘဲ သူမရဲ့ တူတွေကို ဆန့်ထုတ်ပြီး ငါးအပိုင်းတွေကို သူတို့ရဲ့ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်တယ်။
မဒမ်လီနှင့် ဝမ်စုဖန်းကတော့ သူမရဲ့ နွေးထွေးတဲ့အပြုအမူကြောင့် ပျားရည်စားသလိုမျိုး ချိုမြိန်နေခဲ့တယ်။
မဒမ်လီက သူမရဲ့ပါးစပ်ကို မပြုံးမိအောင်တင်းရင်း ပြောလိုက်တယ်။
“မထည့်နဲ့တော့ အဖွားက ချိုချဥ်အရသာကို သိပ်မကြိုက်ဘူး”
တစ်ချိန်တည်းမှာ သူမက ကျန်းကျန်းကို ချီးကျူးစကားပြောဖို့ မရပ်တန့်နိုင်ခဲ့ဘူး။
“မိန်းကလေးတွေက ငယ်တုန်းမှာပဲ ဂရုစိုက်တတ်တယ်လို့ ဘယ်သူကပြောတာလဲ ငါတို့မိသားစုရဲ့ ကလေးက ကြီးလာလေပိုပြီး ဂရုစိုက်လာလေပဲ”
အသားမုန့်လုံးကလည်း ကျန်းကျန်းဆီကနေသင်ယူခဲ့တယ်။ သူက မတ်တပ်ရပ်လိုက်ပြီး လေးယောက်လုံးရဲ့ ပန်းကန်တွေထဲကို ငါးတွေ တစ်တုံးပြီး တစ်တုံးထည့်ပေးလိုက်တယ်။
ဝမ်စုဖန်းက ပျော်ရွှင်စွာ ပြုံးလာတယ်။
“ကျွန်မတို့မိသားစုမှာ ဆိုးရွားတဲ့ကလေးတွေ မရှိဘူး.. အသားမုန့်လုံးကလည်း ကောင်းကောင်းကြီးပြင်းလာလိမ့်မယ်”
“ ကောင်းကောင်းလေးကြီးပြင်းသင့်တယ်”
မဒမ်လီက ခေါင်းညိတ်လိုက်ပြီး ဘေးနားမှ ကွေ့ဟွားကို လှမ်းပြောလိုက်တယ်။
“အသားမုန့်လုံးက ငါတို့မိသားစုရဲ့ မျိုးဆက်သစ်မှာ ပထမဆုံးကလေးပဲ.. ဒါကြောင့် မင်း သူ့ကို ကောင်းကောင်းသင်ပေးရမယ်.. သူကြီးပြင်းလာတဲ့အချိန်မှာ သူ့မိသားစုကို အစ်ကိုကြီးတစ်ယောက်လို ထောက်ပံ့ပေးနိုင်ရမယ်..ဒါမှ မိသားစုက ပိုကောင်းလာနိုင်တယ်”
ကွေ့ဟွားက လျင်မြန်စွာ သဘောတူခဲ့တယ်။
ရာသီဥတုက အေးသထက် ပိုအေးလာခဲ့ပြီ။ လီမင်နန်နဲ့ လီမင်ပေတို့က သူတို့ရဲ့နောက်ဆုံး စာမေးပွဲတွေကို ပြီးဆုံးခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အိမ်ကိုပြန်လာခဲ့ကြတယ်။
ယခင်နှစ်တွေအတိုင်း ခန့်မှန်းမယ်ဆိုရင် လီမင်တုန်သည်လည်း ပြန်လာမဲ့ ရထားပေါ်မှာ ရှိနေလောက်ပြီလို့ ထင်ရတယ်။
သို့ပေမယ့် လီမင်ရှီတစ်ယောက်ကတော့ ဒီနှစ်မှာ အိမ်ကို ပြန်လာနိုင်မလားဆိုတာ မသိနိုင်သေးဘူး။ စစ်တက္ကသိုလ်ကျောင်းတွေက သာမာန်တက္ကသိုလ်တွေလိုမျိုး တိကျတဲ့ အားလပ်ရက်တွေအများကြီး မရှိဘူး။
စစ်တပ်ထဲမှာဆိုရင် စီမံခန့်ခွဲမှုတွေကို အတိအကျလိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး စည်းကမ်းတင်းကြပ်လွန်းတယ်လို့ ပြောကြတယ်။
ဒါ့အပြင် လီမင်ရှီက စစ်တပ်အတွင်း ကုတ်နဲ့ အတွင်းပိုင်းစကားတွေရဲ့အဓိပ္ပါယ်ကိုကို သင်ယူခဲ့ပြီးတဲ့နောက် လျှို့ဝှက်ထားရန် လိုအပ်တဲ့အရာအားလုံးကို သိရှိခဲ့ပြီး စစ်တပ်ရဲ့အပြင်ဘက်သို့ ဘာတစ်ခုကိုမှ ဖော်ပြလာခြင်းမပြုခဲ့တော့ဘူး။
နောက်ဆုံးမှာတော့ လီမင်တုန် အိမ်ကိုပြန်ရောက်ပြီးနောက် ဒုတိယနေ့မှာဘဲ ကွေ့ဟွားရဲ့ ကလေးမီးဖွားမှုက စတင်လာခဲ့တယ်။
လီမင်နန်နဲ့ လီမင်ပေတို့က မီးဖိုခန်းထဲမှာထိုင်ပြီး ရေနွေးတွေကို ဆက်တိုက် တည်နေခဲ့ကြတယ်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့ကတော့ ကွေ့ဟွား ကလေးမီးဖွားတာကို ချောမွေ့စေရန်အတွက် ဘေးနားကနေ အတူတကွ ကူညီပေးခဲ့ကြတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ကွေ့ဟွားက ဝဝကစ်ကစ်ရှိတဲ့ သားတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့လေတယ်။
အရှေ့ဘက်တစ်ယောက်ကို အသားမုန့်လုံးလို့ ခေါ်ဆိုခဲ့တာကြောင့် ဒီကလေးကို ပဲမုန့်လုံးလို့ ခေါ်တဲ့အချိန်မှာ ပိုပြီးသဘာဝကျကာ ချောချောမွေ့မွေ့ ခေါ်ဆိုနိုင်ခဲ့ကြတယ်။
မိသားစုအတွင်းမှာရော အပြင်မှာပဲ ထူးချွန်တဲ့ လီမင်တုန်ကတော့ အလွန်တော်တဲ့ ကလေးထိန်းတစ်ယောက်ဖြစ်လာခဲ့ပြန်ကာ ကလေးအနှီးဝတ်တွေကိုလည်း ဆက်တိုက်ဆိုသလို လျှော်ဖွတ်လာခဲ့ရပြန်တယ်။